Friday, January 9, 2015

နှစ်ပတ်လည် ကျေးဇူးစကား၊ ကျေးဇူးတရား

ဒီလ ၂၀၁၅ ဆိုရင် ကျွန်မ ရဲ့ သားကြီး ကို နှလုံးအဆို့ရှင် နှစ်ခု အစားထိုးကုသ ခဲ့တာ ၁နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်..။နှလုံးခွဲစိတ်ပြီး သားကြီး ချပ်ကနဲ ချပ်ကနဲ သော နှလုံးမြည်သံလေး နဲ့ အတူဖြတ်သန်းခဲ့ ရကာ အခုဆို ပေါင်ချိန် ၁၇၀ ကျော်အောင်ကျန်းမာဝဖြိုးပြီး Inter Religious Dialogue ဘာသာရပ် နဲ့ မဟာဝိဇ္ဇာတန်းတက်လို့ နေခဲ့ပါပြီ..။
တိုက်တိုက်ဆိုင် ဆိုင် ပဲ ဒီနေ့ မှာ သမီးငယ်လေးပြလို့ John Q ဆိုတဲ့ ရုပ်ရှင် ကားလေး ကို တပိုင်းတစ်စ ကြည့်လိုက်မိပါတယ်..။
လူမည်းမင်းသား Denzel Washington ကသရုပ်ဆောင်ထားတာ..နှလုံးကြီး လို့ နှလုံးတစ်ခုလုံး အစားထိုး ကုသ ရမဲ့ ၈ နှစ်ရွယ် သားလေးတစ်ယောက် ရဲ့ ဖခင် နေရာကပါ..။အမေရိကန်မှာ က ကျန်းမာရေးစောင့်ရှောက်မှု စနစ်က ငွေ ရှိမှ အဆင်ပြေ တယ် တဲ့..။ နှလုံးကုသ ဘို့ တန်းစီဇယားမှာ စာရင်းသွင်းတာတောင် ဒေါ်လာ ၂သောင်းခွဲ ပေးရမယ် တဲ့..။
 ငွေ မရှိလို့ ခွဲစိတ်မှု မပေးဘူးဆိုတဲ့ဆေးရုံကို သေနတ်ကိုင် ပြီး အနုကြမ်းစီးပါတယ်..။ 
အလဲအလှယ် အပေး အယူ ကိစ္စ ကို ရဲနဲ့ ညှိကြတဲ့အခါ သူတောင်းဆိုတာကသူ သားလေးကို ဆေးရုံတင်ခွင့်၊ နှလုံး ခွဲစိတ်ကုသခွင့်ဖြစ်ပါတယ်….။ သူ ဒီလို ဆောင်ရွက်နေစဉ်မှာလည်း သူ့သားကို အားမငယ်ရအောင် ဖုန်းနဲ့ အားပေးစကား အဆက်မပြတ်ပြော ရှာပါတယ်..။
ဆေးရုံ ရဲ့ ချိတ်ဆက်ထားတဲ့ စီစီ တီဗီ ကင်မရာကတဆင့် ဂျွန် ရဲ့ လုပ်ရပ်က လူကြမ်း ဆန်နေသော်လည်း နူးညံ့ပြီး ခွန်အားကြီးမားတဲ့ ဖခင်မေတ္တာ ကတော့ လူတိုင်းကလေးစားသွားကြတာမို့ အနုကြမ်းစီးဆေးရုံ ပတ်လည် မှာ ဂျွန့်ကို ထောက်ခံအားပေးတဲ့ ပရိသတ်များစွာ ဝိုင်းလို့ နေခဲ့ပါတယ်..။
နောက်ဆုံး အလဲအလှယ် လုပ်လို့ အဆင်ပြေ တော့ ကလေးငယ် ဟာဆေးကုသခွင့်ရခဲ့ပါတယ်..။ ဆေးကုသခွင့်ရတာတောင် အစားထိုးဘို့ နှလုံး မရှိတာ မို့ ဂျွန် ဟာသူ့နှလုံးကို သူ့သားမှာထည့်ပေး ဘို့ ထပ်မံတောင်းဆိုပါသေးတယ်..။
သူ့နှလုံးကို ယူဘို့ဆိုရင် သူဟာသေမှ ဖြစ်မှာပါ..သူသေအောင် သူ့ဖာသာ သတ်မယ် ဆိုပြန်တော့လည်း ဆရာဝန် များကခွင့်မပြု….။ ..သူ့ကိုယ် သူပင် သတ်သေ ဘို့ သေတမ်းစာတွေ ရေးပြီး မှ နောက်ဆုံး သားလေး ကို သွားတွေ့ တဲ့ ပုံလေး မှ ကျွန်မ မှတ်တမ်းတင် ဘို့ ဓာတ်ပုံရိုက်ခဲ့လိုက်မိတယ်
အတိုချုပ်ရရင်တော့…. နောက်ဆုံး မှာ သားလေးအတွက် အဆင်ပြေတဲ့နှလုံးအလှူရှင် ရသွားပြီး သားလေး အသက်ရှင်ခွင့်ရသွားခဲ့ပါတယ်..။
သူ့အဖေကို အချုပ်ခန်းက ကားကခေါ်ဆောင်သွားတဲ့ အခါ… ကလေးငယ် က လူအုပ်ကြားမှထွက်ပြီး ကျေးဇူးတင်ပါတယ်ဖေဖေ လို့ ပြောလိုက်တာ…။ မျက်ရည် ပင်စို့ချင်စရာ..။
ခင်ကြီးဖျော် ဆရာတော် ရေးဖွဲ့ ခဲ့သလို….မိဘမေတ္တာ ဆိုတာ….နဲ့ ယှဉ်လိုက်ရင်
မြင့်မိုရ်တောင် ဆိုတာ ကျွဲချိုပေါက်လောက်သာ ရှိပါသတဲ့..။
ကမ္ဘာမြေ ကြီး ထု ကတော့ ဝါးရွက်လောက်သာ..
မဟာသမုဒ္ဒရာကတော့ ရေစက်ပေါက်လောက်သာ….ရှိအောင် သေးငယ် သွားရတာ….။**ဂျွန် အတွက် ဖြစ်လေမယ်..။
ဒီရုပ်ရှင်လေးကိုကြည့်ပြီး ကျွန်မရဲ့ သားကြီး ကိုအုတ် နဲ့ ကျွန်မ တို့ သားအမိ ကံကောင်း ခဲ့တာကို ပြန်လည် ဆင်ခြင်မိပါတယ်..။ ကျွန်မှာ မှာ ဒေါ်လာ သောင်းချီသွင်းစရာမလိုခဲ့ ချက်ချင်း ပဲ သားသားသွေးကြော ပိတ်ဆို့ မှု ဖြစ်စဉ်က ညဘက်ကြီး အရေးပေါ်ခွဲစိတ်ပေးခဲ့တဲ့ ဆရာ ဒေါက်တာအောင်ဇော်မျိုး ရယ် ၊ နောက်ပြီး နှလုံး အဆို့ရှင်နှစ်ခု အစားထိုးပေးတဲ့ ဆရာကြီး ဒေါက်တာ ခင်မောင်လွင် ရယ် နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ နှလုံးခွဲစိတ်ကု ဋ္ဌာန မှ ဆရာဝန် ဆရာမများ ဝန်ထမ်းများကို အထူးပဲ ကျေးဇူး တင် ဦးညွှတ် နေမိပါတယ်..။
ကျွန်မအား ဂျွန် ကဲ့သို့ မခက်ခဲစေခဲ့ ပါ..။ ခက်ခဲ ခဲ့လျှင် လည်းကျွန်မ သည် ဂျွန် ကဲ့ သို့ သတ္တိရှိပါမည်လား..စွန့်လွှတ်..ရဲ သလို စွန့်စားရဲတဲ့ ခွန်အား အသည်းကော ရှိပါ့မလား..ကိုယ့်ကိုကို ပြန်မေးမိပါတယ်..။ ကြီးမားတဲ့ ဖခင်မေတ္တာ….စံနမူနာ ပြ ဖြစ်စေခဲ့တာ…..အမှန်ပါ..။
မနှစ်က ဒီလို အချိန်မှာ ကျွန်မအား..အားပေးကူညီရပ်တည်ခဲ့ပေးပါသော…
ရန်ကုန် အခြေစိုက် ပရဟိတကွန်ယက် မှ စေတနာရှင် သားငယ် သမီးငယ်လေးများ..သွေးဖောက်ထုတ်လှူဒါန်းပေးခဲ့ပါသော ကိုဝင်းမင်းဋ္ဌေး၊ ကိုလဝင်း ၊ ဆရာမ သိန္နီဦး ၊နှင့်သားသားသူငယ်ချင်းကိုဖြိုးထက်အောင်မြင့် ။ပုံပြောသူများ အဖွဲ့..
ကျွန်မ ရဲ့ စိုက်ပျိုးရေးတက္ကသိုလ် ၁၉၈၄ ကျောင်းအတူဆင်း ချစ်သူငယ်ချင်းများ ၊ မိတ်ဆွေများ၊ ဆွေမျိုး မိတ်သင်္ဂဟ များကို အထူးထပ်လောင်ကျေးဇူးတင်ရှိနေပါကြောင်း ဖေါ်ပြပါရစေ..။
မေတ္တာ ဆိုသော စကားလုံး ကိုအပြည့်အဝ နားလည်ခွင့်ရခဲ့ခြင်း အေးမြခဲ့ရခြင်း တို့အတွက် ထာဝရကျေးဇူးတင်နေမှာ ပါ..။

မေတ္တာဖြင့်
သစ္စာအလင်း

နှစ်ပတ်လည် ကျေးဇူးစကား၊ ကျေးဇူးတရား
=============================
ဒီလ ၂၀၁၅ ဆိုရင် ကျွန်မ ရဲ့ သားကြီး ကို နှလုံးအဆို့ရှင် နှစ်ခု အစားထိုးကုသ ခဲ့တာ ၁နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်..။

နှလုံးခွဲစိတ်ပြီး သားကြီး ချပ်ကနဲ ချပ်ကနဲ သော နှလုံးမြည်သံလေး နဲ့ အတူဖြတ်သန်းခဲ့ ရကာ အခုဆို ပေါင်ချိန် ၁၇၀ ကျော်အောင်ကျန်းမာဝဖြိုးပြီး Inter Religious Dialogue ဘာသာရပ် နဲ့ မဟာဝိဇ္ဇာတန်းတက်လို့ နေခဲ့ပါပြီ..။

တိုက်တိုက်ဆိုင် ဆိုင် ပဲ ဒီနေ့ မှာ သမီးငယ်လေးပြလို့ John Q  ဆိုတဲ့ ရုပ်ရှင် ကားလေး ကို တပိုင်းတစ်စ ကြည့်လိုက်မိပါတယ်..။ လူမည်းမင်းသား Denzel Washington ကသရုပ်ဆောင်ထားတာ..နှလုံးကြီး လို့ နှလုံးတစ်ခုလုံး အစားထိုး ကုသ ရမဲ့ ၈ နှစ်ရွယ် သားလေးတစ်ယောက် ရဲ့ ဖခင် နေရာကပါ..။

အမေရိကန်မှာ က ကျန်းမာရေးစောင့်ရှောက်မှု စနစ်က ငွေ ရှိမှ အဆင်ပြေ တယ် တဲ့..။ နှလုံးကုသ ဘို့ တန်းစီဇယားမှာ စာရင်းသွင်းတာတောင် ဒေါ်လာ ၂သောင်းခွဲ ပေးရမယ် တဲ့..။
ငွေ ပေးမလား..ကလေးကို ဒီအတိုင်းအသေခံမလားဆိုတဲ့ အခက်အခဲ ကို ဇာတ်ကားထဲက ဖခင် ဂျွန် က သူ့နည်း သူ့ဟန် နဲ့ ဖြေရှင်းပါတယ်..။ ငွေ မရှိလို့ ခွဲစိတ်မှု မပေးဘူးဆိုတဲ့ဆေးရုံကို သေနတ်ကိုင် ပြီး အနုကြမ်းစီးပါတယ်..။ 