Saturday, January 23, 2010

*နမက္ကာရ ဘုရားရှိခိုး တွင်ပါဝင်သော ခက်ဆစ်၏ အဖြေများ -၂ *

အစိန္တေယျ = မကြံစည်နိုင်သော ၊ကြံတွေးမရနိုင်သော ၊

အပ္ပမေယျ= မနှိုင်းယှဉ်နိုင်သော

သေဋ္ဌ =လောကထက်မြတ်သော

ဇေဋ္ဌ = လောကထက်ကြီးမြတ်သော

အတုလ = တုဖက်+ ပြိုင်ဘက် ကင်းသော

ပရမံ= မြတ်လှစွာသော

အရဟံ= ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊

ဘဂဝါ = ဘုန်းတော် ခြောက်ပါးနှင့်ပြည့်စုံတော်မူသော

သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားကို မဖောက် မပြန် မှန်ကန်စွာ၊ ကိုယ်တိုင်ထိုးထွင်း၍ သိသော။

အနုတ္တရ = မိမိထက်လွန်မြတ်သူ မရှိသော

မာရဇိ = မာရ်ငါးပါးကိုအောင်တော်မူသော

တိလောကန္တဂူ = သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကတည်းဟူသော လောကသုံးပါး၏ အဆုံး သို့ရောက်တော်မူသော ။

သယမ္ဘူ = တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော

ဘဝိဿရ = ဘဝ အလုံးစုံကို အစိုးရတော်မူသော

အသင်္ချေယျ နာမတံဆိပ် = မရေ မတွက်နိုင်သော ၊ အမည်တော် ဘွဲ့တံဆိပ်။

ဂုဏ်ဝိသိဌ် = ထူးကဲကြီးမြတ်သောဂုဏ်ထူး

ဇမ္ဗူဒိပ် = ကျွန်းဦးသပြေပင် ကြောင့် ၊ထင်ရှားသောတောင်ကျွန်း။

ဘဝဂ်= သုံးဆယ့်တစ်ဘုံတွင် အထက်ဆုံး ဘုံ။

သြကာသ သုံးရပ် =ကာမဘုံ၊ ရူပဘုံ၊ အရုပဘုံ ဟူသော သတ္တဝါ လောက၏ တည်ရာအရပ်။

သမိုက်အပ်သော= သမုတ်အပ်သော။

မဟာ ကဝိန်= ကြီးမြတ်သောပညာရှိကြီး။

သုခမိန်= ပညာရှိ

ပညိနြေ္ဒ = ဉာဏ်ပညာတည်း ဟူသော ဣနြေ္ဒ

ကျေးဇူးတော်အပုံ = ကျေးဖူးတော်အများအပြား

မကိုဋ် = ဦးခေါင်း ၌ တပ်ဆင်အပ်သော ၊ မြတ်သောတန်ဆာ။

မင်္ဂလာ = ကျက်သရေ ကို ရယူတတ်သော။ မကောင်းမှုကို ပယ်ဖြတ်တတ်သောသဘော။

ပထမာဒိက = အစဦးဆုံး

ဘူမိပါလ = သမ္မတ မင်း

အာဒိစ္စဂိုဏ်း= နေမင်း အမျိုး မှ ပေါက်ဖွားဆင်းသက်လာသော။

သမ္မုတိဒေဝရာဇ် = သမ္မုတိနတ်ဟုခေါ်သောမင်း။

ဇာတိမဟတ္တဂုဏ် = အမျိုးဇာတ်အားဖြင့် ကြီးမြတ်သော ဂုဏ်။

ပုည မဟတ္တဂုဏ်= ဘုန်းတော်အားဖြင့်ကြီး မြတ်သောဂုဏ်။

ဝသုန်= မြေကြီး

သေလာ= ကျောက်တောင်

အဏ္ဏဝါ = ပင်လယ် သမုဒ္ဒရာ

ဂုဏ မဟတ္တဂုဏ် = ဂုဏ်အားဖြင့်ကြီးမြတ်သောဂုဏ်။

အပ္ပဋိပုဂ္ဂိုလ် = နှိုင်းယှဉ်ဘက် မရှိသောပုဂ္ဂိုလ် ။

ဇမ္ဗူ = ဇမ္ဗူ ဒီပါ လင်္ကျာတောင်ကျွန်း။

ချက်ဗွေဘူမိ = ဇမ္ဗူ ဒိပ်ကျွန်း၏ အလယ် ဗဟိုမြေ။

အပရာဇိ ခရိုင် = အပရာဇိတပလ္လင် ၊ ရန်သူတို့ မအောင်မြင်နိုင်သည့် နေရာထူး။

ညောင်မဏ္ဍိုင် = သဗ္ဗညုတ ဉာဏ်တော်၏ ကြည်ရာ ဖြစ်သော မဟာဗောဓိညောင်ပင်။

ကာမလောကဓာတ် = နတ်ပြည်ခြောက်ထပ်နှင့် လူ့ပြည် ဟူသော ကာမ သုဂတိ ခုနှစ်ဘုံ။

ကြည်းဟည်း = အသံကျယ် စွာ မြည်သည်။

မေခလာဂီရိ = မာရ်နတ်။ ဂီရိ မေခလာ မည်သော ဆင်။ ပြောင်ကြီး သေဌ်နင်း ဆင်ပြောင်ကြီး၏ အရှင်သခင် ဖြစ်သောမင်း။

မာရ်နတ် = နှောင့်ယှက် ဖျက်ဆီး သည့် နတ်

ပါရမီဉာဏ် = ဆယ်ပါးသော ပါရမီ ဉာဏ်တော်ကုသိုလ်။

ကံသမ္ဘာရှိန် = ကံ အဆောက်အဦ အဟုန်။

ဝရဇိန်= သိကြားမင်း၏ မိုးကြိုးစက် = စိန်လက်နက်

ကိလေသာ စက်= တစ်ထောင့်ငါးရာ ၊ကိလေသာ

သုံးထောင်ဝက် = သုံးထောင်၏ တစ်ဝက်။

အာနာပါန = ထွက်သက်ဝင်သက်ကိုမှတ်၍ ဆင်ခြင်ခြင်း

ရုပါဝစရ၊ အရုပါဝစရ = ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထ သမာပတ် ၊ စတုတ္ထဈာန် ဟူသော ဝင်စားသည့် ၊ ဈာန်လေးပါး။

ရှေးတီးကာလ = ရှေးလွန်လေပြီးသောအခါ ၊

ပရမတ် = ရုပ်-နာမ် တရား၊စိတ် စေတသိတ်၊ ရုပ် နိဗ္ဗာန် ။

ပုဗ္ဗေနိဝါသ ဉာဏ်= ရှေးက ပြုခဲ့ဘူးသည်ကို ပြန်လည်သိမြင်သောဉာဏ်

ဝေနေယျ = ကျွတ်ထိုက်သောသတ္တဝါ

ကမ္မ = ကုသိုလ် ကံ။ အကုသိုလ်ကံ

ဂတိ= လားရာ အရပ်

စုတိ= ရွေ့လျားခြင်း၊ သေခြင်း ။

ပဋိသန်= မွေးဖွားခြင်း

ဒူရ =ဝေးသော

ပဋိ စ္ဆန္န =တစ်စုံတစ်ခုဖြင့် ၊ ဖုံးအုပ်ထားသော၊

သဏှ= သိမ်မွေ့သော

သုခုမ = နူးညံ့သော၊ အနုစိတ်ဖြစ်သော ။

ဒိဗ္ဗစက္ခု = နတ်မျက်စိကဲ့သို့မြင်နိုင်သော ဉာဏ်

သြဃ = ရေ အလျဉ် နဲ့တူသော တရား။ ကာမောဃ ၊ဘဝေါဃ ၊ ဒိဋ္ဌောဃ ၊ အဝိဇ္ဇောဃ ၊


Type your summary here.

ဒီစာကို Select ပေးပြီးရေးပါ...
Type the rest of your post here.

0 မှတ်ချက်ရေးရန်: