Monday, January 26, 2009

Secret of Success I

မေမေ ချစ်သော သားသားနဲ့ မီးမီး….

မေမေ နာ ထားတဲ့တရားတော် ထဲကနေ အောင်မြင်မှု တနည်း လူ့ ချမ်းသာ ဖြစ်စေတဲ့ နည်းတစ်ခု မျှဝေချင်ပါတယ်..။
လူတိုင်းလူတိုင်း က ချမ်းသာချင်ကြတယ်..၊ ကြီးပွားတိုးတက် ချင်ကြတယ်..နိယမတရားတွေ မဟုတ်လား..။ အဲဒီအတွက် ဘာ လုပ် ရမယ် ဆို တာ သိချင်ကြတယ်..ရှာ ဖွေကြတယ်.. ကြံဆကြတယ်..၊စွဲလမ်းမှု လော ဘနဲ့ ဥပါဒါန် ပြင်းထန်လာရင်တော့ ရှုးသွပ်ကြတယ်။
လှော်ရင်းတက် အောင်ဆိုပြီး လှော် တက် ကြီးကို ဘုရားစင် မှာ ထား တယ်..။ နေ့ချင်းညချင်း ကြီးပွားတိုးတက်အောင် ဆို ပြီး ချင်းတက် ကြီးကို သဲ ပန်းကန်ထဲ ထည့်ပြီး..ဘုရားစင် ပေါ် ပို့ကြတာပဲ..။

မင်း ဓါတ် ဆို ပြီး သံလျက် ကြီးကို ဘုရားစင် မှာ ထောင်ထားလို ထောင်ထား လုပ်ကြတာပဲ..။ အလှူ လုပ်ပြန်တော့လည်း ကြာ ကြာ စံရအောင် ဆိုပြီး ကြာဆံချက် တွေ ကြာဇံကြော် တွေ ကပ်ကြ တယ်..။ ဘုန်းကြီးတွေစားချင်ရဲ့လား။ သပ္ပါယ မျှ ပါ့မလား ဆိုတာကို တွေးကြတာ နည်းပါတယ်..။ ပေါက် ပေါက်ရောက် ရောက် ရှိအောင် ဆိုပြီး ပေါက် ပေါက်ဆုပ်ကို ဆွမ်းတော် တင်ကြတယ်..။

ဆီမီးအလင်း လှူတာ တောင် ဖယောင်းတိုင်မှာ အင်းကွက်တွေနဲ့…။ ဘုရားစာ၊တရားတော် တွေကို ကိုးကွယ် နာယူမယ် နှုတ်တက်ဆောင်ရမဲ့ အစား မီး ရှို.သလိုဖြစ် မနေဘူးလား..။

မေမေ က ဘာ လို့ သိတာလည်း ဆိုတော့..ဘ၀ရဲ့ အားကိုးရာ မဲ့ တဲ့ အခြေအနေတစ်ခု..ဒါ့ထက် ပို ပြော ရရင်..ကိုယ့်ကို မှီခို အားကိုးနေတဲ့ ကလေးတို့ တွေ ဘ၀ရပ်တည်ရေး အတွက်..ဖော်ပြပါ အချက်တွေထဲက တချို့ကို ရူးသွပ် စွာ..လုပ်ကိုင်ခဲ့ ဘူးလို့ပါပဲ..ကလေးတို့ရေ..။
ပြန်တွေးမိရင် တော့ ရှက်မိတယ်..။ ကိုယ် လည်း အတိတ်က ကုသိုလ် လေး ဖေး မခဲ့ လို့ လမ်းကြောင်းမှန် ညွှန်ပြတဲ့ ဆရာတော် ဘုရားနဲ့တွေ့ ဆုံခဲ့ရပါတယ်..။
တက်ကျမ်းတွေ အစောင် စောင် အခုထိ ရေးလို့ မဆုံးသေးပါ..။ မေမေလည်း ငယ် ငယ်တုံးက ကိုယ့် ဘ၀ရဲ့ အောင်မြင်မှုဘယ် မှာ ရှိ မလဲ သိပ် သိချင်ခဲ့တာပေါ့ ကလေးရေ..။ ၀ယ်လိုက်တာ ဖတ်လိုက်တာ..။ ဦးနှောက် ထဲ မှာ မှတ်တမ်း များစွာ ကိန်း ခဲ့တာပေါ့..။

အမှန်မှာတော့ ..ဘုရားဟော တဲ့ တရားတော် ထဲမှာ လောကီကြီးပွားရေးတွေ.. ပါပြီးသားပါ…မေမေတို့ မြန်မာ တွေက.. နီးလွန်းရင် လည်း မမြင်ရ.. ကြီးလွန်းရင် လည်း မမြင်ရဆိုတာလို..နီးလွန်း ကြီးလွန်း လို့ မမြင် ခဲ့ ကြတာ ဖြစ်ပါလိမ့်မယ်..။

ပါဠိ ဆိုရင် ကြောက် မှာ စိုး လို့.. ပိုင်းလော့ ဆရာတော် ဟောတဲ့ အတိုင်းပဲ..ပြန် ပြော ပါ့မယ်..။
စိတ်ဆင်းရဲစရာ မှန် သမျှ သည် အကုသိုလ်ဓါတ်၏ အကျိုးပေး။
စိတ်ချမ်းသာ စရာ မှန် သမျှ သည် ကုသိုလ် ဓါတ်၏ အကျိုးပေး။

ဒါဆိုရင် ချမ်းသာခြင်းကို ရဘို့ဆိုရင် ကုသိုလ် အကုသိုလ် သိဘို့ အရေးမကြီးဘူးလား..။ ဘယ်လိုသိရလဲ ဆိုရင် အရသာကို သိသလိုပဲ သိလို့ရတယ်.။ ဆားကိုပြလို့ ရပေမဲ့ ငံ တာ ကိုတော့ ပြလို့မရဘူးမဟုတ်လား..။ ခံစားမှုနဲ့သာ သတ်မှတ်ကြရပါတယ်..။သည်လိုပါပဲ ဘယ် အာရုံလာ လာ စိတ်နဲ့ အာရုံ အဆင်ပြေအောင်နေတတ်ရင်..အအေးဓါတ် ထွက်တယ်။ အအေးဓါတ်က ကုသိုလ်ဖြစ်ပေါ် လာတာ ကို ခံစားရတာပေါ့။ စမ်း ရေ ပေါက် ကနေ စမ်းရေထွက်ပြီး ကန် မှာ ပြည့်သလို..၊စိတ်မှီ တဲ့ နှလုံးအိမ် ကနေ စိမ့်ထွက်ပြီး တကိုယ်လုံးအေး သွားတာ မျိုးလေ…။ကလေးတို့ တခါတခါ ဖြစ်ခဲ့ဘူးမှာ ပါ..။

ကိုယ် မှန်းထား၊ ပုံဖော်ထားတာက လော ဘနဲ့ ပုံဖော် တယ် ကောင်းတာလေးတွေရွေး ပြီးတောင့်တတတ်တယ်…ထင် သလို မဖြစ်ကွာ ဟတဲ့ အခါ အပူဓါတ်ထွက်တယ်..။ ပူ တဲ့ အခါလည်း လောင်မီး ကျသလိုပဲ..ညှိုးနွမ်းခွေ လျ တယ် ဆိုတာ မျိုးပေါ့..။ အပူဓါတ် ကတော့ အကုသိုလ်ပဲ..။ကိုယ့် စိတ်ကို ပြန် စစ် ကြည့်လို့ရပါတယ်..ကလေးတို့..။

ကိုယ့် စိတ်ကို အအေးဓါတ်ထွက်အောင် ဘယ်လောက် နေဘူးလဲ..ဘယ်နှစ်ခါ နေဘူး လဲ ပြန်မေးကြည့်ပါ..။ မေမေ့ကို မေမေပြန်မေးကြည့်တယ်.. မျက်ရည်တွေ.. အလိုမကျမှုတွေ..သောကတွေ….ဒေါမနဿ တွေ..နဲ့ လျှောက် လှမ်း ခဲ့တာကိုး.. မချမ်းသာ တာ ဘာ ဆန်းလဲ..။

(ပူတယ်လေ..ဆယ်နေကဲ..ကျမျက်ရည် လဲ ချောင်းဖြစ်တော့မယ်)..(သောက သူဌေးမလေးပါလေ..)..(နေ့ နဲ့ည လည်းနားမလည်ပြီ) ဆိုတာတွေက အကုသိုလ် မှန်းမသိတော့ ဆိုလို့ကောင်းခဲ့တာ ပေါ့.. သားတို့ သမီးတို့ရေ..။
အပူ နဲ့ မနေ နဲ့..အအေး ဓါတ်ထွက်အောင် တကယ် နေ နိုင် တယ်.. အကြိမ် များများနေနိုင်ရင် တကယ် ချမ်းသာ ပါ ပြီ..။ပြန် စစ်ရအောင်..မေမေတို့ အအေးဓါတ်မြန် မြန်ထွက် စေ တဲ့ ကိစ္စ တွေ လုပ်ပါရက် နဲ့ မအေး ခဲ့ဘူး..။

ဥပမာ.. ဂုဏ်တော် ၁၀၀၀ ရွတ် တယ်.. ကုသိုလ် လို့ အမည်တပ်တယ်..။ ပြီးတော့ လက် က စိတ် ပုတီး ကို ပြီးချင် ဇော နဲ့  ဆွဲချတတ်တယ်..။ စိတ် က ဘုရားရှင်ရဲ့ ကရုဏာ ကြီးပုံ..အတုမရှိ ဉာဏ်တော် ကြီးမားပုံ .. ကိလေသာ ကင်းစင်ပုံ…..ကောင်းသောစကား မှန်သော စကားကိုသာ ဆိုတတ်ပုံ..စသည်ဖြင့် ဂုဏ်တော်ကို မှန်းဆကြည် ညို ကြတာ နည်းပါတယ်..။ စိတ်နဲ့ အာရုံ တထပ်တည်းမကျတာ များတော့..ကုသိုလ်ဓါတ်နဲ့ အေးရမဲ့ အစား..အပူတွေသာ ထွက်တတ်ကြပါတယ်..။

သားတို့ သမီးတို့.. ကုသိုလ် လို့ အမည် တပ်ထားတဲ့ အလုပ်တွေကို ကော.. နေ့ စဉ် အိပ်ယာထတာ.. မျက်နှာသစ်တာ..အ၀တ်လဲ တာ.. ခြေလှမ်းတာ.. တံခါးကိုင်တာ..တံခါးပိတ်တာ.. ဘတ်စကား စီးတာ တွေလုပ်တဲ့ အခါ မှာ စိတ်နဲ့ အာ ရုံ တထပ်တည်းကျနေရင်.. အအေးဓါတ်ထွက်ပြီ..။

စမ်းသပ်ပြီး..ကျင့်ကြည့်ပါလား… ဓါတ်ခွဲခန်းဝင်စရာမလိုဘူးနော်..စိတ်အလုပ်ပဲ..။ ဒါကိုတရား အားထုတ်တယ် ခေါ်ပါတယ်..။ တရား အားမထုတ်တဲ့ အချိန် ဟာ မတရားအားထုတ်တဲ့ အချိန် ပဲလို့ ဆရာတော် ဘုရား ဟော်တော် မူတယ်..။ ကိုယ့်စိတ်တွေ က ဘယ်တော့မှပြန်မလာတော့ မဲ့ အတိတ်တွေ နဲ့ ရောက် မလာသေးတဲ့ အနာ ဂါတ် အာရုံ တွေနဲ့ ပူလောင် နေကြ ၊ မတရား အားထုတ်နေကြတာပဲ များပါတယ်..။

ဝိပဿနာကတော့ အဲဒီ အအေး ဓါတ်ကိုတောင် ဗြဟ္မာထိ.အကျိုးပေးပြီး ဇာတိပြန်လာ နိုင်သေးတယ်..တဲ့ ပယ်ခိုင်းတယ်.. သည် ဉာဏ်ထိတော့ မေမေလည်း မနိုင်သေးတော့ ပြန် မဝေငှ နိုင်သေးဘူး..။
ကျင့်ကြည့်ပါအုံးကလေးတို့…။
ချစ်သော မေမေ

0 မှတ်ချက်ရေးရန်: