Wednesday, January 20, 2016

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၅) ဦးလှအောင်

အခု ဖေါ်ပြမဲ့ဆရာ ကတော့....
ပြုနိုင်ခဲ သော အမှုကို သတ္တိရှိစွာ ပြု ပြီး
တပည့်တွေ အားလုံး ကို စံနမူနာပြ ဖြစ်စေခဲ့တာပါ..။
ဆရာ က စာသင်ကောင်းပါတယ်...။
စာသင်ရင် အာရုံ စူးစိုက်ထားလို့ ခြေ ကို စုံရပ် တာ တိတိပပ လေး
ယိုင်ခြင်း နွဲ့ ခြင်းမရှိ...
ပိန်ပိန် ပါးပါးခန္စာ ရှိပြီး ခုထိ လည်းထိန်းထားဆဲ
စကားပြောရင်ပြတ်သားပါတယ်..။
လိုအပ်လို့ စာထွက်ရေး ရင်
Chalk Board Writing Management သိပ်ကောင်း ပါတယ်..။
လှပ သေသပ်တဲ့ လက်ရေး နဲ့ ပုံတွေ ကစနစ်တကျရှိပါတယ်..။
ဆရာ စာသင်ကောင်း တော့ကျွန်မ တို့ ဆရာ့အချိန် ကိုကျောင်းပြေးလေ့မရှိပါ..။
တစ်နေ့ မှာတော့ ဆရာ ကစာသင်နေတုံး ကျွန်မ တို့ သူငယ်ချင်း တစ်ယောက်ကို လှမ်း ဆူပါတယ်..။
ဆူတဲ့ ကိစ္စ ကို ကျွန်မ မမှတ်မိတော့ပါဘူး..ကျွန်မ မှတ်မိတာက နောက်နေ့ ဆရာရဲ့ လုပ်ရပ်ကိုပါ..။
အဲဒီနေ့ က အဲလို ပြောလိုက်တာ သူမှားသွားကြောင်း..
မပြောသင့်ကြောင်း အားလုံးရဲ့ရှေ့ အတန်းရှေ့ မှာ
ကျွန်မ တို့ သူငယ်ချင်းနာမည် ကို ---ကို တပ်ခေါ်လျက်တောင်းပန်သွားပါတယ်..။
အဲဒီအချိန်က ဆို ကျွန်မ တို့ က ၁၈-၁၉-၂၀ အရွယ်တွေ..ဆရာက ၃၅---၄၀ လောက်ရှိမှာပေါ့။
ကိုယ်ကဆရာ ပဲ ကိုယ်ပြောရင်ခံ ကြရမဲ့တပည့်တွေ ပဲ..။
သို့သော် ဆရာကလူကြီးလူကောင်းပီသ ပြုနိုင်ခဲ တဲ့အမှုကို တည်တည် ညိမ်ညိမ် နဲ့
ပြုလုပ်ခဲ့တာ ကျွန်မ မမေ့ခဲ့ပါ..။
ကျောင်းသားက တော့ကကျွန်မ တို့ နှစ် မှာ ရာထူးအကြီးဆုံး ဖြစ်နေတဲ့ စိုက်ပျိုးရေးဦးစီးဋ္ဌာန မှ
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို ဖြစ်ပြီး..
ကျွန်မ တို့ ချစ်တဲ့ဆရာ ကတော့ ဥယျာဉ်ခြံသီးနှံ ဋ္ဌာန ဋ္ဌာနမှူး ပါမောက္ခ ဆရာဦးလှအောင်ပဲ ဖြစ်ပါတယ်..။
ဆရာ သက်ရှည် ကျန်းမာ ....ပါစေကြောင်း ဆုတောင်းလျက်..။

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၄) ဦးလှထွန်း

ဆရာ က စိုက်ပျိုး ရေး တက္ကသိုလ် မှာ ဆရာ ဖြစ်ခဲ့ ပေမဲ့
ဆရာ ဘွဲ့ ရရှိခဲ့တာ ကတော့ စက်မှု တက္ကသိုလ် ကပါ..။
တစ်ခေတ် တစ်ခါ က ရှားပါး လှ တဲ့ဘွဲ့ B.E ( Agric ) ပါ..။
အင်ဂျင် နီယာ ဆိုတာ ပညာရှင်ပဲ
အောက်ခြေ သိမ်းအလုပ်တွေ ဘယ် လုပ်ပါ့မလဲ..။
အင်ဂျင် နီယာ တစ်ဦး ရဲ့ ပညာ နဲ့ ဆရာတစ်ဦး ရဲ့ မေတ္တာ ပေါင်းစပ်ချိန် မှာ တော့
တပည့်တွေ အတွက် မလုပ်ရဲ တာ မရှိ တော့ပါ..။

ဆရာက မွန် အမျိုးသားတစ်ဦး
မွန် စာပေ နဲ့ ယဉ်ကျေးမှု ကော်မီတီ ဥက္ကဋ္ဌ
မွန် အသင်း က လေ့လာရေး ပေါင်းလောင်ရေ တံခွန် သွား တဲ့ တစ်နေ့ မှာ
ကျွန်မ တို့ နှစ်က သူငယ်ချင်း ကိုဝေမွန် ပေါင်းလောင်ရေ တံခွန် သို့ လက်ဆင်းဆေး ရင်း
သစ်သားခုံဖိနပ် ကြောင့် ရေတ့ခွန် ထဲလိမ့်ကျ
ဝဲ ကအစုပ် ..... ပြန်ရှာ မရတော့တာ...။
ဆရာ ကမိဘ သဖွယ် ပါ
၅ ရက် ၆ရက် ကြာ မှ ပြန်တွေ့  တဲ့ ကျွန်မ တို့ သူငယ်ချင်း ဝေမွန်
အသက်ခန္ဒ္စာ မပါတော့ သလို သာမန် ရုပ်ခန္စ္ဒာ မရှိတော့
သာမန် အခေါင်းဖြင့် ထည့် မရ...
ခိုက် တယ် ဆိုတဲ့ အယူ ဆိုတာ စိုက်ပျိုးရေး တက္ကသိုလ် မှာ မရှိ ....
Agric- Engineering မှ ကားဖြင့် အလောင်းသယ်
သာမန် ထက် ၂ ဆကြီးသော အခေါင်းကို ကိုယ် တိုင် စပ် ပေး ခဲ့တာ...။
ကျွန်မ တို့ ရဲ့ Engineering ဆရာ..
ဆရာ ဦးလှထွန်းပါ....။
ဝမ်းနည်း ကြေကွဲ မှု နဲ့အတူ မှတ်မိနေသော ဆရာ့ကျေးဇူး များပါ..။
ဆရာ ကျန်းမာပါစေ..။

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၃) ဒေါက်တာ ချိုချိုမြင့်

၁၉၈၁ မေလ ကနေ ၁၉၈၄ မေလ အထိ
သင်းပျံ့  နေတဲ့ တမာပင်ကြီး ရဲ့ အောက်မှာ
ချစ်လှစွာ သော ဆရာမရဲ့ အရိပ်ကို ခိုလှုံ ခဲ့ရတယ်..။
မှတ်မိသလောက် နေ့စဉ်တွေ့ ဆုံရစဉ် သက်တမ်းမှာ
ဒေါသတကြီး ဆူပူ အော်ဟစ် ဘို့ မဆိုထားနဲ့
စကားသံမာမာ ဖြင့်ပင် တစ်ခါ မှ မဆုံးမဘူး ခဲ့..။

ညီမလေးတို့ ရေ..
အစဖြာ တဲ့ မမ ရဲ့ ဆုံးမ စကားများ ဟာ
အဆောင် Roll Call ခေါ်ချိန် စာဝေချိန်မှာ နားဝင်အချိုဆုံးဂီတသံစဉ်များ
မမ ဟာ အင်္ဂလန် ပြန် ပီသစွာ Terminology တွေကိုသေချာ နားလည်အောင်
တစ်လုံးချင်းအသေအချာ ရှင်းပြတတ်တာ..
ကျွန်မ မှာ အတုယူရပါတယ်..။
စာသင်ကောင်း သလို လူကလည်း အလွန် လှ
*မေပျိုဖြူရယ် လေ..ရွှေဘိုသူလို ယဉ်တာ ကမ္ဘာမရှိသူ ရယ်လို့*
တင်စားခံရသူ..။
ပြောပြရရင်..... မမ ဟာ ရွှေဘို သူပီပီ သတ္တိ ကလည်းကောင်းလှပါတယ်..။
ကျွန်မ တို့ မရောက်ခင် ကျွန်မ တို့အဆောင်ငွေတောင်ဆောင်သူတစ်ဦး ဟာ
အဆောင်ဘေး လျှို ထဲ မှာ အသတ်ခံရပါတယ်..။
ရေဆင်းရဲ့ နာမည် ကြီး ဇာတ်လမ်းတစ်ပုဒ် မှာ
မမ ဟာ မိခင်ရင်း မလာခင်စိတ်မကောင်းမှာစိုးလို့
ကိုယ်တိုင်မိတ်ကပ်ပြင်ပေး ပါတယ်....တဲ့။
ဆရာ တာဝန် မိခင်တာဝန် သုတေသန တာဝန် များ စွာ များစွာ အပြင်
နွေရာသီ အိမ်ပြန်ရင် အသက်ရှည် သောမိခင် ဖခင်များရဲ့ အိပ်ယာကို ကိုယ်တိုင်လျှော်ဖွတ် ပါသတဲ့.။
ခုချိန်ထိလည်းလုပ်ကျွေးပြုစုဆဲ
ကျွန်မ တို့ ရဲ့ ချစ်သော မမ ချို
ဒုတိယပါမောက္ခချုပ်ထိ တာဝန်ထမ်းဆောင်သွား ပါသော..
ဒေါက်တာချိုချိုမြင့် သက်ရှည် ကျန်းမာ
တရားထူးများအားထုတ် ရရှိနိုင်ပါစေကြာင်း ဦးခိုက်ဆုတောင်းလျက်ပါ...။

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၂) ဒေါက်တာ ဒေါ်ခင်ဋ္ဌေး

ရေ ဆင်းမှာ တိုင်းရင်းသားရိုးရာပဒေသာ ကပွဲ ဆိုတာ
အလွန်ကြီးကျယ် တဲ့ပွဲ ပါ..။
တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှု ကော်မီတီ ဥက္ကဋ္ဌ
ကကျွန် မတို့ ချစ်တဲ့ ဆရာမကြီး
သွားလည် ရင် ထိုင်ခုံတောင်မထိုင်ရသေး
လဘက်ရည် အိုး ထတည် ပြီးသား
အလှတည်ခင်းတဲ့ မုန့် ပန်းကန် ဆိုတာ အဆောင်မှာ စားမရတာ သိနေတော့
ပြန်ရင် လွယ် အိပ်ထဲကို ထိုးမုန့် - မုံရွာမြေပဲဆားလှော် - မန္တလေး လက်ဘက် စသည်ဖြင့် ထည့်ပေး လိုက်တာ..။
စာသွား ကျက်ရင် စားစရာ အပြည့် တည်ခင်းတတ်တာ....။
တိုင်းရင်းသား ကပွဲ
စာပေဟောပြောပွဲ ဆရာမကြီး ကဦးဆောင်ကျင်း ပ
အဆောင်ထမင်း လွတ်သွားသော ကျွန်မအား
သူ့ထံ လာပို့ တဲ့ ထမင်းချိုင့်ကို အတင်း ထည့်ပေး
အသစ်စက်စက် ကြိုးကြီးချိတ်လုံချည် လည်းငှား
အိမ် နဲ့ ဝေးနေရတဲ့ ကျွန်မ တို့ ကို မိခင်သဖွယ်..။
စာသင်ကလည်း ကောင်း တော့ကျွန်မ မှာ ခုထိ
ဆရာမကြီ သင်ပေး ခဲ့တဲ့
Bacillus
Coccus တွေကို ချစ်ခင်နေရဆဲ..
ရိုသေလေးစားရပါသော .....
အပင်ရောဂါ ပါမောက္ခ၊ဋ္ဌာနမှူး ဆရာမကြီးဒေါက်တာဒေါ်ခင်ဋ္ဌေး ....
ကျန်းမာအသက်ရှည်ပါစေ..။

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၁) ဦးသိန်းဆု



တစ်ခါက ရေဆင်းမှာ....
ဆရာတစ်ဦး ရဲ့ အိမ်ကို သူခိုးဝင်ပါတယ်..။
ဖမ်းလို့ လည်းမိပါတယ်...
ဖမ်းမိတဲ့သူခိုးကို ရဲစခန်းပို့ ကြပါတယ်..
နောက်တစ်နေ့ ကျတော့ အဲဒီ ဆရာ ကို သတင်းမေး ကြတဲ့ သူတွေသွားတဲ့အခါ
ဆရာ က ထမင်းချိုင့်လေးဆွဲလို့ တဲ့
ဆရာ ဘာတွေ ပါသွားလဲ ဘယ်သွာမလို့ လဲ ပေါ့..မေးတာ
ဘာမှ မပါပါဘူး ကွာ...
သူခိုးခမျာ
ဘာမှ လဲ မရ.... အချုပ်ခန်းထဲ မှာ ဗိုက်ဆာနေမှ စိုးလို့
ထမင်းသွား ပို့ မလို့ တဲ့...။

ကျွန်မ တို့ အားလုံး ရဲ့ Plant Pathology Department - Mycology သင်ပေးတဲ့ စာသင်အလွန်ကောင်း ပါတဲ့..။
ဆရာဦးသိန်းဆု ပါ..။

မြို ထားမိသော ထွန်တုံးများ


ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က တရားစခန်း တွေ မှာ ကျွန်မတို့ ယောဂီများကို နားလည် အောင်ပေးတဲ့ ဥပမာ များဟာ ထိထိမိမိ မှတ်မိနေသလို လိုက်နာကျင့်သုံး ရန် လမ်းစ ကိုလည်း ရရှိစေပါတယ်..။
မာန ဆို တာကို ရှင်းပြ တဲ့ ဥပမာ ကတော့ စိတ်ဝင်စားစရာ…။
မာနကိလေသာ ဝင်ရင်ကွယ် တဲ့ တောင့်တောင့်ကြီး ဖြစ်နေတာ..ထွန်တုံးကို မြွေ မြိုသလိုပဲ တဲ့..။ အကြောတင်းသထက် တင်းလာတာမျိုး…။ ကိုယ့်က မသိပေမဲ့ ဘေးလူကသိတယ် တဲ့..။ ကိုယ်ကိုယ်တိုင်ကတော့ မြိုလို့ မြို မှန်းတောင်မသိ ..ဖြစ်တတ်ကြောင်း ဆုံးမတော်မူပါတယ်..။
ဝင်တာတော့ သိပါပြီ..ဘုရား..ဘယ်လို အချိန်မှာ ဝင်တတ်ပါသလဲ ဘုရား ဆိုတော့..ဘုန်းဘုန်းက ပုံလေးတစ်ခုပြောပြ ဘူးပါတယ်..။

တစ်ခါက တိုင်းပြည် တစ်ပြည်မှာ ဘုရင်ကြီး တစ်ပါးရှိတယ်..။
ဘုရင်ကြီးက မျဉ်းတကြောင်း ဆွဲ တယ်..။ အမတ်များကို ခေါ်ပြီး ထို မျဉ်းကို ဖျက်လည်း မဖျက် ရဘူး၊ တိုအောင်လည်း လုပ်ပေးရမယ်..နည်းလမ်းရှာပါ လို့ အမိန့်တော်ချသတဲ့..။
အမတ်တွေခေါင်းချင်းဆိုင်…. ဘာလုပ်ရမလဲပေါ့..။
နောက်တော့ပညာရှိ အမတ် တစ်ယောက် ပေါ်လာပါတယ်..။ ဘုရင်ကြီးဆွဲထားတဲ့ မျဉ်းတိုသွားအောင် ဖျက်လည်းမဖျက်ပဲ သူလုပ်နိုင်ပါတယ်… ဆိုပြီး..တော့လျှောက်ပါတယ်..။
ဘယ်လို ပဉ္စလက် အတတ်များ တတ်လို့ပါလိမ့် နဲ့ စိတ်ဝင်တစားကြည့်နေတဲ့ လူသူဗိုလ်ပါ ပရိသတ် အရှေ့ မှာ…
သူ က ဘုရင် ဆွဲထားတဲ့ မျဉ်း ရဲ့ အထက်မှာ သူ့ထက်ရှည် တဲ့ မျဉ်းတစ်ကြောင်း ကို ထပ်ဆွဲ လိုက်ပါတယ်..။
ပြီးတော့ …( တိုသွားပါပြီ ဘုရား) လို့ လျှောက် တယ် တဲ့..။
အဲ ဒီဥပမာ လိုပဲပေါ့နော်… ကျွန်မ တို့ တွေဟာ မျဉ်းရှည် ရှည် တွေ ဆွဲ မိတိုင်း ကျန်တဲ့ မျဉ်းတွေ ကို တိုလိုက်တာ ထင်တတ်ကြ တော့ တာ..ဒီသဘာဝ ဟာ မသိမသာ ဝင်လာတတ်တာ ….။
နှိုင်းယှဉ် တတ်တယ်..ငါက သာတယ်…။ ထို အရာသည် မာန ကိလေသာ ပါပဲ လိှု့ဆုံးမတော်မူပါတယ်..။
ဘယ်အချိန်မှာ ဝင်လာတတ်သလဲ ဆိုတာ့…….မသိမသာ ကို နေရာယူတတ်လို့ ကာယကံရှင် ကိုယ်တိုင် ဖြစ်လို့ ဖြစ်မှန်းတောင် မသိ တော့ သော ကိလေသာ ..မာန ကိလေသာ…တဲ့..။
ဘွဲ့ ရတဲ့ သူငယ် ချင်း တစ်ယောက်က ဆယ်တန်းမအောင်သေး တဲ့ ကျောင်းနေဘက်သူငယ်ချင်းကို ဘယ်လို ဆက်ဆံမလဲ..။
ကားပိုင် တဲ့ သူတစ်ယောက်က ကားမရှိတဲ့ သူကို ဘယ်လို ဆက်ဆံလဲ..။
သိန်း ၁၀၀၀ လောက်ချမ်းသာ တဲ့လူ တစ်ယောက်ဟာ ကျပ် ၁၀၀၀ လောက်သာ ပိုင်တဲ့သူကို ဘယ်လို ဆက်ဆံ မလဲ..။
ရာထူးမြင့်မြင့် ရတဲ့ အရာရှိတစ်ဦးဟာ အောက် လက်ငယ် သားကို ဘယ်လို ဆက်ဆံမလဲ…။
သိပ်ကို အတွေးအခေါ် ကောင်းပြီး…. ရေးလိုက်ရင် ပိုစ့်တင်လိုက် ရင် LIKE ထောင်ချီ.. Comment ရရာချီ ရ သူတစ်ယောက် ဟာ..တခြားလူတစ်ယောက် သူ့နဲ့အကြောင်းအရာတူ..ရေးသော်လည်း သူ့လောက် ကောင်းချီးသြဘာ မရ သူ ရဲ့ ပိုစ့်ကို ဘယ်လို ဆက်ဆံ မလဲ..။…
စိတ်ထဲက ပြန်ဖြေ မိပါတယ်..ထွန်တုံးမြွေ မြိုသလိုပါဘုရား..လို့ ။

ဘုန်းဘုန်း က ရွာ တစ်ရွာ ၊တောနယ် ဘက်မှာ တရားသွားဟော ရင်း…. လူတစ်ယောက် တွေ့ ဘူးတယ် တဲ့..။
သူ့ကြည့်တော့ အင်္ကျီ ခပ်နွမ်းနွမ်း…လူပုံက ပန်းလျလျ..သို့သော် ထွန်တုံးမြွေ မြိုသလို ဖြစ်နေတာ နဲ့ ဘုန်းဘုန်းက ..ဒီလူ တစ်ခုခုတော့ ရှိလိမ့်မယ်..အကဲခတ်ပါတယ်..။
နောက်တော့ စကားပြောကြည့်ရင်း…မှ သိရတာ..။ သူက အရင် အင်္ဂလိပ်လက်ထက် စစ်တပ်ထဲမှာ တင့်ကားမောင်း တုံး က တော်လို့ ဆုတံဆိပ် ရခဲ့ဘူးတယ် ဆိုပဲ..။
ထို အောင်မြင် ဘူး သော အတိတ်သည် ထွန်တုံးသဖွယ် မြွေတစ်ကောင် လို ပျော့ပျောင်းမနေစေတော့ ....။

အရိုအသေ မပေးတတ်တော့တာ..နှိမ်ချတဲ့ အကြည့်တွေမွေးဖွားပေးတော့တာ..။ ငါ့လောက်မှ မမတတ်လေချင်း ဟူသော အထင်သေးစိတ်တွေ ဝင်လာမိတော့တာ..။
ဘုရား..ဘုရား..ဒီတရားလေးနာမိရင်း ကိုယ့် ဗိုက်ထဲ မှ ထွန်တုံးများကို လိုက်လံရှာဖွေမိ..။
Doctor ထွန်တုံး Professor ထွန်တုံး Blogger ထွန်တုံး…… များလှပါတကား..။
ပညာတွေလည်းတတ်ပြီ..စီးပွားတွေလည်းရပြီ…..တရားနယ် ပယ် မှာလည်း သောတပန် ဖြစ်ဘို့လည်းလုပ်မှာ ဘုရားတဲ့..။ တရားမာန နဲ့ တရားနယ် ပယ် မှာ လည်းထွန်တုံးတွေ ထပ်မြို နိုင်သေးတယ်တဲ့..။

သက္ကာယ ( အထင်အရှားရှိသောသဘော) ဟူသော သဘော တရား အပေါ်မှာ *ငါ*ကောင်ထင် သော ဒိဋ္ဌိ..ကို
*ငါ* လုပ်ရင် ဖြစ်မှာပါဆိုသောမာန ဖြင့်
 *ငါ*ပိုင်တဲ့ တရားပါ..
*ငါ*လို ချင်တဲ့ သောတာပန် ဆိုတဲ့ တဏှာ ဖြင့်…. ချဉ်းကပ်သော ….
*ငါ* သည်* ငါ* မရှိမှ ရသောတရား ရရှိပါစေရန်…*ငါ*ကို ပယ်သတ်ရင်း …*ငါ*ကို ကြီးထွားစေတဲ့ ရင်ထဲမှ ထွန်တုံးများကို ဆွဲထုတ်ရပါအုံးမည်..။

မေတ္တာဖြင့်
သစ္စာအလင်း
......