Tuesday, May 21, 2013

အလွမ်းစာရင်း မသွင်းလို (သစ္စာအလင်း)



--------------------------

မျဉ်းဖြောင့်တစ်ကြောင်း လို တန်းတန်းမသွား တဲ့ ဘဝ ဆိုတာ

အီးစီဂျီ စက် ထွက်တဲ့အဖြေ စာရွက်မှာလို....

နိမ့်လိုက်မြင့်လိုက်

ကွေ့လိုက် ဝိုက်လိုက်

တက်လိုက် ကျလိုက် နဲ့....တုန်ခါ နေခဲ့ဘူးတာဆိုတော့လည်း....

တည်ညိမ်ဖြောင့်တန်း ခြင်းကို အလွမ်းစာရင်း မသွင်းလိုတော့ပါဘူး..။


ဆယ်စုနှစ် ငါးခုတာ ကို လ များများ စွန်းခဲ့တဲ့ နှလုံးသားဟာ

အရင်က တော့ ထုံဆေးပေးခံရသလို.....

အခုတော့လည်း ထုံဆေးပြယ်လွင့်

အလိုက်သင့်လက်ခံ...ပုံမှန် တဲ့ နရီ စည်းချက် နဲ့

ခပ်သွက်သွက် ကလေး.... အပြေးနှင်လျက်....

ခရီးဆက် နေတာ.... တကယ်တော့...

တာဝန် တစ်ရပ် ထက်တော့ မပိုပါဘူး.....၊

ရူးနှမ်း မနေတာ

ထူးဆန်းမနေတာ....အသေအချာပေါ့..။


ပျော် စရာ..ရွှင်စရာ...ရင်ခုန်ယစ်မူး..ထူးထူးကဲကဲ

သည်းသည်းလှုပ်လှုပ်....ဟုတ်ကို ဟုတ်မနေတော့ပါဘူး..။

မာန ဆိုတာ ကို သယ်ဆောင်လာမယ် ဆိုရင်တော့.....အဲဒီ အောင်မြင်မှု ၊ ကြော်ကြားမှု တွေ..ဘယ်လိုပဲတောက်ပရွှန်းလက်နေပါစေ..... ငါမလို ချင်တော့တာလည်းအမှန်ပါပဲ..။


ယစ်မူး ပျော်မွေ့..ဘဝမေ့စေမယ် ဆို ရင်လည်း၊ မြှောက်ပင့်ခစား၊ အခြံအရံများလည်း

များများမလိုချင်တော့ပါဘူးလေ..။


သံဝေဂ နဲ့ ဘဝအမြင်....၊ထင်ဟပ် ညိမ်ကျ..၊

နှလုံးအိမ် မှာ အေးမြစေမှု ကို လှုပ်ရမ်း ဆူပွက် စေမဲ့

လာဘ်လာဘ တွေ..မရရင်ရင်လည်းနေပါစေ..။


ဘဝအမြင် ..စိတ်အမြင် ရဲ့ ကြည်လင်ခြင်းဖြင့်နေပါရစေ..။


ဘဝအကြွေး... ကတိအကြွေး....ကျေးဇူးကြွေးတွေ....ကျေနိုင်သမျှ...ပေးဆပ်ပါရစေ

အေးမြစေကြောင်း..ကိုယ်ဆုတောင်းတယ်....၊

နှောင်းနောင်တ တွေ မလိုချင်.....၊

အကြောင်းကံဘဝတွေ မဆိုချင်....၊

ကုသိုလ် ဖြင့်ပင်...ခရီးနှင် လျက်၊

ပြေးထွက်လွတ်မြောက်ပါရစေ...။


မေတ္တာဖြင့်

သစ္စာအလင်း

(၂၀.၅.၂၀၁၃)

0 မှတ်ချက်ရေးရန်: