Showing posts with label Dhamma Sharing. Show all posts
Showing posts with label Dhamma Sharing. Show all posts

Thursday, February 4, 2021

Dhamma Blogger တစ်ဦး ၏ Analysis


ချစ်ခင်လေးစားရပါသော အမေ....
အစ်မကြီး အရွယ်ပေမဲ့ အားကိုးမြတ်နိုးခြင်း နဲ့ အမေလို့ ပဲခေါ်ပါရစေ...။
တစ်ရက်နေ့ကတည်း က တဆစ်ဆစ် နာကြင် နေလိုက်တာ.....
ရက်စက် မှု ဒီဂရီ တိုးလေလေ.... နာကြင်ရလေလေ...။
ဘုရားလက်ထက်တော် မှာကတည်း က ဗီလိန် တွေ ရှိခဲ့တာပဲအမေ..။
ဒီနေ့တော့အမြင့်ဆုံး ရောက် လေတော့...အားကိုးစရာ ..ဖြေသိမ့်စရာ တရား ကိုပဲပြန်ရှာ ရပါတယ် အမေ...။
အနှစ် နှစ်ဆယ် ကျော် ပါဝါ၅၄ မှာ ဝိပဿနာ တရားအားထုတ် ပြီး ဖြတ်သန်းခဲ့ ထားတာ တွေ....ပြန်သတိရမိ တော့.....။
အမေ့ နှလုံးသား က မာကျောကျစ်လျစ် ရင့်ကျက်နေမှာ တွေးမိပြီးစိတ်အေးရပါတယ်.....။
လူ့ဘဝ ကတိုပါတယ် အမေ.... ခဏ လေးပါ..။
တကယ်တော့လည်း .... အခုနေသေရင် အကုန်တန်းလန်း ထားခဲ့ရမှာ...။
ဘာ မှ ယူသွားနိုင်တာ လည်းမဟုတ် ..။
ကိုယ် ပြုခဲ့တဲ့ အကုသိုလ်က နွားခြေရာနောက် ကလှည်းဘီးလို.......
ပြုခဲ့ဘူးတဲ့ ကုသိုလ်က အရိပ်လို လိုက်ပါမှာက လွဲပြီး ကျန်တာမှန်သမျှ ... ထားခဲ့ရမှာ...... အသေအချာ.....ပါအမေ..။
အမေ စိတ်ဝိဥာဉ် ကသန့်စင်ပါတယ်...။
မြန်မာ ဆိုတဲ့တိုင်းပြည် ကြီး ဆီက သယံဇာတ တွေ လည်း မတူး ခဲ့ဘူး..။
သစ်တောတွေလည်းမခုတ်ခဲ့ဘူး..။
မူးယစ်ဆေး တွေလည်း မပတ်သက်ခဲ့ဘူး ..။
ကုမ္ပဏီ တွေ လည်ထောင်ကာ ငွေမရှာခဲ့ဘူး..။
ကျွန်မ တို့ AIT, Scholarship - Only for Myanmar Citizen ဆိုတာ ရှာကြည့်တော့ ...
Prospect Burma ဆိုတဲ့ နာမည် နဲ့ အမေ နိုဘယ်ဆုရ ငွေတွေ နဲ့ ထောက်ပံ့ပေးနေတာ ဆိုတော့အမေ့ကုသိုလ် ဘယ်နည်းပါ့မလဲ..။
အမေ စာအုပ် ရေးလို့ရတဲ့ငွေ တွေ... ဒီငွေတွေ နဲ့ ပြည်ပ မှာ အေးအေးချမ်းချမ်း နေလို့ ရပါလျက် နဲ့ မြန်မာပြည် ကိုချစ်ခဲ့တဲ့အမေ..။
သန်းခေါင်စာရင်း မှာ နာမည် တစ်ခု သာ ရှိနေတာမို့ မျိုးဆက် အတွက်လည်း ဘာစီးပွားရေးမှ မထူထောင်ခဲ့ဘူး...။
မြန်မာပြည်ကိုအရင်းပြု..ဘာတစ်ခု မှ လုပ်မစားခဲ့ဘူး ။
ရင်နှစ်သည်းချာအပေါ် တာဝန်မကျေ ခြင်း ကိုသာ အချိန်အခါသင့်ရင်ဆွေးဆွေးမြေ့မြေ့ ပြောတတ်တဲ့အမေ...။
အကုသိုလ် တရားတွေ မရှိ တဲ့ အတွက် ကျေနပ်တယ် အမေ...။
တမလွန်ကိုသယ်ဆောင် ယူမဲ့ .....အောက်ဆွဲချမဲ့ အကုသိုလ် အထုပ် မရှိလို့ ပါ..။
အခုလို အခြေအနေ မျိုး ကိုလောကသဘောအရ ရှုံးတယ် လို့ ပြောချင်ပြောကြမယ် ...။
ဓမ္မ သဘော အရတော့ မရှုံးပါအမေ..။
ရှုံးတယ်ဆိုတာ ဘာ ကိုခေါ်တာ လဲ ။
ဒူးထောက်ရတာလား..။
လက်မြှောက်ရတာလား ..။
ရှက်ရွံ့ ခေါင်းငုံ့ရတာလား....လို့ ဆန်းစစ်ခဲ့ဘူးပါတယ် ..။
ကျွန်မ ရဲ့ ဆရာတော်ဘုရားကဟောဘူးတယ် အမေ..။
ဒေါသနဲ့ ယှဉ်တဲ့ ကံ မြောက်ခဲ့ရင် အကုသိုလ် ဖြစ် မှသာ...... ရှုံးရတာ တဲ့..။
အကုသိုလ် မဖြစ်မချင်း မရှုံးဘူးတဲ့..။
အမေ ရှင်လည်းမရှုံး...သေလည်းမရှုံး ပါဘူးအမေ ..။
လှည်းနေ...လှေအောင်း..မြင်းဇောင်းမကျန်....ချစ်ခင်ကြတဲ့ မေတ္တာတရား တွေ တစ်ပွေ့ တစ်ပိုက် နေ့စဉ်ပို့သနေကြ တာ...။
အဲကွန်းအလုံး သန်းပေါင်းများစွာလွှတ်ထားသလို.....
အေးစိမ့်နေမှာ ခံစားလိုက်ပါအမေ..။
ဒီမေတ္တာတွေ ဆိုတာ....ရချင်တိုင်းရတာမှ မဟုတ်တာ.....။
လိုချင်တိုင်းလည်းပေးသူမရှိရင် မရကြဘူးအမေ..။
ငွေ တွေ..ရတနာ စိန်ကျောက်တွေနဲ့လည်းဝယ်လို့ မရဘူးအမေ..။
လက်နက်ခဲယမ်းမီးကျောက် တွေနဲ့ လည်းတောင်းဆိုလို့ မရဘူး...။
အမေက တော့အပြုံးလေးတစ်ချက် နဲ့ အကုန် သိမ်းပိုက်ထားနိုင်တာ.....
အမေ့ စေတနာ စစ်မှန်လို့ ပါပဲ...။
ဒီအသက်..ဒီခန္ဓာ.... ဒီဘဝ မှာ နေရတာတန်လိုက် တာလို့ပဲသုံးသပ်ပါရစေအမေ..။
သူ့အပိုင်းကိုယ့်အပိုင်းခွဲခြားကာ... ဒီလိုပဲ ရှုမြင်မိပါတယ်...။
အမေ ရွှင်လန်းအေးမြနိုင်ပါစေ..။
မေတ္တာဖြင့်
သစ္စာအလင်း( Dhamma Blogger

ဒီအလေးလံဆုံးသောအရာ..ငါ


**လူဟု ဆိုလျှင် ..လူလို ပင်သာ
လူတွင်တွေ့မျိုး…ကြောင်းအကျိုးနှင့်
ကောင်းဆိုး နှစ်တန် ..လောကဓံ ကို
ဖန်ဖန်တွေ့ မြဲ…စိတ်မှာ စွဲ သည်…
ဝမ်းနည်းဝမ်းသာ မများ ပါ…. ***
ဆိုတဲ့ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး ရဲ့ ကဗျာ လေးဟာ အမှန်တရားကို သိမြင် နိုင်ဘို့ ကူညီပေးနိုင်ခဲ့ပါတယ်..။
ကျွန်မ နှစ်သက်လွန်း တဲ့ ကဗျာလေး ရဲ့ အတိုင်းအဆ ကိုနားလည်အောင် ကြိုးစား ရင်း လူအကြောင်း ကိုသိရှိ သဘောပေါက် တဲ့အခါ..ဝမ်းနည်းရခြင်း ဝမ်းသာရခြင်း တွေ ဟာ များများစား ရှိမနေတော့ဘူးဆိုတာ သေချာ လက်ခံ ယုံကြည်ရင်း ထပ်မံပူဇော် မိပါတယ်..။
လူ ဆိုတဲ့ကျွန်မ တို့ လူတွေဟာ *ငါ ရှိတယ်* ဆိုတဲ့ အထင် မှား သက္ကာယ ဒိဋ္ဌိ ကို အခိုင်အမာ ဆုပ်ကိုင်ပြီးသံသရာ မှာကျင်လည်နေကြတာ…. တွေ့မြင်နိုင်ပါတယ်..။
ငါရှိတယ် ဆိုတဲ့အထင်ကြောင့် ငါချမ်းသာရေးကိုအချိန်ပြည့်တောင့်တ ကြပါတယ်..။
ငါ…ချမ်းသာ ကိုပေးနိုင်မယ် ထင်တဲ့ သက်ရှိသက်မဲ့ကို တွယ်တာကြပါတယ်..။
ချမ်းသာကိုမပေး နိုင်တဲ့အခါ မှာ တော့ ပူလောင်ကြတာပါ..။
တစ်ဦး နဲ့ တစ်ဦးချစ်တယ် ဆိုတာကလည်း ချမ်းသာပေးနိုင်တုံး ခဏ ပါ…။
အပြန်အလှန်ချမ်းသာ မပေးနိုင်တဲ့အခါ….. ဟန်ဆောင်မျက်နှာဖုံးတွေကွာကျ ကုန်ကြရတော့တာ..။ ပေါင်းသင်းဆက်ဆံရေး တွေ မှာလည်းဒီလိုပါပဲ ။
သူ နဲ့ ကိုယ်နဲ့ အဆင်ပြေတယ် ဆိုတာကလည်း သူ ကလည်း ကိုယ့်ရဲ့ အတ္တစွဲ ကိုမထိ လို့..အပြန်အလှန် အတ္တတွေကိုအရောင်တင်ပေးကြတဲ့အချိန် အဆင်ပြေကြတာပါပဲ..။
ဘယ်လို ပဲ ကောင်းတဲ့အလုပ် လုပ်နေပါစေ….. ကိုယ့် အတ္တကိုထိပါေးစမယ် အရောင်မှိန်စေမယ် ဆိုရင် အဲဒီတစ်ယောက်ကို မချီးကျူးနိုင်ကြတော့ဘူး ၊ အသိအမှတ်မပြု နိုင်ကြတော့ဘူး..။ကိုယ့်အပါးက ထွက်ခွာ သွားစေချင်ကြတော့တာ။
ငါ ဆိုတာကို ရင်ခွင်ပိုက်ထားတဲ့လူ တစ်ယောက်အနေနဲ့ ငါကို ရွှေချပေးမဲ့ ဘုန်းတော်ဘွဲ့ ပတ်ပျိုးတွေကိုသာ နားဆင်ချင်ကြတာ ပါ..။
အဝေဖန်ခံနိုင်တယ် ဘယ် လိုပဲပြောပြော ရင်ထဲ မှာခံရခက်ခြင်း နဲ့အမုန်းတရားတွေ စိမ့်ထွက်လာ တာကတော့ အတွင်းထဲ မှာ မြင်အောင်ကြည့်လို့ ရတာပါပဲလေ..။
သူ....တပါး တော်လို့ ဖြစ်တယ် ဆိုတာ ကိုပြောပြဘို့ နှုတ်ကဆွံ့ အသလောက်….ကိုယ်တော်ကြောင်း တွေ ကိုသာကြားချင်နေတယ် ဆိုတာ လူ့သဘောတွေပဲမဟုတ်ပါလား ။
လူ့သဘော ကို နောကျေ နေတဲ့ စီးပွားရေးသမားတွေကတော့ လူ ကို ဗဟိုပြု ပြီး စီးပွားရေးမှာ အသုံးဝင်အောင် လုပ်တတ်ပါတယ်..။ ဦးညွှတ်ကြိုဆိုတာတို့ ၊ လေးစားစွာ ကိုင်းညွှတ်ပေးတာ တို့…ဘာတို့ ပေါ့လေ..။
ဒီလို အဖြစ်အပျက်လေးတွေ ခဏခဏ တွေ့ကြုံလာရတဲ့အခါ များလာတော့ ကျွန်မက ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားသင်ပေး တဲ့အတိုင်း အဓိက တရားခံ ကို မြင်အောင်ရှာ ဘို့ ကြိုးစားရပါတယ်..။
အဓိက ကတော့ ငါ….ရှိတယ် လို့ ထင်တဲ့ အမြင်မှား ** သက္ကာယဒိဋ္ဌိ** ကို ပဲတွေ့ ရပါတယ်..။
ဒါကို ပယ်နိုင်ရင် ဆင်းရဲဒုက္ခ သည်အလျားတစ်ယူဇနာ အနံ တစ်ယူဇနာ ( ၁၂မိုင်ခန့်) ရှိတဲ့ရေကန် ထဲ က ရေ ပမာဏ နဲ့ အဲဒီရေကို နှီးဖျားလေးနဲ့ ကော်ယူလိုက်လို့ တင်ကျန်ခဲ့တဲ့ ရေစက် ကွာခြား သလို ကွာခြား သွားတယ် လို့ ဟောကြားတော်မူကြတာကို နည်းနည်းရိပ်မိသလိုလို ဖြစ်ခဲ့ပါတယ်..။
အဲလို ရိပ်မိချိန်မှာ တော့ ဆက်ဆံရေးအဆင်ပြေ အောင် …ကိုယ့် ရဲ့ ငါ ထက် သူ့ရဲ့ ငါကို ဦးစားပေး မထိပါးအောင်နေဘို့ လည်း ဆုံးဖြတ်မိပါတယ်..။
တကယ်တော့လည်း ကျွန်မတို့ အားလုံး ဟာ…..မသိခြင်း ဆိုတဲ့အမှောင်ထု တွင်းကနေ ငါဆိုတဲ့ဝန်ထုပ်ဝန်ပိုး ကြီးကို ခက်ခဲပင်ပန်းစွာ သယ်ဆောင်ခရီး ဆက်နေကြတဲ့ ကန္တာရခရီးသည်တွေလိုပါ ပဲ…။
အဲဒီအထုပ်ကြီးရင် ကြီးသလို ပင်ပန်းနေကြတာလည်း အမှန်ပါပဲ…။
ပိုလို့ လေးလံ သော ဝန်ထုတ်ဝန်ပိုး ကို သိမ်းပိုက်ထားခဲ့ရင် အပါယ်ငရဲထိဆွဲချတတ်တယ် ဆိုတာ ထိတ်လန့်စရာ သံဝေဂလည်းရမိပါတယ်.။
ငါ့ မြေ..ငါ့ယာ ..ငါ့ဥစ္စာ….. ငါ့သား…ငါ့သမီး…..
များလှစွာ သော ဝင်္ကပါတော မှာ..ငါများစွာ…. သူ့ငါ..ငါ့ငါ ကလည်းခလုတ်ခဏခဏတိုက်..။
အင်းတတ်နိုင်သမျှ တော့ ဖြတ်ထုတ် ..ခါချ…..
အလင်းတစ်စ ရှေ့ဆောင်တဲ့လမ်း..ဖြောင့်တန်းပေါ့ပါး စွာလျှေက်လှမ်းရပါစေသား။

မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ- ပန်းသခင် တည်းခိုခန်း၊ ဘိုကလေးမြို့ကို Select ပေးပြီးရေးပါ...
Type your summary here. ဒီစာကို Select ပေးပြီးရေးပါ... Type the rest of your post here.

Sunday, March 8, 2009

Buddhist Celebrities

သားကိုဦး(ဓမ္မရသ) နှင့် ကိုရဲ(အလင်းစေတမန်) ..

သည်စာ အုပ် ကလေးက အံတီ စင်္ကပူ သွားတုံးက ဘုန်းကြီးကျောင်းတွေ မှာ ဓမ္မဒါန လှူထားတဲ့ ထဲက ယူလာ တဲ့ စာ အုပ် ကလေးပါ..။စင်္ကပူ ကမြန်မာ ရဲ့ မြို့နယ် တစ်ခုလိုဖြစ်နေပြီုး မြန်မာပညာ တတ်တွေ အများ ဆုံးရောက်နေတဲ့ နေရာ ဖြစ်နေပါတယ်..။ ဗုဒ္ဓသာသာ မြန်မာဘုန်း ကြီးကျောင်းတွေတော် တော် များများရှိပါတယ်..။

အံတီ့သူငယ်ချင်း http: //shwenyein.blogspot.com ရဲ့ Data တွေအရဆိုရင် စင်္ကပူမှာ ဗုဒ္ဓသာသာ ဦးရေ ၄၂.၅%ရှိပြီး အစ္စလာမ်ဟာ ၁၃.၉% ရှိလေတော့ ဟာ အခြားဘာသာ တွေထက် များနေတာတွေရပါတယ် သားတို့ရေ..။

အလားတူစာအုပ် မျိုးတွေကို ဘုန်းဘုန်းဦးကုမာရ (My Thought)မှာ များစွာ ရယူ ပူဇော် နိုင် ပါတယ်..။ Eunos က သီရိလင်္ကာကျောင်းဆိုရင် ဓမ္မပဒ စာအုပ်တွေ ပါဠိ၊ အင်္ဂလိပ် ၂ဘာ သာနဲ့ ရေးထားတာ လို သလို ယူလို့ရတယ်..။
မြန်မာ ဘုန်းတော်ကြီးတွေရဲ့ ကိုယ် ပိုင် ပရိတ်စာ အုပ်တွေ အင်္ဂလိပ် လို ရေးထားတဲ့ ဗုဒ္ဓစာပေတွေ။တရားCD တွေ တော် တော် များများအလွယ်တကူ ရယူ နိုင်ပါတယ်..အံတီ စင်္ကပူက ပြန်တော့ စာအုပ်တွေတော် တော် သယ် ခဲ့တာ.. ဘတ်ဂျက် လိုင်းကလေယဉ်မယ် တွေ မျက် စောင်းထိုးခံရဘူးတယ်..။

သည် စာ အုပ်လေးမှာ Authors တွေကဆရာတော် တွေ.. မနေ့ ကပဲ ဘုန်းဘုန်း ဦးကုမာရ Blog မှာ မလေးရှား ဆရာတော် ဘုရားကြီး Dr.K.Sri.Dhmmananda အကြောင်းလေးဖတ်လိုက်ရသေးတယ်..What Buddhists Believe ဆိုတဲ့ ဆရာတော် ဘုရားရေးသားခဲ့တာပေါ့သားရယ်..။အဲဒီ စာ အုပ်ကို အရှင် အာ ဒိစ္စရံသီ(ဆရာ ဦးဆန်းလွင်)က(ဗုဒ္ဓသာသာဝင်တွေယုံကြည် ကြတာက)ဆို ပြီးဘာ သာ ပြန်ခဲ့ သေးတယ်..နောက် ပုံပါ စာရေးတဲ့သူတွေက ဒလိုင်းလားမားတို့ အာဂျန်သုမေဓော Ajhan Sumedo တို့ အကြောင်းတွေလည်း ပြော ပြစရာရှိနေ ပါသေးတယ်..။

အခု Post မှာတော့ ဟောလီဝုဒ်က မင်းသားမင်းသမီတွေ အကြောင်းလေးပဲ နည်းနည်းအမြည်းပေါ့နော်..။ဟိုတလော က အံတီကြားလိုက် တယ် သားတို့ကော ကြားလိုက်လား..နာမည် ကြီးဘော လုံးသမားDavid Beckham တို့ ဇနီးမောင်နှံ ဗုဒ္ဓသာ သာ ကူးပြောင်းတဲ့ သတင်းကိုလေ..။

အခုပုံမှာကတော့ သားတို့တွေ့မှာပေါ့နော်..နာမည်ကြီး မင်းသားမင်းသမီးဒါရိုက်တာတွေ..Buddhist Celebrities တွေနဲ့ Interview ထားတာပေါ့ကွယ်..။ How to develop Happiness in Daily Living နေ့စဉ်ဘဝတွေမှာ စိတ်ငြိမ်းအေးအောင်ဘယ်လို နေသလဲပေါ့သားတို့ရယ်..အံတီထင်တယ်..Happiness ထက် Peacefulness ကို ဆိုလို ချင်တာ ဖြစ်မယ် ထင်ပါတယ်..။

ဟိုအရင် ရုပ် ရှင်တွေ ကြည့်နေခဲ့ စဉ်ကာ လကတော့ အံတီ Jennifer Lopez ကို Wedding Planner ကားကို ကြည့်ဘူးတယ်.တော်တော် သမာဓိကောင်းကောင်း၊တိတိကျကျ သပ် သပ် ယပ် ယပ်ကလေး သရုပ်ဆောင်တာ သတိထားမိပါတယ်..။သူ ကနာမည် ကြီးPretty Woman ကမင်းသား Richard Gere ကြောင့် ဗုဒ္ဓဘာသာ ဖြစ်လာ ခဲ့ ပြီး Spiritual Talk တွေလည်းပေးခဲ့ဘူးတာ ကြားဘူးတယ် ကလေးတို့ရေ..။

သားတို့သိတဲ့ နာမ ည် ကြီး Titanic မင်းသား Leonardo DiCaprio ဗုဒ္ဓဘာသာ ကို သူ့ ရဲ့ စိတ်ဓာတ် ခွန်အားတွေ ပြန်လည် ဖြည့်တင်းပေးဘို့ ဝင်ရောက်လာ တဲ့ အကြောင်းကို London Daily Mirror သတင်းစာ ကသည်လိုဖော် ပြခဲ့ပါတယ်..။

Although he is arguably the most in-demand actor in Hollywood at the moment,Leonardo DiCaprio has joined a Buddhist group in Los Angeles and has vowed to drop out of filmmaking until he is recharged. The newspaper quoted di Caprio as saying that he is seeking (Peace and Tranquility) and that he is considering “taking a long break before returning to set…some months, may be a year”

အံတီ ခုလို ရေးတဲ့ အကြောင်းတွေကို သားတို့ သိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ..မင်းသားတွေတောင် ဗုဒ္ဓဘာသာ ကို ကိုးကွယ်တယ် ဆိုပြီးဂုဏ်ယူစရာမျိုးတော့ လည်း မဟုတ်လောက် ပါဘူးကွယ်။
အောင်မြင်နေတဲ့လူ ငွေတွေ ကြော်ကြားမှုတွေ Sensual Pleasure တွေကို အလျှံပါယ်ရထားတဲ့ သူတွေ ဟာ မငြိမ်းအေးတဲ့ စိတ်ကို ကုစားဘို့ရှာ ဖွေနေကြတယ် ဆိုတာ စဉ်းစားကြည့်လို့ရအောင်ပါ..။
ဆရာတော် ဦးဇောတိကရဲ့တရားတော် တွေမှာလည်း အမြဲပါတယ်လေ..။ဆရာတော်ကသူ့ကို သဘော ကျတယ်..ဆရာတော် ပြောပြဘူးတာ အဆိုတော် Elvis Presley အကြောင်းလေ..လောကီပေတံ နဲ့တိုင်းတာ ထားတဲ့ ဘဝအောင်မြင်မှုတွေ(ငွေ၊အောင်မြင်ကြော်ကြားမှု၊ ဥစ္စာ ဓနတွေ၊ ဝိုင်းဝိုင်းလည် နေတဲ့ လူတွေ)ပိုင် ဆိုင်ရရှိထားပါသော်လည်း နဲ့ Drug Dependancy ဖြစ်ပြီးအသက် ၄၂ မှာ သေသွားရရှာတယ်။ ဆောက်တည် ရာမဲ့ တဲ့ စိတ်နေစရာ အိမ်မရှိခဲ့တာဖြစ်နိုင်တာ ပဲနော်..။

အံတီက Buddhist Celebrities တွေအကြောင်းအံတီ့သူငယ်ချင်းတွေ ကို ပြောလေ့ရှိတတ်တော့.. ဟိုတလော က အံတီ့ရဲ့ အိန္ဒိယသူငယ်ချင်းတစ် ယောက် ကနင်တို့ ဗုဒ္ဓဘာသာ မင်းသားလေ.(Richard Gereကို ပြော တာပါ.) အိန္ဒိယ ကို လာလည် တုံးက အိန္ဒိယမင်းသမီးကို လူတွေရှေ့ မှာ အနောက်တိုင်းထုံးစံနဲ့ နှုတ်ဆက် လိုက် တာ..လွန်သွားတယ်.. ဟိုကတရားစွဲ မယ် တွေဘာ တွေဖြစ်တဲ့အကြောင်း အံတီ့ကိုလာ ပြောတာ..အံတီတောင် ဘာပြန်ပြော ရမှန်း မသိ ဖြစ် သွားတယ်..။

အနောက်တိုင်း Buddhist Celebrities များရဲ့ ပြုမူ ပြောဆိုနေထိုင်မှုများဟာ မဟာ ကရုဏာရှင်ဗုဒ္ဓ ၏ ဂုဏ်ကို မဖျက်စီးစေပဲ ဂုဏ်တက်နိုင်ပါစေကြောင်း၊ထိမ်းသိန်းနိုင်ပါစေကြောင်းပဲ ဆုတောင်း လိုက် ရပါတယ် ကလေးတို့ရေ..။

Thursday, March 5, 2009

တန်ဘိုးထားတတ်လေသောလူတစ်ချို့၏ အကြောင်း


သား ကိုဦး(ဓမ္မရသ)ရေ..

သားက နိုင်ငံခြားသားတွေ ဗုဒ္ဓ သာသာစိတ်ဝင်စားလားမေးလာတဲ့အတွက် အံတီ့ တွေ့ကြုံဘူးတဲ့ သူတွေ အကြောင်းပြန်ပြောပြချင်နေမိတယ်..။

အံတီ တို့ အချက် အလက် တစ်ခု ခိုင်လုံမှု ရှိမရှိဆိုတာ ဘယ် ပမာ ဏကိုတိုင်းတာတာ လဲ(Population)၊ နမူနာဦးရေ ဘယ်လောက် ကကောက်ယူခဲ့တာလဲ(Sampling)..ခိုင် လုံ ပြီးအမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ ကိန်းဂဏန်း(Representative Data)ရမှသာ စာတမ်းတွေရေးကြရတာ သားလည်းသိပါတယ်..။အခု ဟာ ကတော့ သား စဉ်းစားပြီးလိုအပ်တဲ့ Idea ရစေဘို့ ပဲ မျှဝေလိုက် တာပါသားရေ..။ကိုယ် စားပြု ကိန်း ဂဏန်း တစ်ခုတော့ ဖြစ်ချင် မှ ဖြစ်ပါ့မယ်သားရေ..။

Man of 20th Century ဆုပေးအပ် ခံရတဲ့ သိပ္ပံပညာ ရှင် Albert Einstein ကကြိုတင် ဟောကိန်း ထုတ်ထား တာ ရှိတယ် သားရဲ့..အံတီတို့နေထိုင်တဲ့ ကမ္ဘာ ကြီးဟာ အတတ်ပညာ တိုးတက် ထွန်းကားလာ မှုတွေကြောင့် နောင် ဆိုရင် ကမ္ဘာ မှာ လူ မျိုး ဆို သည် တစ်မျိုးတည်း၊ကိုးကွယ်တဲ့ဘာသာတစ်ခုတည်း၊ ပြောတဲ့
စကား က တစ်မျိုး တည်းပဲရှိတော့မယ် တဲ့။ကိုးကွယ်တဲ့ ဘာသာ က ဗုဒ္ဓသာသာ၊ ပြောဆိုတဲ့စကားက အင်္ဂလိပ် စာ ။

လူမျိုးတစ် မျိုးတည်းဆိုတာကလည်းသွေးတွေနှော လာ ကြ ပြီလေ..ဥပမာ သမတ ဘာရက် အိုဘားမားဆို အမေရိကန် အဘိုး အဘွား၊ ကင်ညာ အဘိုးအဘွား၊ Step Father က အင် ဒိုနီးရှားတောင်ပါလိုက်သေးတယ်..။အဲလိုပေါ့နော်.. Internationalization, Globalization,Global Village တို့ကို သားကပိုသိမှာပါနော်.။

ပထမ အံတီ ထိုင်းမှာနေတုံးက ထိုင်းချမ်းမြေ့ရိပ်သာမှာ ကျောင်းအားရင် သွားဖြစ်တယ်..အဲဒီရိပ်သာ ကိုလှူဒါန်းဆောက် တည်ထားတာ ထိုင်း ပညာတတ် လူချမ်းသာမိသားစုပါ..။ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီးနဲ့တွေ့ပြီးကတည်းက မိခင် ကြီးက မြန်မာ ပြည်မှာ သီလရှင် ဝတ်တယ်.. အင်္ဂလန်မှာ ကျောင်းတက် ခိုင်းထားတဲ့ သမီးကို ပြန်ခေါ်ပြီးသီလရှင် ဝတ် ခိုင်း အတူတူ မြန်မာ ပြည်မှာ အားထုတ်ကြတာ ရနှစ်တောင် ကြာပါတယ်..။သမီးလေး အသက် ၃၀ ကျော် မှ အနား က Mahidol University မှာကျောင်းပြန်တက်စေတယ်…ယူတဲ့ ဘာသာရပ် ကလည်းBuddhism ပါသား။

အံတီ လည်းကိုယ့် ကို ကို ပြန်မေးတယ်..အဲလိုမိခင်တစ်ဦးရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် နဲ့ အတူသာ သနာအပေါ်လုံးဝ ဥဿုံ၊မမှိတ်မသုံ ၊သက် ဝင် ယုံကြည်မှုရှိပါ ပြီလား ။သမီးကို အင်္ဂလန် သာ လွှတ်ချင် နေလိမ့်မယ် ဆိုတဲ့ အဖြေကို ရတယ်..အဲဒီတည်းကို ကသူတို့ သဒ္ဓါ တရား က ကိုယ့်ထက် အဆများစွာသာနေပါ ပြီ..။

တရားစခန်းပွဲ တစ်ခု ပြီးသွားတိုင်းချမ်းမြေ့ဆရာတော် ဘုရားကြီးနောက်ကို တခါတည်းလိုက်ပြီး ဘုန်းကြီးဝတ်ခဲ့ကြတဲ့ အနောက် တိုင်းသားတွေတော် တော်များများကို အံတီ ထိတွေ့ကြုံ ဆုံခဲ့ဘူး ပါတယ် သား ရေ..။ဘဝ တစ်ခုလုံးကို ပုံအပ် ပစ်လိုက်တာမျိုးပေါ့။

အခု http://www.nibbana.com/မှာ အမေးအဖြေ လုပ်၊ ဓမ္မ သင်္ခန်းစာတွေပေးဝေ နေတဲ့ Austrailia နိုင်ငံသား ဆရာ Jeffery ဆိုရင် မြန်မာချမ်းမြေ့ရိပ်သာ မှာ ရနှစ် ဘုန်းကြီးဝတ် ပြီးတရားအားထုတ်ခဲ့တာ ပါ..။အံတီ့ရဲ့ ဓမ္မ ဆရာလည်းဖြစ်ခဲ့ပါတယ်။

အံတီ က အီတလီမှာ ဆရာကြီးဦးဂိုအင် ဂါတရားစခန်း(ဓမ္မ အတ္တလ )မှာတရားအားထုတ် ဘူးပါတယ်သားရေ..။ကမ္ဘာ အနှံ့ ဝိပဿနာ ရိပ်သာများစွာ ဖွင့်ထားတာ..သား http://www.dhamma.org မှာရှိတယ်..။သားကြည့် ကြည့်နော်..။ အဲဒီတုံးကတော့ အံတီက အားထုတ် ဘို့ လျှောက်ထားခဲ့တာပါ..ဒါပေမဲ့ သူတို့က အံတီ့ကို ဆက် သွယ် တယ်..။Dhamma Worker လုပ်ပေးဘို့ပေါ့သားရယ်..။ဝေယျာဝစ္စ ချက် ပြုတ် လုပ် ကိုင်ဘို့ တောင်းဆိုတာ အံတီ သဘော တူ ခဲ့ပါတယ်..။

ဥရောပ မှာ က လုပ်အားပေးတာ မျိုး ရှားတာကိုး..နေရာက အဲဒီတုံးက အံတီမြို့ ကနေ ရနာ ရီ ကြာ ရထားစီးမှPiacenza ဆို တဲ့ မြို့ကို ရောက်ပါတယ်..အဲဒီကမှတဆင့် ရိပ်သာ ကကားနဲ့ ၁နာရီ တော ပိုင်းကျတဲ့နေရာလေးကိုဆက် သွားရပါတယ်..။အဲဒီတုံးက အားထုတ်တဲ့ယောဂီ၆၄ ယောက် ရှိခဲ့ပါတယ်..။ခရစ်စမတ်ဆို လူ၁၀၀ကျော်တယ်ပြောတယ် သား။ ဥရောပ သားတွေချည်းများတယ် သား။အံတီ နဲ့ တူတူ လုပ်အားပေးကြတဲ့ထဲမှာ လက် ဘနွန်Labnon သူတယောက် ပါတယ်..။အာရပ် နိုင် ငံနော်သား ။

အဲဒီ အချိန် တုံးက ဆိုရင် သူတို့တိုင်းပြည်က အစ္စရေးတွေ က Hisbola တွေကို လိုက် တိုက် ပြီးတိုက် ပွဲ ဖြစ်နေချိန်။ သူလာ အားထုတ်တာ..။သူတို့ တိုင်းပြည် နဲ့ အနီးဆုံး ဖြစ်တဲ့ အစ္စရေးနိုင်ငံမှာ အားထုတ် ချင်တယ်..ဒါပေမဲ့ အစ္စရေး က အာရပ် တွေကို Visa မပေးဘူး။ ဒါ့အပြင်.. အစ္စရေး တရားစခန်းက ၃လ ကြာWaiting List စောင့်တာတောင်ရဘို့ မသေချာ တာကို နောက်၅ရက် ကြာမှရောက် လာ တဲ့ အစ္စရေးမှာ သူနာပြု ဆရာမ အလုပ် လုပ် နေတဲ့ အီတလီမလေးပြောပြတော့ သိရပါတယ်..။

လက် ဘနွန် မလေးက အီတလီကို လာ ဘို့ လေယဉ် ခ က Euro 500ကျော် ပေးခဲ့ရတယ်.. တည်းခိုစရာမရှိ..အီတလီမှာ က ဟိုတယ် တွေက သိပ်ဈေးကြီးတာ ကိုးသားရယ်..အဲဒါ နဲ့ သူ က ရွက် ဖျင်တဲလေး ကို သူငယ် ချင်းဆီကငှားပြီး ရွက်ဖျင်တဲ နဲ့ အိပ်တဲ့စခန်းမှာ အိပ်ရတာ ၄ရက် ကြာတယ်..။အလကားမဟုတ်ဘူးနော် အဲလို အိပ်လို့ရဘို့ ကတစ်နေ့ 20Euroပေးပြီးမှ အိပ်ရတာ ပါ..။

မြန်မာ မှာ က အားထုတ်သူကနည်းတယ်..ရိပ်သာကများတယ်..မြန်မာတွေက ဘုနုးကံတော် တော် ကြီးတယ် နော်..လေးနက်တဲ့အမြင်နဲ့ တန်ဘိုးထားတတ်မှုလေး လိုနေတာပါ.သူများမပြောပါဘူး..ကိုယ့် ကို ကို ပြောတာပါသားရေ..။
အရလွယ်တာ တွေကို တန်ဘိုးမထားတတ်တဲ့လူ့သဘာ ဝကို လည်းထည့်တွက် စဉ်းစားကြည့်မိပါတယ်သား။

တခါ တခါ ဥရောပသားတွေမှာ အံတီတို့ တစ်ချို့ တစ်ချို့သောမြန်မာ တွေမှာတောင် မရှိတဲ့၊ဗုဒ္ဓအဆုံးအမ နဲ့ ကိုက် ညီတဲ့ ကိုယ့်ကို ကို နှိမ့်ချမှုတွေ(အနတိမာနီ)ရိုးသားဖြောင့်မတ်မှု(ဥဇု)ဖြစ်တာတွေ လည်း တွေ့ရတတ်ပါသေးတယ်..။ ဘာသာရေးအဆုံးအမနဲ့ နေနေတဲ့ သားလို Characterမျိုးလေးတွေပေါ့ ကွယ်..။

ဓာတ်ပုံလေး က အံတီတို့ အီတလီက ဓမ္မ အတ္တလ ရိပ်သာ ပါ..အခု Florence မြို့ နားကို ပြောင်းသွားတာ။အံတီ သွားခဲ့တဲ့နေရာက ပြောင်းလိုက်တာလေ.။ဥရော ပမှာနေစရာသိပ်ဈေးကြီးတယ် သား။ခက်ခက် ခဲခဲ ဖွင့်ထားကြတာပါ..။

ပြောစရာကများတော့ စာရှည် မှာ ဖြစ်တဲ့အတွက် သည် မှာ ခဏရပ် လိုက် အုံးမယ် သားရေ..။ ဆက် ရေးအုံးမယ် နော်..သား။အောင်မြင်တောက်ပ ပါစေ..။ရှင်းသန့်စင်ကြယ်ပါစေ..။



Wednesday, March 4, 2009

Sharing Kindness




.
.
.
Rangsit Orphanage, Bangkok, Thailand
.
.
.
မေမေချစ်သော သာသားနဲ့ မီးမီး

အခုဖော်ပြထားတဲ့ ဓာတ်ပုံလေး တွေဟာ ထိုင်းနိုင် ငံ။ဘန်ကောက် မြို့ မှာရှိတဲ့ မိဘမဲ့ ဂေဟာလေး မှာ ရိုက် ထားတဲ့ ပုံလေးတွေ ဖြစ်ပါတယ် ကွယ်..။မေမေ AIT မှာကျောင်းတက် တဲ့ အခါတုံးက သားသား နဲ့ မီးမီးတို့ရဲ့ မွေးနေ့ တိုင်းမှာ အဲဒီကို သွားပြီး Biscuit နဲ့ ဆန် ရယ် သွားသွားလှူပါတယ်..သူတို့ ရဲ့အားငယ် နေတဲ့ မျက် နှာလေးတွေကို ကြည့် ရင်း သားနဲ့ သမီး တို့ ရဲ့နှလုံးသား ကို မှန်းဆ လွမ်း နေမိခဲ့ ဘူး ပါတယ်..။

သူတို့မိဘတွေ ဟာ များသော အားဖြင့် AIDS ရောဂါ နဲ့ သေဆုံးကြ ပြီး ကျန်ရစ်ကြတာများပါတယ်..အခု ကလေးတွေကတော့ အသက် ၆ နှစ် ကနေ ၁၂ နှစ် ကလေးလေးတွေပါ..။အဲဒီ မှာ လှူ တဲ့ငွေဟာ မြန်မာမိဘမဲ့ကလေးတွေ ကို လှူရင် ပမာ ဏ ပို များမှာ ကိုတော့သိပါတယ်..ဒါပေမဲ့ကိုယ် လှူချင် နေမိ တဲ့ အချိန်မှာ သွားရောက် နိုင် စွမ်းမှ မရှိ နေတာ.။

မေတ္တာတရားဆိုတာ ကလည်း ငါ့လူ မျိုးပဲမေတ္တာ ထားမယ် ဆို ပြီးကွက် ကျား မိုး ရွာ ခိုင်းတာ မဟုတ်လေ တော့ မေမေ တို့ကျောင်းနားက Rangsit မိဘမဲ့ဂေဟာ ကို မကြာခဏ သွားဖြစ်ခဲ့ပါတယ်.။မေမေ ပြောပြချင် တဲ့ အတွေ့ အကြုံ ကအဲ ဒီနေ့မှာတွေ့ခဲ့ရတဲ့ ထိုင်းလူ မျိုးတွေရဲ့ အတုယူဘွယ် အမူအကျင့်လေးပါ..။မေမေလည်း ချက် ချင်းပဲ အတုယူ လိုက် ဖြစ်တယ်..။

မေမေ တို့ သွားတဲ့ နေ့ က တနင်္ဂနွေ နေ့ ဆို တော့ အလှူ ရှင် တွေ တော် တော် လာ ကြပါတယ်..မနက်စာ ကျွေးချိန် နဲ့ ကြုံနေတာ မို့ ထမင်းကျွေးခန်း ထိမေမေတို့လိုက် သွားကြတယ်..ထိုင်းအမျိုး သမီးကြီးတွေက ငါ အလှူရှင် ပဲ ဆို ပြီးမေမေတို့ မြန်မာ က တချို့သော လူချမ်းသာ များရဲ့ သီးသန့် ဆန်တဲ့ အမူအရာတွေနဲ့ ခပ် ခွာခွာနေတာ မတွေ့ ရပါဘူး..။အတူတူ ထိုင် ပြီးသေသေသပ် သပ် စားတတ်အောင် သင် ပေးတယ်..။

နွေးနွေးထွေးထွေး ခွံ့ကျွေးရှာတယ်..။မေမေတော် တော် လေး စိတ် ဝင် စားသွားတာ.. ငါသာ ဆို ဒီလို လုပ် ဘို့ စဉ်းစားဖြစ်မယ် မထင်..။မေမေ ချက် ချင်း ထိုင်းအမျိုးသမီးကြီးကို အတု ယူ ပြီေးတာ့ လိုက် လုပ်ပါတယ်..။သနားဘို့ကောင်းလိုက်တာ ကလေးတို့ရယ်..။ခွံ ကျွေးတဲ့ လူတွေက ၅ ယောက် လောက် သူတို့ က သူ့လည်းလုပ် ပေးပါ ငါ့လည်းလုပ်ပေးပါ.. တောင်း ဆိုကြတာ.. မေမေ မျက် ရည် တောင် ဝဲတယ်..။ကြင်နာ မှုကို မလိုချင်တဲ့သူ ဘယ်သူရှိပါမလဲ ကွယ်..။

ငွေ တွေ လှူ မှမဟုတ် ပါဘူး၊ အကြင်နာ တရားတို့ စနစ်ကျတဲ့ သင်ပြပေးမှု တွေဟာ လည်း ငွေထက် အရေးကြီးတဲ့လှူ ဒါန်းမှု မျိုးပါ..။အကြင် နာ တရားကို ရရှိဘူးတဲ့သူ ကပြန်ကြင်နာတတ်တယ်..မရဘူးသူက မကြင် နာ တတ်ဘူး မေတ္တာရဘူးတဲ့သူ က မေတ္တာ ကို ပြန်ပေးတတ်တယ်..မေတ္တာငတ်တဲ့လူ ကလည်း ပြန်ပေးစရာမေတ္တာရှိမနေတတ်တော့ တာ သဘာဝ ပါကွယ်..။ ဒါတွေ ကို Applied Psychology တက် နေတဲ့သားသားကမေမေ့ထက် ပိုသိမှာပါနော်..။
လူမှုရေးဆောင်ရွက် ချက် တွေမှာ Human Psychology ကို နားလည် ခံစားတတ်ရင် ပိုထိရောက် ပါတယ် ကလေးရေ..။

နောက် ပုံလေးကတော့ အဲဒီနေ့မှာ လာရောက် ကြတဲ့ ထိုင်းတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားလေး တွေ ကလေးတွေနဲ့ ကစားပေးကြတာ ပါ.. တနင်္ဂနွေ မှာ သူတို့ ကြိုက် သလို နေလို့ရတာ ပဲ..။အတွဲ နဲ့လည်းလျှေက် လည်နိုင်တယ်..။ရုပ်ရှင်လည်းကြည့် နိုင်တယ်..။အဲလို နေနိုင် ပေမဲ့ ကိုယ့်ရဲ့ အချိန် တနေ့တာ ကို မိဘမဲ့ ကလေးတွေနဲ့ အတူ တက် တက် ကြွ ကြွ ပျော် ပျော် ရွှင် ရွှင် ကစားပေးနေကြပုံလေးပါ..။စံနမူ နာ ကောင်းလေးတွေပါ..။

သူတို့က လူမှုရေးတွေကို တော် တော် လုပ် ကြတာ..ထိုင်းမှာ က အဝတ် အစားလျှပ် ပေါ်လော် လီမှာ စိုးလို့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေဟာ ရှပ် အင်္ကျီ အဖြူ မိန်းကလေးဆိုရင် စကဒ်အနက်၊ ကောင်္ကျားလေး တွေက ဘောင်းဘီ အနက်ပဲဝတ်ရတာ ကိုး။ သူတို့လှုပ်ရှားမှု ကသိသာ လွယ်တာ ပေါ့ကွယ်..။
ဘယ်လူမျိုး ဖြစ်ပစေ အတုယူ စရာ ဆို ယူရမှာပဲ.. မကြိုက်တဲ့ အချက် ဆိုရင် လည်းပယ်ရမှာပဲ လို့မေမေ ထင် ပါ တယ်..။

ကျေးဇူးတော် ရှင် ပိုင်လော့ဆရာတော် ဘုရားကြီးက မှာဘူးတယ်..မေတ္တာနဲ့စောင့်ရှောက် တယ် ဆိုတာ သူ့ နှလုံးသားသည် ကိုယ် နှလုံးသား ၊ သူ့ ခံစား မှုသည် ကိုယ့်ခံစားမှု၊ သူ့နောင် ရေး သည် ကိုယ့်နောင်ရေး သူ့ဘဝသည် ကိုယ့်ဘဝ နှလုံးသား ကို ထပ်တူ ပြု ၍ ပြုမူဆောင်ရွက် ပြောဆိုမှသာ စစ်မှန်သော မေတ္တာ ဖြစ်နိုင်ပါတယ် တဲ့..။

အလားတူ အဖြစ်အပျက် မျိုးကို Tsunami ,Nargis ကာလတွေမှာ လည်းအများကြီးတွေ့ ကြုံခဲ့ရတာ ပြော ပြ စရာ ရှိပေမဲ့ နောက် မှ သီးသန့် ဆက် ရေးပါ တော့မယ်..။

နှလုံးအိမ် မှစစ်မှန်တဲ့မေတ္တာ ပေါ်ထွက် ဖြန့်ဝေနိုင်ပါစေကလေးတို့ရေ..။

Friday, February 27, 2009

ရှင်းသန့်စင်ကြယ် မှုကို ဘယ် လောကစည်းစိမ်နဲ့မှ မလဲလှယ် မိပါစေနဲ့

အခုမှတရားအားထုတ်မယ် ဆိုရင် သည် နည်းနဲ့ ပဲအားထုတ်မယ် ဆိုပြီးတရားကို ကြိုတင်ပြီးတရား နှုတ်ခမ်းမသတ်ဘို့တော့ လို အပ်မယ်လို့ ကျွန်မထင်ပါတယ်..။ဆရာတော် အရှင် ဆန္ဒာ ဓိက ကလည်းဟော ကြားဘူးပါတယ်..။ ကိုယ်သည် ဘယ် ဆရာသမားဟောပြောတဲ့ အသုံးအနှုန်း၊ နည်း လမ်းနဲ့ တရားရမည် ဆို တာ ကို ကြိုတင် မသိရှိနိုင်ပါတဲ့..။

ဒါကြောင့်တရားဆိုရင် ကိုရင် လေး ဟော ကြားသည့်တရားဖြစ်စေကာမူ ဘုရားဟော တရားကိုပြန်ဟော တာရယ်လို့ ဘုရားကိုအာ ရုံပြု ပြီးရိုရို သေသေနှလုံးသွင်းဘို့ အရေးကြီးတယ် ဆိုတဲ့ ဆုံးမစကား တွေကို လည်းကြားနာ ဘူးလေတော့ ကျွန်မ သည် တရားဆိုလျှင် ဘယ်သူ ဟော သည် ဖြစ်ပစေ အကုန် နာ ယူပါတယ်..။

ဣနြေ္ဒ စရိုက် သူ့ အကြိုက် ကို နှိုက် ချွတ်စုံလင် အကုန် မြင် သဗ္ဗဉ် ဉာဏ် တော် အစွမ်းတည်းဆို တာလို ဝေနေယျ တို့ရဲ့ အစ္ဇျာသယကို သိ နိုင် တာ ဘုရားတစ်ပါးသာရှိပါတယ်..။

အရှင် အနုရုဒ္ဓါ မထေရ် မြတ်ကြီးသည် ရဟန္တာ မဖြစ်သေးခင် ကာလ တစ်ခုမှာ ရဟန္တာ ဖြစ်သွားကြတဲ့ အရှင် မြတ်တွေကို ကြည့် ပြီး သူနဲ့ နှိုင်းယှဉ်ကာ စဉ်းစားပါတယ် တဲ့..။ ဘာကြောင့်ငါ မတာ သေးတာပါလဲဆိုတာ ရှာ ဖွေလို့ မရတာ ကို ဘုရားက သိတော် မူတဲ့ အတွက် တန်ခိုးတော် နဲ့ နားနားကပ် ပြီးဟောကြားတော် မူပါတယ်။

ချစ်သား ဤကားသင့်အရာ မဟုတ်၊ဘုရားအရာ သာ ဖြစ်တယ် သင့်စိတ်ကို လွတ်မြောက်တဲ့ ဓာတ်မှာ ပျော် အောင် ကျက် စားနိုင်ဘို့ ထားနိုင် ဘို့သာ လိုတယ် လို့ ဆုံးမ တော် မူပါတယ်..။

ဝိပဿနာ ဆိုတာ စိတ် အလုပ် ဖြစ်တဲ့ အတွက် နေရာသီးသန့် သတ် မှတ်ချက် တွေ လိုအပ် မနေပါဘူး။တရားရိပ်သာ တွေ ဆို တာ ကျွန်မ တို့ ရဲ့ ဣန္ဒြ စရိုက် နဲ့ ကိုက် ညီတဲ့ ဆရာကောင်းတွေဆီမှာ နည်းခံပြီး အားထုတ်ရတာ ကတော့ ပထမ ကျင့်ဆောင်ရမဲ့အရေးအကြီးဆုံးအချက်ပါပဲ..။ကိုယ့်ဘာ သာ ကိုယ် ကျင့်ပြီးသစ္စာလေးပါးကို သိမြင်နိုင်တာ ကတော့ ဘုရားနှင့် ပစ္စေက ဗုဒ္ဓါ ၂ပါးသာရှိပါတယ်..။

မြန်မာ ပြည် ဆိုတဲ့ သံဃာ ရတနာတွေ ၊ရဟန္တာအရှင် မြတ် များစွာပေါ်ထွက် ခဲ့တဲ့ နေရာ မှာ မွေးဖွားလာ ရတာ ကျွန်မတို့ရဲ့ဆုလာဘ်ရတနာတစ်ခုပါ..။အဲ ဒီအခါ ဆရာကောင်းတွေထံမှာ နည်းခံအားထုတ်ရေးဟာ လက် လှမ်းတမှီ အတွင်း အသင့်ရှိနေပါတယ်..။

အားထုတ်တဲ့ အခါ..ဝိပဿနာ ကျင့်စဉ်ကြောင့် လွတ်မြောက်တဲ့ချမ်းသာကို ခံစားဘူးတယ်..။ကောင်းမှန်းလည်းသိတယ် တန်ဘိုးလည်းထားတတ်တယ်..။ ဒါပေမဲ့ အဲဒီ ကျင့်စဉ်မှာ စိတ်ကို ပျော် အောင် မထားနိုင်ခဲ့တာဖြစ်တယ်ဆိုတဲ့ အချက် ကို သွားတွေ့ပါတယ်..။ ပျော် အောင် ထားနိုင်ရင်မြတ်စွာဘုရားရှင် အရှင် အနုရုဒ္ဓါ ကို ဟော ကြားခဲ့ တာ နဲ့ ကိုက် ညီနေမှာပါနော်..။

စိတ် ကို ထို ကောင်းသောအာရုံမှာ ပျော်အောင် အထိုင်ကျအောင် မထားပဲ ခဏ ခဏ အပြင်ထွက် ကြည့်မိ တတ်တာ ကြောင့်ပါ..။အပြင်ထွက် ကျက်စား ပူရင် တစ်ခါပြန် ဝင်၊ အေးသွားရင် ပြန်ထွက် နဲ့ မစွဲ မြဲ ခဲ့တာ ကျွန်မ ကိုယ် ကို ကျွန်မ သွားတွေ့ ပါတယ်..။

ဘာကြောင့်လဲ၊ ဘာလိုနေတာ လဲ... အဓိက က သံဝေဂ လိုနေတာ ပါ..။အဲဒီ သံဝေဂ ကထာ အတွက် ကျေးဇူးတော် ရှင်မြတ်စွာဘုရားက အဘိဏှသုတ် ကို ဆင် ခြင်ဘို့ ဟော ကြားခဲ့တာ ဖြစ်ပါတယ်..။
ဝိပဿနာ ဆိုတာ စိတ် အလုပ် ဖြစ်တဲ့ အတွက် နေရာသီးသန့် သတ် မှတ်ချက် တွေ လိုအပ် မနေပါဘူး။

ရှေ့ စိတ် သည် နောက် စိတ်၏ ကမ္မဋ္ဌာန်း၊
ရှေ့ အသေကို နောက် အနေနဲ့ ရှုတာ၊
ရှေ့စိတ်ကို နောက် စိတ်နဲ့ရှုတာ၊
ရှေ့နာမ် ကို နောက် ဉာဏ် နဲ့ ရှုတာ
လို့ ကျေးဇူးတော်ရှုင်မိုးကုတ် ဆရာတော် ဘုရားကြီးက ဘုရားအလိုကျ မိန့်ကြားခဲ့တာပါ..။

ဒါဆိုရင် မအားလို့ပါ ဆို သူများအတွက် ကျေးဇူးပြုစေနိုင်မဲ့ ဥပမာကောင်းတစ်ခုဖြစ်လိမ့်မယ် လို့ ကျွန်မ ထင်ပါတယ်။ စိတ်ရှိရင် အားထုတ်လို့ရတာ ပဲကိုး။ ဆရာတော် အရှင် ဆန္ဒာ ဓိက က ဆိုရင် မှတ်မိလွယ်အောင်( နှာ ခေါင်းရှိရင် အလုပ် ဖြစ်တယ်) လို့ စကားလုံး အသွက်ကလေးနဲ့ ထက် ထက် မြက် မြက် ကလေး သတိ ပေးခဲ့တာ ဖြစ်ပါတယ်..။

သည် စကားလုံးလေးဟာ ဘုရားကျောင်း ကန် စေတီ ပုထိုးမရှိ၊ ဗုဒ္ဓဘာ သာ မြန်မာ ဘုန်းတော် ကြီးမရှိ၊ တရားရိပ်သာ မရှိ၊စကားပြောစရာ မြန်မာ တစ်ဦးတလေမှမရှိသော မြို့လေးမှာနေရာ သူ အတွက် တော့ အကြီးမားဆုံးအားကိုးရာ ကို လက် ညှိုးညွှန်ပြနေသလိုပါပဲ..။တကယ်လည်းအားကိုးခဲ့ရပါတယ်..။

အရှုဉာဏ် ဆိုတာ ကလည်းတကယ် တော့ ငါမှ မဟုတ်တာ..။ မိမိရဲ့ စိတ်တည် တဲ့ နှလုံးအိမ်မှာ ပညာအလင်း(တနည်း)ပညာ စေတသိတ် ယှဉ်တဲ့အခါ လွတ်မြောက်ရာမှာ ပျော် ပါတယ်.။ မော ဟအမှောင်(တနည်း) မော ဟစေတသိတ် ယှဉ် တဲ့ အခါ ကျင့်စဉ်ကို ခဏချ လွတ်မြေက် ရာ ကထွက်ပြေးတတ်ပါတယ်..။

အဖြေကတော့ မောဟအမှောင် ခွင်းတဲ့ဓါတ် ပညာ အလင်း ယှဉ်တဲ့ သတ္တိ ကို စိတ်မှာ ကျက်စား ပေးရမှာပါ။
စိတ် အစာစားသလို ဆိုတဲ့ စကားကို ကျွန်မ ပထမ Post တွေမှာလည်းရေးခဲ့ဘူးပါသေးတယ်..။သံဝေဂများစွာနဲ့ အစင် ကြယ် ဆုံး စိတ် ကို ထည့်သွင်းကျက်စားပေးနေမှသာ ပညာ အလင်း ထွက် လာ မှာ ဖြစ်ပါတယ်..။

စိတ် သည် မကောင်းမှုမှာ မွေ့လျော်တတ် သော်လည်း မိမိစိတ်ကို မိမိမနိုင်တာ ဟာ စိတ်အစာ မှားထားတာ တွေအများကြီးရှိခဲ့လို့ပါပဲ.။အမေရိကားက ရုပ် ရှင် ဒါရိုက်တာ တစ်ယောက် ပြောဘူးတာ သွားအမှတ်ရတယ်..။
အမေရိကားမှာ စိတ်မကျန်းမာ တဲ့လူတစ်ချို့က အဓိပ္ပါယ် မဲ့ သေနတ်နဲ့ ပစ်ခတ်သွား တဲ့ သတင်းတွေကြားရတိုင်းသူဟာ အပြစ်မကင်းသလိုခံစားရပါတယ် တဲ့။အကြမ်းဖက် ရုပ် ရှင် တွေမှ တစ်ဆင့် စိတ်အစာ မှားကျွေးနေမိတာ အများကြီးဖြစ်နိုင်ပါတယ်..။

တကယ် ဝိပဿနာ အာ ရုံမှာ ပျော် ဘို့ကတော့ ကျွန်မတို့စားရမဲ့ စိတ်အစာမမှားဘို့ပါပဲ။ ကျေးဇူးတော်ရှင် မြတ်စွာဘုရားအဘိဏှသုတ်မှာ ဟော ကြားခဲ့တဲ့ သံဝေဂ ဉာဏ်ကို များများ ကျက်စား ပေးရမှာ ပြဿနာ ရဲ့ Solution ပါပဲ..။

၁။အိုခြင်းတစ်ဖြာ= မိမိသူတစ်ပါး အကုန် စိတ်ထဲ အိုကြည့်ရမယ်..မှန်ထဲမှာ ငါ နုသေးတယ် ဆိုရင် မှားပြီ..။
၂၊နာခြင်းတစ်ထွေ= မိမိသူတစ်ပါး၊နာတတ်တယ်ကွဲ့၊ အဆန်းမဟုတ် ၊
၃။သေခြင်းတစ်ခြား=မိမိသူတစ်ပါး၊ အထူးအဆန်းမဟုတ်၊ ဤလမ်းမှတစ်ပါးအခြားမရှိ။
၎။ကွဲပြားတစ်တန်=ချစ်ကြင်သူနှင့် အတူတကွ မပေါင်းရပဲ လွမ်းတပူဆွေးသူနဲ့ဝေးသော်...(နိယမတရား)ချစ်မြတ်နိုးတဲ့ သက်ရှိ သက် မဲ့ တွေနဲ့ ကွဲပြားတတ်တယ်..။ ကျွန်မတို့က မကွဲပြားအောင်အားထုတ်တယ်..စိတ်ကျက်စားတယ်..။မှားနေပြီ..။
၅။ကံလျင် ဥစ္စာ= စိတ်ကူးယဉ် ဇာတ်လမ်းတွေကိုရပ်တန့်စေခဲ့တာ..မိမိရဲ့ အတိတ်၊ပစ္စုပ္ပန် ကံ အကျိုးပေးနဲ့ ထိုက် သင့်သော ဥစ္စာ ကို သာ ရလိမ့်မပေါ့..။လက် ရှိ အခြေအနေကို အားမရတဲ့ စိတ်ကျက်စားမှုများ ရပ် တန့်သွား ရမယ်..။

ဘုရားရှင် က ဤသို့ စိတ်ကျက်စားခိုင်းတယ်..အဲလို ကျက်စားရင် ပညာ အလင်း။ ကျွန်မတို့က ပြောင်းပြန် ကျက်စားတယ် မောဟအမှောင်၊ ပညာ ဉာဏ်အလင်း (တနည်း)ပညာ စေတသိတ်သည် စိတ်နှင့် ယှဉ် ၍ နေတာစိတ်အစားစားမှန်တာပေါ့(စိတ်ကို မှီတွယ် စိတ်ကိုချယ် မှတ် ဖွယ် စေတသိတ်)လို့ အဘိဓမ္မာမှာဆိုထားပါတယ်..။

ထိုသို့တည်တဲ့ နှလုံးအိမ်မှတဆင့် သွေးသားချဉ်ဆီမှာ သတ္တိကိန်းမှာပါ..။တစ်ကိုယ် လုံးသွေးတစ်ပတ်လည် ဘို့ ၂မိနစ်ခွဲ ကြာပါတယ် တဲ့။ လည်ပတ်ပြီး သွေးသားချဉ်ဆီမှာ တိတ်ခွေ ဖမ်းသလို သတ္တိကိန်းသွားပါတယ်..။အဲလို ကိန်းမှသာ ဝိပဿနာ အာရုံမှာ အမြဲပျော် မှာ ပါ..။

ကျွန်မ သည် Blog ကို ရေးဖြစ်ခဲ့တာကလည်း သူများမဖတ် တောင် ကိုယ့်စိတ်ကို ကို အစင်ကြယ် ဆုံးအစာ ကိုထည့်သွင်းကျက်စားပေးနိုင်တဲ့ အကျိုးကတော့ အသေအချာ ပဲဆို ပြီးရေးဖြစ်ခဲ့ပါတယ်..။ရာ နှုန်းပြည့်သည် အထိ.လည်း ကြိုး စားနေပါတယ်လေ..။

အဲဒါနဲ့ ကျွန်မဘဝရဲ့ Motto လေးကို (Simplify my life, purify my mind )လို့သတ်မှတ်ခဲ့တာ ပါ..။ (ရှင်းသန့်စင်ကြယ် မှုကို ဘယ် လောကစည်းစိမ်နဲ့ မှ မလဲလှယ်မိပါစေနဲ့ )လို့ ကိုယ့်ကို ကို သတိပေးခဲ့တာ ဖြစ်ပါတယ်..။

Wednesday, February 25, 2009

သစ္စာသိရန် အခြံအရံ

















ဦးကျော်စိုးမိသားစုပုံနှင့်
ဦးသောင်းထွဋ်+မိခင်



မနေ့ ကကျွန်မတို့စိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသားဟောင်းများရဲ့ Group Mail ထဲကို စင်္ကပူရောက် သူငယ်ချင်းတွေရဲ့ စင်္ကပူဒေါ်လာ တစ်သောင်းကို လှူတဲ့ သတင်းတစ်ပုဒ် လက် ခံရရှိခဲ့ပါတယ်..။ Sambawang Singapore မှာတရားစခန်းဖွင့်လှစ် နိုင်ရေးအတွက်ဆရာတော် အရှင် ရာဇိန္ဒ ကို လှူတာ ဖြစ်ပါတယ်.။ပုံလေးထဲမှာ ကြည့်ရတာ ပီတိနဲ့ပျော် နေကြတာ ကောင်းလေစွ ပါ..။

လှူတဲ့ သူ က ကျမရဲ့ တစ်နှစ်ကြီးစီနီယာ ဦးကျော် စိုး၊ဇနီးဒေါ်ဌေးဌေးခင်။သမီးများဖြစ်တဲ့ ဌေးဦးသူ၊ ရည်မွန်စိုးတို့ဖြစ်ပါတယ်။ ကို ကျော်စိုးဆိုတာ ကကျွန်မတို့ကျောင်း တက် တုံးကကျောင်းမှာ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ အဖြစ်ဆောင် ရွက် ခဲ့တာပါ..။ ကညစ်နဲ့ ဖယောင်းစက္ကူမှာရေးပြီး ထုတ်ရတဲ့ ဗုဒ္ဓဘာသာ အသင်း လှုပ်ရှားမှုစာစောင်လေးတွေအတူ ထုတ်ဝေခဲ့တာ မို့ သူတို့ရဲ့ အလှူဒါန သတင်းလေးကို ကျွန်မရဲ့ စာမျက် နှာများမှာ မှတ်တမ်းတင်ပေးချင်စိတ်တွေ နဲ့အတူ မုဒိတာတရားပွားများဖြစ်ခဲ့ပါတယ်.။

ကျွန်မတို့ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဆိုတာ ကဟိုးအရင်အခါတုံးက တိုက် နယ် ဆေးရုံသာ ရှိတဲ့ ရေဆင်းရွာလေးကို အမှီ ပြုရပ်တည်ရတာ ပါ..။ အခုတော့လည်းနေပြည်တော် ကတက္ကသိုလ်ပေါ့နော်..။

အဖိတ်နေ့တွေဆို ဗုဒ္ဓသာဘာ အသင်းလှုပ်ရှားမှုတွေ ကဆွမ်းတော်ကြီးအလှူခံထွက် ရတယ်၊ ညဖက် မှာ အဆောင် တွေကို အလှည့်ကျ ဓမ္မစင်္ကြာ လိုက်ရွတ်ကြပါတယ်..။အလှည့်ကျတဲ့ အဆောင် ကဝတ်ရွတ်သူများကို ကျွေးမွေးရပါတယ်..။ညနေ၆နာ ရီ အဆောင် ပိတ် Roll Call ထူးပြီးမှ ညရနာရီ ညထွက် ခွင့်ရပြီး သွားရတာ မို့ အဲဒီတုံးကတော့ အဖိတ်နေ့ တွေဆို သိပ်ပျော်ကြပါတယ်..။

မှတ်မိသေးတယ်..။ရေဆင်းဆိုတာ ကျွန်မတို့ကျောင်းသားအားလုံးကို တစ်သားထဲဖြစ် စေခဲ့တဲ့ နေရာတစ်ခုပါပဲ။အိမ်မှာ ကားရှိလည်းစီးလို့မှမရတာ.။အားလုံးအဆောင်ကတက် လမ်းလျှောက် အတူတူတစ်သားတည်းဘဝတွေပါပဲ..။အဲဒီတုံးက ကျွန်မ က (တန်းအလွှာ၊ ခဝါချ စေတဲ့ သဘာဝရင်ခွင်) ဆို ပြီး ကဗျာ တစ်ပုဒ်ရေးခဲ့ဘူးသေးတယ်..။

အဲလို မိဘ နဲ့ဝေးတဲ့ နေရာ မှာ ကျောင်းတက်ရတာ တနေ့မှာ ကို ကျော်စိုးတို့နှစ်က ကို စံထွန်း ဆိုတဲ့ ကျောင်းသားတစ်ယောက်က အဆောင်က အခန်းထဲမှာရုတ်တရက် သေဆုံးခဲ့ပါတယ်..။စာ ကြိုး စားသူဆိုတော့ဆေးရုံက ခွင့် မပြုတာ ကို စာမေးပွဲစိတ်မချလို့ပြန်ဆင်းပြေးလာတာ..အဆောင်မှာ ဆုံးရှာတယ်.။

ကင်းတားဆောင်ရှေ့မြက်ခင်းပြင်မှာ မဏ္ဍပ်ထိုး၊ အလောင်းပြင် တာတွေကို ကျောင်းကပဲစီစဉ်ရတာ ပါ..မိဘတွေကနောက် မှ လိုက်လာ နိုင်တာပေါ့..မှတ်မိသေးတယ်..။ကျွန်မတို့အသုဘရှိနေတဲ့ ညတိုင်းဝတ်ရွတ်ထွက်ရတာ အဲဒီတုံးကတော့ မပျော်ခဲ့တာ သေချာ မှတ်မိနေခဲ့တယ်..။

မြို့ပြ မဟုတ်လေတော့ အုတ်ဂူကို လုပ်တဲ့ အခါ ဆရာ၊ဆရာမ တွေကြီးကြပ် မှုနဲ့ အတူ ကျွန်မတို့ ဗုဒ္ဓဘာသာ အသင်းဝင်တွေ ကိုယ် တိုင်အုတ်စီ၊ပန်းရံကိုင်ခဲ့ရတာ တွေ၊သပိတ်သွတ် ခဲ့ရတာတွေ ဟာ အဲဒီအခါက အသက် ၂၀ မပြည့်တတ်သေးတဲ့ ကျွန်မတို့အတွက်တော့ မဟာ အတွေ့အကြုံကြီးပါ..။

ဆရာ ဆရာမ တွေဟာ မိဘတာဝန်တွေပါ တစ်ပိုင်းတစ်ကဏ္ဍ ယူကြရတာ ဆိုတော့ ကျွန်မတို့တွေရဲ့ ဆရာ့ကျေးဇူးသိတတ်မှုဟာ တခြားသော တက္ကသိုလ်ကျောင်းသားတွေထက် ပိုသိမှတ် နားလည်နေကြပါတယ်.။ နွေးထွေးမှုလည်းပိုပါတယ်။

အခုတော့လည်း ဆယ်စုနှစ် ၃ခုနီးပါးကြာခဲ့တဲ့ အချိန်တွေဟာ ဘဝများစွာကို နေရာတွေလည်းခြားစေခဲ့၊ ရေမြေ တွေလည်းခြားစေခဲ့၊ရပ်တည်မှုတွေလည်းခြားစေခဲ့ပါပြီ..။ဘာသာရေးအသိစိတ်ဓါတ် တူညီစွာ ပြန် မြင်ရတဲ့ အခါမှာတော့ ကြည်နူးဝမ်းမြောက်ရပါတယ်..။

ဓနရဲ့ အနှစ်သာရသည် ကား ဒါန ဖြစ်နေတာ ကို တွေ့မြင်ရလို့လည်း ဓန အတွက်ကော ၊ ဒါန အတွက်ပါကျေနပ်ရပါတယ်.။ သည် အလှူမှာ Group Email Administrator ကိုသောင်းထွဋ် ကိုလည်း သူ့ရဲ့ကျေးဇူးရှင်မိခင်ကြီးနဲ့ အတူ တွေ့ရတော့ကျက် သရေရှိတဲ့ ဓာ တ်ပုံ တစ်ခုလို့ကျွန်မမြင်လို့ ဖော်ပြလိုက်ပါတယ်..။ကျေးဇူးတော် ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးက ကိုယ့်ဘဝရဲ့ စာ မျက် နှာများ မှာ မိဘ သည် ခေါင်းကြီးပိုင်းမှာ ရှိနေရမယ် ဆိုတဲ့ ဆုံးမစကားနဲ့လျော်ညီနေလို့ပါ..။

သည် အလှူလေးကို အကြောင်ြး့ပုပြီးကျွန်မမှတ်ထားဘူးတဲ့ အမြင့်မြတ်ဆုံးဒါနပြုနည်း ဆိုတဲ့ တရားဒါနလေးကို မျှဝေချင်ပါတယ်..။

အမြင့်မြတ်ဆုံးဒါနပြုနည်း

အလှူ ရှင် တွင် ထားရမဲ့စိတ်သုံးမျိုးနဲ့ ပြည့်စုံရင် မဟာကုသိုလ်စိတ်ဖြစ်ပြီး အမြင့် မြတ်ဆုံးအကျိုးကို ပေးကို ရပါတယ်.။
၁။ဝမ်းမြောက် စွာနဲ့ လှူရပါမယ်။
၂။ဉာဏ်နဲ့ ယှဉ်ပြီးလှူရပါမယ်။
၃။သူတစ်ပါးတိုက် တွန်းမှု မပါပဲ ထက် ထက် မြက် မြက် လှူရပါမယ်။

နံပါတ် ၂ အချက်ကို သိတာ နည်းကြပါတယ်..။ဉာဏ်နဲ့ ယှဉ်ပြီးလှူတဲ့ အခါမှာ
၁။သာသနာတော် ကို သာ ရည် ရွယ် ပြီးလှူရပါမယ်..။

လှူတာဆိုတော့ အကျိုးပေးဆိုတာ ရှိစမြဲဆိုတော့..
တိရိစ္ဆာန်တစ်ကောင်ကိုလှူရင် ဘဝတစ်ရာ အကျိုးပေးပါတယ်..။
သီလမရှိတဲ့ လူဆိုရင် ဘဝတစ်ထောင်၊
သီလရှိတဲ့ လူဆိုရင် ဘဝပေါင်းတစ်သိန်း၊
သမထဈာန်ရတဲ့ သူဖြစ်ရင် ဘဝပေါင်းကုဋေ တစ်သိန်း၊
သောတာပန်ကိုလှူရင် ဘဝပေါင်း အသင်္ချေ၊
သကဒါဂါမ် ကို ဆိုရင်သောတာပန်ထက် ပိုပါတယ်၊
အနာဂါမ် ဆိုရင် သကဒါဂါမ် ထက် ပို ပြီး
ရဟန္တာကို လှူရင် အနာဂါမ်ထက် ပို ပါတယ်..။
ပစ္စေက ဗုဒ္ဓါ ကို လှူရင် ရဟန္တာ ထက် ပို ပြီး
ဘုရားရှင် ကို လှူရင်ပစ္စေက ဗုဒ္ဓါထက် ပိုပါတယ်..။
ဘုရားအမှူးရှိသော သံဃာတော်တွေကိုလှူရင်(သံဃိက) အဖြစ်လှူရင် ဘုရားကို လှူ တာထက် ပိုပါတယ်..။
သာသနာတော် အတွက်ရည် မှန်းပြီးလှူရင် (သံဃိက)ကိုလှူတာ ထက် ပိုပြီးအကျိုးများပါတယ်..။
အခု အလှူ ကစင်္ကပူမှာ တရားရိပ်သာ ဖွင့်နိုင်ရေး၊ စင်္ကပူ မှ ဗုဒ္ဓ သာသနာအတွက် ဆရာတော် ဦးရာ ဇိန္ဒ ကို လှူတာ ဆို တော့ အမြတ်ဆုံးနဲ့ အကျိုးအပေးဆုံးမှာ ပါဝင် နေပါတယ်..။

၂။ အလှူခံပုဂ္ဂိုလ်အတွက် ဆုတောင်းရပါမယ်..။


လှူပြီဆိုတာနဲ့ ဒါနရဲ့ အကျိုးကို မိမိရရပါလို၏ လို့ဆုမတောင်းပဲ အလှူခံ ပုဂ္ဂိုလ်အတွက် ဒါနဲ့ အကျိုး ရပါစေဆိုတဲ့ စိတ်ညွှတ်ပြီး စေတနာထာပေးတဲ့အခါ စေတနာသည် ကံဖြစ်တဲ့အတွက် စေတနာရဲ့ အကျိုးကို ပါ နှစ်ထပ်ကွမ်း ကုသိုလ်ရရှိနိုင်ပါတယ်..။
အဲဒီစေတနာမှာလည်း သုံးတန်ရှိပါတယ်..။
ပုဗ္ဗ (မလှူခင်ထားရမဲ့ကုသိုလ်စိတ်)
မုဉ္စ (လှူနေစဉ်မှာထားရမဲ့စိတ်)
အပရ( လှူပြီးချိန်မှာထားရမဲ့စိတ် )တို့ဖြစ်ပါတယ်..။
အလှူလုပ်မယ်လို့ သဒ္ဒါပေါ်လာတဲ့အချိန်မှာ မိမိလှူမဲ့ ပုဂ္ဂိုလ်ကို ရွေးချယ် ဆုံးဖြတ်ခွင့်ရှိပါတယ်.။ရွေးပြီးမှ သည် စေတနာ သုံးတန် ကို ရောက်လာ ပါတယ်..။အဲဒီအခါမှာ အလှူခံပုဂ္ဂိုလ်ရဲ့ အကောင်းအဆိုးကို မစိစစ်တော့ပဲ
သာသနာတော်ကိုသာ ရည် ရွယ်ပြီး
ဘုရားသာသနာပြုသူအလှူခံပုဂ္ဂိုလ်အတွက် ဒါနအကျိုးများရပါစေဟုဆုတောင်းပေးပါ..။


၃။ အချက် ကတော့ အရေးအကြီးဆုံးဖြစ်ပါတယ်..။

ဆရာတော် များစွာရဲ့ အဆုံးအမ များကု မှတ်သားထားမိသလိုမျှဝေချင်ပါတယ်..။
ပိုင်းလော့ဆရာတော်ဘုရားကြီးကမှာပါတယ်..ဒါနသည် အပေါစားတရားမဟုတ်၊မဂ်ဖိုလ်နိဗ္ဗာန် ကို ဆက်သွယ် ပေးနေတဲ့ဇောင်းတန်းသဖွယ်လို့ မိန့်ကြားဘူးပါတယ်..။

မိုးကုတ်ဆရာတော် ဘုရားကြီးက မိန့်ကြားဘူးပါတယ်..ဒါနနောက်က အသိမလိုက်ရင် သံသရာ ရှည်မယ်တဲ့။ဒါန၊သီလ ၊သမထ ဆိုတာ သာသနာ ပမှာလည်းရှိပါတယ်။ဝိပဿနာ သာ မရှိတာပါ.။သာသနာ တွင်းမှာ ဘုရားပွင့်၍ ဉာဏ် ၂ ဉာဏ်ရနိုင်ပါတယ်..။ကမ္မဿကတာ ဉာဏ် နှင့် သစ္စာကို သိသော သစ္စာနုလောမိက ဉာဏ်(ဝါ) ဝိပဿနာဉာဏ် တို့ဖြစ်ပါတယ်..။

ယခုကို ကျော်စိုးတို့ရဲ့ အလှူ ဒါနသည် သစ္စာ သိရန် အခြံအရံတစ်ခုဖြစ်ပါစေကြောင်း၊ဖြစ်လိမ့်မယ်လို့ လည်းယုံကြည်ပါတယ် လို့မှတ်တမ်းပြုရင်းနဲ့သာဓုခေါ်လိုက်ပါတယ်..။ သာဓု သာဓု သာဓု

Saturday, February 14, 2009

ပိဋကတ် သုံးပုံ နှင့် သံဃာ့ဂုဏ်

ကလေးတို့ရေ....
အခုပြော ပြချင်တာ က ပိဋကတ် သုံးပုံ ကို မြန်မာပြန်များကို PDF File ကို ပြောင်းထားလိုက်ပြီး တင်ထားတာ ပါ..။မြန်မာ ပြည် မှ ခရစ်ယာန်ဘာသာ ဝင် ညွှန်ကြားရေးမှူး တစ် ဦး က လေ့လာ လိုကြောင်း၊ရယူလိုကြောင်း တဆင့် ကြား သိရတဲ့ အတွက် လျင် လျင် မြန် မြန် ရရှိအောင် ဆောင်ရွက်လိုက်ရပါတယ်..။
မေမေတို့ လူ ပုဂ္ဂိုလ် တွေက ကျေးဇူးတော် ရှင် မြတ် စွာ ဘုရား ရဲ့တရားတော် တွေကို သံဃာ တော် တွေ မှ တဆင့် ထိတွေ့ ကြားနာ ခွင့် တွေရရှိရပါတယ်..။
သံဃာ တော် တွေ ဟာ သူတို့ ရဲ့ ဘ၀ မှာ၊ပဋိပတ္တိအားထုတ်ခြင်း။ပရိယတ္တိစာပေသင်ယူခြင်း၊ သင်ကြားခြင်းတွေနဲ့အတွက် ဘဝ တစ်ခုလုံး မြှုပ် နှံပေးဆပ်ကြ့ ပါတယ်..။ နောက်ပြီး ထေရ် အစဉ် အဆက် ထိန်းသိမ်းခဲ့လို့သာ ထေရ ဝါဒ ဗုဒ္ဓ သာ သနာ တော် ကို ဘုရားဟော မူရင်းအတိုင်းမေမေတို့ ကြားနာ ခွင့် ရကြတာ ဖြစ်တယ်။ သည် လို နှလုံးသွင်းပြီး (သံဃာ)ကို ကြည်ညိုတတ်ပါစေ၊ ရိုသေတတ်ပါစေ၊ တန်ဘိုးလည်းထားတတ်ပါစေ ကလေးတို့ ရေ။
မေမေ တို့ Buddhist Great Council လို့ ခေါ်တဲ့ သင်္ဂါ ယနာ တင် ခြင်းကို နှစ်ကြိမ်တိုင် တိုင် မြန်မာနိုင်ငံ မှာ ပြုလုပ် ခွင့်ရခဲ့ တာဟာ မြန်မာ ပြည်မှ သံဃာတော် တွေရဲ့ သီလဂုဏ်၊ သမာ ဓိဂုဏ်၊ ပညာ ဂုဏ် တွေ ကြောင့် ပါကလေးတို့ ရေ..။ဘာ ဖြစ်လို့လဲ ဆို တော့ ဆဋ္ဌမ အကြိမ် သင်္ဂါ ယနာ တင် ပွဲကို ထိုင်းဘုရင် က သူတို့ နိုင် ငံ မှာ လုပ် သင့်ကြောင်း လုပ် လို ကြောင်း ဆွဲ ယူ ခဲ့ပါတယ်..။
မအောင်မြင် ခဲ့ပါ ကလေးတို့ ရေ.. ဘာ ဖြစ်လို့လဲ ဆိုတော့ ထိုင်းနိုင် ငံ မှာ ပိဋကတ် သုံးပုံ ကို စာ မျက် နှာ ဘယ် လောက်မှာ ဘာ ရှိတယ်၊ ကြောင်းရေ ဘယ် လောက်ဖြစ်တယ် ဆိုတာ သာ မက ပါဋ္ဌိ၊ အနက်၊ အနက်ရင်း တို့ကို အတိ အကျ စာ အုပ် မကြည့် ပဲ ပြန် ဆို နိုင် တဲ့ ၊ Guinness World Records မှာ ဉာဏ် ရည် ကို မှတ် တမ်း အတင် ခံ နိုင်စွမ်း ရှိ တဲ့
(ကျေးဇူးတော် ရှင် အရှင် ဝိစိတ္တသာ ရာဘိဝံသ) လို သံဃာ ရတနာ သည် ထိုင်းနိုင် ငံ မှာ ရှိ မနေလို့ပါပဲ ကလေးရေ..။
ထိုင်း နိုင် ငံ မှာ ထိုင်းဘာ သာ နဲ့ ပိဋကတ် သုံးပုံ ကို ပူဇော် လို တဲ့ အခါ မြန်မာ ပြည် ၊ မဟာစည် ရိပ်သာ မှ မြန်မာ ဆရာတော် ကို တောင်းပန် လျှေက်ထားခဲ့ကြပါတယ်..။ ထိုင်းမှာ အနှစ် ၄၀ ကျော် နေထိုင်ပြီး သာ သနာပြုပေးခဲ့ တဲ့ ကျေးဇူးတော် ရှုင်ဆရာတော် အရှင် အာ သဘ ဖြစ်ပါတယ်။
မေမေ ထိုင်း မှာ နေတုံးက ကျေးဇူးတော် ရှင် ချမ်းမြေ့ရိပ်သာ ဆရာတော် ဘုရားကြီးနဲ့ အတူ လိုက်ပါ ပြီး ဖူးမျှော် ခဲ့ရဘူးတယ်..။ အော် မီးမီး နဲ့ မေမေ့ မမကြီး ပါ ပါတာ ပဲ မှတ်မိတယ်မဟုတ်လားသားသားတော့ မပါဘူးနော်။ မြ ဘူရားနား က ကျောင်းတိုက် မှာ ထိုင်းဘုရင် ကိုယ် တိုင် ဆေးဝါးကုသပေးထား တာ အဲ ဒီတုံးက သက် တော် ၉၀ ကျော် နေခဲ့ပါပြီ..။
နောက် တစ်ခုကတော့ မေမေ က ထိုင်းမှာ တုံးက တစ် ခါ အီတလီ မှာ တစ် ခါ ဆရာ ကြီး ဦး ဂိုအင်ကာ ဖွင့် လှစ်တည် ထောင် ထားတဲ့ ဓမ္မကမ္မလ ရယ်၊ ဓမ္မအတ္တလ ရယ် မှာ တရား နှစ် ကြိမ်ဝင် ခဲ့ဘူးပါတယ်..။မှတ်မှတ်ရရ.. ၉ရက် မြောက် ည နာယူရ တဲ့ ဆရာ ကြီးရဲ့ Discourse မှာ
(Myanmar is only one country which maintained the original techniques of Buddhism.
I was fortunately born in Myanmar.)
လို့ ပောာတာကို ကြားလိုက်ရ ချိန် မှာ မြန်မာ အဖြစ်မွေးဖွား ခဲ့ ခြင်း ဟာ တို့ များ ရဲ့ ကံကောင်းခြင်းလက် ဆောင်တွေပါ လားလို့ကြက်သီး မွှေးညှင်းထ ကြည် နူး ဝမ်းမြောက် ခဲ့ ရပါတယ်..။တန် ဘိုး လည်း ထားတတ် ခဲ့ပါတယ် ကလေးရေ..။

အဲ ဒီလို ခံယူ ချက် ကလေး တွေ ရှိသွားရင် မေမေတို့ လည်း ပိဋကတ် တော် တွေကို ပူဇော်ချင် စိတ် တွေ ပေါ်လာ မှာ ပဲ နော်..။ မြန်မာ လို ဖတ်ခွင့် ပူဇော်ခွင့် ရတာ ဘုန်းကံကြီးမားလွန်းလို့သာ ဖြစ်ပါတယ်.လို့ မှတ်ယူထားပါကလေးတို့ရေ။
အခု မျှ ဝေထားတဲ့ File စာရင်းကို ဖေါ်ပြထားပါတယ်။http://www.dhammadownload.comမှာ ဓမ္မဒါနကုသိုလ်ရှင် အရှင်အာစာရထေရ၀ါဒတက္ကသိုလ်၊ ရန်ကုန် က မျှဝေထားတာရယ် Alpha Computer မှဒေါက်တာ ဇော်ရဲသူ ဓမ္မ ဒါန ပြုထား တဲ့ File များကို PDF File အဖြစ်ပြောင်းပြီး upload ထားခြင်းဖြစ်ပါတယ်..။တန်ဘိုးထား ပူ ဇော်ကြရင် အလွန် ဝမ်းမြောက်ရမှာ ပါ..။

(၀ိနည်းပိဋက မြန်မာပြန်)

ဝိနည်းပိဋက - ပါရာဇိကဏ် ပါဠိတော် မြန်မာပြန်
်ဝိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုပါစိတ်
ဝိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုနီဝိဘင်း
ဝိနည်းပိဋက - မဟာဝဂ် ပါဠိတော် မြန်မာပြန်
ဝိနည်းပိဋက - စူဠ၀ဂ် ပါဠိတော် မြန်မာပြန
်ဝိနည်းပိဋက - ပရိဝါ ပါဠိတော် မြန်မာပြန်

(သုတ္တန်ပိဋက နိကာယ်ငါးရပ် မြန်မာပြန်)

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် သီလက္ခန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် မဟာဝဂ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် ပါထိက၀ဂ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် နိဒါန၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဧကကနိပါတ်
်သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဒုကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် တိကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် စတုက္ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ပဉ္စကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဆက္ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် သတ္တကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် အဋ္ဌကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် န၀ကနိပါတ်
်သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဒသကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဧကာဒသကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဣတိဝုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် သုတ္တနိပါတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ၀ိမာန၀တ္ထုပါဠိတော် မြန်မာပြန်
်သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပေတ၀တ္ထုပါဠိတော် မြန်မာပြန်
်သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပဋိသမ္ဘိဒါမဂ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရာပဒါန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရီအပဒါန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဗုဒ္ဓ၀ံသပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် စရိယာပိဋကပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် မိလိန္ဒပဥှာပါဠိတော် မြန်မာပြန်

(အဘိဓမ္မာပိဋက မြန်မာပြန်)

အဘိဓမ္မပိဋက - ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန်
်အဘိဓမ္မပိဋက - ၀ိဘင်္ဂပါဠိတော် မြန်မာပြန်
အဘိဓမ္မပိဋက - ပုဂ္ဂလပညတ်ပါဠိတော် မြန်မာပြန်
အဘိဓမ္မပိဋက - ကထာဝတ္ထုပါဠိတော် မြန်မာပြန်

Thursday, February 12, 2009

သစ္စာတရားကိုဝင်းမြင့် နှင့် အဖြူရောင် မေတ္တာကိုဖိုးသားသို့

၁၉၉၈ လောက် ကမှ စပြီး ဆရာတော် ဘုရားတွေ ရဲ့ တရားတော် တွေကို နာ ယူပြီး ၊ နားရည် ဝ နေခဲ့ ရ သလို တကယ် လည်း လိမ္မာချင် စိတ် တွေ ပေါက် ခဲ့ရပါတယ်..။ စကားပြောရင် လည်း တရားတော် တွေထဲက ဥပမာ တွေကို ပြော နေဖြစ်တာ ကို ပတ် ဝန်းကျင် ကသတိထားမိကြပါတယ်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က ပြန်လည် ဖြန့် ဖြူး ရ လိမ့်မယ်လို့ကြိုတင် မိန့်ကြားခဲ့ဘူးပါတယ်..။အကြောင်းပြည့်စုံလာ တဲ့ တစ် နေ့ကို ရောက် ခဲ့ တော့ သည် ဘလော့လေး ကို ရေးဖြစ်ခဲ့ပါတယ်။

ကျွန်မ တို့ ကျောင်းနေတုံး ကဆိုရင် စာ စောင်ထုတ် ဘို့ဆိုတာ ဖယောင်း စက္ကူ မှာ ကညစ် လို့ခေါ်တဲ့ အပ် ချွန် ချွန် နဲ့ ဖောက် ရတာ တော် တော်လေးကို ပင် ပန်းပါတယ်..။ ပြီးမှ စာ ကူး စက်မှာ မှင် ထည့်ပြီး လှည့်ထုတ်ရတာ ၊ ကိုယ့် ကဗျာ လေးတွေ စာ လေးတွေကို မှင် အမဲ လေး နဲ့ မြင်ရတဲ့ ပီတိ က မမေ့နိုင် စရာ ပါ..။

အခု ခေတ်တော့ သည်လို ကိုယ် ဂျာ နယ် မှာ ကိုယ် ပဲ စာရေး၊ဆရာ ကိုယ် ပဲ ဒီဇိုင်းဆရာ၊ ကိုယ် ပဲ အယ် ဒီတာ၊ ကိုယ် ပဲ ထုတ် ဝေ သူ ။စာပေစိစစ်ရေးကို လည်းတင် စရာ မလိုဘူး။ ချက် ချင်းလည်းမြင်ရတာ ဆို တော့ ကျောင်းတုံးက ဗီဇ က ထက် သန် ပြင်းပြလာ တာ ပေါ့လေ..။ ဒါကလည်း အကြောင်းတစ် ကြောင်းပေါ့.။

တရား ဝေငှတဲ့ အခါ ဆရာ လုပ် သလို၊ အမိန့်ပေးသလို ပုံစံ မျိုးမဖြစ်ရအောင် ငါကပိုသိတယ် ဆိုတဲ့မာန လေသံတွေ ကင်းစင်ရလေအောင် အမေ က သားသမီးတွေကို ဆုံးမ တဲ့ ပုံစံကို ရွေးချယ် ခဲ့ရပါတယ်..။ တကယ် လည်း သား သမီး ၂ယောက် ရဲ့ အဝေးမှာနေရတဲ့ မိခင် တစ်ဦိးပါ..။

မရေးသားခင် ကို ဝင်းမြင့်တို့ ကို ဖိုး သားတို့ ရဲ့ ဆိုက် ကလေး တွေက အတုယူစရာ၊ ဆရာတင် စရာ လေ့လာ ခဲ့ရတယ် အတွက် ကျေးဇူး အများကြီး တင်နေပါတယ်..။ဖန်တီး မှု အစုစုတွေကိုလည်း သာဓုခေါ်ရပါတယ်၊ လေးစားမှု နဲ့ မှတ်တမ်းတင်ပါတယ်။

ဟို တလော က ကျွန်မ Email ထဲကို လိင် မှု ပိုင်း ဆိုင်ရာ ၊ပုံတွေ ထင်ထင် ရှားရှား ဖေါ်ပြထားတဲ့ Blog တစ်ခု ရဲ့ Link ကို ပို့တာ ခံရဘူးပါတယ်။သေချာ စစ်လိုက်တော့BCC နဲ့ လူ တွေ တော် တော် များများကို ပို့ တဲ့ ပုံ ပါ ပဲ..။ ကိုလတ်ဆိုတဲ့ မြန်မာ အမျိုးသားနံမည် နဲ့ပါ..။

နည်းပညာတိုး တက် မှု ဟာ မီးလို ပါပဲ ကောင်းကျိုးတွေ ဖြစ်စေနိုင် သလို ဆိုးကျိုး တွေ ကလည်း အားကောင်းစွာ လိုက်ပါ ကြတာ ကျွန်မ သတိပြုမိပါတယ်..။
Internet Cafe မှာ အချိန်တော် တော် များများ ကုန်ကြမဲ့ နည်းပညာ သစ်ကိုလိုက် စားကြသူ လူငယ် တွေ အ တွက် ကျွန်မ စိုးရိမ်မိပါတယ်။
Biological need ဖြစ်ပေမဲ့ လွန်ကဲ မှု ဟာ စိတ် စွမ်းအား ကိုယ် စွမ်း အား လမ်းမှားရောက် စေနိုင်ပါတယ်၊အခုလို ကျွန်မတို့တို့အားလုံးရဲ့ ကြိုးပမ်း မှု တွေဟာ၊ တစ် ချို့ တစ် ချို့သော နေရာ တွေ အတွက် မီးလျှံ ကြားကရေစင်၊ ကန္တာရကြား မှ အို အေ စစ် ဖြစ်တန် ကောင်း ပါရဲ့လို့ ဆုတောင်းရပါတယ်။
ကိုဝင်းမြင့် တို့ ကို ဖိုးသားတို့ တွေ က တော့ အဆင့်မြင့် မိုးကုတ် ဆရာ တော် ဘုရားကြီးရဲ့ တရား သံ တွေ ထုံ မွှမ်းထား တော့ ဘုန်းကံ လည်း ကြီးမားကြပါပေတယ် လို့ ထပ် မံ ၍ ချီးကျူး စကားဆို ချင်ပါတယ်.။
ပိုင်းလော့ ဆရာတော် ဘုရားကြီး ဆုံးမထား ဘူးတာ က မဂ် ဉာဏ် ဖိုလ် ဉာဏ် ဆောင် နိုင် တဲ့ အရည် အသွေးရ ဘို့ ဆိုတာ က ပါရမီ ရင့် ကျက် ပြီးသား မှ ဖြစ် နိုင် တာ ပါ တဲ့..။ဘုန်း ဆို တာ ကလည်း (ပုည =ကုသိုလ်ကောင်းမှုရှိခြင်း) ဆို တဲ့ ပါဋ္ဌိ ကနေ ပုဉ်း ဖြစ်ပြီး ဘုန်း သို့ ဆင်းသက် လာ တယ် ဆို တာ ကို ဝင်းမြင့်တို့ က ပို သိပါတယ် လေ..။
ကျွန်မ ရဲ့ Target Group က ကလေးများဖြစ်လို့ ပါရ မီ ကျင့်စဉ် များ ကသာ စတင် လိုက် ပါတယ်..။ပါရမီ ကျင့် စဉ် များ မှ တဆင့် ကြိုးပမ်းရင်း သစ္စာ ပန်းတိုင် ဆီိသို့ လျှောက် လှမ်းရမှာပါ။ ပိုင်း လော့ ဆရာတော် ဘုရားကြီးကလည်း တရား ဟော တယ်(သည် မှာ တော့ မျှ ဝေ တယ် ပေါ့လေ..။ ) ဆို တာ ကျင့် ဆဲ(သို့မဟုတ်) ကျင့်ပြီး ပုဂ္ဂိုလ် မှသာ ပြုလုပ် ပါ လို့ ဆုံး မ ခဲ့လေ တော့ ကျွန်မသည် ကျင့် ကြံ အားထုတ် ဆြဲဖစ်ပါတယ်..။
ကျင့် ဆဲ ဆို ရင် ဓမ္မ ရသ ကို ခံ စားရမယ်၊ ကျင့် ပြီး ပုဂ္ဂိုလ် ဆိုရင် ဝိမုတ္တိ ရသကို ခံ စား ရ မယ် ဆို တာ ဆရာတော် ဘုရားဟော ကြား တော် မူပါတယ်..။ အဲ သည် ဓမ္မ ရသ နဲ့ တင် မျှ ဝေ ချင် စိတ်ဖြစ် လာ ခဲ့ရတာ ပဲ ဆို ပါတော့။
ကျွန် မထက် အသက် များ စွာ ငယ် သော် လည်း ပညာ ဉာဏ် ရင့် ကျက် မှု ရှိခြင်းကို သာဓု ထပ် မံ ခေါ်ဆို လိုက် ပါတယ်..။

ရွှင်လန်း ထက် သန် စွာ ဓမ္မ ခရီး ကို
ိုကြီး မြတ်သော လုံ့လ ဖြင့်
တက်ကြွစွာဆောင်ရွက် ကြရအောင်ပါ..။

ဓမ္မရသ ဖန်တီးရှင် သား ကိုအောင်ဆွေဦး သို့

သားကိုဦးရေ..

သားရေးတဲ့ comment လေး ကို Post အသစ် တင်ရင်းဖြင့် Response လုပ်ပါရစေ..။
ဓမ္မ Web site လေးတွေတော် တော် များများကို လည်ပတ် ဖတ်ရှုရင်း တော် လိုက်တဲ့ ကလေးတွေ..ကိုယ် ငယ် ငယ် က သည် အရွယ် မှာ လဘက်ရည် ဆိုင် ချိန်ပြည့်ထိုင်၊ ကဗျာ ရူး စာ ရူး ၊တစ်ခါ တစ်ခါ ဦးတည် ချက် တွေလည်း မဲ့၊ မိုက် လည်း မိုက် ခဲ့ဘူးပါတယ်..။
အခုကလေးတွေ ရဲ့ ဘဝတွေက အဓိပ္ပါယ် ရှိလိုက်ကြတာ လို့ လှိုက် လှိုက် လှဲ လှဲ ချီးကျူး မိပါတယ်..။ ကုသိုလ် အင်အား များပြားနေသူတွေမှ သာ သည်အလုပ် ကို ပျော်ရွှင်ကြည်နူး စွာ၊ လှိုက် လှိုက် လှဲ လှဲ ထက် ထက် သန် သန် လုပ် နိုင်ကြတာဖြစ်လို့ သာသနာ တော် ကို ကာ ကွယ် စောင့် ရှောက်ကြ တဲ့ ရှေ့တန်း ခံတပ် မှူးတွေ ပဲလို့လည်း တင်စား ထင်စားဝံ့ပါတယ် ကလေး ရေ..။
သားအရင်း ရဲ့ Blog မှာ ကတော့ Romantic Feeling တွေ ပြည့်လျှမ်းနေလေတာ့ ကိုယ့် တုံး ကလိုပဲလို့ နားလည် ပေးရပါတယ် သားရေ..။

တကယ် တော့ လည်း အနမတဂ္ဂ ဘ ဝသံသရာ မှာ ဘဝ တွေက အ သင်္ချေ ပေါင်း အနန္တ လို့ ကျေးဇူးတော် ရှင်မြတ် စွာ ဘုရား ကမိန့်ကြားခဲ့ပါတယ်..။ တသင်္ချေ ဆို တာ က ၁ နောက် မှာ သုည အလုံးပေါင်း ၁၄၀ ရှိ တယ် လို့ မှတ် သားဘူးပါတယ်..။

အခု ကမ္ဘာ့လူဦးရေ သန်း ၆၀၀၀ကျော် ပဲ ရှိတာ ဆို တော့ အာလုံး ဟာ မိဟောင်း ဖဟောင်းလို့ ခံယူ ဆက် ဆံရမယ်လို့ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော် ဘုရား က သင်ကြားပေးဘူးပါတယ် ကလေးရေ..။မတော် စပ်ခဲ့ဘူးတဲ့ အမိအဖ မရှိဘူးပေါ့လေ..။အကြောင်းဆက် တွေ ရှိ နေကြ တာ ၊ ရှိနေကြမှာ အသေအချာ ပေါ့ ။ မေတ္တာ တရားမှာ ခြံစည်းရိုးခြားပြီး ငါ့ မိသားစုမှ၊ ငါ့ ဘာ သာ မှ ငါ့ လူမျိုးမှ ဆို ပြီး ကွက် ကြား မိုးရွာ ရင်တော့ စစ်မှန်တဲ့ မေတ္တာ မဖြစ်နိုင်သေးဘူးပေါ့လေ..။

သည် လို သည်လို များပြားလှတဲ့ ဘဝ တွေကို အဝိဇ္ဇာကြီး စိုး ပြီး ဖြတ် သန်းခဲ့တာ၊ ငါ့ သား ၊ ငါ့မယား၊ငါ့ ကိုယ်၊ ငါ့ ဟာ ငါ့ ဥစ္စာ ဆိုတဲ့ သက္ကာ ယဒိဋ္ဌိ အစွဲ နဲ့ တို့ များ အပါယ် လေးပါးလည်း ကျ ခဲ့ဘူးမှာ ပါပဲ ကလေးရေ..။
မေတ္တာ နဲ့ ကျေး ဇူး တရားကို သိမြင် ဘို့တော ကျေးဇူးတော် ရှင်မြတ် စွာ ဘုရား က သမုတိ သစ္စာ ကို မပယ် ခိုင်းဘူးဆို တာ သားလည်းသိမှာပါ..။
သားဆုတောင်းပေးသလို သက္ကာ ယဒိဋ္ဌိ အစွဲ ကို မဂ် ဉာဏ် နဲ့ ပယ် သတ် နိုင်တဲ့ အထိ ကြိုးစား သွား မယ် ဆိုတာ ကတော့ အခုလူ့ဘဝ ရဲ့ အန္တိ မရည် မှန်းချက် ပါပဲ..။

တရားရဘို့ ဆို တာ ကလည်း အချက် ၃ ချက် အဓိက အရေးကြီးတာ ပေါ့လေ..။
၁။ မိတ် ဆွေကောင်း
၂။ တရားနာ
၃။နှလုံးသွင်းတည့် ရမယ် ဆို ထားတော့
တို့ များ သံသရာ ခရီးသည် တွေ အတွက် မိတ် ဆွေကောင်း တွေရဲ့ သစ္စာ ဉာဏ် ရောင် ၊ဓမ္မ အလင်းရောင် တွေ ဦးဆောင် ဖွဲ့စည်းခဲ့ တဲ့အခါ.. အဝိဇ္ဖာ အမှောင် ပျောက် လွင့် သွားမှာ ကို
အသေအချာ ယုံကြည် မိပါရဲ့ ကလေးရေ..။