အမေထွား ပဲဆီသန့် လုပ်ငန်း က တောင်သူများကို ဟောပြောပွဲလေး
လုပ်ချင်တယ်ဆိုပြီး ဖိတ်ကြားချက်အရ ကျွန်မဟာ မကွေးမြို့ကို ရောက်ခဲ့ရ
ချိန်ဟာ မနက် ၂နာရီခွဲနေခဲ့ပါပြီ..။ကျွန်မရဲ့ စနေတနင်္ဂနွေ များကို ဘာသာရေး
နှင့်ပရဟိတ လုပ်ငန်းများအတွက်သီးသန့် ရည်ရွယ် ထားခဲ့သော်လည်း တစ်ခါတစ်ခါ
ခရီးထွက်ရက်များ နဲ့အတူ ပဲ့ပဲ့ ပါသွားတတ်တာကိုတော့ ကျွန်မလည်းမတတ်နိုင်ခဲ့
ပါ..။ အော်..အချိန် ..အချိန်.... ဝယ်လို့ ရရင် ဝယ်ချင်သား။
မနေ့က
တော့ …စနေနေ့ဖြစ်နေတာ နဲ့ စနေတနင်္ဂနွေ ပညာဒါန သင်တန်းလေးကို အာရုံစိုက် မယ်
..စင်္ကပူ ကပြန်လည်ကြွရောက်တော်မူလာ တဲ့ဆရာတော်ဘုရားကိုလည်းမဖူးမျှော်ရသေးတာ
နဲ့ မနက်အစောကြီး ထပြီး ရှမ်းပြည်လက်ဆောင်များ ခြင်းတစ်လုံး ဖြင့် စီစဉ်ကာ
ဝါဆိုသင်္ကန်း လည်းကပ်လှူရန် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားရဲ့
ကျောင်းတော်သို့ ရောက်ရှိခဲ့ပါတယ်..။
တမြန်မနေ့ ညက
စခန်းဝင်ယောဂီများကို ညတရားချီးမြှင့် ပေးခဲ့သော ဆရာတော် သည်
အနည်းငယ်ပန်းလျ မှု ဒဏ်ကြောင့် အရုဏ်ဆွမ်း ဘုဉ်းအပြီးမှာ
ကျိန်းစက်တော်မူနေခဲ့ပါတယ်..။ လန်းလန်းဆန်းဆန်း မျက်နှာတော်ကြောင့်
အားအင်ပြည့်ဝ ကျန်းမာ လာခဲ့ပြီဆိုတာ နားလည် ရပေမဲ့ တရား ဟောသည့်
လုပ်ငန်းများကို အားနဲ့ အင် နဲ့ လုပ်ကိုင်ဘို့ဆိုတာ ကတော့
အနားယူရန်များစွာလို အပ်နေပါသေးတယ်…။
ဆရာတော်ဘုရားက ကျွန်မ
ရဲ့ ဓမ္မမိတ်ဆွေ မအေးအေးဇော် (ဆော်ဒီအာရေဗျ) မှ လာရောက်ဖူးမျှော် သွားတာ ကို
ဝမ်းသာ အားရ မိန့်တော်မူပါတယ်..။ ဘုန်းဘုန်း ရဲ့ တရားတော်တွေကို
ဖေ့စ်ဘုတ်မှာ မျှဝေ လို့ လာရောက်တာမို့ သမီး ကုသိုလ် ရပြီ လို့ ဆိုတာ
ကိုလည်း မှတ်မှတ်ရရ ထည့်သွင်း မိန့်တော်မူပါတယ်..။ ကျွန်မ အလုပ်များ
တယ်…ပျာယာခပ်တာတွေကို တတ်နိုင်သမျှ ထိန်းချုပ် ကာ အမှတ်သတိလေး နဲ့
ထိန်းကွပ် နိုင်ရန် ကြိုးစားနေရ တယ် ဆိုတာ ဆရာတော်ဘုရားက ရိပ်မိ နေပါတယ်…။
လာရောက်ဖူးမျှော်
သူများ ကလည်း အလွန် ပဲ အလုပ်များကြသူတွေလည်းပါပေတာကိုး..။ တိုက်တိုက်
ဆိုင် ဆိုင်.. (တကယ် ဆို အချစ်ပဲလို တယ်)…. ဆိုတဲ့ အဆိုတော် ချမ်းချမ်း
ကလည်း ယောဂီများ ရဲ့ နေ့ဆွမ်း အလှူ ရှင် အဖြစ် တရားနာ ပရိသတ် ထဲမှာ
ပါဝင်နေခဲ့သည် ပဲ..။
ပရိသတ် နဲ့ လိုက်ဖက်တဲ့ တရားတော်များ
ကို အားအင် ဖျော့တော့သော်လည်း ကြိုးစားဟောပြော နေတာ မျိုးပါ..။ ကျေးဇူး
ကြီးမားပါတယ် ဆရာတော်ဘုရား။
အဲဒီတရားတော် ထဲက ကျွန်မ မျှဝေ
ပြောပြချင်တာကတော့ အလုပ်များသူ တွေအားလုံးအတွက် လက်တွေ့အသုံးတည့်နိုင်မဲ့
အချိန် ကို ပိုင်းခြား ထားပြီး စိတ်အေးအောင် နေတဲ့နည်းပါ..။
အဲဒီမှာ
ဘုန်းဘုန်းက ကုသိုလ် ၊ အကုသိုလ် ဆိုတာကို အရင်ဆုံးရှင်းပြတော်မူပါတယ်..။
ကိုယ်ဖြစ်ချင်သလို မျှော်လင့်ပြီး ကိုယ်စိတ်ကူးပုံဖေါ်တာ နဲ့ လက်တွေ့
ရင်ဆိုင်ရတာ ကွာ ဟချက် ပေါ် ပြီဆိုရင် အလိုမကျခြင်း၊စိတ်တိုင်းမကျခြင်း ၊
အားမလို အားမရ ဖြစ်ခြင်းတွေဟာ နှလုံး အိမ်မှ တဆင့် တစ်ကိုယ်လုံး ကို
အပူဓာတ် ပြန့်လွင့် ဆူဝေ လာတတ်တာ ဟာ အကုသိုလ် လှိုင်းတွေ ရိုက်ခတ် တယ် ဆိုတာ
ရှင်းပြ တော်မူပါတယ်..။
ကုသိုလ် ဆိုတာကလည်း ကောင်းမှု
ကုသိုလ် တွေ ဆောင်ရွက် တဲ့အခါ မျိုးမှာ စိတ် နဲ့ အာရုံ အဆင်ပြေ
အောင်နှလုံးသွင်း နိုင်လို့ နှလုံးအိမ်က ဖြစ်ပေါ်လာတဲ့ အအေးဓာတ်ပီတိ
ဆိုတာကတော့ ကုသိုလ် ရဲ့ အရှိန်အဝါ တစ်မျိုးပါ..။
တကယ်တော့
လည်းလက်တွှေ ဘဝ ထဲမှာ တရားတော်တွေကိုမေ့မေ့ပြီး ရှုပ်ထွေး လှတဲ့
အလုပ်တွေကြားမှာ ကုသိုလ် လုပ်နေရင်းနဲ့ကို စိတ် နဲ့ အာရုံ အဆင်ပြေ
အောင်နှလုံးသွင်း နိုင် ဘို့ မေ့လျော့ကာ အပူဓာတ် တွေထွက်နေကြတာကိုလည်း
အကုသိုလ် လို့ ဆင်ခြင်မိ တာနည်းပါတယ်..။
အဲဒီအပူဓာတ် တွေဟာ
သတ္တဝါတွေကို အောက်ကိုစုန်ဆင်းစေတဲ့ အစုန်လမ်းဓာတ် ဖြစ်စေပါတယ်..။ကျွန်မ
တို့အားလုံး လျှောက်လမ်း တဲ့လမ်းတွေ က တော့ လမ်းသုံးလမ်းသာ ရှိပါတယ်..။
၁။ အစုန်လမ်း ဆိုတဲ့ အကုသိုလ်
၂။ အဆန်လမ်း ဆိုတဲ့ ကုသိုလ်
၃။ နိဗ္စာန်လမ်း ဆိုတဲ့ လွတ်မြောက်မှု တွေရယ် ပါ..။
ကိုယ့်ရဲ့
လုပ်ရပ်တိုင်းကို သတိဝင်လာ တာ နဲ့ ငါ ဘယ်လမ်းကို ရောက်နေပါလိမ့်..။
ဘယ်လမ်းကိုလျှောက် နေပါ လိမ့်…..။ စုန်ဆင်းတော့မှာ ပါလား ….ရယ် ဆိုတာ နဲ့
သတိဝင်လာရင် အပူဓာတ် ထွက်အောင်နှလုံးသွင်းမှုကို ရပ်တန့်မိပါတော့တယ်..။
အဲလို
မပူ အောင် ဘယ်လို လုပ်ရမလဲ ဘုရား လို့ စိတ်ထဲ ကမေးခွန်းကို သိနေသည့်အလား
ဆရာတော်ဘုရား က ဆက်လက်မိန့်တော်မူပါတယ်..။သတိပဋ္ဌာန် အားနည်းသော
ကျွန်မတို့အားမိန့်ကြားပေးပါတယ်..။
အဲဒီအခါ မှာ ကျွန်မတို့ ဟာ အချိန်
နဲ့ အလုပ်ကို ကို ခွဲစိတ် ကာ ပိုင်းခြား ကာ နေထိုင်တတ်ဘို့ စီမံတတ်
စေတဲ့တရားတော်ကို နာကြားရပါတယ်……။
ကိစ္စ တစ်ခု လုပ်ဆောင်
စရာကြုံလာခဲ့သည် ရှိသော်…. (ဒုက္ခပါပဲ…. စိတ်ညစ်လိုက်တာ…၊ စိတ်ရှုပ်လိုက်တာ
လုပ်ရအုံးမယ် ) ရယ်လို့ စိတ်က မြည်တမ်း ရေရွတ် ကာလည်း ပူပန် တတ်ကြတာ
တွေအပြင် (သူ့ကြောင့်ခက်တယ်….၊ ဘယ်သူကြောင့် ..ဘယ်ဝ့ါကြောင့်..)
စသည်ဖြင့်လည်း ကြောင့် တွေတပ်ပြီး အပြစ်ရှာတတ်တာတွေကလည်း အပူပေါ် အပူ
ဆင့်ကြပြန်ပါသေးတယ်..။
အဲလို ကြုံခဲ့လျင်…. အဲဒီအပူတွေ ကို ဘယ်
အချိန်ထိ ပူဘို့ လိုမလဲဆိုတဲ့ အချိန်ပိုင်းခြားမှု တစ်ခု ကိုရှာ ရပါတယ်..။
ကြိုတင်စီမံ ခွင့် လိုအပ်တဲ့အချိန်မှာတော့ စီမံ နိုင်အောင် ပူ
တာ့ပူရမှာပဲပေါ့လေ..။ ဒါပေမဲ့လည်း အချိန်ပြည့်တော့(ငါ့နှယ်
အလုပ်ရှုပ်လိုက်တာ..ရှုပ်လိုက်တာ နဲ့ ) ပူဘို့ လိုအပ်မနေဘူးဆိုတာ ကျွန်မ တို့
သွားတွေ့ ပါတယ်..။ ဥပမာ……. (ဘုန်းဘုန်း ရယ် အလုပ်တွေကများ.တစ်နေ့
တစ်နေ့.ရှုပ်လိုက်တာ ရှုပ်လိုက်တာ) နဲ့ တစ်ညည်းညည်း တစ်ညူတစ်ညူ ဖြစ်နေသူ
ဘုန်းဘုန်း ရဲ့ ဆွေမျိုးတစ်ဦးကို ဘုန်းဘုန်းက ရှင်းပေးမယ် လို့
မိန့်တော်မူပါတယ်..။
မနက် ၅နာရီ နဲ့ ၆ နာရီကြား ဘာလုပ်မလဲ…… ဘာလုပ်မယ် ဘုရား။
၆နာရီ နဲ့ ၇နာရီ ကြား ဘာလုပ်မလဲ…… ဘာလုပ်မယ် ဘုရား။
၇နာရီ နဲ့ ၈နာရီကြား ဘာလုပ်မလဲ……. ဘာလုပ်မယ် ဘုရား။
၈နာရီ နဲ့ ၉ နာရီကြား ဘာလုပ်မလဲ…. လုပ်စရာမရှိပါ ဘုရား။
စသည်ဖြင့် မေးခွန်းတစ်ခု ချင်းမေးပြီး စစ် လိုက် တဲ့ အခါအားလပ်တဲ့နာရီ ကြား က အချိန် လေးတွေ သွားတွေ့ လိုက်ပါတယ်..။
ထို
အခါ မပူပဲ နေလို့ ရတဲ့ဆိုတဲ့ အချိန်တစ်ခု ကို တွေ့ရပါလိမ့်မယ်..။ ထို
အချိန် အတွင်း ထိုကိစ္စ ကို စဉ်းစားစရာ မလို ပဲအေးအေးဆေးဆေး နေနိုင်ပါတယ်..။
အချိန် ကို တွေ့ပြီဆိုတာ နဲ့ ကိုယ့် ရဲ့ စိတ်ကို လက်တွေ့ဆန်တဲ့ ကိစ္စ ကိုစဉ်းစားမှသာ သတိပဋ္ဌာန် ဖြစ်တာ..ကိုလည်း ဆုံးမတော်မူပါတယ်..။
ရှုပ်တယ်ဆိုတာကတော့
အတိတ်က သူမှားတာ ကိုယ်မှားတာ ..ပြန်ယူ လို့ မရတော့တာ တွေကို ပြန်စဉ်းစား
ရင်း ရှုပ်နေတတ်တာ၊ ဖြစ်မလာသေးတာ ကိုလည်း ငါဘယ်လို လုပ်မယ် ဘယ်လို ကြံမယ်
စသည်ဖြင့် ရှုပ်နေတတ်တာ ကိုလည်းထောက်ပြတော် မူပါတယ်..။
အလုပ် မအားဘူးဆိုတာ တဏှာ က အပိုတွေ နဲ့ စီမံနေလို့ သာမအားတာ ဖြစ်ပါတယ်… ။
ကိုယ်ပိုင်အချိန်တွေဆိုတာ
ရှာကြည့်ရင် အများကြီးရှိပါတယ်..။ ကျွန်မတို့ အလုပ်ရှုပ်အောင် စကားပြောတဲ့
အုပ်စုတွေ ကတော့ တဏှာ ဥပါဒါန် ဆိုတာ တွေပါ။ကိလေသာဝဋ် ၃ပါး ( အဝိဇ္စ္ဒာ ၊ တဏှာ
၊ဥပါဒါန်) အဲဒီ သုံးခု လွှမ်း ရင် မအားတော့ဘူး။ကိစ္စတွေအများကြီး
ပေါ်လာတတ်တော့တာ..ရှုပ်ထွေးပြတော့တာ ဖြစ်ပါတယ်..။
ကိုယ်ပိုင်အချိန်တွေအများကြီး
ရှိပါတယ် အဲဒါကို ရအောင် ယူပါ ..တဲ့။ မအားလို့ တရားမလုပ်နိုင်ဘူး လို့ပြော
ကြတဲ့ သူတွေက များနေတာ ကိုး ..။
စိတ်က အမှောင်ဖုံးတာ နဲ့ မအားတော့တာ ဖြစ်ပါတော့တယ်..။
အဲဒီတရားနာပြီး ဘုန်းကြီးကျောင်း က ပြန်ထွက် တဲ့ ကျွန်မ က ကျွန်မ ပျောက်ဆုံးနေတဲ့ အချိန်တွေကိုပြန်ရခဲ့ပါတယ်..။
မကွေး
သွားဘို့ ကျောင်းက အထွက် Taxi ပေါ် တက်တဲ့အချိန်…အားနေပါတယ်..။
ကားဂိတ်ရောက်တော့ ၅နာရီ မတ်တင်း ၅နာရီခွဲမှ ကားထွက် မှာ ဆိုတော့ အချိန် ၄၅
မိနစ် ထပ်ရပြန်ပါတယ်..။ ကားထွက်ပြန်တော့လည်း ..အော် မကွေး မရောက်ခင် ထိ
အချိန်တွေ ငါ ရနေတာ ပဲ ထပ်တွေ့ပြန်ပါသေးတယ်..။ ကျွန်မ စီးလာ တဲ့
*အောင်ကမ္ဘာ* ကားက စောလွန်းလှစွာည ဘက် ၂နာရီခွဲ မှာ ဆိုက် ရောက်ခဲ့လေ တော့
မနက် ၄နာရီ လာကြို မယ် ပြောထားပြီး လာကြိုနေတဲ့သူမရှိ နေခဲ့ပါ။
အဲဒီအခါ
၁၀ မိနစ်လောက် သတိလက်လွတ် ကာယောက်ယက်ခပ် ပြီး ပူသွားပါသေးတယ် ..။ ဟို
ဖုန်းလှမ်းဆက် ဒီဖုန်းလှမ်းဆက် နဲ့..အဝေးက လူ ကလည်း ဘာမှ လုပ်မပေးတတ်…
။နောက်သတိဝင်လာတော့ ၄နာရီ လာကြိုမယ်
ဆိုထားတာပဲ..ကွာဟချက်ကြောင့်အပူဖြစ်ရင် ကိုယ် ရှုံးတော့မှာ..။
အစုန်လမ်း
အစုန်လမ်းကို ဆင်းနေပါပကော.သတိဝင်လာ တာနဲ့..။အေးအေးဆေးဆေး ရန်ကုန် ကို
ဖုန်း ပြန်ပြောရပါတယ်..။ကွာဟချက် ၁နာရီခွဲ တိတိ ကို ကားဂိတ်မှာ ကျွန်မ
စောင့်နိုင်ပါကြောင်း..။
ကိုယ်ပိုင်ချိန် ထွက်ပေါ်လာတာကို
အားရကျေနပ်စွာ လက် ခံ လိုက်ပြီး ချိန် ၁၅ မိနစ်လောက် ရောက်တဲ့အခါ မှာတော့
လာကြိုသော အဖွဲ့ က ဆိုက်ရောက်လာ ပါတော့တယ်..။
အဲဒီ နေ့ကစပြီး
ကျွန်မ မအားပါ..အလုပ်ရှုပ်ပါတယ် ( တနည်းအားဖြင့် ဟိုနေရာ ဒီနေရာ…အကုန်ပါ၍
အရေးပါသူတစ်ဦး ဖြစ်ပါတယ်ရယ်လို့ ဂုဏ်လုပ်ကာ) ပြောဆိုခြင်းကို ရပ်တန့်
လိုက်ပါတော့တယ်..။
မေတ္တာဖြင့်
သစ္စာအလင်း
0 မှတ်ချက်ရေးရန်:
Post a Comment