Sunday, September 21, 2014

စာရေးဆရာ *ဓမ္မပါလ* ၏ *သူမရှိ ၊ငါမရှိ ပစ္စုပ္ပန် တည့်တည့် ၌* စာအုပ် မှ…



စာရေးဆရာ *ဓမ္မပါလ* ၏ *သူမရှိ ၊ငါမရှိ ပစ္စုပ္ပန် တည့်တည့် ၌* စာအုပ် မှ….ထိရှစွာ ခံစားမိသော စာ တစ်ပိုဒ်
============================================
• နွားမ တစ်ကောင်သည် မိမိကိုယ် မှ ဖြစ်သော နွားနို့ကို လူအားပေး၍ လူကို အကျိုးပြု သည်။ သေသည် ၏ အဆုံး၌ အသားကို ပေး ၍ လူုကို အကျိုးပြုသည်။ သို့သော်……ထို နွားမသည် *ဒါန တရား* နှင့် တခြားစီဖြစ်ရသည်..။
*ဒါန* ဟူသော အသိဥာဏ် မရှိသောကြောင့် ဖြစ်ပါ၏။

• နွားထီးတစ်ကောင်သည် လူကျွေးတာကို စား၏ ။ ခိုင်းတာကို လုပ်၏။ မသတ်၊ မခိုး ၊မပစ်မှား ၊ မလိမ် ၊မသောက်စား ဖြင့် အသက်ထက်ဆုံး နေ၏ ။
သို့သော် ..ထို နွားထီိးသည် * သီလ တရား* နှင့် တခြား စီဖြစ်ရ၏ ။
*သီလ* ဟူသော အသိ ဥာဏ် မရှိသော ကြောင့်ဖြစ်ပါ၏ ။

• လူတစ်ယောက်သည် ပစ္စုပ္ပန် (လွတ်ရာ) နှင့်တစ်သားတည်းနေ၏ ။
သို့သော် ထို လူသည် လွတ်ရာ နှင့် တခြားစီဖြစ်ရ ၏ ။
လွတ်ရာ ဟူသော အသိဥာဏ် မဖြစ်သော ကြောင့် ဖြစ်ပါ၏။

ကျွန်ပ် တို့ ၏ ဘဝ သည် လည်း ပစ္စုပ္ပန် တည့်တည့် ၌ နေကြပါသည်..။

အတိတ် ၊ အနာဂတ် ၊ပစ္စုပ္ပန် ကာလ သုံးပါး မှ လွတ်နေသော တရားသည် ပစ္စုပ္ပန် တည့်တည့် ၌ အမှန်တကယ် ရှိနေပါသည်..။

၎င်း ပစ္စုပ္ပန် တည့်တည့် တရားနှင့် တစ်စပ်တည်း ၊တစ်သားတည်း ဖြစ်နေပါသည် ။

လောကအာရုံ တို့ နှင့်လည်း အာရုံပြု ၍ မရနိုင် ။

၎င်းတရားသည် အချိန်ကာလ မှ လွတ်မြောက်နေသည့်အားလျှော်စွာ …
လောက ရဲ့ ဖြစ်ခြင်း ၊ပျက်ခြင်းမှ လည်း လွတ်မြောက် နေပါ၏။

သိမ်မွေ့စွာ ..အသိရခက်သော သဘောကို ဥာဏ်ဖြင့် ထိုးထွင်းသိမြင်နိုင်ကြပါစေ..။