Sunday, June 5, 2016

တွယ်တာ…ကပ်ညိ မှု သည် ဘဝ ရဲ့ ကံကြမ္မာ ကို ဦးဆောင် တတ်တယ် (၁)

 
ဒီနေ့ တော့ ဘုန်းဘုန်း ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတော်မူတဲ
့ * ဗိမ္မိသာရမင်း ရဲ့ ဘဝ နှင့်သင်္ခန်းစာ* တရားတော် ကို နာယူမိတဲ့အချိန်မှာ ……

ကျွန်မ ရဲ့ နှလုံးအိမ် မှာ တွယ်တာ တတ်လွန်းသူ .. သက်ဦး ဆံပိုင် မင်းဧကရာဇ် ဖြစ်သော်လည်း ငဲ့ညှာ တတ်သော နှလုံးသားဖြင့် ကြင်နာတတ်သော အမျိုးသား တစ်ဦး ရဲ့ တည်ကြည်ခန့်ညားတဲ့ ရုပ်ပုံ လွှာ တစ်ခု ပေါ်လွင်လာခဲ့ပါတယ်..။
သူကတော့ ရာဇဂြိုဟ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ ဖြစ်ပါတယ်…။

ဥရုဝေလ တောက ဥရုဝေဠ ကဿပ ၊ ဂယာ ကဿပ ၊ နဒီ ကဿပ စတဲ့ ရသေ့များ ကြီး စိုး ရာ တိုင်းပြည်မှာ ဖြစ်ခဲ့သော်လည်း ဘုရားရှင် နဲ့ တွေ့ကာ တရား အစစ်အမှန် တွေ့ ခဲ့တာ သောတာပန် တည် ခဲ့ သူလည်းဖြစ်ပါတယ်..။

မိဘုရား နှစ်ပါး ရှိ ပြီး နှစ်ပါး လုံးက လည်းချောမောလှပ သလို ဂုဏ်သတင်းကြီး မားလှပါတယ်..။ မိဘုရားခေါင်ကြီး ကတော့ ကောသလတိုင်း ပြည့်ရှင် မင်းရဲ့ သမီးတော် ပသေနဒီ ကောသလ မင်း ရဲ့ ညီမတော် ဝေဒဟီ မိဘုရား ကြီး ဖြစ်ပါတယ်..။

နောက်တစ်ပါး ကတော့ အင်မတန်မှ ချောမော လှပ တဲ့ ခေမာ မိဘုရား ဖြစ်ပါတယ်..။
သူ့အကြောင်း ကို စီကာစဉ်ကာ ဘုရားဟော တရားတော် တွေ ထဲ မှာ သူနဲ့ ပတ်သက်တဲ့ သူတွေအကြောင်း ဟောကြား တာနာကြားရလေတိုင်း သူ့ ပုံရိပ်က တစ်စွန်းတစ်စ ဖြစ်ပေမဲ့ ယောင်္ကျားမြတ်တို့ ရဲ့ နှလုံးသားကတော့ အရောင်မပြောင်း ခဲ့တာ သတိထားမိခဲ့ပါတယ်..။

ကျွန်မ အနေနဲ့ ပထမ ဆုံး ဘုရင်မင်းမြတ်အကြောင်း ကို စသိ ခဲ့တာ ဓမ္မစေတီဆရာတော် ဦးကောသလ္လ ဟောကြား တော်မူတဲ့ အမ္ဗပါလီ ထေရီမ အကြောင်း မှာ ဖြစ်ပါတယ်..။ အဲဒီဇာတ်လမ်းမှာ သူဟာ ဇာတ်လိုက်ဖြစ်နေပါရောလား..။
ဇာတ်လိုက်တောင် မှ ရိုးရိုးဇာတ်လိုက်မဟုတ် အနုပညာဆန်ဆန် ၊ ကဗျာ ဆန်တဲ့ ဇာတ်လိုက်..။ အဲဒီတုံး က ဝေသာလီပြည်က အမတ်ချုပ်ရဲ့ သမီး ၊ အလှဘုရင် မရယ်လို့ နာမည်ကြီး လှ တဲ့ အမ္ဗပါလီ…။

သူက အရွယ် လေး ရောက် လာတော့ အနီးတစ်ဝိုက်ကတော့ ဝေသာလီ ကကော မင်းညီ မင်းသား ပန်းချီကားတွေ ယှဉ်တွဲ ချိတ်ဆွဲ ပြထားတဲ့အထဲ က အလွန်ယောင်္ကျားပီသ တဲ့ မင်းသား တစ်ပါး ကို တိမ်းညွတ်မိပါသတဲ့…။
အဲဒီသူက တော့ ရာဇဂြိုလ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ ပါ…။

ဓမ္မစေတီ ဆရာတော်က တော့ပြောတာ ဥပါဒါန် ရဲ့ သတ္တိ တဲ့..။ ရာဇဂြိုလ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ ကလည်း အလှသတင်းကြီး တဲ့ အမ္ဗပါလီ ကို စွဲလန်းခဲ့ပါတယ်..။
ပိုင်ဆိုင် ချင်တဲ့ မင်းညီမင်းသားတွေ များလွန်း လို့ တစ်ဦးတစ်ယောက် က ပိုင်ဆိုင် ခဲ့မယ် ဆိုရင် စစ်ပွဲတောင်ဖြစ်နိုင် တယ် ဆိုတဲ့အထိ လှပ လွန်း သူ..မို့ ဖခင် အုပ်ထိန်းသူ ကိုယ်တိုင် တောင် မစီမံတတ်အောင် ဖြစ်နေရရှာတာ..။

ဒီအချိန်မှာ…အမ္ဗပါလီ ဟာ လမ်း ပင်ထွက်ခွင့်မရ..လျှပ်တပြက် တွေ့ လိုက်တဲ့ သူက တွေ့တာ နဲ့ စွဲလန်းတပ်မက်တော့တာ ကိုး ..။ ဒီတော့ သူ့ ရဲ့ ဘယ် သူမှ ဝင်ခွင့် မရ တဲ့နန်းဆောင် ထဲ ကို ကြီးမားတဲ့ ဥပါဒါန် ရဲ့ သတ္တိ စွမ်းအား နဲ့ ရောက် အောင် ဝင်နိုင် သူက ရာဇဂြိုလ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ….။

ဒီလို ဝင်ရောက်နိုင်ဘို့ ရုပ်သေးအတတ်ပညာကို ၁နှစ်လောက် သင်ယူပါတယ် တဲ့..။ ရုပ်သေး ဆရာအဖြစ်ရုပ်ဖျက်ကာ ဝေသာ လီ က နန်းဆောင်ထဲ ထိ ဝင်နိုင်တာ….။ အမ္ဗပါလီ ကိုအရိုအသေ ပေးတော့ မင်းသမီး ကလည်းခေသူမဟုတ် ဆိုတော့ လူကဲခတ် တတ် ခဲ့ပါတယ်..။ ဘုရင် တစ်ပါး ရဲ့ အရိုအသေ ပေး မှု ဟာ ၁၀၀% ပျပ်ဝပ်ရိုကျိုးမနေပဲ ရာဇဂုဏ်အင်နဲ့ ခန့်ညားနေတာကို ရိပ်မိ ခဲ့တာပါပဲ..။ သူတို့ချင်းချင်းသာ သိ တဲ့ စိတ်စွမ်းအင် ရဲ့ ဆက်သွယ် မှု ကြောင့်ပဲ မျက်နှာဖုံးများကွာ ကျ လှပတဲ့အချစ်ဇာတ် လမ်းတစ်ပုဒ် ဖြစ်ခဲ့ကာ ..* ဝိမလ ကောဏ္ဍည * လို့ ခေါ်တဲ့ သားလေး တစ်ယောက် ဖွားမြင် တဲ့အထိ..။

ဘုရင် တစ်ပါးနဲ့ချစ်သူ ဖြစ်ခဲ့ပေမဲ့ မိဘုရား ဖြစ်ခွင့်မရှိ ရှာ သူ ကတော့ အမ္ဗပါလီ..။
* ရာဇဂြိုလ် ပြည့်ရှင်….. ကျွန်မ ဟာ ရှင့်ထက် ဝေသာလီ ကိုပိုချစ်ပါတယ် * ဆိုတဲ့ ဆရာချစ်ဦးညို ဝတ္ထု ထဲက စကားလုံး တွေ ကျွန်မ တရားနာရင်း ရေရွတ်မိသေး..။
သူမ ဟာ မိဘုရား အဖြစ် လိုက်ပါ သွားခဲ့လျှင် *ရာဇဂြိုလ် နဲ့ ဝေသာလီ* စစ်ခင်းကြရပေတော့မယ်..။စစ် ဖြစ်တော့မဲ့အရေး သူမ နှလုံးသားကို စတေးခဲ့တဲ့ … အမ္ဗပါလီ..။

တစ်ချိန် ထဲမှာ ချစ်သူကို စွန့်လွှတ်..သားကလေးကို မြတ်စွာဘုရားကျောင်းတော် ကိုပို့…။ ဖခင် အမတ်ချုပ်က သမီးဖြစ်သူကို အိမ်မှာ မထား ပြည်ကြီးတန်ဆာ …ပြည့်တန်ဆာ အဖြစ်နေစေဆိုတဲ့အမိန့်ချအပြီး နှလုံးကွဲကာသေပွဲဝင်ရတာ..။

ဘဝနာ မှ အသိသာလေခဲ့ပါသလား အမ္ဗပါလီ…… ကြမ်းရှ ခက်ထန်တဲ့ ဆူးခင်းလမ်းဖြတ်သန်းပြီးချိန်မှာ ငြိမ်းချမ်းရေးမယ် တော် ထေရီမ အမ္ဗပါလီ… အဖြစ် အောင်ပွဲ ခံ ခဲ့ချိန်မှာ ကျွန်မ ကျေနပ် ပီတိဖြစ်မိပါတယ်..။
ဒီအချိန်မှာ ….. ရာဇဂြိုလ် ပြည့်ရှင် ဘုရင် ဗိမ္မိသာရ နဲ့ ပြန်မတွေ့ လေဘူးလား လို့ ကျွန်မ က ဝတ္ထုဆန်ဆန် မျှော်လင့်တော့ တွေ့ခဲ့တယ် တဲ့..။

သောတာပန်…ဘုရင် ရဲ့ တွယ် တာမှု ဥပါဒါန်က ဖြတ်မရ ကပ်ညိ ဆဲဆိုတော့…..
ပြန်လည် တွေ့ဆုံဖြစ်တဲ့ အခါ *ရဟန္တာ ထေရီမ အမ္ဗပါလီ* တစ်ခါ က သံယောဇဉ် ကို သတိရ ပါသေးရဲ့လား …….. ဆိုတဲ့ အခါ…….။

ဆက်ပါဦးမည်.......

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: