Wednesday, September 19, 2012

Green Growth, Promise Box နှင့် ချစ်လျှင်ပျော်မိ .. အထင်ရှိ ကြကုန်လေသော..


ဂင်ကို ဘိုင်လိုဘာ လို့ အမည်ရတဲ့ အသက်ရှည်ဆေးအပင်များ နဲ့ မေပယ် ပင်များ တန်းစီ စိုက်ပျိုးထားလို့  တောင်ကိုးရီးယား နိုင်ငံ ရဲ့ဆိုးလ် မြို့တော် လေး ဟာ Green Growth ရှိပါ တယ်ရယ် လို့ ကြွေးကြော်ရလောက်အောင် မိုးနှောင်းရာသီရဲ့  ရင်ခွင်အောက် မှာ စိမ်းလန်း ရွှန်းစိုနေပါတယ်..။  တစ်ဆောင်းသစ် ပြန်အုံးတော့မယ် လို့ ငံ့လင့်နေတဲ့ အပင် တစ်ချို့ တစ်လေ မှာတော့ စိမ်းရောင်စိုလွင် မှုများလျော့ပါး လျက် သိင်္ဂီ တစ်ဝက် ..မြတစ်ဝက်  ….။

ဂင်ကို ဘိုင်လိုဘာ Gingko biloba  ဆိုတာကလည်း Phyto-remediation ဖြင့် Air pollution  ကို လျော့ပါးစေသော ၊ဖန်လုံအိမ်ဓာတ်ငွေ့တွေ GHG (Green House Gas ) နဲ့  လေထု ညစ်ညမ်းမှုကို လျော့ကျစေနိုင် တာမို့  တယ်တော်ပါလား ....ကိုးရီးယား ပေါ့လေ..။ Mr. Ben Kimon ရေ..သင့်မွေးရပ်မြေ အတွက် …Congratulations ပါနော်..။

Waste water Treatment ကို နိုင်နင်း လှတာ မို့ ဟန်မြစ် ရေပြင် ကလည်းကြည်လင်သန့်စင် စွာစီးဆင်း နေတာ …. သဘာဝ ရတနာ တစ်ပါး။ အဲဒီ ဟန်မြစ် ကို ဖြတ်ကူးနိုင်တဲ့ တံတားပေါင်းကလည်း ဆိုးလ် မြို့ထဲမှာတင်  ၂၇စင်းရှိနေတာ..။ သပ်ယပ်တောက်ပြောင် နေတဲ့ လမ်း တွေ….ရယ်  မိုးထိမြင့်မား တိုက်တာများကတော့ သူတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကို အထင်းသား မြင်တွေ့နိုင်ပါတယ်..။

အော်တောင် ကိုးရီးယား ကိုးရီးယား..မြန်မာတို့ ရဲ့ နှလုံးသား ကို သူတို့ရဲ့ အနုပညာနဲ့ ဖမ်းစား ထား တဲ့ နိုင်ငံပါလား။ တနည်းအားဖြင့် စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲတွေ နဲ့ မြန်မာတို့  ရဲ့ ညနေချမ်း တွေကို အိမ် တွေထဲမှာ တစ်ညီတစ်ညွတ်တည်းညိမ်သက်စေနိုင် အောင်လွှမ်းမိုးနိုင် သော သူများ ပါကလားလို့လည်း သတိတရဖြစ်တဲ့အကြည့်နဲ့ သေချာ ကြည့် နေခဲ့ မိပါတယ်..။

 ကာလကြာရှည်စွာ ရုပ်မြင်သံကြား မကြည့်ဖြစ်တဲ့ ကျွန်မ ကသာ အထူးအဆန်း ဖြစ်နေပေမဲ့ မြန်မာ တော်တော်များများ  က အညာစရော= မင်္ဂလာပါ။ ကင်ဆာ မီဒါ= ကျေးဇူးတင်ပါတယ် ။ အိုးပါး= အစ်ကို ၊ အိုညိ= အမ၊ အိုမ= အမေ။ အာဘူးကြီး= အဖေ  စသည်ဖြင့် ခေါ်ဝေါ်ကြကာ …. တော်ပုကီ..ကင်ချီ..ဆန်မုန့် စတဲ့အစားအသောက်တွေ ကိုပါ စိမ့်ဝင်ရင်းနှီးနေတာယဉ်ကျေးမှုချင်းရောနှော ခဲ့ပါပြီ.။
 အမျိုးသမီးတော်တော်များများ ကတော့ ပိန်ပိန်ပါးပါး သန့်သန့် ခန့်ခန့် တွေ များပါတယ်..။ ရိုးသားဖြောင့်စင်း ပြီး အကြောသိပ် မတင်း တဲ့ မျက်နှာများစွာ ကိုလည်း တွေ့ရှိနိုင်ပါတယ်..။

Korea Night Life ကတော့ ညနေ ရုံးအဆင်း မှာ စားသောက်ဆိုင်မှာ  Soju သောက်ကြပြီး  အမျိုးသမီးများ ကို ကျောတွင် ချီပိုးကာ စောင့်ရှောက် ကာ အိမ်ပြန်ပို့ တဲ့အထိ အကြင်နာကြီးသော….မေတ္တာတရားကြီးမားသော  ထူးဆန်းလှစွာသော …ရှားရှားပါးပါး အမျိုးသားများ ဤ နိုင်ငံ မှာ ရှိနေသတဲ့…..။ အံ့ဘွယ်သုတပါတကား…။

ကျွန်မ က သူတို့ ရဲ့ စိတ်နှလုံးကို ပိုလို့စိတ်ဝင်စားနေမိပါတယ်..။ နန်ဆန်တာဝါ ကို သွားကြည့်တဲ့နေ့မှာတော့  လျှပ်တပြက်သိလိုက်ရပါတယ်..။


ကတိသစ္စာပြုကြပါသော..သော့ဂလောက်များစွာ..နန်ဆန်တာဝါ

ရောမ က Love Bridge မှာလုပ်သလို  သော့ဂလောက်များစွာ တွေ့လိုက်ရပါတယ်..။ ရောမ မြို့ မှာတော့ ချစ်သူစုံတွဲများ သော့ဂလောက် ကို ခတ်ကာ သော့ ကို တိုင်ဘာ - Tiber မြစ် ထဲ နောက်ပြန် ပစ်ပြီး ထာဝရ ချစ်ရပါစေကြာင်း ဆုမွန်ကောင်း တောင်းကြတဲ့ သော့တွေ သော့တွေ… ရောမ နဲ့ ဖလောရင့် နှစ်ခု ပေါင်းရင်တောင် က နန်ဆန်တာဝါ က သော့များကို မီမယ် မထင် ပါ..။ ချစ်လျှင်ပျော်မိ အထင်ရှိကြသော သူ တယ်လည်းပေါများလှပါကလား။ ။


မော်ကွန်း တင်ထားပါသေးတယ်..။

ကိုးရီးယားမှာကတော့ မြစ်နဲ့ ဝေးတာကလည်းတစ်ကြောင်း၊ တောင်ပေါ်ဖြစ်နေတာမို့ သော့ ပစ်ထည့် တဲ့ ပုံး ကို အနီရောင် ရှိသော Promise Box အဖြစ် စုစည်းတည်ရှိစေပါတယ်..။
ဤ သေတ္တာ နှင့် ဤ နေရာသည် သစ္စာတရားများ စုဝေးရာဖြစ်စေသတည်း ပေါ့လေ..။

3 R (Reduce, Reuse, Recycle ) ဆိုတဲ့ သဘာ)ပတ်ဝန်းကျင်ထိန်းသိမ်းရေး မျက်စိ နဲ့ တစ်ဖန်ကြည့်ပြန်တော့ သောဂလောက် တန်ဘိုးများ ထုတ်လုပ်စရိတ် ကိုတွက်ကြည့်ကာ လွဲချော် နေတဲ့ ယဉ်ကျေးမှုကို ဘ၀င်မကျ ဖြစ်ရပါတယ်..။

Green Growth ကြောင့် လျော့ကျသွားတဲ့ ကာဗွန် တွေ သော့ဂလောက်ထုတ်လုပ်ရေး မှာ တိုးခဲ့တာမို့ ပြန်ပေးဆပ် ဘို့ Carbon Compensation ကိုတွက်ချက် ကြည့်လိုက် ပြီး Mr. Ben Kimon ထံပြန်တောင်း ရတော့မလို ..။


ယတ္တကာ - တစ် နှစ် သုံး လေး ဂဏန်းရေးက ၊စစ်တွေးဆက်ပွား ၊ အကြင်မျှလောက် များကုန်၏

ကျွန်မ ကတော့တောင်မြို့ မဟာ ဂန္စ္ဒာရုံဆရာတော် ဘုရား ရေးသားတော်မူတဲ့ ဂါထာလေး ကို သတိရမိပါတယ်..။

***မာနိတာ ယတ္တကာ ယဿ ၊ ဒုက္ခတာ တဿ တတ္တကာ၊
ကိံနုနော ဒုက္ခဘာယန္တာ ၊ပိယမှာ စ အဘိရုနော။*****

ယဿ -ချစ်လျှင်ပျော်နိုး ၊ ချစ်စပျိုး ၍ ၊ ချစ်ရိုးချစ်စဉ် ၊ အကြင် ပုထုဇဉ်၏
မာနိတာ - မြတ်နိုးစုံမက် ၊ နှစ်သက်ဖွယ်ရာ ၊ အဖြာ ဖြာ တို့သည်၊
ယတ္တကာ - တစ် နှစ် သုံး လေး ဂဏန်းရေးက ၊စစ်တွေးဆက်ပွား ၊ အကြင်မျှလောက် များကုန်၏
တဿ -ချစ်လျှင်ပျော်မိ ၊ အထင်ရှိ၍ ၊ခင်မိခင်ရာ ၊ခင်ကြရှာတောင်း ၊ထိုပုထုဇဉ်အပေါင်း ၏
ဒုက္ခတာ - မကင်းစမြဲ ၊အတင်းတွဲ၍ ၊ ဆင်းရဲရန်ကြောင်း ၊ဒဏ်အပေါင်း သည်
တတ္တကာ - ချစ်ချစ်သမျှ ၊ တစ်နှစ်ကလျှင် စ၍ တွက်ရေ၊ ထိုမျှလောက်ပင်များပြားလေကုန်၏ ။
နော - သူတော် သူမြတ် အတူမှတ်၍ ၊လူ့ဇာတ်ရှောင်သွေ ၊တို့တတွေသည်
ဒုက္ခဘာယန္တာ - ဒုက္ခမြောက်မြား ၊ရောက်မသွားဘို့ ၊ထောက်ထားထိုထို ကြောက်အား ပိုကြပါကုန်လျက်
ပိယမှာစ - ဒုက္ခဖြစ်ကြောင်း ၊အချစ်အပေါင်းမှကား၊
ကိံ နုအဘိရုနော- မကြောက်နိုင်ပဲ ရဲကြီးရဲလျက် ၊ အမြဲ ပုံသေ အဘယ်ကြောင့် ချစ်ခင်၍ နေ၀ံ့ ကြကုန်လေဘိသတည်း။

သည် ဂါထာ လေးကို ရွတ်ဆိုမိရင်း ချစ်ခြင်း ဆို တဲ့ တဏှာ ရဲ့ လှည့်စားမှု  အမည် သဘောမှ သည် စစ်မှန်သော မေတ္တာ တရား ၊အကြင်နာတရား များ နှလုံးသားများ စွာသို့ ဟန်မြစ်လို တစ်သွင်သွင် စီးဆင်း ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်..။


မေတ္တာဖြင့်
သစ္စာအလင်း

ဤ စာဖြင့်..ကိုရီးယားတွင် စာတမ်းဖတ်နိုင်အောင် ဖိတ်ကြားစီစဉ် ပေးသော ဆရာ နှင့်  ညီမ အိ ...၊ ဧည့်ဝတ်ကျေပြွန်ကြသော ကိုးရိးယားမိတ်ဆွေများ ကို ကျေးဇူးတင်ကြောင်း အမှတ်တရ ပြု ဖေါ်ပြ အပ်ပါတယ်..။
နန်ဆန်တာဝါ အကြောင်း အကျယ် သိလိုပြီးသစ္စာ ပြု လိုကြလျှင်ဖြင့် http://en.wikipedia.org/wiki/N_Seoul_Tower ဒီလင့်လေး မှာ ဖတ်ရှု သွားရောက်နိုင်ပါတယ်..။

Monday, September 17, 2012

ဒေါ်ကောင်းဆင့် ရဲ့ ရာဟုလာ

သပ်ယပ် သန့်ရှင်း တဲ့မြေပြင်ညီ ရှင်းသန့်သန့် ကလေး နဲ့ ထန်းပင်တန်းစီရစီတန်းလို့နေတဲ့  ရှိတဲ့ချစ်စဖွယ် ဘက မူလတန်းလွန်ကျောင်းလေး မှာ ၅ရက်တာ စာသင်ခဲ့ ဘူးတဲ့ ကလေးများ ရဲ့ ထက်မြက် တက်ကြွမှု ဟာ ဘဝမှာ အမှတ်တရ ဖြစ်လို့နေခဲ့ဘူးပါတယ်..။

အဲဒီ ရွာကလေး မှ  ဘုန်းတော်ကြီး သင် မူလတန်းလွန်ကျောင်း ကလေး ရဲ့ ရုံးခန်းနံရံ ထက် မှာ ကြေညာထားတဲ့ ပညာသင်ဆု နာမည် လေးများ က (Madam Curie, Erasmus, Socrates Scholarship ) တို့လို သမိုင်းကြောင်းလေးများရှိလေမလားရယ်လို့ ကျွန်မ အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်..။ 

*ဒေါ်ကောင်းဆင့်ပညာသင်ဆု * ရယ်လို့ နှစ်လုံးတွဲနာမည် ကိုဒေါ်တပ်ထားတာမို့ ကျွန်မ တို့ လို နာမည် ဆင်တူ နှစ်လုံးဆင့်၍ အဆုံးမှာ အဖေ နာမည် ကွပ်ထားသော နာမည် မျိုးတော့မဟုတ်ပါ..။ဒါကြောင့် ကျွန်မတို့ထက် ကြီးသော အမျိုးသမီးကြီးတစ်ဦးက ကလေးများပညာရေး အတွက် ငွေပဒေသာပင်စိုက်ကာ လှူဒါန်းထားတယ်ဆိုတာဖြစ်လိမ့်မယ် လို့ တော့ သဘောပေါက် ခဲ့မိ တယ်..။ စိတ်ဝင်စား တာ နဲ့ မေးကြည့်လို့ ထို့ထက်ပို၍ သိရသည်မှာ ထို နာမည် ရဲ့ နောက်ကွယ်မှာ ရဟန်းတစ်ပါးရှိနေခြင်း ပါ။

 ရဟန်းမယ်တော် - မွေးသမိခင် ကျေးဇူးရှင် ကို အလေးအမြတ်ပြု ခြင်း၊ အသိုင်းအဝိုင်းအလယ် မှာ တင့်တယ်စေခြင်း ၊ ရိုသေလေးစားခြင်း ဦးထိပ်ပန်ဆင်ခြင်း၊ ကျေးဇူးတရားကို အောက်မေ့သိတတ်ခြင်း၊ မိမိရမဲ့ ကုသိုလ် ကို ထာဝရ ပိုင်ဆိုင်စေရန်မိခင် အား ပေးအပ်ခြင်း စတာတွေ ပေါင်းစပ် ပါဝင်နေတာမို့ ဒီနာမည် လေးကိုဖတ်မိချိန်မှာ ကျွန်မကတော့ကြက်သီး ဖြန်းဖြန်းထ သည်ထိ ပီတိ များစီးဆင်း ခဲ့တာ အမှတ်တရ ဖြစ်စေခဲ့ပါတယ်..။

            အဲလို စိတ်ကူးစိတ်သန်း ကောင်းကောင်းလေးတွေ တီထွင် ကွန့်မြူးတတ်တာကတော့ ယနေ့ ရာဟုလာသင်တန်းကျောင်း ကို အခက် အခဲများစွာ ထဲမှ ကြိုးစားတည်ဆောက်နေတဲ့…ဘုန်းဘုန်း ဒေါက်တာ အရှင်အာစာရပဲဖြစ်ပါတယ်..။
စစ်ကိုင်းတိုင်း၊ဒေသကြီး ၊ ဒီပဲရင်း မြို့နယ်က ရင်းရဲဆိုတဲ့ရွာ ကလေးက ကံကောင်းလှစွာ ဘုန်းဘုန်းကို  ရရှိ ပိုင်ဆိုင်ခဲ့ပါတယ်..။ ဇာတိရွာ အတွက် အမြဲ ဂုဏ်ယူ ခဲ့ လို့ အမြဲဖေါ်ပြတတ်တာမို့ ရင်းရဲ ဆိုတာ အခု အင်တာနက် စာဖတ် ပရိသတ်များ အတွက် မစိမ်းတော့တဲ့နာမည်လေး ဖြစ်နေခဲ့ပါတယ်..။  

ဒီပဲရင်း ဆိုတဲ့ ဒီဒေသ ဒီနယ်ပယ် ဆိုတာကလည်း ဒီပဲရင်းဆရာတော်..၊ လယ်တီ ဆရာတော်..၊ တောင်တန်းသာသနာပြု ဆရာတော် စတဲ့ သူတော်စင် ရဟန်းတော် တို့ မွေးဖွားသန့်စင်ရာ မြင့်မြတ်သော ရေမြေ သဘာဝ ရှိနေလိမ့်မယ် ဆိုတာ မည်သူမှ ညင်းဆို နိုင်မည် မဟုတ်ပါ..။

သက်ရှိ များက စကား ပြောတတ်သလို သက်မဲ့များ ကလည်း သူတော်ကောင်းသတ္တိ ကိန်းအောင်း နိုင်သည်ကို ကျွန်မ ယုံကြည်မိသည်မို့ စိုင်ပြင်ရွာရှိ လယ်တီ ဆရာတော် ဘုရားကြီးမွေးဖွားသန့်စင် ရာလယ်တီကုန်းမြေ မှ  မန်ကျည်းပင် ကြီး မှ မန်ကျည်းစေ့ လေးများ ကျွန်မ ကောက်ယူထားခဲ့ မိသည်..။ဒီမန်ကျည်းပင် ကြီး သည် လယ်တီ ဆရာတော် ဆိုတဲ့ သာသနာ့အာဇာနည် ရဟန်းမြတ် ရဲ့ သမိုင်း ကြောင်း ကို ကောင်းကောင်း ပြောပြနိုင်မည် ကျွန်မ ယုံကြည်သည်လေ..။

အခုတော့ အဲလို သတ္တိ ကိန်းနေတဲ့မန်ကျည်းစေ့လေးကို ပြန်လည် စိုက်ပျိုး ရမဲ့ နေရာတစ်ခု ကို စိုင်ပြင်ရွာမှာ ပဲ ကျွန်မ တွေ့နေရပါတယ်..။
အဲဒီနေရာကတော့ * ရာဟုလာ ဓမ္မသင်တန်းကျောင်း* ဆိုတဲ့ နေရာလေးပါ။
သာဿနာ့အမွေ ပေးရာ ဋ္ဌာန တွေက ရင်းရဲ ရွာမှာ တစ်ကျောင်း ၊ စိုင်ပြင်ရွာ မှာ တစ်ကျောင်း၊ မန္တလေးမှာ တစ်ကျောင်း စတင်တည်ဆောက် နေတာကလည်း ဘုန်းဘုန်း အရှင် အာစာရ ရဲ့ ကြိုးပမ်းမှုတွေ ဆိုတာ အထင်းသား တွေ့မြင်နေရပါပြီ..။ ပန်းလေးများ ပွင့်တော့မည်..။ ဖူးတံ ဝင့် လို့ချီ နေပြီ မဟုတ်ပါလော…။

ကျွန်မ တိြု့မန်မာ မှုနယ်ပယ်မှာ *သာသနာ ပြုတယ်* ဆို တဲ့စကားလုံး ကို သုံးစွဲကြ ခဲ့ကြရင် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဖြစ်တဲ့ ဘုရား၊ ကျောင်းကန် ၊စေတီ ပုထိုးတို့ကို တည် ဆောက်ပြုပြင် သည့် လုပ်ငန်းတို့ကို မြင်ယောင် လေ့ရှိကြပါတယ်..။ သာသနာပြုလုပ်ငန်းရယ် လို့ ထင်မြင် လေ့ရှိကြ ပါတယ်..။

သာသနာ ဆိုတာ တကယ်တော့ မြန်မာလို အဓိပ္ပါယ် ပြန်ရရင် *အဆုံး အမ* လို့ အဓိပ္ပါယ် ရပါတယ် ..။ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားရှင် ရဲ့ သာသနာ ဆိုရင် ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားရှင် ဟောကြာကြားခဲ့တဲ့ အဆုံး အမ တွေကို ရင်ထဲမှာ ကိန်းသွားအောင်၊သွန်သင်ဆုံးမ ၊သင်ကြားပေးတဲ့အလုပ်ဟာ အမှန်တကယ် သာသနာပြုတာ ဖြစ်ပါတယ်..။
ဘုရားရှင် ရဲ့ တရားတော် တွေကို နောင်အရှည် တည်တံ့ အောင် ထိန်သိမ်း စောင့်ရှောက် သင်ကြား ပို့ချ သောသူများသည်သာ တကယ်တော့သာသနာပြုလုပ်ငန်းတွေ လုပ်ဆောင်တယ် လို့ ပြောလို့ရမှာ ဖြစ်ပါတယ်..။
အဆုံးအမ အတိုင်း ကျင့်ကြံအားထုတ်ကြ ရင် ကြုံတွေ့နေရတဲ့ဒုက္ခ တော်တော် များများနည်း သွားမှာ အမှန်ပါ။ ဒီထက်ကြောက်စရာကောင်း တဲ့ အပါယ် ဆင်းရဲမှ ကင်းလွတ်မယ်၊လက်ရှိ ဘဝမှာ လည်း ကျောင်းကျိုးချမ်းသာရစေမယ် ၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက် စေမယ် ဆိုတာက ၊တော့ကျွန်မမပြော လည်း သိကြပါတယ်..။
ယနေ့ လျှမ်းလျှမ်းတောက် သာသနာပြု လုပ်ငန်း တွေဆောင်ရွက်နေနိုင်တဲ့ဆရာတော် အရှင် ဆေကိန္ဒ ကတော့ သာသနာ့ကျေးဇူး ကို ပရိယတ္တိ စာပေတွေသင်မှ ပိုသိလာရတယ်ဆိုတော့ ကာ တဲ့… သူ ငယ်ငယ် ကသာ အဲလို ကြို သိခဲ့ရင် ဘောလုံးကန်မဲ့အချိန်တွေ ပိဋကတ်သုံးပုံကျက်မှတ်နေခဲ့လိမ့် မယ် လို့ မိန့်ကြားတာ မှတ်သားဘူးပါတယ်..။

 အဲလို ဘုရား အဆုံးအမ သာဿနာ တွေ ကို နောင်မျိုးဆက်သစ် တွေရဲ့ ရင်ထဲကိန်းအောင်းသွား အောင်ဆောင် ရွက် တဲ့ အလုပ်ကတော့ ယောဆရာတော် ဘုရားကြီး ရဲ့စကားနဲ့ ပြောရရင်  *နှလုံးသားဝယ် ဘုရား တည် *တဲ့ အလုပ် ဖြစ်နေတာ အမှန်ပါပဲ။
အခုတော့ ဘုန်းဘုန်း က အနာဂတ် မျိုးဆက်သစ်တွေ ရဲ့ ရင်ထဲ နှလုံသား ထဲကို သာဿနာ့အမွေတွေ ရှင်သန်စေအောင်ပြုစု ပျိုးထောင်ပေးနေတဲ့ ဓမ္မဥယျာဉ်မှူး တစ်ဦး အဖြစ် ခံယူလိုက် တာဟာ သူ့ဘဝကိုပေး ပြီးတည်ဆောက် လိုက်တာလို့ ကျွန်မ မြင်ပါတယ် ။
ဒါ ကို အမြဲသာဓုခေါ်နေမိပါတယ်..။ အမြဲ ဝမ်းသာ ဂုဏ်ယူနေမိပါတယ်..။

ဘုန်းဘုန်း က မန္တလေး ရွှေမြို့တော် ဆိုတဲ့ ဘုန်းကြီးရဟန်းကို လေးစားမြတ်နိုးကြတဲ့ ဝန်းကျင်မှာ ကြည်ညို ဖွယ်ရာဂုဏ်ပုဒ်တွေ ဖြစ်တဲ့ ( ပါမောက္ခ၊ဋ္ဌာနမှူး ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ၊မန္တလေး) ဆိုတာတွေ နဲ့ ကောင်းကောင်း ရပ်တည် နိုင်ပါတယ်..။
သို့သော်လည်း ဘုန်းဘုန်းက မန္တလေး နဲ့ ဒီပဲရင်းကို လွန်းထိုးသွားလာ ပြီး ဓမ္မသင်တန်းကျောင်း အတွက်  မြှုပ်နှံတည်ဆောက် နေတာ ဟာ သူ့ ဘဝတစ်ခု လုံးကို ပေးလှူ လိုက်တာပါပဲ။ အချိန်ပေးရဲ တဲ့ သတ္တိ ၊ စွမ်းအား များ စွာ အသုံး ပြု ရဲတဲ့သတ္တိ  နဲ့ ရဲရင့်နေတော့တာပါ….။

ဒီစာ ရေး နေတုံးပဲ ရင်းရဲရွာက အစ္စရေး သွားမဲ့ ကျောင်းသား နှစ်ယောက် ရောက်လာ တာမို့ သတင်းတွေလည်း သိရပါတယ်..။ ရာဟုလာ ဟာ ရက်သားလသား လေးပမာ သေးကွေး နုနယ် နေပါသေးတယ်..။ အကာ ထက် အနှစ်သာရ ကို ဦးစားပေးတတ်တာမို့ ဘုန်းဘုန်းကတော့ အဆောက်အဦးပြီးတဲ့အထိ မစောင့်ပဲ သင်ကြားရေးတွေ စတင်နေ ပါပြီ..။ သင်တန်းသား ၂၀၀ ကျော် ရဲ့ ဥာဏ်ရည် အသက်ကို လိုက်ပြီး အတန်း ၄ တန်း လောက် ခွဲ ခြားရမှာပါ။ မူလတန်း နဲ့ အလယ်တန်း ကိုသာ လက်ခံမယ် ရည်ရွယ် ခဲ့သော်လည်း တောင်းဆိုချက်အရ အထက်တန်း နဲ့ တက္ကသိုလ်ကျောင်း သား များအတွက်ပါ သင်ရိုးမြှင့်ပြီး ဖွင့်လှစ်ရပါလိမ့်မယ်..။

အဆောက်အဥင်္ီအတွက် ကတော့ ထန်းရွက် တဲကြီး အတွင်းမှာ ဖြစ်ပါတယ်။ ဘုန်းဘုန်း ကိုယ်တိုင်ကလည်း ထန်းရွက်တဲစာသင်ခန်း ကို အခန်းကန့်ပြီး သီတင်းသုံးတယ် လို့ကြားသိရပါသေးတယ် ။ အဆောက်အဦ နေရာ ကထန်းရွက်တဲ ဖြစ်ပေမဲ့ ရာဟုလာ ကလေးများ ရဲ့ နှလုံးသား မှာ တည်တဲ့ဘုရား ကတော့ အုတ်မြစ်ခိုင်နေလောက်ပြီ လို့ မှန်းဆရပါတယ်..။ ဆက်၍ …ဆက်၍ ….အုတ် အလှူရှင်၊ သဲအလှူရှင် ၊ သွပ်အလှူရှင် မုခ်ဦးအလှူရှင် စတာတွေ နဲ့ လည်း စည်ပင်သိုက်မြိုက်နေကြပါပြီ..။

ဘုန်းဘုန်း ကိုယ်တော်တိုင်ကလည်း ဟိုနေ့က တရားပွဲမှာ ရရှိတဲ့ ဓမ္မပူဇာ အလှူငွေ ၁၄ သိန်း ထဲက ၁၃ သိန်းကို ရာဟုလာ အတွက် ပြန်လှူ လိုက်တယ် ဆိုပါ့လား။ သာဓု ပါဘုန်းဘုန်းရေ..။
  •  
    • တကယ်လို့ သင်လည်း ပါဝင်ချင် တယ်ဆိုရင်တော့ ဒီကြော်ညာလေးကို ဖတ်ကြည့်စေလိုပါတယ်..။
    •  
    • “ရာဟုလာ” ဓမ္မသင်တန်းကျောင်း
      ------------------------------------
      ကျောင်းသူကျောင်းသားများ
      - ဗုဒ္ဓဘာသာ အခြေခံ ရရှိရန်နှင့်
      - အင်္ဂလိပ်စာ အင်္ဂလိပ်စကား အရည်အသွေး တိုးမြှင့်ရန် အတွက် ဖွင့်လှစ်သည့် တနင်္ဂနွေ ဓမ္မသင်တန်းကျောင်း ဖြစ်သည်။
      ရှင်သာမဏေများကို ပရိယတ္တိစာပေ သင်ကြားပေးသည့်၊ အထူးသဖြင့် သာမဏေကျော် စာမေးပွဲ ဖြေဆိုမည့် သာမဏေများကို သီးသန့် လေ့ကျင့် သင်ကြားပေးသည့် သာမဏေသင်တန်းကျောင်းလည်း ဖြစ်သည်

    • သင်တန်းကျောင်းများ များနိုင်သမျှများများ ဖွင့်လှစ်မည် ဖြစ်ပါသည်။
      လောလောဆယ် ရင်းရဲ ဘ-ကပညာရေးကျောင်း၌ တနင်္ဂနွေ ဓမ္မသင်တန်းကျောင်းကို ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်ပါသည်။
      စိုင်ပြင်ကြီးကျေးရွာ၌ ဓမ္မသင်တန်းကျောင်းနှင့် သာမဏေသင်တန်းကျောင်း ပူးတွဲဖွင့်လှစ်ရန် အခြေခံ အဆောက်အဦများ ဆောက်လုပ်နေပါသည်။

    • အမျိုးဘာသာသာသနာအကျိုး မျှော်ကို၍ ၀ိုင်းဝန်းပံ့ပိုးကြစေလိုပါသည်။
 အလှူငွေများကိုစတင်ကောက်ခံနေပြီဖြစ်ကြောင်း နိဗ္ဗာန်အကျိုးမျော်နှိုးဆော်လိုက်ပါတယ်။ အလှူငွေများကို
(၁) အမာခံတွေရဲ့ လစဉ်ပုံမှန်အလှူငွေ
(၂) သာဿနာ့အမွေ ပညာရေးငွေပဒေသာပင် အလှူငွေ ( တစ်ပင်လျှင် ကျပ် တစ်သိန်း)
(၃) တစ်ခါတစ်လေ မိမိတို့စိတ်ကူးအလိုက် လှူဒါန်း ချင် တဲ့ အလှူငွေ.( ကျောင်းအတွက် ..စာအုပ်အတွက် စတဲ့ item အလိုက် အလှူငွေ၊တခြားအသုံးစရိတ် စသည်) ဆိုပြီး  သီးသန်.စီထားရှိပါမယ်.။

 မန္တလေး အဆက်အသွယ်
   ဒေါက်တာ အရှင်အာစာရ
  ပါမောက္ခ/ဌာနမှူး၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန
  နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မန္တလေး
  Email: ven.acara@gmail.com
  Ph: 09-4025-13473
-----
ရန်ကုန် အဆက်အသွယ်

  ဦးဇော်နိုင်
  Email: zawnaing.1977@gmail.com
  Ph: 09-43068034
-----
  ဒေါက်တာသန်းသန်းစိန် (သစ္စာအလင်း)
  Email: thanthan.sein@gmail.com
  Ph: 09-420078797
-----
  ဒေါ်မိုးသန္တာ
  Email: shake.thandar@gmail.com
  Ph: 09-5007202
-----
  ဒေါ်ထားထားမိုး
  Email: htarhtarmoe27@gmail.com
  Ph: 09-73148701
-----
  ဒေါ်ဝင်းဝင်းရီ
  Email: yee.win2@gmail.com
  Ph:  09-5186989
-----
  ဒေါ်ရီလေး
  Email: iguana.mmr.yeelay@gmail.com
  Ph: 09-5035811
-----
  ဒေါ်ဖြူဖြူကျော်
  Email: phyuphyuorama@gmail.com
  Ph: 09-448007159
-----

စင်္ကာပူ အဆက်အသွယ်

  ဒေါ်အေးသန္တာထွန်း
  Email: ayethandatun@gmail.com
  Ph: +65-9027-4732
-----
 ဒေါ်စောနီလာဝင်း
 Ph: +65-9686-3537
-----
မလေးရှား အဆက်အသွယ်
  ဒေါ်သန္တာထက်
  Email: thandarhtet@gmail.com
-----
ဒူဘိုင်း အဆက်အသွယ်
  မရွှေရည်ဦး
  Ph: +00971552868191
တို့ ထံလှူဒါန်း နိုင်ကြလျက် သာဿနာ့အမွေပေးနိုင်ကြပါပြီ..။ အနာဂတ် နှလုံးသားများစွာမှာ ဘုရားတည်လျက် ဘုရားအမ ၊ဘုရားဒကာ အဖြစ် ခံယူနိုင်ကြပြီဖြစ်ကြောင်း တင်ပြ ပါရစေ။
            ဘုန်းဘုန်း ဒေါက်တာ အာစာရ ၏ လုပ်ငန်းများ အားလုံး တိုးတက်အောင်မြင်ပါစေရန် ဆုတောင်းမေတ္တာ ပို့သလျက် ဦးခိုက် ကန်တော့  အပ်ပါသည်။

မေတ္တာဖြင့်
သစ္စာအလင်း