Showing posts with label ပိုင်းလော့ဆရာတော်ဘုရားကြီး. Show all posts
Showing posts with label ပိုင်းလော့ဆရာတော်ဘုရားကြီး. Show all posts

Monday, July 27, 2015

ဘ၀င် ...ဘဝ



ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား က ဟောဘူးတယ်..။
စိတ်မှီတဲ့နေရာ က ဘ၀င် တဲ့...။
လူတွေ နိုင်ငံခြား မှာ နေ သိပ်ကောင်းတဲ့ ဟိုတယ် တွေ ..ဈေးကြီး တွေ တိုက်တာ အဆောက်အဦတွေ..အစားအသောက်တွေ သုံးဆောင်ခံစား ရတဲ့အခါ စိတ်မှီတဲ့ ဘ၀င်မှာ စွဲထင်နေတတ်တယ် တဲ့...။
တကယ့်လက်တွေ့ တွေ့ကြုံ ရင်ဆိုင်နေရတာ ကတော့ ဘ၀ တဲ့...။
မြန်မာပြည် ပြန်လာ တဲ့ အခါ လက်တွေ့  ဘ၀ ကို ပြန်တွေ့ တဲ့အခါ ..
ဘ၀ နဲ့ ဘ၀င် က ကွာ ဟသွားတယ် တဲ့.. ဘ၀ ကနိမ့် တဲ့အခါတိုင်း....
အင်း.......
ငါတို့ စလုံး မှာ က..ဒီလို
အော်ဇီ မှာဆိုရင်လေ....
ယူအက်စ် မှာ က ဒီလို မဟုတ်ဘူး..
အင်္ဂလန် မှာ က ဘယ်သို့ ဘယ်ချမ်းသာ... စသည်ဖြင့်
ဘ၀င်က အမြင့် မှာ ရောက်သွား တာ...
ဘ၀ ကနိမ့်ပြီး ဘ၀င်က အမြင့်မှာ မို့..
ဘ၀င်မြင့်တယ် ဆို တာ ဖြစ်လာတယ် တဲ့..။
ကိုယ့်မလည်း မြန်မာမှာနေရတာ
ဘ၀င်မြင့်တာလား...
ဘ၀မြင့်တာ လား.......
တစ်ခုခု ပဲ..။

Saturday, August 6, 2011

မေတ္တာမျိုးစေ့ချခဲ့ပြီ


ဘန်ဘောမ် ငါးသေတ္တာစက်ရုံလမ်းဈေး ခင်ပွန်းကြီး(၁၀)ပါးကန်တော့ပွဲ ဓမ္မသဘင်

Assumption University ဓမ္မသဘင်


မဟာချိုင်မြို့ ဝပ်ထစ်ကျောင်းတိုက် ခင်ပွန်းကြီး (၁၀)ပါးကန်တော့ပွဲ ဓမ္မသဘင်

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး သည် ဂျူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁ရက်နေ့အထိ ထိုင်းနိုင်ငံသို့ ဓမ္မဒူတ ခရီး ကြွရောက်ပေး ခဲ့တာ မို့ ထိုင်းနိုင်ငံနေ မြန်မာ လူမျိုးများ တရားရေအေး သောက်သုံးခွင့်ရရှိခဲ့ပါတယ်..။

ထို့အပြင် ထိုင်းနိုင်ငံရောက် ပညာသင်ရဟန်းတော်များ အဖွဲ MSMO Myanmar Student Monk Organization နှင့်လည်းမေတ္တာပေါင်းကူး စေနိုင်ခဲ့ပါတယ်..။မေတ္တာမျိုးစေ့ချပေးခဲ့ပါတယ်..။

ဥက္ကဋ္ဌ ဆရာတော် အရှင် နှင့်အတူ ရဟန်းတော် အတော်များများနဲ့ ရင်းနှီး နွေးထွေးစွာ တွေ့ ဆုံ ခဲ့ရ သလို အတွင်းရေးမှူး ဆရာတော် ( အရှင် ပညာ ဇောတ - မောင်ပညာ (မန်းတက္ကသိုလ် ) နှင့်အဖွဲ့သားများ တက်တက်ကြွ ကြွ စီမံမှု ကြောင့် တရားပွဲများ မှာလည်းစည်ကားသိုက်မြိုက် အောင်မြင်ခဲ့ရပါတယ်..။

ဆရာတော်ဘုရားကလည်း ပြန်လည်၍ မေတ္တာရေ သွန်းလောင်း ခဲ့ခြင်းအတွက် ကျွန်မ မှာ နှစ်ဘက်စလုံး မှ ကြည့်ကာကြည်နူးဝမ်းမြောက် မှု ပီတိ အဟုန် စီးဆင်းခဲ့ရ ပါတယ်..။MSMO မှပေး ပို့သော မှတ်တမ်းလေးကို အမှတ်တရဖေါ်ပြလိုက် ပါတယ်။

ပိုင်းလော့ဆရာတော်ဘုရားသို့ကျေးဇူးတင်ခြင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ် မြို့နယ် မိုးညှင်းသိင်္ဂီကျောင်းမှ ပိုင်းလော့ဆရာတော်ဘုရား၊အရှင်ဇေယျပဏ္ဍိတ သည်

၁၃၇၃-ခု ၀ါဆိုလပြည့်ကျော် (၁၅)ရက်၊ ၃၀-၇-၂၀၁၁ စနေနေ့တွင်၊ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့

ဘန်ဘွန်း၊ ငါးသေတ္တာစက်ရုံတရားပွဲသို့ ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်းတရားဒေသနာတော်

မြတ်ကို ဟောကြားချီးမြှင့်ရန် ကြွရောက်တော်မူခဲ့ပါသည်။ ထိုသို့ကြွရောက်စဉ် တရားပွဲမစခင် ငါးသေတ္တာစက်ရုံအနီးရှိ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာစံကျောင်းသို့ နာရီဝက်ခန့်အနားယူရန် ကြွရောက်တော်မူခဲ့ပါသည်။

ပိုင်းလော့ဆရာတော်ဘုရား စံကျောင်းတွင် ခေတ္တအနားယူတော်မူစဉ် ဆရာတော်ဘုရားနှင့်

ဆရာ၊ ဆရာမများအား မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ဥက္ကဋ္ဌဆရာတော်မှကြိုဆိုဧည့်ခံ စကားပြောရင်း ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ အကြောင်းတစ်စိတ်တစ်

ဒေသနှင့်မြန်မာကျောင်းသားရဟန်းတော်များမှ မြန်မာပြည်သားတို့အတွက် ပညာရေးဘာသာရေး လုပ်ဆောင်မှုများကိုရှင်းလင်းပြောဆိုတင်ပြခဲ့ပါသည်။ ဆရာတော်ဘုရားနှင့်ဆရာ၊ ဆရာမတို့မှ

ယခုလိုတွေ့ဆုံဆွေးနွေးပြောဆိုသိရှိခွင့်ရခြင်းအတွက် အင်မတန်မှဝမ်းမြောက်ပါကြောင်းပြန်လည် ပြောကြားခဲ့ပါသည်။

တဆက်ထည်းမှာပင် ကျောင်းသားဥက္ကဋ္ဌဆရာတော်မှ အခွင့်သာခဲ့မည်ဆိုလျှင်ကျောင်းသားရဟန်း တော်များအတွက် ရန်ပုံငွေတရားပွဲချီးမြှင့်ဘို့ လျောက်ထားခဲ့ရာတွင် ဆရာတော်ဘုရားမှ ၀မ်းမြောက် ၀မ်းသာလက်ခံကာ အခွင့်ကြုံခဲ့ပါက ရဟန်းတော်များအတွက် ဓမ္မဒါနပြုလိုပါကြောင်း မိန့်ကြားတော် မူခဲ့ပါသည်။ ထို့အပြင်ဆရာတော်ဘုရားမှ ကျောင်းသားရုံးခန်းအတွက် တလစာ ကိုးထောင်(၉၀၀၀)

ဘတ်တိတိကို ဥက္ကဋ္ဌဆရာတော်သို့ လှူဒါန်းသွားခဲ့ပါသည်။

ထိုကဲ့သို့  ထိုင်းနိုင်ငံသို့ကြွရောက်ကာ မြန်မာပြည်သားတို့အတွက် စိတ်နှလုံးအေးချမ်းစေသော

မြတ်ဗုဒ္ဓ၏ဒေသနာတော်မြတ်ကို ဟောကြားချီးမြှင့်လျက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ သင်တန်းကျောင်းတလစာအတွက် လှူဒါန်းပေးခဲ့သော ပိုင်းလော့ဆရာတော်ဘုရားအား မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့မှကျေးဇူးအထူးတင်ရှိပါကြောင်း ၀မ်းမြောက်ဝမ်းသာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ဥက္ကဋ္ဌဆရာတော် M.S.M.O
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာပါစေ

ထို ကျောင်းသားရုံးခန်း သည် ကျွန်မ အပါအဝင် လူမှရဟန်း..ရဟန်းမှ လူ ပညာရပ်များ ပေါင်းကူ ဖလှယ်ရာ စာသင်ခန်းများ ၊ကုသိုလ်ဖြစ်ပေါ်ရာ နေရာ ဖြစ်သည်မို့ ထိုနေရာမှသည် ထိုင်းနိုင်ငံ အတွင်း သာသနာ့ရောင်ဝါ ထွန်းလင်းနိုင်စေကြောင်း အထောက်အပံ့ကောင်းအဖြစ် ဝမ်းမြောက် ပီတိဖြစ်ရပါတယ်..။

မေတ္တာဖြင့်-သစ္စာအလင်း

Sunday, July 24, 2011

ပိုင်းလော့ဆရာတော် ဘုရားကြီး၏ ပထမ ဆုံးသောထိုင်းနိုင်ငံဓမ္မဒူတခရီးစဉ်


ဆရာတော် ဘုရား ကြီးသည် ထိုင်းနိုင်ငံရှိ ဝေနေယျ များကို ကရုဏာ ရှေ့ထား မေတ္တာ အားဖြင့် ပထမ ဦးဆုံးဓမ္မဒူတ ခရီးစဉ်ကို ကြွရောက်ပေး ရန် အဆင်သင့် ဖြစ်နေပါပြီ..။ ၂၇.၇.၂၀၁၁ နေ့ ကို ရည်မျှော် လျက် ဝမ်းမြာက် ရွှင်လန်း စွာ ဦးခိုက်ကြိုဆိုကြပါစို့။

ရက်စွဲ

တရားပွဲအစီအစဉ်

နေရာ

ဆက်သွယ်ရန်

၂၇.၇.၂၀၁၁

(ဗုဒ္စဟူး)

MAI8M 335 ဖြင့် နံနက် ၁၀း ၃၀နာရီ တွင် ဗန်ကောက် သို့ဆိုက်ရောက်ပါမည်။

Asian Institute of Technology Conference Center

မစိုးစိုးလွင်

ဖုန်း (0808077914)

မသက်ထားမြင့် ဖုန်း(0898990357)

ဒေါက်တာသန်းသန်းစိန်

ဖုန်း(0856897582)

၂၈.၇.၂၀၁၁

(ကြာသပတေး)

ဝါဆိုသင်္ကန်းကပ်လှူပွဲ နှင့် တရားပွဲ

(နံနက် ၁၀နာရီမှ နေ့လည် ၁နာရီထိ)

Korea House

Asian Institute of Technology

ခင်ပွန်းကြီး(၁၀)ပါး ပူဇော်ကန်တော့ပွဲ

(ညနေ ၇နာရီမှ ၉နာရီထိ)

AIT Prayer Room

၂၉.၇.၂၀၁၁

(သောကြာ)

ဘုရားဖူး အစီအစဉ်

Bangkok

ဦးဇော်ဇော်လှိုင် ဖုန်း(0891172731)

၃၀.၇.၂၀၁၁

(စနေ)

တရားစခန်း အစီအစဉ် (တစ်နေ့-သုံးကြိမ်)

Assumption University Hall

Dr.Hla Theingi ဖုန်း(0809954240)

၃၀.၇.၂၀၁၁

(စနေ)

ခင်ပွန်းကြီး(၁၀)ပါး ပူဇော်ကန်တော့ပွဲ

(ညနေ ၇နာရီ ခွဲ မှ ၁၀ နာရီ ထိ)

ဘန်ဘောမ်ငါးသေတ္တာစက်ရုံလမ်းဈေး၊ဖလန်ဆောင်၊ဗန်ကောက်

အရှင်ပညာဇောတ (မန်း) 0814811145

ကိုမျိုးဦး ဖုန်း 0813036095 ကိုတိုးအောင် 0868037805

၃၁.၇.၂၀၁၁

(တနင်္ဂနွေ)

တရားစခန်း အစီအစဉ် (တစ်နေ့ -သုံးကြိမ်)

Assumption University Hall

Dr.Hla Theingi ဖုန်း(0809954240)

၃၁.၇.၂၀၁၁

(တနင်္ဂနွေ)

ခင်ပွန်းကြီး(၁၀) ပါး ပူဇော်ကန်တော့ပွဲ

(ညနေ ၇နာရီ ခွဲ မှ ၁၀ နာရီ ထိ)

မူဆီစံကျောက်၊ဝပ်ထစ်ကျောင်းတိုက်ကျောက်ဝပ်နဒီမူဆီ၊စမူဆာခွန်ဒေသ၊မဟာချိုင်မြို့၊

အရှင်ပညာဇောတ (မန်း) (0814811145)

ဦးမြင့်ဦး(086-7991074)

ဦးအောင်ကျော် (086-7555-337)

၁.၈.၂၀၁၁

(တနင်္လာ)

MAI 8M 332 ဖြင့် ည ၇နာရီ ၂၅ မိနစ်တွင် ရန်ကုန်သို့ ပြန်လည် ကြွရောက်ပါမည်။

Assumption University Hotel

ဦးဇော်ဇော်လှိုင်

ဖုန်း(0891172731)

Tuesday, July 19, 2011

ပိုင်းလော့ဆရာတော်ဘုရားကြီး၏ထိုင်းနိုင်ငံဓမ္မဒူတခရီးတရားပွဲများ

၂၀၀၈ ခုနှစ် သြဂုတ်လ က ထိုင်းနိုင်ငံ မှာမြန်မာ ရွှေ့ပြောင်းအလုပ်သမား အများဆုံးတည်ရှိရာ မဟာချိုင်ဒေသ သို့ ရောက်ခဲ့ဘူးပါတယ်..။

အကြပ်အတည်းများစွာကြားမှာ အလုပ်လုပ်ရရှာ ပြီး လစာ ငွေနည်းပါး လှ သော် လည်း ဘာသာရေးကိုင်းရှိုင်း ကြသောကြောင့် မြန်မာ ပုံစံ ဘုရားနှစ်ဆူ တည်ထားကိုးကွယ်ထားတာ ဖူးမျှော် ခဲ့ဘူးပါတယ်။

မြန်မာလူမျိုးများ နှစ်သန်းခန့် တည်ရှိ ရာထိုဒေသ ကိုလေ့လာခဲ့ရင်း သံယောဇဉ် ဖြစ်ခဲ့ ကာတစ်ခုခု ပြန်လည် ယူဆောင်ပေး လိုသော စိတ်အတွေးသည် အမှန်တကယ် အကောင်အထည် ပေါ် ခဲ့ပါပြီ..။ မကြာခင် အချိန်အတွင်းမှာ တရားလက်ဆောင်မွန်များ ပေးအပ်နိုင် ပါတော့မည်..။ တရားပွဲတွင် ဝေငှ မည့် ပိုင်းလော့ဆရာတော်ဘုရား ပုံတော် အပါအဝင် ခင်ပွန်းကြီး (၁၀)ပါး ကန်တော့ခန်း တရားလက်ဆောင် ကဒ် ကလေးများကို တစ်ခု လျှင် ၄ ဘတ်နှုန်း (၁၀၀ ကျပ်)နှုန်း ဖြင့်လှူဒါန်း နိုင်ပါသည်။ တရားပွဲဖြစ်မြောက်ရေး ကုသိုလ် ရှင်များ စာရင်းကိုထပ်မံ ကြေညာပေးပါမည်။


ရက်စွဲ

တရားပွဲအစီအစဉ်

နေရာ

ဆက်သွယ်ရန်

၂၇.၇.၂၀၁၁

ဗုဒဟူး

MAI8M 335 ဖြင့် နံနက် ၁၀း ၃၀နာရီ တွင် ဗန်ကောက် သို့ဆိုက်ရောက်ပါမည်။

Asian Institute of Technology Conference Center

မစိုးစိုးလွင်

ဖုန်း (0808077914)

မသက်ထားမြင့် ဖုန်း(0898990357)

ဒေါက်တာသန်းသန်းစိန်

ဖုန်း(0856897582)

၂၈.၇.၂၀၁၁

ကြာသပတေး

ဝါဆိုသင်္ကန်းကပ်လှူပွဲ နှင့် တရားပွဲ

(နံနက် ၁၀နာရီမှ နေ့လည် ၁နာရီထိ)

Korea House

Asian Institute of Technology


ခင်ပွန်းကြီး(၁၀)ပါး

ပူဇော်ကန်တော့ပွဲ

(ညနေ ၇နာရီမှ ၉နာရီထိ)

AIT Prayer Room

၂၉.၇.၂၀၁၁

(သောကြာ)

ဘုရားဖူး အစီအစဉ်

Bangkok

ဦးဇော်ဇော်လှိုင် ဖုန်း(0891172731)

၃၀.၇.၂၀၁၁

(စနေ)

တရားစခန်း အစီအစဉ် (တစ်နေ့-သုံးကြိမ်)

Assumption University Hall

Dr.Hla Theingi ဖုန်း(0809954240)

၃၀.၇.၂၀၁၁

(စနေ)

ခင်ပွန်းကြီး(၁၀)ပါး ပူဇော်ကန်တော့ပွဲ

(ညနေ ၇နာရီ ခွဲ မှ ၁၀ နာရီ ထိ)

ဘန်ဘောမ် ငါးသေတ္တာရုံလမ်းဈေး၊ ဖလန်ဆောင်၊ဗန်ကောက်

အရှင်ပညာဇောတ (မန်း) 0814811145

ကိုမျိုးဦး ဖုန်း 0813036095 ကိုတိုးအောင် 0868037805

၃၁.၇.၂၀၁၁

(တနင်္ဂနွေ)

တရားစခန်း အစီအစဉ် (တစ်နေ့ -သုံးကြိမ်)

Assumption University Hall

Dr.Hla Theingi ဖုန်း(0809954240)

၃၁.၇.၂၀၁၁

(တနင်္ဂနွေ)

ခင်ပွန်းကြီး(၁၀) ပါး ပူဇော်ကန်တော့ပွဲ

(ညနေ ၇နာရီ ခွဲ မှ ၁၀ နာရီ ထိ)

မူဆီစံကျောက်၊ဝပ်ထစ်ကျောင်းတိုက်ကျောက်ဝပ်နဒီမူဆီ၊စမူဆာခွန်ဒေသ၊မဟာချိုင်မြို့၊

အရှင်ပညာဇောတ (မန်း) (0814811145)

ဦးမြင့်ဦး(086-7991074)

ဦးအောင်ကျော် (086-7555-337)

၁.၈.၂၀၁၁

(တနင်္လာ)

MAI 8M 332 ဖြင့် ည ၇နာရီ ၂၅ မိနစ်တွင် ရန်ကုန်သို့ ပြန်လည် ကြွရောက်ပါမည်။

Assumption University Hotel

ဦးဇော်ဇော်လှိုင်

ဖုန်း(0891172731)