Sunday, March 28, 2010

ဗုဒ္ဓ၀ါဒသည် Religion မဟုတ်ပါ

ပထမ တင်ခဲ့တဲ့ အင်္ဂလိပ်လို စာစုများ ကို ကမ္ဘာအေးဆရာတော် ဘန္ဒန္တ ပညာဒီပ ရေးသားခဲ့တဲ့ စာအုပ်ထဲမှ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ အခုဆောင်းပါး ကတော့

(၂၇-၁၀-၉၇) ရက်နေ.ထုတ် မြန်မာ့အလင်းသတင်းစာ တွင်ပါရှိသော စုဆောင်းတင်ပြသူတစ်ဦး၏ ဆရာတော် အရှင်ဒေါက်တာဉာဏိဿရ ဟောကြားတော်မူသော -( ဗုဒ္ဓ၀ါဒသည် Religion မဟုတ်ပါ) ဆောင်းပါး ကော ဆရာတော် ဘုရားကြီးရဲ့ ဘာသာရေးဆောင်ရွက်ချက်များပါစုဆောင်းထား သည့်မှတ်တမ်းများထဲမှ ကောက်နုတ် တင်ပြလိုက်တာဖြစ်ပါပါတယ်။

သည်မှတ်တမ်းကို ရှာဖွေပံ့ပိုးသူကလည်း ဒေါက်တာလှမြင့် (ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ၊ ဗုဒ္ဓသာသနာပြု တက္ကသိုလ်) ပဲဖြစ်ပါတယ်။

ကိုညီနောင်နှင့် တကွသော ဓမ္မစာပေမြတ်နိုးသူများ အားလုံး ဆရာတော်ဟောကြားတဲ့ သဘောတရားကို ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဗုဒ္ဓ၀ါဒသည် ဘာကိုအခြေခံသလဲ

ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်းသုံးစွဲ ပြောဆိုနေကြတယ်။ သူတို့ ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရား အားလုံးဟာ Religion လို့ ဆိုနေကြ တာပါပဲ။ အများပြောကြတဲ့ အတိုင်းဆိုရင် ဗုဒ္ဓ၀ါဒလည်း Religion အထဲမှာ ပါဝင်နေပါလိမ့်မယ်။

ဗုဒ္ဓ၀ါဒကို Religion မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု ၊ မျော်လင့်တောင့်တ မှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။

ဗုဒ္ဓ၀ါဒသည် တစ်စုံတစ်ယောက်သော တန်ခိုးရှင်ကို မျက်စိမှိတ်ယုံကြည်ပြီး မှီခိုနေရတဲ့ ၀ါဒမျိုးလည်း မဟုတ်ပါဘူး။

အသိဉာဏ်နှင့် အကျင့်ပါတဲ့ ယုံကြည်မှု(သဒ္ဓါ)မျိုးကို ဗုဒ္ဓ၀ါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ)ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။

အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု(သဒ္ဓါ)ဟာ အကျင့်တရားပါတယ်။ အကျင့်တရား ပါမှ ချမ်းသာစစ် ချမ်းသာမှန်ကို ရနိုင်ပါတယ်။

ဗုဒ္ဓရဲ့ အဆင်းတော် ၊ အသံတော် ၊ ဘုန်းတော် ၊ တန်ခိုးတော် ၊ ဉာဏ်တော် တွေကို အလွန် အမင်းကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင်ဖြစ်နေတဲ့ ၀က္ကလိရဟန်းတော်ကို ဗုဒ္ဓက-''အို ၀က္ကလိ ငါ၏ ပုတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး)ကို ကြည်ညို၍နေခြင်းဟာ ဘာအကျိုးရှိမည်နည်း သွားလော့၊ ကျင့်လော့'' ဟု နှင်ထုတ်ခဲ့ဖူးပါတယ် ။ ၀က္ကလိရဟန်းကို နှင်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။

ဗုဒ္ဓကိုဘယ်လိုယုံကြည် အားကိုးသလဲ

ဗုဒ္ဓ၀ါဒမှာ သဒ္ဓါကို လက်မခံဘူးတော့ မဟုတ်ပါဘူး။ သဒ္ဓါကို အရေးကြီးတဲ့သဘာဝတရား တစ်ခုအနေနဲ့ လက်ခံပါတယ်။ ဥပမာ-အနာရောဂါရနေတဲ့ လူမမာဟာ သူ့ကိုဆေးကုတဲ့ ဆေးဆရာရဲ့ အရည်အချင်းကို ယုံကြည်ထားရသလိုပါပဲ။ ထို့ပြင် ပညာသင်နေတဲ့ ကျောင်းသားတပည့်ဟာ မိမိအား ပညာသင်ပေးနေတဲ့ ဆရာအရည်အချင်းနှင့် မေတ္တာ ကရုဏာကို ယုံကြည်ထားရသလိုပါပဲ။

ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓအပေါ်မှာ ဒုက္ခအားလုံးမှ လွတ်မြောက်ရေးလမ်းစဉ်၊ ချမ်းသာစစ် ချမ်းသာမှန်ရရှိရေး လမ်းစဉ်တွေကို ရှာဖွေပေးတဲ့ ပုဂ္ဂိုလ်အဖြစ်ဖြင့် ယုံကြည်ကြတယ်။ အားကိုးကြ တယ်။

သို့သော် ယုံကြည်အားကိုးနေကြတဲ့ သတ္တ၀ါတွေရဲ့ အပြစ်တွေ ၊ အညစ်အကြေးတွေ ၊ ဆင်းရဲ ဒုက္ခတွေကို ဗုဒ္ဓက တန်ခိုးတော်နဲ့ ပယ်ဖျောက်ပေးလိမ့်မယ်။ ချမ်းသာသုခအားလုံး ပစ်ချပေးလိုက် လိမ့်မယ်။ ချမ်းသာတဲ့ဘုံဌာနကြီး တစ်ခုသို့ ဆွဲခေါ်ကယ်တင် သွားလိမ့်မယ်ဆိုတဲ့ မျော်လင့်ချက် ၊ ယုံကြည်ချက်တွေနဲ့ ဗုဒ္ဓကို ယုံကြည် အားကိုးနေကြတာ မဟုတ်ပါဘူး။

ဗုဒ္ဓကဘယ်လို ညွှန်ကြားခဲ့သလဲ

ဗုဒ္ဓကလဲ ''သင်တို့ရဲ့ ကျူးလွန်ထားတဲ့အပြစ်တွေ ငါအားလုံးဆေးကြော သုတ်သင်ပေးမယ်၊ အပြစ်နှင့် ဒုက္ခမှလွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနကြီးတစ်ခုသို့ ငါပို့ဆောင်ပေးမယ်'' လို့ ဘယ်တော့မှ၊ ဘယ်တုန်းကမှ အာမခံချက် မပေးပါဘူး။ ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း မပေးနိုင်ပါဘူး။

တစ်စုံတစ်ယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ မရှိပါဘူး။ တကယ်စင်စစ်တော့ တစ်စုံတစ်ယောက်သည် အခြား တစ်စုံတစ်ယောက်ကို သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း မလုပ်နိုင်ပါဘူး။

မိမိသည်သာလျင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။

ထို့ကြောင့် ကျောင်းဆရာတစ်ယောက်ဟာ ကျောင်းသား တစ်ယောက်ကို သင်ကြားပြသ သလိုပါပဲ၊ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။

''မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ၊ ကိုယ်ကျင့်ထားတဲ့ တရားကို အားကိုးကြပါ၊ ကိုယ်ကျင့် ထားတဲ့ ကိုယ်ကျင့်တရားကလွဲလို့ တခြားအားကိုးစရာ မရှိပါဘူးတဲ့''

လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ဗုဒ္ဓကို ကိုးကွယ် ဆည်းကပ်နေပေမယ့် စစ်ရှုံးလို့ လက်နက်ချ အရှုံးပေး အညံ့ခံလိုက်တာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာတာနဲ့ပဲ လွတ်လပ်စွာ တွေးတောကြံစည် စဉ်းစားဝေဖန်ခြင်းတို့ကို စွန့်လွှတ်ရတာမျိုး မဟုတ်ပါဘူး။

မိမိစိတ်ထဲမှာ အချုပ်နှောင်မရှိ လွတ်လပ်စွာ ကျင့်ကြံ အားထုတ်နိုင်ပါတယ်။ ဘယ်လောက်ထိ လွတ်လပ်ပါသလဲဆိုရင် ကိုယ်ကိုယ်တိုင် '' ဗုဒ္ဓ'' ဖြစ်လာသည်အထိ မိမိရဲ့ အသိဉာဏ်များကို ပွားများ နိုင်ပါတယ်၊ တိုးချဲ့နိုင်ပါတယ်။

ဗုဒ္ဓ၀ါဒရဲ့ အစကတော့ သမ္မာဒိဋ္ဌိပါပဲ။ သမ္မာဒိဋ္ဌိဆိုတာ အသိဉာဏ် မှန်ကန်ဖို့ ၊ အယူအဆ မှန်ကန်ဖို့ပါပဲ ။ ဒုက္ခနှင့် ဒုက္ခအကြောင်းမှန်ကို သိရှိနားလည်ရမယ်။

ဤအချက်တို့ကို သိရှိနားလည်ဖို့ရန် မိမိတို့၏စိတ် ၊ စေတသိက်တို့ရဲ့ စွမ်းရည်သတ္တိကို လွတ်လပ်စွာ အသုံးချဖို့ လိုအပ်ပါတယ်။ ထိုသစ္စာတရားတို့ကို ရှာဖွေပေးတဲ့ ဗုဒ္ဓက ကောသလတိုင်း ကေသမုတ္တိရွာသား ကာလာမလူမျိုးတို့အား အောက်ပါအတိုင်း ဟောထားခဲ့ပါတယ်။

ဗုဒ္ဓရဲ့စကားကြီး ၁၀ ခွန်း

ကာလာမတို့ –

၁။ အဆင့်ဆင့် ပြောဆိုလာခဲ့တဲ့ ရှေးစကားကြားရုံမျနဲ့လဲ ၀ါဒတစ်ခု လက်မခံလိုက်နဲ့ဦး ၊

၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ ဦး ၊

၃။ သူတစ်ပါးပြောတိုင်းလဲ မစုံစမ်းမဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး ၊

၎။ စာနဲ့ရေးသားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး ၊

၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး ၊

၆။ မှီရာနည်း နိဿယတွေရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ ဦး ၊

၇။ မိမိ အကြံအစည် အတွေးအခေါ်ကို မိမိဘာသာအကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး ၊

၈။ မိမိကြိုတင်စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစ်စုံတစ်ယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ ဦး ၊

၉။ ထင်ရှားကျော်ကြားပြီး လူအများလေးစားတဲ့ ပုဂ္ဂိုလ်ကြီးပြောတဲ့ စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ ဦး ၊

၁၀။ ငါတို့လေးစားတဲ့ ငါတို့ဆရာ့စကား ဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်နဲ့ ဦး ။

ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ

ကာလာမတို့ – ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား ၊ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား ၊ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်ပါ တကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်ကြသားပဲ။

အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစ်စုံတစ်ခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ကျင့်နေရမှာလဲ၊ ပယ်လိုက်ကြပေါ့။

ကာလာမတို့ – သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ''ဤအကျင့်တရားတို့ကား အပြစ်ကင်း၍ သန့်ရှင်းသောတရားများ ကောင်းကျိုးချမ်းသာ ဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင် ထားသောစိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ကြပါ''

ဤသုတ္တန်လာ ဗုဒ္ဓ၏မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတစ်မျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေငေးငိုင်နေသူတွေကို ကြည်လင် တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။

(၂၇-၁၀-၉၇ ရက်နေ.ထုတ် မြန်မာ့အလင်းသတင်းစာ တွင်ပါရှိသော စုဆောင်းတင်ပြသူတစ်ဦး၏ ဗုဒ္ဓ၀ါဒသည် Religion မဟုတ်ပါ ဆောင်းပါး မှဖော်ပြပါသည်။)

Tuesday, March 23, 2010

Buddhism is not a Philosophy

NOT A PHILOSOPHY

Moreover, another question that of whether Buddhism is a philosophy or not also depends on the definition used. If the term ‘philosophy’ is defined as ‘love of wisdom’, ‘serious thinking’, ‘world view of things’ or ‘speculation about reality, then Buddhism is obviously not a philosophy.

But, if the scope of philosophy is wide enough to cover the deeper and more profound sense of ‘search of truth’, then Buddhism may be called, in the same way, a philosophy. The interpretation ‘search of truth’ is quite similar to the search after the Noble Truth (ariya saccā) in Buddhism. But generally, most of the philosophers in the west are usually seeking outward as well as inward to find out underlying reality behind the temporal manifestations.

They generally avail themselves of the different ways of finding out Ultimate Reality. They enjoy, mostly, the intellectual satisfaction in the quest itself and thus are not necessarily concerned with arriving at the ultimate truth. Philosophy as is commonly known, asserted by several well-known philosophers, is found different in ideas, views and opinions. That is only because of the fact that an inference asserted by a philosopher was often times rejected by another one when it was disagreeable to his own view or opinion. That, in fact, proves that the inferences were not really mature and true enough, but still lacking any real validity.

The statements of their philosophy guide one to take part not in a steady and orderly advance form speculation to knowledge, but in a series of marches and counter-marches of views and criticisms. They are hardly able to arrive at the final goal; instead they are choosing to tread in the footsteps of their predecessors. Thus we see that their quest is essentially speculative.

The western philosophers, of course, had admirably reasoned and laboriously worked out what they could, but their tremendous conflict of opinions largely cancelled out each other’s value and left the students bewildered, ignorant and confused in their attempt to see in a dim light. Moreover, the western thinkers usually claimed that nobody had discovered ultimate truth and that human intellectual limitations were so narrow that nobody was likely to discover it. However, the Buddhist canon claimed that the ultimate truth was certainly discoverable and that even many sages had actually realized it. The western philosophers, apparently in such a gloomy search, had not reached the stage of the Noble Truth which was discoverable only by the Perfectly Enlightened One, as they were naturally incomplete and lacking in systematic methods or principles of the Absolute Truth (paramattha saccā).

In the case of Indian philosophers, their quest after the Truth was also not absolutely perfect and final though they exerted themselves to a great extent within their practice. So what they had realized was not the final goal as seen from the view of Buddhist sages who had become the Noble Ones (Ariyas). Their interpretations regarding the Ultimate Reality were true only to the extent of their own realizations, going no further and not wholly true. The knowledge of truth that they had attained was only part and partial knowledge. And so the perfection of human wisdom could never ‘develop out of any mystical hermitage. In fact, they could enter into mystic trances, yet they, were not really enlightened in the higher stages of insight or supreme wisdom (adhipaññā).

In the case of enlightened ones in Buddhism, their approach was empirical like the approach of the scientists and Indian philosophers, but he difference was that the latter could reach only the culmination of the trance and no further. As for the Noble Ones in Buddhism, when they came to the end of the meditative journey, there needed to be no speculation for them as they had fully realized that they had reached the final end, (Nibbāna), by their actual experience of the Noble Truth (saccā). This decidedly shows that there are the Noble Ones in the Buddhist dispensation for some of whom there is no more rebirth as they have attained the final state of Nibbāna, i.e., totally cutting off the fetters, thereby going beyond the mind-body complex, above the space-time and cause-effect order of life-existence. Therefore it is a true fact that the way to achieve the Ultimate Reality can be found only in the Teaching of the Buddha, as the Buddha Himself taught in the Mahāparinibbana Sutta that ‘in this doctrine and discipline of Him, the Eightfold Noble Path is duly realizable’.


[An excerpt from “Buddha Desanā” and “Essential Principles for Enlightenment” by The Most Venerable Kaba-aye Sayadaw Bhaddanta Paññādīpa]

Sunday, March 14, 2010

Buddhism is not Religion - ဗုဒ္ဓဝါဒသည် Religion မဟုတ်ပါ

ကိုညီနောင်ရဲ့ တောင်းဆိုချက်ကြောင့်ပဲ သည်တရားကို ရှာဖွေဖြစ်ခဲ့ပါတယ်။ တရားတော်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများရှာဖွေ ပေးတဲ့ ဆရာဒေါက်တာလှမြင့် (ပါမောက္ခ- အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြုတက္ကသိုလ်) ကို အထူးကျေးဇူးတင်ရှိပါကြောင်းလည်း မှတ်တမ်းတင်ဖေါ်ပြလိုပါတယ်။

ဗုဒ္ဓဝါဒသည် Religion မဟုတ်ပါ ဟူသော အဆိုအမိန့်သည် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဗဟုဇနဟိတဓရ ဟူ၍ ဘွဲတံဆိပ်တော်သုံးထပ်ရ စစ်ကိုင်းတောင်ရိုး သီတဂူဆရာတော် ဘုရားကြီး ဘဒ္ဒန္တဒေါက်တာ ဉာဏိဿရ အရှင်မြတ် ဟောပြောတော်မူသော တရားတော်ဖြစ်ပြီး တိုတို တုတ်တုတ် ခေတ်မီတရားတော်တစ်ပုဒ် လည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ မြန်မာသံရုံးမှ စီစဉ်ကျင်းပသည့်
တရားပွဲအပြီး ( ဗုဒ္ဓဝါဒသည် Religion လား) ဟူသော မေးခွန်းကို ဖြေကြားခဲ့ရပြီး ယင်းအဖြေကို စာတမ်းပြု၍ ၁၈.၁.၈၂ နေ့က All India Radio မှ အသံလွှင့်ဟောကြားခဲ့သော တရားဖြစ်ကာ၊ နိုင်ငံခြားသာ သနာပြုတ ရားတော်လို့လည်းခေါ်ဆိုနိုင်ပါတယ်။


ကျွန်မ တင်ပြလိုသည် မှာ အပိုင်း ၂ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။ ဆရာတော်ကြီး ကိုးကားခဲ့တဲ့ စာအုပ်ဖြစ်တဲ့ - ကမ္ဘာအေးဆရာတော် ဘဒ္ဒန္တအရှင်ပညာဒီပ ရေးသားတော်မူတဲ့ ( “Buddha Desana” and “Essential principles for Enlightenment” by The Most Venerable Kaba-aye Sayadaw Bhaddanta Pannadipa.) မှ ကောက်နုတ်ချက်ကို အင်္ဂလိပ်ဘာသာ ဖြင့်တစ်ပိုင်း၊ သီတဂူဆရာတော် ဘုရားကြီးဟော ကြားတော်မူတဲ့ မြန်မာ ဘာသာနဲ့တရားတော် ကို အပိုင်းတစ်ပိုင်း၊ တင်ဆက်သွားပါ့မယ်၊ ပြီးမှ ၂ခုပေါင်းပြီး
E-Book အဖြစ်ပြန်တင်ပေးပါ့မယ်။ ပိုပြီး ပြည့်စုံတဲ့ မှတ်တမ်းရှိပါကလည်း ကျွန်မအားထောက်ပြ မျှဝေပေးပါရန်
ပန်ကြားအပ်ပါတယ်။

ကိုညီနောင် နှင့်တကွသော ဓမ္မစာပေမြတ်နိုးသူများ နှစ်သက်သလို ဖတ်ရှုအသုံးပြုနိုင်ပါကြောင်း၊ တောင်းဆိုတဲ့ အတွက်လည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပဏာမစကားဆိုပါရစေ။

---------------------------------------------------------------------------------------------------------------------
Buddhism is not Religion
NOT AN ISM


As the term “Buddhism” is exposed with the suffix “ism”, many are, however, led to believe incorrectly that it is a kind of isms like several other ideological isms, such as socialism, communism, capitalism, feudalism etc. Since the term is liable to confusion with other isms as described above, I am really afraid that Buddhism, especially Theravada
Buddhism, is not well understood in its proper sense by the majority of the people of the world.

As you may know, an ism is a system, theory, doctrine, method of practice and so forth, adopted by philosopher or politicians. Buddhism, however, is not a system of practice for material development only, nor is it theory merely to be studied, nor a doctrine revealed by the miracle power of Buddha. But Buddhism is the natural principles of man and the universe discoverable only by the supremely enlightened human individuals for moral and spiritual
attainment of the highest and noblest character now and hereafter or at least for self-purification and self-enlightenment.


NOT A RELIGION
The question of whether Buddhism is a religion as casually known and accepted depends either on one’s own inner attitude or conviction or on the definition of the term ‘religion’ referred to. If religion is defined as constancy in the acceptance of duty as a divine command or as self-surrender of human spirit to the Divine Power or God, or as a belief in the Divine Power or Heavenly Being for guidance on one’s destiny or for sanctifying any committed sins, then obviously Buddhism is not any such kind of religion.
If on the other hand, the religion is defined in a modern or wider sense as a system of thought, a rational faith or practice followed by individuals, or as an object of veneration and devotion for the attainment of mental perfection and peace of mind and body, and then Buddhism may be called a religion.
Most of world religions originally based their teachings on the idea of God. The believers in God always maintain that God is the supreme One who is eternally existent indefinitely everywhere in the heaven and elsewhere. Their ultimate aim is more or less ever connected or concerned with the will or command of God.
They ever pray to God to get rewards for their good and for sanctification of their sins. Such
being the case, when they say ‘religion’, they mean only the idea of God. In most cases, when they come up to the stage of unsolved mystery of thought, they hand up at last all their problems into the will of God.
Quite contrary to the above view, in Buddhism there is no Heavenly Being or Almighty God who can guide one to one’s own fate or destiny, make judgments on one’s own behavior or answer to any supplications of prayer.
In short, Buddhism believes in one’s own actions of how one as done either good or bad and in the results of how one has to reap the fruits as reaction out of their very actions previously done. For the aforesaid reasons Buddhism as seen from the western religious point of
view, cannot possibly be called a ‘religion’.
(An excerpt from “Buddha Desana” and “ Essential principles for Enlightenment” by The Most Venerable Kaba-aye Sayadaw Bhaddanta Pannadipa.)

Friday, March 5, 2010

ကတညုတမျက်စိဖြင့်လောကကိုကြည့်ခြင်း(၂)

ကတညုတမျက်စိဖြင့် လောကကိုကြည့်မြင်ပြီးလောက ကောင်းကျိုးကို ဆောင်ရွက်ရာတွင် စိတ်ဓာတ်ကျဆင်းလာပါက အားတင်းဖွယ် ပုံရိပ် အဖြစ်ရှုကြည့်ဖွယ်အကောင်းဆုံး ကတော့ ကျွန်မတို့အားလုံးရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်၊ အလောင်းတော်ဘဝ သူမေဓာရှင်ရသေ့ ပဲဖြစ်ပါတယ်။ သူဘုရားဖြစ်ချင်တာသူ့အတွက် မဟုတ်ခဲ့ပါ။ လောက အတွက်သာ ဖြစ်ပါတယ်။ ဘုရားဖြစ်ပါမှ လောကကို တာဝန်အကျေဆုံး ကယ်တင်နိုင်မယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ သူ့အကျိုးစီးပွားကို စဉ်းစားမယ် ဆိုလျှင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ၊ လေးပါဒ မျှရှိသော ဂါထာတစ်ပုဒ်ကို
နာကြားလို့မဆုံးချင်မှာပင် ရဟန္တာ ဘဝနဲ့ နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်တယ် ဆိုတာ အားလုံးကသိပြီး ဖြစ်ပါလိမ့်မယ်။
ဒါမေမဲ့ သုမေဓာ သည် နိဗ္ဗာန်ကို မယူသေးပဲ စွန့်လွှတ်လိုက်ပါတယ်။ နိဗ္ဗာန်ချင်းခြားနားနေလို့တော့မဟုတ်ပါ။ မြတ်စွာဘုရားရှင် မျက်မှောက်ပြုတဲ့နိဗ္ဗာန်နဲ့ ရဟန္တာအရှင်မြတ်များ မျက်မှောက်ပြုတဲ့နိဗ္ဗာန်ဆိုတာ တကယ်တော့ အတူတူပါ။ လောကအတွက်သူ့အကျိုးကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းနောက်ကျခံ ပြီးမှ ယူတော်မူခြင်းဖြစ်ပါတယ်။


ကျွန်မတို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ရဲ့ကျေးဇူးတော် အနန္တကို တကယ်သိရှိလိုပါလျှင် သုမေဓာ ရှင်ရသေ့
ဘဝကိုနားလည်အောင် ကြိုးစားဘို့လိုအပ်ပါတယ်။ ပျိုရွယ်စဉ်ကာလ ကတည်းက မိဘနှစ်ပါး ဆုံးပါးသွားခဲ့တာ၊ ဘိုးဘေးဘီဘင်မှဆင်းသက်သော အမွေပစ္စည်းများက ကုဋေကုဋာမို့ အဲဒီ ပစ္စည်းတွေနဲ့ လောကကို ပံ့ပိုးမယ်ဆိုလည်း ရနိုင်ပါတယ်။ အမရဝတီနေပြည်တော်မှာ သူ့ခေတ်က ကျောင်းသင်ပညာရပ်တွေကို တတ်ကျွမ်းခဲ့တာ၊
ပရောဟိတ် ဘွဲ့ခံနိုင်လောက်အောင် တတ်ကျွမ်းခဲ့ ပါတယ်။ သူဟာ သူတပါးနဲ့ မတူ၊ တမူ ထူးခြားတဲ့ အတွေးအမြင် ရှိတဲ့သူဖြစ်ပါတယ်။ ပဋိသန္ဓေဉာဏ်အရလည်း အလွန်ထက်မြက်တဲ့သူဖြစ်ပါတယ်။ လောကကို တကယ်ကြီးပွား တိုးတက်အောင် ဆောင်ရွက်မယ် ဆိုရင် ပစ္စည်းဥစ္စာနဲ့ ပံ့ပိုးလို့အကျိုးရှိလှတာ မဟုတ်၊ အတတ်ပညာနဲ့
ပံ့ပိုးလို့ အကျိုးရှိလှတာလည်း မဟုတ်ဘူးဆိုတာ။ ကိုယ်တွေ့ အရထိုးထွင်းသိမြင်ခဲ့ပါတယ်။

အမှန်တကယ်တော့ ပစ္စည်းဥစ္စာနဲ့ အတတ်ပညာတွေဟာ ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းမှုကို မပေးနိုင် ပူလောင်မှုကိုသာပေးနိုင်ကြပါတယ်။ ပစ္စည်းရှိပြန်ပါကလည်း ပစ္စည်း ကသူ့ချည်းမနေ၊ မာန ကိုခေါ်လာ၊ သောကကို ခေါ်လာတတ်ပါတယ်။ ပညာရှိပြန်ပါကလည်း ပညာက သူ့ချည်းမနေ မာနကိုခေါ်လာတတ်၊ ဒေါသကိုခေါ်လာတတ်တယ် ဆိုတာကို သုမေဓာကကောင်းကောင်း သိလို့နေခဲ့ပါတယ်။ ဒါကြောင့်လောကကို သာယာ ငြိမ်းချမ်းအောင်ဖန်တီးရာမှာ ပစ္စည်းဥစ္စာတွေ အတတ်ပညာတွေဟာ တကယ်တမ်းအားကိုးလောက်တဲ့ အရာဝတ္ထုတွေ မဟုတ်ကြောင်း သူနားလည်ပါတယ်။ တကယ်အားကိုးလောက်တဲ့ အရာဝတ္ထုကို သူလိုချင် ခဲ့ပါတယ်။ အဘယ်အရာသည် လောကအား ငြိမ်းချမ်းသာယာစေပါသနည်း။ အဘယ်အရာသည် အားကိုးလောက်သော ငြိမ်းအေး ဖွယ်ရာဖြစ်လေသနည်း ဆိုတဲ့မေးခွန်း ကို ကိုယ်တိုင်ဖြေဆိုခဲ့ပါတယ်။ သူ့အဖြေကား ကိုယ်ကျင့်သိက္ခာ ပဲဖြစ်ပါတယ်။ ကိုယ်ကျင့်သိက္ခာ ကိုထူထောင်တဲ့နေရာမှာ တဏှာလေဘကို သတ်ရပါတယ်။ တဏှာလောဘကင်းမှသာ သာယာငြိမ်းအေးသော ဘဝကိုရမှာ ဖြစ်ပါတယ်။ တဏှာလောဘ ဆိုတာ ဒုက္ခကို ဖန်တီးစမြဲဖြစ်ပါတယ်။ ဒါကြောင့်လည်းတဏှာလောဘကို ဒုက္ခဖြစ်ကြောင်း
အမှန်တရား သမုဒယသစ္စာ လို့ ဆိုခြင်းဖြစ်ပါတယ်။

မာနဆိုတာ တကယ် အရင်းစစ်လိုက်တော့ တဏှာ နဲ့ပင်စပ်ပါတယ်။ သောက ပရိဒေဝတို့ ဆိုတာကလည်း တဏှာ လောဘက မြစ်ဖျားခံ ကြတာပဲဖြစ်ပါတယ်။ လောကဟူ၍ တည်ရှိခြင်း သည် ပင်လျှင် အဝိဇ္ဇာ နဲ့ တဏှာ မှ မြစ်ဖျားခံခဲ့တာ ပဲမဟုတ်ပါလား။ လောကကိုတည်ဆောက်တဲ့ ဗိသုကာ၊တဏှာလောဘ ကို မျက်မှောက်ထင်ထင် သိပါမှ လောကသည် သောကမှ လွတ်မြောက် ပါလိမ့်မယ်။ သုမေဓာ သည် သူမြင်သော ဤအမြင်ကို လောကအားပေးချင်ခဲ့ပါတယ်။
ပေးနိုင်အောင်လည်း သူကြိုးစားခဲ့ပါတယ်။ တဏှာဗိသုကာကို ရှာဖွေတဲ့ လုပ်ငန်းကို သုမေဓာ ဘဝမှ စတင် လုပ်ဆောင်ခဲ့တာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလွန်မြောက်ပြီးနောက် ဗောဓိပင်နဲ့ ရွှေပလ္လင်ထက်ရောက်မှ မျက်ဝါး ထင်ထင်၊ အသမ္မောဟ၊ ပဋိဝေဓ-သိဖြင့် မြင်နိုင်ခဲ့ပါတယ်။

အဲဒီ အခါကျမှ တွေ့ပြီ၊ သင်ကိုအောင်ခဲ့ ပြီရယ်လို့ ဥဒါန်းကျူးရင့်တော် မူခဲ့ပါတယ်။
ကျွန်မတို့ အားလုံးရဲ့ တစ်ခုတည်းသော ပန်းတိုင်သည် တဏှာ သတ်တာ၊ တဏှာအစပ်ဖြတ်တာဟာ အဓိက ပဲဆိုတဲ့ ခံယူချက် ရှိနေရပါမယ်။ သည်ဘဝနဲ့ သည်အလုပ်ဆိုတာ ဆုံးဖြတ်ချက် ပိုင်ပိုင်ချထား ဘို့ကို ပိုင်းလော့ဆရာတော်
ဘုရားကြီး ကဆုံးမတော်မူပါတယ်။

ကတညုတမျက်စိနဲ့ လောကကို ဘယ်လိုကြည့်သလဲ၊ ဘာတွေလုပ်ခဲ့သလဲ ကျွန်မဆက်ရေးပါအုံးမယ်။ အခု နံပါတ် (၂) ကတော့ အမှန်တကယ် လောကအကျိုး ဆောင်ချင်တယ်ဆိုရင် လုပ်ဆောင်ရမဲ့ ရည်ရွယ်ချက် - Objective ကိုဖော်ပြခြင်း ဖြစ်ပါတယ်။ အဓိက လမ်းကြောင်းကို မီးမောင်းထိုး ပြထားတာပဲဖြစ်ပါတယ်။ ပိုပြီးပေါ်လွင် သွားအောင် ကျွန်မ ပူဇော်နေကျ ဖြစ်တဲ့ ဗုဒ္ဓဘိသေက ဥဒါန်းဂါထာလေးကို အလွတ်ကျက်မှတ်ပူဇော်ရင်း တဒင်္ဂ တဏှာကို ပယ်သတ်ကြရအောင်ပါ။

အနေကဇာတင်၊ ဗုဒ္ဓဘိသေက (မနသာ ဥဒါန်းဂါထာ)
အနေကဇာတိသံသာရံ၊ သန္ဓာဝိသံ၊ အနိဗ္ဗသံဂဟကာရ ၊ ဂဝေသန္တော-ဒုက္ခာဇာတိ ပုနပ္ပုနံ ဂဟကာရဒိဋ္ဌောသိ- ပုနဂေဟံ နကာဟသိသဗ္ဗာတေဖာသုကာဘဂ္ဂါ- ဂဟကုဋံ ဝိသင်္ခတံ ဝိသင်္ခရဂတံစိတ္တံ-တဏှာနံ ခယ မဇ္ဈဂ္ဂါ။
(ပုနပ္ပုနံ)- ဘဝ သံသရာ၊ ဖန်ခါခါလျှင်၊ ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ပဲ။ (ဇာတိ)-ယောနိလေးထွေ၊ လှည့်ပတ်ဖွေလျက်၊ သန္ဓေစွဲ မှီ၊ တည်နေဖြစ်ပွားရခြင်းသည်။ (ဒုက္ခာ)- သန္ဓေဇာတိ၊ ခန္ဓာ ရှိက၊ ဗျာဓိဇရာ မရဏာတို့၊ မကွာ နှောင့်ယှက်၊
ဝင်နှိပ်စက်၍၊ သက်သက်ချမ်းသာ မဟုတ်ပါပဲ၊ လွန်စွာ ညှိုးနွမ်း၊ ပင်ပန်းဆင်းရဲလှဘိ၏။
(တသ္မာ)- ထို့ကြောင့် (အဟံ) ဘုရားအလျာ သူမြတ်ငါသည် (ဂဟကာရံ)- ဒုက္ခယှက်လိမ်၊ ခန္ဓာ အိမ်ကို ၊ ကြိမ်ကြိမ်ကြိုး ကုတ်၊ တည်ဆောက်လုပ်သည်၊ အကြောင်းရင်း သမုဒယသစ္စာ ဖြစ်သော၊ တဏှာယောင်္ကျား၊
လက်သမားကို၊ (ဂဝေသန္တော)- လက်သည်စင်စစ်၊ ဘယ်သူဖြစ်ဟု၊ ဉာဏ်ဖြင့်မွှေ၍၊ ရှာဖွေခဲ့သော၊ ဘုရား အလျာ သူမြတ်ငါသည်၊ (အနိဗ္ဗိသံ၊ အနိဗ္ဗိသန္တော)- သင့်ကို မြင်နိုင်၊ ဉာဏ်မဏ္ဍိုင်ကို၊ ပိုင်ပိုင်တိတိ၊ မရရှိခဲ့ သေးသည် ဖြစ်၍။
(အနေက ဇာတိသံသာရံ)- ဘဝများစွာ၊ သံသရာ ကာလ ပတ်လုံး၊ (သံသာဝိသံ)- ခန္ဓာငါးချက်၊ဒုက္ခစက်ကို၊ ကြောက်လျှက်ပင်လျှင်၊ ငါမခင်ပဲ၊သံသရာဝဋ်၊ ချားရဟတ်၌ ၊မရပ်မနား၊ တဖားဖားလျှင်၊ ပြေးသွားကျင်လည်
ခဲ့ရလေပြီ။ (ဂဟကာရက)- ဒုက္ခယှက်လိမ်၊ ခန္ဓာအိမ်ကို၊ ကြိမ်ကြိမ်ကြိုးကုတ်၊ တည်ဆောက်လုပ်သည့်၊ အကြောင်းရင်းသမုဒယသစ္စာ ဖြစ်သော၊ ဟယ်… တဏှာယောင်္ကျားလက်သမားကို၊ (ဒါနိ-ကုဒါနိ)- ဘုရားဖြစ်လာ၊ ယခု အခါ၌ (တွံ)- သင့်ကို၊ (ဒိဋ္ဌော)-ပညာစက္ခု၊ သဗ္ဗညုဖြင့်၊ ယခုထင်ထင်လင်းလင်း မြင်ပြီ၊ အသိဖြစ်ပေပြီ။
(တွံ)- တဏှာ ယောင်္ကျားလက်သမားသည် (ပုန)- တစ်ဖန်(ဂေဟံ)- ဒုက္ခယှက်လိမ်၊ ခန္ဓာအတ္တဘောကြီးဟူသော အိမ်ကြီးကို (ပုန၊ နကာဟသိ)- နင့်ခြေ၊ နင့်လက်၊ နင့်အသက်ကို လေးမဂ်လျှံရှိန်၊ ဉာဏ်ပုဆိန်ဖြင့်၊ လေး ကြိမ် ဖြတ်ခုတ်၊ အမြစ်ပြုတ်၍၊သစ်ငုတ်တိုမှန် နင်ဖြစ်ပြီ မှန်သောကြောင့်။ တစ်ဖန်ထပ်လောက် နင်တည်ဆောက်နိုင်တော့မည်
မဟုတ်တော့ချေ။ (တေ)-သင် တဏှာ ယောင်္ကျား၊ လက်သမား၏ (သဗ္ဗာ)- တစ်ခုမကြွင်း၊ ခပင်းဥဿုံ၊ အလုံးစုံကုန်သော၊
(ဖာသုကာ)- ခိုင်မာတည်ဆောက်၊ ခန္ဓာအိမ်၏ ဘုံကွန်းပြောက် တည်းဟူသော၊ ထုတ်ယောက်ဒိုင်းမျှား၊ ကိလေသာတရားတို့ ကိုလည်း။ (ဘဂ္ဂါ)- ဝါသနာ အငွေ့ အသက် နှင့်တကွ၊ အနုဿယ သတ္တိ၊ ကျန်မရှိအောင်၊
စိစိကြေညက်။ ငါဖျက်ချအပ်လေပြီ။ (ဂဟကုဋံ)- သစ္စာလေးအင် ၊ နိဗ္ဗာန်လွင်ကို၊ မြင်ခွင့်မပေး၊ ဝေးသထက်ဝေးအောင်၊
အရေးကန့်လန့် တားဟန့်ပိတ်ကာ၊ အဝိဇ္ဇာတည်းဟူသော အိမ်၏ အထွဋ်မှန်ကင်းကိုလည်း။ (ဝိသင်္ခတံ)-အရဟတ္တမဂ်၊ ဉာဏ်သံလျက်ဖြင့်၊ မှုန့်မှုန့်ကြေမွ၊ ငါဖျက်ချအပ်ပေပြီ။ (စိတ္တံ)- ကိလေသာဟူ၊ မြူ အညစ်အကြေး၊ ကင်းဝေးဖြူ စင်၊ ငါဘုရား၏ စိတ်အစဉ်သည်။ (ဝိသင်္ခါရ) -သံသရာ စက်ကွင်း၊ ဒုက္ခခပင်းမှ၊ လွတ်ကင်းရာမှန်၊ နန်းနိဗ္ဗာန်သို့၊
(ဂတံ)- အရုဏ်မျက်မှောက်၊ သန္တိဓာတ်၊ သိဒ္ဓိပေါက်သဖြင့်၊ ဆိုက်ရောက် သက်ဝင်မိလေပြီ။ (အဟံ)- သုံးလောကထွဋ်ထား၊ ငါဘုရားသည်၊ (တဏှာနံ၊ခယံ)- တဏှာ တရား၊ ရာရှစ်ပါးတို့၏ ပျက်ပြားကုန်ခမ်းရာမှန်၊ အာသဝက္ခယဉာဏ်၊ စတုတ္ထမဂ်ဖိုလ်သို့၊ (အဇ္ဈဂ္ဂါ)- စက္ကဝါရိုက်ခြောင်း၊ တိုက်တစ်သောင်းမှ၊ နတ်ပေါင်းဗြဟ္မာ၊ ကောင်းတင်းငြာလျက်၊ ကြည်သာဝမ်းမြောက်၊ ငါဆိုက်ရောက်တော် မူခဲ့လေပြီတကား။

တဏှာ ဆိုတဲ့ စကားလုံးရဲ့ အညွှန်ကြားခံ တရားသားကို မိမိ ခန္ဓာတွင်ရှာဖွေတွေ့ရှိ သတိမူနိုင်ကြပါစေ။