Thursday, March 5, 2009

တန်ဘိုးထားတတ်လေသောလူတစ်ချို့၏ အကြောင်း


သား ကိုဦး(ဓမ္မရသ)ရေ..

သားက နိုင်ငံခြားသားတွေ ဗုဒ္ဓ သာသာစိတ်ဝင်စားလားမေးလာတဲ့အတွက် အံတီ့ တွေ့ကြုံဘူးတဲ့ သူတွေ အကြောင်းပြန်ပြောပြချင်နေမိတယ်..။

အံတီ တို့ အချက် အလက် တစ်ခု ခိုင်လုံမှု ရှိမရှိဆိုတာ ဘယ် ပမာ ဏကိုတိုင်းတာတာ လဲ(Population)၊ နမူနာဦးရေ ဘယ်လောက် ကကောက်ယူခဲ့တာလဲ(Sampling)..ခိုင် လုံ ပြီးအမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ ကိန်းဂဏန်း(Representative Data)ရမှသာ စာတမ်းတွေရေးကြရတာ သားလည်းသိပါတယ်..။အခု ဟာ ကတော့ သား စဉ်းစားပြီးလိုအပ်တဲ့ Idea ရစေဘို့ ပဲ မျှဝေလိုက် တာပါသားရေ..။ကိုယ် စားပြု ကိန်း ဂဏန်း တစ်ခုတော့ ဖြစ်ချင် မှ ဖြစ်ပါ့မယ်သားရေ..။

Man of 20th Century ဆုပေးအပ် ခံရတဲ့ သိပ္ပံပညာ ရှင် Albert Einstein ကကြိုတင် ဟောကိန်း ထုတ်ထား တာ ရှိတယ် သားရဲ့..အံတီတို့နေထိုင်တဲ့ ကမ္ဘာ ကြီးဟာ အတတ်ပညာ တိုးတက် ထွန်းကားလာ မှုတွေကြောင့် နောင် ဆိုရင် ကမ္ဘာ မှာ လူ မျိုး ဆို သည် တစ်မျိုးတည်း၊ကိုးကွယ်တဲ့ဘာသာတစ်ခုတည်း၊ ပြောတဲ့
စကား က တစ်မျိုး တည်းပဲရှိတော့မယ် တဲ့။ကိုးကွယ်တဲ့ ဘာသာ က ဗုဒ္ဓသာသာ၊ ပြောဆိုတဲ့စကားက အင်္ဂလိပ် စာ ။

လူမျိုးတစ် မျိုးတည်းဆိုတာကလည်းသွေးတွေနှော လာ ကြ ပြီလေ..ဥပမာ သမတ ဘာရက် အိုဘားမားဆို အမေရိကန် အဘိုး အဘွား၊ ကင်ညာ အဘိုးအဘွား၊ Step Father က အင် ဒိုနီးရှားတောင်ပါလိုက်သေးတယ်..။အဲလိုပေါ့နော်.. Internationalization, Globalization,Global Village တို့ကို သားကပိုသိမှာပါနော်.။

ပထမ အံတီ ထိုင်းမှာနေတုံးက ထိုင်းချမ်းမြေ့ရိပ်သာမှာ ကျောင်းအားရင် သွားဖြစ်တယ်..အဲဒီရိပ်သာ ကိုလှူဒါန်းဆောက် တည်ထားတာ ထိုင်း ပညာတတ် လူချမ်းသာမိသားစုပါ..။ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီးနဲ့တွေ့ပြီးကတည်းက မိခင် ကြီးက မြန်မာ ပြည်မှာ သီလရှင် ဝတ်တယ်.. အင်္ဂလန်မှာ ကျောင်းတက် ခိုင်းထားတဲ့ သမီးကို ပြန်ခေါ်ပြီးသီလရှင် ဝတ် ခိုင်း အတူတူ မြန်မာ ပြည်မှာ အားထုတ်ကြတာ ရနှစ်တောင် ကြာပါတယ်..။သမီးလေး အသက် ၃၀ ကျော် မှ အနား က Mahidol University မှာကျောင်းပြန်တက်စေတယ်…ယူတဲ့ ဘာသာရပ် ကလည်းBuddhism ပါသား။

အံတီ လည်းကိုယ့် ကို ကို ပြန်မေးတယ်..အဲလိုမိခင်တစ်ဦးရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် နဲ့ အတူသာ သနာအပေါ်လုံးဝ ဥဿုံ၊မမှိတ်မသုံ ၊သက် ဝင် ယုံကြည်မှုရှိပါ ပြီလား ။သမီးကို အင်္ဂလန် သာ လွှတ်ချင် နေလိမ့်မယ် ဆိုတဲ့ အဖြေကို ရတယ်..အဲဒီတည်းကို ကသူတို့ သဒ္ဓါ တရား က ကိုယ့်ထက် အဆများစွာသာနေပါ ပြီ..။

တရားစခန်းပွဲ တစ်ခု ပြီးသွားတိုင်းချမ်းမြေ့ဆရာတော် ဘုရားကြီးနောက်ကို တခါတည်းလိုက်ပြီး ဘုန်းကြီးဝတ်ခဲ့ကြတဲ့ အနောက် တိုင်းသားတွေတော် တော်များများကို အံတီ ထိတွေ့ကြုံ ဆုံခဲ့ဘူး ပါတယ် သား ရေ..။ဘဝ တစ်ခုလုံးကို ပုံအပ် ပစ်လိုက်တာမျိုးပေါ့။

အခု http://www.nibbana.com/မှာ အမေးအဖြေ လုပ်၊ ဓမ္မ သင်္ခန်းစာတွေပေးဝေ နေတဲ့ Austrailia နိုင်ငံသား ဆရာ Jeffery ဆိုရင် မြန်မာချမ်းမြေ့ရိပ်သာ မှာ ရနှစ် ဘုန်းကြီးဝတ် ပြီးတရားအားထုတ်ခဲ့တာ ပါ..။အံတီ့ရဲ့ ဓမ္မ ဆရာလည်းဖြစ်ခဲ့ပါတယ်။

အံတီ က အီတလီမှာ ဆရာကြီးဦးဂိုအင် ဂါတရားစခန်း(ဓမ္မ အတ္တလ )မှာတရားအားထုတ် ဘူးပါတယ်သားရေ..။ကမ္ဘာ အနှံ့ ဝိပဿနာ ရိပ်သာများစွာ ဖွင့်ထားတာ..သား http://www.dhamma.org မှာရှိတယ်..။သားကြည့် ကြည့်နော်..။ အဲဒီတုံးကတော့ အံတီက အားထုတ် ဘို့ လျှောက်ထားခဲ့တာပါ..ဒါပေမဲ့ သူတို့က အံတီ့ကို ဆက် သွယ် တယ်..။Dhamma Worker လုပ်ပေးဘို့ပေါ့သားရယ်..။ဝေယျာဝစ္စ ချက် ပြုတ် လုပ် ကိုင်ဘို့ တောင်းဆိုတာ အံတီ သဘော တူ ခဲ့ပါတယ်..။

ဥရောပ မှာ က လုပ်အားပေးတာ မျိုး ရှားတာကိုး..နေရာက အဲဒီတုံးက အံတီမြို့ ကနေ ရနာ ရီ ကြာ ရထားစီးမှPiacenza ဆို တဲ့ မြို့ကို ရောက်ပါတယ်..အဲဒီကမှတဆင့် ရိပ်သာ ကကားနဲ့ ၁နာရီ တော ပိုင်းကျတဲ့နေရာလေးကိုဆက် သွားရပါတယ်..။အဲဒီတုံးက အားထုတ်တဲ့ယောဂီ၆၄ ယောက် ရှိခဲ့ပါတယ်..။ခရစ်စမတ်ဆို လူ၁၀၀ကျော်တယ်ပြောတယ် သား။ ဥရောပ သားတွေချည်းများတယ် သား။အံတီ နဲ့ တူတူ လုပ်အားပေးကြတဲ့ထဲမှာ လက် ဘနွန်Labnon သူတယောက် ပါတယ်..။အာရပ် နိုင် ငံနော်သား ။

အဲဒီ အချိန် တုံးက ဆိုရင် သူတို့တိုင်းပြည်က အစ္စရေးတွေ က Hisbola တွေကို လိုက် တိုက် ပြီးတိုက် ပွဲ ဖြစ်နေချိန်။ သူလာ အားထုတ်တာ..။သူတို့ တိုင်းပြည် နဲ့ အနီးဆုံး ဖြစ်တဲ့ အစ္စရေးနိုင်ငံမှာ အားထုတ် ချင်တယ်..ဒါပေမဲ့ အစ္စရေး က အာရပ် တွေကို Visa မပေးဘူး။ ဒါ့အပြင်.. အစ္စရေး တရားစခန်းက ၃လ ကြာWaiting List စောင့်တာတောင်ရဘို့ မသေချာ တာကို နောက်၅ရက် ကြာမှရောက် လာ တဲ့ အစ္စရေးမှာ သူနာပြု ဆရာမ အလုပ် လုပ် နေတဲ့ အီတလီမလေးပြောပြတော့ သိရပါတယ်..။

လက် ဘနွန် မလေးက အီတလီကို လာ ဘို့ လေယဉ် ခ က Euro 500ကျော် ပေးခဲ့ရတယ်.. တည်းခိုစရာမရှိ..အီတလီမှာ က ဟိုတယ် တွေက သိပ်ဈေးကြီးတာ ကိုးသားရယ်..အဲဒါ နဲ့ သူ က ရွက် ဖျင်တဲလေး ကို သူငယ် ချင်းဆီကငှားပြီး ရွက်ဖျင်တဲ နဲ့ အိပ်တဲ့စခန်းမှာ အိပ်ရတာ ၄ရက် ကြာတယ်..။အလကားမဟုတ်ဘူးနော် အဲလို အိပ်လို့ရဘို့ ကတစ်နေ့ 20Euroပေးပြီးမှ အိပ်ရတာ ပါ..။

မြန်မာ မှာ က အားထုတ်သူကနည်းတယ်..ရိပ်သာကများတယ်..မြန်မာတွေက ဘုနုးကံတော် တော် ကြီးတယ် နော်..လေးနက်တဲ့အမြင်နဲ့ တန်ဘိုးထားတတ်မှုလေး လိုနေတာပါ.သူများမပြောပါဘူး..ကိုယ့် ကို ကို ပြောတာပါသားရေ..။
အရလွယ်တာ တွေကို တန်ဘိုးမထားတတ်တဲ့လူ့သဘာ ဝကို လည်းထည့်တွက် စဉ်းစားကြည့်မိပါတယ်သား။

တခါ တခါ ဥရောပသားတွေမှာ အံတီတို့ တစ်ချို့ တစ်ချို့သောမြန်မာ တွေမှာတောင် မရှိတဲ့၊ဗုဒ္ဓအဆုံးအမ နဲ့ ကိုက် ညီတဲ့ ကိုယ့်ကို ကို နှိမ့်ချမှုတွေ(အနတိမာနီ)ရိုးသားဖြောင့်မတ်မှု(ဥဇု)ဖြစ်တာတွေ လည်း တွေ့ရတတ်ပါသေးတယ်..။ ဘာသာရေးအဆုံးအမနဲ့ နေနေတဲ့ သားလို Characterမျိုးလေးတွေပေါ့ ကွယ်..။

ဓာတ်ပုံလေး က အံတီတို့ အီတလီက ဓမ္မ အတ္တလ ရိပ်သာ ပါ..အခု Florence မြို့ နားကို ပြောင်းသွားတာ။အံတီ သွားခဲ့တဲ့နေရာက ပြောင်းလိုက်တာလေ.။ဥရော ပမှာနေစရာသိပ်ဈေးကြီးတယ် သား။ခက်ခက် ခဲခဲ ဖွင့်ထားကြတာပါ..။

ပြောစရာကများတော့ စာရှည် မှာ ဖြစ်တဲ့အတွက် သည် မှာ ခဏရပ် လိုက် အုံးမယ် သားရေ..။ ဆက် ရေးအုံးမယ် နော်..သား။အောင်မြင်တောက်ပ ပါစေ..။ရှင်းသန့်စင်ကြယ်ပါစေ..။



3 မှတ်ချက်ရေးရန်:

The Bliss Of Emancipation said...

ဓမ္မမိတ်ဆွေအသိ တစ်ယောက်ပြောတာကြားဖူးတယ်။
မြတ်စွာဘုရားသာသနာတော်က တဖြည်းဖြည်းနဲ့  အရှေ့ ကနေ အနောက်ကို ရွေ့ နေပြီတဲ့။ နောင်တစ်ချိန် မြန်မာပြည်မှာ သာသနာကွယ်သွားနိုင်တယ်လို့ ခန့် မှန်းတယ်။ တချိန်တုန်းက အိန္ဒိယမှာ သာသနာကွယ်သွားသလိုမျိုးလို့ သူကပြောတယ်။ သူ့ ခန့် မှန်းချက်က စဉ်းစားစရာတော့ ကောင်းတယ်။ အခုလက်ရှိအနေအထားမှာ အနောက်တိုင်းသားတွေရဲ့  တရားတော်တွေအပေါ်ထားတဲ့ သဒ္ဓါတရားဟာ မြန်မာမိရိုးဖလာတွေထက် ပိုပြင်းထန်တာတော့ အမှန်ဘဲ။

နည်းပညာပိုင်းအရ သာသနာပြုမှုကလည်း သူတို့ ကသာတယ်။ မြန်မာနိုင်ငံက ဘာသာရေးနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်ကို ပေးနိုင်တဲ့ အင်တာနက်စာမျက်နှာက လက်ချိုးရေလို့ ရတယ်။ နိုင်ငံခြားကိုထွက်ပြီးသာသနာပြုနိုင်တဲ့ လူနှင့်ရဟန်းပုဂ္ဂိုလ်အရေအတွက်ကလည်း အတော်လေးနဲနေသေးတယ်။ နိုင်ငံတွင်းမှာရှိကြတဲ့ တချို့ သော သာသနာပြုလုပ်နေတဲ့ သူတွေကလည်းဘဲ ပြည်ပသာသနာပြုနိုင်လောက်အောင် အခြေအနေနှင့် အခွင့်အရေးက နည်းနေတယ်။ မျိုးဆက်သစ်အရည်အသွေးပြည့်ဝတဲ့ သာသနာပြုပုဂ္ဂိုလ်တွေ များများပြုစုပျိုးထောင်နိုင်ရင်တော့ အတော်လေးကောင်းမှာဘဲ။

The Bliss Of Emancipation said...

ဓမ္မမိတ်ဆွေအသိ တစ်ယောက်ပြောတာကြားဖူးတယ်။
မြတ်စွာဘုရားသာသနာတော်က တဖြည်းဖြည်းနဲ့  အရှေ့ ကနေ အနောက်ကို ရွေ့ နေပြီတဲ့။ နောင်တစ်ချိန် မြန်မာပြည်မှာ သာသနာကွယ်သွားနိုင်တယ်လို့ ခန့် မှန်းတယ်။ တချိန်တုန်းက အိန္ဒိယမှာ သာသနာကွယ်သွားသလိုမျိုးလို့ သူကပြောတယ်။ သူ့ ခန့် မှန်းချက်က စဉ်းစားစရာတော့ ကောင်းတယ်။ အခုလက်ရှိအနေအထားမှာ အနောက်တိုင်းသားတွေရဲ့  တရားတော်တွေအပေါ်ထားတဲ့ သဒ္ဓါတရားဟာ မြန်မာမိရိုးဖလာတွေထက် ပိုပြင်းထန်တာတော့ အမှန်ဘဲ။

နည်းပညာပိုင်းအရ သာသနာပြုမှုကလည်း သူတို့ ကသာတယ်။ မြန်မာနိုင်ငံက ဘာသာရေးနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်ကို ပေးနိုင်တဲ့ အင်တာနက်စာမျက်နှာက လက်ချိုးရေလို့ ရတယ်။ နိုင်ငံခြားကိုထွက်ပြီးသာသနာပြုနိုင်တဲ့ လူနှင့်ရဟန်းပုဂ္ဂိုလ်အရေအတွက်ကလည်း အတော်လေးနဲနေသေးတယ်။ နိုင်ငံတွင်းမှာရှိကြတဲ့ တချို့ သော သာသနာပြုလုပ်နေတဲ့ သူတွေကလည်းဘဲ ပြည်ပသာသနာပြုနိုင်လောက်အောင် အခြေအနေနှင့် အခွင့်အရေးက နည်းနေတယ်။ မျိုးဆက်သစ်အရည်အသွေးပြည့်ဝတဲ့ သာသနာပြုပုဂ္ဂိုလ်တွေ များများပြုစုပျိုးထောင်နိုင်ရင်တော့ အတော်လေးကောင်းမှာဘဲ။

Anonymous said...

အန်တီရေ ဒီ Post လေးကို ဖတ်ရတာ ဗဟုသုတရပါတယ် ဆက်ရေးပါဦးခင်ဗျာ။