သည်ခေါင်းစဉ်ပါ နာမည်လေးကိုတော့ အဖြူရောင်မေတ္တာ ပိုင်ရှင်-ကိုဖိုးသား (ပြည့်စုံအောင်) ရဲ့ အီးမေးလ် မှတဆင့် ကြားဘူးမှတ်မိနေကြမယ်ထင်ပါတယ်။ (ပြည့်စုံအောင် ရလျှင်လူ အကုန်ရတယ်) လို့ပြောစမှတ်ပြုရ လောက်အောင်၊ သတင်းများကိုစေတနာ ပြည့်ဝစွာဖြန့်ချီ ပေးနေတတ်တာကိုး။
ကျွန်မလည်း သူ့အီးမေးလ် လေးက အေသွေးအရေးပေါ်လိုအပ်နေတဲ့ အရိုးကင်ဆာဝေဒနာရှင်တစ်ဦး ဖြစ်ကြောင်း ဖော်ပြထားတာမို့ ချက်ချင်းပဲ ဖုန်းနဲ့ဆက်သွယ်ဖြစ်ခဲ့ပါတယ်။ ဖုန်းက မနက်ဖြန်မနက် သွေးလှူဘဏ်ကိုလာခဲ့ပါ ဆိုတာနဲ့ ကျွန်မ နဲ့ မောင်သက်ဝေဖြိုး ဆုံဆည်းဖြစ်ခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် မွန်မွန်ရည်ရည် ကလေးပါ။ သူကင်ဆာဖြစ်တာ အသက် ၁၈နှစ်လောက်က ရုတ်တရက် နှာခေါင်း သွေးတွေလျှံလာတာကို နေပူလို့ဖြစ်တာပဲ ထင်ခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ပုံမှန်မဟုတ်ပဲ အိပ်လည်းခေါင်းအုံးတွေ ရဲရဲနီပြီး ရွှဲနစ်သွားအောင် ယိုလာတာမို့ ဆေးရုံပြတဲ့အထိ ရောက်ခဲ့ရပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံက အသားစ
စစ်ဆေးလိုက်တဲ့အခါ မှသာ အသက်ရှူ လမ်းကြောင်း ကင်ဆာ ဖြစ်နေပြီဆိုတာ သူဟာ ထိတ်လန့်စွာ သိလိုက်ရပါတယ်။
မိဘတွေက ဝါးခယ်မမြို့နယ်၊ နဲသမိုင်ကျေးရွာက လယ်သမားတွေ ဖြစ်ကြပါတယ်။ သူကလည်း မြန်မာစာ အဓိက နဲ့ စာပေးစာယူ သင်တန်းတက်ရောက်နေခဲ့တာ နောက်ဆုံးနှစ် ကိုရောက်လို့နေခဲ့ ပါပြီ။ အခုနှစ်တော့ ရောဂါကြောင့် စာမေးပွဲ
မဖြေဆိုနိုင်ခဲ့ပါဘူး။ ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ဋ္ဌာနမှာ ရောင်ခြည်ပေးတာ၊ ဆေးရည်သွင်းတာ အကြိမ်ကြိမ်အခါခါ ပြုခဲ့ချိန်မှာ ခေတ္တသက်သာလာ ခဲ့ပါတယ်။ ကင်ဆာဆိုတဲ့ရောဂါဆိုးဟာ တစ်ကြိမ် ပြန်ခေါင်းထောင်လာပြီး လက်မောင်း တစ်ဖက်ကိုက်လာတယ်လို့ သတိပြုမိချိန်မှာတော့ အရိုးကင်ဆာကို့ပြောင်းလဲခဲ့ ပြီဖြစ်ကြောင်း သိလိုက်ရပါတယ်။
ဆေးသွင်းကုသတာကို ခံနိုင်ရည်ရှိဘို့ သွေးအားအလွန်နည်းနေတာမို့ သွေးအလှူခံရရှာတာပါ။ မိဘတွေကလည်း လိုက်မလာနိုင်တော့ ရန်ကုန်မှ ဝမ်းကွဲ အမ နှစ်ဦးက စောင့်ရှောက်လိုက်ပါပေးရတာ ဖြစ်ပါတယ်။ ကျွန်မက သဒ္ဓါတရား ရှိပေမဲ့စစ်ဆေးလိုက်တဲ့ အချိန်မှာ သွေးအားနည်း နေဆဲ အခြေအနေက ကျွန်မရဲ့ ဒါနဥပပါရမီကို မအောင်မြင် ရန် ဟန့်တားထားနေဆဲ ဖြစ်ပါတယ်။ သွေးလှူဘဏ်အနေနဲ့ ကလည်း အေ နဲ့ အေဘီ သွေးလုံးဝ ပြတ်လပ်နေပါတယ်။ ဘီနဲ့ အိုကတော့ အလှူခံတောင်ရပ် ထားရပါသတဲ့။
အားငယ်သွားတဲ့မောင်နှမ သုံးယောက်ကိုအားပေးရင်း ကျွန်မ တစ်နေ့တာ လူနာရှင်ဝင်လုပ်ဘို့ ဆုံးဖြတ် လိုက်ပါတယ်။ သမီး တို့ မနေ့ က အံတီ့ ဖုန်းအပြင် တခြားဆက်သွယ်လာတဲ့လူ ရှိသေးလား မေးမြန်းရပါတယ်။ ရှိပါတယ် ဒါပေမဲ့
သွေးလှူဘဏ်ကို မချိန်းလိုက်မိကြောင်းပြောပြီး နံပါတ်၅ခုလောက် ထုတ်ပြရှာပါတယ်။
ကျွန်မက ချက်ချင်းဆက်သွယ်တော့ နံပါတ် ၄ခု ကခေါ်ရတာ အဆင်မပြေပါဘူး နံပါတ်တစ်ခုကပဲ ပြန်ဖြေပါတယ်။ Youth Development Program ကပါ။ ဖုန်းလက်ခံတဲ့ ကလေးက သူတို့မှာ အဆင်မပြေကြောင်း ဖြေပါတယ်။ ပြီးတော့မှ
ကံအားလျော်စွာ နောက်ကစကားပြောသံတစ်ခုထွက်လာပြီး လာခဲ့ပါမယ် ဆိုတဲ့ အဖြေကိုရပါတယ်။
တစ်ပုလင်းနဲ့ စိတ်မချတဲ့ကျွန်မက ပိုင်းလော့ဆရာတော်ကျောင်း၊ ဒါနဥပပါရမီ အဖွဲ့ကို လှမ်းခေါ်ရပါတယ်။ ဖုန်းဖြေတဲ့ မောင်ဝင်းမင်းဋ္ဌေးက သူကအေသွေးပါ၊ ချက်ချင်းလာခဲ့ပါ့မယ် ဆိုတော့ ကျွန်မစိတ်အေးသွားပါတယ်။
သူတို့ကို စောင့်နေရင်း သွေးလှူဘဏ်ရှေ့ကို အေသွေးအလှူရှင် တစ်ဦး ထပ်ရောက်လာတော့ ကျွန်မက မောင်သက်ဝေဖြိုးအတွက် ဆွဲခေါ်ထားလိုက်ပါသေးတယ်။ အင်း… သုံးယောက်ဆို လောက်တန်ကောင်းရဲ့ လို့လည်း ဆုတောင်းနေမိပါတယ်။ ကျွန်မက သူ့ အတွက်ပူနေပေမဲ့ လူနာ မောင်သက်ဝေဖြိုးကတော့ သူကဲ့သို့ အေသွေး လိုအပ်နေတဲ့ တခြား လူနာ နှစ်ဦး အတွက် စိတ်ပူနေရှာပါတယ်။
သူ့မေတ္တာကြောင့်ပါပဲ ပထမရောက်လာတဲ့ -Youth Development Program က အလှူရှင် ဗိုလ်ကြီး ကျော်သူမျိုးမြင့်ရဲ့ သွေးက မောင်သက်ဝေဖြိုး ရဲ့လိုအပ်ချက်နဲ့ အကုန် ကိုက်ညီ နေလို့ ဝမ်းသာရပါတယ်။ ဗိုလ်ကြီးက ဖိုးသား
တို့လို စစ်အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။ ဖိုးသားရဲ့ စီနီယာ ဖြစ်ပါလိမ့်မယ်။ စိတ်ကောင်းရှိတဲ့ မောင်နှမ သုံးယောက်က ခွဲစိတ်တုံးမှာ အရေးပေါ်လိုအပ်နေတဲ့ လူနာအတွက် ဒုတိယ သွေးလှူရှင်ကို လွှဲအပ်ပေးကြပါတယ်။
ပိုင်းလော့ဆရာတော်ကျောင်း၊ ဒါနဥပပါရမီ အဖွဲ့က သွေးလှူရှင်ကိုဝင်းမင်းဋ္ဌေး ရောက်လာချိန်မှာတော့ ကျွန်မက
ရှင်းပြရပါတယ်။ မောင်သက်ဝေဖြိုး တော့အဆင်ပြေသွားပြီ။ ဒါပေမဲ့ လိုနေတဲ့လူနာ- ဦးသောင်းညွန့် (အစာအိမ်ကင်ဆာ- အသက်၈၂နှစ်) ရှိတယ်။ လှူမလားဆိုတော့ လှူပါ့မယ်တဲ့။
အလှူရှင်တွေ သွေးလှူတာကိုစောင့်ရင်း ကျွန်မ ကမောင်သက်ဝေဖြိုးကို တရားအားထုတ်ဘို့ စည်းရုံးရပါတယ်။ သူ ကအခုလာမဲ့ နွေမှာ ပိုင်းလော့ဆရာတော်ကျောင်းကို လာရောက် ရဟန်းဝတ် အားထုတ်မယ် ကတိပေးရှာပါတယ်။ သူကအလွန်အားငယ်ကြောင်း။ တက်ကြွရှင်သန်မယ်လို့ အားယူတဲ့ အချိန်မှာ ဘဝ တစ်ခုဟာ အဆုံသတ် လက်လွှတ်ရမယ်လို့ သိလိုက်ရတဲ့ အသိဟာ ဆောက်တည်ရာမဲ့၊ တော်တော်တုန်လှုပ် ချောက်ခြားစေပါတယ်တဲ့။ လျှောက်ရမဲ့ လမ်းကလည်း ပျောက်။ ရှေ့ဆက်ဘို့ ခွန်အားသတ္တိ ကလည်းမရှိတာကို မခံစားနိုင်ကြောင်းရင်ဖွင့်ပါတယ်။
အံတီရေ… အေအိုင်ဒီအက်စ် လူနာတွေ အတွက် နှစ်သိမ့်ဆွေးနွေး ပညာပေးတာရှိသလို၊ ကင်ဆာ ဝေဒနာရှင်တွေ အတွက်လည်း ရှိရင်ကောင်းမယ် လို့ပြောရှာပါတယ်။ ကျွန်မကလည်း မာန်ကြီး တဲ့ခါချဉ်ကောင် တစ်ကောင်သာ ဖြစ်လို့
ခါးသန်အောင်စောင့်ရပါအုံးမယ်။
စွမ်းနိုင်သူ စာဖတ်ပရိသတ်များအတွက် ကျွန်မ မျှဝေလိုက်ရင်း သွေးလှူရှင် ဗိုလ်ကြီးကျော်သူမျိုးမြင့် နဲ့ အင်ဂျင်နီယာ ကိုဝင်းမင်းဋ္ဌေး တို့ရဲ့ အောင်မြင်ထမြောက်သော ဒါနဥပပါရမီ အလှူကို ဝမ်းမြောက်စွာ သာဓုခေါ်စေရန် မျှဝေရေးသားလိုက်ပါတယ်။
သတ္တဝါမှန်သမျှ၊ ဆင်းရဲဒုက္ခ ဘေးမှကင်းဝေးကြပါစေ။
Showing posts with label ကျွန်မရဲ့ဒါနဥပပါရမီ. Show all posts
Showing posts with label ကျွန်မရဲ့ဒါနဥပပါရမီ. Show all posts
Sunday, February 28, 2010
Monday, March 2, 2009
ကျွန်မရဲ့ဒါနဥပပါရမီ
ဒါန၊သီလ၊ ဘာဝနာ ဆိုတာ ကုသိုလ်ဓာတ်ဖြစ်ပေါ်စေသော အလုပ်၏ အမည်နာမ သုံးမျိုးလို့ မှတ်သား ဘူးပါတယ်..။အလွယ်ကူဆုံးနဲ့ ပလိဗောဓ အနည်းဆုံးက သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ ဖြစ်ပြီး ထမြောက်အောင်မြင်ဘို့ အခက် ခဲဆုံး က ဒါနဆိုတာ ကို အရင်တုံးက ကျွန်မ မယုံခဲ့မိဘူး။ ကျွန်မ ကိုယ် တွေ့ ကျ မှယုံပါပြီ။
ကျွန်မ ကျောင်းတက် ဘို့ရောက် ရှိနေတဲ့ နေရာလေးက အီတလီနိုင် ငံရော မမြို့ နဲ့ ကီလို မီတာ ၂၀၀ခန့်ဝေးပါတယ်..။ အီတလီ နိုင်ငံအလယ် ပိုင်းမှာပါ..အီတလီ သည် တစ်ခြားသော European Union တိုင်းပြည် များဖြစ်တဲ့ ဂျာမဏီ၊ ဘယ် လဂျီယံ၊ ပြင်သစ်တို့ ထက် နှိုင်းယှဉ်ရင် နိုင် ငံခြားကျောင်းသား ခေါ်လေ့ မရှိတော့ Internationalization ဖြစ်အောင် ဆို ပြီး မကြာသေးသော နှစ်များ မှပြောင်းလဲလိုက်တဲ့ မူဝါဒ ချမှတ်ခဲ့တာမို့.. ကျွန်မသည် ကျွန်မရဲ့ တက္ကသိုလ် ၏ ပထမဦးဆုံး သော Batch မှ International ကျောင်းသူ တစ်ဦးဖြစ် ခဲ့ရ ပါ တယ်..။
ကျောင်းသား၆ ဦးမှာ မိန်းကလေး ကျွန်မ တစ်ဦးသာပါလေတော့ နေရထိုင်ရ တာ တော် တော်လေး တော့ခက်သား၊ ဟိုဟာ မသိ ဒီဟာ မသိ နဲ့ ပျောက်သောလမ်းမှာ စမ်းတစ်ဝါးပေါ့လေ..။ အာရှ အမျိုးသမီးကို မမြင်ဘူးသလိုဝိုင်းကြည့်ခံရတာလည်းရှိ ပါတယ်..။ ကျောင်းကပေးထားတဲ့ အလကားစီးခွင့် ဘတ်စကားလက် မှတ်ကို ခဏ ခဏ စစ်ဆေးခံရသလို တချို့ Driver တွေဆို ကျောင်းသားကဒ်ပါ ပြခိုင်းတတ်ပါတယ်.။
ကက်သလစ်ဘာသာ ဝင် တွေရဲ့ တိုင်း ပြည် ဖြစ်လေတော့ ခရစ်စမတ် ပွဲကို ဒီဇင်ဘာ တစ်ရက်လောက် ကစပြီး တစ် မြို့လုံး မီးတွေသွယ်.. ပန်းအိုးတွေချ..ခရစ် စမတ်သစ်ပင်တွေ လုပ် ကြတာ..ပါတီတွေလုပ်တယ်..။ ကျွေးကြ မွေးကြအလုပ် တောင် သိပ်မလုပ်ကြတော့ တာ နေရာတိုင်းလိုလိုပါပဲ..။ကျွန်မတို့ သင်္ကြန်ပွဲလို ပျော် ရွှင်ကြတာ..။
ကျွန်မ ကစဉ်းစားတယ်.. ငါလည်း နှစ်သစ်ကူးအလှူဒါနလုပ် ရင်ကောင်းမယ်..၂၀၀၇ ရဲ့ ပထမ ဆုံးနေ့ကို ဒါန ဥပ ပါရမီ နဲ့ စတင် ဖွင့် လှစ်မယ် ဆိုတဲ့ စိတ်ကူး ကို စတင် ဖြစ်ခဲ့ပါတယ်..။
ဒါနပါရမီ= မိမိပိုင်ဆိုင်သော ဥစ္စာ ငွေကြေးကို စွန့်လွှတ်လှူဒါန်းခြင်း
ဒါနဥပပါရမီ= မိမိ ရဲ့ ကိုယ် လက် အဂါင်္ ၊အသွေးအသားတို့ကို စွန့် လွှတ် လှူဒါန်းခြင်း
ဒါနပရမတ္ထပါရမီ= မိမိရဲ့ အသက်ကို စွန့်လွှတ်လှူ ဒါန်းခြင်း
သွေးလှူ မယ် ဆိုတဲ့စိတ်ကူးနဲ့ အဆောင်မှထွက် တယ် ဘတ်စကားကိုစောင့်တယ်..။ ပေါ်ချိန်တန်လို့မှ ပေါ်မလာ..။ဒါန တစ်ခုလုပ်တယ် ဆိုတာ အဖျက်အမှောင့်များတယ်..တက်တက်ကြွ ကြွ ထက် ထက် သန်သန် အောင်ပွဲတစ်ခုခံလိုက်သလိုဆောင်ရွက် ရမယ် ဆိုတဲ့ ယော ဆရာတော် ဘုရားကြီးရဲ့ ဆုံးမစ ကား ကို နှလုံး သွင်းနေမိတာ မို့ ငါ့စိတ်တော့စမ်းနေပြီ ပေါ့ တွေးမိပါတယ်..။
အဲဒါ နဲ့ အောင်ပွဲခံရအောင် Taxi ( တစ် မြို့လုံးမှ တစ်စီးသာရှိလေသော)ကို ဆေးရုံပို့ပေးဘို့ပြောတော့ 8Euro ပေးရပါမယ်တဲ့..Niente, No Problem ပေါ့လေ..။ဆေးရုံ ရောက်တော့ ဝန်ထမ်း ၂ ယောက် လောက်သာ ရှိပြီးတိတ်ဆိတ် ခြောက် ကပ်နေလေ တော့..သွေးလှူရန် ကြော်ငြာထားပြီးတော့ ဘာ ဖြစ်တာလဲပေါ့လေ..။ဟုတ်ပါတယ်တဲ့ ဒါပေမဲ့ ဒီနေ့ က တော့ တနိုင်ငံလုံး သည်နေ့မှာဘယ် သူ မှ အလုပ် မဆင်းပါတဲ့..။နောက် ၃ ရက် နေမှ ပြန်လာ ပါတဲ့..အိုကေ စောင့်မယ်..။
ရောက် ခဲ့ ပြီ.. ပထမဆုံး ထုံးစံ အတိုင်း အာရှ အမျိုးသမီးကို မမြင်ဘူးသော အကြည့်များနဲ့မေးလိုက်တဲ့မေးခွန်း။ ၅မျက် နှာ ခန့် ရှိပြီးအီတလီလို ရေးထား သော ရောဂါရာ ဇ ဝင် မေးခွန်း မှတ်တမ်းကို ဖြည့်ရတာ..။ ဆောင်း တွင်းကြီးချွေးတွေ ပြန်ရော.။ အီတလီဆရာ ဝန် က ရှင်းပြပါတယ်..ကျေးဇူးတင်ကြောင်း၊ စစ်ဆေးမှုတွေလုပ် ပြီးမှေ သွးကို ယူပါမယ်တဲ့..။
ပထမ သွေး 5 cc စယူပါတယ်.. ပြီးတော့ နှလုံးရော ဂါ ဋ္ဌာန ရယ် ဓာတ်မှန် ရိုက် ဘို့ရယ် ပြော ပါတယ်..။ သည် နေ့လည်းမလှူရပြန်သေးပါ.. ကိစ္စမရှိ စိတ်ကို အေး အေးထားပေါ့လေ..ကိုယ့်ကို ကို ပြန်အားပေးနေရပါတယ်..။
သွေးအဖြေက ရရက် ခွာ ချိန်းတယ်၊ နှလုံးစစ်ဆေးဘို့က ၃ရက် ခွာချိန်းတယ်..။ ဓာတ်မှန်ရိုက်ဘို့ က ၅ရက် ခွာချိန်းတယ်..။ စိတ် ရှည် ရှ ည်ထား စမ်းပြန်ပြီပေါ့လေ..။ကိုယ့်ဒါနက ရိုး ရိုး မဟုတ်ဘူး ဥပပါရမီ စောင့်ရ မှာပေါ့..။
Appointment ပေးထားသော နေ့များကိုအချိန်ကိုက် ရောက် အောင် ကြိုးစားပန်းစား ချီတက် ရပါတယ်..။နှလုံးရောဂါစစ်တယ် ပြဿနာ မရှိ..။ အင်းလှူရတော့မယ်..နီးလာ ပြီပေါ့။ ပြဿနာ ရှိနေတာ က ဓာတ်မှန် ဌာန။ ကျွန်မ နာ မည် အလှည့် ကျတော့ ဝင်သွားတယ်..ကျွန်မ က မြန်မာပြည်မှာလို အဝတ်လဲခန်းကို ရှာပါတယ်..။ ကြိုးချီတဲ့ သင် တိုင်း လေးကို လိုက် ရှာတယ် မတွေ့..။
ဆရာဝန်က ကျွန်မ အား Topless လုပ် ပြီး ဓာတ်မှန် ရိုက် သော Board ကို မေးတင် ပြီးရပ် ရန် ညွှန်ကြားပါတယ်..။ ဘုရားရေ..ခက် ပြီ.. ဒါနဥပပါရမီရှင် ကြီး ဒူးတွေ တုန်လာ ကာ ဘာ ပြန်ပြောရမည် ပင် မသိ..။ ဤ အီတလီဆရာဝန် ရှေ့တွင် မည်သို့သောသတ္တိဖြင့် Topless လုပ်ရပါမည်နည်း။ ပြန် ပြေးရင် ကောင်း မလားပေါ့လေ..။ သင်တိုင်းလေးကို အီတလီလို ဘယ် လိုခေါ်လဲ.. အသဲ အသန် စဉ်းစားရင်း တုန်လှုပ် ချောက်ခြားနေလေ သော ကျွန်မ မျက် နှာ ပေါ်မှာ စာကြောင်းတွေဖတ်တတ် ပုံရပါတယ်..။ သည် တိုက် ပွဲတော့ ကျွန်မ ကျပြီ.. အသေအချာ..ပါပဲ..။
အီတလီတွင် Topless သည် မဆန်း၊ TV မှာ ဆပ်ပြာ Shower Gel ကြော် ငြာ များ Topless ကြသည်..။ဂျာ မဏီတော့ နွေရာ သီကမ်းခြေ များတွင် Bottomless ကြသည်တဲ့..။ ကျွန်မ မရောက်ဘူးတော့ မသိ..။
၅မိနစ် လောက်ကြာမှ အဖြစ်သည်းရန်ကော ဆိုတဲ့ မျက်နှာ ပေးနဲ့ အမျိုးသမီးဆရာဝန် တယောက် ဝင်လာပါတယ်..။သူတို့ ဆီမှာ အဲလို သင်တိုင်းမျိုးမရှိ အားလုံးသည်လိုပဲ ရိုက်ရတာ ပြော ပြတော့ ကျွန်မလည်း အားတင်းပြီး ဓာတ်မှန် အရိုက် ခံခဲ့ရပါတယ်..ထူးဆန်းစွာ ဖြည့်ကျင့်ရ လေသော ဒါနဥပပါရမီ ပါတကား။
ဒါနဲ့ တစ် ပတ်ကြာတော့ သွေးအဖြေရ ပြီ..သည် နေ့တော့ လှူရတော့မယ် ဆို ပြီး ကျွန်မ အစာ ဝအောင်စား အိပ်ရေးကို ဝအောင်အိပ် ပြီးမှထွက်လာ ခဲ့ပါတယ်..။ အဲဒီနေ့ မှာ မှတ်မှတ်ရရ ထူထပ်သော နှင်းများ ကို တစ်စွပ် စွပ် ဖြတ်ကျော်ခဲ့ရတာ ကို မမေ့..။
ဆေးရုံရောက်တော့ ဆရာဝန်က အလွန်အားနာ သော မျက်နှာထားနဲ့ ကျွန်မအား သူ့ စားပွဲရှေ့မှာ ထိုင် ခိုင်းပါတယ်..။ ကျွန်မ က ငါ့ သွေးဘာ ပြဿနာ ရှိနေလဲ.. ထိတ်လန့်ရပြန်ပါတယ်..။ နောက်တော့ မှ ပြဿနာ က Haemoglobin ဖြစ်နေပါတယ်..။ ကျွန်မ ၏ Haemoglobin သည် အမျိုးသမီး တစ်ဦးတွင် ရှိရမှာ 11.5 g/dl to 15.5 g/dl ဖြစ်ပြီး.. အခု ကျွန်မ ရဲ့ အဖြေက 11g/dl သာ ရှိနေတော့ ကျွန်မ ရဲ့သွေးကို သူ မယူနိုင်ပါတဲ့..။
တကယ်တော့ ကျွန်မ ရဲ့သား ကို လှူခဲ့ စဉ်က ကှန်မ မှာ 10g/dl ပဲရှိခဲ့တာ ကျွန်မ မှတ်မိသည်လေ..။ အခု တိုးတက်လာ နေတာ ပဲ၊ ဒါတောင်သူကလက်မခံ.. ကျွန်မအား Ferro Therapy လုပ်ရမယ် ဆိုပြီးကျွန်မ လက် ထဲကို Ferrous Sulphate ဆေးတောင့် ၁၀လုံးစီပါဝင်သော ဆေးကဒ် ၆ ကဒ် ကိုလက်ထဲထည့်ပေးပါတယ်..။ တစ်လ နေမှ ပြန်လာ လှူပါတဲ့..။
ကိစ္စ မရှိ ကြိုးစားပြီး ဆေးစားလိုက် ဟင် နုနွယ် ရွက် စားလိုက် နဲ့ တစ်လကြာတော့ ထပ် သွားပါတယ်..။ အဲဒီ အခါ Haemoglobin 11.5 g/dl ရှိနေခဲ့ပါပြီ...ဆရာ ဝန်က နင့်ကိုလေ ၁၂ ဆိုရင် တောင် ငါ လက် ခံပါတယ်တဲ့.. အခုဟာ က Lower limit မှီ ရုံသာ ရှိလို့ ၃ လ Ferrous Sulphate စားဘို့ထပ် ပေးပြန် ပါ တယ်..။
ကျွန်မ ဆုံးဖြတ်ရပါတယ်.. မြန်မာ ပြည် ပြန်မဲ့ ရက်နဲ့ နီးသွားတော့ ကျွန်မ လက် လျှော့ လိုက် ပါတော့တယ်.. မအောင်မြင်ခဲ့လေသော ကျွန်မ ရဲ့ ဒါနဥပပါရမီ..ဇာတ်လမ်းလေးပါ..။ ဘာဝနာ ပွားခြင်းကိုသာ ဆေင်ရွက်ပါတော့ လို့လည်းသတိပေးနေသယောင်..။ သည် အဖြစ်အပျက်လေးကို မြန်မာ ပြည် မှ ပါရမီရှင် များဖတ်မိ ပါက ငါတို့သည် ဒါနပြုခွင့် နှင့်ထိုက်တန်လေစွတကားဟု ဝမ်းမြောက် နိုင် ကြပါစေ..။
နောက်ဆက်တွဲသတင်း.. အခု သုံးနှစ်ကြာပြီး တဲ့အခါ..အာရှကျောင်းသူများလည်းစုံခဲ့ပါပြီ.. ကျွန်မ ရဲ့ ဗီယက် နမ်သူငယ်ချင်းမလေး အတွက် ဓာတ်မှန် ရိုက်ဘို့ လိုက် သွားတဲ့ အခါ.. လွန်ခဲ့တဲ့ ၃ နှစ်က ကျွန်မ လိုချင်တဲ့ သင်တိုင်းအစိမ်းလေးကို တွေ့ရပါတယ်..Italy, Internationalization ဖြစ်သွားပြီလို့ယူဆရပါတယ်ရှင့်။
Subscribe to:
Posts (Atom)