စစ်ကိုင်းတောင်ရိုး ၊နန္ဒမူချောင်
အဘိဓဇ မဟာရဋ္ဌ ဂုရု ၊ အရှင် နန္ဒ မဉ္စူသာဘိဝံသ ၏
အမြဲ မပြတ် ဆင်ခြင် သုံးသပ်အပ်သော သံဝေဂလင်္ကာ
-------------------------- -------------------------- -----------
၁။ သန္ဒေ္စဇာတိ စွဲလာ ဘိက ၊ ဗျာဓိလက်နက် ၊ သူ့ဒဏ်ချက်ကို ၊ တစ်ရက်ရက် တွင် တွေ့ မြဲပင်တည်း ။
ငြိုငြင်ပင်ပန်း၊ လွန်ညှိုးနွမ်းလျက် ၊ မကျန်းမမာ ၊ငါခန္ဒ္စာသည် ၊ ဦးစွာ ဇာတိရှိသောကြောင့်..။
၂။ မြေ၊ ရေ၊ လေ၊ မီး သူဦးစီးလျက် ၊ဓာတ်ကြီး လေးခု၊ ညီညွတ်မှုကြောင့် ၊
ပြုလုပ်သွားလာ ဤခန္စ္ဒာကား၊ လေးဖြာ ဓာတ်ချက်၊ တစ်ခု ပျက်က ၊ ခြေလက်မသယ်
၊စက်ခန်းလယ် ၌ ၊ ညှိုးငယ် လှိုက်ဖို၊ လွန် ငြင်ငြိုသည် ၊ ငါ့အလို
မလိုက်ပါတကား။
၃။ ဓာတ်ကြီးလေးတန်၊ အမာခံ၍ ၊ အရံရုပ်သေး
နှစ်ဆယ့်လေးတို့ ၊ ရောထွေးပေါင်းချုပ် ၊ ဤကိုယ်ရုပ်ကား ၊ သမုဋ္ဌာန ၊သဘာဝဖြင့်
၊ စိတ်ကပြုစု၊ဥတုစီမံ ၊ ကံအမိန့်ပေး၊အစေးအဟာရ၊ ပြုသမျှကို လုံးဝလိုက်ကာ၊
ခံရရှာ၍ ၊ ရောဂါထိုထို ၊ဝင်လာခိုသည်၊ ငါ့ကိုယ် မဟုတ်ပါတကား။
၎။ ငါ့ကိုယ်၊င့ါဟာ၊ ငါ့ဥစ္စာ ဟု သက္ကာယငြိ၊ စွဲထင်မိလည်း ၊ ဗျာဓိဆိုက်လာ ၊
ခုအခါ၌ ၊ မနာစေသား၊ မဖျားစေလို၊ မငြိုငြင်ရေး၊ အမိန့်ပေးလည်း ၊ အလေးဂရု၊
ဘိတ်မပြုခဲ့။ သူ့ဘာသာပင် ၊သူ့စိတ်ထင်တိုင်း၊ ဖျားချင်ဖျားကာ၊နာချင်နာလျက် ၊ ရောဂါအမျိုးမျိုး ၊ထင်တိုင်းတိုးသည် ။ အစိုးမရပါတကား။
၅။တပည့်တပန်း၊ ရဟန်း သာမဏေ၊ ချစ်မိတ်ဆွေလည်း၊ မထေရ်ဘုန်းရှင်၊ ရောဂါဝင်က၊
ချစ်ခင်သည့်လျောက် ၊ ဘယ်နှစ်ယောက်မျှ ၊ ဝင်ရောက်ကူကာ၊ မခံသာရှင့်၊
ခန္ဒ္စာကိုယ်များ၊သီးအခြားမို့  ၊ ကိုယ်ဖျားကိုယ်ခံ ၊သူဆက်ဆံဘူ့၊ ရုပ်နာမ်နှစ်ခိုင်၊သူလက်ကို င်သည်၊ ကိုယ်ပိုင်ဒုက္ခပါတကား။
၆။ အားအင်ပြည့်ကြောင်း၊လူတိုင်းတောင်းသည့် ၊ စားကောင်းသောက်ဖွယ် အသွယ် သွယ်ကား ၊ မတွယ် ရောဂါ၊ မာစဉ်ခါက ၊ ခန္စ္ဒာမိတ်ဖက် ၊အသက်သခင် ၊ အားအင်ပြည့်ဖြိုး၊သွေးသားတိုး၍
၊ အားကိုးစရာ၊ ဖြစ်ခဲ့ပါလည်း ၊ ရောဂါပြောထူ၊ ခုတစ်မူကား၊ ရန်သူစစ်စစ်
၊ဖြစ်ကြီးဖြစ်၍ ၊ ရေနစ်သည့်သူ၊ ဝါးနှိပ်ကူ သို့၊ကိုယ့်လူမဟုတ်ပါတကား။
မေတ္တာဖြင့်
သစ္စာအလင်း
0 မှတ်ချက်ရေးရန်:
Post a Comment