Showing posts with label Present of Bliss. Show all posts
Showing posts with label Present of Bliss. Show all posts

Monday, August 8, 2011

ဝိမုတ္တိသုခရဲ့ Swimmology

လောက၌ မသိခြင်းများစွာရှိသည့် အထဲတွင် မိမိ မသိသေးသောအရာများစွာ ရှိပါလားရယ်လို့ ပြန်လည်၍ မသိခြင်း သည် အဆိုး ဝါး ဆုံးသော မသိခြင်းဖြစ်သည်….ဟုပိုင်းလော့ဆရာတော်ဘုရားဆုံးမဘူးပါသည်..။


ကျွန်မ ဓမ္မBlogger လောကထဲသို့ တရားဓမ္မမျှဝေရန် ဝင်ရောက်လာခဲ့သော်လည်း တကယ် တန်းကျတော့ မျှဝေမှုများကို ခံယူသူဖြစ်ရခြင်း ကို ပို၍မွေ့လျော်ခဲ့ပါတယ်..။ကျွန်မမသိသေးသော တရားဓမ္မများကို Blog များစွာသို့လည်ပတ်ဖတ်ရှုရင်း ကျေနပ်နှစ်သိမ့်ရပါသည်..။တရားအသိရင့်ကျက်ရပါသည်..။
ကျေးဇူးကြီးပေစွတကား။

Online ပေါ်မှ ဓမ္မပန်းဥယျာဉ်သည် အရောင်အသွေးစုံလင်သော…..အဆင်းအနံ့ပြည့်စုံသော …လှပဆန်း ကြယ်သော… အဘိုးတန်ပန်းမာလာ များစွာဖူးပွင့် နေပါသည်..။

ကျွန်မရဲ့ Dhamma Brother တစ်ဦးဖြစ်သူ Bliss ရဲ့ (The Bliss of Emancipation, ဝိမုတ္တိသုခ) စာ မျက်နှာ များ မှာ ကျွန်မ ဖတ်ရှုလိုသော တရားဓမ္မများစွာ ရှိနေတတ်ပါသည်..။ နှစ်သက်မိသော ဇင်ပုံပြင်များကို ဖော်ပြ ထားပါ သဖြင့်…ကျွန်မ ကြားဘူးနားဝရှိသော ဤSwimmology ပုံပြင် ရှိလို ရှိငြား တောင်း ဆိုခဲ့ရ ခြင်းဖြစ်ပါ သည်..။ အခုတကယ်ရရှိခဲ့ပါပြီ..။ကျေးဇူးအထူးပါ Bliss ရေ..။

Swimmology


A highly learned professor was traveling on a ship at sea. An illiterate sailor was also on the same ship.

Mid-journey they had a discussion.

The professor asked, "Old man, have you studied geology, the science of the earth?".

The old man replied humbly, "Sir, I am illiterate so I cannot read. I have not studied geology."

The professor then announced, "Old man, then you have wasted one-quarter of your life." The old man became very sad at the thought that he had wasted one-quarter of his life.

The next day the professor asked him, "Old man, have you studied meteorology, the science of weather?"

The old man replied humbly, "Sir, I am illiterate so I cannot read. I have not studied meteorology."

The professor then announced, "Old man, then you have wasted one-half of your life." The old man became very sad at the thought that he had wasted one-half of his life.

The next day the professor asked him, "Old man, have you studied zoology, the science of animal life?"

The old man replied humbly, "Sir, I am illiterate so I cannot read. I have not studied zoology."

The professor then announced, "Old man, then you have wasted three-quarters of your life." The old man became very sad at the thought that he had wasted three-quarters of his life.

On the forth day, it was the sailor's turn to ask a question. He came running to the professor crying, "Professor Sir, Professor Sir, have you studied swimmology, the science of swimming?"

The professor looked surprised and said, "No, I don't know how to swim."

The old man replied, "Oh Professor Sir, I am so sorry! You have wasted your whole life! This ship has struck a rock and it is about to sink. Those who can swim can swim that nearby island. All others will die."

(အစ်မ မသန်းသန်းစိန် (သစ္စာအလင်း) တခါက C Box မှာ ဒီပုံပြင်လေးဖတ်ချင်ပါတယ် ပြောထားလို့  ကျွန်တော်ရှာပြီး တင်ပေးလိုက်ပါတယ်။ အစ်မ စိတ်ကျေနပ် သဘောကျလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျား။)

http://www.vimuttisukha.com/2009/04/swimmology.html

ပုံပြင်လေးကို တတ်စွမ်းသမျှ မြန်မာမှုပြုရရင်တော့…သည်လိုပါ..။တစ်ခါက အဆင့်မြင့်ပညာ များစွာ တတ်ကျွမ်းထားသော ပါမောက္ခကြီးနှင့် စာ မတတ်သော သင်္ဘောသားအဘိုးအို..ပင်လယ်ခရီးသွားကြရင်း အပြန်အလှန်မေးခွန်းထုတ်ကြတာဖြစ်ပါသည်..။

ပထမတစ်ရက်မှာပါမောက္ခကြီးက (အဘိုးအို…ဘူမိဗေဒဆိုတာ သင်ဘူးပါသလား)…(ဆရာရယ် ကျွန်တော်က စာ မှမတတ်တာ..ဘယ်သင်ဘူးမှာလဲ)..။ (အဘိုးအို..သင်ဟာ မသင်ဘူးဘူးဆိုတော့ ဘဝရဲ့ လေးပုံတစ်ပုံဆုံးရှုံးသွားပြီ)…လို့ပြန်ပြောတော့..အဘိုးအိုဟာ အလွန်ဝမ်းနည်းသွားပါတယ်..။

ဒုတိယနေ့ရောက်တော့ပါမောက္ခကြီးကထပ်မေးပြန်ပါတယ်..(အဘိုးအို…မိုးလေဝသနဲ့ ဇလဗေဒဘာသာရပ်ကို သင်ယူဘူးပါသလား)..(မသင်ဘူးပါဘူးဆရာရယ် ကျွန်တော်ကစာမှမတတ်တာ)…ဒါဆို သင်ဟာ ဘဝရဲ့ တဝက်တိတိဆုံးရှုံးသွားပြန်ပြီလို့ပြန်ပြောပြန်တယ်..။အဘိုးအိုဟာ သူ့ရဲ့ဆုံးရှုံးမှုကို ဝမ်းနည်းခံစားရပြန်ပါတယ်..။


နောက်တစ်နေ့ရောက်တဲ့ အခါ ထပ်မေးပြန်ပါသေးတယ်..။(အဘိုးအို..သင် ဇီဝဗေဒကိုကော သင်ယူဘူး ပါသ လား)..(ဆရာရယ် မသင်ဘူးပါဘူး)…လို့နှိမ့်နှိမ့်ချချပြန်ဖြေပါတယ်..။သင်ဟာ ဘာ မှလည်း မတတ် ဘူးဆိုတော့ ဘဝ ရဲ့ လေးပုံသုံးပုံ ဆုံးရှုံးခဲ့ပါပကောလားလို့ပြန်ပြောပါသတဲ့..။ အဘိုး အို က လည်း ဝမ်းပန်း တနည်း ခံစား ရပြန် ပါတယ်..။


အဘိုးအိုက ပါမောက္ခကြီးကို ပြန်မေးခွန်းထုတ်ရမဲ့ စတုတ္ထနေ့ကို ရောက်ရှိလို့လာ ပါတယ်..။ငိုယိုပြီး အလျင် အမြန်ပြေးလာ တဲ့ အဘိုးအိုက မေးလာပါတယ်..(ပါမောက္ခကြီးသင် Swimmology သင်တတ် မြောက် ပါ လား …သင်ကြားဘူးပါလား)..မေးတဲ့ အခါပါမောက္ခကြီးက ရုတ်တရက် အံ့အားသင့်ပြီးတော့ မတတ် ကြောင်း ပြန်ပြောပါတယ်..။


သဘောင်္ဟာကျောက်ဆောင်ကို တိုက်မိပြီးမကြာခင်မှာ နစ်မြုပ်ပါတော့မယ်..ဝမ်းနည်းပါတယ်.................. ….. Swimmology တတ်ရင်တော့ အနီးအနားက ကျွန်းကလေးကိုရေကူးသွားနိုင်ပါတယ်.. မတတ်တဲ့သင်ဟာ ဘဝတစ်ခုလုံးဆုံးရှုံးရပါတော့မယ်.. တဲ့..။


သည်ပုံပြင်လေးကိုဖတ်ရှုပြီး ကျွန်မမှာ တွေးတောစရာများစွာ ရှိလာပါတယ်…..ဘဝရဲ့လေးပုံတစ်ပုံ ကိစ္စတွေ..လေးပုံသုံးပုံကိစ္စတွေကို အချိန်ပေးရင်းနဲ့ ဘဝတစ်ခုလုံးဆုံးရှုံးမဲ့ကိစ္စ တွေကို မသင်ယူခဲ့မိ တာ တွေရှိ နေခဲ့ ပါလားဆိုတာကိုပါ..။


နောက်တစ်ခုသတိထားဘို့ကတော့ ဆရာတော်ဦးဇောတိက ဟောကြားဆုံးမဘူးပါသည်..။အဲဒါကတော့ ကိုယ်သာလျင်သိသည်တတ်သည်….ကျန်သူများကိုယ့်လောက်မှမသိပါလားသနားပါတယ်..ဆိုပြီး သူတစ်ပါး အားနှိမ့် ချ..မိမိကိုယ်ကို မြှင့်တင်ပြောဆိုတတ်တာတွေ…သူများပြောတာကို လက်ခံလိုစိတ် မရှိတတ်တဲ့ စိတ်ဖောင်းပွမှု(Psychic Inflation) မဖြစ်ရလေအောင် သတိထားဘို့ပါ..။

ကိုယ်က တစ်ဆင့်မြင့်One Up ယူကာ (ငါလေနင့်ထက်သာတယ်နော် မေ့မထားနဲ့) သဘော သက်ဝင်တဲ့ စကားမျိုးတွေနဲ့ သူတစ်ပါးကိုတစ်ဆင့်နိမ့် One Down အမြင်နဲ့ ဆက်ဆံတတ်တဲ့လူ့သဘာဝကို ဆရာတော် ဘုရား ကဆုံးမထားပါတယ်..။


သည်ပုံပြင်လေးဟာ လောကီ ၊လောကုတ္တရာ နှစ်ဘက်လုံးဉာဏ်ချဲ့ထွင် လို့ အသုံးပြုနိုင်တဲ့ အခြေခံ အတွေး အခေါ်လေး ပေးခဲ့ပါတယ်..။


ကျွန်မ အဲဒီတုံးက သည်ပုံပြင်လေးကို ရချင်ခဲ့တာ ကတော့ကျွန်မ ကျောင်းမပြီးခင်ကာလ တွေမှာပါ။ခံစား ရတာ လေးကို စာပြန်ရေးချင်တဲ့အတွက် အထောက် အထားအတိအကျ ကိုးကားချင်လို့ပါ။


ကျွန်မ ကျောင်းက နောက်ကျပြန်လေ့ရှိတော့ Lab ထဲကို သန့်ရှင်းရေးလုပ်တဲ့ ရုရှ အမျိုးသမီးကြီးနဲ့ မကြာခဏ တွေ့ခဲ့ ဖြစ်ပါတယ်..။ရောက်လာတိုင်းဆုံတွေ့ စကားပြောဖြစ်ခဲ့ပါတယ်..။သည်နေရာမှာ သူက ပါမောက္ခလို ကျွန်မကအဘိုးအိုလို ဖြစ်ခဲ့ရတာပါ..။


သူ့ အမြင်မှာတော့..lab ထဲမှာ ညဉ့်နက်တဲ့အထိ ဟိုပုလင်းဒီပုလင်း နဲ့ အလုပ်ရှုပ်နေတဲ့ အာရှ အမျိုးသမီးကျွန်မ ကို အထင်ကြီးဟန်မတူပါ..။တစ်ခါတစ်ခါ..နှင်းတောထဲမှာ စမ်းတစ်ဝါးဝါးလမ်းလျှောက်ပြန်သွားတဲ့ကျွန်မကို သူက ကားပေါ်က လက်ပြနှုတ်ဆက်တတ်ပါသေးတယ်..။

ကျွန်မက အီတလီစကားပြော သင်္ခန်းစာ စာအုပ်ကို ဖတ်နေတာလည်းသူမြင်ပါတယ်..။တစ်နေ့တော့သူ က ကျွန်မ ကို အင်တာဗျူး ပါတော့တယ်..။သူဆိုရင်တဲ့ အီတလီရောက်တာ၁၀နှစ်ကျော်ပြီ…နင့်လို မဖတ် နေပါ ဘူးတဲ့..အီတလီ ဘာသာ ကို လက်ဖဝါးမှာ ရေးပြီးအလုပ်ထဲမှာပြောလိုက်တာပဲ…တဲ့ သူ့အတွက်တော့ အလွယ်လေးတဲ့..။ကျွန်မကလည်းတော်လိုက်တာလို့ ချီကျူးစကားပြန်ပြောပါတယ်..။သူဝမ်းသာသွားပါတယ်..။

နောက်တစ်ခါ…ကျွန်မကွန်ပျူတာသုံးနေပြန်တော့လည်းမေးပြန်ပါတယ်…နင် ဘယ်လောက်ရလို့ သည် လောက် ကြိုး စားနေရတာလည်းမေးပြန်ပါတယ်..။ကျွန်မကလည်းကျွန်မရဲ့ လစာကို အမှန် အတိုင်း ပြောပြတဲ့ အခါ အလုပ်သုံးမျိုးလောက်ရှိတဲ့သူ့ဝင်ငွေက ကျွန်မထက် သုံးဆများနေပါတယ်..။ကျွန်မက လည်း ထပ်ချီးကျူးပြန်ပါ တယ်..။

သည်လိုနဲ့ သူနဲ့ ကျွန်မ ရင်းနှီးလာတော့သူ့ဘဝကို ကျွန်မကိုဖွင့်ပြောပြလာပါတယ်..။သူသည် ကျွန်မရဲ့ကျောင်းနဲ့ ကီလိုမီတာ၅၀ ဝေးကွာသော မြို့ လေးမှာနေတာပါတဲ့..။နေထိုင်ခွင့် Stay ရဘို့သာ သန့်ရှင်းရေးအလုပ်ကို လုပ်တာတဲ့…တစ်ပတ်သုံးရက်သည်ကိုလာဘို့ သုံးရတဲ့ ဓာတ်ဆီခ က လခရဲ့ သုံးပုံ နှစ်ပုံ သုံးခဲ့ရတယ်..တဲ့။

အိမ်မှာကားသုံးစီးရှိကြောင်းပြောပြချိန်မှာတော့ ကျွန်မအား သနားသံလေးစွက်နေပါသေးတယ်..။သူ့ရဲ့ သားနဲ့သမီးကို ရုရှမှ သည်ကို ခေါ်ထားနိုင်ပြီး..အီတလီတက္ကသိုလ်များတွင်ပညာ သင်ပေး ထား ကြောင်း ပြောပြတဲ့ အခါ…ရောဂါသည်သား အားအဝေးမှာထားရသော ကျွန်မအတွက် စာမတတ် သောအ ဘိုးအိုပမာ …အမှန်တကယ်ဝမ်းနည်းခဲ့ရပါသည်..။


သူသည် Swimmology အမှန်တကယ်ကျွမ်းကျင်ပါပေတယ်လို့ ကျွန်မချီးကျူးမိပါတယ်..။ကျွန်မ ဘဝမှာ Teaching နဲ့ Learning နှစ်မျိုးသာတတ်ကျွမ်းခဲ့သူမို့ ကျွန်မ…မကျွမ်းကျင်ခဲ့သော..မစွမ်းဆောင်ခဲ့နိုင်သော..ဘဝကို ထူထောင်နိုင်သော အစွမ်းသတ္တိ ရှိပါပေတယ်လို့တကယ် လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့ခြင်းသာ ဖြစ်ပါတယ်..။
သူ့ကို ကျေးဇူးတင်မိတာတစ်ခုတော့ရှိပါတယ်..။ ကျွန်မရဲ့ အားနည်းချက်ကို အကြောင်းပြုပြီးကျွန်မသည် လောကုတ္တရာ Swimmology ကို လေ့ကျင့်သင်ယူဘို့ အခြေအနေပေးနေတယ်ဆိုတာကို စဉ်းစားဖြစ်ခဲ့ မိပါတယ်….။တကယ်လည်းသင်ယူလေ့ကျင့်ဖြစ်ခဲ့ပါတယ်..။ကျေးဇူးတင်ပါတယ်..နာတာရှာ…ရေ..။
သူနဲ့ကျွန်မ နှစ်ယောက်တတ်မြောက်တဲ့ ဘယ်သူ့ Swimmology က ပိုမြင့်မြတ်ပါတယ်..ဒုက္ခဘေးမှ ကင်းဝေး စေပါ တယ်ဆိုတာ ကိုတော့ နာတာရှာ အားကျွန်မ မပြိုင်ဆိုင်လိုပါ..။
ကျွန်မပြောလိုသည်ကတော့ ဘဝရဲ့ လေးပုံသုံးပုံမဆုံးရှုံးမဲ့ ကိစ္စတွေ အတွက် အချိန်များစွာ ပေးနေကြသလို ဘဝတစ်ခုလုံးဆုံးရှုံးမသွားစေမဲ့ Swimmology ကို လူတိုင်းအချိန်ပေးလေ့ကျင့်ကြမယ်ဆိုရင် သည် စာရေး မိတဲ့ ကျွန်မ ဝမ်းသာမိမှာ အမှန်ပါ..။

မှတ်ချက်----ဒီပုံပြင်လေး ရဲ့ သတိပေး မှုနဲ့ ကြိုးစား ကူးခတ်ဆဲ ဖြစ်ခဲ့ပါတယ်..။ သုံးနှစ်နီးပါး ကြာခဲ့ ပြီ ဖြစ်သော်လည်း ဓမ္မမိတ်ဆွေကောင်း အဖြစ် မပြောင်းမလဲ ရပ်တည်ပေးခဲ့သော ကျွန်မ ၏ မောင်လေး Bliss ဝိမုတ္တိ သုခ နှင့် ညီမ Crystal တို့ ၏ မွေးနေ့နှစ်ပတ်လည် (၂၇ နှင့် ၃၁.၇.၂၀၁၁) အဖြစ် ယခင်က ကျွန်မ ရရှိ ခဲ့ဘူးသော မေတ္တာ နှင့်ယှဉ်တဲ့ တရားဓမ္မလက်ဆောင်မွန် တို့ကိုပြန်လည် ဖေါ်ပြလိုက်ပါတယ်..။ မောင်လေးBliss ညီမလေးCrys တို့ မွေးနေ့ မှသည် ဆထက်တိုး၍ သူတော်ကောင်းတရားများ ပွားများဖြန့်ဝေနိုင်ပါစေ..။

မေတ္တာဖြင့်-သစ္စာအလင်း


Thursday, July 22, 2010

ကမ်းမရှိတဲ့...သတိ

အမရေ...

ဘာလိုလိုနှင့် အသက်ဆိုတာကြီးက တစ်နှစ်ထပ်ကြီးသွားပြန်ပြီနော်။ ဒီလိုနှင့်ဘဲ ကျွန်တော်တို့ အားလုံး သေဖို့ ရက်တွေ တစ်စတစ်စနီးနီးလာနေရတယ်။

အမလည်း အမအတတ်နိုင်ဆုံးစွမ်းအားတွေနှင့် ဓမ္မကိုကျင့်သုံးရင်း ဘ၀ကို ဖြတ်သန်းဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘ၀မှာ တွေ့ ကြုံရသမျှ အကောင်းအဆိုးအရာတွေအားလုံးကို မျှတတဲ့နှလုံးသွင်းမှုနှင့် ခံယူလက်ခံတတ်ဖို့ ကြိုးစားနေသူတစ်ဦးအတွက် တခါတလေအဆင်ပြေမှုတွေရှိသလို တခါတလေလည်း ဖြစ်သန်းရတဲ့အချိန်တွေက ခါးသီးနေတတ်တယ်ဆိုတာ ကျွန်တော်ကိုယ်ချင်းစာလို့ ရပါတယ်။

ကြိုးစားအားတင်းထားရမှုကြောင့် စိတ်တွေပင်ပန်းနွမ်းနယ်နေတဲ့အချိန်တွေမှာ ကျွန်တော်တို့ ကို အားသစ်ပြန်လောင်းပေးနိုင်တာကတော့ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတရားတွေပဲ မဟုတ်လား အမရေ။ ပိဋကတ်စာပေတွေကို တိုက်ရိုက်ဖတ်ဖြစ်လို့ ပဲဖြစ်ဖြစ်၊ ဆရာတော်အရှင်မြတ်များရဲ့ ဟောကြားထား ရေးသားထားတဲ့ တရားတော်တွေကို နာယူရ ဖတ်ရှုမှတ်သားလိုက်ရလို့ ပဲဖြစ်ဖြစ် အဲဒီအချိန်တွေမှာ ကျွန်တော်တို့ စိတ်ထဲ အသင့်အတင့်နှလုံးသွင်းနိုင်ခြင်းဆိုတဲ့အရာတစ်ခု ပြန်လည်ဝင်ရောက်လာပြီး ပင်ပန်းသမျှပြေပျောက်လို့  အားသစ်မွေးနိုင်ခဲ့ရတယ် မဟုတ်လား အမ။

ဒီနှစ် အမမွေးနေ့ အတွက် အမှတ်တရအဖြစ် မြတ်စွာဘုရားရှင်ရဲ့  တရားတော်တွေထဲက ကောင်းနိုးရာရာလေးတွေ လိုက်ရှာပြီး အမအတွက် လက်ဆောင်ပေးလိုက်ပါတယ်။ အမသိပြီးသား၊ ကျင့်သုံးနေပြီးသားတွေ ဖြစ်ဖို့ များမယ်ဆိုတာ သိထားပေမယ့်လို့  တရားဆိုတာမျိုးက သိပြီးသား ထပ်သိရလို့  ရိုးသွား အီသွားတယ်ဆိုတာမျိုးက မရှိဘူးမဟုတ်လားနော်။ နောက်ပြီး တရားတော်ကို ပါဠိတော်ကနေ တိုက်ရိုက်မြန်မာပြန်တွေ ဖတ်ရတဲ့အရသာကလည်း တစ်မျိုးလေး အမရဲ့ ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒီလိုမျိုးလေး နှုတ်တော်ကနေ ပြောခဲ့ပါလားလို့  တွေးကြည့်လိုက်ရင် ကြည်နူးစိတ်နှင့် ကြည်ညိုသဒ္ဓါတရားတွေ တိုးပွားရတယ်လေ။ အမက ကဗျာလည်း ချစ်တတ်တဲ့သူဆိုတော့ ကဗျာလေးတွေလို ထိထိမိမိနှင့် အနှစ်သာရအပြည့်ရှိတဲ့ ဓမ္မပဒထဲက တရားစာပိုဒ်လေးတွေကို ကျွန်တော်ရွေးထားတယ် အမ။

၂၉၆။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဗုဒ္ဓဂတာ သတိ။

၂၉၆။
နေ့ရောညဥ့်ပါ အမြဲမပြတ် ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော
သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့်တို့ သည်
အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။


296.
The disciples of Gotama are always wide awake and watchful,
and their thoughts day and night are set on Buddha's virtues.

၂၉၇။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဓမ္မဂတာ သတိ။

၂၉၇။
နေ့ရောညဥ့်ပါ အမြဲမပြတ် တရားဂုဏ်ကို အာရုံပြု၍ဖြစ်သော
သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့် တို့သည်
အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။


297.
The disciples of Gotama are always wide awake
and watchful, and their thoughts day and night are set
on the virtues of his Teaching, Dhamma.

၂၉၈။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ သံဃဂတာ သတိ။

၂၉၈။
နေ့ရောညဥ့်ပါ အမြဲမပြတ် သံဃာဂုဏ်ကို အာရုံပြု၍ဖြစ်သော
သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့် တို့သည်
အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

298.
The disciples of Gotama are always wide awake and watchful,
and their thoughts day and night are set
on the virtues of his Community, Sangha.

၂၉၉။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ကာယဂတာ သတိ။

၂၉၉။
နေ့ရောညဥ့်ပါ အမြဲမပြတ် သုံးဆယ့်နှစ်ကောဋ္ဌာသကို အာရုံပြု၍ဖြစ်သော
သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည်
အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

299.
The disciples of Gotama are always wide awake and watchful,
and their thoughts day and night are set on fleeting nature of the body.

၃၀၀။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ အဟိံသာယ ရတော မနော။

၃၀၀။
နေ့ရောညဥ့်ပါ မညှဉ်းဆဲမှု ကရုဏာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ
ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း
ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

300.
The disciples of Gotama are always wide awake and watchful,
and their mind day and night delights in compassion.

၃၀၁။
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ ဘာဝနာယ ရတော မနော။

၃၀၁။
နေ့ရောညဥ့်ပါ မေတ္တာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ
ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည်
အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။


301.
The disciples of Gotama are always wide awake
and watchful, and their mind day and night delights
in the practice of loving kindness meditation.

နောက်ထပ် ကျွန်တော် တအားသဘောကျနှစ်သက်တဲ့ ဓမ္မပဒထဲက တရားပိုဒ်လေးတစ်ခုလည်း ရှိသေးတယ် အမရေ။ အဲဒီ တရားပိုဒ်လေးကို ဖတ်ဖြစ်တိုင်း မမြင်ရတဲ့ အဖြေတစ်ခုခု ဒီစာသားတွေရဲ့ နောက်ကွယ်မှာ ပါနေသလိုပဲ ကျွန်တော်တော့ အမြဲခံစားရတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ကျွန်တော်တို့ အတွက် ချန်ထားတော်မူခဲ့တဲ့ ပဟေဠိတစ်ခုပေါ့။ အဲဒါတရားစာပိုဒ်လေးက အမ သိမှာပါ။

၂၁။

အပ္ပမာဒေါ အမတံပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။ အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

၂၁။

မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။

21
Heedfulness is the path to the Deathless
Heedlessness is the path to death.
The heedful die not.
The heedless are as if dead already.

ကျွန်တော်တို့  အမတို့ တွေအားလုံးက အိမ်ထောင်တာဝန်၊ မိသားစုတာဝန်တွေကို ယူထားကြတဲ့သူတွေဖြစ်တဲ့အပြင် ကိုယ်သိထား တတ်ထားတဲ့ လောကီပညာရပ်တွေနှင့် ကိုယ့်ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် အကျိုးပြုဖို့ ရည်ရွယ်ချက်ထား စိတ်ကူးထားကြတဲ့သူတွေဖြစ်နေတော့ ကျွန်တော်တို့ တွေရဲ့  နေ့ စဉ်လောကီလူမှုဘ၀ဖြတ်သန်းရမှုမှာ စိတ်ညစ်စရာ စိတ်ပင်ပန်းစရာတွေ တွေ့ ကြုံရတိုင်း ကိုယ့်ကိုယ်ကို ပြန်သတိပေးနိုင်အောင်လို့  ဆရာတော် ဦးဇောတိကရဲ့ အဆုံးအမ ကောက်နုတ်ချက်လေးကိုလည်း အဆစ်အနေနှင့် အမမွေးနေ့ အတွက် လက်ဆောင်ပေးလိုက်တယ် အမရေ။

ဘ၀မှာ အဆင်မပြေမှုတွေ ဒုက္ခတွေ အများကြီးရှိလျက်နဲ့
ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့သူတွေ ရှိတယ်။
အားလုံးအဆင်ပြေမှ စိတ်ချမ်းသာမယ်ဆိုရင်တော့
ဒီတစ်သက် စိတ်ချမ်းသာဖို့ မလွယ်တော့ဘူး။
အဆင်မပြေမှုတွေ ရှိနေပါလျက်
စိတ်ချမ်းသာအောင် နေတတ်မှ
တကယ်စိတ်ချမ်းသာအောင် နေတတ်တဲ့သူဖြစ်မယ်။

အမရဲ့  ယခုကျရောက်တဲ့ မွေးနေ့ ရက်မြတ်မှသည် ဘ၀နောက်ဆုံးအချိန်အထိ ဓမ္မဖြင့် ကျင့်သုံးနေထိုင်စောင့်တည်ရင်း မိမိအကျိုး၊ မိသားစုအကျိုး၊ လူသားတွေအကျိုး၊ သာသနာတော်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သူတစ်ယောက်ဖြစ်ပါစေလို့  ဆုတောင်းရင်း။


အမရဲ့ ဓမ္မမောင်ငယ်
Bliss

--
ဝိမုတ္တိသုခ
www.vimuttisukha.com
www.dhammaflavour.net
www.vimuttirasa.com
www.saddhammaramsi.blogspot.com
www.kathitwinemyanmar.blogspot.com

************************************************

ကျွန်မ ချစ်ခင်လေးစားရတဲ့ ဓမ္မ မောင်နှံများမှ မွေးနေ့ဆုတောင်းများ အမှတ်တရ စာစုများကို မြတ်နိုးတန်ဘိုးထားလျှက် ထပ်ဆင့်ဖော်ပြအင်ပါတယ် ရှင့်။

ဝင်းမြင့်+မေဟန်: မွေးနေ့မင်္ဂလာပါ..အစဉ်သတိရလျက်..
.ကျန်းမာပျော်ရွှင်အေးမြပါစေ။

ဖုန်း နဲ့ ဆက်ပြီး ဆုတောင်းပေးတဲ့ သားကိုဦး နဲ့ သမီး သဇင် တို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်..။
နောက်ပြီး စံပြ ဓမ္မ မောင်နှံဖြစ်တဲ့ ကျွန်မရဲ့မောင်လေးနဲ့ ညီမလေး Bliss တို့ရဲ့ ဆုတောင်းနဲ့ အမှတ်တရ စာစုကို ကျွန်မ ရရှိသလို ရရှိကြပါစေရန် ဖေါ်ပြချင်ပါတယ်...။

----အဆင်မပြေမှုတွေ ရှိနေပါလျက်

စိတ်ချမ်းသာအောင် နေတတ်မှ
တကယ်စိတ်ချမ်းသာအောင် နေတတ်တဲ့သူဖြစ်မယ်။----

သည်စာ စုကတော့Heart အထိဆုံးဖြစ်ပြီး တကယ် ကျင့်သုံးနိုင် အောင် သတိပေးနေတယ် Bliss ရေ... ကျေးဇူးပါ..။


Crystal has left a new comment on your post "ကျွန်မချစ်တဲ့သစ်ပင်များ":

အစ်မရေ အစ်မချစ်သော သစ်ပင်များ ထာဝရစိမ်းလန်းနေပါစေ၊ ဇူလှိုင်မိုးဖွဲလေးတွေကြားမှာ သာသနာပြုအလုပ်များနှင့် ပျော်မွေ့နေသော အစ်မတစ်ယောက် မွေးနေ့မှသည် အနာဂတ်လမ်းတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံပါစေကြောင်း အမှတ်တရ ဆုတောင်းလိုက်ပါတယ်ရှင်။

ညီမ - mrs bliss

Sunday, July 12, 2009

အမ မသစ္စာအလင်း အတွက် Belated Birthday Present (PDCA ဖြင့် နေ့ စဉ်ဘ၀ကို ချည်းကပ်ကြည့်ခြင်း)

အမရေ...

အမအတွက် မွေးနေ့ အမှတ်တရအဖြစ် ရေးမယ့်အကြောင်းအရာလေး မစခင် အမကို ကျွန်တော့်ရဲ့  နောက်ကျမှုအတွက် အလျင် တောင်းပန်ပါတယ်။ ဒီရက်ပိုင်းထဲ အမရဲ့ မွေးနေ့ ရှိတယ်လို့ တခါက အမ ပြောဖူးလို့ မှတ်ထားလိုက်ပေမယ့် ကိုယ့်ဟာကို အလုပ်တွေရှုပ်နေတာနှင့်ဘဲ သတိမထားလိုက်မိဘူး။

မနေ့ က အီးမေးလ်စစ်တော့မှဘဲ အမမွေးနေ့ ရောက်နေမှန်းသိရတော့တယ်။ ကျွန်တော့်ရဲ့ သတိပေါ့လျော့မှုအတွက် တောင်းပန်ပါတယ်။အမအတွက် မောင်နှမတွေ ၀ိုင်းပြီး ဆုတောင်းပေးကြ၊ အမှတ်တရ ရေးပေးကြတာတွေ ဖတ်ကြည့်လိုက်ပါတယ်။ အားလုံးက လိုလေသေးမရှိအောင် ထောင့်စေ့အောင် ရေးထားကြတော့ ကျွန်တော်အတွက် ရေးဖို့ တောင် မကျန်တော့ပါဘူး။
နောက်ပြီး အမကိုယ်တိုင်ကလည်း အသိဉာဏ်ပိုင်းရော၊ စိတ်နေသဘောထားပိုင်းမှာပါ လောကီ၊ လောကုတ် အဘက်ဘက်က ပြည့်စုံနေသူတစ်ယောက်ဖြစ်နေတော့ ကျွန်တော်က ဘယ်လို ၀င်ပြီး နှမ်းဖြူးရမလဲ ဆိုတာ တော်တော်ဦးနှောက်စားရပါတယ်။
တရားဓမ္မနှင့် ပတ်သတ်တာတွေရေးဖို့ ကျတော့လည်း တော်တော်များများက အမလည်း သိပြီးသားတွေကြီးဘဲ ဖြစ်နေတော့ တကယ်ကို ဘာရေးရမလဲ မသိတော့ပါဘူး။အမမွေးနေ့ အတွက် ရေးစရာစဉ်းစားရင်း ခေါင်းထဲကို မဆီမဆိုင် ဖတ်ဖူးထားတဲ့ စီမံခန့် ခွဲမှု နှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေထဲက ခေါင်းစဉ်တစ်ခုဝင်လာပါတယ်။
အကြောင်းအရာကတော့ လုပ်ငန်းတွေမှာ အသုံးပြုတဲ့ Problem Solving Process တစ်ခုပါ။ ဒါပေမယ့် အဲဒီ Process ကို လက်တွေ့ ဘ၀ထဲမှာ ချသုံးကြည့်လို့ လည်း အသုံးတည့်တာကို တွေ့ ရပါတယ်။ နောက်ပြီး တရားဓမ္မကျင့်သုံးမှုဘက်မှာလည်း ချသုံးကြည့်လို့ ရတာကို တွေ့ ရပါတယ်။ Process ခေါင်းစဉ်က PDCA Cycle ပါ။ အမ သိရင်တောင် သိနေမယ်ထင်ပါတယ်။


PDCA (Plan, Do, Check, Act) Cycle ဟာ အဆင့်လေးဆင့်ပါတဲ့ အပြန်အလှန်သုံးလို့ ရတဲ့ ပြဿနာဖြေရှင်းနည်း တစ်ခုပါ။ သူ့ ကို ဖော်ထုတ်ခဲ့တဲ့သူက Dr. W. Edwards Deming ဆိုတဲ့သူဖြစ်ပါတယ်။ ဒီနည်းကို အကျဉ်းချုံးပြီး ပြောရရင်တော့ ကိစ္စတစ်ခုကို ဖြေရှင်းဆောင်ရွက်ဖို့ အတွက် အရင်ဦးဆုံး Plan (ပြင်ဆင်ခြင်း) လုပ်ရပါမယ်။ အဲဒီအဆင့်မှာ ရည်ရွယ်ချက်ကို သတ်မှတ်ရမယ်။

နောက်ဒီရည်ရွယ်ချက်ကို ရရှိပြီးမြောက်ဖို့ အတွက် လိုအပ်ချက်တွေကို ရှာဖွေစုဆောင်းရမယ် ပြီးတော့ ရည်ရွယ်ချက်ကို ရောက်အောင်သွားဖို့  နည်းလမ်းကို သတ်မှတ်ရမယ်လို့ ဆိုပါတယ်။ ဒုတိယအဆင့်ကတော့ Do ပေါ့။ စပြီး အကောင်အထည်ဖော်တဲ့အဆင့်ပါ။ ဒီအဆင့်မှာ ကိုယ်နိုင်သလောက်ကနေစပြီး တဖြည်းဖြည်း ပုံဖော်လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ တတိယအဆင့်ကတော့ Check ပါ။

မိမိလုပ်ထားပြီးသလောက် အတိုင်းအတာကို ပြန်လည် စစ်ဆေးခြင်းပါဘဲ။ မိမိချမှတ်ခဲ့တဲ့ ရည်ရွယ်ချက်ပန်းတိုင်နှင့် ယခုလက်ရှိရောက်ရှိနေတဲ့ အနေအထား ကိုက်ညီမှန်ကန်မှုရှိမရှိ၊ လမ်းလွဲမှုတွေ လိုအပ်ချက်တွေ ရှိမရှိ ပြန်လည် စစ်ဆေးရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ Deming က Check အစား Study ဆိုတဲ့ အသုံးအနှုန်းက ပိုသင့်လျော်တယ်လို့  ဆိုချင်တဲ့ပုံ ရှိခဲ့ပါတယ်။
နောက်ဆုံးအဆင့်ကတော့ Act ပါဘဲ။ ဒီအဆင့်ကတော့ တကယ်လို့ Check အဆင့်မှာ တွေ့ ရှိလိုက်တဲ့ မိမိရဲ့ လိုအပ်ချက်တွေ၊ လမ်းလွှဲနေမှုတွေ နှင့် တခါတလေ မိမိချမှတ်ခဲ့တဲ့ ပန်းတိုင်နှင့် လုပ်ဆောင်မိလိုက်တာနှင့် လုံးလုံးလွဲချော်သွားတာမျိုးတွေ တွေ့ လာခဲ့မယ်ဆိုရင် ပြန်လည်ပြင်ဆင် အသစ်ပြုပြင်ပြောင်းလဲရမယ့် နေရာဖြစ်ပါတယ်။
အဆင့်လေးဆင့်လုံး ပြီးတဲ့အချိန်မှာ မိမိရည်မှန်းထားတဲ့ ပန်းတိုင်ဆီရောက်ဖို့ အတွက် ဘာတိုးတက်မှုမှ ရှိမလာခဲ့ရင် မိမိရွေးချယ်ထားတဲ့ နည်းလမ်းကို အသစ်ပြင်ဆင်သတ်မှတ်ပြီး မူလစက်ဝိုင်းကို နောက်ထပ်တစ်ခါ ပြန်စရပါမယ်။ ဒါမှမဟုတ် ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ခဲ့ရင်တော့ နောက်ထပ်တစ်ခါ ရည်မှန်းချက်အသစ်တစ်ခု ထပ်မံချမှတ်ပြီး စက်ဝိုင်းကို ပြန်စရပါမယ်။ ဒီလိုနှင့် ဒီ Cycle ဟာ တောက်လျောက်လည်ပတ်ပါလိမ့်မယ်။အမရေ... ဒီလောက်ဆိုရင်တော့ ဒီ စက်ဝိုင်းရဲ့ သဘောတရားကို အမ ကောင်းကောင်း နားလည်အသုံးချတတ်သွားလောက်မယ်ထင်ပါတယ်။
ကျွန်တော်တို့ တွေရဲ့ လက်ရှိဘ၀မှာလည်း ရည်မှန်းချက်တွေအတွက် Problem Solving တွေ အမြဲလုပ်နေကြရတာပါဘဲ။ ကိုယ်သတိမထားမိပေမယ့် ဒီ Cycle လေးကို သုံးမိသလို ဖြစ်နေတာ အမ သတိထားမိလိမ့်မယ် ထင်ပါတယ်။တရားအားထုတ်မယ့် ယောဂီတစ်ယောက်အတွက်ဆိုရင်လည်း ဒီစက်ဝိုင်းကို အသုံးချမယ်ဆိုပါတော့။
တရားအားမထုတ်ခင် မိမိရဲ့  တရားအားထုတ်ရတဲ့ ရည်မှန်းချက်ကို သတ်မှတ်၊ အားထုတ်မယ့်နည်းကို သတ်မှတ်၊ တရားအားထုတ်ဖို့ ရန်အတွက် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပြင်ဆင်၊ လိုအပ်တဲ့ ဆရာသမား၊ မိတ်ဆွေ၊ နေရာဒေသ၊ အချိန်ကာလ အစရှိသဖြင့် ပြင်ဆင်သတ်မှတ်ခြင်းကို Plan လုပ်တယ်လို့  ပြောလို့ ရမယ် ထင်ပါတယ်။

ဒုတိယ Do ကတော့ တရားကိုကြိုးစား အားထုတ်တဲ့ ကာလ ဖြစ်ပြီပေါ့။တရားအားထုတ်လို့  မိမိသတ်မှတ်ထားတဲ့ ကာလတစ်ခု သို့ မဟုတ် အသိဉာဏ်အနေအထားတစ်ခုကို ရောက်လောက်တဲ့အချိန်မှာ မိမိကိုယ်ကို ပြန်လည် စိစစ်ဆင်ခြင်ကြည့်ပြီး မိမိ ရည်မှန်းသလောက် ခရီးပေါက်ခဲ့ရဲ့ လား၊ မိမိအားထုတ်ခဲ့တာ နည်းလမ်းစနစ်ကျ မှန်ကန်ပါရဲ့ လား၊ တကယ် တရားတိုးတက်မှုရှိပါရဲ့ လား၊ ဘာတွေကို သိခဲ့ပြီး ဘာတွေကို မသိသေးဘူးလဲ၊ နောက်ထပ် ဘာဆက်လုပ်ဖို့ ကျန်သေးလဲလို့ သုံးသပ်တဲ့အပိုင်းကို Check (or) Study လုပ်တဲ့ နေရာလို့ ဆိုလို့ ရပါတယ်။

နောက်ဆုံးအနေနှင့် တကယ်လို့ မိမိရဲ့ တရားအသိက ရည်မှန်းထားသလောက် ခရီးမပေါက်သေးတာများတွေ့ ခဲ့ရင် ဘာတွေ လိုအပ်သလဲ၊ ဘာတွေမှားနေလဲဆိုတာကို ပြန်လည် ဝေဖန်ချိန်ဆပြီး သင့်လျော်တဲ့ နည်းလမ်း၊ သင့်လျော်တဲ့ ဆရာသမား၊ မိတ်ဆွေများနှင့် ပြင်ဆင်ညှိနှိုင်းပြီး Cycle ကို အသစ်တစ်ဖန် ပြန်စရမှာဖြစ်ပါတယ်။
အဲဒါကတော့ Act ပေါ့နော်။ တကယ်လို့ များ မှန်းထားတဲ့ခရီး ပေါက်ခဲ့ရင်တော့လည်း နောက်ထပ်၊ နောက်ထပ်သော ပန်းတိုင်အသစ်များကို ချမှတ်လို့  ခရီးစဉ်အသစ်ကို စက်ဝိုင်းအသစ်နှင့် ပြန်စကြတာပေါ့။ကဲ...အမရေ။ ကျွန်တော်တော့ ခေါင်းထဲပေါ်တာတွေ ချရေးလိုက်ပြီ။

ဒီ Cycle လေးက ကျွန်တော်တို့ ရဲ့ နေ့ စဉ်ဘ၀အတွက်ရော၊ ဓမ္မခရီးလမ်းအတွက်ပါ အသုံးတည့်လိမ့်မယ်လို့ ထင်လို့  အမကို မွေးနေ့ လက်ဆောင် အဖြစ် ပေးလိုက်ပါတယ်။ ဒါလေးနှင့်ဘဲ အမ ကျေနပ်နှစ်သိမ့်ပေးပါလို့  တောင်းပန်ချင်ပါတယ်။
ကျွန်တော့်ရဲ့  နောက်ကျမွေးနေ့ လက်ဆောင်အတွက်လည်း ခွင့်လွှတ်ပေးပါလို့ ......
အမ အသက်ရှည်ကျန်းမာချမ်းသာစွာဖြင့် သာသနာတော်နှင့် လောကသားတို့ ရဲ့ အကျိုးစီးပွားကို တိုးလို့ ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ။

အမချစ်သော မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေများနှင့်လည်း အသက်ထက်ဆုံး အေးချမ်းပျော်ရွှင်စွာ အတူတကွ နေထိုင်နိုင်ပါစေ။

အမ အသက်ရာကျော်ရှည်၍ ဗုဒ္ဓအလိုကျ အရည်အသွေးပြည့်ဝသော ဘ၀ကို တည်ဆောက်ပိုင်ဆိုင်နိုင်သူ ဖြစ်ပါစေ။



မောင်ငယ်Bliss

(၀ိမုတ္တိသုခ)

*********************************************************************
Bliss ရေ--
အမက Biologist ဆိုတော့ သက်ရှိနဲ့ လုပ်နေရတယ်လို့ အကြောင်းပြချက်ကို အကာအကွယ်ယူပြီး Management , Planning ပိုင်းမှာ အမြဲအားနည်းပါတယ်။ Documentation, Reference ပိုင်းမှာလည်း အပျင်းကြီးလေ့ရှိတယ်။ Emotion ပိုင်းကျရင်တော့ တက်ကြွ နေတတ်တာမို့ အဲဒီအားနည်းချက်တွေမှာ အားသာနေတဲ့ အမ --မောင်နှစ်ယောက် ဖြစ်တဲ့ အာဂျန်နဲ့ Bliss တို့ကို အမြဲဆရာတင်ထားခဲ့ပါတယ်။ အခုမွေးနေ့ဆိုတာ ကလည်း အမြဲတမ်းဖွားသေနေတာကို မသိကျိုး ကျွန် ပြုရာရောက် မှာစိုးလို့==အမကို ဆုံးမ စကားပြောတတ်တဲ့ သည်မောင်နှစ်ယောက် ကိုပဲ Request လုပ်ခဲ့ပါတယ်။

(ပရမတ္ထသစ္စာလည်းနယ်မကျော်ပါစေနဲ့ သမုတိသစ္စာလည်း အစူးမနာပါစေနဲ့) ဆိုတဲ့ဆုံးမစကားလို လေ..။Extreme မဖြစ်အောင်လုပ်တာပါ။

အားလုံးအတွက်အကျိုးရှိတဲ့ စကားတွေထွက်လာမယ် ဆိုတာ ယုံကြည်နေတယ်လေ။ Force to post ဖြစ်ခဲ့ရင် ပြန်တောင်းပန်ပါတယ်။ Blissက B.E(Electrical Power) + MBA field က ဖြစ်တာမို့လည်း တိတိကျကျ သပ်သပ်ယပ်ယပ်လေးရေးပေးတာကို အားထားလက်ခံပါတယ်။
PDCA Cycle အမမသိခဲ့ဘူးပါ။
အခုမှပဲ Check လုပ်သင့်ကြောင်း။လိုအပ်မှု၊လမ်းလွဲတာတွေရှာသင့်ကြောင်း။မဟုတ်ရင်တော့ Cycleတစ်ပတ်ပြန်စရတော့မှာပေါ့နော်။ သတိကြီးစွာထားရမှာတွေ ထောက်ပြပေးတာ ကျေးဇူး တင်ပါတယ် Blissရေ..။