Showing posts with label ဘုရားရှိခိုးများ. Show all posts
Showing posts with label ဘုရားရှိခိုးများ. Show all posts

Sunday, March 30, 2014

အရှင် နန္ဒ မဉ္စူသာဘိဝံသ ၏ အမြဲ မပြတ် ဆင်ခြင် သုံးသပ်အပ်သော သံဝေဂလင်္ကာ



စစ်ကိုင်းတောင်ရိုး ၊နန္ဒမူချောင်
အဘိဓဇ မဟာရဋ္ဌ ဂုရု ၊ အရှင် နန္ဒ မဉ္စူသာဘိဝံသ ၏
အမြဲ မပြတ် ဆင်ခြင် သုံးသပ်အပ်သော သံဝေဂလင်္ကာ
---------------------------------------------------------------
၁။ သန္ဒေ္စဇာတိ စွဲလာ ဘိက ၊ ဗျာဓိလက်နက် ၊ သူ့ဒဏ်ချက်ကို ၊ တစ်ရက်ရက် တွင် တွေ့ မြဲပင်တည်း ။
ငြိုငြင်ပင်ပန်း၊ လွန်ညှိုးနွမ်းလျက် ၊ မကျန်းမမာ ၊ငါခန္ဒ္စာသည် ၊ ဦးစွာ ဇာတိရှိသောကြောင့်..။
၂။ မြေ၊ ရေ၊ လေ၊ မီး သူဦးစီးလျက် ၊ဓာတ်ကြီး လေးခု၊ ညီညွတ်မှုကြောင့် ၊ ပြုလုပ်သွားလာ ဤခန္စ္ဒာကား၊ လေးဖြာ ဓာတ်ချက်၊ တစ်ခု ပျက်က ၊ ခြေလက်မသယ် ၊စက်ခန်းလယ် ၌ ၊ ညှိုးငယ် လှိုက်ဖို၊ လွန် ငြင်ငြိုသည် ၊ ငါ့အလို မလိုက်ပါတကား။
၃။ ဓာတ်ကြီးလေးတန်၊ အမာခံ၍ ၊ အရံရုပ်သေး နှစ်ဆယ့်လေးတို့ ၊ ရောထွေးပေါင်းချုပ် ၊ ဤကိုယ်ရုပ်ကား ၊ သမုဋ္ဌာန ၊သဘာဝဖြင့် ၊ စိတ်ကပြုစု၊ဥတုစီမံ ၊ ကံအမိန့်ပေး၊အစေးအဟာရ၊ ပြုသမျှကို လုံးဝလိုက်ကာ၊ ခံရရှာ၍ ၊ ရောဂါထိုထို ၊ဝင်လာခိုသည်၊ ငါ့ကိုယ် မဟုတ်ပါတကား။
၎။ ငါ့ကိုယ်၊င့ါဟာ၊ ငါ့ဥစ္စာ ဟု သက္ကာယငြိ၊ စွဲထင်မိလည်း ၊ ဗျာဓိဆိုက်လာ ၊ ခုအခါ၌ ၊ မနာစေသား၊ မဖျားစေလို၊ မငြိုငြင်ရေး၊ အမိန့်ပေးလည်း ၊ အလေးဂရု၊ ဘိတ်မပြုခဲ့။ သူ့ဘာသာပင် ၊သူ့စိတ်ထင်တိုင်း၊ ဖျားချင်ဖျားကာ၊နာချင်နာလျက် ၊ ရောဂါအမျိုးမျိုး ၊ထင်တိုင်းတိုးသည် ။ အစိုးမရပါတကား။
၅။တပည့်တပန်း၊ ရဟန်း သာမဏေ၊ ချစ်မိတ်ဆွေလည်း၊ မထေရ်ဘုန်းရှင်၊ ရောဂါဝင်က၊ ချစ်ခင်သည့်လျောက် ၊ ဘယ်နှစ်ယောက်မျှ ၊ ဝင်ရောက်ကူကာ၊ မခံသာရှင့်၊ ခန္ဒ္စာကိုယ်များ၊သီးအခြားမို့ ၊ ကိုယ်ဖျားကိုယ်ခံ ၊သူဆက်ဆံဘူ့၊ ရုပ်နာမ်နှစ်ခိုင်၊သူလက်ကိုင်သည်၊ ကိုယ်ပိုင်ဒုက္ခပါတကား။
၆။ အားအင်ပြည့်ကြောင်း၊လူတိုင်းတောင်းသည့် ၊ စားကောင်းသောက်ဖွယ် အသွယ် သွယ်ကား ၊ မတွယ် ရောဂါ၊ မာစဉ်ခါက ၊ ခန္စ္ဒာမိတ်ဖက် ၊အသက်သခင် ၊ အားအင်ပြည့်ဖြိုး၊သွေးသားတိုး၍ ၊ အားကိုးစရာ၊ ဖြစ်ခဲ့ပါလည်း ၊ ရောဂါပြောထူ၊ ခုတစ်မူကား၊ ရန်သူစစ်စစ် ၊ဖြစ်ကြီးဖြစ်၍ ၊ ရေနစ်သည့်သူ၊ ဝါးနှိပ်ကူ သို့၊ကိုယ့်လူမဟုတ်ပါတကား။
မေတ္တာဖြင့်
သစ္စာအလင်း

ဘဝသောတံ (သို့) ရတနတ္တယ ဂုဏ ဝဏ္ဏနာ သစ္စ ဂါထာ


=================================
မနေ့က ညနေ ၅နာရီ မှ စင်္ကပူ ကပြန်ကြွလာတဲ့ ပိုင်းလော့ဆရာတော်ဘုရား ဟာ ည ၇နာရီမှာ တရားပွဲ ကြွဘို့ပြင်ဆင်နေခဲ့ပါတယ်..
ကျွန်မ တို့ လှူဒါန်းတဲ့ ပဒေသာပင်ကိုရေစက်ချအပြီးမှာတော့ တရားပွဲ ကိုမနားပဲ ထွက်ခွာပါတယ်..။
သူတော်ကောင်းတွေ ဟာ အများအတွက် အလုပ်လုပ်ကြတာ အတုယူမိပါတယ်..။
ကျွန်မ မလဲ အင်းလေး နဲ့ မဲခေါင် အင်စတီကျူ ခရီးစဉ်တွေရှိနေတာနဲပ အထုပ်ပြင်ရပါတယ်..။
ခရီးစဉ် တွေသွားဘို့ ထုပ်ပိုး ပြင်ဆင် ရလေတိုင်း ငယ်ငယ် ကရွတ်ဆို ခဲ့ဘူးတဲ့ ဘဝသော တံ အစချီတဲ့ ဂါထာ လေးကို ရွတ်ဆို ပူဇော်ဘို့ ကျွန်မ သတိရမြဲပါ..။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့ တဲ့တရားတော် တွေ ထဲ မှာ ဂါထာ တွေဟာ ကဗျာတွေပါပဲ..။ စကားပြေ ကိုတော့စုန္နိယ လို့ ခေါ်ကြောင်း မှတ်သားဘူးပါတယ်..။ ခရီးသွားဓမ္မကဗျာလေးပေါ့နော်..။

*ရတနတ္တယ ဂုဏ ဝဏ္ဏနာ သစ္စ ဂါထာ* လို့ခေါ်ပါတယ်..။
ကျေးဇူးတော်ရှင် ဂေါတမ ဘုရားရှင်လက်ထက် မှာ မဟာကပ္ပိန မင်းကြီး အမတ် (၁၀၀၀) နှင့် တကွ မြင်းကိုယ် စီ စီးပြီး ဘုရားရှင် ထံအဖူးမျှော်ကြွရောက်စဉ် မှာ အသွားလမ်းခရီးအကြားဝယ် မြစ်သုံးတန်ခြားနေပါသောကြောင့် ရွတ်ဆို ခဲ့တဲ့ ဂါထာ ပဲဖြစ်ပါတယ်..။
ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး ( အဘိဓဇ မဟာ ရဋ္ဌ ဂုရု ဘွဲ့ တံဆိပ်တော်ရ ဓမ္မဘဏ္ဍာ ဂါရိက အရှင် ဝိစိတ္တသာရာဘိဝံ ) ခရီး မသွားခင် (၃၂ )ခေါက်ပူဇော်လေ့ရှိပါသတဲ့..
တစ်ခါက ဂေါ် ရခါးဒကာ တစ်ယောက် က တရားပွဲ တစ်ခု မှာ မင်းကွန်းဆရာတော် ထံပါး ချဉ်းကပ်ပြီး..* ဆရာတော်ဘုရား။ သာသနာပြု ခရီးစဉ် တွေ ကြွချီ နေတာ အမြဲ အောင်မြင် နေတာ..ဆရာတော် ကျင့်သုံး လေ့ရှိတဲ့ ကျင့်စဉ် အလေ့အထကောင်းတော့ရှိမှာပဲ ။ တပည့်တော် သိပါရစေဘုရားလို့ * လျှောက်တင်ပါသတဲ့။
အဲဒီအခါ ဆရာတော်ဘုရားကြီးက ပြုံးပြီး…သိချင်ရင် လာ တောင်းလှည့် လို့ မိန့်ခဲ့ဘူးပါတယ်..။

ဒီဂါထာတော်မြတ်ကို ဆရာတော်ဘုရား ကိုယ်တိုင်ရေးသားပြုစုတော်မူတဲ့ မဟာကပ္ပိန မင်းကြီး အကြောင်းရေးသားထားတဲ့ စာအုပ်မှာလည်းဖေါ်ပြထားပါတယ်..။

ပူဇော်ကြည့်ရအောင်ပါ..။

*ရတနတ္တယ ဂုဏ ဝဏ္ဏနာ သစ္စ ဂါထာ*
========================
၁။ ဘဝသောတံ ဟဝေ ဗုဒ္ဓေါ တိဏ္ဏော လောကန္တဂူ ဝိဒူ၊
ဧတေန သစ္စဝဇ္ဇေ န ၊ ဂမနံ မေသမိဇ္ဈတု။
၂။ ယဒိသန္တိ ဂမော မဂေါ ၊မောက္ခော စ အစ္စန္တိကံ သုခံ ၊
ဧတေန သစ္စ ဝဇ္ဇေ န ၊ ဂမနံ မေသမိဇ္ဈတု။
၃။သံဃော ဝေ တိဏ္ဏ ကန္တာရော ၊ ပုညက္ခေတ္တော အနုတ္တရော၊
ဧတေန သစ္စ ဝဇ္ဇေ န ၊ ဂမနံ မေ သမိဇ္ဈတု။****

၁။ ဗုဒ္ဓေါ --- သဗ္မညု ဗုဒ္ဓ အမည် ရသည့် လောက ထွတ်ထား မြတ်ဘုရား သည်၊ ဟဝေ = စင်စစ် ဧကန်အမှန်ပင်၊ ဘဝသောတံ = ဘဝ သုံးသွယ် ရေပြင်ကျယ်ကို ။
တိဏ္ဏော = နိဗ္မာန် ထုတ်ချောက် ၊ မှ ကမ်းရောက်အောင် ကူးမြောက်တော်မူလေပြီ။
(ဝါ) ကူးမြောက် တော်မူပြီး ဖြစ်ရကား လောကန္တဂူ = လောကဓံ အဆုံးသို့ နှလုံးကြည်ဖြူ ဆိုက်ရောက်တော်မူလေပြီ။
ဝိဒူ= ခပ်သိမ်းသော တရား တို့ကို ပိုင်းခြားထင်ထင် သိမြင်တော်မူလေပြီ။
ဧတေန သစ္စ ဝဇ္ဇေ န = ဝစီမင်္ဂလာ သစ္စာစကားကြောင့် ၊ မေ အကျွန်ပ်၏ ၊ ဂမနံ = ခရီးသွားခြင်းကိစ္စခပင်းသည် ၊ သမိဇ္ဈတု - သိဒ္ဒ္စိ ဝှန်ထောက် တံခွန်ဆောက်၍ ပြီးမြောက်ကုံလုံပြည့်စုံပါစေသတည်း ။
(ဝါ) အန္တရာယ် မမှောက် ၊ ရန်မနှောက်ပဲ ထမြောက် ကုံလုံ ပြည့်စုံပါစေသတည်း။

၂။ မဂ္ဂေါ = လောကုတ္တရာ အရိယာ မဂ်လေးပါးသည် ၊ယဒိဇာတု = စင်စစ် ဧကန် အမှန်ပင် ၊ သန္တိ ဂမော = နိဗ္မာန် ထုတ်ချောက် ရောက် စေနိုင်၏။ မောက္ခောစ = အရိယာမဂ် ဖြင့် ရောက်အပ် နိဗ္မာန် တရားမြတ် သည် လည်း၊ အစ္စန္တိကံ သုခံ = ချမ်းသာစစ်စစ် ဧကန်ဖြစ်၏ ။
ဧတေန သစ္စ ဝဇ္ဇေ န = ဝစီမင်္ဂလာ သစ္စာစကားကြောင့် ၊ မေ အကျွန်ပ်၏ ၊ ဂမနံ = ခရီးသွားခြင်းကိစ္စခပင်းသည် ၊ သမိဇ္ဈတု - သိဒ္ဒ္စိ ဝှန်ထောက် တံခွန်ဆောက်၍ ပြီးမြောက်ကုံလုံပြည့်စုံပါစေသတည်း ။

၃။ သံဃော = ပရမတ္ထ အရိယာ သံဃာတော်မြတ် သည် ၊ဝေ= စင်စစ် ဧကန် အမှန်ပင် ၊ တိဏ္ဏ ကန္တာရော = သံသရာ ခရီးခဲ ကို အံ့ အဲ စလောက် ၊ ဘက်ကမ်းရောက်အောင် ၊ ကူးမြောက်ပြီး ဖြစ်တော်မူ ပေ၏။ အနုတ္တရော - အတု မရှိလွန်မြောက်ဘိသော ၊ ပုညက္ခေတ္တော = ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ် ယာမြေစစ် ပုညခေတ်လည်း ဖြစ်ပါပေ၏ ။
ဧတေန သစ္စ ဝဇ္ဇေ န = ဝစီမင်္ဂလာ သစ္စာစကားကြောင့် ၊ မေ အကျွန်ပ်၏ ၊ ဂမနံ = ခရီးသွားခြင်းကိစ္စခပင်းသည် ၊ သမိဇ္ဈတု = သိဒ္ဒ္စိ ဝှန်ထောက် တံခွန်ဆောက်၍ ပြီးမြောက်ကုံလုံပြည့်စုံပါစေသတည်း ။

ငယ်ငယ် ကတည်းကပူဇော်နေခဲ့တာ မြတ်မင်္ဂလာ စာစောင်မှာ ဖတ်ရကတည်းကပါ။ တစ်ခါ က ကုလသမဂ္ဂ လုပ်အားပေးတစ်ယောက် ရဲ့အတွေ့အကြုံကစိတ်ဝင်စားစရာရေးသားထားတာဖြစ်ပါတယ်။ ဆောင်းပါးခေါင်းစဉ် လေးက *ပြည်ပရောက် ဘဝသောတံ* လို့ ရေးထားတာပါ။။သူ က ဘူတန် နိုင်ငံသင်ဖူးမြို့ ကနေခရီးထွက် ရတိုင်းမြေပြို ကျတတ်တဲ့ တောင်ဆင်းတောင်တက်လမ်း တွေ ဖြတ်ရတာမို့ သူကဒီဂါထာလေးကိုပူဇော်ပြီး မှ ခရီးထွက်ဖြစ်တာရေးထားတာမို့ ကျွန်မဒီဂါထာလေးကိုစိတ်ဝင်စားမိပါတယ်။အန္တရာယ် များလှပေမဲ့ ကပ်၍ တစ်ဖုံ၊ ရှောင်လို့ တစ်လွဲ… လွတ်ကင်းခဲ့ရတာများပါတယ်တဲ့..။ နောက်တော့ လည်းသူ့ကိုနောက် ကန်ထရိုက်သက်တမ်းမှာအလုပ်ပြန်မရအောင် မကြောင်းကြံစည် ခံရတဲ့ကြား က နေသူကအလုပ်ပြန်ရခဲ့တာ ဒီဂါထာလေးပူဇော်လို့ ဆိုတာယုံကြည်ပါကြောင်း ရေးသားထားပါတယ်..။

နောက်တော့လည်း တိုက် ဆိုင်တယ် ပဲပြောရမလား…။ကျွန်မ ရန်ကုန် ပရိယတ္တိသာသနာ့ တက္ကသိုလ် စာအုပ်အရောင်းဆိုင် မှာဒီအကြောင်းလေးဆောင်းပါးလေးနဲ့ အတူစာအုပ်ကလေးအဖြစ်ထုတ်ဝေထားတာဝမ်းသာအားရတွေ့ ရပါတယ်။ အဲတာနဲအုပ်ရေ ၁၀၀ ဝယ်ယူပူဇော် ကာဓမ္မဒါနဝေငှဒါန ပြုခဲ့ပါတယ်..။
ထိုစဉ်က ကျွန်မတို့ စိုက်ပျိုးရေး ကျောင်းဆရာ၊ ဆရာမတွေ မှာဘဝရဲ့ တိုးတက်ရာထွက်ပေါက် အဖြစ် နိုင်ငံခြားပညာတော်သင်၊ ပညာသင်ဆုကိုမျှော်လင့် ကြရတဲ့အချိန်ဖြစ်ပါတယ်..။ ရခဲ့ရင်ပဲဝန်ထမ်းဘဝမှာထီဆုပေါက်သလိုဝမ်းသာပျော်ရွှင် ကြတဲ့အချိန် ဖြစ်နေတာနဲ့ ကျွန်မလည်းကျောင်း(ထိုစဉ်က- သာယာဝတီ-စိုက်ပျိုးရေးသိပ္ပံ) ကလုပ်ဖေါ်ကိုင်ဖက် ဆရာမမများကိုဓမ္မဒါန ပြု လိုက်ပါတယ်..။

ဆရာ-ဆရာမများထဲမှာ ၄ ဦးတိတိ ကျွန်မထံကို ပြန်လည် ပြောပြမျှဝေကြပါတယ်..။သီရိလင်္ကာသို့ တစ်ဦး။ ဂျပန်သို့ ၁၁ လ ပညာသင် ဆရာမတစ်ဦး၊ နိပေါ သို့ ၂ပတ် သင်တန်း၊ ထိုင်းသို့ လေ့လာရေးစတာတွေသွားရကြောင်းအပြင် ကျွန်မ မျှဝေထားတဲ့ စာအုပ်လေးကိုနွမ်းနွမ်းဖတ်ဖတ် ဖြစ်နေတာပါထုတ်ပြကြ တော့ ကျွန်မမှာလည်း ထပ်တူ ဝမ်းသာခဲ့ရပါတယ်။
ကျွန်မကတော့ ဒီလိုကုသိုလ်အကြောင်း ကြောင့်လားမသိ..သွားလိုက်ရတဲ့ခရီး….မရပ် မနားတစ်ဖားဖား …လွန်းထိုးပြေးသွားနေနေရတာ..။ တကယ်တော့ သွားရတယ် ဆိုသော်လည်းကမ္ဘာပေါ် မှာ နိုင်ငံပေါင်း ၁၈၀ ကျော် ရှိတာ ကျွန်မရောက်ဘူးနေဘူးတာ.. ၁၁ နိုင်ငံလောက်သာ…. ရှိသေးတာပဲလေ..။

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ဘုရားကမိန့်ဘူးတာ..။ သိပ်ရောက်ဘူးရဘူးတာတွေအဆန်းထင်မနေနဲ့တဲ့။ ဘဝသံသရာရှည်လွန်းတော့ မရောက်ဘူးတာ မရဘူးတာ ဘာမှမရှိတဲ့။
*မရသေးတာ နိဗ္မာန် တစ်ခုထဲသာကျန်တော့တာ.*.ကျန် တာအကုန် ဖြစ်ဘူး..ရဘူးတာချည်းပဲ..ဘာမှ အံ့သြစရာမရှိပါဘူးတဲ့..။ နွားဘဝခွေးဘဝ..ရှင်ဘုရင် ဘဝ။ သူဋ္ဌေးဘဝ၊ သူကြွယ် ဘဝ။ သူတောင်းစားဘဝ၊ မိဘုရားဘဝ…နတ်ဘဝ…ဗြဟ္မာဘဝ၊ အကုန်အကုန် မဖြစ်ဘူးတာတစ်ခု မှ မရှိတော့ပါဘူးတဲ့..။

တကယ်တော့လည်း နိုင်ငံခြားခရီးထက် ကျွန်မတို့အားလုံးသွားနေရတာ…. သံသရာခရီးသည်ဆိုတာလူတိုင်းပဲမဟုတ်ပါလား။ရောက်လေရာဘဝပေါင်းကြ။သင်းကြ။ရှာကြဖွေကြ နဲ့ နောက်ဆုံးအကုန် ထားခဲ့ရတာ…မွေးးခါစကလေးကနေ….ရုန်းရင်းကန်ရင်း ..အ်ုနာသေ…. ထပ်ချည်းတလဲလဲနဲ့ ညည်းငွေ့စ ရာခရီးသွားဘဝတွေ… ဘယ်တော့ ဆုံးနိုင်ပါတော့မလဲ..။

ဒီတစ်ခါ တော့ အရွယ်လည်းညောင်းခဲ့ပြီ ဖြစ်တဲ့ ကျွန်မ က မိတ်ဆွေ တွေကို မျှဝေချင်ပါတယ်…ဒီတစ်ခါတော့ နိုင်ငံခြားပညာတော်သင် သွားရဘို့ထက် ပိုလို့ လေးနက် တဲ့ ဘဝသုံးသွယ် ရေပြင်ကျယ် ကိုကူးခတ်လွတ်မြောက်နိုင်ကြဘို့ ပါ..။
(((ဗုဒ္ဓေါ --- သဗ္မညု ဗုဒ္ဓ အမည် ရသည့် လောက ထွတ်ထား မြတ်ဘုရား သည်၊ ဟဝေ = စင်စစ် ဧကန်အမှန်ပင်၊ ဘဝသောတံ = ဘဝ သုံးသွယ် ရေပြင်ကျယ်ကို ။
တိဏ္ဏော = နိဗာန် ထုတ်ချောက် ၊ မှ ကမ်းရောက်အောင် ကူးမြောက်တော်မူလေပြီ။
(ဝါ) ကူးမြောက် တော်မူပြီး ဖြစ်ရကား လောကန္တဂူ = လောကဓံ အဆုံးသို့ နှလုံးကြည်ဖြူ ဆိုက်ရောက်တော်မူလေပြီ။))) ကြည်ညို ဦးခိုက်ပါသည် ဘုရား။

(((မဂ္ဂေါ = လောကုတ္တရာ အရိယာ မဂ်လေးပါးသည် ၊ယဒိဇာတု = စင်စစ် ဧကန် အမှန်ပင် ၊ သန္တိ ဂမော = နိဗ္မာန် ထုတ်ချောက် ရောက် စေနိုင်၏။ မောက္ခောစ = အရိယာမဂ် ဖြင့် ရောက်အပ် နိဗ္မာန် တရားမြတ် သည် လည်း၊ အစ္စန္တိကံ သုခံ = ချမ်းသာစစ်စစ် ဧကန်ဖြစ်၏ ။ တရားတော် ကိုကြည်ညိုပါသည်ဘုရား။)))

(((သံဃော = ပရမတ္ထ အရိယာ သံဃာတော်မြတ် သည် ၊ဝေ= စင်စစ် ဧကန် အမှန်ပင် ၊ တိဏ္ဏ ကန္တာရော = သံသရာ ခရီးခဲ ကို အံ့ အဲ စလောက် ၊ ဘက်ကမ်းရောက်အောင် ၊ ကူးမြောက်ပြီး ဖြစ်တော်မူ ပေ၏။ အနုတ္တရော - အတု မရှိလွန်မြောက်ဘိသော ၊ ပုညက္ခေတ္တော = ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ် ယာမြေစစ် ပုညခေတ်လည်း ဖြစ်ပါပေ၏ ။ သံဃာ ကိုကြည်ညိုပါသည်ဘုရား။))
သံသရာခရီးသည် ဘဝကနေ…. ရတနာ သုံးပါး ကို ဥိးခိုက် ကိုးစားလျက်..ဘဝ ပန်းတိုင်အဆုံးသို့ အရောက် လျှောက်လှမ်းနိုင်ကြပါစေကြာင်းတန်ဆောင်မုန်းလပြည့်အကြို…ဓမ္မလက်ဆောင်ပေးလိုက်ပါရစေ..။

မေတ္တာဖြင့်
သစ္စာအလင်း

Friday, January 31, 2014

ရိုကျိုးကော်ရော်..မြတ်ဂုဏ်တော်

Photo: ကိလေသာမာရ်၊ကိုယ်တွင်းရန်ကို၊လေးတန်သောမဂ်၊ဉာဏ်လက်နက်ဖြင့်၊
ပယ်ဖျက်သုတ်သင်၊အောင်ပွဲဆင်တတ်၊ရှင်တော်မြတ်၊
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(အရဟံ)။

သိသင့်သိရန်၊တရားမှန်လျှင်၊ဖောက်ပြန်မရှိ၊ကိုယ်တိုင်သိတတ်၊ရှင်တော်မြတ်၊
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(သမ္မာသမ္ဗုဒ္ဓေါ)။

ခြေတောင်ပံလား၊ကျင့်ဆယ့်ငါးနှင့်၊နှုတ်ဖျားအသွင်၊သုံးအင်ရှစ်ဖြာ၊
ဉာဏ်ဝိဇ္ဇာနှင့်၊ကောင်းစွာပြည့်တတ်၊ရှင်တော်မြတ်….
တုလတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(၀ိဇ္ဇာစရဏသမ္ပန္နော)။

ထုထည်ကြီးစွာ၊ဖြည့်ဆည်းလာသည့်၊ပါရမီမျိုး၊ရွာသည့်မိုးသို့
ဖွံ့ဖြိုးဆုံးဝယ်၊ကျိုးပေးကြွယ်၍၊တင့်တယ်ကောင်းမွန်၊မြတ်နိဗ္ဗာန်သို့၊
ဖြောင့်မှန်ရောက်တတ်၊ရှင်တော်မြတ်……….
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(သုဂတော)။

သတ္တ၀ါအစုံ၊ဘုံအနန္တ၊သင်္ခါရဟု၊လောကသုံးပုံ၊အလုံးစုံကို၊
အကုန်အစင် သိမြင်ပေတတ် ရှင်တော်မြတ်.........
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(လောက၀ိဒူ)။

ယဉ်ကျေးအောင်ပြု၊ဆုံးမမှု၌၊သူ့ထက်ထူးချွန်၊လွန်မြတ်မွန်၍၊
အားခွန်မာန်တက်၊ဆုံးမခက်သည့်၊ရက်စက်ယုတ်မာ၊သတ္တ၀ါကို၊
မေတ္တာရှေ့သွား၊တုတ် ဓါးမပြ၊တရားချ၍၊မာန်ကျလုံးလုံး၊ကိစ္စတုံးအောင်၊
ဆုံးမပေတတ်၊ရှင်တော်မြတ်..........
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(အနုတ္တရော ပုရိသ ဓမ္မသာရထိ)။

လူနတ်ဗြဟ္မာ သတ္တ၀ါကို ချမ်းသာသုခ ခံစံရအောင် ဆုံးမပဲ့ပြင်
သွန်သင်ပေးတတ် ရှင်တော်မြတ်…………..
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(သတ္ထာဒေ၀မနုဿာနံ)။

ဒုက္ခအစု၊ဖြစ်ရမူကား၊သမုဒယ၊ကြောင်းမှစ၏။
ဒုက္ခချုပ်ရာ၊ရောက်လိုပါမူ၊ရှစ်ဖြာ မဂ်ကို ပွားရန်လိုဟု
ကိုယ်လည်းသိမြင်၊သူလည်း မြင်အောင်၊လင်းရောင်ပေးတတ် ရှင်တော်မြတ်……………
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(ဗုဒ္ဓေါ)။

ဣဿရိယာ အစလာသား ခြောက်ဖြာဘုန်းမျိုး ပြည့်စုံဖြိုး၍ မြေမိုးရပ်ခွင်
လွန်ပေါ်ထင်သည်။လူရှင် အထွတ် ရှင်တော်မြတ်………….
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(ဘဂ၀ါ)။

…_/l\_... _/l\_... _/l\_...

 (အရှင်ကုမာရ…..သာသနာ့ဝန်ဆောင်ကျောင်းတိုက်၊မှော်ဘီမြို့)
ကိလေသာမာရ်၊ကိုယ်တွင်းရန်ကို၊လေးတန်သောမဂ်၊ဉာဏ်လက်နက်ဖြင့်၊
ပယ်ဖျက်သုတ်သင်၊အောင်ပွဲဆင်တတ်၊ရှင်တော်မြတ်၊
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(အရဟံ)။

သိသင့်သိရန်၊တရားမှန်လျှင်၊ဖောက်ပြန်မရှိ၊ကိုယ်တိုင်သိတတ်၊ရှင်တော်မြတ်၊
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(သမ္မာသမ္ဗုဒ္ဓေါ)။

ခြေတောင်ပံလား၊ကျင့်ဆယ့်ငါးနှင့်၊နှုတ်ဖျားအသွင်၊သုံးအင်ရှစ်ဖြာ၊
ဉာဏ်ဝိဇ္ဇာနှင့်၊ကောင်းစွာပြည့်တတ်၊ရှင်တော်မြတ်….
တုလတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(၀ိဇ္ဇာစရဏသမ္ပန္နော)။

ထုထည်ကြီးစွာ၊ဖြည့်ဆည်းလာသည့်၊ပါရမီမျိုး၊ရွာသည့်မိုးသို့
ဖွံ့ဖြိုးဆုံးဝယ်၊ကျိုးပေးကြွယ်၍၊တင့်တယ်ကောင်းမွန်၊မြတ်နိဗ္ဗာန်သို့၊
ဖြောင့်မှန်ရောက်တတ်၊ရှင်တော်မြတ်……….
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(သုဂတော)။

သတ္တ၀ါအစုံ၊ဘုံအနန္တ၊သင်္ခါရဟု၊လောကသုံးပုံ၊အလုံးစုံကို၊
အကုန်အစင် သိမြင်ပေတတ် ရှင်တော်မြတ်.........
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(လောက၀ိဒူ)။

ယဉ်ကျေးအောင်ပြု၊ဆုံးမမှု၌၊သူ့ထက်ထူးချွန်၊လွန်မြတ်မွန်၍၊
အားခွန်မာန်တက်၊ဆုံးမခက်သည့်၊ရက်စက်ယုတ်မာ၊သတ္တ၀ါကို၊
မေတ္တာရှေ့သွား၊တုတ် ဓါးမပြ၊တရားချ၍၊မာန်ကျလုံးလုံး၊ကိစ္စတုံးအောင်၊
ဆုံးမပေတတ်၊ရှင်တော်မြတ်..........
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(အနုတ္တရော ပုရိသ ဓမ္မသာရထိ)။

လူနတ်ဗြဟ္မာ သတ္တ၀ါကို ချမ်းသာသုခ ခံစံရအောင် ဆုံးမပဲ့ပြင်
သွန်သင်ပေးတတ် ရှင်တော်မြတ်…………..
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(သတ္ထာဒေ၀မနုဿာနံ)။

ဒုက္ခအစု၊ဖြစ်ရမူကား၊သမုဒယ၊ကြောင်းမှစ၏။
ဒုက္ခချုပ်ရာ၊ရောက်လိုပါမူ၊ရှစ်ဖြာ မဂ်ကို ပွားရန်လိုဟု
ကိုယ်လည်းသိမြင်၊သူလည်း မြင်အောင်၊လင်းရောင်ပေးတတ် ရှင်တော်မြတ်……………
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(ဗုဒ္ဓေါ)။

ဣဿရိယာ အစလာသား ခြောက်ဖြာဘုန်းမျိုး ပြည့်စုံဖြိုး၍ မြေမိုးရပ်ခွင်
လွန်ပေါ်ထင်သည်။လူရှင် အထွတ် ရှင်တော်မြတ်………….
တုလွတ်ဂုဏ်ထင်၊မြတ်အရှင်အား၊ကြည်လင်ကြိမ်ကြိမ်၊ရှိဦးနှိမ်သည်၊
နာမ်အိမ်မြတ်ဂုဏ် ထုံစေသော်ဝ်………………။(ဘဂ၀ါ)။

…_/l\_... _/l\_... _/l\_...

(အရှင်ကုမာရ…..သာသနာ့ဝန်ဆောင်ကျောင်းတိုက်၊မှော်ဘီမြို့)
ညီမ မ၀ိုင်းချစ် ရဲ့ ဖေ့စ်ဘုတ်မှ ပြန်လည် မျှဝေပါတယ်..။

Wednesday, September 14, 2011

အစိန္တေယျ



မြန်မာပြည်မှ စွယ်တော်လေးဆူ... ကြီးကိုးကြီး ဘုရားများပင့်ယူပူဇော်ထားသလိုပါ။



ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကြကုန်သော ဘုရားရှင်တို့ကို သမ္ဗုဒ္ဓေ ဖြင့် ပူဇော်ပါ၏။



ရောင်တော်ဖွင့် မဟာမြတ်မုနိ မျက်နှာသစ်တော်ရေ ဆက်ကပ်လှူဒါန်းခြင်း နှင့်အတူ..ဗုဒ္ဓနုဿတိ ပွား နိုင်ကြပါစေ။

မေတ္တာဖြင့်-သစ္စာအလင်း

Sunday, August 28, 2011

ခန္ဓာငါးပါး ဘုရားရှိခိုး




ကျွန်မ ၏ ဘလော့ တွင် ဘုရားရှိခိုး အမျိုးမျိုး စု ဆောင်းထား ရှိသည့် အတွက် ယခု ခန္ဓာငါးပါး ဘုရားရှိခိုး လေးကို

ဒေါက်တာ အရှင်အာစာရ ၏ ၂၁.၈.၂၀၁၁နေ့ ဓမ္မသဘင် မှ*သာသနာချစ်စိတ်တရားတော်* ကို ကို နာယူပူဇော် ရင်း ရရှိလိုက်ပါတယ်..။

ကျေးဇူးတော်ရှင် မြတ်စွာ ဘုရား သခင်ရဲ့ အဆုံးအမ အတိုင်း တရားကျင့်စဉ်လေးဖြင့် ပူဇော်ထား ပါသဖြင့် တစ်ခါပူဇော် လျှင် တစ်ခါနှလုံးသွင်းမိသလို ဖြစ်စေပါတယ်။ မိမိတို့စိတ်သန္တန်ဝယ် ကိန်းနေတဲ့ သက္ကာယတည်းဟူသော အထင်အရှားရှိတဲ့ ခန္ဓာငါးပါး အပေါ် အမြင်မှားခြင်း သက္ကာယဒိဋ္ဌိ ပြုတ် ကြောင်း ကုသိုလ်ကောင်း တစ်ခုဖြစ်စေပါသဖြင့် ဓမ္မမိတ်ဆွေ တို့အား မေတ္တာထား၍ မျှဝေလိုက်ပါရစေ။

ဘုရားရှိခိုး

ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ၊ ဘာရဟာရော စ ပုဂ္ဂလော။

ဘာရာဒါနံ ဒုခံ လောကေ၊ ဘာရနိက္ခေပနံ သုခံ။

(မယံ ဓမ္မရာဇဿ သက္ကစ္စံ ၀န္ဒာမ။)

------------------------------------------------------

ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်။ ဟဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ဘာရာ၊ ၀န်ထုပ်ဝန်ပိုးကြီးတို့ ပါပေတည်း။

ဘာရဟာရော စ၊ ခန္ဓာငါးပါးတည်းဟူသော ၀န်ထုပ်ဝန်ပိုးကို ထမ်းဆောင်သူသည်ကား။ ပုဂ္ဂလော၊ ခန္ဓာငါးပါးရှိသော သတ္တ၀ါပါပေတည်း။

လောကေ၊ လောက၌။

ဘာရာဒါနံ၊ ခန္ဓာငါးပါးတည်းဟူသော ၀န်ထုပ်ဝန်ပိုးကို ယူလိုက်ရခြင်းသည်။

ဒုခံ၊ ဆင်းရဲလှပါပေ၏။

ဘာရနိက္ခေပနံ၊ ခန္ဓာတည်းဟူသော ၀န်ထုပ်ဝန်ပိုးကို ပစ်ချလိုက်ရခြင်းသည်။ သုခံ၊ ချမ်းသာလှပါပေ၏။

ဣတိ၊ ဤသို့။ ဘဂ၀ါ၊ မြတ်စွာဘုရားရှင်သည်။ အဒေသယိ၊ မိန့်မြွက်တော်မူခဲ့ပါပေ၏။

(မယံ၊ တပည့်တော်တို့သည်။ မယံ၊ တရားဟော တရားနာ ဖြစ်ကြကုန်သော ဘုရားတပည့်တော် တပည့်တော်မတို့သည်။ ဓမ္မရာဇဿ၊ တရားမင်းသခင် ဘုရားရှင်အား။ သက္ကစ္စံ၊ ရိုသေစွာ။ ၀န္ဒာမ၊ ရှိခိုးကြပါ၏။ သက္ကစ္စံ၊ ရိုရိုသေသေ။ ၀န္ဒာမ၊ ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ဟုန်လျှော့၍ ရှိခိုး ဦးညွတ်ပါ၏ အရှင် ဘုရား . . . . .။)

မေတ္တာဖြင့်-သစ္စာအလင်း

Thursday, March 31, 2011

ချစ်သော ကမ္ဘာမြေအတွက်

အပြာရောင် မိုး ကောင်းကင် တည်းဟူသော အမိုးအကာတစ်ခု တည်းအောက် တွင် တည်ရှိ၍ မြေလွှာတည်းဟူသော ကြမ်းခင်းထက်ဝယ် မိသားစုများစွာ ၊သက်ရှိ၊ သက်မဲ့များစွာ စုပေါင်း မှီတည် ခိုနားရာ အိမ်တစ်လုံး သဖွယ် တည်ရှိနေပါသော ကျွန်မတို့အားလုံး ရဲ့ ကမ္ဘာမြေကြီး ၊ ဘေးရန်၊ခပ်သိမ်းငြိမ်းပါစေကြောင်း၊ တောင်းဆုပြုလိုပါသဖြင့် မဟာကရုဏာတော်ရှင်-ကျေးဇူးတော်ရှင်မြတ်စွာဘုရားသခင် ၏ မေတ္တာသုတ်တော် တရားတော်များ ဖြင့် ပူဇော်ပါ၏။ မေတ္တာဓာတ်များ ထုံလွှမ်း အေးချမ်းရပါစေသား။ဘေးဒုက္ခ အန္တရာယ်၊ မှကင်းစင်လွင့်ပျောက်ရပါစေသား ။ ဘေးဒုက္ခ အန္တရာယ် အသွယ်သွယ် ကျရောက်ခံစားနေရသူများ၊ အမြန်ဆုံး ကျန်းမာ၊ချမ်းသာကြပါစေသား။

မေတ္တာဖြင့်---သစ္စာအလင်း











Saturday, January 23, 2010

*နမက္ကာရ ဘုရားရှိခိုး တွင်ပါဝင်သော ခက်ဆစ်၏ အဖြေများ -၂ *

အစိန္တေယျ = မကြံစည်နိုင်သော ၊ကြံတွေးမရနိုင်သော ၊

အပ္ပမေယျ= မနှိုင်းယှဉ်နိုင်သော

သေဋ္ဌ =လောကထက်မြတ်သော

ဇေဋ္ဌ = လောကထက်ကြီးမြတ်သော

အတုလ = တုဖက်+ ပြိုင်ဘက် ကင်းသော

ပရမံ= မြတ်လှစွာသော

အရဟံ= ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊

ဘဂဝါ = ဘုန်းတော် ခြောက်ပါးနှင့်ပြည့်စုံတော်မူသော

သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားကို မဖောက် မပြန် မှန်ကန်စွာ၊ ကိုယ်တိုင်ထိုးထွင်း၍ သိသော။

အနုတ္တရ = မိမိထက်လွန်မြတ်သူ မရှိသော

မာရဇိ = မာရ်ငါးပါးကိုအောင်တော်မူသော

တိလောကန္တဂူ = သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကတည်းဟူသော လောကသုံးပါး၏ အဆုံး သို့ရောက်တော်မူသော ။

သယမ္ဘူ = တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော

ဘဝိဿရ = ဘဝ အလုံးစုံကို အစိုးရတော်မူသော

အသင်္ချေယျ နာမတံဆိပ် = မရေ မတွက်နိုင်သော ၊ အမည်တော် ဘွဲ့တံဆိပ်။

ဂုဏ်ဝိသိဌ် = ထူးကဲကြီးမြတ်သောဂုဏ်ထူး

ဇမ္ဗူဒိပ် = ကျွန်းဦးသပြေပင် ကြောင့် ၊ထင်ရှားသောတောင်ကျွန်း။

ဘဝဂ်= သုံးဆယ့်တစ်ဘုံတွင် အထက်ဆုံး ဘုံ။

သြကာသ သုံးရပ် =ကာမဘုံ၊ ရူပဘုံ၊ အရုပဘုံ ဟူသော သတ္တဝါ လောက၏ တည်ရာအရပ်။

သမိုက်အပ်သော= သမုတ်အပ်သော။

မဟာ ကဝိန်= ကြီးမြတ်သောပညာရှိကြီး။

သုခမိန်= ပညာရှိ

ပညိနြေ္ဒ = ဉာဏ်ပညာတည်း ဟူသော ဣနြေ္ဒ

ကျေးဇူးတော်အပုံ = ကျေးဖူးတော်အများအပြား

မကိုဋ် = ဦးခေါင်း ၌ တပ်ဆင်အပ်သော ၊ မြတ်သောတန်ဆာ။

မင်္ဂလာ = ကျက်သရေ ကို ရယူတတ်သော။ မကောင်းမှုကို ပယ်ဖြတ်တတ်သောသဘော။

ပထမာဒိက = အစဦးဆုံး

ဘူမိပါလ = သမ္မတ မင်း

အာဒိစ္စဂိုဏ်း= နေမင်း အမျိုး မှ ပေါက်ဖွားဆင်းသက်လာသော။

သမ္မုတိဒေဝရာဇ် = သမ္မုတိနတ်ဟုခေါ်သောမင်း။

ဇာတိမဟတ္တဂုဏ် = အမျိုးဇာတ်အားဖြင့် ကြီးမြတ်သော ဂုဏ်။

ပုည မဟတ္တဂုဏ်= ဘုန်းတော်အားဖြင့်ကြီး မြတ်သောဂုဏ်။

ဝသုန်= မြေကြီး

သေလာ= ကျောက်တောင်

အဏ္ဏဝါ = ပင်လယ် သမုဒ္ဒရာ

ဂုဏ မဟတ္တဂုဏ် = ဂုဏ်အားဖြင့်ကြီးမြတ်သောဂုဏ်။

အပ္ပဋိပုဂ္ဂိုလ် = နှိုင်းယှဉ်ဘက် မရှိသောပုဂ္ဂိုလ် ။

ဇမ္ဗူ = ဇမ္ဗူ ဒီပါ လင်္ကျာတောင်ကျွန်း။

ချက်ဗွေဘူမိ = ဇမ္ဗူ ဒိပ်ကျွန်း၏ အလယ် ဗဟိုမြေ။

အပရာဇိ ခရိုင် = အပရာဇိတပလ္လင် ၊ ရန်သူတို့ မအောင်မြင်နိုင်သည့် နေရာထူး။

ညောင်မဏ္ဍိုင် = သဗ္ဗညုတ ဉာဏ်တော်၏ ကြည်ရာ ဖြစ်သော မဟာဗောဓိညောင်ပင်။

ကာမလောကဓာတ် = နတ်ပြည်ခြောက်ထပ်နှင့် လူ့ပြည် ဟူသော ကာမ သုဂတိ ခုနှစ်ဘုံ။

ကြည်းဟည်း = အသံကျယ် စွာ မြည်သည်။

မေခလာဂီရိ = မာရ်နတ်။ ဂီရိ မေခလာ မည်သော ဆင်။ ပြောင်ကြီး သေဌ်နင်း ဆင်ပြောင်ကြီး၏ အရှင်သခင် ဖြစ်သောမင်း။

မာရ်နတ် = နှောင့်ယှက် ဖျက်ဆီး သည့် နတ်

ပါရမီဉာဏ် = ဆယ်ပါးသော ပါရမီ ဉာဏ်တော်ကုသိုလ်။

ကံသမ္ဘာရှိန် = ကံ အဆောက်အဦ အဟုန်။

ဝရဇိန်= သိကြားမင်း၏ မိုးကြိုးစက် = စိန်လက်နက်

ကိလေသာ စက်= တစ်ထောင့်ငါးရာ ၊ကိလေသာ

သုံးထောင်ဝက် = သုံးထောင်၏ တစ်ဝက်။

အာနာပါန = ထွက်သက်ဝင်သက်ကိုမှတ်၍ ဆင်ခြင်ခြင်း

ရုပါဝစရ၊ အရုပါဝစရ = ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထ သမာပတ် ၊ စတုတ္ထဈာန် ဟူသော ဝင်စားသည့် ၊ ဈာန်လေးပါး။

ရှေးတီးကာလ = ရှေးလွန်လေပြီးသောအခါ ၊

ပရမတ် = ရုပ်-နာမ် တရား၊စိတ် စေတသိတ်၊ ရုပ် နိဗ္ဗာန် ။

ပုဗ္ဗေနိဝါသ ဉာဏ်= ရှေးက ပြုခဲ့ဘူးသည်ကို ပြန်လည်သိမြင်သောဉာဏ်

ဝေနေယျ = ကျွတ်ထိုက်သောသတ္တဝါ

ကမ္မ = ကုသိုလ် ကံ။ အကုသိုလ်ကံ

ဂတိ= လားရာ အရပ်

စုတိ= ရွေ့လျားခြင်း၊ သေခြင်း ။

ပဋိသန်= မွေးဖွားခြင်း

ဒူရ =ဝေးသော

ပဋိ စ္ဆန္န =တစ်စုံတစ်ခုဖြင့် ၊ ဖုံးအုပ်ထားသော၊

သဏှ= သိမ်မွေ့သော

သုခုမ = နူးညံ့သော၊ အနုစိတ်ဖြစ်သော ။

ဒိဗ္ဗစက္ခု = နတ်မျက်စိကဲ့သို့မြင်နိုင်သော ဉာဏ်

သြဃ = ရေ အလျဉ် နဲ့တူသော တရား။ ကာမောဃ ၊ဘဝေါဃ ၊ ဒိဋ္ဌောဃ ၊ အဝိဇ္ဇောဃ ၊


Type your summary here.

ဒီစာကို Select ပေးပြီးရေးပါ...
Type the rest of your post here.