Sunday, October 4, 2015

ငါဖြင့် သိမ်းပိုက်မိခဲ့ပါသော......နေရာတစ်ခု


                     ThanThan Sein's photo.

အမြတ်တနိုး ဖြစ်လွန်း တဲ့အရာတွေ ဟာထိန်းသိမ်းရန်ခက်ခဲစွ…..
လွန်ခဲ့တဲ့ ၁၂ နှစ်က နေရာတစ်ခု….ဘဝ တစ်ဆစ်ချိုးစေခဲ့သော….
ဘဝ ရဲ့ အိုအေစစ် တစ်ခု လိုဆိုတာ….အတိတ် နဲ့ နှိုင်းနှိုင်း……..အနာဂတ်နဲ့ ယှဉ်ယှဉ်……ရင်ထဲ မှာ တော့အေးမြ မှုသာကျန်ရစ်…တာ အမှန်..။
ဒီ AIT သွားမယ်ဆိုတဲ့ အချိန်ကျတော့ AIT Alumnus Card ကိုပြန်ရှာမတွေ့ ….တော့..။ ပုံ ထဲက ဒီကျောင်းသားကဒ်လေးသာ ထွက်လာခဲ့တာ……။
ကျွန်မ တို့ကျောင်းသားဟောင်းတွေဟာ Alumnus Card နဲ့ဆိုရင် AIT Alumnus အကျိုးခံစားခွင့်တွေရှိသတဲ့..။
AIT Hotel မှာ တည်းရင် ၂၅% လျှော့ပေးပါ့မယ် တဲ့..။ AIT Golf ကွင်းမှာ ကစားခွင့်.. Swimming Pool မှာရေကူးခွင့် ရှိုပါတယ်..။
၂၀၁၁ ဂျူလိုင်က ကျွန်မ မဟာစရက္ခန် တက္ကသိုလ် မှာ အလုပ်လုပ်နေရင်း ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား ကို ထိုင်းနိုင်ငံ သို့ပင့်ဆောင် စဉ် မှာ ကျွန်မ ဒီအခွင့်အရေး ကို ခံစားခွင့်ကြုံပါတယ်..။
မြန်မာ အသင်းရဲ့ Activity အဖြစ် ဆရာတော်ကို ပင့်ဆောင်လိုကြောင်း ၊ အခန်း ၂ခန်း ရရှိ လိုပါကြောင်း Email ပို့ထားလိုက်တာ..။
၂ ညစာ၂ခန်းဆိုတော့ တစ်ည ၁၂၀၀ ဘတ် နဲ့ ဆို ဘတ် ၄၈၀၀ ပေးချေရမှာ….. AIT Alumnus Card ကြောင့် ဘတ် ၃၆၀၀ သာ ပေးချေ လှူဒါန်း ခဲ့ရပါတယ်..။
ကျွန်မ ရဲ့ ဆရာတော်ဘုရားခေတ္တသီတင်းသုံးရာ ကျောင်းအလှူ ထဲ မှာ AIT သည် ကုသိုလ် ရှယ်ယာ ပါဝင်ခဲ့သည်ပဲ..။
၂၀၁၁ အောက်တိုဘာလ ထဲမှာ ရေကြီးနစ်မြုပ်ခဲ့တာ ရက်ပေါင်းကြာရှည် စွာ ….အိမ်တလုံးစာအမြင့် နစ်မြုပ်နေသော ဓာတ်ပုံများ ကို မကြည့်ရက် ရက်..ကြည့်ခဲ့ရတာ…။
၂၀၁၂ မေ မှာ ကျွန်မ တစ်ခါ ပြန်တည်းတော့ AIT Hotel ပထမ ထပ်မှာ နေရာရပါမယ်… အင်တာနက် မရပါ..။ဆိုသော အီးမေးလ် ပြန်စာ ကို ရပါတယ်..။အောက်ဆုံးထပ်သည် ရေဖြင့်ပျက်စီးခဲ့ပြီ……။
ကျွန်မ တို့ ဘွဲ့ ယူစဉ် က နှစ်ယောက်တစ်တွဲ တွဲ လျက် သီချင်းသံနှင့် အတူ ဆင်းလျှောက်ကာ ခန်းမ ထဲ ဝင်ခဲ့ရသော ကောဇော နီအုပ်ထားသည့်လှေကား သည် မာကျော မဲပြောင်နေသည့် သံမံ တလင်းဖြစ်လျက် တွေ့ရတော့ ကျွန်မ ရင်ထဲမှာ ကတုန် ကယင်..။
ပေါင်မုန့်ကျွေးခဲ့သော ကန်ထဲက ဧရာမ ငါး တွေ မရှိရှာလေတော့…။
စက်ဘီးဖြတ်စီးခဲ့ သောယုဇန ပန်းရုံ စည်းရိုးတန်း က ရေ အမြုပ်မှာ ဆုတ်နစ် သေဆုံးခဲ့ပါပကော…။
ကျွန်မ တို့ ရဲ့ စိတ်ကူးဥာဏ် စုစည်းရာစာကြည့်တိုက်…။ဗုဒ္စ္ဒဘာသာ ဘုရားခန်း ။ ကျောင်းတက်ရာ FEBT Lab…..
ဆက်လက် ၍ ရင်ဆိုင် နိုင်စွမ်းမရှိသောကျွန်မ မှာ နာကျင်လှစွာ ကျောင်းထဲသို့ လုံးဝခြေဦးပင်မလှည့် လှည့်ပြန် ခဲ့ ပါတော့တယ်..။
၂၀၁၃ မှာ ရောက်တော့ စာကြည့်တိုက် ထိကြည့်နိုင်ခဲ့..သို့သော် Thesis များပျောက်ဆုံး နေတဲ့ သံမံတလင်းကြမ်းပြင်…..ကို တွေ့ရဆဲ…ဆိုတော့မပျော်နိုင်။
တကယ်တော့လည်း …သက်မဲ့ အရာများသည် စကားမပြောပါ..။
ကျွန်မ တို့ ရဲ့ ရင်ထဲက (တဏှာ+မာန+ဒိဋ္ဌိ) ကစကားပြောနေ လေတယ်ဆိုတာ ကျွန်မ ရိပ်မိခဲ့ပါတယ်..။
ငါ့ကျောင်း လေ…ငါ့နေရာပေါ့..ငါ့သူငယ်ချင်းတွေ ရှိခဲ့တာ….. စတဲ့ငါ ဖြင့် တွယ်တာရစ်နှောင်….ထုံးဖွဲ့..။
ငါ စကောလားရှစ်ရခဲ့တာ..ငါဘွဲ့ရခဲ့တာ ဆိုသော မာန ..အတ္တမာန တို့ဖြင့် အတိတ်က ဆောင်းခဲ့သော ရွှေ ထီးကို ပြန်လည် ကြည့်ချင်ခြင်း လည်း ပါပါမယ်..။
ရေ..မြေ..တော တောင် ဆိုတာက
ဓာတ်ကြီးလေးပါး အစုအဝေး..ဖောက်ပြန် ပျက်စီးတတ်သော သဘောအစု ဖြစ်ပျက် မှုသည် ရုပ်တရား ပါတကား..။
လောက ထဲ မှာ တည်မြဲသော ..ခိုင်ခန့် သော အရာ....မပြောင်းမလဲ တည်ရှိပါသော အရာ ဘယ် မှာ ရှိပါမည်နည်း..။
ပျက်စီးခြင်း မှာတောင်…World Trade Center ပြိုလဲ ခဲ့တယ်…။Nepal Land Mark ငလျင် မှာပြိုကျ ခဲ့တယ်..။
ကျွန်မ ဘာမှ မခံစားရ….။
AIT ရေနစ်တော့ ဝမ်းနည်း တယ်..ကြေကွဲ တယ်…။
ဘာလို့လဲ.......ငါဖြင့် ဖက်တွယ် ခဲ့သကိုး..။
ဒါဆို ဆင်းရဲခြင်းအကြောင်း သည် ငါ..ငါ့ဥစ္စာ လို့ ထင်မှတ်မှားမှုကြောင့်ပေါ့…။
ငါဆိုသော ဒိဋ္ဌိကြိုးဖြင့် ချည်နှောင် တွယ်ရစ်..
ဖြတ်ရန်ခက်ခဲ လှသပေါ့..။
ငါ..ငါ့ဥစ္စာ အဖြစ် မသိမ်းပိုက်ခဲ့ ရင် ခံစားတတ်ပါတယ် ဆိုသော နှလုံးသား သည် တုတ်တုတ် မျှပင်လှုပ်မည် မဟုတ်..။
ဒီတရား ကို နှလုံးသွင်းရင်း ကာကွယ် ဆေးထိုးကာ ကျွန်မ ချစ်ခဲ့ပါသော AIT သို့ ကျွန်မ သွားပါ အုံးမယ်..။
ဟိုရောက်တဲ့အခါ ကျရင်တော့ လွမ်းနေခြင်းဖြင့် မမေ့မလျော့ မပေါ့မဆ...သတိပဋ္ဌာန် စိတ်နေမှန်ဖြင့် အခုလို …….
ဆင်ခြင် မှုကို သတိရ မိပါစေကြာင်းလည်းဆုတောင်း မိပါရဲ့.. ရှင်..။

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: