Showing posts with label Greta Thunberg. Show all posts
Showing posts with label Greta Thunberg. Show all posts

Monday, May 25, 2020

သမီး ဂရီတာ သို့ ပေးစာ (၁)



ဆွီဒင် နိုင်ငံ က ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် စာသင်ခန်း တံခါးတွေ ကနေထွက်ပြီး ရဲရဲတောက်တိုက်ပွဲဝင်နေတဲ့သမီးလေးရေ..

သမီးလေး ရဲ့ စကားလုံး တွေဟာ စူးရှ.... မြိမြ နေတဲ့ လှံတွေ လို အန်တီ့ရင်ထဲ .... ထိခိုက်ခံစားရတာ....ကြာခဲ့ပြီသမီးရေ...

စိမ်းလန်း ရာကနေ ခြောက် ကပ်.... ခြောက်ကပ် ရာကနေ လောင်မြိုက် တော့မဲ့ကမ္ဘာကြီး ရဲ့ လားရာကို တွေးမိ တိုင်းခြောက်ခြားတုန်လှုပ်ရတယ်...

ISO 140767 တွေ...Carbon Tax , Carbon Foot Print တွေ အန်တီ သင်ကြားပေးတိုင်း...

International Business အတွက် ကို စဉ်းစား တဲ့သူတွေ များလှ ပါတယ်.....

သမီးလို .....

ရင်ဝလှံစူး...ထိပ်ဦးမီးလောင်သလို ထိန်းသိမ်းရေး ရေရှည် တည် တံ့ရေး အတွက် တုံ့ ပြန်ဆောင်ရွက်သူရှားလှတယ် သမီးရယ်..

လူကြီးဆိုတဲ့ သူတွေရယ်... ရှင်တို့ရဲ့ မျှော်လင့်ချက်ကို ကျမ မလိုချင်ပါဘူး။ ရှင် တို့ကို အများက မျှော်လင့်တကြီးနဲ့ စောင့်စားမှုကို ခံ နေရတဲ့သူတွေလည်း မဖြစ်စေချင်ပါဘူး။

ကျွန်မ ရှင် တို့ကို ကမ္ဘာကြီးရှေ့ရေးအတွက် စိုးရိမ် ထိတ်လန့် စေချင်တာပါ။

လူကြီးမင်းတို့အိမ်ကို မီးလောင်နေရင် ဒီလို ဘယ်နေပါ့မလဲနော် ချက်ချင်း ကြောက်လန့်တကြား တုံ့ပြန်ကြ မှာနော် ..

အခုကမ္ဘာကြီး အခြေအနေက အဲဒီအတိုင်း ဖြစ်နေလို့ပါ။

သမီး နောက်က လိုက်နိုင်အောင်ကြိုးစားတယ် သမီး ရေ.....

မနေ့က ပြည်က နေအိမ်ပြန်ရောက် တော့ ၁၂နာရီ ရှိခဲ့ပေမဲ့ ဒီနေ့ ဟိုပုန်းကို ထွက်လာခဲ့တယ်...

အန်တီ ...စိတ်မှာ Panic ဖြစ်ပြီး ကြိုးစားပါ့မယ်...

မှန်လုံအိမ် အာနိသင် ကိုမီးထိုးပေးတဲ့အလုပ်တွေ ရှိနေတယ် သမီးရေ..

အန်တီတို့ မြန်မာက စိုက်ပျိုးရေး မှာ သီးနှံတွေ မီးရှို့ကြတယ်..သစ်တောတွေ မီးရှို့ တယ်...

Carbon Sequestration ဖြစ်ဘို့ ပြောပြရတယ်... မြေဆွေးတွေ လုပ်ဘို့... အဟာရဓာတ်တွေ လေလွင့်မှု မရှိ ပဲ ပြန်အသုံးချဘို့..

မြေဆွေးသုံး ပြီး ရေထိန်းနိုင်စွမ်းရှိတဲ့မြေဆီလွှာ တည်ဆောက်ဘို့..

ဒေသ မျိုးစိတ်တွေ ထိန်းသိမ်းဘို့...တတ်နိုင်သမျှ တင်ပို့ လာတဲ့ အစားအစာ တွေ လျှော့ချ စားသောက်ဘို့.. ကြိုးစား ပြောပြပေးနေတယ်...

အန်တီတို့စိုက်ပျိုးရေး မှာ နိုက်တြိုဂျင် မြေသြဇာ တစ်တန်ရဘို့ ဆိုရင် လောင်စာဆီ ၈၀၀ ကနေ ၁၂၀၀ လီတာ သုံးစွဲ ရတယ် သမီးရေ..

ထုတ်လုပ်မှု ဖြစ်စဉ် မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ပြီး...မြေ ထဲသုံး လိုက် တဲ့အခါ နိုက်တြပ်အောက်ဆိုဒ် ထွက် ပြန်ရော..

ကြာရှည်သုံးစွဲရင် မြေချဉ်လာတယ်.... သူကအငွေ့ ပျံတော့ ဆာလ်ဖာ နဲ့ ဇင့်ကို သယ်ဆောင်သွား လို့ မြေကချို့ တဲ့ ပြန်သေးတယ်...

ဒီတော့ သဘာဝ က စွန့်ပစ်ပစ္စည်းတွေ ကိုမလေလွင့်စေပဲ မြေသြဇာ အဖြစ်ပြန်လည် အသုံးပြု ရေးအတွက် စိတ်အမြင်တွေ ပြောင်းစေခဲ့တယ်...

သြဂဲနစ် စိုက်ပျိုးရေး မှာ ပိုးသတ်ဆေး တွေ မသုံး ပဲ

Natural Preventive Mechanism

Physical Preventive Mechanism

Bio Preventive Mechanism တွေ သုံးထားပြီး ဇီဝမျိုးကွဲ တွေ ထိန်းသိမ်းစောင့်ရှောက် ရတယ် သမီးရေ..

နောက် အန်တီတို့ နိုင်ငံက ပေါင်းသတ်ဆေး တွေ သုံးကြတာ.... စိုက်ခင်းထဲ...ကန်သင်းထဲ... အခု ဆို လူမှု ဘဝ ထဲက ဘုန်းကြီးကျောင်းတွေ ထဲထိ ရောက်နေပြီ သမီးရေ...

သမီးက မီးလောင်တဲ့အခြေအနေ ကိုထောက်ပြတယ်....

သမီးစိုးရိမ်သလို လူကြီးတွေကိုစိုးရိမ်စေချင်တယ်...

အန်တီကတော့ ကမ္ဘာကြီးကို မီးလောင် နေတာ အပြင် အဆိပ်သင့်နေတာ ကိုပါမြင်နေရတော့ မခံစားနိုင်တော့ဘူးသမီး..

ဒီမှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု(Cabon Emission ) ဟာ ၁၅ နှစ်သမီးလေးတောင်နားလည် ပါတယ် လို့ သမီးကပြောခဲ့ပေ မဲ့..

အန်တီတို့ မြန်မာ မှာတော့ သစ်ပင်တွေ ခုတ်ကောင်းဆဲသမီးရေ...

ဆေးမျိုးစုံ မွှန်ထူ နေတဲ့ စိုက်ခင်းတွေ.......

မြက်တောင်ချမ်းသာမပေး လို့ ဝါထိန် လောင်မြိုက် နေတော့တာ...

သဘာဝ အရင်းအမြစ်တွေ ကိုလည်းငွေ နဲ့ လဲလှယ် ကြမဲ့ သဘောဆိုတော့ အနာဂတ် ကလေးတွေ အတွက် ဆို တဲ့စကားလုံး က စကားသာဖြစ်ပြီး

မှားနေတာ ကိုတော့ရိပ်မိခဲ့ပါတယ် သမီး..

အနာဂတ်မျိုးဆက်သစ် အတွက်အမွေ ဆိုတာ ...ငွေ ရှာသူ ဇိမ်ခံပစ္စည်းများ စွာသုံးစွဲ သူတွေ တကယ် တွေးမိမယ် မထင်ပါသမီးရေ..

ဒီတော့ ဒီ အသိုင်းအဝိုင်း ထဲက

လူကြီးတွေ နားလည်အောင် ကြိုးစားနေရပါတယ်...

((ကျွန်မ တို့ဟာ လူ့သမိုင်းမှာ အကြီးဆုံးဘေးဒုက္ခကြီးရဲ့ အလယ်မှာ ရောက်နေပါပြီ။

ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် ဒါကို ကာကွယ်တားဆီးဖို့ ဘာမှ လုပ်နြေ

ကတာ မရှိသေးပါဘူး။)) ဆိုတဲ့ သမီးရဲ့ ပြတ်သားမှု ရဲရင့်မှုကို အန်တီ အားကျ အတုယူ ရပါအုံးမယ်။

သမီးဆီက ခွန်အားတွေ စီးဆင်းလာဘို့ ကြိုးစားပါအုံးမယ် သမီးရေ...

ဘာလို့ လဲ ဆိုတော့..... အန်တီတို့ဟာ....

မိုးကုတ် စက်ဝိုင်း တစ်ခု ထဲအောက် မှာ...

နောက် ထပ်နေစရာ...ကမ္ဘာ အပို တစ်ခု မရှိပဲ အတူတူ နေထိုင်ကြတဲ့ လူသားတွေ ဖြစ်လို့ ပဲသမီးရေ..

သမီးတောင်းဆို သလို Panic ဖြစ် ဘို့ ကြိုးစားနေကြာင်းဆက်ရေးပါအုံးမယ် သမီးရေ...

ချစ်သော အန်တီ

ဒေါက်တာသန်းသန်းစိန်