Thursday, March 31, 2011

ချစ်သော ကမ္ဘာမြေအတွက်

အပြာရောင် မိုး ကောင်းကင် တည်းဟူသော အမိုးအကာတစ်ခု တည်းအောက် တွင် တည်ရှိ၍ မြေလွှာတည်းဟူသော ကြမ်းခင်းထက်ဝယ် မိသားစုများစွာ ၊သက်ရှိ၊ သက်မဲ့များစွာ စုပေါင်း မှီတည် ခိုနားရာ အိမ်တစ်လုံး သဖွယ် တည်ရှိနေပါသော ကျွန်မတို့အားလုံး ရဲ့ ကမ္ဘာမြေကြီး ၊ ဘေးရန်၊ခပ်သိမ်းငြိမ်းပါစေကြောင်း၊ တောင်းဆုပြုလိုပါသဖြင့် မဟာကရုဏာတော်ရှင်-ကျေးဇူးတော်ရှင်မြတ်စွာဘုရားသခင် ၏ မေတ္တာသုတ်တော် တရားတော်များ ဖြင့် ပူဇော်ပါ၏။ မေတ္တာဓာတ်များ ထုံလွှမ်း အေးချမ်းရပါစေသား။ဘေးဒုက္ခ အန္တရာယ်၊ မှကင်းစင်လွင့်ပျောက်ရပါစေသား ။ ဘေးဒုက္ခ အန္တရာယ် အသွယ်သွယ် ကျရောက်ခံစားနေရသူများ၊ အမြန်ဆုံး ကျန်းမာ၊ချမ်းသာကြပါစေသား။

မေတ္တာဖြင့်---သစ္စာအလင်း











Wednesday, March 30, 2011

နှစ်ဏှာ-သုံးဏှာ သာ ဆို ခက်ရချည်ရဲ့

ဟိုတနေ့ က ဂျီတော့မှာ မိတ်ဆွေတစ်ယောက်က သူ့အပူကိုရင်ဖွင့်ရင်း သင့်တော်တဲ့တရား တစ်ခုခု ပြောပြပေးဘို့ တောင်းဆိုပါတယ်..။ သူခံစားနေရတာ ကတော့ နှလုံးသား ပြဿနာ တစ်ခု ပါ။ လူတိုင်း မကင်းကြတဲ့ အဖြစ်ပါ။ အမှန်မှာတော့ သူ့ ခြေဖဝါးအောက် ကျရောက် ရလေသည် လို့ စာဖွဲ့ရလောက်အောင် တန်ခိုးထွား လေသည့် အချစ်ဆိုသောအရာ ပါပေတကား .။

လောက တွင် ပရမတ္ထ သဘော ( တကယ့်အရှိ)သဘော အရ ဆန်းစစ်ကြည့်လျှင် လောကမှာ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ဆိုတဲ့ တရား (လေး)ပါးသာ ရှိသည်မို့ အချစ်ဆိုသည် မည်သည့်အရာ ထဲ တွင် စာရင်းဝင်ပါသလဲ။ သူက ဘာကြောင့် စွမ်းအားကြီးကျယ် ချယ်လှယ် နိုင်ရပါသလဲ..။သူ့ကို ထိန်းချုပ် ကိုင်တွယ် နိုင်တဲ့ တရားကောမရှိဘူးလား။

ဆိုကရေးတီး-Greek Philosopher Socrates ဝေဖန်ဆန်းစစ် သလို တကယ်ရှိတယ် ဆိုရင် ဘာကိုခေါ်တာလဲ။ ဘယ်နေရာမှာပေါ်တာလဲ၊ ဘယ်အချိန်မှာ ပေါ်တာလဲ ။ ဘာကြောင့်ပေါ်တာလဲ ။ ဒီလေးချက်နဲ့ ချိန်ထိုးကြည့် လိုက်မယ်ဆိုရင်

ပေါ်တဲ့နေရာကတော့ စိတ်မှီ တဲ့နှလုံးအိမ်ပေါ့၊ နှလုံး အိမ်ရဲ့ ညာဘက် အခန်း တစ်လက်စွမ်း မှရှိသော တွင်းကလေးကို သွေး ဖြတ်စီးသွားလိုက်မှာ စိတ်ဆိုတာဖြစ်ပေါ်တယ် ဆိုတော့ အဲဒီနေရာမှာပေါ်တော့တာပါ။ ဒါကြောင့် နှလုံးသာ ကြွေကျေကွဲ ရတယ်လို့ ခံစားချက်တွေ ပေါ်ထွက်လာတာပေါ့လေ..။

ဖြစ်ပေါ်တဲ့အချိန်ဆို တာ ကိုယ်ရဲ့ စိတ်နဲ့ အာရုံနဲ့ အဆင်ပြေတယ် ဆိုတဲ့အချိန် မှာဖြစ်ပေါ်တာပါ။ ဘာကြောင့်ပေါ်တာလည်းဆိုတော့ စိတ်နဲ့ အာရုံ အဆင်ပြေ တဲ့အတွက် အဆင်ပြေရင် ရင် အကုန် ကပ်ညိတာပဲ..။ လှပါတယ် ချစ်စရာကောင်းတယ်ပြောပါများရင် ပြေးကပ်တော့တာပဲ၊ တွေတွေး။ ချစ်စရာကောင်းပါတယ်၊ လှပါတယ် ပြော ပါများရင် အားပြည့်လာရင် ခိုင်သွားပြီနော်..။အဲလို ချီးကျူး သံချင်းတူရင်တောင်ကိုယ် ကလည်းနှစ်သက်နိုင်တဲ့သူ လည်းဖြစ်မှ ပေါ်တာပါ။ ကိုယ်က မကြိုက်တဲ့ သူ ဆိုရင် မပေါ်နိုင်သေးပါဘူး။

သက်မဲ့ ဖြစ်တဲ့ သံတုံးတောင်..။ သံလိုက်ဓာတ်သွင်းလို့ရတယ်..။ မြေထဲကို သံတုံး မြှုပ်ရတယ်..။ ဖြေးဖြေးလေးခေါက်ရတယ်..။ ဆွဲအားကြောင့် Direction တည့်သွားရင် မော်လီကျူးလေးတွေက ရုပ်တွေစီသွား ရင် အားဝင်လာတယ်။ အဖိုအမ ဆို ဆွဲတယ်..။နိယမ ကြီးနော်..ကြောက်စရာ ကောင်းလှပါ တယ်။ ဒီတော့ ပြန်လည် စုပေါင်းလိုက်ရရင် စိတ်နဲ့ အာရုံအဆင်ပြေ တဲ့အချိန်မှာ အဆင်ပြေတယ်လို့နှလုံးသွင်းပြီး အာရုံကို ကပ်ညိ သိမ်းပိုက်လိုက်တဲ့ သဘောတရားတစ်ခုကို အချစ်လို့ ခေါ်တာပါ။

ပါဠိလို ဆိုရင် တဏှာ ပေါ့နော်။တဏှာ ဆိုတာကတော့ အာရုံကို ကပ်ညိ ခြင်း၊အာရုံကိုချုပ်စပ်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်..။ တဏှာ အစပ် ကတော့ စိတ်အမြင်မှန်နဲ့ စိတ်အမြင်မှားကြားထဲကအစပ်၊ ဝေဒနာနဲ့ တဏှာ ကြား ကအစပ် ကလေးပါ။သဗ္ဗညုတ ဉာဏ်တော်ရှင်၊ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် ပင် ဗောဓိပင် နဲ့ ရွှေပလ္လင်အောက်ရောက်ခါမှ *အနေကဇာတိ သံသာရံ* အစချီပြီး -ဟယ်တဏှာယောင်္ကျား၊လက်သမား -ရယ်လို့ အပြတ် အမြစ်ဖြုတ်နိုင်ခဲ့တာပါ။ ငါတို့နေရာ၊ ဤ ကမ္ဘာ တဏှာ အုပ်စိုးခဲ့ ပေသကိုး။တဏှာ အားကောင်းလာရင် အရှိန်ရအားပြည့်လာပြီး ဥပါဒါန် အဆင့်ကိုကူး ပါတော့တယ်..။ ဥပါဒါန် အဆင့် မှာတော့ ဆုံးဆုံးဖြတ်ဖြတ် ကြံစည် ခြင်း လို့ ဖွင့်ဆိုကြပါတယ်။

တကယ်တော့ ကျွန်မတို့ ဒီလို ဖြစ်ရတာ ဟာ သံသရာမှာ ကျင်လည်ခဲ့ ရသမျှ ကာလပတ်လုံး ထုထည်ကြီးမားစွာ စွဲ မြဲ တည်ရှိတဲ့ သက္ကာယဒိဋ္ဌိ အမြင် မှားကြောင့်ပါ။ သက္ကာ ယဆိုတာကတော့ အထင်အရှား ရှိတဲ့သဘောကိုခေါ်ပါတယ်။ ဒိဋ္ဌိ ဆိုတာကတော့ အထင်အရှား ရှိတဲ့ စွဲလမ်းဖွယ် ခန္ဓာငါးပါး အပေါ် သတ္တဝါ အကောင်အထည် ရှိတယ်ဆိုတဲ့အမြင် နဲ့ ကြ့ည်မြင်တဲ့ အမြင်မှားပါ။ အဲဒီ အမြင် မှား ကြောင့်ပဲ အချိန်ပြည့်ချမ်းသာ ကိုတောင့်တ တတ်ပါတယ်..။ ချမ်းသာကို တောင့်တတော့ ကိုယ့်ကို ချမ်းသာပေးနိုင်မဲ့ သက်ရှိ သက်မဲ့ တွေကို တွယ်တာပါတယ် ၊တဏှာ နဲ့ ကပ်ညိလေ့ရှိကြပါတယ်။ ချုပ်စပ်လေ့ ရှိကြပါတယ်။ ဒါကိုပဲ အချစ်ကြီး သယောင် လောကသဘော ပြောဆိုကြတာပါပဲ။

ကွဲရင် အေးမလားပူမလား..တားမရဘူး။မျက်ရည်ကျမှာပဲ၊ နုံးခွေအောင် ခံစားရမှာပဲ.. သူလည်းမမှားငါလည်းမမှား ၊ ဘူးနော် နှလုံးသွင်းမှားခဲ့တာ အစကတည်း က ပညာ နဲ့ မကြည့်ခဲ့မိ လို့ပါ။တကယ်တော့လည် ဘယ်သူကို မှ အပြစ်တင်စရာမရှိပါဘူးနော်…။ သတ္တဝါ အထည် ထင်ပြီး စွမ်းအား ဖြစ်စေမဲ့ စွမ်းအား ဝါသနာ မဟုတ်စေမဲ့ ဝါသနာ အလေ့အကျင့်ကို မလေ့ကျင့်ရဘူးဆိုတဲ့ ဆရာသမားစကားပြန်လည်ကြားယောင်မိပါတယ်။

ကြိမ်ဖန်များစွာဖြင့်အာသေဝန သတ္တိ တို့ဖြင့် နှလုံးလည်းသွင်းမိရော.. အချိန်တန်ရင် ကြွကြွတက်လာခဲ့တာ၊ အားစိုက်စရာတောင် မလိုတော့ပါ ဘူး။ ဥပမာ စီးကရက်သောက်တဲ့အကျင့်ထုံထားတဲ့သူဆိုရင် လဘက်ရည်လေးသောက်ပြီးရင် ရုပ်တွေက မနေနိုင်တော့ဘူး.. စီးကရက် ကိုင်ချင်လာပြီ။မသောက်ရရင် နေမထိ ထိုင်မထိဖြစ်တော့တာ..။ သက်မဲ့တောင်မလွယ်လှ တဲ့ ဇာတ်လမ်းတွေပါ။

ကျွန်မဖတ်ခဲ့ဘူးတဲ့ ဆရာချစ်ဦးညိုရေး တဲ့ ရှင်စောပု ဘုရင်မကြီးအကြောင်းကို ရေးသားခဲ့တဲ့ ဇာတ်လမ်းမှာ သူ့ဖခမည်းတော် ရဲ့နှလုံးသားရေးရာ ကိစ္စ တွေ ကိုမှတ်မိနေခဲ့ပါတယ်။ ရှင်စောပု ရဲ့ မိခင် တလသုဒ္ဓမာယာ နဲ့ အရီးတော် တလမည်ဒေါ အပါအဝင် မိန်းမတွေ (မိဘုရား)တွေအပေါ် ထားတဲ့ သဘောထားအပေါ်မှာ သူမဟာ ကလေးဘဝကတည်းက အင်မတန် နာကျည်း ကြေကွဲ ခဲ့ပါတယ်..။

အချစ်ဆိုတာ မိန်းမတွေအတွက် ဘဝ တစ်ခုလုံး ဖြစ်ပေမဲ့။ ယောင်္ကျားတွေ အတွက်ကတော့ ဘဝ ရဲ့ အစိတ်အပိုင်း တစ်ခုလောက်သာ အရေးပါ ကြပါတယ်..။ ကျွန်မလည်း ရှင်စောပု နဲ့ ထပ်တူခံစားပြီး မွန်ဘုရင် ရာဇာဓိရာဇ် ကို မုန်းတီး နာကျည်းခဲ့ဘူး ပါတယ်..။

သူ့ဘုရင်နဲ့ သူ့သူရဲကောင်းတို့ စစ်ပွဲကာလတစ်ခုမှာ အချစ်စမ်း၊ အဖြစ်သည်း လိုက်ကြပုံ ကတော့ မိန်းမများရဲ့ နှလုံးသား ဟာ ခြေစမ်းပွဲက ဘောလုံးလေး များသဖွယ်ပါ။ သူ့မိခင် တလသုဒ္ဓ မာယာမိဘုရားကြီး ကို လဂွန်းအိမ် ထံ လက်ဆောင်ပဏ္ဏာ အဖြစ် ပို့ဆက်စေခဲ့တယ်။ သူတို့ ယောင်္ကျားချင်း သစ္စာရှိမှုကိုစမ်းသပ်တဲ့ နေရာမှာ မိန်းမတစ်ယောက်ရဲ့ နှလုံးသားဟာ တန်ဆာခံ ဖြစ် ခဲ့ရပါတယ်..။ အင်း သူတင်မကဘူး လဂွန်းအိမ်ရဲ့ ဇနီး မေနှင်းကေသရာ ကကော မခံစားရ ရှာပေဘူးလား။ ( မိဖုရားကို ငါမနှမြော ၊ သင်းကိုသာ ငါနှမြောသည် ) ဆိုတဲ့စကားကရာဇဝင် တွင် အောင် ကို မာကျောကြမ်းရှ ခဲ့တာပါပဲ။ လဂွန်းအိမ် ဆီက ပြန်အလာ မှာ နာကျည်းမှုတွေ နဲ့ အတူ အသဲနှလုံးဆွဲနှုတ်၊ ထုတ်ယူခြင်းခံရသူတစ်ဦးလို ထုံပေပေ မျက်နှာပေးကို ပြောင်းလဲ ဆင်မြန်းထား ခဲ့တာ ကို တော့ ထိုစဉ်က ငယ်ရွယ်လွန်းလှသေးတဲ့ ရှင်စောပု ရိပ်မိခဲ့ပါတယ်..။ သူက တော်ပါသေးတယ် ပိုဆိုးတာက အရီးတော် တလမည်ဒေါ ပါ။

ငယ်စဉ်ကတည်းက ချစ်ခင် တွယ်တာ ခဲ့ရတဲ့ မိဘုရား တလမည်ဒေါ ရဲ့ နှလုံးသား မှာ အချစ်တွေ သာမက ငယ်ဘဝ သံယောဇဉ်တွေ၊ တွယ်တာနှောင်တဲ မှုတွေထာဝစဉ် ပြည့် နှက်နေခဲ့တာပါ။ ပြည့်နှက် စွဲ လမ်း လောက်အောင်လည်း ချစ်သူထံမှ အကြင်နာ အယုအယ မြတ်နိုးမှု တစ်ပုံတစ်ပင် ရခဲ့ဘူးသည်လေ..။ ဘယ်သူကိုမှ မပေး ဘူးတဲ့ ချစ်သက်လက်ဆောင် လက်ဝတ်ရတနာ တွေဟာ သူတန်ဘိုးအထားဆုံး ၊အတွယ်တာ ဆုံး ဖြစ်လေသည်ပေါ့။ မြတ်နိုးလှစွာ ဦးထိပ်မှာ ပန်ဆင်ထုံးဖွဲ့ ထား တယ်ဆိုတော့ အချိန်ပြည့်နှလုံးသွင်းမှု သည် ခိုင်သထက်ခိုင် ခဲ့လေသည် ပင်။ တစ်ချိန်ချိန်မှာ ဖောက်ပြန်လိမ့်မည် ဆိုတာ ဘယ်သောခါမျှ တွေးခဲ့လေဟန်မတူပါ။ ရုတ်တရက် ချက်ချင်းဆိုသလို ချစ်သူ ရာဇာဓိရာဇ် ရဲ့ အချစ်သည် အသစ်တွေ့ကာ ပြောင်းလဲ ဖောက်ပြန်တဲ့အချိန်ဟာ မမျှော်လင့်ပဲ ကျရောက်လာပါတော့တယ်..။

ရွှေမောဓော စေတီ စောင်းတန်းမှာ ပန်းရောင်းတဲ့ မွေမနိတ်ကို မိဘုရားသစ် အဖြစ်ကောက်ယူတယ် ၊မြတ်နိုးတယ် မြှောက်စားတယ် သင့်ဦးခေါင်းထက်မှ ရတနာများ အချစ်သစ် အတွက် ပေးရမည် - အမိန့်တော် ဆိုသည့် စကားသည် တလမည်ဒေါ အတွက် နှင်းတောထဲက ဆွဲယူ ခံရကာ မီးလောင်တိုက်သွင်းလိုက်သလို ဖျတ်ကနဲ လွင့်စင်ကြေမွ ခဲ့ရပါတယ်..။ သည်အပူကို ဘယ်နည်းနဲ့မျှ ခံစားနိုင်စွမ်းမရှိ လေတော့ စိန်သောက်ကာ ဘဝ ကို အဆုံးသတ်ခဲ့ ပါတော့တယ်။

စိတ်နဲ့ အာရုံအဆင်ပြေတာတွေကို များများရထားဘူးတော့ များများတွယ်ထားတယ်။ များများတွယ် ရင်များများလောင်တယ်။ များများနှလုံးသွင်း ထားရင် များများထုံ၊ များများစွဲလန်းတတ် ကြပါတယ်..။ သူက တလသုဒ္ဓမာယာ ထက်ပိုများများ ရခဲ့ဘူးလေတော့ ပိုလောင်ပေသပေါ့။ ရာဇာဓိရာဇ်ကတော့ ရေမြေ့သနင်း၊ ပြည့်ရှင်မင်း ဆိုလေတော့ သူပိုင်တာ တွေကို သူ စိတ်ထင်သလို ချယ်လှယ် သုံးဆောင် ခံစား ပေလိမ့် မည် ။ဘုရင်သည် ဘုရင် အလုပ်လုပ် ပေလိမ့်မည်။ ဒါ ကို တလမည်ဒေါ က အမှန်ကိုမမြင်ရှာ၊ သစ္စာရှင်ချစ်သူ အဖြစ် နက်နက်နဲနဲ နှလုံးသွင်းမိတယ် ။ အဆုံးတိုင်သက်ဝင်ယုံကြည် မိတဲ့ သူ့ရင်ထဲက ဖြစ်ပေါ် ခဲ့တဲ့ တဏှာ က တရားခံပါ။ အင်မတန်မှ ချစ်တယ်ဆိုတာကလည်း ပရမတ္ထ သဘောနဲ့ကြည့်ရင် တဏှာ ၊ဥပါဒါန် အားကြီးတာပါပဲ လို့ တရားတော်များက ဆိုပါတယ်။

သာယာပြီး.. အကြိမ် များစွာ နှလုံးသွင်းမိရင်..ကိန်းထားတဲ့သတ္တိ ကအခိုင်အမာ တည်နေခဲ့ပါပြီ။ ဘဝင် ထဲမှာကိန်းထားမိတဲ့သတ္တိ က မျှော်လင့်နေတဲ့အခြေ အနေ နဲ့ လက်တွေ့ ဘဝ ရဲ့အခြေ အနေ ကအဆမတန် ကွာဟ ခဲ့ရင် ပူတော့တာ။ ကွာရင် ကွာသလို ပူရတာပါ။ တခုခု ရှင်ကွဲသေကွဲကွဲရင် ယောက်ယက်ခတ်မနေဘူးလား..။အဲဒီအပူက ဘယ်သူ့ကြောင့်လဲစဉ်းစားစဉ်းစား၊ အဖြေရအောင်ရှာ.. ဘုရားက ပုဂ္ဂိုလ်အပြစ်မတင်ဘူး။သတ္တဝါ အထည်..။ အပြစ်မတင်ဘူး. နိယမ အမှန်မသိတဲ့ အဝိဇ္ဇာကြောင့် ဆိုတာ မြင်အောင်ကြည့်ထားမှ အလှည့်စား မခံရမှာပါ။

အဲလို မဟုတ်ပဲ ကိုယ့်ကို နှစ်သက်တယ် ကြိုက်တယ် ဆို သဘောကျတယ် ကိုယ့် နားပဲထားချင်တယ်..။ အဲဒီအသံပဲ ကြားချင်တယ် ကိုယ့်နား ထားချင်တယ်..။ အဆုံးတိုင်သက်ဝင်မိတယ် ဆိုရင် လောကဓံ တကယ် လာရင် အဲဒီပုဂ္ဂိုလ် မနိုင်တော့ဘူး။ မချိမဆံ့ ခံစားရတယ် ဆိုတာ ဘယ်သူ့ကြောင့်လဲ။ ပုဂ္ဂိုလ် အပြစ်မတင်နဲ့ လေ..။မမြင်အောင်ဖုံးထားတဲ့ အဝိဇ္ဇာကြောင့်။ တစ်ချိန်က ပျော်စရာကောင်းတာတွေ မှန်သမျှဟာ အနာဂတ်မှာ ဆင်းရဲစေမဲ့ ဒုက္ခ မှတ်တမ်းတွေချည်းပါပဲ။

ဆင်းရဲအားလုံးရဲ့ တရားခံက မူလနှစ်ဖြာလေ.. အဝိဇ္ဇာ နဲ့ တဏှာလေ..။ နိယမ အမှန်မသိတဲ့အဝိဇ္ဇာကြောင့်… လောင်လိမ့်မယ် ခံစားရလိမ့်မယ် ။ သည်လေ့ကျင့်ခန်း ကို လေ့ကျင့်တာ နှလုံးသွင်းတာများ မှ သွေးသားမှာ သတ္တိကိန်းမယ် ။ တကယ့် သဘာဝ တရားကဖေါက်ပြန်မှာ လာမှာ.. ရှင်ကွဲမကွဲ သေကွဲ တဲ့အချိန်မှာ ကိန်းထားတဲ့ သွင်းထားတဲ့ သတ္တိကခုခံအား ရှိ ပါလိမ့်မယ်။

*လူဟု ဆိုလျှင်၊လူလိုပင်သာ

လူတွင်တွေ့မျိုး ၊ကြောင်းအကျိုး နှင့်

ကောင်းဆိုးနှစ်တန်၊ လောကဓံ ကို၊

ဖန်ဖန်တွေ့ မြဲ ၊ စိတ်မှာ စွဲ ၍

ဝမ်းနည်းဝမ်းသာ မများပါ။*

-ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး-ရှင်ဇနကာဘိဝံသ ရေးသားခဲ့တဲ့ ကဗျာလေးက နှစ်သက်စရာ ကျင့်စဉ်လေးကို ပြဆိုနေပါတယ်။ဘာပဲကြုံကြုံ ဝမ်းနည်း ဝမ်းသာ မများ စေသင့်တာ ဟာ နှလုံးသွင်းမှန်မှုတစ်ခုပါ။

အစကတည်း က ခပ်ခွာခွာလေးထား ဘို့ ကျင့်ရပါမယ်..။ ထိစပ်သော်လည်း မညိကပ်အောင်နေရပါမယ်။ သားသမီး၊ဆွေမျိုး၊မိတ်ဆွေများကိုသော်မှ ဆိုင်သော်လည်း မဆိုင်သလို။ ပိုင်ပါတယ် လို့ ဘယ်သူကဘယ်လိုပဲ အမည်တပ်တပ် မပိုင်သလို နေရပါလိမ့်မည်။

လူဆိုတာလူလိုပဲ ကျင့်လိမ့်မည်။ အသစ်တွေ့မည် ။ အချစ်မေ့မည်..။ သစ္စာရှိတယ် ပဲထားအုံး သေကွဲကတော့ ကွဲရပေလိမ့်မည်။ချစ်လှပါတယ်ဆိုတဲ့ သားသမီးလေးတွေ လည်းတစ်ချိန်မှာ ပိုင်ရှင်ပေါ်မည်။ အကုန် ဖြစ်နိုင်သည်ပဲ။

သက်မဲ့ အရာ များနှင့်ပတ်သက်လို့လည်း ဖောက်ပြန်တတ်တာ ကိုဆင်ခြင်ရပါမယ်..။ပျောက်တတ်သည်။ ခိုးခံရတတ်သည်။ ပျက်စီးတတ်သည်။ ကျကွဲတတ်သည်။ စုတ်ပြဲတတ် သည်။ကုန်ခမ်းတတ်သည်။ Blog တဏှာ ၊Face Book တဏှာ များပါ ထည့်ရပါလိမ့်မည်။

သာယာလှပ တဲ့သဘာဝပတ်ဝန်းကျင်ဆိုတာကလည်း ငလျင် လှုပ်တတ်သည် ဒီရေတက်တတ်သည် ။ မုန်တိုင်းထန်တတ်သည်။ပေါက်ကွဲတတ်သည် လို့ အမြဲ ဆင်ခြင်နိုင် ရပါတော့မယ်။ လောကနဲ့ မဆန့်ကျင် အောင် နေနေတာ၊လောကကိုနားလည် တာ ဟာ တရားကျင့်တာ ပါပဲ။

ကျွန်မရဲ့ မိတ်ဆွေကို ဒီသဘောလေးရှင်းပြ လိုက်မိ ပါတယ်..။ သိပ်မပူချင်ရင်နောက်ဆို အကင်းပါးပေတော့ လို့။ အဆုံးတိုင် သက်ဝင်ပြီးဘာကိုမှ မတွယ်လေနဲ့။ တွယ်လေ ပူလေ ပါပဲလို့။ နောက်ပြီး ဖြစ်စေချင်တဲ့ ပုံစံကို ဘယ်တော့မှ အသေမချလေနဲ့ လို့ ။အရာရာ ဟာ အကြောင်းညီညွတ်မှ သာ ဖြစ်လာပါလိမ့်မယ်လို့။

အင်း သူများကိုသာပြောတာ၊ ကျွန်မကျတော့ကော။ မူလဓမ္မဆရာတော် ဦးဝိဇယ ဟောကြားတော် မူတဲ့ တရားတစ်ပုဒ်ထဲက လိုသာ (တဏှာ ပေလို့ ပဲ၊နှစ်ဏှာ၊သုံးဏှာ သာဆို ခက်ရချည်ရဲ့ ) လို့ တိတ်တခိုး ရွတ် ဆိုမိပါတော့တယ်။

မေတ္တာဖြင့်

သစ္စာအလင်း

Sunday, March 27, 2011

ပိတောက်တွေ ပွင့်နေပြန်ပါပြီ

ဒီနေ့မနက် ကျွန်မ အခန်း ရဲ့ လသာဆောင် လေးဆီ လှမ်းထွက်လိုက်မိချိန်မှာတော့ အဆောင်ရှေ့ က ပိတောက်ပင်တွေ ပေါ်မှာ ဝါဝင်း လှပစွာ ဖူးပွင့်နေတဲ့ ပိတောက်ပန်းတွေ က ဆီးကြို နေပါတော့တယ်..။ထုံသင်းကြိုင်လှောက်၊ရွှေပိတောက်ချီုအီတယ် ဆိုတာမျိုးပေါ့လေ..။ Ajhan Condo လို့ ခေါ်တဲ့ဆရာတွေနေတဲ့အဆောင် ရှေ့ မှာ အေအိုင်တီ မှာကဲ့ သို့ ကျောက်ထိုင်ခုံအဝိုင်း လေးတွေကလည်း ကဗျာ ဆန်လှစွာ တည် ရှိပါတယ်..။

ကျောင်းရဲ့ အမှတ်တံဆိပ်သင်္ကေတ ဖြစ်လို့ တစ်ဝင်းလုံး အထူးတစ်လည် စိုက်ထားတဲ့ ငုဝါဝါတွေက လည်းဖူးတစ်ချို့ ၊ငုံတချို့ ပွင်တံများမှာဖားဖားဝေ နေကြ လျက် လှပနေကြတာ တစ်ကျောင်းလုံးလိုလိုပါ။ ကျွန်မ နေတဲ့ Ajhan Condo ရှေ့ မှာတော့ ငုကိုမတွေ့ ၊ပိတောက်ပင် အပင် ၃၀ကျော် သည်သာ တောအုပ်လေးသဖွယ် တည် ရှိနေတာမို့ လွမ်းယောင်သန်းတဲ့၊ ပန်းတောင်တန်း တွေ ဖြစ်နေပါတော့တယ်..။ ဒီနေ့မှာမှ တစ်ပြိုင်နက်တည်းကို ပွင့်ကြတော့တာပါ။ ရာသီဥတုကလည်း အေးအေးမြမြ လေး ဆိုတော့ အလွမ်းဓာတ်ခံရှိသူများ အတွက်တော့ မျက်ရည်စို့ချင် စရာ မြင်ကွင်းပေါ့နော်..။

ဒီနေ့ မနက် ကို ၄နာရီခွဲကတည်း က အိပ်ရာမှ နိုးနေခဲ့ပါတယ်။ ကျောင်းနားမှာရှိတဲ့ ဘုန်းကြီးကျောင်း ကို ဆွမ်းသွားကပ်မှာမို့ ဆွမ်းထချက်ရပါတယ်..။ ကျွန်မ အခန်းကအဆောင်ရဲ့ မျက်နှာစာ ဘက်မှာရှိပြီး ပြီး အပြင် လသာဆောင် မှာ Basin ရှိနေတာမို့ ဆေးကြော လုပ်ကိုင်ရင်း နွေဦး ပိတောက် ရှုခင်း ရဲ့ သိမ်းသွင်းဆွဲဆောင် မှုကြောင့် ဘယ်ဆီလွမ်းမိတပ်မသိ သလိုလေး တော့ဖြစ်သွားလိုက်ပါသေးတယ်..။

(လမ်းတစ်လျှောက်၊ပန်းပိတောက် မပေါ်သေးခင်မို့၊ အရေးတော် တမင်ရှူကာပ။ပင်ငုကိုသုံး၊ တစ်လျှောက်လမ်း၊ပိတောက်ပန်းဝေဝေလှိုင်တော့၊ ငုပန်းခိုင်ကြေကြေမွတယ်။လွင့်ကြအမုန်း။ )

ဆိုတဲ့ ယုဝတီမြင့်သိင်္ဂင်္ီမော် ရေးခဲ့တဲ့ ကဗျာလေးကသတ္တိကိန်း ထားခဲ့မိတာမို့ အလိုအလျောက် ရွတ်ဆိုမိလိုက်ပါသေးတယ်။

မြန်မာပြည်မှာတော့ ပိတောက်တွေ ပွင့်ကြပြီဆိုတာနဲ့ တကယ်တန်း ကြေကြေမွ ရတာက၊ ငုပန်းတွေမဟုတ်ပါ။ ပိတောက်ပန်းတွေကိုသာ ခူးကြ၊ ချိုးကြ၊ ဖဲ့ချွေကြ ဆိုတော့ စိတ်မသက်သာ စရာအဖြစ်သာ အမှတ်ရနေမိခဲ့တယ်..။ တစ်နှစ်တွင် ဒီတစ်လ ၊ တစ်လ မှာ ဒီတစ်ရက်၊ခက်ခက် ခဲခဲ ပွင့်ရှာကြရတာ ဆိုတော့လည်း တန်ဘိုးထားမြတ်နိုးကြပါတယ်တဲ့။ သူတို့မြတ်နိုးတန်ဘိုးထားမှုဆိုတာ ခူးကာ၊ချွေကာ၊ပန်ဆင်တာမျိုးပေကိုး။

ဒီမှာကတော့ ခူးမည့်သူ မရှိ။ အရေးစိုက်တဲ့သူ ကောရှိကြပါရဲ့လား။မြတ်နိုးတဲ့သူကော ရှိကြပါရဲ့လား။ ပန်ဆင်တဲ့သူကောရှိကြပါရဲ့လား။ အရေးစိုက်မခံရခြင်း သည်ပင် လျှင် ရေရှည် အလှတည်တံ့ ခွင့်၊မွှေးခွင့်၊ ကြိုင်ခွင့် ၊လှိုင်ခွင့်၊ နိုင်ခွင့်ရနေတာ မဟုတ်ပါလား။ ချွဲချွဲနွဲ့ နွဲ့ တွန်ကျူးလိုက်တဲ့ ဥသြသံ နဲ့ အတူ လွမ်းမေ့မူးမူး၊ နွေကန္တာဦးဆိုတဲ့ ဆိုတဲ့စကားလုံးတွေက ရုန်းကြွ တွန်းကန်လာလိုက်တာ..။

ဆွမ်း ကျက်တော့မှ ကျွန်မ ဘုရားဆွမ်းတော်ကပ်ဘို့ပြင်ဆင်ရင်း ဘုရားရှေ့ပြန်ရောက်ခဲ့ပါတယ်..။ သိသာလွန်းလှစွာ၊ မြေ့မြေ့ဆွေးဆွေး ၊ငေးငေးငိုင်ငိုင်လေး ဖြစ်ကာ ရင်ထဲ၊နှလုံးအိမ်ထဲ တင်းကနဲ ဖြစ်လာမှ သတိပြန်ကပ်မိသည်..။

ဘယ်ကစလဲစဉ်းစား။ ဆရာသမားပြောဘူးတာလေ..အလေ့အကျင့်တခုသည် အရှိန်ရအားပြည့်လာပါက ဝါသနာ အဖြစ် တည်၏။လို့မှတ်ရမယ်..။ ဝါသနာ အရှိန်အဟုန် များလာ ရင် ကိုယ့်စိတ်ကို နိုင်လား။ ရုပ်ကို ကောနိုင်သေးလား၊။ ကိုယ်က မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်ပြီဆိုရင် ဆန့်ကျင်ဘက်ဆို ငိုရမှာပဲလေ..။ဒါကြောင့်ကိုယ့်ကို စွမ်းအားကျစေမဲ့..။လောကဓံခံနိုင်စွမ်းမရှိစေမဲ့အလေ့အကျင့်ကို အစောကြီး ထဲက မလုပ်နဲ့၊ မလေ့နဲ့ မမွေ့ နဲ့ မထုံစေနဲ့ တဲ့။ လောကဓံ မခံနိုင်လို့ အပူထွက်ပြီးမျက်ရည် ကျရရင် အပါယ်ဇာတိပဲတဲ့..။ ရေဝတီလို ကန့်သတ်ချိန် ကုန် သွားခဲ့ ရင် ကိုယ်ပဲရှုံး မှာတဲ့။ ကျွန်မ ဘယ်သောခါ မှ မရှုံးချင်ပါ။

အရင်ကထုံခဲ့၊ မွေ့ ခဲ့တာတွေပါ ဘုရား။ ကြုံခဲ့ ၊ တွေ့ခဲ့တာတွေကို ..ထုံခဲ့၊ မွေ့ခဲ့ တာမို့၊လောကဓံ ကြုံတော့ စုန်တဲ့လမ်းမှာ စုန်ခဲ့၊မေ့ခဲ့တာ အမှန်ပဲပေါ့နော်..။မောဟ နဲ့ ပညာ ဆိုတာ အချိန်တိုင်း စာမေးပွဲဝင်စစ်နေတာပါ..။ အင်မတန်မှ သာယာလှပတဲ့နေရာလေးမှာ ပိတောက်ရနံ့ လေးတွေ သင်းတဲ့လမ်း မှာလျှောက်လှမ်းရတာ လည်း မေးခွန်းလွှာတစ်ခု ပေပဲ။

ဓမ္မပဒတွင် မဟာကာဠနှင့် စူဠကာဠညီနောင်ရဟန်းတော်နှစ်ပါးအကြောင်းဖတ်ရဖူးသည်။
ခေါင်ကိုလုံအောင်
မိုးမထားရင်တော့ မိုးစိုတာပဲ ဟူသော ဒေသနာတော် ရှိခဲ့ဘူးပါတယ်..
သူတို့
အတူတူရဟန်း ဝတ်ကြတာချင်းအတူတူ.သူတို့.......

ဘာကွာခြားကြတာ လဲ။ ဘာကြောင့်ကွာခြားကြတာလဲ..ဆိုတာ ကျွန်မ သိချင်စိတ်ပြင်းပြခဲ့ပါတယ်..။ ကျွန်မက ညီလို မျိုးလားဆန်းစစ်ကြည့် ချင်ခဲ့ပါတယ်။ ပညာ ဘက်ကတိုက်ပွဲဝင်ဘို့ အားပြန်ဖြည့်ရပါတယ်။

အဲဒါ နဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ရဲ့ မောဟ နဲ့ ပညာ (တဏှာအစပ်ပြတ်ပုံ ) တရားတော်ကို ကျွန်မ ပြန်ဖတ်ခဲ့ပါတယ်..။သည်ဟောတရားဟာ ၂နာရီကြာ ဖြစ်လို့ လုံးစေ့ ပတ်စေ့ရအောင် ကျွန်မ အချိန်တော်တော်ကြာကြာ အောင် စာရိုက် ထားရတဲ့တရားမို့ မှတ်မိနေခဲ့ပါတယ်..။ ဒီအပိုင်းလေးကတော့ ၁၅မိနစ် လောက်သာ ရှိပါတယ်။

ဆရာသမားဟူသောမိတ်ဆွေကောင်း ကို သတိရ၍ တရားနာယူပြီး ၊နှလုံးသွင်းတည့် ကြည့်ရအောင်ပါ။

ဘုရား ရှင်ရဲ့ တရား အ စဉ် အ တိုင်း နာ ပြီး တော့ အစ်ကို က သဘော ပေါက် သွား တယ်.။ ညီ လေး ငါ ရ ဟန်း ဝတ် တော့ မယ် တဲ့ ။မင်း ပြန် နှင့်  တော့ တဲ့ကျွန် တော် လည်း ဝတ် မှာ ပေါ့ တဲ့ဆို ပြီး တပည့် အ ကြီး ကို လှည်း တွေ သိမ်း ပြီး ပြန် တော့ ဆို ခိုင်း လိုက်တယ်။အစဉ် အတိုင်း ဘုရား ဟော အ တိုင်း လေ့ ကျင့် ကြ တာ။ ညီက မ ကျင့် ဘူး ။ ၁၂ ဝါ ရ တော့ဘုရား က ဒေသစာ ရီ ကြွ တော့ သူု တို့ မြို့ကို ပြန် ရောက် သွား တာ ။ရောက် တော့ ကျန်ခဲ့တဲ့ဇနီးသည် တွေက တဲ့ ၊ ရှေး က ၂ ယောက် ၃ ယောက် ရှိ ပုံ ပေါ် ပါ တယ်။

ညီရဲ့ ဇနီး သည် လေး ကဘုရား ကို လာ ဆွမ်း ပင့် တယ်။ညီ က ဆွမ်း ပင့် သံ ကြား ကတည်း က ပုံ တွေ ပေါ် ပြီး ယောက် ယက် ခတ် နေ ပြီ..။ မထိန်း နိုင် တော့ ဘူး မနက်အစောကြီး အိမ် ကို သွား တာ နှမ တို့ နဲ့ နတ် သမီး ဘယ် သူ က ချော သလဲလို့ မေး တာ ။ နတ်သမီး ဘယ် သူ က ချော သလဲလို.ပြုံး ပြုံး ရွှင် ရွှင် မေး တဲ့ အသံလေးအဆင်း လေး မြင် လိုက် တာမခံနိုင်တော့ဘူး။ ပေး ပါ ဆို ပြီး အ ဝတ်လဲ တော့ တာ။ အဝတ် လဲ ပြီးမှ ကပ္ပိယ လုပ် ပြီး ဘုရား လာ ပင့်တာ။

သံဃာတွေ က ကကြည့် ပြီး စိတ်မကောင်း ကြ ဘူး။အဲသည် သတင်း ကြား တော့ အကို ရဲ့ ဇနီးသည် တွေ ကလည်း သူတို့ ယောင်္ကျား ပြန် ရ မ လား လို့ ပင့် ပြန် တာပဲ။ပင့် တော့ အရှင် မြတ်ကြီးကသည် အစပ် ကို ဖြတ် တတ် နေ တာ ကိုး၊ လေ့ ကျင့် ခန်း အောင် ထား တာ ကိုး၊ ကအသံ ကြားလည်း အရိပ် အကောင် ပါ လား။ မပါ ဘူး။ အ သက် ရှု လည်း ပဲ မျက် နှာ အ မူ အရာ အရိပ် က အ ကောင်အထည် ပါ လား။ ငါကော ရှိ လား။အကြိမ် ကြိမ် ကျင့် ဖန် များ တော့ သတ္တိ ကိန်း ထား တော့ အောင် မြင် နေ တာ ကိုး။

အသံ ကြား ကြား၊အ ရိပ် ပဲ ပေါ်ပေါ် ၊ပေါ်လည်း ပဲ မဟုတ် မှန်းသိထား တယ်။ ဆက် ရင် လည်း သံ သရာ မှာ ချောက် ထဲ ကျ မှာ သိ တယ် အ ကြိမ်ကြိမ် နား လည် ထား တော့ မဆက် ဘူး တဲ့။

အမြင် မှန် နဲ. နေ တော့ အေး အေး ဆေး ဆေး ပဲ။ ဘုရား နဲ့ အတူ တူကြွ ။ ဆွမ်း စား ပြီး တော့ ဘုရား က သိ တာနဲ့ ဘုရား က ချစ် သားသင့် ရဲ. ဆွမ်းအမ တွေ တရား ပေး ရစ်တော့။ တစ် ပါး တည်း ထားပစ် ခဲ့ တာ။အပြန် လမ်း မှာ ပု ထုဇဉ် ရဟန်း တွေ က..ခက် ပြီ ၊ ဒုက္ခ ပဲ ကျွတ် များ ကျွ တ် မလား နဲ့ ပူ လာကြ တာ..ည နေ စောင်း တော့ မျှော် နေ ကြ တာ။တစ် ပါး တည်းအေး အေး ဆေး ဆေး ပြန် ကြွ တော့ ဓမ္မ သဘင် မှာ တရား ထိုင် ပြီး တဲ့ အခါ ညီအစ်ကို ၂ ယောက် က ဆန်း လိုက် တာ ၊ ကွာ လိုက် တာပြော ကြ တယ်။ ဘုရား က ကြွ လာ တော့ တော့ နေရာ ပေး ကြ တော့ ချစ်သား တို့ ငါ ဘုရား မလာ ခင် ဘယ် အကြောင်း အ ရာပြော နေ ကြ တာလဲ မေး တော့ ။

ချစ်သားတို့-ကွာ တာ ပေါ့ နှလုံးသွင်းကွာ လို့ ကွာ တာပါတဲ့။

ညီ က လှတာ လေး ပဲ ပုံ ဖော် တယ်။ လှတာ ပဲနှလုံး သွင်း တယ်..မျက် နှာ၊ ရင် ဝ ၊ နှုတ် ခမ်း လှ တာ လေး ပဲ နှလုံး သွင်း တယ်။သည် ကိုယ် လုံး ကြည့် ရင် လှ တာ ရပ် မ ထားရ ဘူးလေ ။သေ တာ နဲ့ အ သု ဘ ကမ္မဋ္ဌာန်း ကို ပွား ရ တယ်နော်။

ကိုယ့်ရှေ့ မှာ အ ဖွားအို တွေ ရှိ တယ် မဟုတ် လား။ အိုတာ ပါ ရ မယ် သည် ထဲ မှာ မစင်အိုး လို ဖြစ် တာ တွေး ရ မယ် ။ နာ တာ သေ တာ တွေး ရ မှာ။ ပြီး ရင် မြေ သြဇာ အ ဆုံး အထိအသေ ထိ သွား လိုက် တယ်။အဲ လို ပွား ရ မှာ ကို ညီကမပွား ဘူး။အလှ မှာ ရပ် ထား တယ်။ အလှတွေ ချည်း ထည့် ထား တာ ပေါ့။သတ္တိ ကိန်း ထား တာ ပေါ့ ။

တစ်ခါ နြေ္ဒ တံ ခါး ကို မလုံ ဘူး တဲ့.။စိတ်ကူးယဉ်တာကိုပြောတာတဲ့။မကြည့် သင့် တာ တွေကြည့် တယ်။ နှလုံးမ သွင်း သင့် တာ သွင်း တယ်။ ရုပ် ရှင် တွေ ကြည့် ဇာတ် လမ်းတွေကြည့်။သီချင်းတွေလည်း နားထောင်။တွေ့ကရာ လျှေက် နှလုံး သွင်း တော့ရှုပ်မ ကုန်ဘူး လားတဲ့ ။ တဏှာအား များ လာတာ ပေါ့ ။ အမှောင် ဓါတ် များ လာ တာ ပေါ့ ။

ပြီး တော့ အစား အစာ မှာ အ တိုင်းအ ရှည် မသိ ဘူးတဲ့ ။ ဆာဆဲ သုံး ဆောင် ဆဲ မှာ အ တိုင်းအရှည် မသိ ဘူး တဲ့။ကောင်း ရင် တအား စား၊ မ ကောင်း ရင် မ စား နိုင် ဘူး။အကို က တော့ သူနဲ့ ပြောင်း ပြန် နော်။ သူ့ မှာ တဏှာ က ပို များ များ လာ တာ။

နောက် တခါ(ကုသိတံ ၊ ဟိန ဝီရိယံ )တဲ့မိ စ္ဆာ ဝိ တက် အလို လိုက်ပြီး စိတ် ကူး ယဉ် နေလို့ရှိ အဲ လို ဆိုရင် ရင် နေ ရင်ပျ င်းတယ် ခေါ် တယ်။ တွေး စရာ အ စ လေး ပေါ် ရင် မဆုံး တော့ ဘူး တွေး နေ တယ်။ရုပ် ရှင် ကြည့် သလို တွေး တာ နော်။ တွေး နေ ရင် မဆုံးတော့ ဘူး။ အတွေး ရှည် တွေ လက် ခံ နေ ရင်ပျင်း တဲ့ ပုဂ္ဂိုလ် လို. ဘုရား က သတ် မှတ် တယ်ခေါ် တယ်။ (ကုသိတံ ၊ ဟိန ဝီရိ ယံ)လို့ ခေါ် တယ် တဲ့။

အဲ သည် ပု ဂ္ဂိုလ် မှာ အထဲ ထဲ မှာ မောဟ၊ တဏှာ အား တွေ များ မနေဘူးလား..အဲ တော့ (သံ ဝေ ပဿ တိ မာ ရော)။ထို ပုဂ္ဂိုလ် ကို၊ ကိုယ် တွင်း ရန် က သတ် မှာ တဲ့ ၊ကိ လေ သာ မာန် ကိုယ် တွင်း ရန် ကသတ် မှာ။နှိပ် စက် လိမ့် မယ် တဲ့ ပညာ မဲ့ တဲ့ ကြောင် လေး လို ပေါ့တဲ့။ ပညာ မဲ့ တဲ့ ကြောင် လေး က ကြွက် ကို အရှင် မြို ချလိုက် တာအ ရှင်ကို မြိုချလိုက် တာ.ဗိုက် ထဲ မှာ အကိုက် ခံ ရ တော့ မှာ။

အဲ သည် လို ပဲပေါ့ အ ရှင် မြို လိုက် တာပဲ လေ။အသေမှ မ ထား ပဲ ပေါ် လာတဲ့ အာ ရုံ တွေ အရှင် မြို လိုက် တာအသက် မပါ တာ အသက် ပါ သလိုဝင် မသွား ဘူး လား။ ( ဝါ တော ဒုကံ္ခ ၊ ဝါ ဒုဗ္ဗလ ယံ ) တဲ့ ဥပမာ အား ဖြင့် ကွယ် တောင် စောင်း ချောက် ကမ္ဘား ပဲ့ လေး မှာ၊ အား နွဲ့ သစ် ပင် လေး အ မြစ် တွေ ပေါ် ပြီး ယိုင် နွဲ့ နေ တဲ့ သစ် ပင် လေး ကို လေပြင်း မုန် တိုင်း တိုက် သလို ပဲ တဲ့။

တစ်နာ ရီ မုန် တိုင်း ၁၅ဝ လောက် တိုက် ရင် သည် အပင် လေး ခံ နိုင် လား။ လွင့် ပါ သွား မှ နော်။အသံ က နှ မ တို့ နဲ့ နတ် သမီး ဘယ် သူ က ချော လဲ အ သံ လေး ပဲ။ အဲ သည် အ သံ ကို မခံစား နိုင် ဘူး။ လူု ထွက် ရတဲ့ ဘဝ ရောက်သွားတာ အခံ ဓါတ်အား မ ကောင်းဘူး ။

အစ်ကို ကျ တော့ ပြောင်း ပြန် တဲ့။ကြည့် လို့ရှိ ရင် အသုဘ ထိ ရောက် အောင် သွား တာ မစင် အိုး လို့ မြင် တယ်။သေ သည် ထိ တွေး တယ်။ အကုန်လုံး က သေ မှာ ပဲ။အကုန် ဟာ လာ ဟင်း လင်း ။ အကုန် လုံး သေ တဲ့ အ ထိ တွေး ရ တာ။ ကိုယ့် ကို ကို က အစ သည် အ တွေး ကို ထည့် ရ မှာ အမေ ပုံ ပေါ် လည်း သေ မှာ ကို လိုက်ထည် လိုက်၊အမေ မရှိတော့ ဘူး။အ ဖေ ပုံ ပေါ် လည်း မရှိ တော့ ဘူး။ ။

ကိုယ့်မျက် နှာ ပေါ် ရင် လည်း ကိုယ် လည်း သေမှာကိုယ့်  ဘဝသေ မှာ ကျိန်း သေ တဲ့။ သေ မှာ တွေး တိုင်း တွေး တိုင်း သေ မှာ ကျိန်းသေလို့ အသုဘ ပါ ရ မယ်။ သည်တိုင်း မြင်လိုက် လည်း မစင် အိုး ပမာ လို ခဏ ခဏ သတိ ထည့်ရ မှာ။နား လည် တယ် နော်။အဲလိုထည့် ပေးရင် တဏှာ အားလျော့ လာ ပြီ ၊ ဥပါဒါန် အား တွေ လျော့ လျော့ လိုက် လာ တာ။လို ချင် တာ ဥပါဒါန် လျော့ ချင် တာ ကိုး။စီ မံ ကိန်း တွေ ဖျက် ချင် တာ ကိုး။သေ ပြီ ဆို ရင် စီ မံ ကိန်း ကပြုတ် သွား ပြီ လေ။

သေ ခြင်း တရား နဲ့ အသုဘ ပွား တာက အ ဓိ က-က ဥပါဒါန် ကို ဖြို ဖျက် တာ။ ဘာကိုဖြုတ် တာ လဲ ဥ ပါ ဒါန်ကို ဖြုတ် တာ နော်။ သေ မှ တော့ ရှေ့ စီ မံ ကိန်း တွေ မရှိ တော့ ဘူး လေ။စီ မံ ကိန်း အား တွေ နည်း နည်း လာ တာ ပေါ့။ ဥပါဒါန် လျော့ လျော့ လိုက် လာ တာ၊တဏှာ အား ပါ လျှော့ မလာ ဘူး လား။အဲ ဒီအခြေ ခံ က စရ တာ စီ မံ ကိန်း တွေကို ဖျောက်ပစ် တာ။ တဏှာ အား ပါ လျော့ မလာ ဘူး လား။ အခြေ ခံ က စရ တာ ပြီး တော့ မှ တခါ တွေ့ ရာ လျှောက် မ ကြည့် ရ ဘူး ။ မဆီ မ ဆိုင်မဆိုင်တွေ ရုပ် ရှင် ကြည့် တာလဲ မ ဆီ မဆိုင် ပဲ။သေချာ တွေးရင် သူ များ အ ကြောင်း စပ်စု တာပဲ။သူ တို့ ဇာတ် လမ်း ဘယ်လိုပေါင်း ပေါင်း မ ပေါင်း ပေါင်း ကိုယ် နဲ့ မဆိုင် ဘူး။အဲ ဒါ စပ် စု ပြီး သွား ကြည့် ရင် ပို ဆိုး တာ ပေါ့။

အဲဒါ တာ တွေ ရင် ထဲ ဝင်ရင် တဏှာ အား များ မလာ ဘူး လား။ဘုရား ကမကြည့် နဲ. ဆို မကြည့် နဲ. ပေါ့။ တချို့ကဆင် ခြေ ကန် ပြီး မကြည့် တတ် ရင် တဏှာ ကြည့် တတ် ရင် ဘာဝနာ တဲ့။ အပို ပြောတာပါ၊ အ စထဲ က မှား နေ ပြီ။အဲ ဒါ က လွဲ တာ ပဲ။ရိုး ရိုး တန်းတန်း ဝန် ခံ တာ ကောင်း ပါ တယ်။ကြည့် ချင် လို့ ကြည့် တယ် ဆို ပြီး ရော ပေါ့။မဟုတ်ဘူးဆင် ခြေ ကန် တယ်လေ။ အရိပ် ကို အ ကောင် လုပ် မှ တော့ ဒိဋ္ဌိ ဖြစ် နေပြီ။

အရုပ်ကြီး တွေ အကောင် လုပ် မှတော့ ဒိဋ္ဌိ ဖြစ် နေ ပြီ ။သတ္တိ ကအညံ့ တွေ တိုး မလာ ဘူး လား။ တဏှာ အား ကောင်း လာ တာ ရှေ. ကို တွေး ရင် ပို ဆိုး လာ မယ် ။

ဒီတော့ အစား အစာ မှာ လဲ ရှောင် တယ် ။အစ်ကို က အဲ တာ ကို ရှောင် တယ်။လိုက် မ စပ် စု ဘူး နော်။ကိုယ့် လမ်း လေး ကိုယ်မှန်မှန် သွား တယ် ။ ပြီး ရင် အစား အစာ မှာ လည်း အတိုင်း အရှည် သိ တယ်။စားလို.ရှိ ရင် မစင် ဖြစ် မှာ ကို သိ တယ်။တဏှာ မလာ ဘူး။ တွေး စ ရာ အ စ ပေါ် ရင် မ လိုက် တော့ ဘူး ။ အ ကောင် အ ထည်နဲ့ လိုက် ပြီး စိတ် ကူး မ ယဉ် တော့ ဘူး။ ယဉ်မိ ရင် လည်း သူက အသေ သတ် တာ ပေါ့ ကမ္မဋ္ဌာန်း ပြန် အစားထိုး တယ်။အဲ လို ကျင့် တာ အစပ်ကို ဖြတ် တော့ တာ ပေါ့။

အ ကြိမ် များ စွာအဲ လို ပွားများ နေ တာ။ ၁၂- နှစ် အ တွင်း အား ချင်း မမျှ တော့ ဘူး၊ မတူတော့ ဘူး တရား ကျင့် တာ၊ (သံ ဝေ န ပဿတိ မာရော ) ။သူ ရဲ့ အတွင်းသန္တန် မှာ မာရ် မရှိ တော့ ဘူး ။ နှိပ်စက်လို့ မရတော့ ဘူး။ (ဝါ တောရုက္ခံ ဝ ၊ သေလာ မ ပဿတံ ) သေလာ ဆို တာ ကျောက် တောင်ကြီးကို ပြော တာ။ ကျောက် တောင်ကြီး ကို ကွယ် လေ ပြေ တိုက် သလို ပဲတဲ့။

နှမ တို့ နဲ့ နတ် သမီး ဘယ် သူကချော သလဲ၊သူလည်း အမေး ခံ ရတာပဲ။ မေးခံရတာချင်းတူတူ သူ့ မှာ သာသာ အေး အေး ဆေး ဆေး ပဲ။ သည် အ သံ သူ့ မှာ မ ထိ ခိုက် ဘူး။ အခံကွာ သွား တာ ကိုး။သည် တော့ တရား ကျင့် တာ က မှတ် လိုက်ပါ။ ဘုရား က ဥပမာ ပေး တယ် နော်။ စပါး ပင် စိုက် သလို ပဲ ကွယ်တဲ့၊ချစ် သား တို့ စပါး ပင် ကို ကွ ယ် တဲ့ အ ခု စိုက် ပြီးတော့ အခု သီး အ ခု မှည့် ခိုင်း လို. ရ ပါ မလား ။မရ ဘူး နော် ချက် ချင်း တော့ ကိ လေသာချက် ချင်း ဘယ်ကုန် မလဲ။ တစ် ချို့က ချက် ချင်း ကုန် ချင် တာ ။ အ တင်း ထိုင် တာ ပဲ မှန် မှန် လေး ပေါ့တဲ့။ နေ့ စဉ်နေ့ စဉ်သွား ရင်း လာ ရင်း ၊လုပ် ရင်း ကိုင် ရင်း၊အမူ အရာ တိုင်း ထိုင် လည်း ထိုင် ရ မယ်တုံး လုံးလည်း လှဲ ရမယ်မျိုး စုံ ပေါ့။

အကြိမ် ကြိမ် ဒီ တိုင်း အ မှန်ဆုံး ဖြတ်ေ ပး ရ မယ်။

အသုဘ - ကမ္မဋ္ဌာန်း ပါ ရ မယ်။

သေခြင်း တရား-မရဏာနုဿတိ ပါရမယ်။ လုံ အောင် ထိန်း ရ မယ်၊

အပို တွေ မ ထည့်စေ နဲ. နော်။တဖြည်း ဖြည်း ပါး အောင် လုပ် ပြီး မှ ကျင့်ရ တယ် တဲ့။ ကြာ တော့ မှကုန် သွား မှာ။ မှန် မှန် လေး ကျင့် သွား ရ မယ်။ အဆင့် ဆင့် သွာ ရ မှာ။ ချက် ချင်း ဖြစ် ပါ့ မလား ၊ မှန် မှန် လေးသွားရ မှာ ။မလော နဲ. နော်။ အ တင်း တရား ထိုင် လိုက် မယ် ။ရ မလား ဆို တော့ မဟုတ်ဘူးမရ နိုင် ဘူး။ဘုရား ရှင် ကိုယ် တိုင်ဥ ပမာပေး ပြီး သား နော် စပါး ပင် ကို ချက် ချင်းသီး ချက် ချင်း မှည့် ပါ လို့ ပြော လို့ ရ မလား။

အဲသည် ပမာလို ပဲ ။မှန်မှန် လေး ကျင့် သွား ရ မှာ။ပဲကွပ် ရိုး ဥပမာပေး တယ် ။ပန်း ပုဆရာ က ကိုင် ထားတဲ့ အရိုးလေး နော် ။နှစ် ကြာ ရင် လက်ရာ ထင် ပြီး သိမ် သွား တယ် မ ဟုတ် လား။ တနေ့ ဘယ် လောက် စား တယ် မသိရ ဘူး နော်။ မှန် မှန် လေးပဲ သွား ရ မယ်။ မ လော နဲ့ နော် ။

ဘုန်းဘုန်း တို့ ကိုယ်တိုင် ခံ စား ခဲ့ ရ လို. ပြော တာ၊ ဟို တုန်း က အ မြန် ဖြစ် ချင် တာ ကိ လေ သာ ကုန် ချင် တော့ အ တင်း အား ထုတ် တာ ။ မရ တော့ မော တာ ပေါ့ နော် ။နောက် တော့မှ စာ ဖတ် ကြည့် တော့ မှ အော်ဒီ လို မရ ပါ လားလို. မရ တာသိ တာ။ မလော နဲ့ နော်။ မှန် မှန် သွား ရ မယ် နော် ။ မှန် မှန် သွား မှ သတ္တိ တဖြေး ဖြေး ပြောင်းပြောင်း လိုက် လာ တာ။ မလော နဲ့ နော်။

မ နိုင် ဝန် ကြီး မ ထမ်း ရ ဘူး..သိပ် မနိုင်ဘူး ဆို ရင် နဲ နဲပြန်အ လျှော့ အ တင်း လုပ် ပေးရ တာ ပေါ့။တခါ တရံ မှာတအားစိုက်ရင် တအားမနိုင် မနင်း ဖြစ် ပြီး ငါ နဲ့ရော ရော သွား တတ် တယ်။ခဏ ပြန်ဆုတ် ဂုဏ် တော် ပြန် ပွားကု သိုလ် တွေ ပြန် လုပ်၊မေတ္တာ တွေပြန် ပွား။ သက် သာ အောင် နေ လိုက် အုံး။ပြီးမှ သံ ဝေဂ ယူ ပြန် တိုး၊တိုး လိုက် ဆုတ် လိုက် ကျင့် သွား ရ တာ၊ ကုသိုလ်နယ် က တော့ အထွက် မခံ နဲ့၊ နှစ်ကြာရင် တဖြည်း ဖြည်းရင့် လာ လိမ့် မယ်။ ရ ပြီ နော်။

သာဓု-သာဓု-သာဓု မှန်လှပါ- ရပါပြီဘုရား။ ကြိုးစားပါ့မယ်ဘုရား။

ပင်ယံထက်က ဆုပ်ဆုပ်ခဲခဲ ၊ ဝဲဝဲအိအိ ပိတောက် ပန်းခိုင် တွေ ကတော့ စာမေးပွဲစစ်ဆေးရန်အသင့် … ဝင်းဝါဆဲ၊ လှပဆဲ၊ကျွန်မရဲ့ လသာဆောင် လေးအထိ မွှေးပျံ့ ဆဲ။

တပေါင်းလဆန်း ရဲ့ လရောင် နဲ့ ကျောင်းရဲ့ မီးတိုင်ဝါဝါလေး တွေ အောက်မှာကဗျာဆန်ဆဲ။

ညတိုင်း လမ်းထွက်လျှောက်နေကျမို့ ...ဒီနေ့ ည ပိတောက်ရိပ်ဝယ်.. မာမာအေးနဲ့လျှောက်မှာလား။ စန္ဒယားချစ်ဆွေ နဲ့ လျှောက်မှာလား။တက္ကသိုလ်ဘုန်းနိုင် နှင့်လျှောက်မည်လား၊ စိုင်းထီးဆိုင် နဲ့လား။

အမိုးအကာ ဆောင်းစရာ ခိုလှုံရာတစ်စုံတစ်ရာ ဖြင့်လုံခြုံ ခဲ့ပြီမို့------

အော်-ကိုယ်တစ်ယောက်တည်း ပိတောက်လမ်းဝယ်... လျှောက်စမ်းချင်ပါသည်..။

မေတ္တာဖြင့်..သစ္စာအလင်း

ပါဠိစကားလုံးများမှားယွင်းခဲ့ လျှင်ပြင်ပေးစေလိုပါသည်။

Tuesday, March 22, 2011

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး၏ အဆုံးအမများ

PilotSayadaw-ASoneAMaMyar

မြေဇင်းတရားအားထုတ်နည်း အတွေ့အကြုံများ-အရှင်တိက္ခဉာဏာလင်္ကာရ

MyayzinExperience-01 by drmathitsar

လွန်ခဲ့ တဲ့ ၂နှစ်သောအချိန်အခါက ကျွန်မတို့ ဓမ္မဘလော့ဂါမောင်နှမများ Skype နဲ့ အွန်လိုင်း တရားပွဲ ကို စတင် ပြုလုပ်ခဲ့ကြတာ ကို သတိရနေမိပါတယ်။ ၂နှစ်တာ ကာလကြာတဲ့ အထိအောင်လည်း ရင်းနှီးပွင့်လင်းစွာ ခင်မင်နေကြဆဲ ဆိုတာ ဘယ်လောက် ကျေနပ်ဘို့ ကောင်း လိုက်တဲ့ ဆက်နွယ်မှု ပါလဲ။
တစ်ယောက်အကျိုး တစ်ယောက်သည်ပိုး ကြ၊ယိုင်းပင်းကြ၊ ကိုယ်တွေတင်သာမက မိသားစုဝင်တွေပါ ခင်မင်မှုတွေတည်ဆောက်ခဲ့ ကြတယ်.... ။
အမှန်တကယ် ပွားစည်းအပ်တဲ့ မေတ္တာ တွေကိန်းလို့ ဘုရားအဆုံးအမ တွေလိုက်နာရင်း ပြန်ပွားအောင် လည်း ဆက်လက် လုပ်ဆောင်ကြဘို့ ခွန်သစ်အားသစ် တွေ ရစေတာအမှန်ပါပဲ။
ဒီအသံဖိုင် လေး ကို အခု တစ်ဖန်နာယူရရင် အမှတ်တရ ဖြစ်မှာအမှန်ပါပဲနော်။
အဲဒီအချိန်ကာလ တုံး က တိုက်တိုက်ဆိုင်ဆိုင်
ဘုန်းဘုန်းဦးလောကနာထ အိမ်တိုင်ယာရောက် ပေးပို့ လှူဒါန်း ပေးတဲ့ အလိုတော်ပြည့် ဘုရားတစ်ဆူ စီလည်းကိုယ်စီကိုယ်စီ ရထားကြပြီးတဲ့အချိန် နဲ့လည်းတိုက်ဆိုင်နေတာပါ။
အဲဒီအွန်လိုင်း တရားပွဲ မှာဟောကြား ထားတဲ့ ဆရာတော်က တော့ ယောအသင်း ဓမ္မဘလော့ဂါ ဘုန်းဘုန်းဦးတိက္ခဉာဏလင်္ကာရ ဖြစ်ပါတယ်။ ဦးဆောင်ကျင်းပ တဲ့ သူကတော့ ကိုဝင်း မြင့်၊မမေဟန် ( သစ္စာတရား-http://www.livedhamma.com) နဲ့ အဖြူရောင်သံစဉ် တို့ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးကြတဲ့သူတွေ ရဲ့ အသံလေး တွေလည်းပါပါတယ်။
ကိုအောင်ဦး (ဓမ္မရသ)
ကိုနန်းထိုက်ဝင်း (အမောင်-ရေနံ့သာ)
ကိုမျိုးသက်ပိုင်
ဒေါက်တာဖြိုးဝေကျော် (အလှတရား)
မမက်မက် (Dream Lover)
မောင်လေး Bliss( ဝိမုတ္တိသုခ)
ဖိုးသား-ပြည့်စုံအောင် (အဖြူရောင်မေတ္တာ)နဲ့
ကျွန်မ သစ္စာအလင်း တို့ ဖြစ်ပါတယ်..။ မမြကြေးမုံ ကတော့နာယူနေတဲ့အထဲပါပါတယ်။

ကျွန်မတို့ တစ်တွေအားလုံး ဟာ ဒီတရားအားထုတ် နည်းနဲ့ ပတ်သက်ပြီး တာဝန်တစ်ခုခု ရှိနေသလို ကျွန်မ ခံစားမိပါတယ်။ ကျန်တဲ့ သူတွေလည်း ဘယ်လိုနေပါလဲ..။
နာယူရင်း ၂၀၀၉ ခုနှစ်-မေလ ရဲ့ အတိတ်ခန္ဓာကို ခဏ ပြန်လည်ဖွဲ့စည်း ဆန်းစစ်ကြည့်ရအောင်..။

ချစ်ခင် မြတ်နိုးရပါသော ဓမ္မဘလော့ဂါ ညီအစ်ကိုမောင်နှမ များသို့အမှတ်တရ..။