Saturday, August 29, 2009

ကျင့်လျှင်ချမ်းသာ၊လွန်စွာငြိမ်းအေး

ချစ်သောညီမ ချယ်ရီ နဲ့ စနိုးရေ....

ညီမတို့ ပေးပို့တဲ့ ဘုရား အနေကဇာတင်ပူဇော်ပွဲနှင့် တတိယအကြိမ်မြောက် ခင်ပွန်းကြီးဆယ်ပါး ပူဇော် ကန်တော့ပွဲ သတင်းလေး တွေ ဓာတ်ပုံလေးတွေကို ကြည့်ပြီး သာဓု အကြိမ် ကြိမ်ခေါ်မိပါတယ်ညီမတို့ရေ..။ အမရဲ့ ဓမ္မမှတ်တမ်း သဘော အနေနဲ့ ညီမ စနိုး ရဲ့စာလေးကိုဓာတ်ပုံ များနဲ့ အတူ ဖေါ်ပြလိုက်တယ်နော်။



မမရေ-------

မမကစပြီး ပြုစုပြိုးထောင်ပေးခဲ့တဲ့ ခင်ပွန်းကြီးဆယ်ပါး ပူဇော်ကန်တော့ပွဲအလေ့အထလေး ကိုသမီးတို့ အစဉ်အဆက်လေးဖြစ်အောင် လုပ်ဖြစ်နေတယ်။
အခုတစ်ခေါက်က ဘုရားခန်းအသစ် ကိုပြောင်းပြီး ပထမဆုံး လုပ်ဖြစ်တာပါ။ ဒီတစ်ခေါက်က လူလည်းပိုစုံတယ်။ ဒီနှစ် Aug 09 intake ကလူသစ်တွေလည်း ပါတယ်လေ။
မမ၀မ်းသာရအောင် ဓါတ်ပုံတစ်ချို့လည်း ပို့ပေးလိုက်တယ်။ သာဓုခေါ်ပါနော်။ အကို မိုးသူအောင် နဲ့ မမသက်ထားမြင့်တို့ဆီလည်း ပို့ပေးလိုက်ပါအုန်းမယ်။
ကြေးဆင်းတုအသစ်က မမချယ်ရီ တို့ရဲ့ ဘုန်းဘုန်းတို့ က အေအိုင်တီမိသားစု အတွက် လှူသွားပေးတာမမ။
ခင်ပွန်းကြီးဆယ်ပါးနဲ့ တစ်ရက်ထဲ မနက်ပိုင်းက ဘုရားအနေကဇာတင်ပွဲ လုပ်ဖြစ်တယ်။
ဒါကြောင့် ဓါတ်ပုံထဲမှာ ဘုရားဆင်းတုတော် တွေအများကြီးပိုတွေ့ နေရတာ။
လေးစားခင်မင်စွာဖြင့်
ညီမ ခင်နှင်းဖြူ


တကယ်တော့ ညီမ ရေ အမတို့ ကသာသနာတော်တွင်းသား ဖြစ်လာရတာကိုက ကံကောင်းကြပါတယ်။ အေ အိုင်တီ ကိုလည်း မြန်မာပြည် မှ ဆရာတော်ကြီး တော်တော်များများ ကြွရောက်ပေးကြတယ်။ တရာရေအေး အမြိုက်ဆေး ကိုလာရောက် တိုက်ကျွေး ကြတာ အခုတော့ အဝေးကနေ သတိရ တန်ဘိုးထားတတ် နေမိပါတယ်။ တရားပိုင်ရှင် အစစ်ဖြစ်တော် မူသော မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူး ၊ တရားတော်ရဲ့ ဂုဏ်ကျးဇူးတွေကို ကို ပိုလို့ ဦးညွတ်ပူဇော် နေမိပါတယ် ညီမတို့ရေ..။

သာသနာ ထွန်းကားတယ် ဆိုတာ၊နေရာဒေသ ၊ အဆောက်အဦတွေပေါ် မှာ မူမတည်ပါဘူး ညီမရယ် လိုက်နာ ကျင့်ကြံသူ ရဲ့ နှလုံးသားထဲ မှာ သာ သာသနာတော် တည်ရှိတာပါ။
တရားမနာ ၊စာပေမသင်၊
နှုတ်တွင်မဆောင်၊သိအောင်မမှတ် ၊
ပဋိပတ်ကွာ ဤ ငါးဖြာ သာသနာ ကွယ်ကြောင်းတည်း။
ရယ်လို့ဆရာတော်ဘုရားများ လင်္ကာလေးနဲ့ ဆုံးမ တော် မူထားပါတယ် ညီမတို့ရေ..။
တရား ဆိုတဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားဂုဏ်တော် တွေဟာ ပင်ကိုယ် သဘာဝကို က အနှစ်သာရပြည့်ဝ၊ ကောင်းမွန် ပြီးသားပါ။

(၁) သွက္ခာတော ဘဂဝတာ ဓမ္မော---မြတ်စွာဘုရားသည် တရားတော်ကို အစ အလယ် အဆုံး (၃)ပါး အစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာဟောကြားတော်မူပါပေ၏။
အစ၏ ကောင်းခြင်းမှာ----- ကြားနာယုံပင် အပူစင်ခြင်း၊
အလယ်၏ ကောင်းခြင်းမှာ ---ကျင့်ကြံလိုက်နာလျှင် ချမ်းသာခြင်း၊
အဆုံး၏ ကောင်းခြင်းမှာ ---ကျင့်ပြီးရင်လည်း လွန်စွာ ငြိမ်းအေး ခြင်းဆိုတဲ့ ဂုဏ်တွေ ပြည့်စုံပါတယ်ညီမရေ..။

(၂) ဓမ္မော တရားတော်မြတ် သည် သန္နိဋ္ဌိကော = ကျင့်ဆောင်သူတို့အား ယခုဘဝ ပစ္စက္ခ ၌ပင် တွေ့မြင် ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့် လည်းပြည့်စုံပါပေ၏။

(၃) ဓမ္မော တရားတော်မြတ်သည် အကာလိကော= ကာလမရွေး ကျင့်သည့်နေ့ ပင် တွေ့မြင်ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့် ပြည့်စုံ ပါပေ၏။

(၄) ဘဂဝတော= မြတ်စွာဘုရား၏ ဓမ္မော တရားတော်မြတ်သည် ဧဟိပဿိကော= (လာပါ၊ ရှုပါ၊ကျင့်ကြံပါ ) ဟု မပါပါအောင် ခေါ်ဆောင် သွတ်သွင်း တိုက်တွန်းခြင်း ငှာ ထိုက်တန်သော ဂုဏ်ကျေးဇူး အထူးနှင့်လည်း ပြည့်စုံပါပေ၏။

မြတ်စွာဘုရားရဲ့တရားတော်တွေဟာ နည်းနည်း ကျင့်လျှင် နည်းနည်း ချမ်းသာတယ်၊ များများကျင့်လျှင် များများ ချမ်းသာတယ် ။ကျင့်မိဘို့ ပဲလို အပ်ပါတယ် ညီမတို့ရေ..။ချမ်းသာမှာသေချာပေါက် ဖြစ်သောကြောင့် တိုက်တွန်းခြင်း ငှာလည်း ထိုက်တန်ပါပေတယ်။

(၅) ဘဂဝတော=မြတ်စွာဘုရား၏ ။ ဓမ္မော တရားတော်မြတ်သည် ၊ သြပနေယျိကော = မိမိကာယ အဇ္ဈတ္တ ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင် ကပ်၍ ဆောင်တတ်သော ဂုဏ်အထူးနှင့်လည်းပြည့်စုံ ပါပေ၏။

(၆) ဝိညူဟိ== တရားသိသူ ရှင်လူ အပေါင်း သူတော်ကောင်းတို့သည် ၊ ပစ္စတ္တံ-- အသီးသီးသော မိမိ တို့၏ သန္တန်မှာ ဝေဒိတဗ္ဗော --ချမ်းသာလေစွ။ကောင်းလေစွ ဟု ကာယ စိတ္တ သုခ နှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင် ရသောဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံ တော် မူပါပေ၏ တဲ့ ညီမတို့ရေ..။

စီနီယာ စကားလေးစားတတ်သော အစဉ်အလာ ရှိတဲ့ကျောင်းမှာ အမ တို့ စီနီယာ့ စီနီယာတွေဟာ လည်း အမတို့ရဲ့ စံပြသဖွယ် နေထိုင်ပြ ခဲ့တာပါပဲ။ GTE က ဦးအောင်ဝင်းမော် တို့ မိသားစုဆိုရင် မုံလယ် ဆရာတော်ဘုရားကြီး ကို ပင့်ဖိတ်ပြီး ဘန်ကောက်မြို့ထဲက ကိုယ်ပိုင်အိမ်မှာ ကျောင်းသားများအတွက် တရားစခန်း လုပ်ပေးခဲ့ ဘူးပါတယ်။ဆရာမကြီးဒေါ်မြင့်မြင့်သိန်းနဲ့ အတူ စီနီယာ များစွာရဲ့ စွမ်းဆောင်ချက် တွေလည်း များစွာရှိခဲ့ပါတယ်။

တရားဂုဏ်တော်များရဲ့ကျးဇူး ကတော့ အဓိက ပါညီမတို့ရေ..။ဒါကြောင့်လည်း ကျေးဇူးတော်ရှင် မြတ်စွာဘုရားရဲ့သားတော် ရဟန်းတော် များ နှင့် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားမှတဆင့် ရရှိထားတဲ့ တရားတော်ကို အမက ညီမ တို့ကို လက်ဆင့်ကမ်းနိုင်ခဲ့သလို ညီမတို့လည်း ဂျူနီယာတွေကို လက်ဆင့်ကမ်း တဲ့ အခါမှာ အောင်မြင်ခဲ့တာပေါ့ ညီမတို့ရေ..။

အမ အနေနဲ့ကလည်း ငါတက်ခဲ့တဲ့ကျောင်း၊ ငါ့ မြန်မာလူမျိုး၊ ငါ့ ဂျူနီယာ ၊ ငါ့ အဖွဲ့ ၊ ငါ့ ပရိသတ် ဆိုတဲ့ အစွဲအနှောင် အဖွဲ့ မရှိအောင် ကြိုးစားအားထုတ် နေတာဖြစ်တဲ့ အတွက် ချမ်းသာခြင်းကို မိမိ ခံစားရသလို လာပါ၊ရှုပါ ကျင့်ပါလို့ မျှဝေရခြင်းဖြစ်ပါတယ် ညီမရေ..။

ငါ့အဖွဲ့သားဖြစ်စေချင်လို့ အုပ်စု ဖွဲ့လိုသောစိတ်နဲ့ဆောင်ရွက်ခဲ့တာ မဟုတ်ပါ။ အထင်အမြင် ခံယူချက်တူရင် အုပ်စုဖွဲ့တတ်တာ၊ သတ်မှတ်ပြီး အစွဲတွေ ထူနေတာ သတ္တဝါ တို့ရဲ့ သဘာဝပဲကိုးညီမရေ..။အမလည်း ပါခဲ့ဘူးပါတယ်။
ကိုယ်ပြောတဲ့အတိုင်းမလုပ်လည်း စိတ်မဆိုးပါ။ မလုပ်လို့ ချမ်းသာနေရင်လည်း ဝမ်းမြောက်တာပါပဲ။..တကယ့် မေတ္တာ အစစ်၊ကရုဏာအစစ်၊ မုဒိတာ အစစ် ၊ဥပေက္ခာ အစစ် ထားနိုင်ဘို့ အရေးကြီးတာပေါ့နော်။

ဂျပန် ကို Internship သွားမဲ့ ညီမ မချယ်ရီ Thesis စရေးကြတော့မဲ့ ညီမ စနိုး ၊မေဆု၊ မြတ်ဆု၊ တို့နဲ့ အတူ Very Stressful Learning Environment ဖြစ်တဲ့ အေအိုင်တီမှ မျိုးဆက်သစ်များ အားလုံးကို တရား၏ဂုဏ် စိတ်ဝယ် ထုံထား နှလုံးသားမှာ ဘုရားတည်လို့ အခက် အခဲမျာစွာ ကို တည်ကြည်ရင့်ကျက်စွာ ဖြတ်သန်းလွန်မြောက် နိုင်ကြပါစေ လို့ မေတ္တာ စစ်စစ် များ ပို့သလိုက်ပါတယ်။

4 မှတ်ချက်ရေးရန်:

အောင်ဦး said...

အန်တီရေ...
ပို့သသော မေတ္တာတွေကို အစ်မတွေနဲ့ အတူခံယူမိပါတယ်။ တရားတော်ရဲ့ ဂုဏ်တော်၊ ဘုရားရှင်ရဲ့ ဂုဏ်တော်၊ သံဃာတော်များရဲ့ ဂုဏ်တော်တွေကို အမြဲတမ်း ဦးထိပ်ပန်ဆင်ပြီး သူတော်ကောင်းစိတ်တွေ အမြဲရှိနေအောင် ကြိုးစားနေတာ သိရလို့ ၀မ်းသာပါတယ် အန်တီ။ သားတို့လည်း ကြိုးစားရဦးမယ်။
ကံမကုန်ခင် အချိန်လေးပဲ ကိုယ်ပိုင်အချိန် ရှိတာပဲလေ။ အန်တီလည်း သိထားတဲ့ တရားတော်များအတိုင်း ကျင့်ကြံပြီး သူတော်ကောင်းတို့ သွားရာ မြတ်နိဗ္ဗာန်ကို ရနိုင် ရောက်နိုင်ပါစေ...


အောင်ဦး

ဂျေဂျူဝိုင် said...

အဝေးမှာနေပြီး ခုလိုတကူးတကရေးနိုင်တာကို ချီးကျူးပါတယ်

ြါ ဥါါ said...

အရမ်းကောင်းတယ်မေမေရေသားမှတ်သားပါမယ်

Anonymous said...

Thanks for your kindess to AIT Buddhist Assoiciation Ama. We learnt a lot from you so, we can carry on now.
Regards,
Cherry