Showing posts with label သားကြီးကိုဥဂ္ဂါ. Show all posts
Showing posts with label သားကြီးကိုဥဂ္ဂါ. Show all posts

Friday, January 9, 2015

နှစ်ပတ်လည် ကျေးဇူးစကား၊ ကျေးဇူးတရား


ဒီလ ၂၀၁၅ ဆိုရင် ကျွန်မ ရဲ့ သားကြီး ကို နှလုံးအဆို့ရှင် နှစ်ခု အစားထိုးကုသ ခဲ့တာ ၁နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်..။နှလုံးခွဲစိတ်ပြီး သားကြီး ချပ်ကနဲ ချပ်ကနဲ သော နှလုံးမြည်သံလေး နဲ့ အတူဖြတ်သန်းခဲ့ ရကာ အခုဆို ပေါင်ချိန် ၁၇၀ ကျော်အောင်ကျန်းမာဝဖြိုးပြီး Inter Religious Dialogue ဘာသာရပ် နဲ့ မဟာဝိဇ္ဇာတန်းတက်လို့ နေခဲ့ပါပြီ..။
တိုက်တိုက်ဆိုင် ဆိုင် ပဲ ဒီနေ့ မှာ သမီးငယ်လေးပြလို့ John Q ဆိုတဲ့ ရုပ်ရှင် ကားလေး ကို တပိုင်းတစ်စ ကြည့်လိုက်မိပါတယ်..။
လူမည်းမင်းသား Denzel Washington ကသရုပ်ဆောင်ထားတာ..နှလုံးကြီး လို့ နှလုံးတစ်ခုလုံး အစားထိုး ကုသ ရမဲ့ ၈ နှစ်ရွယ် သားလေးတစ်ယောက် ရဲ့ ဖခင် နေရာကပါ..။အမေရိကန်မှာ က ကျန်းမာရေးစောင့်ရှောက်မှု စနစ်က ငွေ ရှိမှ အဆင်ပြေ တယ် တဲ့..။ နှလုံးကုသ ဘို့ တန်းစီဇယားမှာ စာရင်းသွင်းတာတောင် ဒေါ်လာ ၂သောင်းခွဲ ပေးရမယ် တဲ့..။
 ငွေ မရှိလို့ ခွဲစိတ်မှု မပေးဘူးဆိုတဲ့ဆေးရုံကို သေနတ်ကိုင် ပြီး အနုကြမ်းစီးပါတယ်..။ 
အလဲအလှယ် အပေး အယူ ကိစ္စ ကို ရဲနဲ့ ညှိကြတဲ့အခါ သူတောင်းဆိုတာကသူ သားလေးကို ဆေးရုံတင်ခွင့်၊ နှလုံး ခွဲစိတ်ကုသခွင့်ဖြစ်ပါတယ်….။ သူ ဒီလို ဆောင်ရွက်နေစဉ်မှာလည်း သူ့သားကို အားမငယ်ရအောင် ဖုန်းနဲ့ အားပေးစကား အဆက်မပြတ်ပြော ရှာပါတယ်..။
ဆေးရုံ ရဲ့ ချိတ်ဆက်ထားတဲ့ စီစီ တီဗီ ကင်မရာကတဆင့် ဂျွန် ရဲ့ လုပ်ရပ်က လူကြမ်း ဆန်နေသော်လည်း နူးညံ့ပြီး ခွန်အားကြီးမားတဲ့ ဖခင်မေတ္တာ ကတော့ လူတိုင်းကလေးစားသွားကြတာမို့ အနုကြမ်းစီးဆေးရုံ ပတ်လည် မှာ ဂျွန့်ကို ထောက်ခံအားပေးတဲ့ ပရိသတ်များစွာ ဝိုင်းလို့ နေခဲ့ပါတယ်..။
နောက်ဆုံး အလဲအလှယ် လုပ်လို့ အဆင်ပြေ တော့ ကလေးငယ် ဟာဆေးကုသခွင့်ရခဲ့ပါတယ်..။ ဆေးကုသခွင့်ရတာတောင် အစားထိုးဘို့ နှလုံး မရှိတာ မို့ ဂျွန် ဟာသူ့နှလုံးကို သူ့သားမှာထည့်ပေး ဘို့ ထပ်မံတောင်းဆိုပါသေးတယ်..။
သူ့နှလုံးကို ယူဘို့ဆိုရင် သူဟာသေမှ ဖြစ်မှာပါ..သူသေအောင် သူ့ဖာသာ သတ်မယ် ဆိုပြန်တော့လည်း ဆရာဝန် များကခွင့်မပြု….။ ..သူ့ကိုယ် သူပင် သတ်သေ ဘို့ သေတမ်းစာတွေ ရေးပြီး မှ နောက်ဆုံး သားလေး ကို သွားတွေ့ တဲ့ ပုံလေး မှ ကျွန်မ မှတ်တမ်းတင် ဘို့ ဓာတ်ပုံရိုက်ခဲ့လိုက်မိတယ်
အတိုချုပ်ရရင်တော့…. နောက်ဆုံး မှာ သားလေးအတွက် အဆင်ပြေတဲ့နှလုံးအလှူရှင် ရသွားပြီး သားလေး အသက်ရှင်ခွင့်ရသွားခဲ့ပါတယ်..။
သူ့အဖေကို အချုပ်ခန်းက ကားကခေါ်ဆောင်သွားတဲ့ အခါ… ကလေးငယ် က လူအုပ်ကြားမှထွက်ပြီး ကျေးဇူးတင်ပါတယ်ဖေဖေ လို့ ပြောလိုက်တာ…။ မျက်ရည် ပင်စို့ချင်စရာ..။
ခင်ကြီးဖျော် ဆရာတော် ရေးဖွဲ့ ခဲ့သလို….မိဘမေတ္တာ ဆိုတာ….နဲ့ ယှဉ်လိုက်ရင်
မြင့်မိုရ်တောင် ဆိုတာ ကျွဲချိုပေါက်လောက်သာ ရှိပါသတဲ့..။
ကမ္ဘာမြေ ကြီး ထု ကတော့ ဝါးရွက်လောက်သာ..
မဟာသမုဒ္ဒရာကတော့ ရေစက်ပေါက်လောက်သာ….ရှိအောင် သေးငယ် သွားရတာ….။**ဂျွန် အတွက် ဖြစ်လေမယ်..။
ဒီရုပ်ရှင်လေးကိုကြည့်ပြီး ကျွန်မရဲ့ သားကြီး ကိုအုတ် နဲ့ ကျွန်မ တို့ သားအမိ ကံကောင်း ခဲ့တာကို ပြန်လည် ဆင်ခြင်မိပါတယ်..။ ကျွန်မှာ မှာ ဒေါ်လာ သောင်းချီသွင်းစရာမလိုခဲ့ ချက်ချင်း ပဲ သားသားသွေးကြော ပိတ်ဆို့ မှု ဖြစ်စဉ်က ညဘက်ကြီး အရေးပေါ်ခွဲစိတ်ပေးခဲ့တဲ့ ဆရာ ဒေါက်တာအောင်ဇော်မျိုး ရယ် ၊ နောက်ပြီး နှလုံး အဆို့ရှင်နှစ်ခု အစားထိုးပေးတဲ့ ဆရာကြီး ဒေါက်တာ ခင်မောင်လွင် ရယ် နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ နှလုံးခွဲစိတ်ကု ဋ္ဌာန မှ ဆရာဝန် ဆရာမများ ဝန်ထမ်းများကို အထူးပဲ ကျေးဇူး တင် ဦးညွှတ် နေမိပါတယ်..။
ကျွန်မအား ဂျွန် ကဲ့သို့ မခက်ခဲစေခဲ့ ပါ..။ ခက်ခဲ ခဲ့လျှင် လည်းကျွန်မ သည် ဂျွန် ကဲ့ သို့ သတ္တိရှိပါမည်လား..စွန့်လွှတ်..ရဲ သလို စွန့်စားရဲတဲ့ ခွန်အား အသည်းကော ရှိပါ့မလား..ကိုယ့်ကိုကို ပြန်မေးမိပါတယ်..။ ကြီးမားတဲ့ ဖခင်မေတ္တာ….စံနမူနာ ပြ ဖြစ်စေခဲ့တာ…..အမှန်ပါ..။
မနှစ်က ဒီလို အချိန်မှာ ကျွန်မအား..အားပေးကူညီရပ်တည်ခဲ့ပေးပါသော…
ရန်ကုန် အခြေစိုက် ပရဟိတကွန်ယက် မှ စေတနာရှင် သားငယ် သမီးငယ်လေးများ..သွေးဖောက်ထုတ်လှူဒါန်းပေးခဲ့ပါသော ကိုဝင်းမင်းဋ္ဌေး၊ ကိုလဝင်း ၊ ဆရာမ သိန္နီဦး ၊နှင့်သားသားသူငယ်ချင်းကိုဖြိုးထက်အောင်မြင့် ။ပုံပြောသူများ အဖွဲ့..
ကျွန်မ ရဲ့ စိုက်ပျိုးရေးတက္ကသိုလ် ၁၉၈၄ ကျောင်းအတူဆင်း ချစ်သူငယ်ချင်းများ ၊ မိတ်ဆွေများ၊ ဆွေမျိုး မိတ်သင်္ဂဟ များကို အထူးထပ်လောင်ကျေးဇူးတင်ရှိနေပါကြောင်း ဖေါ်ပြပါရစေ..။
မေတ္တာ ဆိုသော စကားလုံး ကိုအပြည့်အဝ နားလည်ခွင့်ရခဲ့ခြင်း အေးမြခဲ့ရခြင်း တို့အတွက် ထာဝရကျေးဇူးတင်နေမှာ ပါ..။

မေတ္တာဖြင့်
သစ္စာအလင်း


နှစ်ပတ်လည် ကျေးဇူးစကား၊ ကျေးဇူးတရား
=============================
ဒီလ ၂၀၁၅ ဆိုရင် ကျွန်မ ရဲ့ သားကြီး ကို နှလုံးအဆို့ရှင် နှစ်ခု အစားထိုးကုသ ခဲ့တာ ၁နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်..။

နှလုံးခွဲစိတ်ပြီး သားကြီး ချပ်ကနဲ ချပ်ကနဲ သော နှလုံးမြည်သံလေး နဲ့ အတူဖြတ်သန်းခဲ့ ရကာ အခုဆို ပေါင်ချိန် ၁၇၀ ကျော်အောင်ကျန်းမာဝဖြိုးပြီး Inter Religious Dialogue ဘာသာရပ် နဲ့ မဟာဝိဇ္ဇာတန်းတက်လို့ နေခဲ့ပါပြီ..။

တိုက်တိုက်ဆိုင် ဆိုင် ပဲ ဒီနေ့ မှာ သမီးငယ်လေးပြလို့ John Q  ဆိုတဲ့ ရုပ်ရှင် ကားလေး ကို တပိုင်းတစ်စ ကြည့်လိုက်မိပါတယ်..။ လူမည်းမင်းသား Denzel Washington ကသရုပ်ဆောင်ထားတာ..နှလုံးကြီး လို့ နှလုံးတစ်ခုလုံး အစားထိုး ကုသ ရမဲ့ ၈ နှစ်ရွယ် သားလေးတစ်ယောက် ရဲ့ ဖခင် နေရာကပါ..။

အမေရိကန်မှာ က ကျန်းမာရေးစောင့်ရှောက်မှု စနစ်က ငွေ ရှိမှ အဆင်ပြေ တယ် တဲ့..။ နှလုံးကုသ ဘို့ တန်းစီဇယားမှာ စာရင်းသွင်းတာတောင် ဒေါ်လာ ၂သောင်းခွဲ ပေးရမယ် တဲ့..။
ငွေ ပေးမလား..ကလေးကို ဒီအတိုင်းအသေခံမလားဆိုတဲ့ အခက်အခဲ ကို ဇာတ်ကားထဲက ဖခင် ဂျွန် က သူ့နည်း သူ့ဟန် နဲ့ ဖြေရှင်းပါတယ်..။ ငွေ မရှိလို့ ခွဲစိတ်မှု မပေးဘူးဆိုတဲ့ဆေးရုံကို သေနတ်ကိုင် ပြီး အနုကြမ်းစီးပါတယ်..။ 

အလဲအလှယ် အပေး အယူ ကိစ္စ ကို ရဲနဲ့ ညှိကြတဲ့အခါ သူတောင်းဆိုတာကသူ သားလေးကို ဆေးရုံတင်ခွင့်၊ နှလုံး ခွဲစိတ်ကုသခွင့်ဖြစ်ပါတယ်….။ သူ ဒီလို ဆောင်ရွက်နေစဉ်မှာလည်း သူ့သားကို အားမငယ်ရအောင် ဖုန်းနဲ့ အားပေးစကား အဆက်မပြတ်ပြော ရှာပါတယ်..။

ဆေးရုံ ရဲ့ ချိတ်ဆက်ထားတဲ့ စီစီ တီဗီ ကင်မရာကတဆင့် ဂျွန် ရဲ့ လုပ်ရပ်က လူကြမ်း ဆန်နေသော်လည်း နူးညံ့ပြီး ခွန်အားကြီးမားတဲ့ ဖခင်မေတ္တာ ကတော့ လူတိုင်းကလေးစားသွားကြတာမို့ အနုကြမ်းစီးဆေးရုံ ပတ်လည် မှာ ဂျွန့်ကို ထောက်ခံအားပေးတဲ့ ပရိသတ်များစွာ ဝိုင်းလို့ နေခဲ့ပါတယ်..။

နောက်ဆုံး အလဲအလှယ် လုပ်လို့ အဆင်ပြေ တော့ ကလေးငယ် ဟာဆေးကုသခွင့်ရခဲ့ပါတယ်..။ ဆေးကုသခွင့်ရတာတောင် အစားထိုးဘို့ နှလုံး မရှိတာ မို့ ဂျွန် ဟာသူ့နှလုံးကို သူ့သားမှာထည့်ပေး ဘို့ ထပ်မံတောင်းဆိုပါသေးတယ်..။ 

သူ့နှလုံးကို ယူဘို့ဆိုရင် သူဟာသေမှ ဖြစ်မှာပါ..သူသေအောင် သူ့ဖာသာ သတ်မယ် ဆိုပြန်တော့လည်း ဆရာဝန် များကခွင့်မပြု….။ ..သူ့ကိုယ် သူပင် သတ်သေ ဘို့ သေတမ်းစာတွေ ရေးပြီး မှ နောက်ဆုံး သားလေး ကို သွားတွေ့ တဲ့ ပုံလေး မှ ကျွန်မ မှတ်တမ်းတင် ဘို့ ဓာတ်ပုံရိုက်ခဲ့လိုက်မိတယ်

အတိုချုပ်ရရင်တော့…. နောက်ဆုံး မှာ သားလေးအတွက် အဆင်ပြေတဲ့နှလုံးအလှူရှင် ရသွားပြီး သားလေး အသက်ရှင်ခွင့်ရသွားခဲ့ပါတယ်..။

သူ့အဖေကို အချုပ်ခန်းက ကားကခေါ်ဆောင်သွားတဲ့ အခါ… ကလေးငယ် က လူအုပ်ကြားမှထွက်ပြီး ကျေးဇူးတင်ပါတယ်ဖေဖေ လို့ ပြောလိုက်တာ…။ မျက်ရည် ပင်စို့ချင်စရာ..။

ခင်ကြီးဖျော် ဆရာတော် ရေးဖွဲ့ ခဲ့သလို….မိဘမေတ္တာ ဆိုတာ….နဲ့ ယှဉ်လိုက်ရင်
မြင့်မိုရ်တောင် ဆိုတာ ကျွဲချိုပေါက်လောက်သာ ရှိပါသတဲ့..။

ကမ္ဘာမြေ ကြီး ထု ကတော့ ဝါးရွက်လောက်သာ..
မဟာသမုဒ္ဒရာကတော့ ရေစက်ပေါက်လောက်သာ….ရှိအောင် သေးငယ် သွားရတာ….။**ဂျွန် အတွက် ဖြစ်လေမယ်..။

ဒီရုပ်ရှင်လေးကိုကြည့်ပြီး ကျွန်မရဲ့ သားကြီး ကိုအုတ် နဲ့ ကျွန်မ တို့ သားအမိ ကံကောင်း ခဲ့တာကို ပြန်လည် ဆင်ခြင်မိပါတယ်..။ ကျွန်မှာ မှာ ဒေါ်လာ သောင်းချီသွင်းစရာမလိုခဲ့ ချက်ချင်း ပဲ သားသားသွေးကြော ပိတ်ဆို့ မှု ဖြစ်စဉ်က ညဘက်ကြီး အရေးပေါ်ခွဲစိတ်ပေးခဲ့တဲ့ ဆရာ ဒေါက်တာအောင်ဇော်မျိုး ရယ် ၊ နောက်ပြီး နှလုံး အဆို့ရှင်နှစ်ခု အစားထိုးပေးတဲ့ ဆရာကြီး ဒေါက်တာ ခင်မောင်လွင် ရယ် နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ နှလုံးခွဲစိတ်ကု ဋ္ဌာန မှ ဆရာဝန် ဆရာမများ ဝန်ထမ်းများကို အထူးပဲ ကျေးဇူး တင် ဦးညွှတ် နေမိပါတယ်..။ 

ကျွန်မအား ဂျွန် ကဲ့သို့ မခက်ခဲစေခဲ့ ပါ..။ ခက်ခဲ ခဲ့လျှင် လည်းကျွန်မ သည် ဂျွန် ကဲ့ သို့ သတ္တိရှိပါမည်လား..စွန့်လွှတ်..ရဲ သလို စွန့်စားရဲတဲ့ ခွန်အား အသည်းကော ရှိပါ့မလား..ကိုယ့်ကိုကို ပြန်မေးမိပါတယ်..။ ကြီးမားတဲ့ ဖခင်မေတ္တာ….စံနမူနာ ပြ ဖြစ်စေခဲ့တာ…..အမှန်ပါ..။

မနှစ်က ဒီလို အချိန်မှာ ကျွန်မအား..အားပေးကူညီရပ်တည်ခဲ့ပေးပါသော…
ရန်ကုန် အခြေစိုက် ပရဟိတကွန်ယက် မှ စေတနာရှင် သားငယ် သမီးငယ်လေးများ..သွေးဖောက်ထုတ်လှူဒါန်းပေးခဲ့ပါသော ကိုဝင်းမင်းဋ္ဌေး၊ ကိုလဝင်း ၊ ဆရာမ သိန္နီဦး ၊နှင့်သားသားသူငယ်ချင်းကိုဖြိုးထက်အောင်မြင့်  ။ပုံပြောသူများ အဖွဲ့..
ကျွန်မ ရဲ့ စိုက်ပျိုးရေးတက္ကသိုလ် ၁၉၈၄ ကျောင်းအတူဆင်း ချစ်သူငယ်ချင်းများ ၊ မိတ်ဆွေများ၊ ဆွေမျိုး မိတ်သင်္ဂဟ များကို အထူးထပ်လောင်ကျေးဇူးတင်ရှိနေပါကြောင်း ဖေါ်ပြပါရစေ..။

မေတ္တာ ဆိုသော စကားလုံး ကိုအပြည့်အဝ နားလည်ခွင့်ရခဲ့ခြင်း အေးမြခဲ့ရခြင်း တို့အတွက် ထာဝရကျေးဇူးတင်နေမှာ ပါ..။

မေတ္တာဖြင့်
သစ္စာအလင်း



Sunday, August 17, 2014

ပရဟိတမောင်နှမ

ကိုယ် ပိုင်အလုပ်တွေ ကိုယ် စီ လုပ်နေပေမဲ့ အချိန်ပိုလေး တွေ ရလာတိုင်း ပရဟိတ လုပ်ငန်းများ ကို စိတ်ပါလက်ပါ လုပ်ဆောင်တတ်တဲ့ မောင်နှမလေး(ကိုအုတ်+ မစု) နှစ်ယောက် နှင့် သူတို့ရဲ့ ပရဟိတ သူငယ်ချင်းများ ကို ဖြင့် ကျွန်မ မှာ တကယ်ပဲကျေးဇူးတင်မိပါတယ်..။
သူတို့က ရေများရာ မိုးရွာ သော သူများမဟုတ်။ အမှန်တကယ် လိုအပ်သော နေရာ များ အတွက် အမှန်တကယ် ပေးဆပ်လိုတဲ့ စိတ်နေစိတ်ထားမြင့်မား ကြသူများလည်း ဖြစ်ပါတယ်..။
ဟိုတလောကတော့ သူတို့ မောင်နှမ ရဲ့ ပရဟိတ ကွန်ယက်ထဲ မှ သမီးလေးတစ်ဦး ဖြစ်သူ မခင်မြတ် ရဲ့ စိတ်ကူးလေး နဲ့ စပယ် ပန်းရောင်းတဲ့ကလေးများကို စာသွားသင်ပေးကြ တဲ့ အစီအစဉ်လေး ကို သိလိုက်ရတော့ ကျွန်မ မှာ မျက်ရည် ရစ်ဝဲလာသည် ထိ ပီတိဖြစ်ရပါတယ်…
Curriculum Development တို့ Classroom Climate တို့ Teaching Aid တို့ အကြောင်း ပြောလေ့ရှိတဲ့ ကျွန်မ မှာ မျက်လုံးအစုံ ပြူးကျယ် ၍ သူတို့ရဲ့ မီးပွိုင့် နားက ပလက်ဖောင်း စာသင်ဝိုင်းကို ဦးညွှတ်အလေးပြုရပါတော့တယ်..။ တော်ပေစွ ကလေးတွေပါတကား။
သူများတွေ ကျောင်းတက်ချိန်မှာ မတက်ရ…။ ပညာရှာချိန်မှာ ဥစ္စာ ရှာနေရ အောင် ဘယ်လို အကြောင်းများ လုပ်ခဲ့ပါလိမ့်ကလေးတို့ရယ်..။
အရွယ် နဲ့ မမျှ မိမိဝမ်းစာ..(မိသားစု အတွက်လည်းပါနိုင်သေး)… မိမိဖာသာ ရှာရရှာသော.. ကလေး တွေ ရဲ့ ဘဝကို ထပ်တူစာနာနားလည် ပေး တာကိုလည်း ချီးကျူးရပါတယ်..။
ဟုတ်ပါတယ်လေ..ညဘက်ဆို ရင်လည်း သူများတွေ မိဘ ရင်ခွင်မှာ ထိုင်ကာ ရုပ်မြင်သံကြား ထိုင်ကြည့်နေကြ တဲ့ ကလေးများ လို ကြည့်ချင်ကြရှာ မှာပါ..။မိုးရွာ ထဲလည်းဘယ်ထွက်ချင်ပါ့မလဲ..။
ကံအကျိုးပေးမလှရှာသူ ပန်းသည်လေး များဘဝကို စာနာ နားလည် တတ်တယ် ထိထိ ရောက်ရောက်ကူညီနိုင်အောင် ကြိုးစားအားထုတ်တာ ကို ကျွန်မ အလွန်လေးစားချီးကျူး မိပါတယ်…။
ပရဟိတမောင်မယ် လေးတွေကမီးပွိုင့် မှာ ပန်းရောင်းတဲ့ကလေးတွေ ဆီ သွားပါတယ်..။ ပြီးတော့ ၂ဖွဲ့ ခွဲ ပြီး တစ်ဖွဲ့ က သူတို့ကိုယ် စား စပယ် ပန်းရောင်းပေးကြပါတယ်..။ကျန်တစ်ဖွဲ့က ကလေးတွေကို ထိုင်ခိုင်းပြီး စာသင်ပေးတဲ့လူက သင်ပေး၊ ပုံပြင်ပြောပြတဲ့ လူ ကပြောပြ ကြတာပါ..။
တချို့ ကလည်း ကလေးတွေ ရဲ့ အလုပ်လုပ်ချင်တဲ့ စိတ်ကို ဖျက်ဆီးရာ ရောက်တယ် လို့ မြင်ကြပါတယ်..။
ဘဝ တွေ ဆိုတာ ကလည်း အကြင်နာ ရရှိဘူးတဲ့ သူ မှသာ ကြင်နာ တတ်တာပါ…။
မေတ္တာ ရဘူး မှ သာ မေတ္တာ တရားကို ထိတွေ့ခွင့် ရပြီး ပြန်ပေးနိုင်ကြတာမျိုးပါ။
စေတနာ တရားကို သူတပါးထံ မှ ရရှိခံစားဘူး မှသာ စေတနာ ကို ပြန်ပေးချင်စိတ် ပေါ်နိုင်ပါလိမ့်မယ်..။
တချို့ ကားမောင်းလာတဲ့ စေတနာရှင်တွေကလည်း ပရဟိတ ကလေးတွေက တဆင့် ငွေတွေ လှူဒါန်းသွားတတ်ပါသေးတယ်…။
မီးမီး ကတော့ ကလေးတွေ ကိုတကယ် စေတနာ ထားရင် ငွေမပေးပဲ ကစားစရာ၊ ဖတ်စရာ စာအုပ်တွေပေးခဲ့ဘို့ ပြော ပါတယ်..။
သူတို့မလာတာကြာတော့ ဟိုတနေ့ က ဖုန်းဆက်ပါတယ်..။ မမတို့ ကိုကို တို့ ဘယ်တော့လာကြမှာလဲ တဲ့..။
ပရဟိတ မမ ၊ ကိုကို များ ရဲ့ အကြင်နာ စက်ဝန်း ကျယ် ပြန့်စွာ ဖြန့်ကျက် နိုင်ပါစေသား။

မေတ္တာဖြင့်
သစ္စာအလင်း

Saturday, September 10, 2011

မေတ္တာများဖြင့်အေးမြစေ(ကိုဥဂ္ဂါ မွေးနေ့ဆုတောင်း)


မိန်းမသားဆိုတာ---အားနွဲ့ပါသတဲ့---
သေချာရဲ့လား ဟုတ်ရဲ့လားဟင်..။
ဖောင်သာစီးဘူး ၍ မီးမနေဘူးသူတို့ရဲ့ သတ်မှတ်ချက်
အထင်သက်သက် သာဖြစ်ပေ...လိမ့် …..။

နာကျင်မှုတွေ အဆုံးစွန်...
လျင်မြန်စွာ လွန်မြောက်ပါစေသား။
ခွန်အားဆိုတာ ကိုယ်တွင်းမှာသာရှိ။
ပြင်ပမှာလည်းရှိမနေ။

ချွေးစက်တွေက ---ဇီးကင်းတမျှ
မျက်ရည်များလည်း မကျချင်။
လက်သီးဆုပ်ထား၊ မာန်တင်းထားပေါ့။
သတ္တိ သွေးတွေ...စွေးစွေးနီ..၊
ခိုင်ကျည် စိတ်ဓာတ်----မြင့်မြတ်ပါစေ။

ဒါဟာ တိုက်ပွဲ----ရဲရင့်ပါစေ။
သင့်ရဲ့ ဘဝသမိုင်း----- မရိုင်းစေနဲ့။

နူးညံ့ခြင်း မှာ စွမ်းအားရှိ ၊ ဘယ်သူအဖြေညှိချင်သလဲ..။

ကဲ----အစွမ်းကုန် စုစည်း
ကြီးမြတ်တဲ့ သင့်မေတ္တာ နဲ့ သင်ကျော်ဖြတ်နိုင်မှာပါ..။

ဘာလေးလဲဟင်၊
အင်္ဂါစုံလား....ပေါင်ပြည့်လား နဲ့
မနားနိုင်ပါ။

သား---ဆိုပါ့လား၊
လျှပ်ပျက်သွားသလို....လင်းလက် စွာစီးဆင်း
ကရုဏာ မြစ်တစ်စင်း၊ ချစ်ခြင်းလှိုင်းထ
ခုဏ ဝေဒနာ သူမဟုတ်သလိုပါပဲ
ရင်ထဲက ပီတိ ၊ နှိုင်းပြစရာမရှိခဲ့တာ
အသေအချာမှတ်မိနေခဲ့တယ်။

သား--တဲ့
ဤမျှ အဓိပ္ပါယ်ပြည့်ဝသောစကား၊
အရင်က မသိခဲ့ မရှိခဲ့
အခုမှ သိ...ထိထိရှရှ--မိမိရရ
ကျန်တာဘာမှ အရေးမကြီး
ကျန်တာ ဘာမှ အဓိပ္ပါယ် မရှိ
ကျန်တာ ဘာမှ အဓိက မကျ..
ဒါသာလျင် ပဓာန တဲ့
ကျောက်ချ...ထုဆစ်
ရွှန်းသစ်သော မိခင်ဘဝ အဲဒီနေ့ကစတင်၊
သန့်စင်စွာ နိုးထ၊အရပ်ရှစ်မျက်နှာ မက---
လောကကို လည်းကြည့်ရဲ၊ မာနကိုလည်း လွှင့်ရဲ၊
ရဲတဲ့နေ့ တွေ ရှည်ခဲ့တယ်။

ရှာဖွေကြည့် ပါ၊
၃၂ ကောဋ္ဌာသ မှာ နို့ရည် ဆိုတာမပါဝင်
ဆင်ခြင်ဉာဏ် စိတ်သွင်း နော်.....ဖန်ဆင်းရှင် မရှိ
ပကတိ စွမ်းအားရှင်-----မိခင် ဖြစ်တယ် ကလေးရေ..။

ကြီးကျယ်သောမေတ္တာတရား
အရာရာအားပြောင်းလဲစေ၊
နီသောသွေးတွေ ဖွေးဖွေးဖြူခဲ့ ….။

နှိုင်းပြုစရာ ၊ ဥပမာဆောင်---
မြင့်မိုရ်တောင်ဟာ နွားချိုလောက်သာ ရှိပါသတဲ့။
မဟာသမုဒ္ဒရာဟာ ရေစက်ငယ် သဖွယ်တဲ့။
ကမ္ဘာမြေကြီး ဟာ ဝါးရွက်လောက်သာ ရှိသတဲ့ ။
ကောင်းကင်ကြီး က အပ်နဖါး ပေါက် လောက်သာရှိသတဲ့။

တကယ်လို့များ
သားရဲ့အမေ၊ သည်အမေ ဟာ
တဏှာမြှေးယှက် ၊ မပေးရက်သူ။
ပေမ ငါးမျိုး ၊ မကိုးစားသူ။
မျှော်လင့်ချင်စိတ် ၊တိတ်တိတ် ဖြေသူ။
အလွမ်းမီးငြှိမ်း၊ သိမ်းဆည်းတတ်သူ။
သံယောဇဉ် မပါ၊ မေတ္တာဖြူစင်၊ ကြည်လင်ချင်သူ။
တာဝန်ကျေခြင်း၊ဝဋ်နှောင်ကင်း သူ။
ကျေးဇူးရှင် ဂုဏ်ပုဒ် ၊မဖေါ်ထုတ်ချင်သူ။
ဘဝဇာတ်ထုပ်၊ကကြိုးမရှုပ်လို၊
ဟိုအဝေးမှ အေးမြစေသူ။
ထိုထိုသူများ၊ ဖြစ်နေငြားလျှင်
မေတ္တာသည်ကား၊ မေတ္တာတရားအဖြစ်
ခံစား နားလည်
သားကျေနပ်မယ် ယုံကြည်တယ်။

ချစ်သောမေမေ
သစ္စာအလင်း

(လွန်ခဲ့သော ၂၄နှစ် - (၁၃.၉.၁၉၈၇) သားကြီး ကိုဥဂ္ဂါ ဘဝထဲကိုရောက်ရှိခဲ့သော မွေးနေ့အမှတ်တရ အဖြစ်)

Tuesday, April 19, 2011

ရင်ဆိုင် ရဲရင့်၊အဆင်သင့်ဖြစ်၍ နှစ်သစ် မေတ္တာ-ကိုဥဂ္ဂါ သို့

ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် မှာ ကျောင်းသူဘဝ ကစခဲ့တဲ့ စာရူး ပေရူး ကဗျာရူး ပန်းချီရူး ဘဝ နဲ့ စာတိုပေစ လေးတွေရေးခဲ့ တဲ့ ကျွန်မ ဟာ သားကြီး ကိုမွေးဖွားခဲ့ ပြီး သူကျွန်မ ဘဝထဲကို ဝင်ရောက်လာ ချိန်ကတည်းကစပြီး အလိုအလျှောက် အရသာမဲ့သလို ဖြစ်ကာ ရပ်တန့်ခဲ့ရ ပါတယ်..။ အနှီးလျှော်လိုက် ၊ကလေးထိန်း လိုက် ၊ အိုးတိုက် ပန်းကန်ဆေး မိန်းကလေးတို့ ရဲ့ တာဝန် နဲ့ ဝတ္တရား ဝန်ထုပ်ဝန်ပိုး များအောက်မှာ ပိပိပြား ပြီး ပျောက်ကွယ် ခဲ့ရတာ.. နှစ်တွေ အတော် တောင် ကြာခဲ့ ပါတယ်..။ ပတ်ဝန်းကျင်မှာ ပန်းတွေမွှေးနေသလား ၊ လမင်းကြီး များ သာ လေသလား။ နှင်းတွေဝေနေသလား ဆိုတာ ကလေး ဆေးတို့ပတ် နဲ့ သူငယ်နာပေါင်းချုပ်ဆေး ဘယ်အချိန် အုပ်ရမလဲလောက် တောင် စိတ်မဝင်စားခဲ့ ပါဘူးလေ..။

ဘဝဆိုတာ ကလည်း လှို့ဝှက် ချက်တွေ တစ်ပုံတစ်ပင် နဲ့ ဆိုတော့ သားကြီး ၁၅နှစ် နဲ့ မီးမီး ၁၀နှစ် အရွယ်အချိန်မှာ ကျွန်မ ငယ်ရွယ် တက်ကြွစဉ် မှာ မျှော်လင့်စောင့်စား ခဲ့သော်လည်း ရောက်ရှိ မလာ တဲ့ (JJWBGP)Joint Japan World Bank Graduate Scholarship ) Award Certificate ထည့်ထားတဲ့ စာအိတ် ကလေးဟာ ကျွန်မ ရဲ့ အိမ်ရှေ့ ကို ဗြုန်းကနဲထိုးဆိုက်လာတဲ့ DHL Courier ကားကြီး နဲ့ အတူ ဆိုင်းတွေဗုံတွေမဆင့်ပဲ ရောက်ရှိ လာခဲ့ပါတယ်..။ ဒီစာကလေး ကပဲ ကျွန်မ ချစ်တဲ့ ကလေးနှစ် ယောက် ကို အနီးကပ် စောင့်ရှောက်ခွင့် ဆုံးရှုံး ဝေးလွင့် စေ ခဲ့ပါတော့တယ်..။

သောင်ပြင်မှာဥချ ခဲ့တဲ့ လိပ်မကြီး တစ်ကောင် လို အဝေးရောက် မေတ္တာတွေအေးမြ စေရ မယ်တဲ့လား။ အဝေးမှာနေရတာ ဆိုတော့ တစ်ခါတစ်ခါ သောကနဲ့ ပူပင်နေတတ်ပါတယ်..။ အရွယ်လေးရလာတဲ့ အချိန်ဖြစ်တော့လည်း ကိုယ်နားလည် ထားတဲ့ တရားဓမ္မ ကျင့်စဉ်လေးတွေ နဲ့ အတွေးအခေါ်လေးတွေကို ဒါလေးကတော့ လိုက်နာသင့်တယ်။ ဒါလေးကတော့ရှောင်သင့်တယ်။ လမ်းမှားမှာလည်း စိုးပြန်တယ် ။ ဒါနဲ့ပဲ စာတိုစာရှည်တွေ ရေးရေး မှာရင်း နဲ့ တစ်ချိန်က ကဗျာ ဆန်လှ သူ တစ်ဦးဟာ မိခင် သောကကြောင့် ပဲ (ဓမ္မ ဘလော့ဂါ) တဖြစ်လဲ ခဲ့ရပါတယ်..။ စာဖတ်ပရိသတ်အဖြစ် သူတို့နှစ်ဦးကိုသာရည် ရွယ်ခဲ့တာပါ။

ထိုအချိန်က လူပျိုပေါက်ဖြစ်နေတဲ့ သားကြီး ဟာ ကျွန်မ ကို ဘွဲ့တွေ ဂုဏ်တွေနောက် လိုက်ပြီး သားသမီးတွေ ကိုထားပစ်ခဲ့ သူရယ် လို့ တစ်ပိုင်းတစ်စ ယူဆစိတ်ရှိခဲ့ပါတယ်..။သူ့ သူငယ်ချင်းမိဘ တွေ နဲ့နှိုင်းယှဉ်ပြီး ကျွန်မ ရဲ့အနေ အထားဟာ သူ့အတွက် ဘယ်လိုမှ စိတ်တိုင်းကျစရာ ဖြစ် မနေတာကို နားလည် ပေမဲ့ ဖြေလျှော့ဘို့နည်းလမ်းကိုလည်း ရှာဖွေဘို့ ကျွန်မ မှာလည်း အားနည်းချက် တွေရှိခဲ့ရပါတယ်..။ ဒီအချိန် လိုမျိုးမှာ သူနှလုံးခွဲစိတ်ရမဲ့အချိန် ရောက်လာခဲ့တာပါ.။ ဗျာများ နေခဲ့သလို နာကျင် ကြေကွဲရမှုများစွာ နဲ့ အတူ ကျွန်မ ရဲ့ ခံစားချက် လေးကို ဒီ ပိုစ့်လေးမှာဖေါ်ပြရေးသား ခဲ့ပါတယ်။

ရင်ဆိုင်ကြအုံးစို့

မေမေ ချစ်သော သားကြီးကိုဥဂ္ဂါ...

အရာရာ ဟာ ဖြစ်သင့်လို့ဖြစ်တာချည်းပဲ.. မဖြစ်သင့်ပဲဖြစ်နေတာ တစ်ခုမှမရှိဘူးတဲ့ သားရေ..။ တစ် ခါက သောတာပန် ရဟန်းတစ်ပါး ဟာ.. နံနက် မိုးလင်း ရေကန်နားမှာ မျက်နှာ သစ်နေတုံး သူခိုးတစ် ယောက်က ခိုးရာပါပစ္စည်း ကို နံဘေး နား ချပြီး ထွက်ပြေးသတဲ့..။

နောက် က ဖမ်းဘို့ရောက်လာတဲ့ မင်းချင်းတွေက ပစ္စည်း ထုပ် နဲ့ လက်ပူးလက်ကြပ်မိတယ် ဆိုပြီး...ဝိုင်းရိုက်ကြ တာ..သေပါလေရော..။ ဒါကိုမကျေနပ် တဲ့ သံ ဃာ တချို.က ဘုရားထံ သွားလျှောက်ကြတယ်..။ မတရားဘူး..မတရား သဖြင့် ခံရတယ်ပေါ့..။

မြတ်စွာဘုရားက ပြန်ပြီးအတိတ် ကိုဆောင်ပြတယ်..။ ယခုဘ၀မတိုင်ခင် ဘ၀တစ်ခုမှာ..လှည်းသားတွေကို အုပ်ချုပ်တဲ့ သူဖြစ်ခဲ့တယ်တဲ့..။စခန်းချတဲ့ နေရာ တစ်ခုမှာ တစ်နေ့တော့..ခိုးပြေးလာတဲ့စုံတွဲတစ်တွဲ ရောက်လာပြီး..ခိုကိုးခွင့် တောင်းကြတယ်..။

လှည်းသူကြီးက မကြံကောင်း မစည်ရာ..၊ မိန်းကလေးကို တပ်မက်တော့...မတရားသဖြင့်လိုချင်လာရော..။ညတွင်းချင်း အဘိုးတန်ပစ္စည်း သူတို့ လှည်းမှာ သွား ဖွ က်ထားပြီး..သူခိုးရယ်လို့ စွပ်စွဲ ရိုက်နှက်..သတ်ပစ်ပြီး မိန်းကလေးကို သိမ်းပိုက် ခဲ့တယ်..။ အဲဒီအကြောင်းကံရဲ့ အကျိုးဆက်တွေ.. လို့ မြတ်စွာဘုရားရှင်က ဆောင်ပြတော်မူခဲ့တယ်..။

ကံ ကံ၏ အကျိုးပေးကို နားလည်တဲ့ ကမ္မဿ ကတာ သမ္မာဒိဌိ ဉာဏ် ရရှိ ခဲ့ပြီဆိုရင်..တစ်လောကလုံး အမြင်တွေ ရှင်းကုန်တယ်..။ အပြစ်တင်စရာ..မရှိတော့ဘူးပေါ့..။ အကျိုးပေါ်လာရင် အကြောင်းကိုဆင်ခြင်ဘို့ ဆရာတော်ဘုရား ဟောကြား ခဲ့ ပါတယ် ကလေးရယ်..။ မေမေတို့လည်း အတိတ်မှာ မှားခဲ့တာ တွေရှိမယ် သားရေ..။ ခံစား စံစား ရတာတွေ မှန် သမျှ ၀ဋ်ကြွေးကျေအောင် ဆပ်ဘို့အခွင့် အရေးပေးတာလို့ မှတ်ယူပါတယ်။ ကျေအောင် ဆပ်ကြတာ ပေါ့..သားသားရေ..။

သားသား နှလုံးခွဲရမယ် ဆိုတဲ့ သတင်းကို လက်ခံရရှိ ချိန် မှာ မေမေ ဟာ..သာသနာ့နယ်မြေတစ်ခုဖြစ်တဲ့ စင်္ကပူ ဓာတ်တော်တိုက် မှာ ရှိနေခဲ့ပါတယ်..။ တစ် ခြားနေရာမှာ ဆို..မွှေနှောက်ချောက်ခြား လွင့်ပါး ပျောက် ကွယ် သွားမတတ် ခံစားခဲ့ရမှာပါပဲ..။

ကျခဲ့တဲ့ မျက်ရည်တွေ..ပူပင်သောကတွေ..၊ ငါ့သားမှဖြစ်ရလေခြင်းဆိုတဲ့ ဒေါသတွေ၊.ဝေဖန်ဆင်ခြင်နိုင်စွမ်း မဲ့ခြင်း ဆိုတဲ့ မောဟတွေ ပြည့်လျှမ်းခဲ့ရပါတယ်..။

သားသားနှလုံးမခွဲခင် မေမေ့နှလုံးသည်းပွတ် ကို အရင် ခွဲထုတ် ယူငင်သွားခဲ့သလိုပါ သားရေ..။ (ရင်အုပ်မကွာ) ဆိုတဲ့ မိခင်ရဲ့အရည်အသွေး မပြည့်မီလေသော..မိန်းမတစ်ယောက်ပေါ့သား။

(မိမိသာ လျင် ၊မိမိ၏ ကိုးကွယ်ရာ အစစ်ဖြစ်၏။မိမိမှ တစ်ပါး ကိုးကွယ်ရာ မရှိ၊ မိမိကိုယ် ကို ကောင်းစွာ ဆုံးမ မှ ကိုးကွယ်ရာ ၏၊)

သူတစ်ပါး တို့ နတ်ရွာ မဂ် ဖိုလ် ရသည်ကို မိမိတောင်းယူ၍ မရကောင်း ၊မိမိ ကိုယ် တိုင် ကျင့်ကြံအားထုတ်မှသာရနိုင် မည်၊ သူတစ်ပါးကမည်သို့မှ မတတ်နိုင်။

ဆိုတဲ့ ဒေသနာတော် ကို မေမေတို့ရဲ့ကျေးဇူးတော်ရှင် မြတ်စွာဘုရား က ဇေတဝန်ကျောင်းမှာ *ကုမာရကဿပ မယ်တော် * ကို ဆုံးမရင်းဟောကြားခဲ့ တာကို မေမေပြန်သတိရမိပါ တယ်သား ရေ။ မဂ်ဖိုလ် နိဗ္မာန်ကို ကြိုးစား ဘို့ ဘိက္ခူနီမ ဝတ်ခဲ့ပေမဲ့ လူ့ဘဝက ပါလာ တဲ့ သန္ဓေ သားလေးကို မွေးပြီးကတည်းက တရားမေ့ပြီး မျက်ရည် ပင်လယ် ဝေခဲ့ရ တဲ့ အမေ တစ်ယောက် ပေါ့..။

ရဟန်းဝတ်သွားတဲ့ သားကိုတမ်းတတဲ့မျက်ရည် ၁၂ နှစ် တာ ကာလ ပတ် လုံး ပူလောင် လိုက်တာ.. မေမေ ထပ်တူထပ်မျှ ခံစားလို့ရပါတယ် သားရေ..။မျက်ရည် အလူးလူး နဲ့ အရူးမီးဝိုင်း သား- သား- သား ဆိုပြီးအော် ဟစ် လဲကျ ခဲ့ရတယ် ဆိုတဲ့ အမေ တစ်ယောက်ရဲ့ နှလုံးသားကို လည်း ရာနှုန်းပြည့် ခံစား နား လည်ပါ တယ် သား ရယ်။

( သင်သည် ချစ်ခြင်းကို ဖြတ်တောက် ခြင်းငှာ မစွမ်းနိုင်ပါသလော) လို့အေးစက်ပြတ်တောက်တဲ့ စကား ကို သားရဟန်းက စိမ်းကားလှစွာ ဆိုလိုက်တဲ့ အခါ..အဲဒီနေ့မှာပဲ အရဟတ္တဖိုလ် တည် ခဲ့တာ ကို မေမေ ကောင်းကောင်း အမှတ်ရ တာ ပေါ့ သားရယ်..။

ကျေးဇူးတော် ရှင် မြတ်စွာဘုရား သက်ရှိထင် ရှား ရှိခဲ့ရင်..( တပည့်တော်မအား နှလုံးရောဂါ အစား အေးစက် ပြတ်တောက်သော စကားတစ်ခွန်း ရရှိ အောင် ဆောင်ကျဉ်းပေးပါ) လို့ရှစ်ခိုးတောင်းပန် မိမလားပဲ ကလေးရေတစ်ရက်ကြာမှမေမေ ပြန်ဘို့စီစဉ်ရင်းတည်ငြိမ် လာခဲ့ပါတယ်..။

လေယာဉ်က ဆင်းဆင်းချင်း မန္တလေးကို ဆက်တက်ခဲ့ရတာ...ပိန်ချုံးနေတဲ့ သားကိုကြည့်ပြီးမေမေ ကိုယ့်ကို ကို ခွင့်မလွှတ်နိုင်ခဲ့ဘူး..။ ညကခရီးပန်းခဲ့ပေမဲ့ မေမေ ကိုယ်တိုင်သွေးဖေါက်လှူ ပေးဘို့ စီစဉ်ပါရစေသား..။ကံအားလျော်စွာ အကြောင်းညီညွတ်ခဲ့တော့ မေမေ့ သွေး ဟာ မနက်ဖြန်ခွဲမဲ့ သားအတွက်..လုံလောက်ပါတယ်တဲ့ အဖြေကိုရတော့မေမေ စိတ် အေးရပါတယ်..။

ခဏသာ နားပြီး..ညတိုင်းမေမေသားနဲ့အတူ စောင့် အိပ်ရင်း ..သားရောဂါကို မေမေလေ့လာ ခဲ့ပါတယ် သား

Rheumatic heart disease is a condition in which permanent damage to heart valves is caused

by rheumatic fever. The heart valve is damaged by a disease process that generally begins with a strep throat caused by streptococcus A bacteria that may eventually cause rheumatic fever.

Streptococcus Bacteria infection ဖြစ်ပါတယ်..နှလုံးရဲ့ အဆို့ရှင် heart valve ကို တိုက်ခိုက်

ပိတ်ဆို့တာပေါ့..သာမာန်လူတွေ ၅စင်တီ ရှိတယ်..သားသားမှာ က ၁ စင်တီသာ ကျန်တော့လို့ ခွဲ ပြီးချဲ့ရတာ ပါသား..။သူက အစားအသောက်တွေကတော့ မကူးစက်နိုင်ဘူး..။ သွားပွတ်တံ၊ ခေါင်းအုံးစွပ် ၊အမြဲတမ်းသုံးတဲ့အသုံးအဆောင်တွေကတဆင့် ကူ စက်စေနိုင်တယ်..။

Strep throat is caused by Group A streptococcal infection (GAS), specifically the bacterium Streptococcus pyogenes .It is spread by direct, close contact with an infected person via air-based germs.In addition, it may be spread through contamination of pillow cases, toys, toothbrushes and other often-used materials. Rarely, contaminated food, especially milk and milk products, can result in outbreaks.

မေမေမှာချင်တာက ဘယ်သူကိုမှ အပြစ်မ တင်တဲ့ အေးချမ်းတဲ့ စိတ်ကိုထားပါ..

ဆေးလိပ် ၊ အရက် ၊ကော်ဖီ ၊ လဘက်ရည် လုံဝမသောက်ပါနဲ့..။စာမှာက (Tobacco product)အကုန်ရှောင်ရမယ်။ ကွမ်းစားတာ လည်း ပါပါတယ် ကလေးရေ..။

အဟာရပြည့်တဲ့ အစား အသောက် ကို စားရမယ်..ငါး၊ အသား၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် စားပါ သား။

ကိုယ်လက်လှုပ်ရှား မှု ရှိပါစေ..။ ကွန်ပျူတာ အင်တာနက် ချည်း ထိုင်မလုပ်ပါနဲ့ ကလေးရေ..။

ရွှေတိဂုံ ဘုရားနေ့စဉ်ဖူး ဘို့ အကြံပေးချင်တယ် သား..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ကျောင်းမှာ ကျင်းပပြုလုပ်တဲ့ ခင်ပွန်းကြီး ၁၀ ပါး ကန်တော့ပွဲ ကို အမြဲ သွားရောက် ကန်တော့ပါ..သား..။

ခရီးကြမ်းတွေ..၊ ဖုံထူတဲ့ နေရာ ၊ လူထူတဲ့ နေရာ မသွားပါနဲ့ ဆေးမှန်မှန်သောက်ပါသားရေ။

မေမေက သည်မှာ စုံစမ်းတော့ အဆို့ရှင်ကို အစားထိုး ခွဲစိတ်နိုင်တယ်တဲ့.. ။ မေမေ့ရဲ. မိခင်ဘ၀တာဝန်ကျေပြွန်မှု တစ်ခုဖြစ်စေရပါမယ် သားရယ်..။သည်တစ်ခါတော့....

မေမေတို့ အံမကြိတ်ဘူး..လက်သီးမဆုပ်ဘူး.. တောက်မခေါက်ဘူး..မျက်ရည်မထွက်ဘူး..။

စိတ်ကြည်လင် စွာ

အေးချမ်း ငြိမ်သက်စွာ

ရဲရင့်ပြတ်သားစွာ...

ရင်ဆိုင်ကြတာပေါ့..သားသားရေ..။

သစ္စာအလင်း

ဒီပိုစ့် နဲ့အတူ ခံစားချက်တွေ ပွင့်အန်လိုက်လို့ သက်သာရသလို ကျွန်မ အတွက် ဓမ္မဘလော့ဂါ မိတ်ဆွေကောင်းတွေ အများအပြား ရဲ့ ထပ်တူခံစား အားပေး ဖေးမမှုတွေ ပါရရှိခဲ့ရပါတယ်..။ ကိုဝင်းမြင့်၊ဖိုးသား၊ ကိုအောင်ဦး(ဓမ္မရသ) ၊Bliss၊(ဝိမုတ္တိသုခ) ဒေါက်တာလွမ်းဝေ ( အလှတရား)၊ဘုန်းဘုန်းဦးတိက္ခဉာဏ (ယောအသင်း)တို့ ဖြစ်ပါတယ်..ခုထိလည်း သားကိုအားပေး၊ ဖေးမကြတုံးပါ။ မမေဟန် က ဆို ကျွန်မ ကနေဒါက ဆေးတွေ ဝယ်နေမှန်း သိတာ နဲ့ သူဘာကူရမလဲ ချက်ချင်း လှမ်း မေးပေး ခဲ့ပါတယ်..။ ဘုန်းဘုန်းဦးလောကနာထ ကတော့ သားရဲ့ ဘလော့ မှာ အားပေးစကား (Comment)ပေးလျှက် အမြဲလို ပြော ကြား ပေးခဲ့ပါတယ်..။ ညီမ မထက်စုနှင်းဆီ ကတော့ ကျွန်မ မြန်မာရောက်နေချိန်မှာ အမေရိက မှ ဆေးများ ပို့ပေးခဲ့တာ ။ ဒီမိတ်ဆွေ တွေရဲ့ ဒီလို အားပေးဖေးမမှု ကို ဓမ္မဘလော့ဂါ လုပ်ခဲ့လိုသာ ရရှိခဲ့တာပါ။ နှစ်သစ်ကူး မှာ အထူး တစ်လည် မှတ်တမ်းတင်၍ ကျေးဇူးစကားဆိုပါရစေ..။

ကျွန်မ မြန်မာ ပြန်ရောက်ချိန်မှာ တရားစခန်းမှာ ဆက်တိုက် ဝင်သလို ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား ကိုသိက္ခာထပ်မင်္ဂလာပြုလုပ်ပြီး ၊သားကို ရဟန်းခံပေး ကာ သားအမိ နှစ်ဦး လုံး တရားစခန်း ဝင်ဖြစ်ခဲ့ကြပါ တယ်..။ သားကရဟန်းဘဝမှာ တစ်လတောင် နေတာမို့ သာသနာ့ဘောင်မှာ ပျော်ရင်ကောင်းမှာပဲ လို့ တွေးမိပါတယ်..။

မြန်မာ ပြည် ဆိုတာ လှို့ဝှက်နက်နဲမှုတွေ ပြည့်နှက်နေသလိုပါ..။ ကျွန်မ တပည့်မလေးတစ်ယောက် ကို ကူညီပေးမိတာနဲ့ သူ့ရဲ့ မိခင် က ဆေးနည်းကောင်းတစ်ခု ပေးခဲ့ပါတယ်..။လေးဘက်နာ ရောဂါရှိသူများ အတွက် မျှဝေ ချင်တာပါ။ ဆေးနည်း ပေးသလို ဆေးတွေပါ လက်ဆောင်ပေး ခဲ့ပါတယ်။ ဆေးကတော့ တောင်မရိုးမှုန့် ကိုပျားရည်နဲ့တေ ပြီး အလုံးလုံး တွေလုပ် နေပူလှန်း ကာ တစ်နေ့ သုံးလုံး ကနေ ၉ လုံးထိ စားရတာပါ..။

သား ရဟန်းဘဝ နဲ့နေရင်း ကျွန်မ လုပ်ပေးတာ သပိတ်တစ် လုံး စာ မက ခဲ့။ အကြောင်းကြောင်း သော အကြောင်းတွေညီညွတ် ခဲ့လို့လားမသိ..။ ဘာက ဘယ်လို ပျောက်စေခဲ့သလဲ တော့မသေချာ။ ၃ လလောက်ကြာဆေးစစ်ချိန်မှာ သားရဲ့ လေးဘက်နာရောဂါပြ ကိန်းဂဏန်း ဟာ ပုံမှန် ဖြစ်နေတာမို့ အံ့သြဝမ်းမြောက်ရခြင်း ကမဖေါ် ပြနိုင်အောင်ပါပဲလေ..။အရင် ကကိုယ်အလေးချိန် တက် မတက် ကြည့်ရတဲ့ကျွန်မ ဟာအခုဆို သူ့ကို ဗိုက်ပူ တာ ချဘို့ပြောနေရတဲ့ ဘဝရောက်နေခဲ့ပါပြီ..။

အခု ၁၃၇၃ ခုနှစ် နှစ်သစ်ကူးမှာ ဆုတောင်း များစွာ ရရှိတဲ့အထဲမှာ သားကြီး ရဲ့ Face Book မှာတင် ထားတဲ့ စာကတော့ သူ့ရင်ထဲက အကြိတ်အခဲ ဖြေဖျောက်လေသော စကား မို့ ကျွန်မအတွက် နှစ်သိမ့်ကြည်နူးမှု အဖြစ်ရဆုံး ဆုတောင်းစကား ရယ်ပါ။

မေမေ ရဲ့ မေတ္တာတရားတွေ လေ

by Mg Ogga on Monday, April 18, 2011 at 11:31am

မေမေ သစ္စာအလင်း ရေးထားတဲ့ ကျွန်တော် နှလုံးခွဲစပ်တုန်းက ရေးထားတဲ့ ပိုစ့်လေး တစ်ခု ပါ ပြန်ဖတ်ကြည်ရင်း ရင်ထဲ လှိုက်တက် လာပြီး မျက်ရည်စို့ မိတယ် မေမေ မေတ္တာ တရားကို ခံစားမိတာ မှအရမ်းပဲ မေမေ ရေ သားလိမ္မာပါတော့မယ် မေမေရေ သားအရင်လို မမိုက်တော့ ဘူးမေမေ နှစ်သစ်မှာ အကျင့်ကောင်းတွေ နဲ့ ကိုယ်ကိုယ်ကို ပြန်တည်ဆောက်မယ်လို့ မေမေ ကို ကတိပေးပါမေမေရေ သားကြိုးစားတော့မယ်မေမေရေ။

သူမိုက်တယ်ဆိုတာကတော့ ရောဂါနဲ့ မတဲ့တာတွေစားတာ သောက်တာ မျိုးပါ..ကွမ်းစားတာ ဘယ်လိုပြောပြော မရခဲ့ ပါဘူး။ ခံစားချက်ပြင်းထန်မှုတွေ နဲ့ တစ်ခါခါ ပေါက်ကွဲပြတတ်တာ လေးတွေပါပဲ..။ စတိုင်ကျကျ နေရတာ က ဘူဇွာ နဲ့တူပါတဲ့။ ပကာသနကင်းကင်း၊ရိုးရိုးစင်းစင်း နေတတ် တာနဲ့ ညစ်ညစ်ပတ်ပတ် နေတာကို မသဲကွဲရှာ။ ညစ်ပတ်တာကို ပကာသန ကင်းတယ် ထင်တော့ အမေနဲ့ အယူအဆ အမြဲကွဲလွဲရပြန်တာပါ။ ဒါကိုပဲသူက ကို့ ကိုယ် ကို သူဆိုးတယ် လို့ ထင်နေခဲ့ တာပါ..။အမေ က ဘယ်တုံးကမှ မထင်ခဲ့ပါဘူးသားရေ..။သားအတွက် အမြဲ ပဲဂုဏ်ယူခဲ့တာမျိုးပါ။

တကယ်တော့ သားက ထက်မြက်သူ၊ စာအလွန်ဖတ် တဲ့ကလေးပါ။ ဘယ်အသိုင်းအဝိုင်းကလူ ပဲဖြစ်ဖြစ် အဆင့်အတန်းရှိရှိ ရင်ဘောင်တန်းပြီး ယဉ်ကျေးလှစွာ စကား ကိုပြော တတ်ပါသေးတယ်။

Science သာသိပြီး Social Science ကိုနားမလည်တဲ့ ကျွန်မ ကသားကို အမြဲဆရာတင်ရပါတယ်။ သားက မုံရွာစီးပွားရေးတက္ကသိုလ် က ဘောဂဗေဒ ဘွဲ့ရရှိ ခဲ့ ပြီး ရန်ကုန် တက္ကသိုလ်မှာ အသုံးချ စိတ်ပညာ ဘွဲ့လွန် ဒီပလိုမာ တက်ရောက်ခဲ့သူမို့ ကျွန်မ မသိတဲ့ Development ဘာသာရပ်တွေ Child Psychology တွေ မြန်မာနိုင်ငံမှ NGO အဖွဲ့ အစည်းများ အကြောင်း တွေ သားကိုသာ ဆရာတင်ပြီး မေးမြန်း ဆွေးနွေးခဲ့ရတာပါ။

ကျွန်မ ယဉ်ကျေး လိမ္မာ သင်တန်း က ကလေးတွေအတွက် Action Song တွေ သူပဲရှာပေး တတ်သလို။ကျွန်မ မအား တဲ့အချိန်တွေမှာ သူပဲ အစားထိုးဝင်သင်ပေးခဲ့ပါသေးတယ်။ ကလေးတွေ က ဆရာလေး ဘယ်တော့ လာမှာလဲ မေးခွန်းကို ကျွန်မ ခဏခဏ ဖြေခဲ့ရတော့တာပါ။

ကျွန်မ အော်ဂဲနစ်နည်းပညာပေး သင်တန်းတွေ ပေးတော့လည်း တစ်ခါ တစ်ခါ သူ Projector လိုက်ထိုးရင်း လိုအပ်တာတွေကိုထောက်ပြနိုင်တဲ့ကလေးပါ။ နောက် Climate Change friendly Organic Agriculture ဆိုတဲ့ Latest အဖြစ်ဆုံး Paper တွေ သူရှာလာပေးခဲ့တာပါပဲ။သူက ဦးရွှေအောင် Crazy မို့ ကျွန်မ အတွက် ဦးရွှေအောင်စာအုပ်တွေ သားဆီကပဲရခဲ့တာပါ။

သားတွေအတွက် ရုံးရောက် ဂတ်ရောက် အမှုကိစ္စ ဖြေရှင်း ရတဲ့ အမေ များစွာကိုတွေ့ ဘူးတာမို့ သားကို ဆိုးတယ် လို့ ဘယ်တုံးကမှ မယူဆခဲ့ဘူးပါ။ကိုယ်က ဆေးရုံသာရောက်ခဲ့သကိုး။ လိမ္မာပြီးသားမို့ လိမ္မာ ပါတော့မယ် ဆိုတာတကယ်တော့မလိုအပ် ပါဘူးသားရေ..။ ဆောင်ရွက်ဆဲ ပရဟိတ လုပ်ငန်းတွေ ကိုဆောင်ရွက်တာဟာ ကျေးဇူးဆပ်တာနဲ့ တူတူပါပဲ။

သားရေ..မေမေတို့ ဇာတိ ရှိလာခဲ့လေတော့ ဗျာဓိဆိုတာကို စိတ်စွမ်းအား၊မိတ်ဆွေအား၊မေတ္တာအားတွေ နဲ့ အတိုင်းအတာ တစ်ခုထိ ကျော်လွှား နိုင်ခဲ့ ပါတယ်။ နောက် ဘာ…ဗျာဓိ တွေလာအုံးမည်မသိ။နောက်ပြီး ..ဇရာ..မရဏ ဆိုတာ ကိုတော့ မလွဲမသွေ ရင်ဆိုင်ကြရ ပေအုံးမယ်။

အဲဒီအခါ အရင်ကလိုပဲ ခံနိုင် ရည် စွမ်းအား တွေ ပြည့်သထက်ပြည့်အောင်ဖြည့်တင်းကြ ရအောင်ပါလေ။ ဇာတိနောက်ထပ်မလာ စေခဲ့ရင်တော့အကောင်းဆုံးပေါ့သားရေ.. ။ သားကြီးဆောင်ရွက်နေသော ပရဟိတ လုပ်ငန်းများ အောင်မြင်ပါစေ။ လို့ မေမေက နှစ်သစ်ကူးဆုတောင်း လေး နဲ့ မေတ္တာပို့သ ပါလိုက်ပါတယ်..။

မှတ်ချက်..သမီးမစုမြတ်အတွက် သပ်သပ်ရေး ပါမယ်နော်..။စိတ်ထဲထိခိုက်မှာ စိုးလို့ပါ။

Sunday, September 13, 2009

မေတ္တာများဖြင့်အေးမြစေ(ကိုဥဂ္ဂါ မွေးနေ့ဆုတောင်း)


မိန်းမသားဆိုတာ---အားနွဲ့ပါသတဲ့---
သေချာရဲ့လား ဟုတ်ရဲ့လားဟင်..။
ဖောင်သာစီးဘူး ၍ မီးမနေဘူးသူတို့ရဲ့ သတ်မှတ်ချက်
အထင်သက်သက် သာဖြစ်ပေ...လိမ့် …..။
နာကျင်မှုတွေ အဆုံးစွန်...
လျင်မြန်စွာ လွန်မြောက်ပါစေသား။
ခွန်အားဆိုတာ ကိုယ်တွင်းမှာသာရှိ။
ပြင်ပမှာလည်းရှိမနေ။
ချွေးစက်တွေက ---ဇီးကင်းတမျှ
မျက်ရည်များလည်း မကျချင်။
လက်သီးဆုပ်ထား၊ မာန်တင်းထားပေါ့။
သတ္တိ သွေးတွေ...စွေးစွေးနီ..၊
ခိုင်ကျည် စိတ်ဓာတ်----မြင့်မြတ်ပါစေ။
ဒါဟာ တိုက်ပွဲ----ရဲရင့်ပါစေ။
သင့်ရဲ့ ဘဝသမိုင်း----- မရိုင်းစေနဲ့။
နူးညံ့ခြင်း မှာ စွမ်းအားရှိ ၊ ဘယ်သူအဖြေညှိချင်သလဲ..။
ကဲ----အစွမ်းကုန် စုစည်း
ကြီးမြတ်တဲ့ သင့်မေတ္တာ နဲ့ သင်ကျော်ဖြတ်နိုင်မှာပါ..။

ဘာလေးလဲဟင်၊
အင်္ဂါစုံလား....ပေါင်ပြည့်လား နဲ့
မနားနိုင်ပါ။
သား---ဆိုပါ့လား၊
လျှပ်ပျက်သွားသလို....လင်းလက် စွာစီးဆင်း
ကရုဏာ မြစ်တစ်စင်း၊ ချစ်ခြင်းလှိုင်းထ
ခုဏ ဝေဒနာ သူမဟုတ်သလိုပါပဲ
ရင်ထဲက ပီတိ ၊ နှိုင်းပြစရာမရှိခဲ့တာ
အသေအချာမှတ်မိနေခဲ့တယ်။

သား--တဲ့
ဤမျှ အဓိပ္ပါယ်ပြည့်ဝသောစကား၊
အရင်က မသိခဲ့ မရှိခဲ့
အခုမှ သိ...ထိထိရှရှ--မိမိရရ
ကျန်တာဘာမှ အရေးမကြီး
ကျန်တာ ဘာမှ အဓိပ္ပါယ် မရှိ
ကျန်တာ ဘာမှ အဓိက မကျ..
ဒါသာလျင် ပဓာန တဲ့
ကျောက်ချ...ထုဆစ်
ရွှန်းသစ်သော မိခင်ဘဝ အဲဒီနေ့ကစတင်၊
သန့်စင်စွာ နိုးထ၊အရပ်ရှစ်မျက်နှာ မက---
လောကကို လည်းကြည့်ရဲ၊ မာနကိုလည်း လွှင့်ရဲ၊
ရဲတဲ့နေ့ တွေ ရှည်ခဲ့တယ်။

ရှာဖွေကြည့် ပါ၊
၃၂ ကောဋ္ဌာသ မှာ နို့ရည် ဆိုတာမပါဝင်
ဆင်ခြင်ဉာဏ် စိတ်သွင်း နော်.....ဖန်ဆင်းရှင် မရှိ
ပကတိ စွမ်းအားရှင်-----မိခင် ဖြစ်တယ် ကလေးရေ..။

ကြီးကျယ်သောမေတ္တာတရား
အရာရာအားပြောင်းလဲစေ၊
နီသောသွေးတွေ ဖွေးဖွေးဖြူခဲ့ ….။
နှိုင်းပြုစရာ ၊ ဥပမာဆောင်---
မြင့်မိုရ်တောင်ဟာ နွားချိုလောက်သာ ရှိပါသတဲ့။
မဟာသမုဒ္ဒရာဟာ ရေအိုင်ငယ် သဖွယ်တဲ့။
ကမ္ဘာမြေကြီး ဟာ ဝါးရွက်လောက်သာ ရှိသတဲ့ ။

တကယ်လို့များ
သားရဲ့အမေ၊ သည်အမေ ဟာ
တဏှာမြှေးယှက် ၊ မပေးရက်သူ။
ပေမ ငါးမျိုး ၊ မကိုးစားသူ။
မျှော်လင့်ချင်စိတ် ၊တိတ်တိတ် ဖြေသူ။
အလွမ်းမီးငြှိမ်း၊ သိမ်းဆည်းတတ်သူ။
သံယောဇဉ် မပါ၊ မေတ္တာဖြူစင်၊ ကြည်လင်ချင်သူ။
တာဝန်ကျေခြင်း၊ဝဋ်နှောင်ကင်း သူ။
ကျေးဇူးရှင် ဂုဏ်ပုဒ် ၊မဖေါ်ထုတ်ချင်သူ။
ဘဝဇာတ်ထုပ်၊ကကြိုးမရှုပ်လို၊
ဟိုအဝေးမှ အေးမြစေသူ။
ထိုထိုသူများ၊ ဖြစ်နေငြားလျှင်
မေတ္တာသည်ကား၊ မေတ္တာတရားအဖြစ်
ခံစား နားလည်
သားကျေနပ်မယ် ယုံကြည်တယ်။
ချစ်သောမေမေ
(လွန်ခဲ့သော ၂၂နှစ် - (၁၃.၉.၁၉၈၇) သားကြီး ကိုဥဂ္ဂါ ဘဝထဲကိုရောက်ရှိခဲ့သော မွေးနေ့အမှတ်တရ အဖြစ်)