Showing posts with label အရှင် ဆန္ဒာဓိက. Show all posts
Showing posts with label အရှင် ဆန္ဒာဓိက. Show all posts

Thursday, March 12, 2009

မြတ်လေးပန်းရှစ်ဆုပ် ၊ကျွန်ပ်ဦးတင်၊ ပစ်လွှတ်ချင်မိ


သည်တရားလေးကို ဘာသာ ခြားများအလယ် မှာ နေနေရတာ တိုက်ဆိုင်မှုရှိနေတာ မို့ စိတ်ဓာတ်ခွန်အားတက် စေဘို့ သေသေချာချာ နာယူခဲ့မိ တာပါ.ဆရာတော် အရှင် ဆန္ဒာဓိကဟောကြားတဲ့ (အနေဝေးပေမဲ့ အဝေးနေမဟုတ်ပါ)..ဆိုတဲ့တရားလေးပါ.. အဲဒီ တရားထဲက စူဠ သု ဘဒ္ဒါ ဟာ ကျွန်မ အတွက်တော့ Hero ပေါ့ လေ ။

စူဠသုဘဒ္ဒါ ဟာ အနာထပိဏ်သူဋ္ဌေးကြီး ရဲ့ သမီးပါ ၊ နေ့စဉ် သံဃာ ၂၅၀၀အတွက် ချက် ပြုတ်လုပ်ကိုင်ရင်း၊တရားရှုမှတ်နိုင်တဲ့အတွက် သော တာ ပန် တည် နေခဲ့ ပြီးသားပါ..။လိမ္မာယဉ်ကျေးတဲ့ သူကလေးဆိုတော့ အနာထပိဏ်သူဌေးကြီးရဲ့ သူငယ် ချင်း ဥဂ္ဂါ သူဌေး ကြီးက သူ့သားနဲ့ပေးစားဘို့ ကမ်းလှမ်းပါတယ်..။တကယ်တော့ ဥဂ္ဂါ သူဌေးကြီးမိသားစုဟာ ဗုဒ္ဓဘာသာ ဝင်တွေမဟုတ်ကြပါဘူး။အစေလက တွေကို ကိုးကွယ်တာ ပါ..။

အစေလက ဆိုတာ ကလည်းစေလက ဆိုတာ အဝတ်၊ အဆိုတာ မဝတ်တာ။အဝတ်အစားမဝတ်တဲ့ တက္ကဒွန်း တွေ ပေါ့လေ..။အခုခေတ်တော့ဂျိန်းဘုန်းကြီးတွေလို့ခေါ်တာ ပဲ။သူတို့ကို ကိုးကွယ်တဲ့ ဘာသာ ခြားတွေပါ..။အနာတပိဏ်သူဌေး ကြီးကတော့မပေးစားချင်ပါ..ဒါပေမဲ့ သားပေးသမီးယူ ကတိစကားရှိထားလေတာ့ မညင်းသာပြန်ပါဘူး။ ဘုရားထံသွားလျှောက် ပါတယ်..တိုင်ပင်တာပေါ့နော်..ပေးစားသင့် မသင့် ကို ပါ..။ဘုရားရှင်က စူဠသုဘဒ္ဒါကို အကြောင်းပြုပြီး ဥဂ္ဂါ မြို့ မှလူအပေါင်း ဗုဒ္ဓဘာသာ ဖြစ်မယ် လို့ မြင်တော် မူတဲ့အတွက် ပေးစားခွင့်ပြုလိုက်ပါတယ်..။

အဲဒါနဲ့ စူဠသုဘဒ္ဒါ ဟာ သာဝတ္ထိကနေယူဇနာ ၁၂၀ မိုင် အားဖြင့် ၉၆၀ကျော် ဝေးတဲ့ ဥဂ္ဂါ မြို့ကို လိုက် သွားရ ရှာပါတယ်..။မင်္ဂလာ ဆွမ်းကျွေးတဲ့နေ့မှာသူတို့ရဲ့ အစေလက ဘုန်းကြီး တွေကို ဆွမ်းပင့်ကျွေးတဲ့ အခါ..စူဠသုဘဒ္ဒါ ကအခန်းထဲမှာပဲနေတယ်ထွက် မကန်တော့ပါ..။သူ့ကို ကိုအတင်းဆွဲပြီး ကန်တော့စေပါတယ်..။
စူဠသူဘဒ္ဒါ က အရှက် မရှိသူများကို လုံးဝမကန်တော့နိုင်ပါ ကြောင်း ပြတ်ပြတ်သားသားရဲရဲဝံ့ဝံ့ ပြန်ပြောပါတယ်..။ဥဂ္ဂါ သူဌေးစိတ်ဆိုးပြီး ချက် ချင်းအိမ်ပေါ်မှ နှင်ချတာ.. ဒါပေမဲ့ ဖခင် အနာထပိဏ် သူဌေးကြီး ထည့် ပေး လိုက်တဲ့ သူဌေးကြီး၈ယောက် ရဲ့ အဆုံးအဖြတ်ကြောင့်အကြောင်းမဲ့ နှင်ချလို့တော့ မရဘူးပေါ့နော်..။

သူက ပြန်စိန်ခေါ်တာပေါ့ နင်တို့ ဘုန်းတော် ကြီးတွေက ဘယ် လို တွေမို့လို့ ငါတို့ဘုန်း ကြီးတွေကို မကန်တော့ နိုင်ရတာလဲလို့ ပြန်မေး ပါတယ်..။ဗုဒ္ဓရဲ့ တပည့်သားရဟန်းတော် တွေဟာ ကိုယ် နှုတ်စိတ် ငြိမ်သက် ကြပါတယ်.။ငြိမ်းအေးကြပါတယ်။ကာယကံ၊ဝစီကံ ၊ မနောကံ၊ ကံသုံးပါးသန်းရှင်စင် ကြယ် ကြပါတယ်.။.လော ကဓံ နဲ့တွေ့ ကြုံရင် လည်း တုန်လှုပ် ခြင်းမရှိကြပါဘူး..။စူဠသူဘဒ္ဒါက သံဃာ တော် တွေရဲ့ ဂုဏ်တော် တွေကို ပြောပြပါတယ်..။

ဒါဆိုရင် ခေါ်ခဲ့ ပါတဲ့မနက်ဖြန်ချက် ချင်းပင့်ပေးပါ တဲ့....စူဠသူဘဒ္ဒါကသောတာပန်လည်းဖြစ်တယ်၊ သူ့ကိုယ် သူ လည်းယုံကြည်တယ်လေ..။ချက် ချင်းဘုရားရှင်နဲ့ တကွ သံဃာ ၅၀၀ ကို ဆွမ်းဆက် ကပ် ဘို့ပြင်ဆင် ထမင်းတွေ ဟင်းတွေ ချက် ပြုတ်လုပ် ကိုင်ပါတယ်..။
ပြင်ပြီးညနေ ၅နာရီ ဘုရားရှင် သာ ဝတ္ထိမှာ တရားဟောနေတဲ့ အချိန်လောက် ကျတော့ အိမ်ရှေ့ ဝရံတာ ကို ထွက်ပြီး မြတ်လေးပန်းရှစ်ဆုပ် ကို ကောင်းကင် ကိုပစ်တင် ကြဲ လွှတ် လိုက်ပါတယ်..။ဤပန်းရှစ်ဆုပ်သည် ပင် လျင် တပည့်တော် မ၏ ဆွမ်းပင့်ဖိတ်လျှောက် လွှာပါ..တပည့်တော်မ၏ ဆွမ်းဖိတ်ခြင်းခြင်းကို ဤပန်းရှစ်ဆုပ် ဖြင့်သိတော် မူပါဘုရား..လို့ အဓိဋ္ဌာန်လိုက်ပါတယ်..။

မြတ်လေး ပန်း များက သာ ဝတ္ထိက မြတ်စွာဘုရားရဲ့ တရားဟောပလ္လင် တော် ထက် က မျက်နှာ ကျက်မှာတည်ဖွဲ့နေပါတယ်..။မြတ်စွာဘုရားကို ဆွမ်းပင့်ဖိတ်တဲ့ လူတွေက ပင့်သော်လည်း မရတော့ပါ စူဠသုဘဒ္ဒါ အိမ်က ပင့်ထားတယ် လို့ မိန့်တော့ သူက မိုင် ၉၆၀ ကျော် ဝေးတာ ဘယ်လို လာပင့် တာပါ လိမ့်ပေါ့နော်..ဘုရားရှင် ကမျက် နှာ ကျက်မှ မြတ်လေးပန်းရှစ်ဆုပ် ကို ပြတော် မူပါတယ်..။သူပို့လိုက်တဲ့ ဖိတ်စာတွေ ပါပဲလို့..။

ငါဘုရားနဲ့ နီးတယ် ဝေးတယ် ဆိုတာ အကွာအဝေးနဲ့ မဆိုင်ပါတဲ့.. သန္တ ပုဂ္ဂိုလ်(သူတော်ကောင်းပုဂ္ဂိုလ်) နဲ့ အသန္တ (သူတော် ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်) အကြောင်းဟော ကြားထားပါတယ်..။
ငါဘုရားနဲ့ ယူဇနာများစွာဝေးနေပါစေ..။သူတော် ကောင်း(သန္တပုဂ္ဂိုလ်) ဟာ အဝေးမှာ နေပေမဲ့ ငါ ဘုရားရဲ့ ဉာဏ်ထဲမှာ ထင် မြင်လာ ပါတယ်။အနေနီးသူပါ..။

ငါဘုရားရဲ့ ဒူးပေါ်လက် နဲ့တင် နေပေမဲ့ နီးသော်လည်း အသန္တ ပုဂ္ဂိုလ်ဖြစ်နေလျင် ညမှောင် မှောင်မှာ ပြစ်လွှတ်လိုက်တဲ့ မျှားကို မမြင်ရသလို ထိုသူကို ငါဘုရားရဲ့ ဉာဏ်တော် ထဲမှာ ထင် မြင် မလာပါတဲ့..။

ဘုရားရှင် ဥဂ္ဂါမြို့ ကို ကြွမယ် ဆိုတော့ သိကြားမင်းက ဝိသကြုံနတ်သားကို ပြဿဒ်၅၀၀ ချက်ချင်း ဖန်ဆင်း ခိုင်း ပြီး ဇေတဝန်ကျောင်းတော် ရှေ့ မှာ အသင့် ပြင်ဆင်ကြိုဆိုစေပါတယ်..။ဘုရားရှင်နှင့် သံဃာ ၅၀၀ပြဿဒ်၅၀၀နဲ့ ကြွလာတော် မူတာ ကို ဥဂ္ဂါ မြို့ သူ မြို့သားတွေက တအံ့တသြ ကြည် ညိုကြတာ.ဘယ်လောက် ကျက် ရေ ရှိလိုက်လဲ..။

ဥဂ္ဂါသူဌေးကြီး ကြည် ညိုလွန်းလို့၊ အားရလွန်းလို့ လက်အုပ်ကလေးတချီချီ..နဲ့ပေါ့ တစ်နေ့တည်း ဆွမ်း ကပ် မယ် ဆိုပေမဲ့ (ရ) ရက် ဆက် ကပ် ဖြစ်သွားပါတယ်..။ မြတ်စွာဘုရားကလည်းသူဌေးကြီးနဲ့ မြို့သူမြို့သားတွေနဲ့ သပ္ပါယဖြစ်တဲ့တရားဟောပေးတယ်..။အရှင်အနုရုဒ္ဓါ ကိုလည်းဥဂ္ဂါ မြို့မှာထားခဲ့ပါတယ်..။အဲဒါနဲ့ ဥဂ္ဂါမြို့သူ မြို့သားတွေ ရတနာ သုံးပါးကို ယုံကြည် ဆည်းကပ် ကိုးကွယ် သူတွေ ဖြစ်သွားကြပါတယ်..။ သော တာ ပန် သကဒါဂါမ်၊ အနာဂါမ်တွေ ဖြစ်သွားကြပါတယ်။

ဘာသာခြားများအလည် မှာ နေထိုင် ထိတွေ့နေရပါသော် လည်းဘုရားနဲ့ နီးသူ ဖြစ် တဲ့ စရဏ စွမ်းအားများသည် ဘာသာ ခြားများကို ပါ လက် တွဲ ခေါ်ဆောင်၊စွမ်းဆောင် နိုင်ပါသော.. စူဠသုဘဒ္ဒါ..
သင့်ကို ကျွန်မ အလွန် အားကျ မိပါတယ်..။မြတ်နိုးဦး ညွတ်မိပါတယ်..။
ပတ်ဝန်းကျင် က သင့်အားမပြောင်းလဲနိုင် ၊ သင်ကသာ ပတ်ဝန်းကျင် ကို ပြောင်းလဲနိုင်ပါပေတယ်..။
အများကသင့်ကို မပြောင်းလဲနိုင် သင်ကသာ အများကို ပြောင်းလဲမြှင့်တင် ပေးနိုင်ပါပေတယ်..။
သင့်ကို အကြောင်းပြုပြီး သင့်ကိုအမှီ ပြုပြီး ကောင်းကျိုးများစွာ ဖြစ်တည်စေခဲ့ရပါပြီ..။
အမှန်သည် အမှန်၊ အမှားသည် အမှား စည်းပိုင်းခြားစေခဲ့ပါပြီ..။

သင်၏ မြတ်လေးပန်းရှစ်ဆုပ်ကို ကျွန်ပ်အားကျပုံသွင်၊ လွှတ်တင်ချင်မိပါတယ်..ဘုရားရှင် ကိုယ်စား ဆရာ တော် ဘုရားများ တစ်ပါးပါးထံ လျှောက်ထားပင့်ဖိတ်၊ စိတ်ဓာတ်ခံ့ခိုင်၊ ကြုံနိုင်ပါရန် ကြိုးစား နေဆဲပါ စူဠ သုဘဒ္ဒါ ရေ.။

Monday, January 26, 2009

အလင်းစေတမန်




သားသား နဲ့ မီး မီး
မေမေ က သည် နေ့တော့ မနာဖြစ်တာ ကြာတဲ့ ရွှေပါရမီ တောရဆရာတော် အရှုင် ဆန္ဒာဓိက ဟောကြားတဲ့ (အလင်းစေတမန်) တရား ကို ပြန် နာ ဖြစ်ခဲ့ပါတယ်..။

မြတ် စွာ ဘုရား ပြောသမျှ စကား၊ ဟော သမျှ တရားတွေဟာ အလင်းစကား၊ အလင်းတရားတွေတွေချည်းပါပဲ။ အဲဒီ အလင်းစကားတွေ၊ အလင်းတရားတွေ...သူတပါးနှလုံးသားမှာ ကိန်းဝပ်သွားအောင် ဖြန့် ဖြူး ဝေငှ ပေးတဲ့သူကို အလင်းစေတမန် လို့ခေါ်ပါတယ်..။

မြတ်စွာဘုရားရဲ့ တရား အလင်းတွေ သတ္တိကိန်းအောင်ပြုလုပ်ပေးလို့ပါပဲ..ဟောပြောတဲ့ပုဂ္ဂိုလ် ၊ တရားပြတဲ့ ပုဂ္ဂိုလ်၊ ဓမ္မစာပေရေးသားတဲ့ သူတွေမှန် သမျှ ဟာ အလင်းစေတမာန်တွေ ဖြစ် နိုင် သလို၊ လူ ပုဂ္ဂိုလ် တွေကလည်း ဓမ္မ ဒါန စာအုပ် တွေ၊ တိတ်ခွေတွေ၊ စီဒီတွေ ပေးဝေဖြန့်ဖြူး မယ် ဆိုရင် အလင်းစေတမာန် ဖြစ်ခွင့်ရှိ ပါတယ်တဲ့..။ ဒါတင်မကဘူး ကိုယ်သိထားတဲ့၊ ကိုယ် လိုက်နာ ကျင့်သုံးလို့ အကျိုးရှိ နေတဲ့ တရားလေး တစ်ပုဒ်၊စကားလေးတစ်ခွန်း ကို ပြန် ဝေမျှပေး မယ် ဆိုရင် လည်း အလင်းစေတမန်ပါပဲတဲ့။ သည် တရားကို နာပြီးတော့ မေမေ တော် တော် အားတက်မိတယ်..။

မေမေ အခု မျှဝေ နေတာ တွေက ဗုဒ္ဓ တရားတော် တွေ ကို သံဃာတော် တွေ ဟောကြားထားတာ တွေထဲက ပြန် လည် မျှဝေတာ ဖြစ် လို့... အကျိုး များနိုင် သလို.. အမှားပါခဲ့ရင်လည်း ဘုရားကို စွပ် စွဲရာရောက် ပြီး အပါယ်ကျနိုင်ပါတယ်..။ ဒါကြောင့်မမှားရလေအောင် မေမေ့ Blog ရဲ့ အယ် ဒီတာ အဖြစ် မေမေ့ဆရာ ဒေါက်တာလှမြင့် (B.E,M.A,Ph.D-Buddhism,ပါမောက္ခ-အပြည်ပြည် ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ) ကို အမှားပါခဲ့ရင် လမ်းညွန် သတိပေး ဘို့အတွက် တောင်းဆိုခဲ့ပါတယ်..။ ဆရာ လည်း အလင်းစေတမာန် အလုပ်ကို အားပေးတည့်မတ် စေနိုင် ပါလိမ့်မယ်..။

သည်တရားမှာ အဓိက ဇာတ်ဆောင်ကတော့ မြတ်စွာဘုရား လက်ထက်မှာ ထင်ရှားကြော် ကြားခဲ့တဲ့ အလင်းစေတမာန် အမျိုးသမီး တဦးပါ..။ စာချ ဧတဒဂ်၊ဗဟုသုတ ဧတဒဂ်၊ တိပိဋကဓရ ဧတဒဂ် လို့ပြော နိုင်တဲ့ ခုဇ္စုတ္တရာ အမျိုးသမီးအကြောင်းပါ..။
ပဒုမုတ္တရ မြတ်စွာ ဘုရားရှုင်လက်ထက် မှာ....ဗဟုသုတ အရာ ဧတဒဂ်ရဘို့ ဆုတောင်းခဲ့ပါတယ်..။ ဘ၀များစွာကျင်လည်ပြီး ဂေါတမ ဘုရားရှုင်လက်ထက်မှာ..။ ဂေါသကသူဌေး အိမ်က ကျွန်မ ရဲ့ ၀မ်းမှာ ၀င် စား လာ ပါတယ်..။ ကျွန်မ အဖြစ်မွေးလာ တယ် ဆိုရမှာ ပေါ့..။

တနေ့ မှာ ပန်းသွားဝယ်ရင်း ပန်း ရောင်း တဲ့ အိမ် မှာ ဘုရား ကို ဆွမ်း ကပ်တာ ဖြစ်လို့ ပန်း မ၀ယ်ခင် တရားဝင်ရောက် နာ ယူရင်း သောတာပန်တည် ခဲ့ပါတယ်..။ ဆရာတော် က မိတ်ဆွေကောင်းတွေရဲ့ တန် ဘိုး ကို နားလည်တန်ဘိုးထားဘို့ ထောက် ပြပေးခဲ့ပါတယ်..။
သူမက အရင်တုံးက ပန်း ဘိုး တ၀က် လေးကျပ်ကို အဖြဲ ဖြောင်နေခဲ့တာ... ဒီနေ့ တော့ တရားနာ ပြီးသောတာပန် တည် ခဲ့ပြီဖြစ်လို့ ၊ ရှစ်ကျပ် ဘိုးအပြည့်ကို မဖြောင်ပဲ ၀ယ်လာတဲ့ အခါ.. သူ့သခင်မ သာမာဝတီကထူးဆန်း လို့မေးလာ ပါတယ်..။

သာမာဝတီကလည်းသူတော်ကောင်း ဓါတ်ခံ ရှိတော့ မဆူတဲ့အပြင် ရှင်နာ ခဲ့တဲ့ တရား ရေအေးကို ကျမတို့ကပြန် လည် မမျှ ဝေ နိုင် ဘူးလားမေးပါတယ်တဲ့..။ ပါရမီ ပါလာလေတော့ ခုဇ္စုတ္တရာ ကလည်း ရေမိုးချိုး သန့်စင်ပြီး တဆင့် ပြန် ဟောတဲ့ အခါ..မိဘုရားသာမာဝတီ နှင့်တကွ..မောင်းမ ၅၀၀ တို့အားလုံး တထိုင်တည်းနဲ့ သောတာပန် တည် သွားကြပါတယ်တဲ့..။

ဘုရားဟော တိုက်ရိုက် မနာယူရ ပေမဲ့ ဓမ္မ ဒါန ရဲ့ အကျိုး များပုံ တွေ ပါ ကလေးတို့..။ ခုဇ္စုတ္တရာဉာဏ်ထက် သော်လည်း ဘာကြောင့် ခါးကုံးပြီး ၊ကျွန်ဖြစ်ရတာလဲဆိုတာကလည်း စိတ်ဝင်စားစရာ သင်္ခန်းစာ ယူစရာ ဖြစ်ပါတယ်..။ ဘ၀တစ်ခုမှာ..အမှတ် တမဲ့ နဲ့ ရဟန္တာဖြစ်တဲ့ဘိက္ခူနီမတစ် ပါးကို အလှပြင် ပစ္စည်းယူ ခိုင်းလိုက်တယ်တဲ့..။ မယူပေး ရင် ဒေါသဖြစ်ပြီးငရဲ ကျမယ်..။ ယူပေးရင်တော့ ခိုင်းစေခဲ့ တဲ့ အကုသိုလ်ကြောင့် ကျွန်ဖြစ်ရလိမ့်မယ်တဲ့..။ကျွန်ဖြစ်တာက ငရဲကျတာ ထက် စာရင် တော် သေးတယ် ဆိုပြီး..ယူပေးလိုက်တာ..။ဘ၀ ၅၀၀ ဆက်တိုက် ကျွန်ဖြစ်ရပါတယ်တဲ့..ကလေးတို့ရေ..။

ခါးကုံးရတာ ကတော့ ခါးကုံး တဲ့ရဟန်းတစ် ပါးကို နောက် ပြောင်ကျီစယ်ပြီးခါးကုံးယောင်ဆောင်ခဲ့လို့ပါ..။ ကံ သတ္တိ လမ်းကြောင်းတွေ က မရှုပ်ဘူးနော်.. သူ့လမ်းနဲ့ သူ အ ကွက်ကျကျ အကျိုးပေး ပါတော့တယ်..။ပညာဉာဏ် ထက်မြက်တာကတော့ နို့ဃဏာဆွမ်းလောင်း ပြီးတဲ့ အခါ..ဆွမ်းပူလို့ သံဃာတော်တွေ လက် ကို ပြောင်းပြောင်းကိုင်တာမြင်ရတော့ ၊ သပိတ်တွေကိုင်ရလွယ်အောင်သူရဲ့ ရွှေ လက် ကောက် ရှစ်ကွင်းကို ချက် ချင်း လှူ ခဲ့လို့ပါ..။ အဲဒီကုသိုလ်ကြောင့် ဉာဏ်ပညာထက်မြက်တာဖြစ်ပါတယ်တဲ့..။

ကိုယ့်ထက် အသက်သိက္ခာကြီးတဲ့သူတွေကို ရဟန်းတွေသာမက(မိဘ၊ဆရာသမား၊ဦးလေး၊အဒေါ်၊ အစ်ကို ၊အစ်မ)တွေကို တမင်တကာဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ မခိုင်းစေ မိအောင် ၊အမိန့်မပေးမိအောင် သတိထားပါ ကလေးတို့..။

သူတပါးရဲ့ ချို့ယွင်းအားနည်းချက်ကို.. အပျော်အပျက် နောက်ပြောင်ခဲ့တာတောင် သည်လိုအကျိုးပေးတယ် ဆိုရင်..မနောပုပ်ပုပ် သဘောယုတ်ခဲ့ရင်တော့ တွေးရဲစရာ တောင် မရှိဘူးနော်..။အရာ ရာ မှာ ကိုယ်ချင်းစာ တရားထားပါ..သားတို့ သမီးတို့..။

အသိဉာဏ်တစ်ခု ကင်းမဲ့ခြင်းဖြင့် အမှားတစ်ထောင်..တစ်သောင်း ဖြစ်ပေါ်စေနိုင်တော့ အသိဉာဏ် ပေးဝေတဲ့ အလုပ်ဟာ တစ်ဘ၀စာ မက သံသရာတလျှောက်လုံးအကျိုးများစေတဲ့တွက် ထာဝရ အလှူ ဖြစ်စေပါတယ် ။ တရားပေးလှူခြင်း ဆိုတာ စေတနာဦးဆောင်ပြီး ဘယ်သူ့ကို မဆိုမေတ္တာဖြင့် မျှဝေခဲ့မယ်ဆိုရင် ...၊ (အလင်းစေတမန်)
သင်တို့ အားလုံး လည်းဖြစ်နိုင်ပါတယ်၊
ဖြစ်ခွင့်လည်းရှိနေပါတယ် ကလေးတို့ရေ..။