Thursday, February 12, 2009

ကျင့်စွမ်းနိုင်ရမည်= သက္ကော (၁)


မေမေ ချစ်သော သားသားနဲ့ မီးမီး

ဆိုဆုံးမလွယ်သော သုဝစော နှင့် လွန်ကဲတက်ကြွသော မာန မရှိတဲ့ အနတိမာနီ အချက်တွေ ကိန်းအောင်းခဲ့ ပြီဆိုရင် ကျန်တဲ့ ၁၃ချက်ကို အလိုက်သင့်ကျင့်သုံးနိုင်တော့ မှာ ပေါ့လေ။

မေမေ ကြားဘူးတာ စိန်ဂျွန်းကျောင်းသားများ(အခုအထက(၁)လမ်းမတော်)ရဲ့ကျောင်းဆောင်ပုဒ်က We are able (စွမ်းအင်သတ္တိတို့မှာရှိ) တဲ့။ကောင်းတာလေးတွေ၊ အကျိုးရှိမှာတွေ ကို စွမ်းဆောင်နိုင်တဲ့သတ္တိ ဆိုတာလေးစားဖွယ် အရည်အချင်းတွေပေါ့..။ လူတိုင်းမှာ ရှိမနေနိုင်ဘူးနော်။

မေတ္တာ ဆိုတာ သူတစ်ပါးရဲ့ကောင်းကျိုးကို လိုလားသော စိတ် ကို ကိုယ့် သဏ္ဍန်မှာ ပွားများပေါ်ထွက်အောင် လုပ်တာ ဆိုတော့။ စစ်မှန်တဲ့မေတ္တာ ပေးဝေနိုင်လေ ကောင်းလေပေါ့ကွယ်။
သားတို့ သမီးတို့မှာ ကော (သက္ကော) ဆိုတဲ့အချက်ရှိရဲ့လား ၊မေမေ့မှာကော။ တိုင်းတာရမဲ့ပေတံတစ်ချောင်းပါ ။ မရှိသေးရင် အခုကစပြီးဖြည့်ကျင့်ကြရအောင်။မြတ်ဗုဒ္ဓရဲ့ အဆုံးအမ သာသနာ ဆိုတာ(သင်မှသိ၊ သိမှကျင့်၊ ကျင့်မှရ မြတ်ဗုဒ္ဓ၏ အဆုံးအမ) လို့ မှတ်ထားကြရမယ်နော်။

ဒါန နဲ့ ပတ်သက်တဲ့ကျင့်စဉ်လေး၊ သီလနဲ့ ပတ်သက်တာ လေး၊ ဘာဝနာ နဲ့ ပတ်သက်တာ လေး ကြား မိ ကြုံ မိတာ နဲ့ ချကိချင်းကျင့်ကြံ ပွားများ နိုင်တဲ့ စွမ်းအားရှိ နေရ တာ ကို (သက္ကော) လို့ေ ခ်ါတာ ပေါ့ ကလေး တို့ရေ..။ Theory မှာ တင်ရပ် မထားပဲ Practical အထိ အသုံးချပွားများ နိုင်ရပါလိမ့်မယ်။

ရွတ်ဖတ်ပူဇော်တဲ့ အခါမှာလည်း လက်ကလေးကို ချိုးပြီး တစ်ချက်ချင်းပူဇော်ရင်း အဓိပ္ပါယ်ကို နှလုံးသွင်းသွားလိုက်ပါ ကလေးတို့။မေတ္တာသုတ်ရဲ့အရေးအကြီးဆုံး အပိုင်းလေးဖြစ်ပါတယ်။
ဥပမာ လှူတဲ့နေရာ မှာ ဆိုကြွားဝါဘို့လည်ူမလိုဘူး။ ဓန ဟူသော ဥစ္စာ ပစ္စည်း ရဲ့ အနှစ်သာရသည် ဒါနကျင့်စဉ် ဖြစ်နေရပါ့မယ်။
(တစိုးတစိ မလှူ မိပဲ ၊ ပမာခွေးလား၊ ကိုယ်တည်းစားသို့)
ဆိုတာ ဘုရားရှင် အဆုံးအမဖြစ်တော့ သူတော် ကောင်းကြီးတွေဟာ မလှူ ပဲ မနေကြပါ။
သည် နေရာ မှာ မေမေ ပြော ပြချင်တာ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာ တော်ဘုရားကြီးကဟောကြားဆုံးမ ဘူးတာ လှူဘို့ အလှူ ပစ္စည်း ကပေါပါတယ် စေတနာ ကသာ ရှားတာပါတဲ့။ တစ်ခါ က ဆင်းရဲ လွန်းတဲ့ လူတစ်ယောက်ကို ဆရာတော်ကြီး တစ်ပါးက ဆင်းရဲသားထွက်ပေါက်ပေးမယ်လို့ပြောတယ်။ဥစ္စာဓနချို
.
တဲ့တယ် ဆိုတာ ဒါနပါရမီ နည်းခဲ့တဲ့ အကျိုးဆက်ဆိုတာ သူတော်ကောင်းကြီးတွေက မြင်တော်မူပါတယ်။

ဆင်းရဲလွန်းတော့ ဒါန နဲ့ ကုစားစေဘို့ရာ ငွေကလည်းမရှိ။ အဲဒီခောတ်က ၁၀ပြားဘိုးလောက်တော့တတ်နိုင်လားဆိုတော့ အဲလောက် ဆိုရင် တော့တတ်နိုင်ပါတယ် ပြောတော့ ထန်းလျက် ၁၀ပြားဘိုးဝယ်ခိုင်းတာ ၁၅ ခဲလောက်တော့ရတာပေါ့လေ။

သည်တော့မှ ရေ ဖျော် ခိုင်းပြီး အုံးမှုတ်ခွက် နဲ့ ထည့်တာ လေး ငါးခြောက်ခွက်ရလာတယ်။သယ်ခိုင်းပြီး တော့ တောထဲခေါ်သွားတာ၊ ပုရွှက် ဆိတ် တွင်းလေး တွေနား ရှာ ပြီး ထန်းလျက် ရည်တွေ ချကျွေးတော့တာ။ အုံခဲ မလာဘူးလား။ သူတို့နေရာမှာ ကိုယ် သာ ဆို တော် တော် ပျော် မှာ ပေါ့နော် ကိုယ်ချင်းစာပြီး တွေးကြည့် ခိုင်းသေးတာ။

နှလုံးသား ကို ထပ်တူပြု ထပ်တူခံစားပြီးပျော် ပေး ဆောင်ရွက်ပေး နိုင်ရင် ကိုယ့် နှလုံးအိမ်မှာ စေတနာ သတ္တိ ကိန်းစေလိုက်တာပါပဲ..။ ကိန်းသွားတဲ့ ဒါနသတ္တိကြောင့် အကျိုးပေးဆိုတဲ့ ဓနဥစ္စာ ကို ဆွဲ ယူလို့ရ သွားတာ ပေါ့။ ၃ခါလောက်လုပ်ပေးပြီးတဲ့ အခါ ကံ အခွင့် အလမ်းတွေ ပွင့် ပြီး အဲဒီဆင်းရဲလွန်းတဲ့သူဟာ ချမ်းသာ သွားပါတော့တယ်။

ဆရာတော်ဘုရားက (ဆင်းရဲသားထွက်ပေါက်ကျင့်စဉ်)လို့အမည်ပေးထားတယ်။မေမေ က ဥပမာ အဖြစ် ဒါန တစ်ခုတည်းကို ပြန်ပြော ပြတာ ပါ.. ဉာဏ် နဲ့ ချဲ့ထွင် တွေးခေါ် နိုင်မယ်ထင်ပါတယ်။ကောင်းသောကျင့်စဉ် များကို ဖြည့်ကျင့်နိုင်သော စွမ်းအားသတ္တိရှိပါစေ။(သက္ကော) ဂုဏ်နဲ့ ပြည့်စုံနိုင်ပါစေ။

0 မှတ်ချက်ရေးရန်: