Thursday, October 27, 2011

ပန်းကမ္ဘာ ထဲမှ ဓမ္မနန်းတော်သို့ ပူဇော်ဦးခိုက်ခြင်း


<!--[if gte mso 9]> Normal 0 false false false EN-US X-NONE X-NONE
သာသနာလှေကြီကို စီးနင်းလိုက်ပါ ရာမှာလှေကြုံစီးသူတွေများလာရင် စုပ်စုပ်မြုပ်သွားရန်မှာမကြာတော့ဘူးလို့ ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်ရဲ့ဓမ္မဒူတ စာအုပ်ထဲမှတဆင့် သိရ မှတ်ရချိန်မှာ ကျွန်မသည် လည်း တတ်နိုင်သမျှ လှော်ခတ်သည့်တာဝန် ရယူ လိုတဲ့ စိတ်ဆန္ဒ များပေါ်ပေါက်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲဓမ္မဘလော့ဂါ သစ္စာအလင်း ရယ်လို့ ဖြစ်တည် ခဲ့ရတာပါ။ အခုဆို ၃နှစ်နီးပါး တောင်ကြာခဲ့ပါပြီ။

ဓမ္မစာပေပြန့်ပွား ရေးအတွက် အီလက်ထရာနစ် မြစ်ရေစီးကြောင်းမှာ လှော်ခတ် ခရီးနှင်ကြရင်း ကိုယ်တိုင် မျှဝေရုံသာမက သင်ယူမှုလည်းတိုးတက် ခဲ့ရပါသေးတယ်။ ဘုရားရှင် ရဲ့ တရားတော် များကို တိုက်ရိုက် သင်ကြား ၊သင်ယူ ခဲ့ကြသောသံဃာတော်များ ကတော့ သစ္စာအလင်း ရဲ့ အားကိုးခြင်းတည်ရာ…မေးမြန်းခြင်း တည်ရာ၊ သုတဘဏ်တိုက်များ သဖွယ်ပါပဲ။ စီဘောက်စ် မှာကျွန်မရဲ့ စာဖတ်သူ တစ်စုံတစ်ယောက်က တစ်ခုခုရေးသားမေးမြန်းသွားတိုင်း ပြန်လည် ဖြေဆိုဘို့ ဓမ္မဘလော့ဂါဘုန်းဘုန်းများကို ချဉ်းကပ် ရပါတော့တယ်။

သံဃာတော်ဘလော့ဂါများကတော့ တတ်နိုင်သမျှ ပဲ့ကိုင်ထိန်း ကျောင်း ပေးကြ မြဲမို့ အွန်လိုင်းရေစီးမှ သာသနာ့လှေကြီး ဆက်ပြီး ခရီးနှင်နေဆဲပါ။

ထိုထိုသော အရာများ ထဲ မှာ သံဃာတော်ဘလော့ဂါ ဘုန်းဘုန်းပန်းကမ္ဘာ လည်းပါဝင်ခဲ့ပါတယ်..။ ထိုစဉ်က ဘုန်းဘုန်း ဦးလောကနာထ ၊ဘုန်းဘုန်း တိက္ခဥာဏာ လင်္ကာရ ၊ ဘုန်းဘုန်း ပန်းကမ္ဘာ ၊ ကိုဝင်းမြင့် ၊မမေဟန်(သစ္စာတရား)၊ ဝိမုတ္တိသုခ ၊ ကိုအောင်ဦး(ဓမ္မရသ) ၊ ဖိုးသား(အဖြူရောင်မေတ္တာ)၊ နန်းထိုက်ဝင်း (အမောင်-ရေနံ့သာ) ၊ ကိုသုခ(သုခရိပ်) တို့ နဲ့ အတူအွန်လိုင်း ဓမ္မဆွေးနွေးပွဲ တွေ စီးဆင်း ရှင်သန်ခဲ့တဲ့ရက်များကို ပြန်ပြောင်းလွမ်းဆွတ်မိပါသေးတယ်..။

ဒါကြောင့် မို့လည်း ဘုန်းဘုန်း အရှင် သုနန္ဒာလင်္ကာရ နဲ့ ဘုန်းဘုန်း အရှင်တိက္ခဥာဏာလင်္ကာရ တို့ ရဲ့ သီရိလင်္ကာ နိုင်ငံ စိတ္တလတောင်ခြေ မှာ တရားအားထုတ်ကြတဲ့ အတွေ့အကြုံ ဟာ ကျွန်မ တို့ အားလုံးအတွက် မှတ်မှတ်ရရ ဖြစ်စေရတာ အမှန်ပါပဲ။

ဘုန်းဘုန်း နှစ်ပါး မြန်မာပြည်ကို ပြန်လည် သီတင်းသုံးချိန်မှာ ကျွန်မသည်လည်းမြန်မာပြည်မှာနေထိုင်နေတာမို့ တွေ့ကြုံ နဲ့ တိုက်ဆိုင်ခဲ့သော်လည်း ဘုန်းဘုန်း အရှင်တိက္ခ ကိုသာ ဆွမ်းကပ်လှူခွင့် ကြုံဆုံ ခဲ့ပါတယ်..။

ပန်းကမ္ဘာ ဘုန်းဘုန်းတော့ မြန်မာနိုင်ငံ ကတရားစခန်းတွေမှာ တရားအားထုတ်နေပြီ ဆိုတဲ့သတင်း ကြား ရတော့ လှိုက်လှဲ ဝမ်းသာမှုဖြစ်ရပါတယ်။ ဘုန်းဘုန်း ပန်းကမ္ဘာ နဲ့ မောင်လေးဝိမုတ္တိသုခ တို့ ဂျီတော့ မှတရား ဆွေးနွေးခန်း ကိုလည်း ဖတ်လိုက်ရတော့ ဘုန်းဘုန်း ရဲ့ ဖြည့်ဆည်းရင်း ၊မွမ်းမံရင်း သန့်စင် တိုက်ချွတ်ရင်း တောက်ပလာတဲ့ စရဏ တရားအတွက် ဦးညွှတ်ကန်တော့မိပါသေးတယ်။

ကျွန်မ ထိုင်းနိုင်ငံမှာ နေထိုင်စဉ်မှာတော့ ဘုန်းဘုန်းအရှင်သုနန္ဒာလင်္ကာရ ကတော့ အွန်လိုင်း ထဲက သူ့ရဲ့ ပန်းကမ္ဘာ ထဲ သို့ ပြန်လည်ရောက်ရှိကာ ကျင်လည် မွှေးပျံ့နေတာမို့ ပြန်လည် တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ပန်းကမ္ဘာ ထဲက ဓမ္မဆောင်းပါးတွေ ဟာ ရနံ့ လည်း စုံသလို မွှေးမွှေးပျံ့ ပျံ့ လှလှပပ အရောင်စုံ အသွေးစုံ ရနံ့ထုံ နေပါတယ်ဆိုတာ ကျွန်မ မပြော လည်း စာဖတ်သူတွေသိနေကြပါပြီ။

ဘုန်းဘုန်း က မြန်မာ နိုင်ငံမှာ သီတင်းသုံး စဉ်မှာ ပရဟိတ လုပ်ငန်း တွေလည်း ဆောင်ရွက်ခဲ့ပါသေးတယ်။

မေမြို့ ကမျက်မမြင်ကျောင်း နဲ့ အတူ သီလသာဓိသိက္ခာ ကြီးမားသော မထေရ်ကြီးများ ထံ သွားရောက်ဖူး မျှော်ခြင်း ၊ တောရကျောင်းများ များသို့ လေ့လာ ထားတဲ့ သတင်းအချက်အလက်တွေ က တော့ သဒ္ဓါပီတိ ဖြစ်စရာ ဓမ္မဆောင်းပါးတွေ အဖြစ် နေရာယူလာတာတွေ့နေရပါပြီ..။

စာသင်သား သံဃာတော်များ အတွက် ပိဋကတ်တော်များ ပရိယတ္တိ စာ အုပ်များကို နော်ဝေး မှ မမြကြေးမုံ တို့နှင့် အတူဆောင်ရွက်လှူဒါန်း ခဲ့ တာကိုသိရတော့လည်း ဘုန်းဘုန်းတို့ ရဲ့ ပန်းကမ္ဘာ ထဲက (ဓမ္မနန်းတော်) ကို လှမ်းမျှော်ကြည် ညို ဦး ခိုက်ရပါတယ်။

အခု တော့ ၂၆. ၁၀.၂၀၁၁ သည် ဘုန်းဘုန်းပန်းကမ္ဘာ ဖြစ်တည် မှုသည် ၃၃နှစ်မြောက် တိုင်ခဲ့ပါပြီ။

ဘုန်းဘုန်းရေ…အနောက်တိုင်းစကားပုံ တစ်ခုကြားဘူးတာကတော့ ခံယူချက်တူညီ လျှောက်လှမ်းတဲ့လမ်းတူညီနေတဲ့ နားလည်မှုပေး နိုင်မဲ့ လမ်းမှန် သို့ လမ်းပြ ပို့ဆောင်လမ်းညွှန် ပေးနိုင်မဲ့ မိတ်ဆွေ တစ်ဦး တစ်ယောက် ကိုယ့်မှာ ရှိခဲ့လျှင် သေခြင်းတရားကိုပင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲပါသတဲ့..။

မိတ်ဆွေ ရဲ့တန်ဘိုးက ကြီးမားလှသလို မိတ်ဆွေ တစ်ယောက်ရဘို့ဆိုတာ ကလည်း တိုက်ဆိုင် ဖြစ်တည်ဘို့ဆိုတာ လွယ်ကူသော ကိစ္စတစ်ရပ်တော့ မဟုတ်ပါ။

ဂန္ထဓုရ ၊ ဝိပဿနာဓုရ လှော်တက် နှစ်ချောင်းလုံးကို ကိုင်ကာပိုင်ပိုင်နိုင်နိုင်လှော်ခတ် နေတဲ့ ဘုန်းဘုန်းတို့လို သံဃာတော် ဓမ္မမိတ်ဆွေကောင်း ရဘို့ ဆိုတာကလည်း ရတောင့်ရခဲ ဒုလ္လဘ တရားတစ်ခုဆိုတာ အသေအချာ သိလို့နေပါပြီ။

ဘုန်းဘုန်း ရဲ့ ၃၃နှစ်ပြည့်မွေးနေ့မင်္ဂလာမှ သည် ပြည့်ဝရင့်ကျက်တဲ့ အသိဥာဏ် စရဏ တရား နှင့် အတူ သာသနာ့လှေကြီးကို ဇွဲစိတ်သန်သန် လှော်ခတ်နိုင်ပါစေကြောင်း ဆုမွန်တောင်းလျက် ပူဇော် ကန်တော့အပ်ပါတယ်..။

မေတ္တာဖြင့်

သစ္စာအလင်း

1 မှတ်ချက်ရေးရန်:

ပန်းကမ္ဘာ said...

အမှတ်တရမွေးနေ့ဆောင်းပါးရေးပေးတာကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ၊ စိတ္တလတောင်ခြေမှာ တရားအားထုတ်ခဲ့တာမဟုတ်ပါဘူး၊ လေ့လာရေးခရီးပဲကြွဖြစ်ခဲ့ပါတယ်၊ တခါတလေမှာတော့ စာတွေကို ဖတ်ပြီး စာရေးသူရဲ့ စိတ်ဓာတ်ကို ခန့်မှန်းနိုင်တာမို့ ရေးရတာ တွန်ဆုတ်နေမိတတ်ပြန်တယ်၊ စာရေးတယ်ဆိုတာ တခါတလေ ငါတွေ့တွေနဲ့ များသောအားဖြင့် ရှေးရှေးသော သူတော်ကောင်း တို့ရဲ့လမ်းစဉ်အတိုင်း လိုက်လံလျောက်လှမ်းရတာမို့ စာတွေ့အားဖြင့် မျှဝေရတာလဲ ရှိတတ်ပြန်တယ်၊ ကိုယ်ပိုင်လမ်းဆိုတာတော့ မရှိပါ၊ အဖမြတ်စွာရဲ့ လမ်းစဉ်အတိုင်း ဖော်လိုလိုက်ကာ လျောက်လှမ်းခြင်းသာ ဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဓမ္မအသိလေးတခု မျှဝေနိုင်တယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီလေ ….