Tuesday, March 10, 2009

ခင်ပွန်းကြီး(၁၀)ပါးကန်တော့ခြင်းနှင့်Holy Staircase


သားသားနဲ့ မီးမီးရေ..

ကျေးဇူးတော်ရှုင်ပိုင်းလော့ဆရာတော်ဘုရားဆုံးမ တဲ့အတိုင်းမေမေ က သီတင်းကျွတ်လပြည့်ကစပြီး တော့အဖိတ်နေ့ရယ်၊လပြည့်နေ့၊ရယ် လပြည့်ကျော်တစ်ရက်နေ့တွေမှာ ခင်ပွန်း ကြီး၁၀ပါးကန်တော့ပွဲလုပ်ပါတယ်..။သည်နေ့ တပေါင်းလပြည့်ဆို ရင် လပြည့် ၆ ခါတိုင်ခဲ့ပါပြီ..။

အတိတ်ဘ၀တွေမှာမမြင်နိုင်တဲ့ ပြစ်မှားကံတွေအများ ကြီးရှိခဲ့တယ်..အခု ဘဝမှာလည်း မသိနားမလည် ခင် အချိန်အခါကာလတွေမှာရှိနိုင်တယ်..။ ဝန်ချတောင်းပန်မှုတွေပြုရမယ်…။

မာနထောင်လွှားမှုတွေ ဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးတဲ့ဘ၀ရဲ့ အဆိပ်အတောက်တွေသာ ဖြစ်ပါတယ်..။ကိုယ့်အပေါ် ကိုစော်ကား ပြစ်မှားတဲ့သူတွေကိုလည်း ခွင့်လွှတ်ကြရတယ်…။ဒါမှလည်း ဘ၀ခရီးကို စိတ်ကြည်လင် ငြိမ်းချမ်းစွာ လျှောက်လှမ်း နိုင်ကြမယ် ကလေးတို့ရေ။

ပြာသိုလပြည့် တုံးကတော့ ဓမ္မစေတီဆရာတော်ဟောကြား တဲ့ (ဝေသာလီလှဧကရီ၏ ဘ၀ဆည်းဆာ) ဆိုတဲ့ အမ္ဗပါလီအကြောင်းတရားနာဖြစ်ခဲ့ပြီး ဓမ္မစတီဆရာတော် ဟော ကြာတဲ့ အရိယာ ဇာတ် ပုဂ္ဂိုလ် မြတ် ကို ဆိုတဲ့ ကဗျာလေး ကို အရင် Post တွေမှာ ရေးခဲ့ပါတယ်..။

အခုတော့ Christianity တွေ ရဲ့ ဝတ်ပြု ဆုတောင်းပုံလေးကို ဖော် ပြချင်တယ်..ခိုင် ကျည် တဲ့စိတ် ဓာတ်နဲ့ ခက် ခဲတဲ့ အလုပ် ကို လုပ်ဆောင် ပြီးသူတို့ရဲ့ ဘုရားကို ကြည်ညိုပူဇော်ကြတာ လေးကို သားတို့ သမီးတို့သိအောင် ပြောပြချင်တယ်..။
မေမေတို့ ဂေါတမ မြတ်စွာဘုရားအလောင်း ဟာ ဒီပင်္ကရာ မြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ အလျားမှောက် ကာ တံတားဆောက် ခါ နင်းလျှောက် သွားပါဘုရားဆိုတဲ့ ပူဇော် မှုမျိုးကတော့ ရဲရဲတောက် အာ ဇာနည် ဘုရားဆုပန် ယောင်္ကျားမြတ်တို့ရဲ့ ရာနှုန်းပြည့် နှိမ့်ချရိုကျိုးတဲ့ ကာယကံလေးပါကွယ်..။

မေမေတို့ ဗုဒ္ဓ ဘာသာတွေ ဘုရားကြည် ညိုကြတာ ဒူးထောက် ပြီး ကိုယ် တစ်ခုလုံးရဲ့ အလေးချိန်ကို ဒူးပေါ်မှာ ရပ် တည်စေလျက် ရှစ်ခိုးပူဇော် တာ မရှိဘူးလို့မေမေထင်ပါတယ်..။ တိဘက်တွေရှစ်ခိုးတာကတော့ မေမေတို့ ထိုင်ထ ဆန့်ထုတ် လုပ် သလိုမျိုး ထိုင် ၊ထ ၊ဝမ်းလျားမှောက် ရှစ်ခိုးတယ် လို့တော့ကြားဘူးတယ်။မမြင်တော့ မမြင်ဘူးဘူး။ ဗုဒ္ဓဂါယာ သွားတဲ့လူတွေ ပြောပြဘူးတယ်..။

အခုပုံလေးကတော့ ရောမ မြို့ စိန့်ဂျွန်းဘုရားရှစ်ခိုးကျောင်း San Giorvanni , Saint John ဘုရားရှစ်ခိုးကျောင်းနားက Holy Staircase ပုံလေးဖြစ်ပါတယ်..။
A famous papal sanctuary located adjacent to the Basilica of St. John Lateran in Rome, the Holy Staircase is believed to be the actual steps that Jesus climbed the day He was sentenced to death. Tradition holds that the stairs were ordered sent from Jerusalem to Rome by Saint Helena, mother of the Emperor Constantine in 334 A.D. Though not completely documented, this has been believed for over 1,200 years, since it was first mentioned in papal documents in 844. The stairs are known as the Scala Pilati (Pilate's stairway) or the Scala Sancti (holy stairway).

It has been proven that the staircase was first located in the Patriarchum, the complex of palaces that was the ancient seat of popes. In 1589, Pope Sixtus V had it located to it's present location in front of the ancient palatine chapel (the Sancta Sactorum). Pope Pius IX (1846-1878) restored the staircase, and promoted it's veneration as one of Christianity's great relics. The pope climbed the 28 steps on his knees many times, an act of veneration done that was done traditionally then, and continues to this day. A prayer related to the passion of Jesus Christ is recited upon each of the 28 steps.


Christianity တွေရဲ့ ကြီးမြတ်တဲ့ ဓာတ်တော် မွေတော် တစ်ခုပေါ့ကွယ်..ပုပ်ရဟန်းမင်းကြီးကတော့ သူရဲ့ ဒူးကို ထောက်ပြီးကြိမ်ဖန်များစွာတက်ခဲ့တယ်.. လို့ဆိုပါတယ်..။ဖတ်ကြည့်လိုက်ပါနော်..။

ရောမ ရောက် မြန်မာ အချို့ကတော့ အလုပ် အကိုင် အဆင်ပြေရေးအတွက် Holy Stairs တက် ကြတယ် ပြောဘူးတယ်..။မေမေကတော့ ကျေးဇူးတော် ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ အဆုံးအမ ကို အမြဲ နှလုံးသွင်းဖြစ်တော့ ဝန်ချ တောင်းပန် မှု ရဲ့ ထုးကဲတဲ့ အသွင် သဏ္ဍန်လေး အဖြစ်မေမေသွားရောက် လေ့လာ ဖြစ်ခဲ့တယ်..။

ဘဝသံသရာ ကြီး က ရှည် လွန်းတော့ မတော်ဘူးတဲ့ ဆွေမျိုးမရှိ မတော် ဘူးတဲ့ အမိအဘ မရှိ လို့ ဆုံးမထားလေတော့ တိရိစ္ဆာန်တောင် ချစ်ခင်မြတ်နိးတဲ့ စိတ်နဲ့ ပဲ ဆက် ဆံ ပါတယ်..။ ပိုင်းလော့ဆရာတော် ဘုရားကြီးကျောင်းမှာ ကတော့ ခွေးကျွေးရင်တောင် ခွက် ကသန့် သန့် ဖြစ် ရတယ်..သေချာ နယ် ဖတ် အရိုးထွင်၊ အရွက် ဖယ် ကိုယ် တိုင် မြည်းကြည့် ပြီးကောင်းမှ ယုယု ယယကျွေးတတ်အောင် ဆရာတော် က သင် ပေးခဲ့ ဘူးပါတယ်.။ငှက် ကျွေး တဲ့ ဗန်း လေးတွေ ဆိုရင် လည်း အမြင့်မှာ သန့်သန့်ရှင်းရှင်း၊ သပ် သပ် ယပ် ယပ် ကျွေးရပါတယ်..။

ဒီတော့ အီတလီဆိုတာကတော့ မေမေကို သူတို့ရဲ့ လုပ်ခလစာတွေထဲ ကနေပေးဆက် ရတဲ့ အခွန်အခတွေRegional Tax ထဲကနေ ပညာ သင် ဆုတွေပေးတာ ဆိုတော့ ကျေးဇူးကြီးမားစွာ ရှိနေခဲ့ပါပြီ.. ပညာတွေ ကော။စောင့်ရှောက် မှုတွေ။ မေတ္တာ အကြင်နာ တရားတွေအပေါ် ကျေးဇူးတုံ့ ပြန် မယ် ဆိုတဲ့ စိတ်ကလေး ကို ပဲ ထားပါတယ်..။ဒါ ဟာ လည်းသရဏဂုံ မပျက်ရအောင်ပါ..။

တကယ် တန်းတက် ကြည့်တော့ မလွယ် လှ..ဒူးပေါ် မှာ ကျ နေတဲ့ အလေးချိန် ကကြာ ကြာ မထောက် နိုင်ပါ..ကလေးတို့ရေ..။ကျော် တက် ရအောင် ကလည်း ရှေ့မှာလူတွေက အများကြီး တထစ် တထစ် ကို သူတို့ ဆုတောင်းစာ ရွတ်ရတာ ရှိပါတယ်..။ဒါကိုတော့ မဖေါ်ပြတော့ဘူး..။မေမေ လည်းမရွတ်ခဲ့ ပါဘူး..။

အာ ရုံထဲမှာ ကတော့ ဘဝသံသရာ အဆက် ဆက် က ပြစ် မှားခဲ့ ဘူးသူများကို အနူးအညွတ် တောင်း ပန်ပါတယ်..သည် နယ် မြေမှ ကျေးဇူးရှင် ဆရာသမားတို့အပေါ် အမှတ်တမဲ့ပြစ်မှားစော် ကားမိသည် များကို တောင်းပန်တယ်လို့ပဲ အာ ရုံပြုထားလိုက် ပါတယ်..။၃၆ ထစ် တက်ရပါတယ်.. အချိန် က ၄၅မိနစ်ကျော် ကြာခဲ့ပါတယ်ကလေးတို့ရေ..။

အခု ဆရာတော် ဘုရားကြီးက ခိုင်းတာ သည် လောက် မခက် ဘူးထင်ပါတယ်..။သစ္စာ ကို သိမြင်ယုံကြည် ဘို့ မပြောနဲ့ သစ္စာ ရဲ့ နယ် နမိတ် အဝန်းအဝိုင်းကိုတောင် ခြေချခွင့် မကြုံလေသူ များ၊ သစ္စာ စကားဆို နားခါးနေသူများ၊ ဟာ ပြစ်မှားကံတွေ ကပိတ်ဖုံး ကာဆီးထားတာဖြစ်ပါတယ်..။ဒါကို ပြေပျောက်အောင် တရားစခန်းပွဲတိုင်းရဲ့ သစ္စာလေးပါးတရားမဟောခင် ညနေမှာ ကန်တော့ ခန်း အမြဲထည့်ပေးထားတာ ဖြစ်ပါတယ် ကွယ်..။

အရင်မေမေ Multiplyမှာရေးနေစဉ်တုံးကတော့ စာ အုပ် ကို တင်လို့မရခဲ့ဘူး..။အခုဆိုရင် ဆရာတော် ဘုရားရဲ့ ခင်ပွန်းကြီး (၁၀)ပါးကန်တော့ပွဲစာ အုပ် ကို http://www.dhammaransi.net/ မှာကော http://vimuttisukha.blogspot.com/ (ဝိမုတ္တိသုခ)Blog မှာကော မေမေ့ Blog မှာပါ ရယူ ဖတ်ရှုပူဇော် နိုင်ပါပြီကွယ်..။

ကဲဘယ်နှယ်လဲ ဒူးမထောက်ရပါဘူးနော်...ညွတ်နူးသော စိတ်၊ မာန်ချသော ကံယကံ ဝစီကံ မနောကံ များဖြင့် ကန်တော့ကြရအောင်နော်..။တပေါင်းလပြည့်ရဲ့ အမှတ်တရ လက် ဆောင်လေး အဖြစ် မေမေ ပေး ပို့ လိုက်ပါတယ်..။ ရှင်းသန့်စင်ကြယ် နိုင်ပါစေ..။

5 မှတ်ချက်ရေးရန်:

The Bliss Of Emancipation said...

အန်တီ့လက်ဆောင် ကျွန်တော်လည်း လာယူသွားပါတယ်ခင်ဗျား။

Unknown said...

အန်တီရေ...
ဒီနေ့က လပြည့်နေ့နော်။ ပြည်တော်ပြန်နေ့လို့ ခေါ်ကြတယ်။ ဘုရားရှင်က ကပ္ပိလ၀တ်ကို ပြန်တဲ့နေ့ပေါ့။ အန်တီ ပြောမှ ရုတ်တရက်သတိရမိလိုက်တာပါ။ သာလည်း ဒီအကြောင်းကို မရေးနိုင်လိုက်ဘူး။
အန်တီရဲ့ ရေးသားအသိပေးမှု အတွက် သာဓု ခေါ်ဆိုပါတယ်။

အန်တီ.. ကျန်းမာချမ်းသာပါစေ..

Anonymous said...

အန်တီ
အီတလီကို ပညာသင်ဆုပေးလို့ ကျေးဇူးတုံ့ပြန်ချင်တာနဲ့ ခရစ်တော် ကားစင်တက်ရတဲ့နေ့မှာ တက်ခဲ့တယ်ဆိုတဲ့ လှေကားကို ဒူးထောက်ပြီး လိုရာဆုတောင်းခဲ့တာနဲ့ မဆိုင်ဘူးလားလို့။
ခရစ်တော်ကို လေးစားပါတယ်။ ကိုးကွယ်ရာကတော့ “ဗုဒ္ဓေါမေသရဏံ အညံနတ္ထိ” မို့လို့ပါ။

သစ္စာအလင်း said...

သားပြောတာမှန်ပါတယ်..ခရစ်တော်ကို ကန်တော့ခဲ့တာမဟုတ်ပါဘူးကွယ်..ဆုလည်းမတောင်းခဲ့ပါဘူး..သားသေချာ မဖတ်မိလို့ပါ..ကိုယ်က ကိုယ့်ဘာ သာ အတွေးက ဘဝသံသရာ မှာ ဆွေမျိုးမတော်ဘူးသူ မရှိ ဆိုတဲ့ စိတ်နဲ့ ဝန်ချတောင်းပန် မှု ပြုရန် သူတို့ ရဲ့ နေရာတစ်ခုရောက်ခဲ့တယ်သာ ဆိုလိုပါတယ်..။ဘဝသံသရာ ကြီရှည် လျားခဲ့ တာ ကို အံတီ ပထမ ရေးထားပါတယ်..။
သူတို့ရဲ့ ဘာသာတရား ကိုသူတို့တောင် ဒီလို လုပ်ရင် ကိုယ် လည်းသည့်ထက်ပိုလုပ်ရမယ် ဆိုတာ သိစေချင်တဲ့စေတနာပါ..အံတီက အေအိုင်တီ မှာကျောင်းတက်တုံးက Prayer Room တွေကို တခြားဘာသာတွေနဲ့ တွဲလျက်ပေးထားတော့..အံတီတို့ ဗုဒ္ဓဘာသာတွေ ဘုရားဝတ်မှန်မှန်မတက် တိုင်းအားမလို အားမရ ဖြစ်စိတ်နဲ့ ဥပမာ ပြခဲ့ဘူးပါတယ်..။
Muslinတွေ..ခရစ်ယာန်တွေရဲ့ လေးနက် မှုကို နမူနာ ယူကြဘို့ပါ..။
အခု ဟာ မှာလည်းကာယကံ အားဖြင့်အားထုတ်မှုကိုသာ ဆိုလိုပါတယ်..ကလေးရေ။ပြည်ပမှာသာသနာ ပြုမဲ့သူက သိထားသင့်တဲ့ နေရာလေးတစ်ခု အဖြစ် ခံစားနားလည်ရန်ရောက်ခဲ့တာပါ..။

Anonymous said...

ွှအန်တီရေ
အန်တီ့စာတွေ ဖတ်ရတော့ မာနမထားတဲ့စိတ်၊ မုဒိတာ ပွားတတ်တဲ့စိတ်ကို လေးစားရိုသေပြီးသားပါ။ ဘုရားတရားလဲ ကြည်ညိုတဲ့ ဥပသိကာမတစ်ယောက်အဖြစ် စာတွေဖတ်ပြီး သိထားပါတယ်။ ခုရေးမိတာက အန်တီ့အပေါ်တော့ သဘောမတူ ဖြစ်မိတဲ့ စိတ်သက်သက်ပါ။
ကျွန်တော့် ခရစ်ယာန် သူငယ်ချင်းတွေ၊ မွတ်ဆလင် သူငယ်ချင်းတွေကို သူတို့ဘာသာ ကြည်ညိုတာ ကျွန်တော် ကြည်ကြည်ဖြူဖြူပါပဲ။ သူတို့ ပွဲတွေလဲ သွားလိုက်တာပါပဲ။

ဗုဒ္ဓဘာသာပေမယ့် ဘာသာရေး သိပ်မခိုင်ခန့်သေးတဲ့ သူငယ်ချင်းတွေ တခြား အားကိုးရာ ရှာပြီး ဗေဒင်တွေ အခါပေးတွေဆီ သွားရင်လဲ သူ့ စိတ်ဓာတ်မြှင့်တင်ရေးအနေနဲ့ အဖော်လိုက်ပေးလိုက်တာပါပဲ။ သူတို့ ဘုရားတရားအသိက အန်တီ့လောက် မရှိသေးတော့ေ၀၀ါးကြမှာပဲလေ။
အန်တီကျတော့ အန်တီ ဖြစ်နေလို့ပါ။

လေးစားမှုနဲ့ သွားရောက်လည်ပတ်တာ၊ သူတို့ဘာသာဝင်တွေဆီက အတုယူသင့်တာ ယူချင်တာဆိုရင်တော့ ကောင်းတာပေါ့အန်တီ။
ကျန်းမာရွှင်လန်းစွာ ကောင်းတဲ့အလုပ်တွေ လုပ်နိုင်ပါစေ။