Thursday, May 5, 2016

ကျွန်မ ရဲ့ အနုဿတိ

*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ..
ခွင့်လွှတ်လို့ မရအောင်မုန်း နေတာမျိုး ကလည်းပြေလျော့လို့ သွားလေရဲ့...။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ.......
ဥပါဒါန် စွဲ နဲ့ ဆုပ်ကိုင် ထားမိတဲ့အနာဂတ်စီမံကိန်းတွေလည်း ပျက်စီး လို့ သွားလေရဲ့..။

*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ.......
မာန တစ်လူလူ နဲ့ ပေါ်လွင်တက်ကြွ မှုတွေ ဟာ......
နေထိ ပန်းတစ်ပွင့်လို နွမ်းခွေ လို့ သွားလေရဲ့..။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ........
ပူလောင်လှတဲ့
ချစ်ခြင်း ရဲ့ သမုဒယ တွေ ဟာ အေးမြ တဲ့ မေတ္တာ နဲ့ သာ လွှမ်းခြုံ ရစ်ပတ်.....။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ............
အလို မကျ တဲ့ ဒေါသတွေ..ဆွံ့အ တိတ်ဆိတ်....မျက်စေ့သာတွင်တွင်မှိတ် မိတော့တယ်..။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ....
အချိန်မဖြုန်းမိဘို့ နဲ့ အရာရာ လေးနက် မှုရှိစေဘို့ မင်း ကသတိပေးနေပြန်ရော.. ။
*မင်းအကြောင်း ကို ကိုယ်တွေးတယ်....
အဲဒီအခါ....
မင်းနောက်လိုက် ရင် ဘာတွေ ချန်ထားပြီး ဘာတွေ ယူလာမှာလဲ မင်းကမေးပြန်တယ်...။
*မင်း ဟာ အရာရာကို လွှမ်း မိုးနိုင်သူပါပဲ....။
သြော်..
မင်း ဆိုတဲ့ မရဏ.....။
သေခြင်း တရား.......
ဘယ်တော့...လဲ
ဘယ်နေရာ မှာလဲ....
ဘယ်လိုမျိုးလေး ဘယ်ပုံစံလေး နဲ့ မင်း လာမှာလဲဆိုတာ ကိုယ်မသိပေ မဲ့...။
မင်း လာမှာ သေချာတယ် ဆိုတာကတော့
ကိုယ် ကသေချာစွာ သိနေပါလေရဲ့...။။
Come On......