Thursday, February 12, 2009

Secret of Success II


သားသားနဲ့မီးမီး

သည်ဓါတ်ပုံကို ၂၀၀၄ခုနှစ် သင်္ကြန်နှစ်ဆန်းတစ် ရက်နေ့မှာ..Asian Institute of Technology AIT ရဲ့ဘုရားခန်းမှာ သန့်ရှင်းရေးလုပ် ပြီးရိုက်ထား ကြတာဖြစ်ပါတယ်..။
သည်ပုံမှာ ပါဝင်တဲ့သူ တွေဟာလည်းအခုဆို အာရှဒေသရဲ့ အရေးပါတဲ့သူတွေ ဖြစ်နေကြပါပြီ..။

AIT မှာမြန်မာကျောင်းသားတွေဟာ ကျောင်းတက်တုံးမှာ အမှတ်နည်းကြတယ်..ဒါကလည်း မြန်မာ မှာ အခက်အခဲတွေရှိတာကိုး..ကျောင်းပြီးတာနဲ့ နေရာကောင်းတွေ လစာကောင်းတဲ့အလုပ်တွေ ရကြတယ်..။ပါရဂူ ဘွဲ့တွေ အများဆုံးဆက်တက်နိုင်တာ မြန်မာကျောင်းသားတွေဖြစ်နေပါတယ်..။

အဲဒါကို သတိပြုမိတဲ့ ဗီယက်နမ် သူငယ်ချင်းတယောက်က နင်တို့မြန်မာတွေမှာ…Secret တခုတော့ရှိရမယ်..ပြောပြပေးပါလားတဲ့..။
AIT ကျောင်းသားအများစုဟာ ဘာသာရေးကိုင်းရှိုင်းပြီး လူကြီးမိဘကျေးဇူးသိတတ်တယ်..ပိုင်းလော့ဆရာတော် ဘုရားသင်ပေးတာ ရှိတယ်..။

လက်ရှိအခြေအနေ+ ? =သုံးလို့ မကုန် လှူ လို့ မခမ်း ချမ်းသာ ကြွယ်ဝသော ဘ၀အခြေ နေ
လက်ရှိအခြေအနေ+ ? =ဇာတိ ပြန်မလာရေးနှင့် နိဗ္မာန်အ မြင်

ပထမမေး ခွန်းရဲ့ အဖြေက..သာ မာန် လူသား ဘ၀ကနေ ၃၂ပါး သော ယောင်္ကျား မြတ်တို့လက္ခဏာဖြင့် ပွင့်ထွန်းတော် မူသော ဘုရား အဖြစ်သို့ရောက်အောင် ဖြည့် ဆည်း ခဲ့တဲ့ ၁၀ပါးသော ပါရမီ ကို ဖြည့်ကျင့်ရမယ် တဲ့…မေမေက ဆရာတော် အရှင် ဆန္ဒာဓိကတရားတော် ထဲက နေ ဆရာတော် ကျက် ခဲ့ သလို မှတ်ရလွယ်အောင်..

ဒါန၊ သီလ၊ နိက္ခမ္မ ၊ပညာ့ ၊၀ီရိ ယာ။ ခန္တီ ၊သစ္စ၊ ဓိဌာန ၊မေတ္တ၊ ဥပေက္ခာ..။

လို့ ကျက် ထားပါ..။ဆရာတော် ဘုရားက.. ၁၀ပါးသောပါရမီ မို့ ခက် မယ် ထင် မှာ စိုးလို့ နည်းကောင်းပေးတယ်..။ မေတ္တာ ပါရမီ က စကျင့်ရင် ၁၀ပါလုံး ဖြည့် ကျင့် ပြီးသား ဖြစ် သွား မယ်တဲ့.. စဉ်း စား ကြည့်လေ..။

တဘက် သား ကို ပေးလှူ ဘို့ ဒါနပါရမီ စတင်တဲ့ အခါ ချစ် မှ.. မေတ္တာ ရှိ မှ ပေး လို့ ရတာ မဟုတ်လား။
မေတ္တာ ရဲ့ အရှိန် အဟုန် နဲ့.. အပင် ပန်းတွေ ခံ နိုင် တော့ ခန္တီ ပါရ မီ ဖြစ် သွားတယ.်ကိုယ် ခံစား မယ် သုံးဆောင်မယ် ဆိုတဲ စိတ်ကို ချိုး နှိမ် နိုင်တော့ နိက္ခမ ပါရမီ ဖြစ် သွားတယ်..။မဖြစ် ဖြစ်အောင် လုပ် မယ် ဆိုတော့ အဓိဌာန ပါရမီ တွေ..ဖြည့် ကျင့်ရာရောက် ပါတယ်..။ ဥာဏ် နဲ့ ချဲ့ ထွင် ကြည့်နော်..ဒါဆို.. ပထမမေး ခွန်း ရဲ့ အဖြေ ရ ပြီ…။

ဘာ ဗေဒင် ဆရာ မှ မေး စရာ မလို ဘူး..။ရှင်း ရှင်းလေးရယ်..မေမေ က ဗုဒ္မ ဘာ သာဝင် မြန် မာ တွေ လမ်း လွဲ လိုက် ပြီး.. ဓါတ် ရိုက် ဓါတ် ဆင် တွေ ယတြာတွေ အား သန် ကြတာ..ထေရ၀ါဒ ဗုဒ္ဓ တရားတော် တွေ အဘိုးတန်ရတနာ ရထား ပါလျက် နဲ့ တန် ဘိုး မသိကြတဲ့ သူတွေလို မြင် မိတယ်..။

ဒုတိယ မေး ခွန်းရဲ့ အဖြေကတော့..၀ိပသနာတရား အားထုတ်ရမှာ..ပထမ ပုစ္ဆာ အောင်မှ မဂ် ဥာဏ် ဖိုလ် ဥာဏ် လက် လှမ်း မှီ နိုင်တဲ့ အဆင့် ကို ရောက် ကြ မယ်လေ..။ သံသရာ ခရီးသည် တွေအတွက် ဘ၀ ဇာတ် မဆုံးနိုင် ကြသေး သရွေ့တော့.. ၁၀ပါးသော ပါရမီကို လက် ကိုင် ထား ပါ ကလေး တို့ရေ..။
AIT ကကျောင်း သားတွေက အဲ သည် ၁၀ပါးသော ပါရမီ ကို ဖြည့် ကြပါတယ်..။
သူတို့ရဲ့ အောင်မြင်ရေးလှို့ဝှက်ချက်ကို သားတို့သမီးတို့ကိုမျှဝေလိုက်ပါတယ်..။

0 မှတ်ချက်ရေးရန်: