Wednesday, January 20, 2016

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၁) ဦးသိန်းဆု



တစ်ခါက ရေဆင်းမှာ....
ဆရာတစ်ဦး ရဲ့ အိမ်ကို သူခိုးဝင်ပါတယ်..။
ဖမ်းလို့ လည်းမိပါတယ်...
ဖမ်းမိတဲ့သူခိုးကို ရဲစခန်းပို့ ကြပါတယ်..
နောက်တစ်နေ့ ကျတော့ အဲဒီ ဆရာ ကို သတင်းမေး ကြတဲ့ သူတွေသွားတဲ့အခါ
ဆရာ က ထမင်းချိုင့်လေးဆွဲလို့ တဲ့
ဆရာ ဘာတွေ ပါသွားလဲ ဘယ်သွာမလို့ လဲ ပေါ့..မေးတာ
ဘာမှ မပါပါဘူး ကွာ...
သူခိုးခမျာ
ဘာမှ လဲ မရ.... အချုပ်ခန်းထဲ မှာ ဗိုက်ဆာနေမှ စိုးလို့
ထမင်းသွား ပို့ မလို့ တဲ့...။

ကျွန်မ တို့ အားလုံး ရဲ့ Plant Pathology Department - Mycology သင်ပေးတဲ့ စာသင်အလွန်ကောင်း ပါတဲ့..။
ဆရာဦးသိန်းဆု ပါ..။

0 မှတ်ချက်ရေးရန်: