Thursday, February 4, 2021

Permaculture (8)


Guild ကိုတည်ဆောက်ခြင်း
------------
Permaculture ကို တစ်ပိုင်းတစ်စ လေ့လာ ထိတွေ့ မိတဲ့အခါ တိုင်း စိုက်ပျိုးတဲ့ ခြံမြေ ထဲမှာ ဘယ်အပင် မျိုးစိတ် တိရိစ္ဆန် မျိုးစိတ်ကို မှ အဓိပ္ပါယ် မဲ့ ၊ရည်ရွယ်ချက် မဲ့ စိုက်ပျိုးတာ မဟုတ်ဘူးဆိုတာ သိလာရပါတယ်…။၇ လွှာ စိုက်ပျိုး တဲ့အပင်တွေအကြောင်း Permaclture (7) မှာ ရေးခဲ့ပါပြီ။
အဲလို သိလာတဲ့အခါတိုင်း နက်နဲလှစွာ တစ်ဆုံး တစ်စ သိလိုစိတ်ပြင်းပြလာရတာ နဲ့ အခုလို အချိန်ပေးတုံး သူနဲ့ ပတ်သက်တာ တွေ သေသေချာချာ လေ့လာ ဖြစ်ရင်း ဒီမှတ်တမ်းတွေပြုစု ဖြစ်လာရပါတယ်…။
အခု ရောက်ရှိလာ တဲ့အခန်းကဏ္ဍ ကတော့ ဒီ Ecosystem -ဂေဟစနစ် တစ်ခု လုံးမှာ သက်ဆိုင်ရာ ဂေဟစနစ်အသေးလေးတွေ များစွာ ချိတ်ဆက်တည်ဆောက်ထားပါတယ်…။
Permaculture မှာ အဓိက ကတော့ ကျင့်ဝတ်သိက္ခာ နဲ့ ညီညွတ်အောင်အမြဲတွေးခေါ်ပါတယ်..။အဲဒါကိုအခြေခံပြီး တော့စိုက်ပျိုးပါတယ်…။ မွေးမြူပါတယ် ။ စွမ်းအင် တွေ ရရှိအောင်ဆောင်ရွက်ပါတယ်…။
အမယ် စုံစိုက်ပျိုးရေးကတော့အဓိက သော့ချက် ဖြစ်သလို သဘာဝ မ ျှချေ ကိုပြန်လည် တည်ဆောက်ပေး ဘို့ ရာသီဥတု နဲ့ တခြားသောပြောင်းလဲမှု များကို ခံနိုင်ရည် ရှိဘို့ ရည်ရွယ် ထားတယ်…။ ဒီလို နဲ့ ရေရှည် တည်တံ့ ခြင်းထက်သာလွန် တဲ့ သဘာဝကိုပြန်လည် တည်ဆောက် ကာ မျိုးဆက်သစ်တွေကိုကောင်းတဲ့အမွေ ချန် နိုင်ဘို့ကို စဉ်းစားတွေးခေါ် လုပ်ဆောင် တာ ဖြစ်ပါတယ်..။
အခု ဖေါ် ပြ မဲ့ ဂေဟ ဗေဒ ဝေါဟာရ တစ်ခု ကတော့ Guild ဖြစ်ပါတယ်..။Guild ကို စဉ်းစားကာ သီးနှံ အုပ်စု အဖွဲ့လေးတွေ ထည့်သွင်းစိုက်ပျိုးရမှာ ဖြစ်ပါတယ်..။
Guild ဆိုတဲ့ဝေါဟာရ ကဂေဟဗေဒ ဘာသာရပ် ရဲ့ အဓိက အခန်းကဏ္ဍ မှာ ပါဝင်နေပါတယ်..။
တစ်ဦး နဲ့ တစ်ဦး အပြန်အလှန် အကျိုးပြု သလို အမှီသဟဲ ပြု နေကြတဲ့ သက်ရှိမျိုးစိတ် အုပ်စု တွေကို Guild လို့ခေါ်တယ်။ သူတို့ မှီခို စားသောက်တဲ့ သဘာဝ ပတ်ဝန်းကျင် ကတူညီကြတယ်..။
ဒီအုပ်စု ခွဲခြားမှုက ဇီဝဗေဒ ကိုအခြေခံ တဲ့ မျိုးစိတ်၊ မျိုးစု ခွဲခြားခြင်းတွေ( Taxonomy) နဲ့ မသက်ဆိုင်ပါဘူး..။ သူတို့နေထိုင်တဲ့ကျက်စားတဲ့ ပတ်ဝန်းကျင် တူညီမှု အပေါ်မှာ ပဲ ဒီအုပ်စုတူတာတွေကိုသတ်မှတ်ခွဲခြား လေ့ရှိပါတယ်…။
Permaculture Guilds တွေ ဆိုတာကတော့
မျိုးစိတ်အုပ်စုတစ်စုနှင့်တစ်ခုနှင့်တစ်ခုအကြား ကွဲပြားခြားနားသောလုပ်ဆောင်မှုအမျိုးမျိုးကို လုပ်ဆောင်ရင်း အပြန်အလှန်အကျိုးပြု ပေါက်ရောက်ကြတာ ဖြစ်ပါတယ်..။မူရင်းဝေါဟာ ရ Guild ဆိုတဲ့စကားလုံး ကို စိုက်ပျိုးသူများ ရင်းနှီး ကျွမ်းဝင်စေချင်ပါတယ်..။
မြန်မာလို အတိအကျ ဆိုရင်တော့ ဂေဟစနစ်အတွင်းအပြန်အလှန်ဖလှယ်နိုင်သောအလားတူလုပ်ငန်းဆောင်တာများရှိသည့်သက်ရှိ များအစည်းအရုံးများ လို့ အဓိပ္ပါယ် ပြန် ရ မှာ ပါပဲ။
အပြန်အလှန်အထောက်အကူပြုသည့်အဖွဲ့ လို့ ဆိုလေတော့ အပင်မျိုးစိတ်တွေအပြင် တိရိစ္ဆာန်များ၊ အင်းဆက်ပိုးများ၊အတူတကွကောင်းမွန်စွာ နေနိုင် တဲ့ ပုံစံမျိုးလေး တည်ဆောက်တာမျိုးပါ..။
ကျွန်မတို့ မြန်မာ မှာ သစ်သီးခြံ တွေ၊ရာဘာခြံ၊လေ ျှာ်ဖြူခြံ ၊ဒူးရင်းခြံ၊ ကျွဲကောခြံ စသည်တို့တွေ ဟာ Monoculture (သီးနှံ တစ်မျိုးတည်း ၊သက်တမ်းတူတူ…အရွယ် အစားတူတူ ၊ ကြီးထွားဖွံ့ဖြိုးတဲ့ပုံစံတူတူ ) ဖြစ်နေတတ်ကြပါတယ်…။
ဒါဟာ အခြေအနေတစ်ခု ပြောင်းတိုင်း ခံနို်င်ရည်မရှိတတ်ပါဘူး..။ စျေးကွက် ကပြောင်းလဲ သွားတဲ့အခါ စိုက်ပျိုးသူအတွက်အဆုံးအရှုံးများလှပါတယ်..။ဥပမာ - ဖရဲ ၊ရာဘာ၊ ဂေါ်ဖီ
Guild ဟာ လူတို့လိုအပ်တဲ့ စားသုံးသီးနှ့များကိုအမြဲမပြတ်ထုတ်လုပ်ပေး နိုင် တဲ့ ဥယျာဉ်များကိုတည်ဆောက်ရန် လိမ္မာပါးနပ်စွာ စဉ်းစား တည်ဆောက်ထားတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်..။
Permaculture စိုက်ပျိုးရေးမှာ – Food Forest တွေ စတင်တည်ဆောက်ရပါမယ်..။ အဲဒီအခါ Guild အတေါးအခေါ်ကိုအခြေခံပြီး စတင်တည်ဆောက်ရပါတယ်..။
အဓိက ကြီးကြီးမားမားအထွက် ကိုရချင်တဲ့အပင်ကို စတင် အခြေပြု ပြီး သူ့ကိုဝန်းရံ တဲ့ အရံသီးနှံတွေ ဖြည့်ဆည်းဆောင်ရွက်ရပါတယ်..။ဥပမာ ပန်းသီးခြံ ဆို ပန်းသီးပင် ပေါ့။ သရက်ခြံဆို သရက်ပင် ပေါ့ သူ့ကို ဗဟိုပြုရပါမယ်…။
ထိုအပင်အဟာရဖြည့် တင်းပေးနိုင်အောင် နိုက်ထရိုဂျင် ဖြည့်တင်းပေး မဲ့အပင် တွေ စိုက်ပါမယ်..။ အင်းဆက်ပိုး များမကျရောက်ရအောင် ပိုးနှင်တဲ့ ရနံ့ ရှိတဲ့ အပင်တွေ ဖြည့်ဆည်းပါမယ်..။ ဝတ်မှုံကူးစေဘို့ အင်းဆက် ဆွဲဆောင်တဲ့အပင် တွေလည်းပါဝင်ရပါတယ်။မြေဆီလွှာ ထိန်းသိမ်းဘို့အတွက် မြေဖုံးပင်တွေ စိုက်ပျိုးရပါမယ်…။ဒါ Guild တည်ဆောက်ခြင်းပါပဲ..။
ဒါကြောင့် နှစ်ရှည် ပင် တစ်ခု စိုက်ပျိုးတော့မယ် ဆိုရင် မြေမချခင် ဒီဇိုင်းအရင်ဆွဲရပါတယ်…။ တန်းကြားပင်ကြားအကွာအဝေးကို တွက်ချက်ရပါတယ်…။ သင့်တော် တဲ့ Guild ဖြစ်မဲ့အပင်တွေ ရှာဖွေစုဆောင်းထားရပါတယ်..။
သို့သော်လည်း မြေကွက်သေးငယ် တဲ့ အိမ်ခြံဝန်းအတွင်းစိုက်ပျိုး ခြင်း အတွက်ဆို Guild ကိုတည်ဆောက်ဘို့ နေရာသိပ်မရှိပါဘူး..။
သို့သော်လည်းထိုသဘောတရားအတိုင်း သိပ်မကြီးမားတဲ့ ရှောက်သံပုရာ မျိုးနွယ် ဝင်အပင်တွေ နဲ့ ပျိုးဘောင် လေးတွေ ပေါ်မှာ ဟင်းသီးဟင်းရွက်စုံလင်စွာစိုက်ပျိုး တဲ့ ပုံစံမျိုး ပြုလုပ်နိုင်ပါတယ်..။
Food Forest တွေ ထဲမှာ Guild တွေကို အဓိက အပင်အသီးသီးဝန်းရံ စိုက်ပျိုးဘို့ ဆိုတာ အချိန်တော့လိုအပ်ပါတယ်…။ ကျွန်မလေ့လာဘူးတဲ့ ဥယျာဉ်တွေက ၅ဧက ကနေ ၁ဝဧက လောက်ရှိကြပြီး သီးနှ့မျိုးစိတ် ၅၀၀ လောက်ထိ စိုက်ပျိုးထားကြတယ်…။
တစ်မျိုးထဲစိုက်တဲ့ဥယျာဉ်တွေလို ပိုးသတ်ဆေးဖြန်းဘို့ မလို အပ်ဘူး ။ ကြီးထွားလာချိန် မှာ အချိန်အနည်းငယ် ပေးရုံ နဲ့ အလိုက်သင့် စောင့်ရှောက်ထိန်းသိမ်းသွားနိုင်တာ တွေ့ဘူးပါတယ်..။
အပင်တွေမပြော နဲ့ လူတွေတောင်မှပဲ သူတို့ သဟ ဇာတ ဖြစ်တဲ့နေရာ၊ သဟဇာတ ဖြစ်တဲ့ လူတွေ နဲ့ အတူတူ နေရရင် ပျော်ရွှင်သလို ထိုကဲ့သို့တည်ဆောက်စိုက်ပျိုးထားတဲ့ Guild လေးတွေ ပေါင်းစုထားတဲ့ ဟာ ဥယျာဉ်ခြံ လေးဟာ အသိကြီးသူဉာဏ်ကြီး သူတစ်ယောက် ရဲ့ ကြီးမားတဲ့ ဖန်တီးမှု အလှတရားပါပဲ..။ကျင့်ဝတ်သိက္ခာ ရှိသလို မေ ျှာ်မြင်ဆင်ခြင်ဉာဏ် ရှိခြင်းရဲ့ ပြယုဂ်သဖွယ်လည်းဖြစ်ပါတယ်..။
စိုက်ပျိုးလေ့ရှိတဲ့အပင် အတွဲအစပ်တွေကိုဖေါ်ပြရရင်
အခြေခံအားဖြင့်မုန်လာဥနှင့်ကြက်သွန်နီ ကိုဆလတ်ပင် တွေရဲ့ ဘေးတစ်ဘက်တစ်ချက် တွဲစပ်စိုက်ပျိုးလေ့ရှိကြတယ်…။ဒီစိုက်ပျိုးမှု မှာ မုန်လာဥနီနှင့်ကြက်သွန်နီနှစ်မျိုးလုံး ရဲ့ အရွက် ဟောင်းတွေ ဟာ မြေဆီလွှာကို ပြန်လည် ဖြည့်တင်းပေးနိုင်မှာ ဖြစ်တယ်..။
ပဲမျိုးနွယ်ဝင်အပင်တွေဟာ မုန်လာဥနီနဲ့အဆင်ပြေပါတယ်။ ကြက်သွန်နီ အုပ်စု ဝင်အပင် တွေ နဲ့သိပ်ပြီးအဆင်မပြေလှ ပါဘူး။
ဒါကြောင့်မိုးရာသီမှာမုန်လာဥနီနားကပ်ပြီး စိုက်တဲ့အခါ ပဲပင် တွေကလေထဲက နေ နိုက်ထရိုဂျင်ဖမ်းယူပေးတဲ့အတွက် မုံလာဥ အတွက်အဆင်ပြေစေပါတယ်..။
Rosemary ဆိုတဲ့ နှစ်ရှည် သစ်ပျော့ ပင် အပင်တစ်မျိုးကတော့ ကျွန်မ တို့မြန်မာ စိုက်ပျိုးသူတွေ နဲ့ စိမ်းလှပါသေးတယ်..။ များဖြစ်သည်။ သူက ပိုးမွှားများကို မကျရောက်အောင် တားဆီးရာတွင်ကူညီပေးပါတယ်..။
ပြောင်း၊ ပဲနှင့် ဖရုံပင် တွေ တွဲစပ်စိုက်ပျိုးတာကတော့ အရင်ကတည်းကကျင့်သုံးကြတဲ့ စံနမူနာပြ ပုံစံဖြစ်ပါတယ်..။ ဒီ သုံးမျိုးဟာ အတူတကွကောင်းမွန်စွာ ယှဉ် တွဲပေါက်ရောက်နိုင်ကြတယ် တစ်ပင် နဲ့ တစ်ပင် အပြန်အလှန်အကျိုးပြုကြပါတယ်..။
ပြောင်းဖူးကပဲမျိုးစုံနွယ် တက်ဖို့ ပင်စည်ရိုးတံ ကရပ်တည်ပေး ပါတယ်..။ ပဲမျိုးစုံက တော့ အပင်လိုအပ်တဲ့ အစားအစာ နိုက်ထရိုဂျင်ကိုလေထဲက နေဖမ်းယူ ထောက်ပံ့ပေးပါတယ်..။ အရွက်ကြီးသောအရွက်များ တွေက မြေ အစိုဓာတ်ထိန်းထားပေးနိုင်ကြတယ် ။
ဒီအတွဲအစပ်ကို ရိုးရာအစဉ်အလာအရ၊ ညီအစ်မသုံးယောက် လို့လည်းတင်စားကြပါတယ်..။ သူတို့ အတွဲအစပ်အပြင် တစ်ခါ တစ်ရံ ငရုတ်သီး၊ အာလူးအစရှိတာတွေနဲ့လည်း ထည့်သွင်း စိုက်ပျိုး လေ့ရှိပါတယ်။
Companion Crop တွေကို အင်တာနက် မှာ စာရိုက်ရှာတာ လည်း သူများအတွေ့အကြုံကို မှီငြမ်းဘို့ ကိုယ်က ကျေးဇူးတင်ရတာပါပဲ ။ သို့သော်လည်းလက်တွေ့ စိုက်တဲ့အခါ ရနိုင်တဲ့အပင် တောတောင်ရေမြေ ၊ရာသီဥတု ၊ ဒေသ ထုံးစံဆိုတာကတော့ ကိုယ်က ချိန်ဆ ထိန်းညှိရတာပါပဲ..။
Guild-Building အခြေခံကိုနားလည် တာကတော့ အသုံးဝင် ပါတယ်..။ လေ့လာခြင်းဆိုတာ ကပဲစတင် ရစမြဲပါ။
၁။ အဓိက စိုက်ပျိုးထုတ်လုပ်မည့် အပင်ကို ဗဟိုပြုရပါမယ်..။
၂။ ပင်စိမ်းလို ၊ စပါးလင်လို ၊ပူစီနံ ချစ်တီးပန်း တို့ လို အနံ့ ထွက် တဲ့ အပင်မျိုး တွေ ပါဝင်ရပါမယ်..။ဒီအပင် တွေ ရဲ့ အန့ံကို ဝတ်မှုန် ကူးပေးတတ်တဲ့ အင်းဆက်တွေက စွဲစွဲမြဲမြဲ မှတ်မိတတ်ပြီး ၊ဖျက်ပိုးတွေကတော့ ဒီအနံ့ ကိုမကြိုက်တဲ့တွက် မလာတတ်ပါဘူး။ ဒီတာဝန်ကိုထမ်းဆောင်ပြီး သူတို့ ကိုယ်တိုင်က ကိုစျေးကွက်ဝင် ပြန်လည် ရောင်းချလို့ ရပါတယ်..။
၃။ မြေဖုံးပင် များ မြေဆီလွှာ ကာကွယ် မဲ့အပင် တွေ ရှိနေခြင်း သည်အဓိက အရေးကြီးလှပါတယ်..။အပေါ်ယံမြေလွှာ ကို တိုက်စားမသွား ဘို့အရေးကြီး လှပါတယ်..။ ကျွန်မကတော့ အဲဒီအတွက် ဗက်တီဗာ မြက် ၊ Pinto Peanut စတာတွေ စိုက်ပျိုးဘို့အကြံပေးထားပါတယ်..။
၄။ မြေဆီလွှာ ကိုပြန်လည် ဖြည့်တင်းပေး မဲ့အပင် တွေပါရှိရပါမယ်..။ ဥပမာ ပဲမျိုးရင်းဝင်အပင်တွေ ရဲ့ အမြစ် ကထွက်တဲ့ Amino Acid တွေက မြစ်ဖု ဘက်တီးရီးယား( Rhizobium Bacteria) တွေကိုဆွဲဆောင်တယ်..။ ဖြစ်ဖု ဘက်တီးရီးယားတွေ နေဘို့ အိမ် ဖြစ်ဖုလေးတွေကို ပဲပင်တွေကသာ လုပ်ပေးနိုင်ကြတယ်…။ ဒီဘက်တီးရီးယား တွေက လေ ထဲက နိုင်ထရိုဂျင်ဓာတ်ကို ဖမ်းယူပြီး ( Nitrogen Fixation ) မြေဆီသြဇာ ပြန်လည် ဖြည့်တင်းပေးလေ့ရှိပါတယ်…။ ခရမ်းချဉ်ပင်က လွဲ ပြီးကျန်တဲ့အပင်တွေကို ထောက်အကူပြုစေပါတယ်..။
၅။ နောက်ဆုံးတစ်ချက်ကတော့ တွဲဖက်တဲ့ အပင်တွေ ရဲ့ အမြစ်တည်ဆောက် ပုံ တွေ ကိုစဉ်းစားရတာပါပဲ…။ အမြစ်ဖွာ လား ရေသောက်မြစ် ကရှည်လေသေလားဘယ် ဇုံ မှာ အစားစားမှာလဲ သိဘို့ လိုအပ်ပါတယ်..။ ဟိုနေ့က ဗက်တီဗာ မြက်အကြောင်းပြောပြတဲ့အခါ မြက်ဆိုရင်ပေါင်းပင် (မလိုလားအပ်သောနေရာမှာ အချိန်အခါ မဟုတ် ပေါက်ရောက်သောအပင် )လို့ သတ်မှတ်ကြတော့ အစာလုမစားဘူးလား မေးခံရပါတယ်…။ များသောအားဖြင့်အစာစားတာ အမြစ်ထိပ်က စုတ်ယူစားသုံးတာမို့ သူ(ဗက်တီဗာ) က အောက်ကို ဆင်းတယ် ရှည် တယ်…သီးနှံပင် မရောက်နိုင်တဲ့ အလွှာက သတ္တုဓာတ်တွေကို စားတာပါလို့ ဆွေးနွေးခဲ့ပါတယ်…။
ဒီလို စဉ်းစားတာ မျိုးကို သြဂဲနစ် သင်တန်းတွေ မှာ သင်လေ့ရှိပြီးသားပါ။ သို့သော် Permaculture ကလာတဲ့အယူအဆဆိုတာ ကိုသိစေတဲ့သဘောပါ..။ သြဂဲနစ် နဲ့ သဘောတရားတူပြီး စွမ်းအင် တွေရေတွေ သုံးတာမှာ မတူကြပါဘူး..။
ဆက်လက်ဖေါ်ပြပါမည်။
ဒေါက်တာသန်းသန်းစိန်
=============
Permaculture (8)
Guild ကုိတည္ေဆာက္ျခင္း
------------
Permaculture ကုိ တစ္ပုိင္းတစ္စ ေလ့လာ ထိေတြ႔ မိတဲ့အခါ တုိင္း စုိက္ပ်ဳိးတဲ့ ျခံေျမ ထဲမွာ ဘယ္အပင္ မ်ုိးစိတ္ တိရိစၦန္ မ်ဳိးစိတ္ကုိ မွ အဓိပၸါယ္ မဲ့ ၊ရည္ရြယ္ခ်က္ မဲ့ စုိက္ပ်ဳိးတာ မဟုတ္ဘူးဆုိတာ သိလာရပါတယ္…။၇ လႊာ စုိက္ပ်ဳိး တဲ့အပင္ေတြအေၾကာင္း Permaclture (7) မွာ ေရးခဲ့ပါၿပီ။
အဲလုိ သိလာတဲ့အခါတုိင္း နက္နဲလွစြာ တစ္ဆုံး တစ္စ သိလုိစိတ္ျပင္းျပလာရတာ နဲ႔ အခုလုိ အခ်ိန္ေပးတုံး သူနဲ႔ ပတ္သက္တာ ေတြ ေသေသခ်ာခ်ာ ေလ့လာ ျဖစ္ရင္း ဒီမွတ္တမ္းေတြျပဳစု ျဖစ္လာရပါတယ္…။
အခု ေရာက္ရွိလာ တဲ့အခန္းက႑ ကေတာ့ ဒီ Ecosystem -ေဂဟစနစ္ တစ္ခု လုံးမွာ သက္ဆုိင္ရာ ေဂဟစနစ္အေသးေလးေတြ မ်ားစြာ ခ်ိတ္ဆက္တည္ေဆာက္ထားပါတယ္…။
Permaculture မွာ အဓိက ကေတာ့ က်င့္ဝတ္သိကၡာ နဲ႔ ညီညြတ္ေအာင္အျမဲေတြးေခၚပါတယ္..။အဲဒါကုိအေျခခံၿပီး ေတာ့စုိက္ပ်ဳိးပါတယ္…။ ေမြးျမဴပါတယ္ ။ စြမ္းအင္ ေတြ ရရွိေအာင္ေဆာင္ရြက္ပါတယ္…။
အမယ္ စုံစုိက္ပ်ဳိးေရးကေတာ့အဓိက ေသာ့ခ်က္ ျဖစ္သလုိ သဘာဝ မ ွ်ေခ် ကုိျပန္လည္ တည္ေဆာက္ေပး ဘုိ႔ ရာသီဥတု နဲ႔ တျခားေသာေျပာင္းလဲမႈ မ်ားကုိ ခံႏုိင္ရည္ ရွိဘုိ႔ ရည္ရြယ္ ထားတယ္…။ ဒီလုိ နဲ႔ ေရရွည္ တည္တံ့ ျခင္းထက္သာလြန္ တဲ့ သဘာဝကုိျပန္လည္ တည္ေဆာက္ ကာ မ်ုိးဆက္သစ္ေတြကုိေကာင္းတဲ့အေမြ ခ်န္ ႏုိင္ဘုိ႔ကုိ စဥ္းစားေတြးေခၚ လုပ္ေဆာင္ တာ ျဖစ္ပါတယ္..။
အခု ေဖၚ ျပ မဲ့ ေဂဟ ေဗဒ ေဝါဟာရ တစ္ခု ကေတာ့ Guild ျဖစ္ပါတယ္..။Guild ကုိ စဥ္းစားကာ သီးႏွံ အုပ္စု အဖြဲ႔ေလးေတြ ထည့္သြင္းစုိက္ပ်ဳိးရမွာ ျဖစ္ပါတယ္..။
Guild ဆုိတဲ့ေဝါဟာရ ကေဂဟေဗဒ ဘာသာရပ္ ရဲ႔ အဓိက အခန္းက႑ မွာ ပါဝင္ေနပါတယ္..။
တစ္ဦး နဲ႔ တစ္ဦး အျပန္အလွန္ အက်ဳိးျပဳ သလုိ အမွီသဟဲ ျပဳ ေနၾကတဲ့ သက္ရွိမ်ုိးစိတ္ အုပ္စု ေတြကုိ Guild လုိ႔ေခၚတယ္။ သူတုိ႔ မွီခုိ စားေသာက္တဲ့ သဘာဝ ပတ္ဝန္းက်င္ ကတူညီၾကတယ္..။
ဒီအုပ္စု ခြဲျခားမႈက ဇီဝေဗဒ ကုိအေျခခံ တဲ့ မ်ုိးစိတ္၊ မ်ုိးစု ခြဲျခားျခင္းေတြ( Taxonomy) နဲ႔ မသက္ဆုိင္ပါဘူး..။ သူတုိ႔ေနထုိင္တဲ့က်က္စားတဲ့ ပတ္ဝန္းက်င္ တူညီမႈ အေပၚမွာ ပဲ ဒီအုပ္စုတူတာေတြကုိသတ္မွတ္ခြဲျခား ေလ့ရွိပါတယ္…။
Permaculture Guilds ေတြ ဆုိတာကေတာ့
မ်ိဳးစိတ္အုပ္စုတစ္စုႏွင့္တစ္ခုႏွင့္တစ္ခုအၾကား ကြဲျပားျခားနားေသာလုပ္ေဆာင္မႈအမ်ိဳးမ်ိဳးကို လုပ္ေဆာင္ရင္း အျပန္အလွန္အက်ဳိးျပဳ ေပါက္ေရာက္ၾကတာ ျဖစ္ပါတယ္..။မူရင္းေဝါဟာ ရ Guild ဆုိတဲ့စကားလုံး ကုိ စုိက္ပ်ဳိးသူမ်ား ရင္းႏွီး ကၽြမ္းဝင္ေစခ်င္ပါတယ္..။
ျမန္မာလုိ အတိအက် ဆုိရင္ေတာ့ ေဂဟစနစ္အတြင္းအျပန္အလွန္ဖလွယ္နိုင္ေသာအလားတူလုပ္ငန္းေဆာင္တာမ်ားရွိသည့္သက္ရွိ မ်ားအစည္းအ႐ုံးမ်ား လုိ႔ အဓိပၸါယ္ ျပန္ ရ မွာ ပါပဲ။
အျပန္အလွန္အေထာက္အကူျပဳသည့္အဖြဲ႔ လုိ႔ ဆုိေလေတာ့ အပင္မ်ဳိးစိတ္ေတြအျပင္ တိရိစၧာန္မ်ား၊ အင္းဆက္ပိုးမ်ား၊အတူတကြေကာင္းမြန္စြာ ေနနုိင္ တဲ့ ပုံစံမ်ဳိးေလး တည္ေဆာက္တာမ်ဳိးပါ..။
ကၽြန္မတုိ႔ ျမန္မာ မွာ သစ္သီးျခံ ေတြ၊ရာဘာျခံ၊ေလ ွ်ာ္ျဖဴျခံ ၊ဒူးရင္းျခံ၊ ကၽြဲေကာျခံ စသည္တုိ႔ေတြ ဟာ Monoculture (သီးႏွံ တစ္မ်ဳိးတည္း ၊သက္တမ္းတူတူ…အရြယ္ အစားတူတူ ၊ ႀကီးထြားဖြံ႔ျဖဳိးတဲ့ပုံစံတူတူ ) ျဖစ္ေနတတ္ၾကပါတယ္…။
ဒါဟာ အေျခအေနတစ္ခု ေျပာင္းတုိင္း ခံႏို္င္ရည္မရွိတတ္ပါဘူး..။ ေစ်းကြက္ ကေျပာင္းလဲ သြားတဲ့အခါ စုိက္ပ်ဳိးသူအတြက္အဆုံးအရႈံးမ်ားလွပါတယ္..။ဥပမာ - ဖရဲ ၊ရာဘာ၊ ေဂၚဖီ
Guild ဟာ လူတုိ႔လုိအပ္တဲ့ စားသုံးသီးႏွ့မ်ားကုိအျမဲမျပတ္ထုတ္လုပ္ေပး ႏုိင္ တဲ့ ဥယ်ာဥ္မ်ားကိုတည္ေဆာက္ရန္ လိမၼာပါးနပ္စြာ စဥ္းစား တည္ေဆာက္ထားတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္..။
Permaculture စုိက္ပ်ဳိးေရးမွာ – Food Forest ေတြ စတင္တည္ေဆာက္ရပါမယ္..။ အဲဒီအခါ Guild အေတြး အေခၚကုိအေျခခံၿပီး စတင္တည္ေဆာက္ရပါတယ္..။
အဓိက ႀကီးႀကီးမားမားအထြက္ ကုိရခ်င္တဲ့အပင္ကုိ စတင္ အေျချပဳ ၿပီး သူ႔ကုိဝန္းရံ တဲ့ အရံသီးႏွံေတြ ျဖည့္ဆည္းေဆာင္ရြက္ရပါတယ္..။ဥပမာ ပန္းသီးျခံ ဆုိ ပန္းသီးပင္ ေပါ့။ သရက္ျခံဆုိ သရက္ပင္ ေပါ့ သူ႔ကုိ ဗဟုိျပဳရပါမယ္…။
ထုိအပင္အဟာရျဖည့္ တင္းေပးႏုိင္ေအာင္ ႏုိက္ထရုိဂ်င္ ျဖည့္တင္းေပး မဲ့အပင္ ေတြ စုိက္ပါမယ္..။ အင္းဆက္ပုိး မ်ားမက်ေရာက္ရေအာင္ ပုိးႏွင္တဲ့ ရနံ႔ ရွိတဲ့ အပင္ေတြ ျဖည့္ဆည္းပါမယ္..။
ဝတ္မႈံကူးေစဘုိ႔ အင္းဆက္ ဆြဲေဆာင္တဲ့အပင္ ေတြလည္းပါဝင္ရပါတယ္။ေျမဆီလႊာ ထိန္းသိမ္းဘုိ႔အတြက္ ေျမဖုံးပင္ေတြ စုိက္ပ်ဳိးရပါမယ္…။ဒါ Guild တည္ေဆာက္ျခင္းပါပဲ..။
ဒါေၾကာင့္ ႏွစ္ရွည္ ပင္ တစ္ခု စုိက္ပ်ဳိးေတာ့မယ္ ဆုိရင္ ေျမမခ်ခင္ ဒီဇုိင္းအရင္ဆြဲရပါတယ္…။ တန္းၾကားပင္ၾကားအကြာအေဝးကို တြက္ခ်က္ရပါတယ္…။ သင့္ေတာ္ တဲ့ Guild ျဖစ္မဲ့အပင္ေတြ ရွာေဖြစုေဆာင္းထားရပါတယ္..။
သုိ႔ေသာ္လည္း ေျမကြက္ေသးငယ္ တဲ့ အိမ္ျခံဝန္းအတြင္းစုိက္ပ်ဳိး ျခင္း အတြက္ဆုိ Guild ကုိတည္ေဆာက္ဘုိ႔ ေနရာသိပ္မရွိပါဘူး..။
သုိ႔ေသာ္လည္းထုိသေဘာတရားအတုိင္း သိပ္မႀကီးမားတဲ့ ေရွာက္သံပုရာ မ်ဳိးႏြယ္ ဝင္အပင္ေတြ နဲ႔ ပ်ဳိးေဘာင္ ေလးေတြ ေပၚမွာ ဟင္းသီးဟင္းရြက္စုံလင္စြာစုိက္ပ်ဳိး တဲ့ ပုံစံမ်ဳိး ျပဳလုပ္ႏုိင္ပါတယ္..။
Food Forest ေတြ ထဲမွာ Guild ေတြကုိ အဓိက အပင္အသီးသီးဝန္းရံ စုိက္ပ်ဳိးဘုိ႔ ဆုိတာ အခ်ိန္ေတာ့လုိအပ္ပါတယ္…။ ကၽြန္မေလ့လာဘူးတဲ့ ဥယ်ာဥ္ေတြက ၅ဧက ကေန ၁၀ဧက ေလာက္ရွိၾကၿပီး သီးႏွံ မ်ဳိးစိတ္ ၅၀၀ ေလာက္ထိ စုိက္ပ်ဳိးထားၾကတယ္…။
တစ္မ်ဳိးထဲစုိက္တဲ့ဥယ်ာဥ္ေတြလုိ ပုိးသတ္ေဆးျဖန္းဘုိ႔ မလုိ အပ္ဘူး ။ ႀကီးထြားလာခ်ိန္ မွာ အခ်ိန္အနည္းငယ္ ေပးရုံ နဲ႔ အလုိက္သင့္ ေစာင့္ေရွာက္ထိန္းသိမ္းသြားႏုိင္တာ ေတြ႔ဘူးပါတယ္..။
အပင္ေတြမေျပာ နဲ႔ လူေတြေတာင္မွပဲ သူတုိ႔ သဟ ဇာတ ျဖစ္တဲ့ေနရာ၊ သဟဇာတ ျဖစ္တဲ့ လူေတြ နဲ႔ အတူတူ ေနရရင္ ေပ်ာ္ရႊင္သလုိ ထုိကဲ့သုိ႔တည္ေဆာက္စုိက္ပ်ဳိးထားတဲ့ Guild ေလးေတြ ေပါင္းစုထားတဲ့ ဟာ ဥယ်ာဥ္ျခံ ေလးဟာ အသိႀကီးသူဥာဏ္ႀကီး သူတစ္ေယာက္ ရဲ႔ ႀကီးမားတဲ့ ဖန္တီးမႈ အလွတရားပါပဲ..။
က်င့္ဝတ္သိကၡာ ရွိသလုိ ေမ ွ်ာ္ျမင္ဆင္ျခင္ဥာဏ္ ရွိျခင္းရဲ႔ ျပယုဂ္သဖြယ္လည္းျဖစ္ပါတယ္..။
စုိက္ပ်ဳိးေလ့ရွိတဲ့အပင္ အတြဲအစပ္ေတြကုိေဖၚျပရရင္
အေျခခံအားျဖင့္မုန္လာဥႏွင့္ၾကက္သြန္နီ ကုိဆလတ္ပင္ ေတြရဲ႔ ေဘးတစ္ဘက္တစ္ခ်က္ တြဲစပ္စုိက္ပ်ဳိးေလ့ရွိၾကတယ္…။ဒီစုိက္ပ်ဳိးမႈ မွာ မုန္လာဥနီႏွင့္ၾကက္သြန္နီႏွစ္မ်ိဳးလုံး ရဲ႔ အရြက္ ေဟာင္းေတြ ဟာ ေျမဆီလႊာကို ျပန္လည္ ျဖည့္တင္းေပးႏုိင္မွာ ျဖစ္တယ္..။
ပဲမ်ဳိးႏြယ္ဝင္အပင္ေတြဟာ မုန္လာဥနီနဲ႔အဆင္ေျပပါတယ္။ ၾကက္သြန္နီ အုပ္စု ဝင္အပင္ ေတြ နဲ႔သိပ္ၿပီးအဆင္မေျပလွ ပါဘူး။
ဒါေၾကာင့္မိုးရာသီမွာမုန္လာဥနီနားကပ္ၿပီး စုိက္တဲ့အခါ ပဲပင္ ေတြကေလထဲက ေန နိုက္ထရိုဂ်င္ဖမ္းယူေပးတဲ့အတြက္ မုံလာဥ အတြက္အဆင္ေျပေစပါတယ္..။
Rosemary ဆုိတဲ့ ႏွစ္ရွည္ သစ္ေပ်ာ့ ပင္ အပင္တစ္မ်ဳိးကေတာ့ ကၽြန္မ တုိ႔ျမန္မာ စုိက္ပ်ဳိးသူေတြ နဲ႔ စိမ္းလွပါေသးတယ္..။ မ်ားျဖစ္သည္။ သူက ပိုးမႊားမ်ားကို မက်ေရာက္ေအာင္ တားဆီးရာတြင္ကူညီေပးပါတယ္..။
ေျပာင္း၊ ပဲႏွင့္ ဖရုံပင္ ေတြ တြဲစပ္စုိက္ပ်ဳိးတာကေတာ့ အရင္ကတည္းကက်င့္သုံးၾကတဲ့ စံနမူနာျပ ပုံစံျဖစ္ပါတယ္..။ ဒီ သုံးမ်ိဳးဟာ အတူတကြေကာင္းမြန္စြာ ယွဥ္ တြဲေပါက္ေရာက္ႏုိင္ၾကတယ္ တစ္ပင္ နဲ႔ တစ္ပင္ အျပန္အလွန္အက်ုိးျပဳၾကပါတယ္..။
ေျပာင္းဖူးကပဲမ်ိဳးစုံႏြယ္ တက္ဖို႔ ပင္စည္ရုိးတံ ကရပ္တည္ေပး ပါတယ္..။ ပဲမ်ိဳးစုံက ေတာ့ အပင္လုိအပ္တဲ့ အစားအစာ နိုက္ထရိုဂ်င္ကုိေလထဲက ေနဖမ္းယူ ေထာက္ပံ့ေပးပါတယ္..။ အရြက္ႀကီးေသာအရြက္မ်ား ေတြက ေျမ အစိုဓာတ္ထိန္းထားေပးႏုိင္ၾကတယ္ ။
ဒီအတြဲအစပ္ကုိ ရိုးရာအစဥ္အလာအရ၊ ညီအစ္မသုံးေယာက္ လုိ႔လည္းတင္စားၾကပါတယ္..။ သူတုိ႔ အတြဲအစပ္အျပင္ တစ္ခါ တစ္ရံ င႐ုတ္သီး၊ အာလူးအစရွိတာေတြနဲ႔လည္း ထည့္သြင္း စုိက္ပ်ဳိး ေလ့ရွိပါတယ္။
Companion Crop ေတြကုိ အင္တာနက္ မွာ စာရုိက္ရွာတာ လည္း သူမ်ားအေတြ႔အႀကဳံကုိ မွီျငမ္းဘုိ႔ ကိုယ္က ေက်းဇူးတင္ရတာပါပဲ ။ သုိ႔ေသာ္လည္းလက္ေတြ႔ စုိက္တဲ့အခါ ရႏုိင္တဲ့အပင္ ေတာေတာင္ေရေျမ ၊ရာသီဥတု ၊ ေဒသ ထုံးစံဆုိတာကေတာ့ ကုိယ္က ခ်ိန္ဆ ထိန္းညွိရတာပါပဲ..။
Guild-Building အေျခခံကိုနားလည္ တာကေတာ့ အသုံးဝင္ ပါတယ္..။ ေလ့လာျခင္းဆုိတာ ကပဲစတင္ ရစျမဲပါ။
၁။ အဓိက စုိက္ပ်ဳိးထုတ္လုပ္မည့္ အပင္ကုိ ဗဟုိျပဳရပါမယ္..။
၂။ ပင္စိမ္းလုိ ၊ စပါးလင္လုိ ၊ပူစီနံ ခ်စ္တီးပန္း တုိ႔ လုိ အနံ႔ ထြက္ တဲ့ အပင္မ်ဳိး ေတြ ပါဝင္ရပါမယ္..။ဒီအပင္ ေတြ ရဲ႔ အန႔ံကုိ ဝတ္မႈန္ ကူးေပးတတ္တဲ့ အင္းဆက္ေတြက စြဲစြဲျမဲျမဲ မွတ္မိတတ္ၿပီး ၊ဖ်က္ပုိးေတြကေတာ့ ဒီအနံ႔ ကုိမႀကဳိက္တဲ့တြက္ မလာတတ္ပါဘူး။ ဒီတာဝန္ကုိထမ္းေဆာင္ၿပီး သူတုိ႔ ကုိယ္တုိင္က ကုိေစ်းကြက္ဝင္ ျပန္လည္ ေရာင္းခ်လုိ႔ ရပါတယ္..။
၃။ ေျမဖုံးပင္ မ်ား ေျမဆီလႊာ ကာကြယ္ မဲ့အပင္ ေတြ ရွိေနျခင္း သည္အဓိက အေရးႀကီးလွပါတယ္..။အေပၚယံေျမလႊာ ကုိ တုိက္စားမသြား ဘုိ႔အေရးႀကီး လွပါတယ္..။ ကၽြန္မကေတာ့ အဲဒီအတြက္ ဗက္တီဗာ ျမက္ ၊ Pinto Peanut စတာေတြ စုိက္ပ်ဳိးဘုိ႔အႀကံေပးထားပါတယ္..။
၄။ ေျမဆီလႊာ ကုိျပန္လည္ ျဖည့္တင္းေပး မဲ့အပင္ ေတြပါရွိရပါမယ္..။ ဥပမာ ပဲမ်ုိးရင္းဝင္အပင္ေတြ ရဲ႔ အျမစ္ ကထြက္တဲ့ Amino Acid ေတြက ျမစ္ဖု ဘက္တီးရီးယား( Rhizobium Bacteria) ေတြကုိဆြဲေဆာင္တယ္..။ ျဖစ္ဖု ဘက္တီးရီးယားေတြ ေနဘုိ႔ အိမ္ ျဖစ္ဖုေလးေတြကုိ ပဲပင္ေတြကသာ လုပ္ေပးႏုိင္ၾကတယ္…။ ဒီဘက္တီးရီးယား ေတြက ေလ ထဲက ႏုိင္ထရုိဂ်င္ဓာတ္ကုိ ဖမ္းယူၿပီး ( Nitrogen Fixation ) ေျမဆီၾသဇာ ျပန္လည္ ျဖည့္တင္းေပးေလ့ရွိပါတယ္…။ ခရမ္းခ်ဥ္ပင္က လြဲ ၿပီးက်န္တဲ့အပင္ေတြကုိ ေထာက္အကူျပဳေစပါတယ္..။
၅။ ေနာက္ဆုံးတစ္ခ်က္ကေတာ့ တြဲဖက္တဲ့ အပင္ေတြ ရဲ႔ အျမစ္တည္ေဆာက္ ပုံ ေတြ ကုိစဥ္းစားရတာပါပဲ…။ အျမစ္ဖြာ လား ေရေသာက္ျမစ္ ကရွည္ေလေသလားဘယ္ ဇုံ မွာ အစားစားမွာလဲ သိဘုိ႔ လုိအပ္ပါတယ္..။ ဟုိေန႔က ဗက္တီဗာ ျမက္အေၾကာင္းေျပာျပတဲ့အခါ ျမက္ဆုိရင္ေပါင္းပင္ (မလုိလားအပ္ေသာေနရာမွာ အခ်ိန္အခါ မဟုတ္ ေပါက္ေရာက္ေသာအပင္ )လုိ႔ သတ္မွတ္ၾကေတာ့ အစာလုမစားဘူးလား ေမးခံရပါတယ္…။ မ်ားေသာအားျဖင့္အစာစားတာ အျမစ္ထိပ္က စုတ္ယူစားသုံးတာမုိ႔ သူ(ဗက္တီဗာ) က ေအာက္ကုိ ဆင္းတယ္ ရွည္ တယ္…သီးႏွံပင္ မေရာက္ႏုိင္တဲ့ အလႊာက သတၱဳဓာတ္ေတြကုိ စားတာပါလုိ႔ ေဆြးေႏြးခဲ့ပါတယ္…။
ဒီလုိ စဥ္းစားတာ မ်ဳိးကုိ ၾသဂဲနစ္ သင္တန္းေတြ မွာ သင္ေလ့ရွိၿပီးသားပါ။ သုိ႔ေသာ္ Permaculture ကလာတဲ့အယူအဆဆုိတာ ကုိသိေစတဲ့သေဘာပါ..။ ၾသဂဲနစ္ နဲ႔ သေဘာတရားတူၿပီး စြမ္းအင္ ေတြေရေတြ သုံးတာမွာ မတူၾကပါဘူး..။
ဆက္လက္ေဖၚျပပါမည္။
ေဒါက္တာသန္းသန္းစိန္
၁၂.၆.၂၀၂၀

Permaculture (7)


သစ်ပင်တို့၏ အလွှာများ
သစ်ပင်များ ကြီးထွားပေါက်ရောက်ပုံ အဆင့်ဆင့် မြင့်တက်နေသည့် အလွှာများ ရှိနေစေခြင်းသည် ရေရှည်တည်တံ့နိုင်ပြီး လူသားတို့အတွက်တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသော ဂေဟစနစ် ဒီဇိုင်း ရေးဆွဲ တည်ဆောက်ရန် အဓိက သော့ချက် တစ်ခု ဖြစ်ပါတယ်..။
တည်ညိမ် ခိုင်မာ တဲ့ ဂေဟစနစ် တစ်ခု မှာ ၎င်း၏အစိတ်အပိုင်းများဖြစ်သော သစ်ပင်များ၊ မြေအောက်အခြေ အနေ ၊ မြေမျက်နှာပြင်များ၊မြေပေါ်ဖုံးအုပ်ထားတဲ့ မြေကပ်ပင်များ၊ မြေဆီလွှာ၊ မှိုများ၊ အင်းဆက်ပိုးမွှားများနှင့်တိရိစ္ဆာန်များ စသည့် သက်ရှိ များစွာ တို့ကြား အချင်းချင်း ကွန်ရက်သဖွယ် ယှက်နွယ် တည်ဆောက်ထားလေ့ရှိပါတယ်..။
အပင်များသည် မတူညီသောအမြင့်များသို့ကြီးထွားလာ တဲ့အတွက် မတူကွဲပြားသော ရှင်သန်မှု နယ် ပယ် မှာ နေရာအသီးသီးရကြပါတယ်..။ အမြင့်တူရင် နေရာတစ်ခု ထဲအတွက် ယှဉ်ပြိုင်နေစရာမလိုတော့ပါ ။ အလင်းရောင်..မြေဆီလွှာ..ရေစသည်တို့ကို လုယူနေရန်လည်းမလိုတော့ချေ..။
Permaculture ဒီဇိုင်း ဖြင့်တည်ဆောက် တဲ့ ရေရှည် တည်တံ့ တဲ့ အစားအစာ သီးနှံများစွာ ရရှိစေတဲ့ သစ်တော ပုံစံ (Food Forest) တစ်ခုတွင်ယေဘုယျအားဖြင့်အသိအမှတ်ပြုလွှာအလွှာ ၇ ခုရှိပါတယ်..။
၁။ ပထမအုပ်စု မှာ အပင်အရပ်အမြင့်ဆုံး ၊ရွက်အုပ်မိုးသိပ်သည်းကျယ် ပြန့်သော အပင်များ ပါဝင်ပါတယ်..။ သို့သော်လည်း ဧရိယာ တစ်ခု လုံးကိုဖုံးလွှမ်းနေရာယူတာမျိုးတော့မဖြစ်ရပါ..။သစ်သီးပင်တွေ သစ်တောပင်တွေ စသည်ဖြင့်ရွေးချယ်ကြပါတယ်..။
၂။ ဒုတိယအုပ်စု မှာ ပထမအုပ်စုသစ်ပင် များရဲ့ တစ်ဆင့်နိမ့် တဲ့အလွှာ - သဖွယ်ရှိပြီး မိုးရေ ရရှိပြီး အလင်းရောင် အရိပ် အောက်တွင်ရှင်သန်ပေါက်ရောက်သောသစ်ပင်များ ဖြစ်ပါတယ်..။ရှောက်၊သံပုရာ ၊ပန်းသီး၊သစ်တော်သီးလိမ္မော် စသည် ဖြင့် စိုက်ကြပါတယ်..။
၃။ တတိယ အုပ်စုကတော့ ခြုံပုုတ်အလွှာ ဖြစ်ပါတယ်..။ နှစ်ရှည်ခံခြုံပုတ် ပင်တွေ အလင်းရောင်ရရှိမှု ပေါ်မူတည် ပြီး အနိမ့်အမြင့်အမျိုးမျိုးရှိတဲ့ အပင်တွေ ပါဝင်ပါမယ်..။ Berry သီး များ၊ပိုးစာသီးပင်၊ ဆူးပုတ်ကြီး ၊ဘောက်သီး စသည်ဖြင့် အများစုပါဝင်ကြပါတယ်..။
၄။သစ်ပျော့ပင်များ အလွှာ ကတော့ စတုတ္ထ အလွှာ ဖြစ်ပါတယ်..။ ထို အလွှာရှိ တဲ့ အပင်များဟာ အအေးမိလျှင် ဆောင်းရာသီရောက် တိုင်း မြေပေါ်ပြန်ကျသွား တတ်ပါတယ်..။ တစ်နှစ်ခံပင်၊ နှစ်နှစ်ခံပင်များ နှစ်ရှည် ခံပင်များလည်း ဖြစ်တတ်ပါတယ်..။ဟင်းခတ်အမွှေးအကြိုင်ပင် နဲ့ ဆေးဘက်ဝင်အပင်များ ဖြစ်ပါတယ်။ဥပမာ-ငရုတ်ပင်၊ကင်ပွန်းချဉ်
၅။ ပဥ္စမ အုပ်စုမှာ မြေဆီလွှာမျက်နှာပြင် ကို ဖုံးအုပ်တဲ့မြေဖုံးပင်များ ပါဝင်ပါတယ်..။ သူက သစ်ပျော့ပင် တွေ နဲ့ နေရာ ထပ်လျက် ရှိတတ်သော်လည်း အလွှာ မတူ တဲ့အတွက် အပင်ပေါ်နဲ့ အပင်ခြေအဖြစ် ပြန့် ကားကြီးထွားနိုင်ပါတယ်..။ သို့သော်လည်း ဒီအလွှာရှိအပင်များဟာ မြေနှင့်ပိုမိုနီးကပ်စွာကြီးထွားလာပြီး မြေဆီလွှာများ ကိုမြေဆီသြဇာ ဖြည့်တင်းရန် ကူညီကြပါတယ်..။ သူတို့က သိပ်သည်းစွာကြီးထွားလာ တဲ့အတွက် အပေါ်က လမ်းလေ ျှာက်ဖြတ်သန်းခဲ့တဲ့ ဒဏ်ကိုလည်းကောင်းကောင်းခံနိုင်ရည်ရှိပါတယ်..။မြေဆီလွှာ တိုက်စားမှုကို ကာကွယ်ပေးပါတယ်..။ မြေအတွင်းအဟာရဓာတ်များစွာဖြည့်တင်းပေးတဲ့အလွှာ လည်းဖြစ်ပါတယ်..။
၆။ ဥစား ပင်အုပ်စု တွေ ကတော့ နံပါတ် ၆လွှာ မှာ စိုက်ရပါတယ်..။ ထို အလွှာ ရဲ့ အဓိကအစိတ်အပိုင်းများမှာ မြေအောက်မှာ သာကြီးထွားရှင်သန်ကြတဲ့အုပ်စုတွေ ဖြစ်ပါတယ်.. ။ ဂျင်း၊ကြ်သွန်အာလူး၊မုံလာဥ ၊ ကန်စွန်းဥ
၇။ နွယ် ပင်တွေ ဖြစ်ပါတယ် ။ဒေါင်လိုက်အလွှာ အဖြစ်စဉ်းစား လို့ရပါတယ်…သူရဲ့ ကြီး ထွားမှု က တွယ်မှီ ကပ်ရပ်ပေါက် တဲ့သဘာဝ ရှိပါတယ်.။စပျစ်နွယ်ပင်များ၊ အောင်မဲညို၊ ကွမ်း၊ ငရုတ်ကောင်း စသည်
အချို့သောမ ျားကလည်း မှိုများကိုပါထည့်သွင်းစဉ်းစားပြီး အဋ္ဌမအလွှာအဖြစ်ထည့်သွင်းထားရင်တော့ရှစ်လွှာ ရှိတယ်လို့ပြောရပါမယ်..။
သစ်ပင်အမျိုးအစားရွေးချယ်ရာမှာ တော့အဓိက ဒေသ နဲ့ လိုက်လျော ညီထွေမှုရှိတဲ့ အပင်တွေ ဖြစ်ရပါမယ်..။ ဒေသမျိုးစိတ်တွေ ရွေးချယ်ရပါမယ်..။အပင် ရဲ့ စရိုက်လက္ခဏာ ပေါ်မူတည်ပြီး တစ်ခု နဲ့ တစ်ခု သဟဇာတ ဖြစ်ဘို့လိုပါတယ်..။
ဒီအပင်ရွေးချယ် တဲ့ ဒီဇိုင်းရေးဆွဲ တဲ့အခါ…ခြောက်သွေးလွန်းတဲ့ ကန္တာရ လိုဒေသမျိုး၊ အေးလွန်းတဲ့ဒေသ မျိုး ၊အပူပိုင်းဒေသ မျိုးစသည်ဖြင့် ပုံစံမတူကြပါဘူး..။
ကျွန်မ ထိုင်းမှာ တွေ့ခဲ့တဲ့ ဒီဇိုင်းကတော့ ထိုင်းနဲ့ ရေမြေ မကွာ တဲ့ မြန်မာ နဲ့ အပင်ရွေးချယ် ပုံ ကွာခြားမယ် မထင်မိပါ..။
ထိုင်းမှာကတော့
ပထ မ အလွှာ အနေနဲ့
၁။ အရပ် အမြင့်ဆုံး အပင် တွေ ကျွန်းတို့ မဟော်ဂနီ ၊ အုန်းသီး ၊ ကွမ်းသီး တို့ကို စိုက်ပါတယ်..။
၂။ ဒုတိယ အလွှာ အနေနဲ့ သစ်ဂျပိုး ၊ မန်းကျည်း ၊ သရက် ၊ မင်းဂွတ် ၊ ပိန္နဲ စတဲ့ အလယ် အလတ် အရပ်ရှိတဲ့အပင် တွေ စိုက်ပါတယ်..။
၃။ တတိယ အလွှာ ကတော့ ခြုံပုတ် ပင်တွေ ဖြစ်တဲ့ ကင်ပွန်းချဉ် ၊ ဆူးပုတ် ၊ ငရုတ် ၊ ငှက်ပျော၊ သင်္ဘော ၊ ခရမ်းစတာတွေ စိုက်ပါတယ်..။
၄။ စတုတ္ထ အဖြစ် စပါးလင် လို၊ဗက်တီဗာမြက်တို့လို မြေ ဆီလွှာ ထိန်းတဲ့အပင်မျိုး
၅။ မိုးရေ ကို ကန် နဲ့ သိုလှောင်ပြီး ရေနေပင်တွေ ဖြစ်တဲ့ ကြာပန်း တို့ ရေကညွတ်တို့ ကိုတော့ပဥ္စမအလွှာ အဖြစ် စိုက်ပါတယ်..။
၆။ ဆဋ္ဌမအလွှာ အဖြစ် ဥစား မြေအောက်အစာသိုလှောင်သော ပင်စည် တွေ ဖြစ်တဲ့ ဂျင်း နနွင်း ၊ ဝဥ စတာတွေ စိုက်ပါတယ်..။
၇။ သတ္တမ အလွှာ ကတော့ နွယ် ပင်တွေ ဆင်တုံးမနွယ်၊ စပျစ်၊ကွမ်း၊အောင်မဲညို၊ ငရုတ်ကောင်း တို့ လို နွယ်ပင်တွေ ထည့်ထား ပါတယ်..။
အပင်တွေ ရွေးချယ် ပြီးရင် ဇုံခွဲခြားမှုတွေ ဆက်ပါအုံးမယ် ..။
ဒေါက်တာသန်းသန်းစိန်
Permaculture (7)
သစ္ပင္တုိ႔၏ အလႊာမ်ား
သစ္ပင္မ်ား ႀကီးထြားေပါက္ေရာက္ပုံ အဆင့္ဆင့္ ျမင့္တက္ေနသည့္ အလႊာမ်ား ရွိေနေစျခင္းသည္ ေရရွည္တည္တံ့နိုင္ၿပီး လူသားတို႔အတြက္တိုက္ရိုက္အက်ိဳးျဖစ္ထြန္းေစေသာ ေဂဟစနစ္ ဒီဇုိင္း ေရးဆြဲ တည္ေဆာက္ရန္ အဓိက ေသာ့ခ်က္ တစ္ခု ျဖစ္ပါတယ္..။
တည္ညိမ္ ခုိင္မာ တဲ့ ေဂဟစနစ္ တစ္ခု မွာ ၎၏အစိတ္အပိုင္းမ်ားျဖစ္ေသာ သစ္ပင္မ်ား၊ ေျမေအာက္အေျခ အေန ၊ ေျမမ်က္ႏွာျပင္မ်ား၊ေျမေပၚဖုံးအုပ္ထားတဲ့ ေျမကပ္ပင္မ်ား၊ ေျမဆီလႊာ၊ မွိုမ်ား၊ အင္းဆက္ပိုးမႊားမ်ားႏွင့္တိရိစၧာန္မ်ား စသည့္ သက္ရွိ မ်ားစြာ တုိ႔ၾကား အခ်င္းခ်င္း ကြန္ရက္သဖြယ္ ယွက္ႏြယ္ တည္ေဆာက္ထားေလ့ရွိပါတယ္..။
အပင္မ်ားသည္ မတူညီေသာအျမင့္မ်ားသို႔ႀကီးထြားလာ တဲ့အတြက္ မတူကြဲျပားေသာ ရွင္သန္မႈ နယ္ ပယ္ မွာ ေနရာအသီးသီးရၾကပါတယ္..။ အျမင့္တူရင္ ေနရာတစ္ခု ထဲအတြက္ ယွဥ္ျပဳိင္ေနစရာမလုိေတာ့ပါ ။ အလင္းေရာင္..ေျမဆီလႊာ..ေရစသည္တုိ႔ကုိ လုယူေနရန္လည္းမလုိေတာ့ေခ်..။
Permaculture ဒီဇုိင္း ျဖင့္တည္ေဆာက္ တဲ့ ေရရွည္ တည္တံ့ တဲ့ အစားအစာ သီးႏွံမ်ားစြာ ရရွိေစတဲ့ သစ္ေတာ ပုံစံ (Food Forest) တစ္ခုတြင္ေယဘုယ်အားျဖင့္အသိအမွတ္ျပဳလႊာအလႊာ ၇ ခုရွိပါတယ္..။
၁။ ပထမအုပ္စု မွာ အပင္အရပ္အျမင့္ဆုံး ၊ရြက္အုပ္မုိးသိပ္သည္းက်ယ္ ျပန္႔ေသာ အပင္မ်ား ပါဝင္ပါတယ္..။ သုိ႔ေသာ္လည္း ဧရိယာ တစ္ခု လုံးကုိဖုံးလႊမ္းေနရာယူတာမ်ဳိးေတာ့မျဖစ္ရပါ..။သစ္သီးပင္ေတြ သစ္ေတာပင္ေတြ စသည္ျဖင့္ေရြးခ်ယ္ၾကပါတယ္..။
၂။ ဒုတိယအုပ္စု မွာ ပထမအုပ္စုသစ္ပင္ မ်ားရဲ႔ တစ္ဆင့္နိမ့္ တဲ့အလႊာ - သဖြယ္ရွိၿပီး မိုးေရ ရရွိၿပီး အလင္းေရာင္ အရိပ္ ေအာက္တြင္ရွင္သန္ေပါက္ေရာက္ေသာသစ္ပင္မ်ား ျဖစ္ပါတယ္..။ေရွာက္၊သံပုရာ ၊ပန္းသီး၊သစ္ေတာ္သီးလိေမၼာ္ စသည္ ျဖင့္ စုိက္ၾကပါတယ္..။
၃။ တတိယ အုပ္စုကေတာ့ ျခဳံပုုတ္အလႊာ ျဖစ္ပါတယ္..။ ႏွစ္ရွည္ခံျခဳံပုတ္ ပင္ေတြ အလင္းေရာင္ရရွိမႈ ေပၚမူတည္ ၿပီး အနိမ့္အျမင့္အမ်ုိးမ်ဳိးရွိတဲ့ အပင္ေတြ ပါဝင္ပါမယ္..။ Berry သီး မ်ား၊ပုိးစာသီးပင္၊ ဆူးပုတ္ႀကီး ၊ေဘာက္သီး စသည္ျဖင့္ အမ်ားစုပါဝင္ၾကပါတယ္..။
၄။သစ္ေပ်ာ့ပင္မ်ား အလႊာ ကေတာ့ စတုတၳ အလႊာ ျဖစ္ပါတယ္..။ ထုိ အလႊာရွိ တဲ့ အပင္မ်ားဟာ အေအးမိလၽွင္ ေဆာင္းရာသီေရာက္ တိုင္း ေျမေပၚျပန္က်သြား တတ္ပါတယ္..။ တစ္ႏွစ္ခံပင္၊ ႏွစ္ႏွစ္ခံပင္မ်ား ႏွစ္ရွည္ ခံပင္မ်ားလည္း ျဖစ္တတ္ပါတယ္..။ဟင္းခတ္အေမႊးအႀကုိင္ပင္ နဲ႔ ေဆးဘက္ဝင္အပင္မ်ား ျဖစ္ပါတယ္။ဥပမာ-ငရုတ္ပင္၊ကင္ပြန္းခ်ဥ္
၅။ ပဥၥမ အုပ္စုမွာ ေျမဆီလႊာမ်က္ႏွာျပင္ ကုိ ဖုံးအုပ္တဲ့ေျမဖုံးပင္မ်ား ပါဝင္ပါတယ္..။ သူက သစ္ေပ်ာ့ပင္ ေတြ နဲ႔ ေနရာ ထပ္လ်က္ ရွိတတ္ေသာ္လည္း အလႊာ မတူ တဲ့အတြက္ အပင္ေပၚနဲ႔ အပင္ေျခအျဖစ္ ျပန္႔ ကားႀကီးထြားႏုိင္ပါတယ္..။ သို႔ေသာ္လည္း ဒီအလႊာရွိအပင္မ်ားဟာ ေျမႏွင့္ပိုမိုနီးကပ္စြာႀကီးထြားလာၿပီး ေျမဆီလႊာမ်ား ကုိေျမဆီၾသဇာ ျဖည့္တင္းရန္ ကူညီၾကပါတယ္..။ သူတုိ႔က သိပ္သည္းစြာႀကီးထြားလာ တဲ့အတြက္ အေပၚက လမ္းေလ ွ်ာက္ျဖတ္သန္းခဲ့တဲ့ ဒဏ္ကုိလည္းေကာင္းေကာင္းခံႏုိင္ရည္ရွိပါတယ္..။ေျမဆီလႊာ တုိက္စားမႈကုိ ကာကြယ္ေပးပါတယ္..။ ေျမအတြင္းအဟာရဓာတ္မ်ားစြာျဖည့္တင္းေပးတဲ့အလႊာ လည္းျဖစ္ပါတယ္..။
၆။ ဥစား ပင္အုပ္စု ေတြ ကေတာ့ နံပါတ္ ၆လႊာ မွာ စုိက္ရပါတယ္..။ ထုိ အလႊာ ရဲ႔ အဓိကအစိတ္အပိုင္းမ်ားမွာ ေျမေအာက္မွာ သာႀကီးထြားရွင္သန္ၾကတဲ့အုပ္စုေတြ ျဖစ္ပါတယ္.. ။ ဂ်င္း၊ၾက္သြန္အာလူး၊မုံလာဥ ၊ ကန္စြန္းဥ
၇။ ႏြယ္ ပင္ေတြ ျဖစ္ပါတယ္ ။ေဒါင္လိုက္အလႊာ အျဖစ္စဥ္းစား လုိ႔ရပါတယ္…သူရဲ႔ ႀကီး ထြားမႈ က တြယ္မွီ ကပ္ရပ္ေပါက္ တဲ့သဘာဝ ရွိပါတယ္.။စပ်စ္ႏြယ္ပင္မ်ား၊ ေအာင္မဲညဳိ၊ ကြမ္း၊ ငရုတ္ေကာင္း စသည္
အခ်ိဳ႕ေသာမ ်ားကလည္း မွိုမ်ားကိုပါထည့္သြင္းစဥ္းစားၿပီး အ႒မအလႊာအျဖစ္ထည့္သြင္းထားရင္ေတာ့ရွစ္လႊာ ရွိတယ္လုိ႔ေျပာရပါမယ္..။
သစ္ပင္အမ်ဳိးအစားေရြးခ်ယ္ရာမွာ ေတာ့အဓိက ေဒသ နဲ႔ လုိက္ေလ်ာ ညီေထြမႈရွိတဲ့ အပင္ေတြ ျဖစ္ရပါမယ္..။ ေဒသမ်ဳိးစိတ္ေတြ ေရြးခ်ယ္ရပါမယ္..။အပင္ ရဲ႔ စရုိက္လကၡဏာ ေပၚမူတည္ၿပီး တစ္ခု နဲ႔ တစ္ခု သဟဇာတ ျဖစ္ဘုိ႔လုိပါတယ္..။
ဒီအပင္ေရြးခ်ယ္ တဲ့ ဒီဇုိင္းေရးဆြဲ တဲ့အခါ…ေျခာက္ေသြးလြန္းတဲ့ ကႏၱာရ လုိေဒသမ်ုိး၊ ေအးလြန္းတဲ့ေဒသ မ်ဳိး ၊အပူပုိင္းေဒသ မ်ဳိးစသည္ျဖင့္ ပုံစံမတူၾကပါဘူး..။
ကၽြန္မ ထုိင္းမွာ ေတြ႔ခဲ့တဲ့ ဒီဇုိင္းကေတာ့ ထုိင္းနဲ႔ ေရေျမ မကြာ တဲ့ ျမန္မာ နဲ႔ အပင္ေရြးခ်ယ္ ပုံ ကြာျခားမယ္ မထင္မိပါ..။
ထုိင္းမွာကေတာ့
ပထ မ အလႊာ အေနနဲ႔
၁။ အရပ္ အျမင့္ဆုံး အပင္ ေတြ ကၽြန္းတုိ႔ မေဟာ္ဂနီ ၊ အုန္းသီး ၊ ကြမ္းသီး တုိ႔ကုိ စုိက္ပါတယ္..။
၂။ ဒုတိယ အလႊာ အေနနဲ႔ သစ္ဂ်ပုိး ၊ မန္းက်ည္း ၊ သရက္ ၊ မင္းဂြတ္ ၊ ပိႏၷဲ စတဲ့ အလယ္ အလတ္ အရပ္ရွိတဲ့အပင္ ေတြ စုိက္ပါတယ္..။
၃။ တတိယ အလႊာ ကေတာ့ ျခဳံပုတ္ ပင္ေတြ ျဖစ္တဲ့ ကင္ပြန္းခ်ဥ္ ၊ ဆူးပုတ္ ၊ ငရုတ္ ၊ ငွက္ေပ်ာ၊ သေဘၤာ ၊ ခရမ္းစတာေတြ စုိက္ပါတယ္..။
၄။ စတုတၳ အျဖစ္ စပါးလင္ လုိ၊ဗက္တီဗာျမက္တုိ႔လုိ ေျမ ဆီလႊာ ထိန္းတဲ့အပင္မ်ဳိး
၅။ မုိးေရ ကုိ ကန္ နဲ႔ သုိေလွာင္ၿပီး ေရေနပင္ေတြ ျဖစ္တဲ့ ၾကာပန္း တုိ႔ ေရကညြတ္တုိ႔ ကုိေတာ့ပဥၥမအလႊာ အျဖစ္ စုိက္ပါတယ္..။
၆။ ဆ႒မအလႊာ အျဖစ္ ဥစား ေျမေအာက္အစာသုိေလွာင္ေသာ ပင္စည္ ေတြ ျဖစ္တဲ့ ဂ်င္း နႏြင္း ၊ ဝဥ စတာေတြ စုိက္ပါတယ္..။
၇။ သတၱမ အလႊာ ကေတာ့ ႏြယ္ ပင္ေတြ ဆင္တုံးမႏြယ္၊ စပ်စ္၊ကြမ္း၊ေအာင္မဲညဳိ၊ ငရုတ္ေကာင္း တုိ႔ လုိ ႏြယ္ပင္ေတြ ထည့္ထား ပါတယ္..။
အပင္ေတြ ေရြးခ်ယ္ ၿပီးရင္ ဇုံခြဲျခားမႈေတြ ဆက္ပါအုံးမယ္ ..။
ေဒါက္တာသန္းသန္းစိန္
၁၈.၅.၂၀၂၀

Permaculture (6)


Permaculture အခြေခံ မူ (၁၂) ချက်
-----------( Unicode)
Permaculture သည်မြေယာ ရှုခင်းပုံစံများ ၊ လုပ်ဆောင်ပုံနှင့် အပင် နှင့် တိရိစ္ဆာန် မျိုးစိတ်များ စွာ ပေါင်းစပ်ပါဝင်မှုကို ပုံစံများကိုအလေးပေးကာ စနစ်အမျိုးမျိုး တည်ဆောက်ပေးပါတယ်..။
ဘယ်နေရာမှာ ထားလိုက်ရင်အကျိုးအရှိဆုံးဖြစ်မယ် ဆိုတာကို ဆုံးဖြတ်နေရာချထားခြင်းတွေလည်းပါဝင်ပါတယ်..။
ထို့ကြောင့် Permaculture ဒီဇိုင်း တွေမှာ စွန့်ပစ်ရေကို ပြန်လည် အသုံးပြုစနစ် တွေ ၊ ရာသီဥတု မြေပြင်အနေအထား..ရေရရှိမှု ပေါ်မူတည်ပြီး ရေစုဆောင်းထိန်းသိမ်းတဲ့စနစ် တွေ၊ ရေ နဲ့ အတူငါးမွေးမြူတာ တို့ ၊ တောင်ကုန်းခြေရင်း တွေကို စားကျက်ခင်း တွေ ပြုလုပ်တာ…. ရေဝေရေလွဲ ဒေသ တွေမှာ သစ်တောပင်စတာတွေ ပါဝင်ပါတယ်..။
ထိုသို့ တည်ဆောက်ခြင်းဖြင့်စွန့်ပစ်ပစ္စည်း၊ လူ့လုပ်အားနှင့်စွမ်းအင်သုံးစွဲမှုကိုအနည်းဆုံးဖြစ်စေရန်နှင့်အကျိုး ကျေးဇူးများကိုအများဆုံးရရှိစေပါတယ်..။
Permaculture ရဲ့ အယူအဆရေးရာအခြေခံအုတ်မြစ်ဖြစ်သောဒီဇိုင်းအခြေခံမူများ ဟာ စနစ်များစွာ တည်ဆောက်လိုက်ပြီး ဂေဟဗေဒနှင့်ရေရှည်တည်တံ့ခိုင်မြဲသော မြေအသုံးချမှုဆိုင်ရာ စက်မှုတော်လှန်ရေး မတိုင်မီကာလ မှ နမူနာများကိုလေ့လာခြင်း တွေကိုအခြေခံထားတဲ့ သိပ္ပံပညာမှဆင်းသက်လာခြင်းဖြစ်ပါတယ်..။
Permaculture သည်သြဂဲနစ်စိုက်ပျိုးရေး၊ သစ်တောရေးရာ၊ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုနှင့်အသုံးချဂေဟဗေဒအပါအ ၀ င်စည်းမျဉ်းပေါင်းများစွာ မှရရှိတဲ့ဗဟုသုတများစွာကိုလည်း အခြေခံထားပါတယ်..။ Permaculture ဟာ စိုက်ပျိုးရေးအပြင် လူနေအိမ်ရာ နဲ့မြေယာ ရှုခင်းများကိုဒီဇိုင်းဆွဲရာ မှာ အသုံးများခဲ့ပြီး စိုက်ပျိုးရေးသစ်တော၊ သဘာဝအဆောက်အအုံနှင့် မိုးရေစုဆောင်းသိမ်းဆည်းခြင်းကဲ့သို့သောနည်းစနစ်များကို permaculture ဒီဇိုင်းအခြေခံမူများနှင့်သီအိုရီအရပေါင်းစပ်ထားပါတယ်..။ ဒါကြောင့် လည်း Permaculture ဟာရေရှည်တည်တံ့ တဲ့ စိုက်ပျိုးရေးစနစ် ထက် သာလွန် ပါတယ် လို့ သတ်မှတ်ကြပါတယ်..။
Permaculture ဒီဇိုင်းရေးဆွဲ ရာတွင် လိုက်နာရမည့် အခြေခံ မူများ ကတော့ (၁၂) ချက်ရှိပါတယ်..။
ဆရာ ဒေးဗစ်က Permaculture တွင် ရေရှည်တည်တံ့မှုထက် သာလွန် တဲ့ အခြေခံမူများ နှင့် လုပ်ဆောင်ရမဲ့ လမ်းကြောင်းများကို Permaculture ဒီဇိုင်းအခြေခံမူ ၁၂ ခုကို တိတိကျကျ ချမှတ်ပေးခဲ့ပါတယ်..။
၁။လေ့လာမႈများနှင့်အပြန်အလှန်ဆက်သွယ်မှု - (Observe and interact)
သဘာဝနှင့်ထိတွေ့ရန်အချိန်ယူခြင်းဖြင့် ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏အခြေအနေနှင့်ကိုက်ညီသောဖြေရှင်းနည်းများကိုဒီဇိုင်းဆွဲနိုင်ပါသည် ။ တဲ့။
ဆိုလိုတာကတော့ မိမိ စိုက်ပျိုးလုပ်ကိုင်မည့်မြေအမျိုးအစား၊ အနိမ့်အမြင့် ၊ ရေရရှိမှု ၊ မြေဆီလွှာကောင်းမွန်မှု ရှိမရှိ ၊ရာသီဥတု၊မိုးရေချိန် ၊ သဘာဝဘေးအန္တရာယ် ကျရောက်တတ်သလား ( ရေကြီးသလား မိုးခေါင်သလား၊ ရေငံဝင်သလား၊ စက်ရုံတွေ နဲ့ နီးနေသလား ) စသည်ဖြင့် သေချာပြည့်စုံအောင် အချိန်ယူလေ့လာထားပါ။ မှတ်တမ်းတွေ ထားရှိပါ..။ ဒီအချက်တွေကို အခြေခံပြီးဒီဇိုင်းဆွဲရမှာ မို့ပါ..။
၂။စွမ်းအင်ကိုဖမ်းယူသိုလှောင်ခြင်း - Catch and store energy
သယံဇာတ အရင်းအမြစ်များပေါများမှုအများဆုံးရှိပါက ထို အရင်းအမြစ်များကိုစုဆောင်းသောစနစ်များကိုတည်ဆောက်ခြင်းအားဖြင့်ကျွန်ုပ်တို့သည်၎င်းတို့ကိုလိုအပ်သည့်အချိန်များတွင်အသုံးပြုနိုင်သည်။
ဒီအချက် ကတော့ ကိုယ် စိုက်ပျိုးထုတ်လုပ်မဲ့မြေနေရာမှာ သဘာဝ ရေထွက်တွေ ရှိနေမယ်…။ တောင်ကုန်း လေးပါမယ် ဆိုရင် ထိုနေရာလေး နဲ့ ကပ်လျက် ရေကန်လေးတွေတူးမယ် ..။ လေကောင်းစွာတိုက်မယ် ဆိုရင် လေရဟတ် တပ်ဆင်သင့်ပါကတပ်ဆင်မယ် ..။ သဘာဝ တောင်တန်း တွေပေါ်မှာ ရေစိ်မ့်ဆင်းမှုကောင်းစေမဲ့ သစ်တောပင်တွေ စိုက်မယ် ….လို့ ဆိုလိုပါတယ်..။
၃။အထွက်နှုန်းကိုရယူပါ - Obtain a yield
သင်လုပ်ဆောင်နေသည့်လုပ်ငန်း၏အစိတ်အပိုင်းများ မှာ သင့်အတွက်သင်အမှန်တကယ် အသုံးဝင်သော ဆုလာဘ်များရရှိကြောင်းသေချာပါစေ။
ဒီအခြေခံမူ ကတော့ Permaculture ဒီဇိုင်းရေးဆွဲ စိုက်ပျိုးနေတာ ၃ နှစ်မှ ခံစားရမယ်..၄နှစ် မှ ရမယ် ဆိုတာမျိုးမဟုတ်ပဲ ရေတို သီးနှံ( ဥပမာ - ဟင်းသီးဟင်းရွက်ခင်းများ) စိုက်ပျိုးကာ ချက်ချင်းထွက်ရှိပြီး စားသုံးနေနိုင်ရပါမယ်..။ လူတစ်ယောက်အတွက် နေ့စဉ် လိုအပ် တဲ့ စားသုံးသီးနှံအမယ် စုံက စဉ်ဆက်မပြတ်ထွက်ရှိနေရပါမယ်…။ သီးနှံ သာမက..ငါးကန်က ငါးရနေတာ… ကြက်ဥဥနေတာ ပျားမွေးမြူရေးကပျားရည်ရနေတာမျိုးကိုဆိုလိုပါတယ်..။
၄။ကိုယ်ပိုင် စီမံ ခန့်ခွဲ ခွွင့်ကိုကျင့်သုံးပြီးအဆင်ပြေမှု ရှိမရှိ တုံ့ပြန်လာ သည့်အဖြေကို အလိုက်သင့် လက်ခံပါ။ -( Apply self-regulation and accept feedback)
စနစ်များကောင်းစွာ လည်ပတ်နိုင်အောင်သေချာစေရန်မသင့်လျော်သောလုပ်ဆောင်မှုကိုတားဆီးရန်လိုအပ်ပါသည်။
ဥပမာ - မိမိရဲ့ ခြံအတွင် း မိုးရေ သိုလှောင်စုဆောင်းတဲ့ စနစ်တွေ ၊ ရေဆိုးကို ပြန်လည် အသုံးချ ပြီး စိုက်ခင်းတွေ ထံ ရေသွင်းတာ အဆင်မြေမှု ရှိမရှိ ၊စွန့်ပစ်ပစ္စည်းတွေကိုမြေသြဇာ ပြန်လုပ်တာ..တစ်နေရာရာမှာ ပြန်လည် အသုံးချမှု က ကောင်းကောင်းလည် ပတ်နိုင်ရဲ့ လား… ။စနစ်တကျဖြစ်ရဲ့လားဆိုတာ အမြဲစစ်ဆေးအဖြေရှာနေဘို့ လိုအပ်ပါတယ်..။
၅။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များနှင့် ၀ န်ဆောင်မှုများကိုအသုံးပြုခြင်းနှင့်တန်ဖိုးထားခြင်း - (Use and value renewable resources and services)
ကျွန်ုပ်တို့၏သုံးစွဲမှုအပြုအမူနှင့်ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော အရင်းအမြစ်များအပေါ်မှီခိုမှုကိုလျှော့ချရန်သဘာဝအရင်းအမြစ်များကိုအကောင်းဆုံးအသုံးပြုပါ။
အစကဖေါ်ပြခဲ့တဲ့ သုံးစွဲကုန်ခမ်း သွားနိုင်တဲ့ စွမ်းအင်တွေ အပေါ် မှာ အလွန်အမင်မှီခို မှုမရှိ နေရပါဘူး..။ သြဂဲနစ် ခြံမှာ သြဂဲနစ် စိုက်ပျိုးရေး လုပ်ပါရဲ့ သို့သော် ပြင်ပ မှ (သို့မဟုတ်) ပြည်ပ မှ သွင်းရတယ်..သယ်ယူပို့ဆောင်ရတယ် ဆိုတာမျိုးထက် မိမိ ခြံအတွင်းမှာ ပဲ သြဂဲနစ် မြေ သြဇာ လုပ်ဆောင်နိုင်ဘို့ ကြိုးစားရပါမယ်..။
ဒီဇယ် ဆီ သုံးလို့ ရေတင်ရတာ မျိုးထက် မိုးရေစုဆောင်းတာမျိုး….။ မီးဖိုချောင် သုံးစွန့်ပစ်ရေ တွေကိုပြန်လည်အသုံးချတာမျိုး ၊ နေရောင်ခြည် စွမ်းအင်သုံး ပစ္စည်းများအသုံးပြုတာမျိုး ဖြစ်ရပါမယ်..။
၆။ မည်သည့်အရာမျှ အလေအလွင့်မရှိအောင် စိုက်ပျိုးထုတ်လုပ်ပါမည်။: (Produce no waste )
ရရှိနိုင်သမျှသောအရင်းအမြစ်များအားလုံးကိုတန်ဖိုးထားခြင်းနှင့်အသုံးပြုခြင်းအားဖြင့်, ဘာမျှမဖြုန်းတီးဖို့လိုအပ်ပါသည်။
အလေအလွင့် အမှိုက်ဆိုတာ မရှိပါဘူး…။ စနစ်တစ်ခု မှ ထွက်ပေါ်လာတဲ့ စွန့်ပစ်ပစ္စည်း ဟာ နောက်စနစ်တစ်ခု အတွက် အသုံးဝင်နေရပါမယ်…။ မွေးမြူရေးခြံ မှ တိရိစ္ဆာန်ချေးဟာ အပင်အတွက် မြေသြဇာ ဖြစ်နေပါတယ်…။ စိုက်ခင်း မှ ပယ်လိုက်တဲ့ ဟင်းသီးဟင်းရွက် ဟာ တိရိစ္ဆာန် အစာ ဖြစ်နေအောင် စီမံဆောင်ရွက်ရပါမယ်…။ လုံးဝ အလေအလွင့်မရှိစေရပါဘူး..။
၇။ ပုံစံများ အကြမ်း ရေးဆွဲပြီး အသေးစိတ်သို့ဒီဇိုင်းများဖြည့်စွက်ပါ -(Design from patterns to details)
နံပါတ်(၁) အတိုင်း အကြမ်းဖျင်း ပုံစံများရေးဆွဲပြီး အဆင်မပြေလ ျှင် ပြန်လည်ပြင်ဆင် ခြင်းအားပြုလုပ်ပါ..။ ၎င်းတို့သည်ကျွန်ုပ်တို့ ဒီဇိုင်း၏ကျောရိုးကိုဖွဲ့စည်းတည်ဆောက်နိုင်သည်။အတည်ပြုပြီး တာ နဲ့ အသေးစိတ်ကိုကျွန်ုပ်တို့ ထပ်မံ ဖြည့်စွက် ရပါမည်။
ဥပမာ- လူသွားလမ်းလေး ဖောက်လုပ်ခြင်း ၊ အိမ်နေရာ ရွေးချယ်ပြီး အိမ်နားတစ်ဝိုက်လိုအပ်သော သစ်ပင်စိုက်ပျိုးခြင်း ။စည်းရိုး ပင်များ စိုက်ပျိုးခြင်းစသည် ဖြင့် အနုစိတ်ထပ်မံချယ် မှုန်း စိုက်ပျိုးရပါမည်..။
၈။ ခွဲခြားခြင်းထက်ပေါင်းစည်းခြင်း - (Integrate rather than segregate)
မှန်ကန်သောအရာများကိုမှန်ကန်သောနေရာတွင်အတူ တကွ ထားခြင်းအားဖြင့်ထိုအရာများအကြားဆက်ဆံရေးသည်ဖွံ့ဖြိုးတိုးတက် မှု ရှိပါသည်။ တစ် ဦး နှင့်တစ် ဦး ပံ့ပိုးရန်အတူတကွလည်း လုပ်ဆောင်နိုင်ကြပါသည်။
Permaculture ဒီဇိုင်းသည် ကိုယ်ပိုင်ခြံ တစ်ခု (သို့မဟုတ်) အသိုင်းအဝိုင်းတစ်ခု မှာ တည်ဆောက်မည် ဆိုလ ျှင် နေအိမ် တည်နေရာ သည် ပြန့်ကြဲနေခြင်းထက် ပေါင်းပေါင်းစည်းစည်း ဖြစ်နေခြင်းက ပိုလို့ကောင်းပါတယ်..။ပြဿနာ ကို ပေါင်းစု ဖြေရှင်းခြင်း စျေးကွက်အတူ ပို့တာစသည် ဖြင့် လုပ်ဆောင်နိုင်ကြပါလိမ့်မယ်…။
၉ ။နည်းနည်း အသုံးပြုပြီး တစ်ဖြေးဖြေး ဖြေရှင်းနည်းများကိုသုံးပါ။ (Use small and slow solutions)
နည်းနည်းချင်း အသုံးပြုပြီး တစ်ဖြေးဖြေး ဖြေရှင်းနည်းများကိုသုံးခြင်း သည် ကြီးမားသောစနစ်များထက် ထိန်းသိမ်းရန်ပိုမိုလွယ်ကူသည်။
ဥပမာ ။ သစ်တော တစ်ခု လုံးခုတ်ရောင်း တောင်ယာ စိုက်ပျိုးတာထက် တောင်ပေါ်က သစ်ပင်ကြပ်များ နည်းနည်းချင် ထုတ်ရောင်းမယ် ။ အိမ်ဆောက်မယ်…။ ပြီးတော့ အစားထိုးပြန် လည်စိုက်ပျိုးမယ်။ အခြေပြုထားတဲ့ စန်ကိုမပျက်ရအောင် နည်းနည်းချင်း သာ ထုတ်ယူသုံးစွဲ တာကိုဆိုလိုပါတယ်..။
၁၀။ ဇီဝမျိုးကွဲကြွယ်ဝ မှုကိုအသုံးပြုခြင်းနှင့်တန်ဖိုးထားခြင်း - (Use and value diversity)
ဇီဝမျိုးကွဲ ကြွယ် ဝခြင်း မတူညီ ကွဲပြားသော မျိုးစိတ်များစွာ ရှိနေးခြင်းသည် အမျိုးမျိုးသောခြိမ်းခြောက်မှုများ ( ရာသီဥတု၊စျေးကွက်၊ အလုပ်သမား၊) ကိုအားနည်းစေပြီး ပတ်ဝန်းကျင်ရှိထူးခြားသောအကျိုးရှိမှုကိုဖြစ်ထွန်းစေပါသည်။
ကျွန်မတို့ စိုက်ပျိုးရေးသမားတွေကိုချိမ်းခြောက်နေတဲ့အရာတွေကအများသားပါ…။ အပင်မှာကျတဲ့ရောဂါ၊ ပိုးမွှား တွေကို ရန်သူ လို့ သတ်မှတ်သလို အခြားသောအကြောင်းအချက်တွေကလည်း ချိမ်းခြောက်နေပါတယ်…။ စျေးကွက် ၊အလုပ်သမား ရှားပါးမှု ၊စျေးကွက် စတာတွေက တစ်ချိန်တည်းတစ်ပြိုင်တည်း ထွက်လာတဲ့ သီးနှံတွေကို စျေးကောင်းမရအောင်နှိပ်စက်ပါတယ်..။အထွက်နှုန်းမြင့်မားတိုင်းကောင်းမွန်တဲ့ဝင်ငွေ မရရှိနိုင်ပါဘူး..။ အထွက်များလေ..စျေးကျလေ ဖြစ်တတ်သလို ပြည်ပ (နယ် စပ်ကုန်သွယ်ရေး) မှာလည်း မကြည့်ချင်မြင်လျက်သား ဆုံးရှုံးရမှုတွေ အများသားပါ..။
အဆိုးဆုံးကတော့ အထွက်ကိုပါချိမ်းခြောက်တဲ့ ရာသီဥတုပေါ့..။ အမယ် စုံစိုက်ပျိုးခြင်း နဲ့ တန်ဘိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းတွေက သီးနှ့တွေမဆုံးရှုံးရအောင်ကာကွယ် ပေးပါလိမ့်မယ်..။
၁၁။ စနစ်တစ်ခု၏ အနားသတ်လိုင်းများ ကိုအသုံးပြု ပါ ။တန်ဖိုးထားပါ။ (Use edges and value the marginal)
အရာဝတ္ထုများ နှင့် စနစ်တစ်ခု နှင့်တစ်ခု အကြားဆက်သွယ်မှုသည်စိတ်ဝင်စားစရာအကောင်းဆုံးအခြေအနေများဖြစ်သည်။ ၎င်းတို့သည်စနစ်အတွင်းတန်ဖိုးအရှိဆုံး၊ မတူကွဲပြား။ အကျိုးဖြစ်ထွန်းသော အရာမျာစွာရှိသည် တန်ဘိုးထားအသုံးပြုရပါမည်။
Permaculture ဒီဇိုင်း တွင် စနစ် တစ်ခု နဲ့ တစ်ခု ကြားနယ် ခြားနိမိတ်တွေ ၊ ခြံစည်းရိုးတန်း မကာရသေးတဲ့ နယ် စ်နေရာ တွေ ရှိတတ်ပါတယ်..။ထိုနေရာ တွေ ကို တန်ဖိုးထာစိတ်နဲ့ အသုံးဝင်တဲ့အပင်တွေ စိုက်ရပါမယ်…။ ဥပမာ မန်ကျည်းစည်းရိုး လို မျိုး၊ ကန်ဘောင်မှာ ဗက်တီဗာ မြက် စိုက်တာ မျိုး…။ ဝါးပင်တွေ ထည့်ပေးတာမျိုးပြုလုပ်ရပါမယ်..။
၁၂။ ပြောင်းလဲမှုများ ကို လက်ခံ၍ အသုံးဝင်လာအောင်ဖန်တီးခြင်း - (Creatively use and respond to change)
ကျွန်ုပ်တို့သည်မလွှဲမရှောင်သာပြောင်းလဲမှုကို လက်ခံပြီး အပြုသဘောသက်ရောက်မှု ရှိနိုင်သည်ကို ဂရုတစိုက်စောင့်ကြည့်ခြင်း နှင့် အသုံးဝင်လာအောင်ဖန်တီးနိုင်ရပါမည်..။
ဥပမာ - မုန်တိုင်းကြောင့်အပင်လဲသွားပါက အဆောက်အဦဆောက်လုပ်ခြင်း၊အပင်အစားထို်းခြင်း။ထင်းအတွက်သိုလေ ှာင်စုဆောင်းခြင်း၊ မြေသြဇာ ပြုလုပ်ခြင်းတို့ကိုစဉ်းစားလုပ်ဆောင်တာမျိုးပါ..။ ဖြစ်လာမဲ့အကျိုးဆက်တွေကို တတ်နိုင်သမ ျှ စောင့်ကြပ်ကြည့်ရှုပြီး ဆိုးကျိုးနည်းအောင်ဆောင်ရွက်ခြင်းတို့ပါပဲ..။
ပိုးကျနေခဲ့ရင်လည်းအကျိုးပြုအင်းဆက်တွေ ဆွဲဆောင်တဲ့ အပင်တွေ စိုက်ပျိုးတာမျိုး ပါ..။
ပြောရရင်တော့အများကြီးပါ..ဆက်လက်ဖေါ်ပြပါဦးမည်။
ဒေါက်တာသန်းသန်းစိန်
၁၇.၅.၂၀၂၀

Permaculture (5)


မူရင်း အဓိပ္ပါယ် ၊ သယံဇာတ ကန့်သတ်မှု နှင့် Peak Oil Theory
-------------------------------------------------------
ပါမာကပ်လ်ချား လို့ အသံထွက် တဲ့ ဒီအင်္ဂလိပ်စကားလုံး ကို စိုက်ပျိုးရေးဘွဲ့ ရဖြစ်တဲ့ ကျွန်မ ရင်းနှီးကျွမ်းဝင် ခဲ့သည်မှာ မကြာသေးပါ..။
Perma = Permanent
Culture = Agriculture ဆိုတဲ့ စကားလုံး (၂) လုံးပေါင်းစပ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်…။
မြန်မာ လို ပြန်ကြတဲ့အခါ ကျွန်မတို့ဆရာ ဦးသိန်းဆုက အခြေတကျဥယျာဉ်ခြံစိုက်ပျိုးရေး လို့ ဆီလျော်စွာဘာသာပြန်ပေးထားပါတယ်..။
ကျွန်မတို့ ယနေ့ စိုက်ပျိုးလုပ်ဆောင်ကြတဲ့ စိုက်ပျိုးရေး မှာ မြေ ကိုသီးနှံတစ်ရာသီအသုံးချ လိုက်၊ ရိ်တ်သိမ်းလိုက် ၊ပြန်ထွန်ယက်လိုက် လုပ်ကြတဲ့ လယ်စိုက်ပျိုးရေး၊ ယာသီးနှံ (ပဲ၊ပြောင်း၊နှမ်း၊ ဝါ၊ ဂုံလေ ျှာ် ၊) စတဲ့ သီးနှံတွေ မပါသလို နားလည်ကြတာများပါတယ်..။
ကျွန်မတို့ စိုက်ပျိုးရေးတက္ကသိုလ် ၊စိုက်ပျိုးရေသိပ္ပံ တွေ မှာ ဘာစာရပ်ခွဲကြတဲ့အခါ မှာ လည်း၊ လယ်ယာသီးနှံ စိုက်ပျိုးရေး၊ နှစ်ရှည် သီးနှံစိုက်ပျိုးရေး၊ စက်မှုကုန်ကြမ်းသီးနှံစိုက်ပျိုးရေး ၊ ဥယျာဉ်ခြံ သီးနှံစိုက်ပျိုးရေး ဆိုပြီး သီးနှံများကို အုပ်စု ခွဲခြားကာ နည်းပညာကလည်းကွဲပြားသလို ဖြစ်ရပါတယ်…။
Permaculture ရဲ့ အခြေခံ မူဝါဒတွေကိုရှင်းပြတိုင်း ခွဲခြား စိုက်ပျိုးတတ်တဲ့ ကျွန်မတို့တောင်သူတွေက လက်မခံတတ်ပါဘူး..။ ဆရာမ ပြောသလို ဆို ဥယျာဉ်ခြံ ကြီးကြီး စိုက်မှ ဒီလိုကျင့်သုံးနိုင်ပါမယ် ..။ လယ် နဲ့ယာ မှာ ဆို ဒီစနစ် လုပ်လို့မရဘူး လို့ ပဲ ပြောလေ့ရှိတတ်ပါတယ်..။
Conventional Agriculture( တစ်ကွင်းတစ်စပ်တစ်ပြန့်တစ်ပြော သီးနှံ တစ်မျိုးတည်းစိုက်ပျိုးခြင်း) နဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ၊ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး ၊လောင်စာဆီများစွာ သုံးစွဲ ပြီး အထွက်ကိုရှေ့ရှု လုပ်ဆောင် တဲ့ ကာ က လည်း မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ပါ..။ တိုးလာတဲ့ ပါးစပ်ပေါက် တွေကို ဝလင်အောင်ကျွေးမွေးဘို့ အထွက်တိုးမှ ဖြစ်မယ် …။ဒါကြောင့် ဒီသတ်ဆေးတွေ သုံးတာ တရားတယ်၊လုပ်သင့်တယ် ဆိုတဲ့ ခံယူချက်နဲ့ စိုက်ပျိုးတဲ့ ကာလတွေကြာခဲ့ပါပြီ..။
Monoculture လို့ခေါ်တဲ့ သီးနှံ တစ်မျိုး တည်းကို တစ်ကွင်းတစ်စပ် ထဲ စိုက်ပျိုးတဲ့စနစ်ဟာ ပြင်ပ သွင်းအားစု များစွာ ကို အသုံးပြုရပါတယ်။ ပိုးကျ ရင်ကျသလို..ရောဂါကျရင်ကျသလို တောင်သူတွေဟာ ဝင်ငွေ အဆုံးရှုံးမခံ လိုကြတာနဲ့ ဓာတု ဆေးများစွာ ကိုအသုံးပြုကြပါတယ်..။
အဲဒီအခါ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မှာ အဓိက အရေးကြီး တဲ့ ဇီဝ မျိုးကွဲကြွယ်ဝမှု ကို ဆိုးရွားစွာ ထိခိုက်ပါတော့တယ်..။ တကယ်လို့ သြဂဲနစ် စိုက်ပျိုးရေး ကိုကျင့်သုံးခဲ့မယ် ဆိုရင်တောင်မှပဲ..သီးနှံ တစ်မျိုးတည်းတကွင်းတစ်စပ်ထဲ အားပြု စိုက်ပျိုး ရေး မှာ သြဂဲနစ် သွင်းအားစု များစွာ အသုံပြု ရမှာ အမှန်ပါပဲ။
ကျမ တို့ နမူနာ ပြု ရမဲ့ စိုက်ပျိုးသဘာဝ ပတ်ဝန်းကျင်ကတော့ သဘာဝ သစ်တော ရဲ့ ဝန်းကျင်ဖြစ်ပါတယ်..။ သဘာဝ သစ်တောထဲမှာ မှီတင်းနေထိုင်ကြတဲ့ သက်ရှိ တွေဟာ အချင်းချင်း ညီညွတ်မ ျှတစွာနေထိုင်ကြတယ်..။ မျိုးစိတ်တစ်ခု ကစွန့်ထုတ်တာ ဟာနောက်မျိုးစိတ် တစ်ခု အတွက် လိုအပ်လို့ သုံးစွဲ ရမဲ့အရာဖြစ်နေ တတ်ပါတယ်..။
သို့သော်လည်း ကမ္ဘာ့စိုက်ပျိုးမြေ ရဲ့ ၉ ၀% ဖြစ်တဲ့ မြေဧက သန်း ၁၅၀၀ ဟာ Monoculture လို့ခေါ်တဲ့ သီးနှံတစ်မျိုးတည်းကို စိုက်ပျိုးပြီး စိုက်ပျိုးရေးအခြေခံတဲ့ စက်မှု လုပ်ငန်း အထောက်အကူပြု တဲ့မြေနေရာတွေ ဖြစ်နေပါတယ်.။
များပြားလှစွာသောသွင်းအားစုတွေကိုလည်းအလ ျှံပယ် သုံးစွဲနေကြပါတယ်။ တစ်ကမ္ဘာ လုံးစားရေရိက္ခာ ထုတ်လုပ်မှုကို အားလုံး အနေနဲ့ ခြုံငုံကြည့်မယ် ဆိုလ ျှင် ကောက်ပဲသီးနှံ၁၂ မျိုးနဲ့ ဟင်းသီးဟင်းရွက် ၂၃ မျိုးကိုသာ အမှီပြု စားသုံးနေကြရပါတယ်။
Monoculture လို့ခေါ်တဲ့ သီးနှံတစ်မျိုးတည်းကို စိုက်ပျိုးခြင်းဟာ ပိုးမွှား ၊ ရောဂါ ကိုလက်ယပ်ဖိတ်ခေါ် သလို ဖြစ်ပြီး စိုက်ခင်းထဲမှာ စွဲမြဲစေပါတယ်။ ရာသီဥတု ပြောင်းလဲမှုကို ပါ အကျိုးသက်ရောက်မှု ရှိစေပြီး အိန္ဒိယ နဲ့ အိုင်ယာလန် နိုင်ငံသမိုင်းတွေမှာ အကြီးအကျယ် ငတ်မွတ်ခေါင်းပါးမှု ဖြစ်စေတဲ့သမိုင်းကြောင်းတွေရှိခဲ့ဘူးပါတယ်..။
ကမ္ဘာ့လူထုကိုကျွေးမွေး ချင်လို့ ဒီလို ဆေးတွေ သုံးစိုက်ရတာပါဆိုရင်..သူတို့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ဝလင်အောင် မကျွေးမွေးနိုင်တော့ မဲ့ အနေအထားကို မှန်းဆ ကြည့်လို့ရနေပါပြီ..။
သိပ္ပံပညာရှင် အိုင်းစတိုင်းက ပြောဘူးတယ် ကမ္ဘာမှာ ပျားမျိုးစိတ်ပျောက်ကွယ် သွားပြီးရင် လူသားမျိုးနွယ် ပျောက်ဆုံး ဘို့က နောက်ထပ်၄နှစ် ပဲခံ ပါလိမ့်မယ် တဲ့..။ထိုဇီဝမျိုးကွဲ တွေကို ထိန်းသိမ်းဘို့..ဆိုတာ အရေးကြီး လှပါတယ်..။
မြန်မာက ငါးပညာရှင် တွေကတော့ပြောဘူးတယ်..။ တောင်သူတွေ ပေါင်းသတ်ဆေး သာ ဆက်လက်သုံးစွဲနေမယ် ဆိုရင် မြန်မာ့ရေချိုငါး မျိုးတုံးပျောက်ကွယ် သွား နိုင်တယ် လို့ဆိုပါတယ်..။
တောင်ပေါ်ရေဝေရေလွဲ ဒေသ တွေမှာ သစ်ပင် တွေ ခုတ်ခြင်း၊ တောင်ယာမီးရှို့ခြင်း ဆိုတာကလည်း မြေပြန့် ကစိုက်ပျိုးရေး အတွက်ရေကြီးတာ…မိုးခေါင် တာ တွေအဖြစ် ဆက်စပ် ပတ်သက်နေရပြန်ပါတယ်..။
နောက်တစ်ခု က လူတိုင်းနဲ့ ဆိုင်တဲ့လောင်စာ ကိစ္စ၊ ကျွန်မတို့ စိုက်ပျိုးရေး မှာ ရေ က အသက်ပါ ရေမရှိရင် ဘာမှ စိုက်ပျိုးလို့ မရပါဘူး..။ မြေအောက်ရေ ဖြစ်ဖြစ်၊ မြစ်ရေတင် ဘို့ပဲဖြစ်ဖြစ် လောင်စာဆီတွေ အသုံးပြုရပါတယ်..။
ကျွန်မ ရဲ့ အတွေ့အကြုံ အရ ဟင်းသီးဟင်းရွက်စိုက်တောင်သူတွေ ကို အင်တာဗျူးကြည့်တဲ့အခါ ဒီဇယ် ဆီ ဘိုးစရိတ်ဟာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ဓာတ်မြေသြဇာ ၊ မျိုးစေ့ ဘိုးတွေလို တန်းတူ လည်ဂုတ်ခွစီးသလို ဝန်တာပိနေစေ တာကို ကြားသိရဘူး ပါတယ်..။
ဒေးဗစ် နဲ့ ဆရာဘီလ် ဟာ Permaculture အကြောင်း စတင်ခဲ့စဉ်က ၁၉ ၇၀ ခုနှစ်လောက်
မှာ စွမ်းအင် နဲ့ ပတ်သက်ပြီး ရှားပါးမှု ဒုက္ခ ရင်ဆိုင်ခဲ့ရတာ ကို သိသိမှတ်မှတ်ခံစား ခဲ့ရတယ်..။
စိုက်ပျိုးရေး ကအသုံးပြု တဲ့ သဘာဝ အရင်းအမြစ်တွေ ဟာ အကန့်အသတ်မ ျှသာရှိတယ် ..။ ပြန်လည် ပြည့်ဖြိုး မနေဘူး..။ တနေ့ မှာ ကုန်ခမ်းသွားမယ် ဆိုတော့ဘယ်လို လုပ်ကြမလဲ ဆိုတာကိုလေးလေးနက်နက် စဉ်းစားပါတယ်..။
ရေရှည် တည်တံ့ တာထက်ပိုတဲ့ အရင်လို စိမ်းစိုလန်းဆန်းတဲ့ကမ္ဘာကြီး ကိုပြန်လည် ဖန်တီး ဘို့ စိုက်ပျိုးနည်းဟာ အရေးကြီး ခဲ့ပြီ..။
ရေရှည် တည်တံ့ ခြင်း ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဆောင်ရွက်ကြမယ် ဆိုလျင် ယနေ့မျိုးဆက်တွေအတွက် လတ်တလော စဉ်းစား တာ ဖြစ်ပြီး နောင်လာ နောက်သားတွေအတွက် ချန်ရစ်မဲ့ အမွေ….သယံဇာတ အမွေ…. ဖြစ်ဘို့ ထပ်မံစဉ်းစားစေချင်တဲ့ နည်းစနစ်လည်းဖြစ်ပါတယ်..။
စွမ်းအင်လောင်စာ တွေ နဲ့ ပတ်သက်ပြီး Peak oil ဆိုတဲ့ အယူအဆ ကို ဘူမိရူပဗေဒပညာရှင် Marion King Hubbert က စတင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်..။ ကမ္ဘာ ရဲ့ ရေနံထုတ်လုပ်မှု ကိန်းဂဏန်း တွေကို Graph ဆွဲ မယ် ဆိုရင် ခေါင်းလောင်းပုံ ကွေးကွေးကွေးကွေးလေး ဲဖြစ်ပေါ်နေတာဖြစ်တယ်။
အမြင့်ဆုံး ထုတ်လုပ်နိုင်တဲ့နှစ်ဟာ ၂၀၀၀ ဖြစ်တယ် ..ဆက်လက်ပြီးကျဆင်းနေတယ် လို့သူကဆိုပါတယ်…။ ဒီသော့ချက်ဟာ ကမ္ဘာ ပေါ်ရှိလူထုတွေ ရဲ့ လူနေမှု ဘဝတွေကို ထိခိုက် လာမယ် ဆိုတာ လည်းပါဝင် တယ်..။ Hubbert ကအမြင့်ဆုံးသောရေနံသည်ရေနံထုတ်လုပ်မှုအများဆုံးနှုန်းကို ရေက်ရှိ ပြီး ကာ မှ စတင်ကျဆင်းလာသည့်အချက်တစ်ချက်ဖြင့် Peak Oil Theory ကို ထုတ်ဖေါ် ခဲ့ပါတယ်..။
ရေနံအမြင့်ဆုံးရောက်ရှိချိန်တွင် ရေနံတွင်း အသစ်များရှာဖွေတွေ့ရှိမှုသည်လက်ရှိတွင်း များရဲ့ ထုတ်လုပ်မှု ကျဆင်းခြင်းနှင့်အမီလိုက်နိုင် အုံးမည်မဟုတ်ပါ ။
ယနေ့ စိုက်ပျိုးရေးနည်းစနစ်များအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့သည်မရှိမဖြစ်လိုအပ်သောကြောင့်ကမ္ဘာလုံးဆိုင်ရာရေနံတင်ပို့မှုကျဆင်းခြင်းသည်လာမည့်ဆယ်စုနှစ်များအတွင်းစားနပ်ရိက္ခာဈေးနှုန်းများနှင့်မကြုံစဖူးအစာခေါင်းပါးခြင်းများကိုဖြစ်ပေါ်စေနိုင်တယ် ဆိုတာ ကိုလည်း ခန့်မှန်း ထား ခဲ့ပါတယ်..။
တိုးလာမဲ့ပါးစပ်ပေါက် တွေအတွက် သီးနှံအထွက်နှုန်းတွေ တိုးရမယ် …. ရှိသမ ျှ ဆေးတွေသုံးပါ။ အထွက်နှုန်းသည် အဓိက ( Production Oriented Agriculture) က တည်မှီခဲ့သော အချက်သုံးချက်ဖြစ်တဲ့..ရေ နှင့်စွမ်းအင်သည် ထိုသို့ ပြောင်းလဲခဲ့ပါပြီ..။
တတိယအချက်ကတော့ ရာသီဥတု ပြောင်းလဲခြင်း ပါ…။
ထို သို့အကြောင်းများစွာကို ကြိုတင်စဉ်းစားပြီး မှPermaculture ရဲ့ အခြေခံမူဝါဒများချမှတ်ခဲ့ခြင်းဖြစ်ပါတယ်..။
Permaculture (5)
မူရင္း အဓိပၸါယ္ ၊ သယံဇာတ ကန္႔သတ္မႈ ႏွင့္ Peak Oil Theory
-------------------------------------------------------
ပါမာကပ္လ္ခ်ား လုိ႔ အသံထြက္ တဲ့ ဒီအဂၤလိပ္စကားလုံး ကုိ စုိက္ပ်ဳိးေရးဘြဲ႔ ရျဖစ္တဲ့ ကၽြန္မ ရင္းႏွီးကၽြမ္းဝင္ ခဲ့သည္မွာ မၾကာေသးပါ..။
Perma = Permanent
Culture = Agriculture ဆုိတဲ့ စကားလုံး (၂) လုံးေပါင္းစပ္ထားတာ ေတြ႔ရမွာ ျဖစ္ပါတယ္…။
ျမန္မာ လုိ ျပန္ၾကတဲ့အခါ ကၽြန္မတုိ႔ဆရာ ဦးသိန္းဆုက အေျခတက်ဥယ်ာဥ္ျခံစုိက္ပ်ဳိးေရး လုိ႔ ဆီေလ်ာ္စြာဘာသာျပန္ေပးထားပါတယ္..။
ကၽြန္မတုိ႔ ယေန႔ စုိက္ပ်ဳိးလုပ္ေဆာင္ၾကတဲ့ စုိက္ပ်ဳိးေရး မွာ ေျမ ကုိသီးႏွံတစ္ရာသီအသုံးခ် လုိက္၊ ရိ္တ္သိမ္းလုိက္ ၊ျပန္ထြန္ယက္လုိက္ လုပ္ၾကတဲ့ လယ္စုိက္ပ်ဳိးေရး၊ ယာသီးႏွံ (ပဲ၊ေျပာင္း၊ႏွမ္း၊ ဝါ၊ ဂုံေလ ွ်ာ္ ၊) စတဲ့ သီးႏွံေတြ မပါသလုိ နားလည္ၾကတာမ်ားပါတယ္..။
ကၽြန္မတုိ႔ စုိက္ပ်ဳိးေရးတကၠသုိလ္ ၊စုိက္ပ်ုိးေရသိပၸံ ေတြ မွာ ဘာစာရပ္ခြဲၾကတဲ့အခါ မွာ လည္း၊ လယ္ယာသီးႏွံ စုိက္ပ်ဳိးေရး၊ ႏွစ္ရွည္ သီးႏွံစုိက္ပ်ဳိးေရး၊ စက္မႈကုန္ၾကမ္းသီးႏွံစုိက္ပ်ဳိးေရး ၊ ဥယ်ာဥ္ျခံ သီးႏွံစုိက္ပ်ဳိးေရး ဆုိၿပီး သီးႏွံမ်ားကုိ အုပ္စု ခြဲျခားကာ နည္းပညာကလည္းကြဲျပားသလုိ ျဖစ္ရပါတယ္…။
Permaculture ရဲ႔ အေျခခံ မူဝါဒေတြကုိရွင္းျပတုိင္း ခြဲျခား စုိက္ပ်ဳိးတတ္တဲ့ ကၽြန္မတုိ႔ေတာင္သူေတြက လက္မခံတတ္ပါဘူး..။ ဆရာမ ေျပာသလုိ ဆုိ ဥယ်ာဥ္ျခံ ႀကီးႀကီး စုိက္မွ ဒီလုိက်င့္သုံးႏုိင္ပါမယ္ ..။ လယ္ နဲ႔ယာ မွာ ဆုိ ဒီစနစ္ လုပ္လုိ႔မရဘူး လုိ႔ ပဲ ေျပာေလ့ရွိတတ္ပါတယ္..။
Conventional Agriculture( တစ္ကြင္းတစ္စပ္တစ္ျပန္႔တစ္ေျပာ သီးႏွံ တစ္မ်ဳိးတည္းစုိက္ပ်ဳိးျခင္း) နဲ႔ ဓာတ္ေျမၾသဇာ၊ ပုိးသတ္ေဆး ၊ေပါင္းသတ္ေဆး၊ မႈိသတ္ေဆး ၊ေလာင္စာဆီမ်ားစြာ သုံးစြဲ ၿပီး အထြက္ကုိေရွ႔ရႈ လုပ္ေဆာင္ တဲ့ ကာ က လည္း မြန္ျမတ္တဲ့ရည္ရြယ္ခ်က္နဲ႔ ပါ..။ တုိးလာတဲ့ ပါးစပ္ေပါက္ ေတြကုိ ဝလင္ေအာင္ေကၽြးေမြးဘုိ႔ အထြက္တုိးမွ ျဖစ္မယ္ …။ဒါေၾကာင့္ ဒီသတ္ေဆးေတြ သုံးတာ တရားတယ္၊လုပ္သင့္တယ္ ဆုိတဲ့ ခံယူခ်က္နဲ႔ စုိက္ပ်ဳိးတဲ့ ကာလေတြၾကာခဲ့ပါၿပီ..။
Monoculture လုိ႔ေခၚတဲ့ သီးႏွံ တစ္မ်ဳိး တည္းကုိ တစ္ကြင္းတစ္စပ္ ထဲ စုိက္ပ်ဳိးတဲ့စနစ္ဟာ ျပင္ပ သြင္းအားစု မ်ားစြာ ကုိ အသုံးျပဳရပါတယ္။ ပုိးက် ရင္က်သလုိ..ေရာဂါက်ရင္က်သလုိ ေတာင္သူေတြဟာ ဝင္ေငြ အဆုံးရႈံးမခံ လုိၾကတာနဲ႔ ဓာတု ေဆးမ်ားစြာ ကုိအသုံးျပဳၾကပါတယ္..။
အဲဒီအခါ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး မွာ အဓိက အေရးႀကီး တဲ့ ဇီဝ မ်ဳိးကြဲၾကြယ္ဝမႈ ကုိ ဆုိးရြားစြာ ထိခုိက္ပါေတာ့တယ္..။ တကယ္လုိ႔ ၾသဂဲနစ္ စုိက္ပ်ဳိးေရး ကုိက်င့္သုံးခဲ့မယ္ ဆုိရင္ေတာင္မွပဲ..သီးႏွံ တစ္မ်ဳိးတည္းတကြင္းတစ္စပ္ထဲ အားျပဳ စုိက္ပ်ဳိး ေရး မွာ ၾသဂဲနစ္ သြင္းအားစု မ်ားစြာ အသုံျပဳ ရမွာ အမွန္ပါပဲ။
က်မ တုိ႔ နမူနာ ျပဳ ရမဲ့ စုိက္ပ်ဳိးသဘာဝ ပတ္ဝန္းက်င္ကေတာ့ သဘာဝ သစ္ေတာ ရဲ႔ ဝန္းက်င္ျဖစ္ပါတယ္..။ သဘာဝ သစ္ေတာထဲမွာ မွီတင္းေနထုိင္ၾကတဲ့ သက္ရွိ ေတြဟာ အခ်င္းခ်င္း ညီညြတ္မ ွ်တစြာေနထုိင္ၾကတယ္..။ မ်ဳိးစိတ္တစ္ခု ကစြန္႔ထုတ္တာ ဟာေနာက္မ်ဳိးစိတ္ တစ္ခု အတြက္ လုိအပ္လုိ႔ သုံးစြဲ ရမဲ့အရာျဖစ္ေန တတ္ပါတယ္..။
သုိ႔ေသာ္လည္း ကမၻာ့စုိက္ပ်ဳိးေျမ ရဲ႔ ၉ ၀% ျဖစ္တဲ့ ေျမဧက သန္း ၁၅၀၀ ဟာ Monoculture လုိ႔ေခၚတဲ့ သီးႏွံတစ္မ်ဳိးတည္းကုိ စုိက္ပ်ဳိးၿပီး စုိက္ပ်ဳိးေရးအေျခခံတဲ့ စက္မႈ လုပ္ငန္း အေထာက္အကူျပဳ တဲ့ေျမေနရာေတြ ျဖစ္ေနပါတယ္.။
မ်ားျပားလွစြာေသာသြင္းအားစုေတြကုိလည္းအလ ွ်ံပယ္ သုံးစြဲေနၾကပါတယ္။ တစ္ကမၻာ လုံးစားေရရိကၡာ ထုတ္လုပ္မႈကုိ အားလုံး အေနနဲ႔ ျခဳံငုံၾကည့္မယ္ ဆုိလ ွ်င္ ေကာက္ပဲသီးႏွံ၁၂ မ်ဳိးနဲ႔ ဟင္းသီးဟင္းရြက္ ၂၃ မ်ဳိးကုိသာ အမွီျပဳ စားသုံးေနၾကရပါတယ္။
Monoculture လုိ႔ေခၚတဲ့ သီးႏွံတစ္မ်ဳိးတည္းကုိ စုိက္ပ်ဳိးျခင္းဟာ ပုိးမႊား ၊ ေရာဂါ ကုိလက္ယပ္ဖိတ္ေခၚ သလုိ ျဖစ္ၿပီး စုိက္ခင္းထဲမွာ စြဲျမဲေစပါတယ္။ ရာသီဥတု ေျပာင္းလဲမႈကုိ ပါ အက်ဳိးသက္ေရာက္မႈ ရွိေစၿပီး အိႏၵိယ နဲ႔ အုိင္ယာလန္ ႏုိင္ငံသမုိင္းေတြမွာ အႀကီးအက်ယ္ ငတ္မြတ္ေခါင္းပါးမႈ ျဖစ္ေစတဲ့သမုိင္းေၾကာင္းေတြရွိခဲ့ဘူးပါတယ္..။
ကမၻာ့လူထုကုိေကၽြးေမြး ခ်င္လုိ႔ ဒီလုိ ေဆးေတြ သုံးစုိက္ရတာပါဆုိရင္..သူတုိ႔ရဲ႔ေဘးထြက္ဆုိးက်ဳိးေၾကာင့္ ဝလင္ေအာင္ မေကၽြးေမြးႏုိင္ေတာ့ မဲ့ အေနအထားကုိ မွန္းဆ ၾကည့္လုိ႔ရေနပါၿပီ..။
သိပၸံပညာရွင္ အုိင္းစတုိင္းက ေျပာဘူးတယ္ ကမၻာမွာ ပ်ားမ်ဳိးစိတ္ေပ်ာက္ကြယ္ သြားၿပီးရင္ လူသားမ်ဳိးႏြယ္ ေပ်ာက္ဆုံး ဘုိ႔က ေနာက္ထပ္၄ႏွစ္ ပဲခံ ပါလိမ့္မယ္ တဲ့..။ထုိဇီဝမ်ဳိးကြဲ ေတြကုိ ထိန္းသိမ္းဘုိ႔..ဆုိတာ အေရးႀကီး လွပါတယ္..။
ျမန္မာက ငါးပညာရွင္ ေတြကေတာ့ေျပာဘူးတယ္..။ ေတာင္သူေတြ ေပါင္းသတ္ေဆး သာ ဆက္လက္သုံးစြဲေနမယ္ ဆုိရင္ ျမန္မာ့ေရခ်ုိငါး မ်ဳိးတုံးေပ်ာက္ကြယ္ သြား ႏုိင္တယ္ လုိ႔ဆုိပါတယ္..။
ေတာင္ေပၚေရေဝေရလြဲ ေဒသ ေတြမွာ သစ္ပင္ ေတြ ခုတ္ျခင္း၊ ေတာင္ယာမီးရႈိ႔ျခင္း ဆုိတာကလည္း ေျမျပန္႔ ကစုိက္ပ်ဳိးေရး အတြက္ေရႀကီးတာ…မုိးေခါင္ တာ ေတြအျဖစ္ ဆက္စပ္ ပတ္သက္ေနရျပန္ပါတယ္..။
ေနာက္တစ္ခု က လူတုိင္းနဲ႔ ဆုိင္တဲ့ေလာင္စာ ကိစၥ၊ ကၽြန္မတုိ႔ စုိက္ပ်ဳိးေရး မွာ ေရ က အသက္ပါ ေရမရွိရင္ ဘာမွ စုိက္ပ်ဳိးလုိ႔ မရပါဘူး..။ ေျမေအာက္ေရ ျဖစ္ျဖစ္၊ ျမစ္ေရတင္ ဘုိ႔ပဲျဖစ္ျဖစ္ ေလာင္စာဆီေတြ အသုံးျပဳရပါတယ္..။
ကၽြန္မ ရဲ႔ အေတြ႔အႀကဳံ အရ ဟင္းသီးဟင္းရြက္စုိက္ေတာင္သူေတြ ကုိ အင္တာဗ်ဴးၾကည့္တဲ့အခါ ဒီဇယ္ ဆီ ဘုိးစရိတ္ဟာ ပုိးသတ္ေဆး၊ ေပါင္းသတ္ေဆး၊ဓာတ္ေျမၾသဇာ ၊ မ်ုိးေစ့ ဘုိးေတြလုိ တန္းတူ လည္ဂုတ္ခြစီးသလုိ ဝန္တာပိေနေစ တာကုိ ၾကားသိရဘူး ပါတယ္..။
ေဒးဗစ္ နဲ႔ ဆရာဘီလ္ ဟာ Permaculture အေၾကာင္း စတင္ခဲ့စဥ္က ၁၉ ၇၀ ခုႏွစ္ေလာက္
မွာ စြမ္းအင္ နဲ႔ ပတ္သက္ၿပီး ရွားပါးမႈ ဒုကၡ ရင္ဆုိင္ခဲ့ရတာ ကုိ သိသိမွတ္မွတ္ခံစား ခဲ့ရတယ္..။
စုိက္ပ်ဳိးေရး ကအသုံးျပဳ တဲ့ သဘာဝ အရင္းအျမစ္ေတြ ဟာ အကန္႔အသတ္မ ွ်သာရွိတယ္ ..။ ျပန္လည္ ျပည့္ျဖဳိး မေနဘူး..။ တေန႔ မွာ ကုန္ခမ္းသြားမယ္ ဆုိေတာ့ဘယ္လုိ လုပ္ၾကမလဲ ဆုိတာကုိေလးေလးနက္နက္ စဥ္းစားပါတယ္..။
ေရရွည္ တည္တံ့ တာထက္ပုိတဲ့ အရင္လုိ စိမ္းစုိလန္းဆန္းတဲ့ကမၻာႀကီး ကုိျပန္လည္ ဖန္တီး ဘုိ႔ စုိက္ပ်ဳိးနည္းဟာ အေရးႀကီး ခဲ့ၿပီ..။
ေရရွည္ တည္တံ့ ျခင္း ဆုိတဲ့ ရည္ရြယ္ ခ်က္နဲ႔ ေဆာင္ရြက္ၾကမယ္ ဆုိလ်င္ ယေန႔မ်ုိးဆက္ေတြအတြက္ လတ္တေလာ စဥ္းစား တာ ျဖစ္ၿပီး ေနာင္လာ ေနာက္သားေတြအတြက္ ခ်န္ရစ္မဲ့ အေမြ….သယံဇာတ အေမြ…. ျဖစ္ဘုိ႔ ထပ္မံစဥ္းစားေစခ်င္တဲ့ နည္းစနစ္လည္းျဖစ္ပါတယ္..။
စြမ္းအင္ေလာင္စာ ေတြ နဲ႔ ပတ္သက္ၿပီး Peak oil ဆုိတဲ့ အယူအဆ ကို ဘူမိ႐ူပေဗဒပညာရွင္ Marion King Hubbert က စတင္ ေျပာဆုိခဲ့တာ ျဖစ္ပါတယ္..။ ကမၻာ ရဲ႔ ေရနံထုတ္လုပ္မႈ ကိန္းဂဏန္း ေတြကုိ Graph ဆြဲ မယ္ ဆုိရင္ ေခါင္းေလာင္းပုံ ေကြးေကြးေကြးေကြးေလး ဲျဖစ္ေပၚေနတာျဖစ္တယ္။
အျမင့္ဆုံး ထုတ္လုပ္ႏုိင္တဲ့ႏွစ္ဟာ ၂၀၀၀ ျဖစ္တယ္ ..ဆက္လက္ၿပီးက်ဆင္းေနတယ္ လုိ႔သူကဆုိပါတယ္…။ ဒီေသာ့ခ်က္ဟာ ကမၻာ ေပၚရွိလူထုေတြ ရဲ႔ လူေနမႈ ဘဝေတြကုိ ထိခုိက္ လာမယ္ ဆုိတာ လည္းပါဝင္ တယ္..။ Hubbert ကအျမင့္ဆုံးေသာေရနံသည္ေရနံထုတ္လုပ္မႈအမ်ားဆုံးႏႈန္းကို ေရက္ရွိ ၿပီး ကာ မွ စတင္က်ဆင္းလာသည့္အခ်က္တစ္ခ်က္ျဖင့္ Peak Oil Theory ကုိ ထုတ္ေဖၚ ခဲ့ပါတယ္..။
ေရနံအျမင့္ဆုံးေရာက္ရွိခ်ိန္တြင္ ေရနံတြင္း အသစ္မ်ားရွာေဖြေတြ႕ရွိမႈသည္လက္ရွိတြင္း မ်ားရဲ႔ ထုတ္လုပ္မႈ က်ဆင္းျခင္းႏွင့္အမီလိုက္နိုင္ အုံးမည္မဟုတ္ပါ ။
ယေန႔ စိုက္ပ်ိဳးေရးနည္းစနစ္မ်ားအတြက္ ေရနံႏွင့္သဘာဝဓာတ္ေငြ႕သည္မရွိမျဖစ္လိုအပ္ေသာေၾကာင့္ကမၻာလုံးဆိုင္ရာေရနံတင္ပို႔မႈက်ဆင္းျခင္းသည္လာမည့္ဆယ္စုႏွစ္မ်ားအတြင္းစားနပ္ရိကၡာေဈးႏႈန္းမ်ားႏွင့္မၾကဳံစဖူးအစာေခါင္းပါးျခင္းမ်ားကိုျဖစ္ေပၚေစနိုင္တယ္ ဆုိတာ ကုိလည္း ခန္႔မွန္း ထား ခဲ့ပါတယ္..။
တုိးလာမဲ့ပါးစပ္ေပါက္ ေတြအတြက္ သီးႏွံအထြက္ႏႈန္းေတြ တုိးရမယ္ …. ရွိသမ ွ် ေဆးေတြသုံးပါ။ အထြက္ႏႈန္းသည္ အဓိက ( Production Oriented Agriculture) က တည္မွီခဲ့ေသာ အခ်က္သုံးခ်က္ျဖစ္တဲ့..ေရ ႏွင့္စြမ္းအင္သည္ ထုိသုိ႔ ေျပာင္းလဲခဲ့ပါၿပီ..။
တတိယအခ်က္ကေတာ့ ရာသီဥတု ေျပာင္းလဲျခင္း ပါ…။
ထုိ သုိ႔အေၾကာင္းမ်ားစြာကုိ ႀကဳိတင္စဥ္းစားၿပီး မွPermaculture ရဲ႔ အေျခခံမူဝါဒမ်ားခ်မွတ္ခဲ့ျခင္းျဖစ္ပါတယ္..။
ဆက္လက္ေဖၚျပပါမည္။
ေဒါက္တာသန္းသန္းစိန္
၁၁.၅.၂၀၂၀