Thursday, September 29, 2011

မေတ္တာစစ်စစ် (၄) (သို့) သမီးလေးအတွက်မွေးနေ့လက်ဆောင်

မေမေချစ်သော သမီး လေး မစုမြတ်ရတနာ…

ဒီနေ့ ဟာ ချစ်စရာကောင်းလှတဲ့သမီးလေး လူ့လောကထဲရောက်ရှိလာခဲ့တာ ၁၉ နှစ်တင်းတင်းပြည့်တဲ့နေ့ လည်း ဖြစ်ပါတယ်သမီးလေးရေ..။ ကံကောင်းမှုတွေ အဆင့်ဆင့် နဲ့ အရပ်ရှစ်မျက်နှာ သတ္တိရှိရှိ ကြည့်နိုင်တဲ့ အချိန်ကောင်းလေးတစ်ခု မှာ မွေးဖွား ခဲ့တာမို့လည်း လာခြင်းကောင်းသော မိန်းကလေး ရယ်ပါ..လို့တင်စားဝံ့ပါတယ်။

သမီးလေးကြီးပြင်းလာတဲ့အချိန်မှာတော့ မေမေ ရဲ့ အတိတ်ဝဋ်ကြွေး တွေ ပေးဆပ် ရတဲ့အခါ မတော့ ချစ်လှစွာသောသားသမီးလေးများ ကို အားတောင့်အားနာ …အားနာစိတ်ဖြစ်ရတာအမှန်ပါပဲ ကွယ်..။

အိမ်ရှင်မ ဆိုသောစကားလုံး ကိုကြားရတိုင်း မေမေ ရဲ့ အငုံ့စိတ်ကို တုန်တုန်လှုပ်လှုပ်ဖြစ် စေရပါတယ် သမီးရယ်..။ *အိမ်* လို့ အဓိပ္ပါယ်ရတဲ့ စကားလုံး လေးဟာ နွေးထွေးသောအသိုက်အမြုံ တစ်ခု နဲ့အတူ စိတ်လုံခြုံရတာ.. ကြည်နူးပျော်ရွှင်မှု တွေ ပြည့်စုံတဲ့နေရာ တစ်ခု မို့ လူတိုင်း ခိုလှုံရာ ဖြစ်ခဲ့ပါတယ်..။ အဲဒါ ကို ဖျက်ဆီး လေသော သူ ကိုယ် များဖြစ်နေမလား လို့ တွေးတောဆင်ခြင်ရင်း နောင်တ မရသော်လည်းအားနာ စိတ်တွေ လွှမ်းမိုးခဲ့ရဘူးပါတယ်..သမီးရေ။

ဘဝ မှာ အိမ်ကြီးရှင်မ အဖြစ်တင့်တင့်တယ်တယ် ရပ်တည်နေတဲ့ အမျိုးကောင်းသမီးများ ကို မြင်တွေ့ ရလေတိုင်း မေမေ ဟာ ကိုယ့်ထက် ဘုန်းကံပါရမီ ကြီးသူများ ၊ တော်တည့်မှန်ကန်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်သောသူများ ၊ ကျွမ်းကျင် လိမ်မာ သော နားလည် သိတတ်သောသူများ အဖြစ် လေးစားခဲ့မြဲပါ..။ နွေးထွေးပျော်ရွင်တဲ့ မိသားစု ဘဝကို တည်ဆောက် နိုင် တဲ့ အိမ်ရှင်မ တွေဟာမေမေ လေးစားရ တဲ့ တစ်နည်းသာတဲ့ မိတ်ဆွေတွေဖြစ်လို့ နေခဲ့ပါတယ် သမီးရေ..။ ကိုယ့်ထက်သာလွန်သူများလို ဆက်ဆံခဲ့ပေသကိုး ။

နှလုံးလမ်းကြောင်းမှာကျွန်းခံ တယ်ဆိုတာ..ကျွန်းခံစေတဲ့ အတိတ်ကံတွေ ပြုခဲ့လို့ဆိုတာ ဆင်ခြင်ရင်း အပြစ်တင်လိုစိတ် တွေ…. နာကျည်း ဝန်တိုစိတ်များလျှော့ချနိုင်ခဲ့ပါတယ်..။ အမုန်းတရားဆိုတဲ့ ကြိုးတွေကိုလည်း ခွင့်လွှတ် နားလည်ခြင်း နဲ့ဖြတ်တောက်ပြေလျှော့ နိုင်ခဲ့ပါတယ် သမီးရေ..။

အချစ်ရေး ၊အိမ်ထောင်ရေး အကျိုးပေးမကောင်းတာ ဟာ အချစ်ရေး ၊အိမ်ထောင်ရေး နဲ့ ပတ်သက်တဲ့မကောင်းကံတွေ အတိတ်က ပြုခဲ့လို့ ပါ..။သူတစ်ပါး တို့ ရဲ့ ချစ်ခြင်းကို ဝန်တိုခြင်း လက်နက်နဲ့ ဖြိုခွင်းခဲ့သူ ဟာ အချစ်ရေး ၊ အိမ်ထောင်ရေး ဘယ်လို နည်း နဲ့ မှ အကျိုးပေး မကောင်းနိုင်ပါဘူး။ အကြင်နာ တရားတို့ တာဝန်ယူစောင့်ရှောက်မှုဆိုတာလည်း မရနိုင်တော့ ဘူးပေါ့လေ..။

သမီးရီးစားချစ် ၊လင်မယားချစ်တွေကို ဖြိုခွဲမှ အချစ်ကံမကောင်းတာမဟုတ်ပါဘူး၊မေတ္တာချစ် ၊သံယောဇဉ်ချစ် နဲ့ ချစ်ကြတဲ့မည်သူကိုမဆို တကွဲတပြားစီ ဝေးလွင့်သွားအောင် ပြုခဲ့ ရင်လည်း…ချစ်သောသူနဲ့ဝေး ရ…ကွေကွင်းရတော့ တဲ့ ဘဝတွေကို ပိုင်ဆိုင်ရပါတော့တယ် သမီးရေ..။ ထာဝရလွမ်းစေလေ တော့..။ မုန်းရစ်လေဦး တို့ ပေါ့ လေ..။

ကံ ကံ၏အကျိုးကိုနားလည် ခြင်း ဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ် ရခဲ့တယ်ဆိုရင် ပဲ စိတ်အမြင်တွေလည်းပြောင်းကုန်ပါတယ်..။ ဘဝ အမြင်လည်းရှင်းကုန်ပါတယ်..။

မေမေ ဟာ ဒါတွေပြုခဲ့လို့ဆိုတာ ဆင်ခြင်ရင်း ပူလောင်တဲ့ ရင်ကို ပေါက်ပေါက် မပွင့် အောင်ထိန်းနိုင်ခဲ့ပါတယ်..။ အားမာန် အဖြစ်လည်း ပြောင်းလဲနိုင်အောင်ကြိုးစားခဲ့ပါတယ် သမီးရယ် ..။

ဒီကနေတစ်ဆင့်တက်ပြီး မေတ္တာထားနိုင်အောင်လည်း နည်းလမ်းရှာခဲ့ပါတယ်..။ အဲလို မျိုးသောဖြစ်ရပ်များ အတွက် အနာကျက်သွားသောနှလုံးသား မှာ..အမာရွတ်တို့ဖြင့် ကြမ်းရှ ထုံပေနေတဲ့ နှလုံးသားမှာ တဏှာ ရာဂ မပါတဲ့ မေတ္တာပန်း တွေ ပွင့်နိုင်ပါ၏လော..။မေမေ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ထံနည်းနာ တောင်းခံခဲ့ဘူးပါတယ်..။

မေမေတို့ရဲ့ ကျေးဇူးတော်ရှင် ဘုရားရှင် သည် မဟာကရုဏာတော်ဖြင့် စွန့်ခြင်း ကြီး (၅)ပါးတွင် သားသမီး နှင့်ဇနီးမယားကို မည်သို့သော ခံစားချက်ဖြင့် စွန့် လှူ ခဲ့ပါသလဲ..။စွန့်လှူ စဉ်ကာလများ သည် ပါရမီတော်ဖြည့် ကျင့်ဆဲ ပုထုဇဉ် နှလုံးသား မို့ နာကျင်နေလိမ့်မည်..။ ကျ မျက်ရည်များ သည် သံရည်ပူတစ်မျှ လို့ဝေဿန္တရာ ဇာတ်တော်မှာ နာယူသိရှိဘူးတယ်သမီးရေ..။

သားသမီး ကိုအလှူခံ ရဲတဲ့အလှူခံပုဂိုလ်ဆိုတာ ရှားပါး လှတာမို့ ပါရမီပြည့်တော့မယ် ဆိုတာ ဘုရားအလောင်းတော်က သိတော်မူပါတယ်..။ ရက်စက်တယ်ဆိုတဲ့ ဇူဇကာ ပုဏ္ဏာ ဟာ အလောင်းတော်အတွက်တော့ ပါရမီပြည့်စေတဲ့ကျေးဇူးရှင်ပါ..။ ဆုကြီးပွင့်ဆီ ခါတန်ပြီလို့ ….ဒီအချိန်မှာ ပါရမီပြည့်စေပြီး ဘုရားဖြစ်လို့ သတ္တဝါတွေကိုကယ်နိုင်တော့မယ်လို့ ရေရှည် မျှော်ခေါ် တွေးတောလိုက်ပါတယ်..။ သတ္တဝါ တွေထဲမှာ ဃဏှာ တို့ဇာလီတို့လည်း ပါမှာ ပဲလေ..။

သူ့ဘက် ကနေ ကြည့်ပေးပါတယ်..။အလှူခံသူဘက် ကတွေးပေးပါတယ်..။ သူ့ဘက်မှာလည်း အပျိုအရွယ် ဇနီး သည်လေး ရဲ့ *ကျွန်ရှိမှပေါင်းမယ်* ဆိုတဲ့ ခိုင်းစေချက်ဟာ အရေးကြီး နေပါတယ်..။ ကျွန်ရ ဘို့ ဘာပဲလုပ်ရလုပ်ရ..ဆိုတဲ့ သူ့ရင်ထဲက အပူ နဲ့ လိုလား တောင့်တမှုကိုတွေးပေးလိုက်ပါတယ်တဲ့..။ အဲဒီအခါ မေတ္တာ ထားနိုင်သွားပါတယ် တဲ့..။

မေတ္တာဝစီကံ..မေတ္တာကာယကံတွေ ဖြစ်ကြရအောင် တစ်ဘက်သား ရဲ့ နှလုံးသားကိုထပ်တူပြု ပေးလိုက်ပါတယ်..။

သူ့နှလုံးသား သည် ကိုယ့်နှလုံးသားပေါ့..။

သူ့ပြဿနာ….သည်ကိုယ့်ပြဿ နာ

သူ့ခံစားချက်သည် ကိုယ့်ခံစားချက်ပေါ့..

သူ့ နောင်ရေးသည် ကိုယ့်နောင်ရေး

သူ့ဆန္ဒသည် ကိုယ့်ဆန္ဒ

ခံစားနားလည် ပြီးဝမ်းသာနိုင်ရပါမယ်..။ လှိုက်လှဲတဲ့နှလုံးသားနဲ့ ဆောင်ရွက်ပေးနိုင်ရပါမယ်..။ အဲလို မေတ္တာ ကာယကံ နဲ့ သူ့ဘဝသည်… ကိုယ့်ဘဝ ၊သူ့ခံစားချက် သည် …ကိုယ့်ခံစားချက် အဖြစ် နေရာယူကာ လှိုက်လှဲ ထက်သန်စွာအကူအညီပေး ရပါတော့တယ်..။ ကိုယ့်အတွက်ဆိုတာ မေ့ ပျောက်သွားပါတယ်..။

ဒီလိုပါပဲ မေမေ တို့ တစ်ဘက်သားဘက်ကတွေးပေးကြရအောင်..နားလည်ပေးကြရအောင်… ဆက်ပြီး မေတ္တာ တွေထားပြီး မြင့်မြတ်တဲ့ဘဝကို တည်ဆောက်ကြရအောင် ..။ လို့မေမေ က သင်ချင်ပါတယ်..။

သမီးလေး ရေ မိခင်တို့ ရဲ့ အတ္တနှလုံးသား ကို ထိုးဆွ လှုပ်ခတ်စေ တဲ့ အတိုင်း အကောင်းတကာ့အကောင်းဆုံး ဆိုတာတွေထက် ကောင်းမြတ်တဲ့..။ပြည့်စုံတယ်ဆိုတဲ့အရာတွေထက် ပြည့်စုံတဲ့ ဘဝဆိုတာတွေကို သူ့ရင်ကဖြစ်တဲ့ သားသမီး ကို ပေးဆပ်လိုလှတာပါပဲ..။

နရသီဟပတေ့ ရှင်ဘုရင် ရဲ့ သားတော် သီဟသူရဲ့ အမေ မိဘုရား ရှင် မောက်က အမေ ထဲကအမေ တစ်ယောက်ဆိုလေတော့ သူ့သားလေးသီဟသူ ကိုချစ်ရှာပေတယ်။

သူများသား တွေကျတော့ ဝက်လက်ပေးတယ်၊ ငါ့သားကျတော့ ဝက်ပေါင် ပေးတယ်ဆိုပြီး မကျေနပ်ပါဘူး။ ဒါကြောင့်သီဟသူအမေ ရှင်မောက်က စားတော်ကဲ ကိုငွေသုံးဆယ် ပေးပြီး ၊ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သားသီဟသူကို ဝက်လက် ပေးဖို့ လာဘ်ထိုး ပါတယ်

ဆင်ခြင်တုံတရားနည်းပါးတဲ့ဘုရင်ဆိုတော့ ဒီအဖြစ်ကိုသိသွားကတည်းက နာသာခံခက်ဆိုသလို *ဝက်လက်ခိုးမသား* ဆိုတဲ့ ပြင်းထန်ရိုင်းပြ တဲ့စကားလုံး နဲ့ အမေကောသား ပါ အရှက်ခွဲ ပြပါတော့တယ်..။ ဒီစကားလုံးရဲ့ရန်ညှိုးကြောင့်ပဲ သီဟသူမင်းသားဟာ ဖခင် အရင်းကိုမေတ္တာမထားနိုင်တော့ပဲ အဖသတ်သားဖြစ်ရပါတော့တယ်..။

အမေလုပ် သူကလည်း မချစ်တတ်တဲ့ အချစ်နဲ့ချစ်မိ လိုက်တာပါ။ မချစ်တတ်တာ ကလည်းခက်တာပါပဲ။ ချစ်တော့ ချစ်တာပါပဲ၊ မချစ်တတ်တဲ့ အချစ်နဲ့ ချစ်လိုက်တဲ့ အတွက် သားဖြစ်သူကို ပဉ္စာနန္တရိယ ကံကြီးကို ကျူးလွန်ခိုင်းသလို ဖြစ်သွားရပါတယ်။ ဘယ်ဘက် ကကြည့်ကြည့် သံဝေဂ ယူစရာတွေချည်းပါပဲ ဆိုတာ ဘုန်းဘုန်း ရဝေနွယ် ရဲ့ ထမင်းစားရင်းပါရမီဖြည့်မယ် ဆိုတဲ့ဆောင်းပါးလေး ဖတ်လိုက်ရပါသေးတယ်..။

မေမေတို့ ဘဝမှာ ကတော့ ဝက်လက် ဆိုတာ မရလည်း အရေးမကြီး ဘူး ။ ဘာတွေ မရ မရ ဘယ်လို မှ အရေးမကြီးပါဘူး။ ဘယ်လိုမှ ကို မနေ တဲ့ တည်ကြည်ခိုင်ခံ့သော နှလုံးသားတစ်ခု တည်ဆောက်ကြမယ် မီးမီးရေ..။

ထို့ ထက် ထို့ထက် ပိုပြီး ရယူမှု ကို ထည့်မတွက်ပဲ ပေးဆပ်နိုင်သော... ကျေးဇူးတရား ကိုရှာဖွေ သိမြင်တတ်သော..... မြင့်မြတ်တဲ့နှလုံးသားတွေလည်း တည်ဆောက် ရမှာပါပဲ..။ ရာဇာကုမာရ မင်းသားလိုပေါ့ ဘုရင်အဖြစ်ကို သားကိုကျော် လို့ မြေးတော် ကို ဘောင်ကျော် လို့ ပေးအပ်ခဲ့ သည် တိုင် အပြစ်မတင်ချစ်ခင်စွာ စောင့်ရှောက် တတ်လေသော နှလုံးသားမျိုး ရဲ့ အေးချမ်းမှုကိုတန်ဘိုးထားကြပါမယ်..။ မြင့်မြတ်မှုကို ဦး ညွှတ်တတ်ကြရပါမယ်။

ကံတရား ရဲ့ စေစားချက်ကြောင့် ပျက်ကွက်သွားခဲ့ တဲ့ကွက်လပ်များ အတွက်လည်း နာကျင် ထိရှမှု မရှိအောင် ..ဖြည့်ဆည်းမေတ္တာထားနိုင်ဘို့ မေမေ အမြဲကြိုးစားနေပါတယ်..။

သူတကာ သားသမီးတွေ တမ်းတလွမ်းမော ကြတဲ့ *အမေ့အိမ်* ဆိုတာကို မေတ္တာ တရား များ စွာ နဲ့ တည်ဆောက်ပေးထားရင်း ငြိမ်းအေးမှုဆိုတာ ကို သည်မွေးနေ့မှာ မှ မဟုတ်ဘူး ဘဝတစ်လျှောက်လုံးရရှိနေစေပါ့မယ်..။

ဘုန်းဘုန်း အရှင်အာစာရ ရေးသားတဲ့*အိမ်အစစ်* တရားတော်များကိုဖတ်ရှုပြီး တော်တော် အားတက်မိပါတယ်..။ မေမေ မှတ်ထားလိုက်တာကတော့ *သဘာဝအတိုင်း လက်ခံခြင်းဟာ ကိုယ့်ရဲ့ ခိုကိုးရာပါပဲ* တဲ့..။ ရင်ဆိုင်နိုင်တဲ့သတ္တိ တစ်ခုခု ရှိမှသာလက်ခံနိုင်တာမျိုးပဲမဟုတ်လား။

သမီး တို့ အတွက် လုံခြုံအေးမြတဲ့ မေတ္တာစစ်စစ်တို့ဖြင့် စီခြယ်ထားသော *မေတ္တာအိမ်*မှ သည် သံသရာ မှာစိတ်ချရမှု ဖြစ်စေတဲ့ *အရိယာဝါသ* စံ အိမ်အစစ် အဖြစ် အောင်ရယ်… ဒီဘဝ မှာ ဒီအမေကို အမေ တော်ရကျိုးနပ်စေသတဲ့ ဆိုတဲ့ စိတ်ချရတဲ့ လက်ဆောင်မျိုးဖြစ်အောင် မေမေထာဝရကြိုးစားနေပါမယ် သမီးလေးရေ..။ချမ်းမြေ့စွာခိုလှုံနိုင်ပါစေ။

မွေးနေ့ မှာ ချမ်းမြေ့ငြိမ်းအေးပါစေ။ ပျော်ရွှင်လန်းဆန်းပါစေ။

ချစ်သောမေမေ

Wednesday, September 28, 2011

မင်္ဂလတိုက် (ဒယ်အိုးဆရာတော်) ဥုးသုမင်္ဂလ တရားပွဲ ဖိတ်ကြားလွှာ


SayaDaw U ThuMinGaLA

မင်္ဂလတိုက် (ဒယ်အိုးဆရာတော်) ဥုးသုမင်္ဂလ


တရားပွဲ ဖိတ်ကြားလွှာ


ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလကို ဦးတင်ထွဋ် + မမွှေးမွှေး တို့မှ စင်္ကာပူကြွရောက်ရန်ပင့်ဆောင်၍ တရားပွဲ (Event Organizer) ကို dhammadownloadမိသားစုမှ ကြီးမှုး၍ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


********************

တရားပွဲ ပထမနေ့


********************


နေ့ရက်။ ၁ အောက်တိုဘာ ၂၀၁၁ စနေနေ့


အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ


နေရာ။ Poh Ern Shih Temple at 9 Chwee Chian Road, Singapore 117488


Bus Stop No. B15201 (one more stop after Pasir Panjang MRT)


Bus No - 10,30,30E, 51,143, 175, 176,188, 200


(Free shuttle bus service from Harbour Front MRT station exit A open car park between 5:00pm - 6:00pm)





မှတ်ချက်


Poh Ern Shih Temple ခန်းမသည် စုစုပေါင်း ၁၁၀၀ စတုရန်း မီတာ ခန့်ကျယ်ဝန်းပြီး ပရိတ်သတ် ၂၀၀၀ မှ ၂၅၀၀ ခန့် ဝင်ဆန့်နိုင်ပါသည်။ ဤနေရာသည် ဒုတိယနေ့ တရားဟောခန်းမထက် ပိုမို ဝင်ဆန့်သဖြင့် ပရိတ်သတ်များကို ပထမနေ့ကို ဦးစားပေးပြီး လာရောက်နာယူကြပါရန် တိုက်တွန်းလိုပါသည်။



လမ်းညွှန်



တရားပွဲနေ့တွင် ညနေ ၅နာရီမှ ၆နာရီအတွင်း Harbour Front MRT Station ၏ ထွက်ပေါက် EXIT-A ဘေးနား ရှိသည့် Open Carpark တွင် Free Shuttle Bus ၆ စိးခန့်ကို စီမံထားပါသည်။ Open Cark Park ၏ နေရာကို အောက်ပါ မြေပုံရှိ အပြာရောင် Cross ပြထားသောနေရာတွင် တွေ့နိုင်ပါသည်။





ပရိတ်သတ်များ အလွယ်တကူ ရှာတွေ့နိုင်ရန် လမ်းပြ Volunteers များကို Harbour Front MRT ထွက်ပေါက်မှနေ၍ EXIT-A open carpark တိုင်အောင် နေရာချထားပါသည်။ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် အဖြူရောင် dhammadownload T-Shirt များ ဝတ်ဆင်ထားပါမည်။ MRT သည် Public နေရာဖြစ်သည့်အတွက် ဘယ်သူဘယ်ဝါသည် မြန်မာဖြစ်ကြောင်း၊ ဘယ်သူဘယ်ဝါသည် တရားပွဲကိုလာသည့် ပရိတ်သတ်ဖြစ်ကြောင်း ခွဲခြားရ ခက်ခဲပါသည်။ သို့ဖြစ်ပါ၍ တရားနာပရိတ်သတ်များမှသာ စတင်မိတ်ဆက် မေးမြန်းနိုင်ပါသည်။



အကယ်၍ တရားပွဲကို ညနေ၅ နာရီမှ ၆နာရီအတွင် အချိန်မှီ မရောက်နိုင်သဖြင့် Free Shuttle Bus Service ကို မမှီလိုက်သည့်သူများသည် Public BUS များကို အသုံးပြု၍ လာရောက်နိုင်ပါသည်။ Pbulic BUS ကို စီးလိုလျှင် Harbour Front MRT မှ vivo city ဘက်အချန်းမှာရှိတဲ့ BUS တွေကို အသုံးပြုရပါမည်။ EXIT-A ဘက်အချမ်းမှ BUS မဟုတ်ပါ။ (Direction မှန်ရန် သတိပြုရပါမည်)။ Vivo City ဘက်အချန်း လမ်းမရှိ အောက်ပါ BUS များကို အသုံးပြုပါ။


Bus No - 10,30,30E, 51,143, 175, 176,188, 200



BUS ကို ၇ မိနစ်ခန့် ၊မှတ်တိုင် ၉မုတ်တိုင်ခန့် စီးရပါမည်။ ဆင်းရမည့်မှတ်တိုင်ကို အလွယ်တကူ ရှာနိုင်ရန် Circle Line MRT Station တွေကို မှတ်သားလျှင် လွယ်ကူပါမည်။ Harbour Front မှ Bus ၄ မှတ်တိုင်ခန့်တွင် Telok Blangah Circle line MRT station တွေ့ပါမည်။ BUS ၆ မှတ်တိုင်ခန့်တွင် Labrador Park MRT station တွေ့ပါမည်။ BUS ၈(သို့မဟုတ်)၉ မှတ်တိုင်ခန့်တွင် Pasir Panjang MRT station တွေ့ပါမည်။ အဲဒီ Pasir Panjang MRT နားမှာရှိတဲ့ BUS မှတ်တိုင်အပြီး နောက်ထပ် တမှတ်တိုင်တွင် ဆင်းရပါမည်။


လမ်းတဘက်ကို ဖြတ်ကူးရပါမည်။ SHELL Patrol Station ကိုတွေ့ ပါမည်။ နောက်ထပ် ရှေ့ဘက်နဲနဲ ဆက်လျှောက်လျှင် Chwee Chian Road ကိုတွေ့ပါမည်။ အဲဒီလမ်းထဲ ဝင်လာလျှင် Poh Ern Shih Temple ကို ရောက်ပါမည်။


အပြန်အတွက် Free Shuttle BUS ၆ စီးကိုလဲ စီစဉ်ထားပါသည်။ အကယ်၍ လူများသဖြင့် Public BUS ကို စီးလိုလျှင် Temple မှ ထွက်လာသည့်ဘက် အချန်းမှ BUS စီးလျှင် Harbour front MRT ကို ရောက်ပါသည်။ လမ်းဖြတ်ကူးရန်မလိုပါ။

Bus No - 10,30,30E, 143, 188,


(ဤ Bus များသည် Harbourfront MRT သို့ မရောက်ပါ --> 51,175, 176, 200)


*********************


တရားပွဲ ဒုတိယနေ့


*********************



နေ့ရက်။ ၂ အောက်တိုဘာ ၂၀၁၁ တနင်္ဂနွေနေ့


အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ


နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)


မှတ်ချက်


Arena Club ခန်းမသည် အပေါ်ထပ်+အောက်ထပ် စုစုပေါင်း ၈၅၀ စတုရန်း မီတာ ခန့်ကျယ်ဝန်းပြီး ပရိတ်သတ် ၁၇၀၀ မှ ၂၀၀၀ခန့် ဝင်ဆန့်နိုင်ပါသည်။ ဤနေရာသည် ပထမန့ တရားဟောခန်းမထက် အနဲငယ် သေးပါသည်။ တရားပွဲခန်းမ၏ မျက်နှာချင်းဆိုင် လမ်းမ တဖက်ချန်းတွင် SAFTI Military Institute စစ်တပ် ရှိသဖြင့် ပရိတ်သတ်များ အစုအဝေးလိုက် လမ်းမတွင်သော်လည်းကောင်း၊ Arena Club အဆောက်အအုံ ပြင်ပတွင်သော်လည်းကောင်း၊ အစုအဝေးလိုက် ရပ်နေခြင်း၊ တရားနာနေခြင်းကို Club Management မှ ခွင့် မပြုပါ။


ဤအချက်ကို အကြောင်းပြု၍ တရားနာပရိတ်သတ်များကို အဆောက်အအုံ၏ အပြင်တွင် ရပ်မနေကြဘဲ ခန်းမအတွင်းသို မရ၊ ရအောင်ဝင်၍ တရားနာယူကြပါရန် မေတ္တာရပ်ခံပါသည်။



အကယ်၍ ပရိတ်သတ်များ အလွန်များပြားပြီး ခန်းမအတွင်း (သို့မဟုတ်) အဆောက်အအုံအတွင်း၌ မဝင်ဆန့်လျှင်၊ အဆောက်အအုံပြင်ပတွင် အစုလိုက် အပြုံလိုက် ရပ် မနေကြရန်၊ မေတ္တာရပ်ခံအပ်ပါသည်။



လမ်းညွှန်



Joon Koon MRT မှ ၅ မိနစ်ခန့် လမ်းလျှေက်ရပါမည်။


Joon Koon MRT station EXIT-A မှ ထွက်ပါ။ ထို့နောက် မီးပိုင့်ရှိလမ်းဆုံတွင် ဘယ်ဘက်ကိုချိုးပါ။ BENOI လမ်းမအတိုင်းလျှောက်လာလျှင် UPPER JURONG ROAD လမ်းဆုံကို ရောက်ပါမည်။ ထိုလမ်းဆုံတွင် ညာဘက်ချိုး၍ လျှောက်လာလျှင် ARENA Club ကို ရောက်ပါမည်။





ပထမနေ့၊ ဒုတိယနေ့ တရားပွဲများကို အောက်ပါ website များမှ တိုက်ရိုက် လွှင့်ပါမည်..




http://livedhamma.com

************************

တရားပွဲ အလှုရှင်များ စာရင်း

**********************


၁။ ဦးတင်ထွဋ် + မမွှေးမွှေး တို့မှ သား ထွဋ်ဝင်းလျှံ (Alex Chen)၏ ၁၅နှစ်ပြည့်မွေးနေ့အတွက် အောက်တိုဘာလ (၁)ရက်နေ့ တရားပွဲခန်မအတွက် အလှုဒါနပြုပါမည်။



၂။ ဒေါက်တာသန်းနိုင်ဦး+ဒေါက်တာပပဝင်းစိုး၊ သား ထွဋ်ခေါင်းဦး(Raymond)၊ သမီး ရှင်မင်းသူ(Jessica) တို့ မိသားစုမှ အောက်တိုဘာလ (၂)ရက်နေ့ တရားပွဲခန်းမအတွက် အလှုဒါနပြုပါမည်။



၃။ သီတဂူ တရားပွဲဖြစ်မြောက်ရေး အဖွဲ့မှ S$၅၀၀

၎။ ကိုဇော်မိုးစံ (မြစိမ်းတောင်ဆရာတော်တရားစခန်းဖြစ်မြောက်ရေးအဖွဲ့) မှ S$၅၀၀

*****************************

တရားပွဲ လုပ်အားပေး အလှုရှင်များ

*****************************

၁။ Dhammadownload မိသားစုများ

၂။ Lotus Foundation အဖွဲ့

၃။ ဗုဒ္ဓအလင်းရောင် အဖွဲ့

၎။ မြစိမ်းတောင်ယောဂီ အဖွဲ့

၅။ မနီလာအောင်၊ ပန်းအလှပြင် မတင်တင်နွဲ့ နှင့် သစ္စာပါရမီ ဓမ္မရာဇာ တရားရိပ်သာအဖွဲ့

၆။ စင်္ကာပူ ဓမ္မမိတ်ဆွေများအဖွဲ့


၇။ သီတဂူ တရားပွဲဖြစ်မြောက်ရေး အဖွဲ့


*******************************

Dhamma Talk Video တရားတော်များနာယူရန်

*******************************

၂၁-၅-၂၀၀၆ ကိုယ်သာနာ၍ စိတ်မနာစေနဲ့ တရားတော် (၁)

၂၁-၅-၂၀၀၆ ကိုယ်သာနာ၍ စိတ်မနာစေနဲ့ တရားတော် (၂)

၂၇-၁၂-၂၀၀၆ မြက်ခင်းစိမ်းကလေး တရားတော်

၁၆-၁-၂၀၀၇ အမျိုးမှန်ကြစေဖို့ တရားတော်

၁၈-၁-၂၀၀၇ အမိနဲ့ အဖ တရားတော်

၂၈-၁-၂၀၀၇ မျှော်တော်ရောင်

၂-၂-၂၀၀၇ မှ ၆-၂-၀၀၇ ထိ အလုပ်ထိုင် တရားတော်

၃-၂-၂၀၀၇ ကူးတတ်မှ လွတ်မယ် တရားတော်

၎-၃-၂၀၀၇ အမြန်နှုတ် တရားတော်

၁၅-၂-၂၀၀၇ အလေးဂရုပြုစရာ

၂၄-၂-၂၀၀၇ လူစိတ်ပေါက်ပြီလား တရားတော်

၂၈-၁၁-၂၀၀၇ ဆင်ခြင်စရာ

၃၁-၃-၂၀၀၇ ယမမင်းစစ်ခန်း

၂-၉-၂၀၀၇ ဘေးလွတ်အောင်နေ တရားတော်

၂၇-၁၀-၂၀၀၇ မှားမယ်နော်

၃၁-၁-၂၀၀၈ (၃)ပါးထိန်း တရားတော်

၁-၄-၂၀၀၈ အေးသာယာ တရားတော်

၃-၄-၂၀၀၈ သတ်ပုံမှားတဲ့ည တရားတော်(၁)

၎-၄-၂၀၀၈ သတ်ပုံမှားတဲ့ည တရားတော်(၂)

၂၆-၄-၂၀၀၈ ဝိဇ္ဇာသုံးပါး တရားတော်

၁၉-၆-၂၀၀၈ ကုန်သည်ကောင်း တရားတော်

၆-၇-၂၀၀၈ အနေမှန်မှ တရားတော်

၁၉-၉-၂၀၀၈ မြတ်နိုးသူတရားတော် (၁)

၂၀-၉-၂၀၀၈ မြတ်နိုးသူတရားတော် (၂)

၂၅-၉-၂၀၀၈ ဝါဒနှင့် သဘာဝ တရားတော်

၂၈-၉-၂၀၀၈ အခွင့်သာခိုက် ကြိုးစားလိုက် တရားတော်

၃၀-၉-၂၀၀၈ ဘယ်အချိန်ပြီးမလဲ တရားတော်

၁၁-၁၀-၂၀၀၈ နှမ်း(၃)ဆုပ် ဒုတ်(၃)ချက် တရားတော် (၁)

၁၁-၁၀-၂၀၀၈ နှမ်း(၃)ဆုပ် ဒုတ်(၃)ချက် တရားတော် (၂)

၁၁-၁၀-၂၀၀၈ နှမ်း(၃)ဆုပ် ဒုတ်(၃)ချက် တရားတော် (၃)

၁၅-၁၀-၂၀၀၈ ဒယ်အိုးမှတပါး အခြားမရှိ တရားတော်



DVD 26

၁။ ၁၄-၉-၂၀၀၈ မင်္ဂလာပါ

၂။ ၁၉-၉-၂၀၀၈ မြတ်နိုးသူ-၁

၃။ ၂၀-၉-၂၀၀၈ မြတ်နိုးသူ-၂

၎။ ၂၁-၉-၂၀၀၈ ဘယ်လို လုပ်ကြမလဲ-၁

၅။ ၂၂-၉-၂၀၀၈ ဘယ်လို လုပ်ကြမလဲ-၁

၆။ ၂၅-၉-၂၀၀၈ ဝါဒနှင့် သဘာဝ-၁

၇။ ၂၆-၉-၂၀၀၈ ဝါဒနှင့် သဘာဝ-၂

၈။ ၂၇-၉-၂၀၀၈ ဝါဒနှင့် သဘာဝ-၃

၉။ ၂၈-၉၂-၂၀၀၈ အခွင့်သာခိုက်ကြိုးစားလိုက်

၁၀။ ၂၉-၉-၂၀၀၈ ကိုယ့်စရိတ် ကိုယ်စား

၁၁။ ၃၀-၉-၂၀၀၈ ဘယ်တော့ပြီးမလဲ

၁၂။ ၁-၁၀-၂၀၀၈ ပကတိရွှေ

၁၃။ ၂-၁၀-၂၀၀၈ မင်းတယောက်တည်း မဟုတ်ဘူး

၁၄။ ၄-၁၀-၂၀၀၈ အလှည့် အပြောင်း

၁၅။ ၅-၁၀-၂၀၀၈ သူခိုးမလာရ

၁၆။ ၆-၁၀-၂၀၀၈ အကျင့်ပျက် အဖျက်သမားများ

၁၇။ ၇-၁၀-၂၀၀၈ ဆေးကောင်းရင် သန်းခေါင်း-၁

၁၈။ ၈-၁၀-၂၀၀၈ ဆေးကောင်းရင် သန်းခေါင်း-၂

DVD 27

၁။ ၁၀-၁၀-၂၀၀၈ အဖျက်သမား မလာရ

၂။ ၁၁-၁၀-၂၀၀၈ နှမ်းသုံးဆုတ် ဒုတ်သုံးချက်

၃။ ၁၂-၁၀-၂၀၀၈ ဥာဏ်သုံးပါး

၎။ ၁၅-၁၀-၂၀၀၈ မှ...တပါး အခြားမရှိ

၅။ ၁၆-၁၀-၂၀၀၈ အညွန့်တဝေဝေ-၁

၆။ ၁၇-၁၀-၂၀၀၈ အညွန့်တဝေဝေ-၂

၇။ ၁၈-၁၀-၂၀၀၈ အညွန့်တဝေဝေ-၃

၈။ ၁၉-၁၀-၂၀၀၈ အညွန့်တဝေဝေ-၎

၉။ ၂၁-၁၀-၂၀၀၈ မြတ်ကုသိုလ်

၁၀။ ၂၂-၁၀-၂၀၀၈ ဇရက်လား - မြွေလား

၁၁။ ၂၃-၁၀-၂၀၀၈ အသေမဦးခင်

၁၂။ ၂၄-၁၀-၂၀၀၈ ကျီးလို မဖြစ်စေနဲ့

၁၃။ ၂၅-၁၀-၂၀၀၈ အလှူအကြို

၁၄။ ၂၆-၁၀-၂၀၀၈ တဏ္ဏကတ္ထလသုတ်-၁

၁၅။ ၂၇-၁၀-၂၀၀၈ တဏ္ဏကတ္ထလသုတ်-၂

၁၆။ ၂၈-၁၀-၂၀၀၈ တဏ္ဏကတ္ထလသုတ်-၃

DVD-28

၁။ ၁၉-၁၀-၂၀၀၉ လွဲနေတဲ့ကာရံ-၁

၂။ ၂၀-၁၀-၂၀၀၉ လွဲနေတဲ့ကာရံ-၂

၃။ ၂၁-၁၀-၂၀၀၉ လွဲနေတဲ့ကာရံ-၃

၎။ ၁၅-၁၀-၂၀၀၉ ရိက္ခာ

၅။ ၁၆-၁၀-၂၀၀၉ ကြား စခန်း

၆။ ၂၃-၁၀-၂၀၀၉ အပါဒါန် - အစ

၇။ ၂၄-၁၀-၂၀၀၉ အပါဒါန် - အဖွင့်(၁-က)

၈။ ၂၄-၁၀-၂၀၀၉ အပါဒါန် - အဖွင့်(၁-ခ)

၉။ ၂၅-၁၀-၂၀၀၉ အပါဒါန် - အဖွင့်(၂-က)

၁၀။ ၂၅-၁၀-၂၀၀၉ အပါဒါန် - အဖွင့်(၂-ခ)

၁၁။ ၂၆-၁၀-၂၀၀၉ ပစ္စေကဗုဒ္ဒ - အပါဒါန် - ၁

၁၂။ ၂၇-၁၀-၂၀၀၉ ပစ္စေကဗုဒ္ဒ - အပါဒါန် - ၂

၁၃။ ၂၈-၁၀-၂၀၀၉ ရှင်သာရိပုတ္တရာ - ၁

၁၄။ ၂၈-၁၀-၂၀၀၉ ရှင်သာရိပုတ္တရာ - ၂

၁၅။ ၃၀-၁၀-၂၀၀၉ သေမင်းတမာန် - ၁

၁၆။ ၃၀-၁၀-၂၀၀၉ သေမင်းတမာန် - ၂


DVD-29

၁။ ၃၀-၁၀-၂၀၀၉ သေမင်းတမာန် (သာကေတ)

၂။ ၃၁-၁၀-၂၀၀၉ အရှင်သာရိပုတ္တရာ - ၃ (ပ) (စဉ့်ကူး)

၃။ ၃၁-၁၀-၂၀၀၉ အရှင်သာရိပုတ္တရာ - ၃ (ဒု) (စဉ့်ကူး)

၎။ ၂-၁၁-၂၀၀၉ မဟာသတိပဋ္ဌာနသုတ်(၁) (ဗန်းမော်)

၅။ ၃-၁၁-၂၀၀၉ မဟာသတိပဋ္ဌာနသုတ်(၂) (ဗန်းမော်)

၆။ ၄-၁၁-၂၀၀၉ မဟာသတိပဋ္ဌာနသုတ်(၃) (ဗန်းမော်)

၇။ ၅-၁၁-၂၀၀၉ မဟာသတိပဋ္ဌာနသုတ်(၄) (ဗန်းမော်)

၈။ ၆-၁၁-၂၀၀၉ မဟာသတိပဋ္ဌာနသုတ်(၅) (ဗန်းမော်)

၉။ ၇-၁၁-၂၀၀၉ အကြောင်းရှာကြ(၁) (ရွှေကူ)

၁၀။ ၈-၁၁-၂၀၀၉ အကြောင်းရှာကြ(၂) (ရွှေကူ)

၁၁။ ၉-၁၁-၂၀၀၉ အကြောင်းရှာကြ(၃) (ရွှေကူ)

၁၂။ ၁၂-၁၁-၂၀၀၉ အရှင်သာရိပုတ္တရာ - ၄ (ကျောက်ဆည်)

၁၃။ ၁၂-၁၁-၂၀၀၉ အရှင်မဟာမောဂ္ဂလ္လာန် (ကျော်ဆည်)

၁၄။ ၁၃-၁၁-၂၀၀၉ အရှင်မဟာကဿပ (ရမည်းသင်း)

DVD-30

၁။ ၁၅-၁၁-၂၀၀၉ အရှင်အနုရုဒ္ဓါ (ရမည်းသင်း)

၂။ ၁၆-၁၁-၂၀၀၉ အရှင်ပုဏ္ဏ(ပြည်)

၃။ ၁၇-၁၁-၂၀၀၉ အရှင်ဥပါလိ (၁) (ပြည်)

၎။ ၁၈-၁၁-၂၀၀၉ အရှင်ဥပါလိ (၂) (ပြည်)

၅။ ၁၉-၁၁-၂၀၀၉ အရှင်ဥပါလိ (၃) (ပြည်)

၆။ ၁၉-၁၁-၂၀၀၉ အရှင်အညာသိကောဏ္ဍည (ရွှေတောင်)

၇။ ၂၁-၁၁-၂၀၀၉ အရှင်ပိဏ္ဍောလဘာရဒ္ဓါဇ (မြန်အောင်)

၈။ ၂၂-၁၁-၂၀၀၉ အရှင်ခဒိရ ဝနိယ ရေဝတ္ထေရ (မြန်အောင်)

၉။ ၂၄-၁၁-၂၀၀၉ အရှင်အာနန္ဒာ (ကြံခင်း)

၁၀။ ၂၄-၁၁-၂၀၀၉ သီဟာသနဒါယကတ္ထေရ (ကြံခင်း)

၁၁။ ၂၅-၁၁-၂၀၀၉ ပန်းကလေးမနွမ်းစေချင် (လှိုင်)

၁၂။ ၂၆-၁၁-၂၀၀၉ ဘယ်သူလာပြီးရှင်းပေးမှာလဲ (၁) (ညောင်လေးပင်)

၁၃။ ၂၇-၁၁-၂၀၀၉ ဘယ်သူလာပြီးရှင်းပေးမှာလဲ (၂) (ညောင်လေးပင်)

၁၄။ ၂၈-၁၁-၂၀၀၉ ဘယ်သူလာပြီးရှင်းပေးမှာလဲ (၃) (ညောင်လေးပင်)

DVD-37

၁။ ၅-၁-၂၀၁၀ တော်မင်းနန်(၁) (ညောင်တုန်း)

၂။ ၅-၁-၂၀၁၀ ညီတော်မင်းနန်(၂) (ညောင်တုန်း)

၃။ ၇-၁-၂၀၁၀ အရှင်ဝိလိန္ဒဝစ္ဆတ္ထေရ အပါဒါန် (ပုသိမ်)

၎။ ၈-၁-၂၀၁၀ အရှင်ရာဟုလတ္ထေရ အပါဒါန် (ပုသိမ်)

၅။ ၉-၁-၂၀၁၀ အရှင်ဥပသေန အပါဒါန် (ငပုတော)

၆။ ၁၀-၁-၂၀၁၀ အရှင်ရဋ္ဌပါလ အပါဒါန် (ကန်ကြီးထောင့်)

၇။ ၁၁-၁-၂၀၁၀ အရှင်သောပါကတ္ထေရ အပါဒါန် (အိမ္မဲ)

၈။ ၁၂-၁-၂၀၁၀ အရှင်သောပါကတ္ထေရ အပါဒါန် (ကွယ်လွယ်)

၉။ ၁၄-၁-၂၀၁၀ အရှင်သုမင်္ဂလတ္ထေရ(၁) (ချောင်းသာ)

၁၀။ ၁၄-၁-၂၀၁၀ အရှင်သုမင်္ဂလတ္ထေရ(၂) (ချောင်းသာ)

DVD-38

၁။ ၁၆-၁-၂၀၁၀ အရှင်ဥပဝါန တ္ထေရအပဒါန် (ကျုံဓနိ)

၂။ ၁၇-၁-၂၀၁၀ (နံနက်) ကျောင်းရေစက်ချအနုမောဒနာတရား (ကျုံဓနိ)

၃။ ၁၇-၁-၂၀၁၀ (ညနေ) အရှင်စူဠပန္တက တ္ထေရအပဒါန် (အိုင်သပြု)

၎။ ၁၈-၁-၂၀၁၀ အရှင်တိသရဏဂမနိယ တ္ထေရအပဒါန် (ဟင်္သာတ)

၅။ ၁၉-၁-၂၀၁၀ အရှင်သီလသမာဒါနီယ တ္ထေရအပဒါန် (ဟင်္သာတ)

၆။ ၂၀-၁-၂၀၁၀ အရှင်ဥတ္တိယ တ္ထေရအပဒါန် (ဓနုဖြူ)

၇။ ၂၁-၁-၂၀၁၀ အရှင်ကုဏ္ဍဓာန တ္ထေရအပဒါန် (ဖျာပုံ)

၈။ ၂၂-၁-၂၀၁၀ အရှင်သာဂတ တ္ထေရအပဒါန် (ဖျာပုံ)

၉။ ၂၃-၁-၂၀၁၀ အရှင်မဟာကစ္စန တ္ထေရအပဒါန် (ဒေးဒရဲ)

၁၀။ ၂၄-၁-၂၀၁၀ အရှင်ကာနုဒါယိ တ္ထေရအပဒါန် (၁) (မြင်းကကုန်း)

၁၁။ ၂၄-၁-၂၀၁၀ အရှင်ကာနုဒါယိ တ္ထေရအပဒါန် (၂) (မြင်းကကုန်း)

****dhamma talks uploaded and published on 05 Jan 2011 ****

DVD-39

၁။ အရှင်မောဃရာဇ တ္ထေရအပဒါန် (ပ) (ဘိုကလေး)

၂။ အရှင်မောဃရာဇ တ္ထေရအပဒါန် (ဒု) (ဘိုကလေး)

၃။ အရှင်ဘာဂိနေယျုံ တ္ထေရအပဒါန် (၁) မအူပင်

၎။ အရှင်ဘာဂိနေယျုံ တ္ထေရအပဒါန် (၂-ပ) မအူပင်

၅။ အရှင်ဘာဂိနေယျုံ တ္ထေရအပဒါန် (၂-ဒု) မအူပင်

၆။ အရှင်ကာဠိဂေါ ဝိသတ္ထေရအပဒါန် - ကပိုင်

၇။ အရှင်ကာဠိဂေါဓာပုတ္တဘဒ္ဒိယတ္ထေရအပဒါန် - ကျုံမငေး

၈။ အရှင်သန္ဒိဋ္ဌာပက တ္ထေရပဒါန် - ကျုံမငေး

၉။ အရှင်သုဘဒ္ဒတ္ထေရ အပဒါန် (ပ) - ကျုံတိုင်

၁၀။ အရှင်သုဘဒ္ဒတ္ထေရ အပဒါန် (ဒု) - ကျုံတိုင်

DVD-40

၁။ တိုင်တလုံး တရားတော် ၂-၁၂-၂၀၀၉

၂။ စင်ကြယ်ခြင်း ယဉ်ကျေးလိမ္မာ ခလေး တရားတော် ၇-၁-၂၀၁၀

၃။ အဆင့်အတန်း ယဉ်ကျေးလိမ္မာ ခလေး တရားတော် ၈-၁-၂၀၁၀

၎။ အရှင်စူဠစုန္ဒ တ္ထေရအပဒါန် - ငပလီ ၂-၂-၂၀၁၀

၅။ အရှင်အသန

...


[Message clipped] View entire message