Monday, July 25, 2011

Damapada Reflections v.401


Ubon Rachathani ဆိုတဲ့ ဆရာတော်အာဂျန်ချား ရဲ့ဇာတိ မြေလေး ကို သိသူနည်းပါး လှပေမဲ့ ဆရာတော် တည်ထောင်ခဲ့တဲ့ Wat Pah Nana chat International Meditation Center ကိုတော့ ကမ္ဘာ ကသိကြ ပြီး အနောက်တိုင်း Buddhist Community မှာကြော်ကြား လှပါတယ်..။ ကျွန်မ ရဲ့ ထိုင်းသူငယ်ချင်းဆရာမ တစ်ဦး ကသူ့ရဲ့ ဇာတိဖြစ်လို့ သူကိုယ်တိုင် လိုက်ပို့ သော်လည်း ယခင်က သူ မကြားဘူး မရောက်ဘူးကြောင်း ပြောပြပါတယ်..။

၂ထပ်အိမ် ၂လုံးစာ မက မြင့်မားလှသော သစ်ရိပ် ဝါးရိပ် များ အတွင်းနေပြောက်မထိုးသော တောရကျောင်း လေးမှာ ပြီးခဲ့တဲ့ဝါဆိုလပြည့်နေ့ ကကျွန်မ ၃ရက်တာ နေထိုင် ခဲ့ပါတယ်..။ ယခင် ရောမ မှ ဆရာတော်အာဂျန်ချားရဲ့ ရိပ်သာတစ်ခု ဖြစ်တဲ့ သန္တစိတ္တရာမ ကျောင်း သို့လည်း ထိုသို့ နေထိုင်နေကျဖြစ်တာမို့ နေထိုင်မှု စည်ကမ်း များ တရားနာယူချိန် ဝတ်ပြုချိန် ၊တရား အားထုတ်ချိန်များ တွင် စနစ်တကျ ဖြစ်ဘို့ ကကျွန်မ အတွက် သိပ်မစိမ်းလှပါ..။

ဟိုမှာ က အာရုံဆွမ်း နေ့ဆွမ်း နှစ်ထပ်ဘုဉ်းပေး ပေမဲ့ Wat Pah Nana chat မှာတော့ ဆွမ်းတစ်နပ်သာ ဘုဉ်းပေး တာပဲကွာခြားတာပါ..။

ကျွန်မ စိတ်ကျက်စား ရာ Free Distribution လို့ ရေးထိုးထားတဲ့ Forest Sangha Community ရဲ့ စာအုပ်များ စွာ ကလည်း ယခင်လို ဆွဲဆောင်နေမြဲပါ..။ ကျွန်မ ဖတ်ဘို့ အတွက်ကတော့ အွန် လိုင်းမှာ Soft Copies များစွာ ရှိပြီးသား မို့ ကျွန်မ စာသင်ပေးနေတဲ့ MSMO ရဟန်းတော်များ အတွက် သင့်တော်နိုင်မဲ့ စာအုပ် တစ် မျိုး တွေ့ ခဲ့လို့ ကျွန်မ သယ်ယူခဲ့ပါတယ်..။

Ajahn Munido ရေးသားတဲ့ Damapada Reflections စာအုပ် ဖြစ်ပါတယ်..။ Ajahn Munido ဆိုတာ ကလည်း နယူဇီလန်နိုင်ငံသား တစ်ဦး ဖြစ်ခဲ့ပြီး ဆရာတော်အာဂျန်ချား ရဲ့တပည့်တစ်ဦး ဖြစ်လာ တာပါ..။ ၁၉၅၁ ခုနှစ်မှာမွေးဖွားခဲ့ ပြီး အသက် ၁၉နှစ်သား ကတည်းက ဗုဒ္ဓဘာသာ လေ့လာလိုက်စား ခဲ့သူ ဖြစ်ပါတယ်..။ အသက် ၂၃ နှစ်မှာ သံဃာ ဖြစ်ရန် ခွင့်ပန်ခဲ့တဲ့အတွက် တစ်နှစ်ကြာသာမဏေ အဖြစ် နေထိုင်ခဲ့ပြီး နောက် ရဟန်း ဖြစ်ခဲ့သူပါ။

ယခုအခါ မှာ အင်္ဂလန်မှာရှိတဲ့ Aruna Ratanagiri ကျောင်းရဲ့ကျောင်းထိုင် ဆရာတော် ဖြစ် ပါတယ်..။ Ajahn Munido ရေးသားတဲ့ စာအုပ်တွေကတော့ Unexpected Freedom, A Dhammapada for contemplation, Dhammapada Reflections တို့ ဖြစ်ပါတယ်..။

အီတလီလူမျိုး တစ်ဦးဖြစ်ပြီး ဗုဒ ဘာသာကို အနောက်တိုင်း သို့ သယ်ယူစွမ်းဆောင် နိုင်သူ ရဟန်းတော် ဦးလောကနာထ ဟာ ဓမ္မပဒ ကိုဖတ်ရှုပြီး ဗုဒ္ဓဘာသာဝင် အဖြစ် ဘာသာအယူကူးပြောင်း ခဲ့တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ကြပါ တယ်..။

ဒါကြောင့်လည်း MSMO မှ မြန်မာ ရဟန်းတော်များကို မိတ်ဆက် ဆွေးနွေး ဘို့ အဲဒီ ဓမ္မပဒ စာအုပ်လေးကို ကျွန်မ ရွေးချယ် ခဲ့ ပါတယ်..။ ပထမကြီးတန်း ကိုအနိမ့်ဆုံးထား လေ့လာ ထားတဲ့ မြန်မာရ ဟန်း တော်များ ဖြစ်တာမို့ ဗုဒ္ဓဘာသာ ရဲ့ အခြေခံ အနှစ်သာရ တွေဆိုတာ ကျေညက် နားလည်ပြီးသားပါ..။

လူမျိုးခြား ဘာသာခြား တစ်ဦး ရဲ့ ဆင်ခြင်တွေးဆ ပုံကိုသာလျှင် အင်္ဂလိပ်ဘာသာရပ် ကိုမီဒီယာ ပြုပြီး လေ့လာနိုင်ဘို့ထည့် သွင်းစဉ်းစားခဲ့ခြင်း ဖြစ် ပါတယ်..။

ပြီးခဲ့တဲ့ ဂျူလိုင်၂၃ ရက်နေ့ စာသင်ချိန်မှာ တော့ကျွန်မတို့ ဂါထာ နံပါတ် ၄၀၁ ကို ဆွေးနွေး ပြောဆိုဖြစ်ခဲ့ကြပါတယ်..။

*As water slides from a lotus leaf, so sensual pleasures do not cling to a great being* Dhammapada v.401

A great being is great because he or she is free from obstructions in their relationship with life.

We are not so great because we get caught in feelings and make a problem out of life.

We create obstructions by the way that we deal with the eight worldly dhammas:

*praise and blame

*gain and loss

*pleasure and suffering

* Popularity and insignificance.

Out of delusion we relate to these worldly winds heedlessly- indulging in what we like and resisting what we don’t.

Wisdom on the other hand simply sees the reality of the sensory world.

It knows the space within which all experiences arise and cease.

Such knowing means a great being doesn’t even have to try to let go; all inclination to cling automatically falls away.

He or she experiences sensual pleasure but adds nothing to it and takes nothing away.

ကျွန်မ ကလည်း မကြာသေးခင်ကမှ ရေးသားခဲ့သော*ဝမ်းနည်းဝမ်းသာ များစရာ* ထဲက အတွေး များကြွင်းကျန်သေးတာနဲ့ ဂါထာ ၄၀၁ ကို စတင်လိုက်မိပါတယ်..။ လောကဓံ တရား ရှစ်ပါး (Eight Worldly Dhammas) ကိုမောဟ ဖြင့် ခံယူသိမ်းပိုက် တဲ့အခါ အကြိုက် ..မကြိုက် တို့ဖြင့် ဝမ်းနည်းရခြင်း ပူဆွေးရခြင်း၊ ပျော်ရွှင်ရခြင်း ကြေကွဲရခြင်း တို့ ဖြင့် ဆုံးရှုံးခြောက်ခမ်း လောင်ကျွမ်း ခဲ့ ရတယ် ဆိုတာ မောဟ (Delusion) အမြင်မှားကြောင့်ဖြစ်ပါတယ်..။ တစ်ခါတစ်ခါ heedlessly indulging ဖြင့် ပျော်ဝင်ခံစားခဲ့ကြပါတယ်..။

ပညာ ဆိုတဲ့ အားကြီး လာတဲ့အခါ အမှန်ကို မြင်ပါတယ်..လောကဓမ္မ တရားတွေဟာ ဖြစ်ခြင်း နဲ့ပျက်ခြင်း ကြားက ခဏတာလေးပဲဆိုတာကို သေသေချာချာသိလာပါတယ်..။ဘယ်ဟာ ကမှ ကြာကြာ မတည် မြဲ ပါဘူးရယ်လို့ အမှန်မြင်လာပါတယ်တဲ့။

အဲလိုသိလာ တဲ့အခါ တွယ် ညိဘို့မကြိုး စားတော့ပါ..။ ထိစပ် နေသော် လည်း ကပ်ညိ မခံတော့ပဲ သွားခွင့်ပေး လိုက်ပါတော့တယ် တဲ့..။ကြာရွက်ပေါ်က ရေစက် လေးတွေ လိုပေါ့ တဲ့။

တက်တက်ကြွ ကြွ ဦးဆောင် ဆွေးနွေးပေးတဲ့ MSMO ဥက္ကဋ္ဌ အရှင် (Ashin Indobassa- Mahachulalongkong University) ကိုအထူးကျေးဇူးတင်ရှိပါတယ်..။

မေတ္တာဖြင့်-သစ္စာအလင်း

နောက်အပတ် အတွက် ဆွေးနွေး ဘို့ ဖြစ်ပါတယ်..။ ကြိုပေးထားတာပါ..အရှင်ဘုရား..။v.377

Sunday, July 24, 2011

ပိုင်းလော့ဆရာတော် ဘုရားကြီး၏ ပထမ ဆုံးသောထိုင်းနိုင်ငံဓမ္မဒူတခရီးစဉ်


ဆရာတော် ဘုရား ကြီးသည် ထိုင်းနိုင်ငံရှိ ဝေနေယျ များကို ကရုဏာ ရှေ့ထား မေတ္တာ အားဖြင့် ပထမ ဦးဆုံးဓမ္မဒူတ ခရီးစဉ်ကို ကြွရောက်ပေး ရန် အဆင်သင့် ဖြစ်နေပါပြီ..။ ၂၇.၇.၂၀၁၁ နေ့ ကို ရည်မျှော် လျက် ဝမ်းမြာက် ရွှင်လန်း စွာ ဦးခိုက်ကြိုဆိုကြပါစို့။

ရက်စွဲ

တရားပွဲအစီအစဉ်

နေရာ

ဆက်သွယ်ရန်

၂၇.၇.၂၀၁၁

(ဗုဒ္စဟူး)

MAI8M 335 ဖြင့် နံနက် ၁၀း ၃၀နာရီ တွင် ဗန်ကောက် သို့ဆိုက်ရောက်ပါမည်။

Asian Institute of Technology Conference Center

မစိုးစိုးလွင်

ဖုန်း (0808077914)

မသက်ထားမြင့် ဖုန်း(0898990357)

ဒေါက်တာသန်းသန်းစိန်

ဖုန်း(0856897582)

၂၈.၇.၂၀၁၁

(ကြာသပတေး)

ဝါဆိုသင်္ကန်းကပ်လှူပွဲ နှင့် တရားပွဲ

(နံနက် ၁၀နာရီမှ နေ့လည် ၁နာရီထိ)

Korea House

Asian Institute of Technology

ခင်ပွန်းကြီး(၁၀)ပါး ပူဇော်ကန်တော့ပွဲ

(ညနေ ၇နာရီမှ ၉နာရီထိ)

AIT Prayer Room

၂၉.၇.၂၀၁၁

(သောကြာ)

ဘုရားဖူး အစီအစဉ်

Bangkok

ဦးဇော်ဇော်လှိုင် ဖုန်း(0891172731)

၃၀.၇.၂၀၁၁

(စနေ)

တရားစခန်း အစီအစဉ် (တစ်နေ့-သုံးကြိမ်)

Assumption University Hall

Dr.Hla Theingi ဖုန်း(0809954240)

၃၀.၇.၂၀၁၁

(စနေ)

ခင်ပွန်းကြီး(၁၀)ပါး ပူဇော်ကန်တော့ပွဲ

(ညနေ ၇နာရီ ခွဲ မှ ၁၀ နာရီ ထိ)

ဘန်ဘောမ်ငါးသေတ္တာစက်ရုံလမ်းဈေး၊ဖလန်ဆောင်၊ဗန်ကောက်

အရှင်ပညာဇောတ (မန်း) 0814811145

ကိုမျိုးဦး ဖုန်း 0813036095 ကိုတိုးအောင် 0868037805

၃၁.၇.၂၀၁၁

(တနင်္ဂနွေ)

တရားစခန်း အစီအစဉ် (တစ်နေ့ -သုံးကြိမ်)

Assumption University Hall

Dr.Hla Theingi ဖုန်း(0809954240)

၃၁.၇.၂၀၁၁

(တနင်္ဂနွေ)

ခင်ပွန်းကြီး(၁၀) ပါး ပူဇော်ကန်တော့ပွဲ

(ညနေ ၇နာရီ ခွဲ မှ ၁၀ နာရီ ထိ)

မူဆီစံကျောက်၊ဝပ်ထစ်ကျောင်းတိုက်ကျောက်ဝပ်နဒီမူဆီ၊စမူဆာခွန်ဒေသ၊မဟာချိုင်မြို့၊

အရှင်ပညာဇောတ (မန်း) (0814811145)

ဦးမြင့်ဦး(086-7991074)

ဦးအောင်ကျော် (086-7555-337)

၁.၈.၂၀၁၁

(တနင်္လာ)

MAI 8M 332 ဖြင့် ည ၇နာရီ ၂၅ မိနစ်တွင် ရန်ကုန်သို့ ပြန်လည် ကြွရောက်ပါမည်။

Assumption University Hotel

ဦးဇော်ဇော်လှိုင်

ဖုန်း(0891172731)

Thursday, July 21, 2011

အနတ္တတရား လက်ကိုင်ထား၍....

မေမေချစ်သောသားသားနဲ့မီးမီးရေ---


သည်နေ့ဝါဆိုလပြည့်ကျော်
၅ရက်နေ့ကို တစ်ရက်တောင်ကျော်လွန်ခဲ့ပါပြီနော်။ ကျေးဇူးတော်ရှင်မြတ်စွာဘုရားဟာ မဟာကရုဏာတော်ကြီးမားလှစွာ-သောတာပန်တည်ပြီး ဖြစ်တဲ့ပဉ္စဝဂ္ဂီ-၅ဦး ကို အလုပ်ပေးတရားအဖြစ် အနတ္တလက္ခဏသုတ္တန် တရားဟောကြားတော်မူခဲ့တဲ့နေ့ထူးနေ့မြတ်ကြီးဖြစ်ပါတယ် ကလေးတို့ရေ..


အခုပြောပြမဲ့
အနတ္တလက္ခဏသုတ္တန် တရားတော်မှာ ပါတဲ့ အနတ္တ တရားဟာ မေမေ တို့ ဘုရားရှင်တော်ပွင့်ထွန်းပေါ်ပေါက်တဲ့သာသနာတွင်းကာလမို့သာကြားနာကြရတာပါ။ သာသနာပ ကာလမှာ အနတ္တ တရားကို နားလည်း မလည်ဘူး၊ပြောလည်းမပြောဘူး၊ အသုံးလည်းမရှိကြဘူး။ဟောလည်း မဟောကြဘူးတဲ့။ အနိစ္စတော့ ပြောကြပါတယ်။ ဒုက္ခကိုလည်းနားလည်ကြတယ်။ သာသနာပကာလမှာ ဘုရားအလောင်းတွေဘာတွေက ဟောတတ်ကြပါတယ်။ (အသင်တို့ပေါ့ပေါ့ဆဆ မနေကြနဲ့ မမြဲဘူး အားလုံးသေကြရမှာ ၊နာရမှာ၊အိုရမှာ ဒုက္ခ တွေပဲ ကုသိုလ်ကောင်းမှုတွေကြိုးစားပြုကြ)လို့ဟောကြတယ်။

မေမေတို့ရဲ့
ကျေးဇူးတော်ရှင်မြတ်စွာဘုရား ထုတ်ဖော်ဟောကြားတော် မူမှပဲ အနတ္တ ကို နားလည်လာကြပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခု၊ဝါဆိုလပြည့်နေ့မှာ ကျေးဇူးတော်ရှင်မြတ်စွာဘုရားက တရားဦးဓမ္မစကြာ ဟောကြားတော်မူခဲ့တဲ့အခါ ပဉ္စဝဂ္ဂီ-၅ဦး တို့ နေ့ရက်အစဉ် ထေရ် အစဉ် နဲ့ သောတာပန်များ အသီးသီးဖြစ်ကုန်ကြတာ ပြောပြခဲ့ဘူးပါတယ်..။
ဝါဆိုလပြည့် မှာ ဓမ္မစင်္ကြာ တရားဟောကြားပြီးတယ်ဆိုရင်ပဲ အရှင်ကောဏ္ဍည သောတာပန်ဖြစ်သွား ခဲ့ပါတယ်။
လပြည့်ကျော်
တစ်ရက်နေ့ ကျတော့ မြတ်စွာဘုရားဟာ အင်မတန် အားကိုးချင်စရာ။အင်မတန် အားရစရာကောင်းတာ။ကျန်တဲ့ပဉ္စဝဂ္ဂီ ၄ပါးကို တရားရစေချင်လွန်းလို့ အင်မတန်ချစ်လှစွာသော သားကို ဖခင်က စောင့်ရှောက်ပြီးတော့ပေးနေသလိုစောင့်ရှောက်ပါတယ်။

ဆွမ်းခံတောင်မကြွ
ပါဘူး။အရှင်ကောဏ္ဍည ခံပေးတဲ့ ဆွမ်းကိုပဲ ဖြစ်သလိုမျှ တအောင် နေပြီးတော့ ဉာဏ်တော်နဲ့ကြည့်ကိုယ်တော်တိုင် စောင့်ပြီးတော့ တရားလမ်းညွှန်ပေးနေတာ လပြည့်ကျော် တစ်ရက်နေ့ မှာ အရှင်ဝပ္ပတရားရတော်မူပါတယ်။လပြည့်ကျော်နှစ်ရက်နေ့ကျတော့ အရှင်ဘဒ္ဒိယ တရားရပါတယ်။ လပြည့်ကျော် သုံးရက်နေ့မှာ အရှင် မဟာနာမ် ။လပြည့်ကျော်လေးရက်နေ့ မှာ အရှင်အဿဇိ တရားရ တော်မူကြပါတယ်။ ငါးပါးလုံးသောတာပန်တည်ကုန် ကြတာပေါ့နော်။

သောတာပန်ဖြစ်ရင်
အတ္တဒိဋ္ဌိပြုတ်ပါတယ်။ အတ္တဆိုတဲ့စွဲလန်းမှုမရှိပေမဲ့လို့ အပေါ်ယံ မာန်မာနကတော့ ရှိနေပါသေးတယ်။တဏှာကတော့ရှိနေသေးတယ်။ အင်မတန်ကြမ်းတမ်းတဲ့ တဏှာ၊မာနသာ အတ္တဒိဋ္ဌိပြုတ် ထဲရောပါသွားတာပါ။ မကြမ်းတဲ့တဏှာ၊မာနကတော့ကျန်နေပါသေးတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ဟာ
အားလုံးသောနတ်ဗြဟ္မာတွေကော ငါးပါးသောအရှင်မြတ်တွေကော ကျန်နေသေးတဲ့တဏှာ၊မာနပြုတ်ထွက် သွားအောင် လပြည့်ကျော် ငါးရက်နေ့မှာ အနတ္တ တရားကို ဆက်လက်ဟောကြားတော်မူခဲ့ ပါတယ်ကွယ်။

အနတ္တ ဆိုတဲ့ ပါဠိကို ပုဒ်ခွဲလိုက်တဲ့အခါမှာ န+ အတ္တ လို့ ဖြစ်လာပါတယ်။

(အတ္တ= ငါ+န= မဟုတ်) အနတ္တ=ငါမဟုတ် ၊အစိုးမရ၊ မိမိအလိုသို့မလိုက် လို့ အဓိပ္ပါယ်ရရှိပါတယ် ။

အတ္တဆိုတဲ့သဘော အမာခံကို ရှာဖွေစိစစ်လိုက်တဲ့အခါ

(က) အချို့သောသူတွေကဤ ခန္စာကိုယ်ကြီးကို အတ္တလို့ထင်မှတ်စွဲလမ်း ကြပါတယ်။

(ခ) အချို့ကတော့စိတ်ကို အတ္တ လို့ထင်မှတ်စွဲလမ်းတတ်ကြပါတယ်။

(ဂ) အချို့  က သဘာဝဓမ္မ ကို အတ္တလို့ထင်မှတ်စွဲလမ်းကြပါတယ်။

(ဃ) အချို့ ကဤ ရုပ် နာမ် မှ တစ်ပါးသော မပျက်မစီး အမြဲတည်သော အနှစ်သာရ အမာခံသဘောတရားတစ်ခုကို ကြံဆ၍ အတ္တ လို့ထင်မှတ်စွဲလမ်း ကြပါတယ်။

ဒါကြောင့် မို့ လို့ *အနတ္တ* လို့ ဆိုလိုက်တာနဲ့ အခုပြောပြခဲ့တဲ့ စွဲလမ်းချက်အားလုံးကို ညင်းဆိုပြီး ဖြစ်ကြောင်း မှတ်ယူရမှာဖြစ်ပါတယ်..။

သူတို့အားလုံးဟာ
သီလကလည်းစင်ကြယ်လှပြီ၊ လောကီ အာရုံ ကာမဂုဏ်စိတ်တွေစင်ကြယ်လှပြီ အနုဿယကိလေသာလောက်ပဲပယ်ဘို့ကျန်တော့တာပါ။ ဒါကြောင့်လည်း မြတ်စွာဘုရားမေးတဲ့မေးခွန်း တွေကို အလွယ်တကူဖြေနိုင်ကြတာပေါ့။

(
ရူပံ ဘိက္ခဝေ အနတ္တာ။ ရုပဥၥ ဟိဒံ ဘိကၡေဝ အတၱာ အဘဝိႆ၊ နယိဒံ ရူပံ အာဗာဓာယ သံဝေတၱယ်)
ရဟန်းတို့
--- ခန္ဓာငါးပါးရှိတဲ့အထဲက ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ ၊ဝိဉာဏက္ခန္ဓာ ဆိုတဲ့ ခန္ဓာငါးပါးရှိတဲ့အထဲမှာ
ဘိက္ခဝေ
---ရဟန်းတို့၊ရူပံ -ရုပ်ဆိုတဲ့ ခန္ဓာတရားသည် ၊အနတ္တာ---အတ္တမဟုတ်။

အတ္တဆိုတာ
--
သယံဝသီ -ခန္ဓာအိမ်မှု အစုစု၌
တစ်ခုမကျန် စီမံခွဲဝေ ၊မိမိနှစ်ခြိုက်
စနစ်ကိုက်အောင် လိုက်ပါစေနိုင်တဲ့သဘောပေတည်း။

အဲဒါအတ္တရဲ့
သတ္တိတွေပေါ့နော်..။အတ္တဆိုတာ မိမိအလိုလိုက်စေတယ်တဲ့။ ရုပ်ခန္ဓာ အတ္တဖြစ်တယ်ဆိုရင် ဘာလို့မကျန်းမမာဖျားနာရအုံးမှာလဲ။ အတ္တဟာခန္ဓာအိမ်ကို စီမံနိုင်ခွင့် ရှိတယ်ဆိုရင်ဘာလို့ဖျားရတယ် အနာပေါက်ရတာလဲပေါ့။

*
ရူပံ ဘိက္ခဝေ အနတ္တာ။ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တတိ။ (ဘိက္ခဝေ-ရဟန်းတို့၊ရူပံ-ရုပ်ဆိုတဲ့ ခန္ဓာတရားသည်။အနတ္တာ-အတ္တမဟုတ်)

*ဝေဒနာ-အနတ္တာ။ ဝေဒနာ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ။ (ဘိက္ခဝေ-ရဟန်းတို့၊ဝေဒနာ-ဝေဒနာဆိုတဲ့ ခန္ဓာတရားသည်။အနတ္တာ-အတ္တမဟုတ်)

*သညာ-အနတ္တာ။ သညာ ဟိဒံ ဘိကၡေဝ အတၱာ အဘဝိႆ ၊နယိဒံ သညာ အာဗာ ဓာယ သံဝေတၱယ်။ (ဘိက္ခဝေ-ရဟန်းတို့၊သညာ-သညာဆိုတဲ့ ခန္ဓာတရားသည်။အနတ္တာ-အတ္တမဟုတ်)

*သင်္ခါရာ-အနတ္တာ။ သင်္ခါရာ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။ (ဘိက္ခဝေ-ရဟန်းတို့၊သင်္ခါရာ-သင်္ခါရ ဆိုတဲ့ ခန္ဓာတရားသည်။အနတ္တာ-အတ္တမဟုတ်)

*ဝိဉာဏံ-အနတ္တာ။ ဝိဉာဏဥၥ ဟိဒံ ဘိကၡေဝ အတၱာ အဘဝိႆ ၊နယိဒံ ဝိဉာဏံ အာဗာဓာယ သံဝေတၱယ်။ (ဘိက္ခဝေ-ရဟန်းတို့၊ဝိဉာဏက္ခန္ဓာ-ဝိဉာဏ် ဆိုတဲ့ ခန္ဓာတရားသည်။အနတ္တာ-အတ္တမဟုတ်)
*ဝိညာဏက္ခန္ဓာ
-စိတ်တွေကသာပြီးတော့တောင်ထင်ရှားပါသေးတယ်။ အတ္တ သဘောက ကောင်းတာ တွေချည်း ကြားချင်သိချင်တယ် ။လိုချင်ပေမဲ့မရ ပါဘူး စိတ်မချမ်းသာတွေဖြစ်ရတယ်။

အဲလိုနဲ့
ဘုရားရှင်က အရင်ကစွဲခဲ့တဲ့အတ္တ ကို ဖျက်ပစ်လိုက်တာပေါ့။ သာသနာပ ကာလကဆိုရင် ပညာရှိ တစ်ချို့တွေကအတ္တကိုအမွှန်းတင်ပြီး ထားတတ်ကြတာ။ အတ္တ ကိုချစ်ကြတာ။
အဲဒီ
အစွဲတွေကို မေမေတို့ရဲ့ကျေးဇူးတော်ရှင် မြတ်စွာဘုရားက အတ္တ မဟုတ်ဘူးလို့ချေဖျက်ပြီးအနတ္တပါလို့ထုတ်ဖော်ဟောကြားလိုက်ပါတယ်။

သည်
အနတ္တလက္ခဏသုတ္တန်တရားတော်မြတ်ကြီးကို ရွှေဟင်္သာဆရာတော်ဘုရားကြီးကလည်းသည်အတိုင်းချပေးတော်မူခဲ့ပါတယ်။ဆရာတော်ဘုရားကြီးကို အသက်-၁၀၂နှစ်ပူဇော်ပွဲမှာ စာရေးဆရာ တစ်ယောက် ကချဉ်းကပ်ပြီးအင်တာဗျူးတဲ့အခါမှာ ဆရာတော်ဘုရားကြီးက ကျန်းမာရေးကောင်း အောင် နေပုံစားပုံတွေဖြေပေးခဲ့ပါတယ်။စာရေးဆရာကဝိပဿနာတရား ပွားပါသလားလို့ လျှာရှည်လိုက်ပါတယ်။ ဆရာတော်ဘုရားကြီးကဝိနည်းကို အင်မတန်လေးစားတာမဟုတ်လား။

ပွားတယ်ပြောလည်း
အာပတ်က သင့်အုံးမှာဆိုတော့ မပွားဘူးဆိုပြန်ရင်လည်းညာရာကျပြန်အုံးမယ်လေ။အဲဒါနဲ့ရှောင်ပြောလိုက်တာပေါ့။
(တို့များကွယ် အနတ္တ လက္ခဏသုတ္တန်တော့ပွားပါတယ်) လို့ပြန်ဖြေပါတယ်။ဖြစ်ပျက် အမှတ်ခေတ်ဆိုတော့ အနတ္တလက္ခဏသုတ္တန်ကိုဝိပဿနာမထင်ဘူးလေ။ စာရေးဆရာကလည်း မသိတဲ့အတိုင်းမနေ ဆရာတော်ဘုရားကြီးကို အနတ္တ လက္ခဏသုတ္တန် ကဝိပဿနာဟုတ်ပါ့မလားဘုရား-ဆိုတော့ဟုတ်တယ်ပြောလည်း ပြန်ညိအုံးမယ်ဆိုတော့။မသိတာကိုလည်း စိတ်မကောင်းတော့တယ်မိုက်တဲ့ကောင်တွေကိုး) ဆိုပြီးတော့ ညိမ်နေလိုက်ပေါတော့တယ်။ဆက်မမိန့်တော့ဘူးလေ။

နောက်ထပ်တစ်ပါးကတော့မင်းကွန်းတိပိဋကဓရ
ဆရာတော်ဘုရားကြီးပါ။ အနတ္တလက္ခဏ သုတ္တန်ထဲက နေတံမမ -နေသောဟမသ္မိနမေသောအတ္တာ-လို့ အသားကျအောင် အကြိမ်များစွာပေါ်တိုင်း ပေါ်တိုင်း ပွားပါတဲ့ သတ္တိကိန်းတာကိုဆရာတော်ဘုရားကြီးကထောက်ပြပေးခဲ့ပါတယ် ကလေးတို့ရေ... ခန္ဓာငါးပါးကို အကောင်အထည် မမြင်ဘို့ ကြိမ်ဖန်များစွာပွားများခိုင်းခဲ့ပါတယ်။ကြိမ်ဖန်များစွာပွားရင်တဖြေးဖြးနဲ့ အကောင်အထည် အမြင်မှားမလာတောပါ။
မလာရင်တဏှာအစပ်ပြတ်တာပါပဲ။ဒါကိုဆရာတော်ဘုရားကြီးကဇောက်ချသင်ပေးခဲ့တယ်။လင်္ကာလေးတောင်စီပေးခဲ့ပါသေးတယ်။

ရုပ်ဟုတမည်။ခန္ဓာမည်သား

ဝေဒနာ၊သညာ၊သင်္ခါရ ၊ဝိဉာဏ်ခန္ဓာသည်ကား
ခဏဖြစ်လျက်၊ ခဏပျက်သည်
ငါ့ကိုယ်၊ငါ့ဟာ၊ငါ့ဥစ္စာဟု-
ဘာတစ်ခုမှာရှာမရသည်။
ဓမ္မ အစုသက်သက်ပါတကား။

မေမေတို့သည်အတိုင်းခန္ဓာ
ကိုခန္ဓာလို့သာ အမြင်ရှိနေရမှာလေ.. အကောင်အထည်၊ငါ၊သူတစ်ပါးယောင်္ကျား မိန်းမ အစွဲကြီးနဲ့တစ်သံသရာလုံးစွဲခဲ့တာကြာပါပေါ့လား။ ဓမ္မအစုသက်သက် လို့သည်အတိုင်းမြင်ရမှာပေါ့နော်။ ဆရာတော်ဘုရားကြီးကကြိမ်ဖန်များစွာပွား ပါတဲ့ဆုံးမခဲ့တာပါ။

ဒါဟာဘုရားဟောတဲ့အလုပ်ပေးတရားစစ်စစ်ပါပဲ ။သည်နေ့ပေါ့နော်။ဝါဆိုလပြည့်ကျော်-၅ရက်နေ့မှာ သောတာပန်တည်ပြီးသားပဉ္စဝဂ္ဂီ-၅ဦးကို ရဟန္တာဖြစ်အောင်ဟောကြားတော်မူခဲ့တဲ့ တာပါကလေးတို့ရေ

သည်
သုတ္တန်ဒေသနာတော်ကြီးဟာ ခက်ခဲနက်နဲလှတာမို့ သဒ္ဓါတရားသိပ်မတက်ပေဲ့ အသိဉာဏ်သိပ်တက်တယ်လို့ တောင်မြို့ဆရာတော်ဘုရားကြီး က မိန့်တော်မူခဲ့ပါတယ်။

(
ငါတို့သည် အနတ္တလက္ခဏသုတ္တန်ကြီးကို နာယူရပြီး အသိဉာဏ်ကြီိးကျယ် ပြီးသကာလ ကောင်းတဲ့ကံတွေ ကိုနိဗ္ဗာန်အထိပြုမယ်။ဂုဏ်ပကာသနကံ တွေကိုငါတို့မပြုဘူး။ အကုသိုလ်ကံတွေကို ရှောင်ရှားမယ်) လို့နှလုံးသွင်းရမယ်တဲ့

မာန်မာနဖြစ်စရာရှိရင်လည်းအနတ္တ
တွေ--ဘာမာန ဖြစ်စရာရှိလဲ ။တဏှာလောဘပြင်းပြင်းထန်ထန် ဖြစ်ရင်လည်း အို ရုပ်ခန္ဓာတွေကအနိစ္စတွေ သာဖြစ်လို့ တဏှာလောဘ ဖြစ် ရမှာလဲ အဲလိုနှလုံးသွင်းပြီး သကာလ တဏှာ မာန ဒိဋ္ဌိကိုပယ်ရှားနိုင်ရမယ်လို့ဆုံးမတော်မူပါတယ်။

အခုပြောခဲ့တဲ့တရားတွေကိုသတိထားပြီးသကာလမှာ
တဏှာ၊မာန ၊ဒိဋ္ဌိတို့သိပ်မကြီးကြပါနဲ့။ တဏှာကြီးတဲ့ကိစ္စရောက်လာလို့ရှိရင်လည်း ရုပ်-နာမ်တွေနော်၊ခန္ဓာငါးပါးနော်၊အနိစ္စတွေနော်၊ အနတ္တတွေ။ တဏှာနဲ့ငါနဲ့စွဲ လမ်းတာမကောင်းပါဘူးလို့နှလုံးသွင်းပြီး တဏှာလွန်ကဲလာလို့ရှိရင်ဖြင့် ဖြေဖျောက်လိုက်ကြပါ။ ငါဆိုတဲ့ မာန်မာနလွန်ကဲလာလို့ရှိရင်ဖြင့်ဖြေဖျောက်လိုက်ကြပါလို့ အားထုတ်သင့် လှပါတယ်ဆိုတာ တောင်မြို့ဆရာတော်ဘုရားကြီးမိန့်မှာတော်မူပါတယ်။

ခြုံပြောရရင်
အနတ္တလက္ခဏသုတ္တန်တရားတော်မြတ်ကြီးဟောကြာားတော်မူတဲ့ (ဝါဆိုလပြည့်ကျော်-၅ရက်) နေ့မှာမေမေတို့အားလုံး အနတ္တတရားကို သတ္တိကိန်းအောင် နှလုံးသွင်းအားထုတ်ကြပါလို့မေမေ ကမှာချင်ပါတယ်။

မေမေတို့ရဲ့ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီးလည်း
အလုပ်ပေးတရား အဖြစ် ခိုင်ခိုင်မာမာကိုင်ပြီးသင်ကြားပေးတော်မူခဲ့ပါတယ်နော်။

ပဉ္စဝဂ္ဂီ-၅ဦးဟာ တရားနှစ်ပုဒ်ထဲနဲ့ ရဟန္တာဖြစ်သွား ကြတာကိုး။ ပထမ တရားဦးကဓမ္မစကြာ၊နောက် အနတ္တလက္ခဏသုတ္တန် တရားတော်မြတ်ကြီးပါ လို့မှတ်ထားကြပါကလေးတို့ရေ..
တစ်လောကလုံးမှာတကယ်
ရှိတာ ခန္ဓာငါးပါး-တစ်နည်း-ရုပ်နာမ် နှစ်ပါးသာတကယ်ရှိပါတယ်။ ပိုင်းလော့ဆရာတော်ဘုရားကြီးကခန္ဓာငါးပါးကို သေသေချာချာရှင်းပြတော်မူပြီးမှ တရားအားထုတ်ခိုင်းတာမို့ သိဘို့အရေးကြီးတာက ခန္ဓာငါးပါးဖြစ်ပါတယ်။

အနတ္တလက္ခဏ သုတ္တန်ထဲက နေတံမမ -နေသောဟမသ္မိနမေသောအတ္တာ-လို့ အသားကျအောင် အကြိမ်များစွာပေါ်တိုင်း ပေါ်တိုင်း ပွားပါတဲ့ ။ စိတ် သန္တန်မှာ သတ္တိကိန်း လို့ကျန်ခဲ့တာကိုဆရာတော်ဘုရားကြီးကထောက်ပြပေးခဲ့ပါတယ်

ဒါပေမဲ့သံတုံးကို အပ်ဖြစ်အောင်သွေး နိုင်တဲ့ ဝီရိယ လို ပါတယ်တဲ့ ကလေးတို့ရေ...။ ပွားများကြ ပါစို့လား။

( ကြည်ညိုလေးစားရပါသော ကျေးဇူးတော်ရှင်-တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော အနတ္တလက္ခဏသုတ်-တရားတော် နှင့် ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ဘုရားကြီးဟောကြားတော်မူသော -ဝိပဿနာပညာနှင့် တဏှာ အစပ်ပြတ်ပုံ -တရားတော်များ ကို နာယူ ပူဇော် ဦးခိုက်၍ စာစုကိုရေးသားပါသည်။)

မေတ္တာဖြင့်-သစ္စာအလင်း