Monday, May 26, 2014

နေက္ခမ္မ ပါရမီသို့ ဦးညွှတ် ပူဇော်ခြင်း( အ-ရတိ)

 



( ဆရာကြီးဦးရွှေအောင် ၏ လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်၊ စာ ၁၆၆ မှ အတွေးအခေါ် ၊စာသားတို့ကို ကိုးကားရေးသားပူဇော်ပါသည်။)

မာရ်နတ် ၏ ဒုတိယ တပ်မ မှာ (အ-ရတိ ) ဖြစ်ပါတယ်။ နေက္ခမ္မ သဘောဖြင့် အများအကျိုးပြု လုပ်ငန်းများ လုပ်ဆောင် ကြတယ် လုပ်ဆောင်ရင်း ဖြင့်ပဲ တခါတခါ တွင် ထို လုပ်ငန်းမှာ မမွေ့လျော်တော့ခြင်း-အ- ရတိသဘော သည်ဖြစ်တတ်လေ့ရှိပါတယ်..။

လူ -ဆိုတာကတော့ မိမိ ကိုယ်ကျိုးစီးပွား ပါတဲ့ ကိစ္စ တွေ မှာ သာမွေ့လျော် တတ်ကြတာသဘာဝပါ..။ အများအတွက် အကျိုးပြုလုပ်ငန်းတွေ မှာ မွေ့လျော်ခြင်းမရှိတတ်ကြ..သလို စိတ်ဝင်စားခြင်းလည်းမရှိတတ်ကြပါဘူး။

တကယ်တော့ကိစ္စ တိုင်းလိုလို မှာ စိတ်ဝင်စားဘွယ် ရတိ သည် ရှိမြဲ ဖြစ်ပါတယ်..။
မိမိ အတွက်သာ အာရုံပြုထားပါက *ကာမရတိ* ကို ပဲတွေ့ရပါမယ်။
လောက အတွက်ဆို *ဓမ္မရတိ* ကိုတွေ့ ရပါမယ်..။့ 

လူတွေ အများစုကတော ( မိမိ အကျိုးအတွက်ဆောင်ရွက်သော လုပ်ငန်းများ တွင်သာ စိတ်ဝင်စားဘွယ် ရတိ ရှိကောင်း၏ ။ အများ ၏ အကျိုးစီးပွားအတွက် လုပ်သော လုပ်ငန်းများ မှာ စိတ်ဝင်စားဘွယ် -ရတိသည် မရှိကောင်း ) ရယ်လို့ ပဋိသန္ဒေ္စ ဥာဉ် နဲ့ စရိုက် အလိုက် ခံယူထားတတ်ကြ ပါတယ်။

ထို ခံယူချက် အတိုင်းပင် အများ၏ အကျိုးစီးပွားအတွက် လုပ်သော လုပ်ငန်းများ တွင် စိတ်ဝင်စားဘွယ် ရတိ ကို မတွေ့ကြပါ။ အဲဒီအခါ မျိုးမှာ အများ၏ အကျိုးစီးပွားအတွက် လုပ်သော လုပ်ငန်းများ တွင်မမွေ့လျော်ခြင်း(အ-ရတိ) ကို တွေ့ ရပါလေတော့တယ်..။

ထို အ-ရတိကို တွေ့တာ နဲ့ တပြိုင်နက် ထို လုပ်ငန်းတွေကနေ အကြောင်း အမျိုးမျိုး ပြပြီး ရှောင်ခွာ သွားကြပါတယ်။ ဒါ ဟာ မာရ်နတ် ရဲ့ ဒုတိယ တပ်မ မှာ ကျဆုံးခြင်း ပါပဲ..။

ဒါဆိုရင် ( ရတိ) ကို ဘယ်လို ရှာမလဲ … ကျွန်မသိချင်လှပါတယ်..။
တကယ်တော့ကိစ္စ တိုင်းလိုလို မှာ စိတ်ဝင်စားဘွယ် ရတိ သည် ရှိမြဲ ဖြစ်တာကို သတိထားဆင်ခြင် ရပါမယ်..။

ကိစ္စ တိုင်းမှာ (ရတိ) ရှိ နေတယ် ဆိုတာ ကိုလည်းယုံကြည်ဘို့ လိုအပ်လှပါတယ်..

ယုံကြည် ရုံ နဲ့မပြီးသေးဘူး ထို (ရတိ) ကို ရှာဖွေလိုသော ဆန္ဒ လည်းရှိရပါအုံးမယ် ။

ရှာလိုသော ဆန္ဒ ရှိ ရုံ နှင့်မပြီးသေး ပဲ တွေ့အောင်ရှာမည် ဆိုတဲ့ ခိုင်မာ တဲ့ ဆုံးဖြတ်ချက် ရှိရပါမယ်။

ခိုင်မာ တဲ့ ဆုံးဖြတ်ချက် ရှိရုံ နဲ့မပြီးသေး ၊ ဇွဲလုံ့လ ၊ဝီရိယ ရှိမှသာ တွေ့ နိုင်တာမျိုးပါ..။

တကယ်တော့ လည်း ၊ ဇွဲလုံ့လ ၊ဝီရိယ အပြင် ရှာဖွေ တတ်သော အသိဥာဏ် ပညာ လိုအပ်ပြန်ပါသေးတယ်။

ရှာဖွေ တတ်သော အသိဥာဏ် ပညာ ရှိရုံနဲ့ မပြီးသေးပဲ.....................

လုပ်ငန်းအဆင့်ဆင့် တိုးတက် မှု ဆုတ်ယုတ်မှု ၊ အခြေ အနေများကို အစဉ် သတိပြု ပြီး ရှာဖွေ မှ သာ စိတ်ဝင်စားဘွယ် ( ရတိ) ကိုတွေ့ နိုင်ပါတော့တယ်..။

လွယ်လွယ်ကူကူတော့မဟုတ် လှပါ။
ကဲ--- မာရ်နတ် ရဲ့ ဒုတိယ တပ်မ မှာ မကျဆုံးရလေအောင် ကြိုးစားပမ်းစား၊ စိတ်အားမွေးကာ ( ဓမ္မရတိ) ကို ရှာဖွေကြပါစို့လား။

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: