Saturday, August 6, 2011

မေတ္တာမျိုးစေ့ချခဲ့ပြီ


ဘန်ဘောမ် ငါးသေတ္တာစက်ရုံလမ်းဈေး ခင်ပွန်းကြီး(၁၀)ပါးကန်တော့ပွဲ ဓမ္မသဘင်

Assumption University ဓမ္မသဘင်


မဟာချိုင်မြို့ ဝပ်ထစ်ကျောင်းတိုက် ခင်ပွန်းကြီး (၁၀)ပါးကန်တော့ပွဲ ဓမ္မသဘင်

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး သည် ဂျူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁ရက်နေ့အထိ ထိုင်းနိုင်ငံသို့ ဓမ္မဒူတ ခရီး ကြွရောက်ပေး ခဲ့တာ မို့ ထိုင်းနိုင်ငံနေ မြန်မာ လူမျိုးများ တရားရေအေး သောက်သုံးခွင့်ရရှိခဲ့ပါတယ်..။

ထို့အပြင် ထိုင်းနိုင်ငံရောက် ပညာသင်ရဟန်းတော်များ အဖွဲ MSMO Myanmar Student Monk Organization နှင့်လည်းမေတ္တာပေါင်းကူး စေနိုင်ခဲ့ပါတယ်..။မေတ္တာမျိုးစေ့ချပေးခဲ့ပါတယ်..။

ဥက္ကဋ္ဌ ဆရာတော် အရှင် နှင့်အတူ ရဟန်းတော် အတော်များများနဲ့ ရင်းနှီး နွေးထွေးစွာ တွေ့ ဆုံ ခဲ့ရ သလို အတွင်းရေးမှူး ဆရာတော် ( အရှင် ပညာ ဇောတ - မောင်ပညာ (မန်းတက္ကသိုလ် ) နှင့်အဖွဲ့သားများ တက်တက်ကြွ ကြွ စီမံမှု ကြောင့် တရားပွဲများ မှာလည်းစည်ကားသိုက်မြိုက် အောင်မြင်ခဲ့ရပါတယ်..။

ဆရာတော်ဘုရားကလည်း ပြန်လည်၍ မေတ္တာရေ သွန်းလောင်း ခဲ့ခြင်းအတွက် ကျွန်မ မှာ နှစ်ဘက်စလုံး မှ ကြည့်ကာကြည်နူးဝမ်းမြောက် မှု ပီတိ အဟုန် စီးဆင်းခဲ့ရ ပါတယ်..။MSMO မှပေး ပို့သော မှတ်တမ်းလေးကို အမှတ်တရဖေါ်ပြလိုက် ပါတယ်။

ပိုင်းလော့ဆရာတော်ဘုရားသို့ကျေးဇူးတင်ခြင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ် မြို့နယ် မိုးညှင်းသိင်္ဂီကျောင်းမှ ပိုင်းလော့ဆရာတော်ဘုရား၊အရှင်ဇေယျပဏ္ဍိတ သည်

၁၃၇၃-ခု ၀ါဆိုလပြည့်ကျော် (၁၅)ရက်၊ ၃၀-၇-၂၀၁၁ စနေနေ့တွင်၊ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့

ဘန်ဘွန်း၊ ငါးသေတ္တာစက်ရုံတရားပွဲသို့ ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်းတရားဒေသနာတော်

မြတ်ကို ဟောကြားချီးမြှင့်ရန် ကြွရောက်တော်မူခဲ့ပါသည်။ ထိုသို့ကြွရောက်စဉ် တရားပွဲမစခင် ငါးသေတ္တာစက်ရုံအနီးရှိ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာစံကျောင်းသို့ နာရီဝက်ခန့်အနားယူရန် ကြွရောက်တော်မူခဲ့ပါသည်။

ပိုင်းလော့ဆရာတော်ဘုရား စံကျောင်းတွင် ခေတ္တအနားယူတော်မူစဉ် ဆရာတော်ဘုရားနှင့်

ဆရာ၊ ဆရာမများအား မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ဥက္ကဋ္ဌဆရာတော်မှကြိုဆိုဧည့်ခံ စကားပြောရင်း ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ အကြောင်းတစ်စိတ်တစ်

ဒေသနှင့်မြန်မာကျောင်းသားရဟန်းတော်များမှ မြန်မာပြည်သားတို့အတွက် ပညာရေးဘာသာရေး လုပ်ဆောင်မှုများကိုရှင်းလင်းပြောဆိုတင်ပြခဲ့ပါသည်။ ဆရာတော်ဘုရားနှင့်ဆရာ၊ ဆရာမတို့မှ

ယခုလိုတွေ့ဆုံဆွေးနွေးပြောဆိုသိရှိခွင့်ရခြင်းအတွက် အင်မတန်မှဝမ်းမြောက်ပါကြောင်းပြန်လည် ပြောကြားခဲ့ပါသည်။

တဆက်ထည်းမှာပင် ကျောင်းသားဥက္ကဋ္ဌဆရာတော်မှ အခွင့်သာခဲ့မည်ဆိုလျှင်ကျောင်းသားရဟန်း တော်များအတွက် ရန်ပုံငွေတရားပွဲချီးမြှင့်ဘို့ လျောက်ထားခဲ့ရာတွင် ဆရာတော်ဘုရားမှ ၀မ်းမြောက် ၀မ်းသာလက်ခံကာ အခွင့်ကြုံခဲ့ပါက ရဟန်းတော်များအတွက် ဓမ္မဒါနပြုလိုပါကြောင်း မိန့်ကြားတော် မူခဲ့ပါသည်။ ထို့အပြင်ဆရာတော်ဘုရားမှ ကျောင်းသားရုံးခန်းအတွက် တလစာ ကိုးထောင်(၉၀၀၀)

ဘတ်တိတိကို ဥက္ကဋ္ဌဆရာတော်သို့ လှူဒါန်းသွားခဲ့ပါသည်။

ထိုကဲ့သို့  ထိုင်းနိုင်ငံသို့ကြွရောက်ကာ မြန်မာပြည်သားတို့အတွက် စိတ်နှလုံးအေးချမ်းစေသော

မြတ်ဗုဒ္ဓ၏ဒေသနာတော်မြတ်ကို ဟောကြားချီးမြှင့်လျက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ သင်တန်းကျောင်းတလစာအတွက် လှူဒါန်းပေးခဲ့သော ပိုင်းလော့ဆရာတော်ဘုရားအား မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့မှကျေးဇူးအထူးတင်ရှိပါကြောင်း ၀မ်းမြောက်ဝမ်းသာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ဥက္ကဋ္ဌဆရာတော် M.S.M.O
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာပါစေ

ထို ကျောင်းသားရုံးခန်း သည် ကျွန်မ အပါအဝင် လူမှရဟန်း..ရဟန်းမှ လူ ပညာရပ်များ ပေါင်းကူ ဖလှယ်ရာ စာသင်ခန်းများ ၊ကုသိုလ်ဖြစ်ပေါ်ရာ နေရာ ဖြစ်သည်မို့ ထိုနေရာမှသည် ထိုင်းနိုင်ငံ အတွင်း သာသနာ့ရောင်ဝါ ထွန်းလင်းနိုင်စေကြောင်း အထောက်အပံ့ကောင်းအဖြစ် ဝမ်းမြောက် ပီတိဖြစ်ရပါတယ်..။

မေတ္တာဖြင့်-သစ္စာအလင်း

0 မှတ်ချက်ရေးရန်: