Thursday, December 15, 2011

ပိုင်းလော့ဆရာတော်ဘုရားကြီး ၏ သာသနာ့ ထာဝရ ငွေပဒေသာပင်


ပိုင်းလော့ဆရာတော်ဘုရားကြီး ၏ သာသနာ့ ထာဝရ ငွေပဒေသာပင်

အပင် ဆိုတဲ့ မြန်မာစကားလုံး လေးဟာ နှစ်လုံးထဲ သောစကားဖြင့် တိုတောင်း လှသော်လည်း ကွယ်ဝှက် ထားတဲ့ အဓိပ္ပါယ်မှာ တော့ တိုးတက်ဝေဖြာခြင်း ၊ ရှင်သန် စိမ်းလန်းခြင်း ၊ ပွားများ စည်ပင်ခြင်း ဆိုတဲ့ များစွာသော အနှစ်သာရကို ခံစားလို့ ရနေပါတယ်..။

ဒါကို *ငွေ*ဆိုတဲ့ လူတို့ ဆက်ဆံရေးနယ်ပယ် က အဘိုးတန် စကားလုံး ရယ်...

လိုရာဆန္ဒပြည့်ဝမှု များ ပါဝင်နေစေတဲ့ *ပဒေသာ* ဆိုတဲ့ ရယ် နဲ့ပေါင်းစပ်လိုက်တော့

*ငွေပဒေသာပင်* ဆိုတဲ့ အင်မတန်မှအဘိုးတန် ပြီး သုံးလိုရာရာ ချိန်ခါမရွေး ဆွတ်ခူးနိုင် စွာ သီးပွင့်ဝေဆာ နေတဲ့သဘောတရား ကိုမြင်ယောင် ပုံဖေါ် လို့ရပါလိမ့်မယ်..။

ဒါကို အကျိုးအရှိဆုံး အမွန်မြတ်ဆုံး အကျိုးတရားတွေ ရရှိစေမဲ့ ဘုရားသာသနာ မှာ အသုံးပြုမှာ ဆိုတော့ ဘုရားရှင်ရဲ့ အဆုံးအမ သာသနာ အဓွန့်ရှည်စွာ စည်ပင်တိုးပွား စေ မှာ ကတော့ အသေအချာပေါ့ လေ..။

မြတ်စွာဘုရားရှင် ရဲ့ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ ၊ ပရိဝေဒ သာသနာ ဆိုတဲ့သုံးတန်သော သာသနာတော်မြတ်ကြီးသည် ကာလကြာအောင် တည်တံ့ခိုင်မြဲ စေလိုသော ဆန္ဒပြင်းပြသူ တွေကတော့ မြတ်နိုးယုယစွာ စုပေါင်းစိုက်ပျိုး ကြတော့တာပါပဲ။

ဒါကြောင့်မို့ လည်း သာသနာ ထွန်းကားစည်ပင်ရေး အတွက်သဒ္ဒ္စါတရားရှိသူ တိုင်း ရှိသူတိုင်း ရေလောင်းပေါင်းသင် ပြုစုစိုက်ပျိုး နေကြတာ တက်ညီလက်ညီ လုပ်ကိုင် ဆောင်ရွက်ကြတာကို သာသနာ့လယ်ယာ မြေအတွင်းအထင်အရှားတွေ့မြင်နိုင်ကြပါတယ်။

ငွေပဒေသာပင်အလှူ သည် လူသေသော်လည်း အလှူ က သေဆုံး ပျောက်ကွယ် မသွားပဲ အစဉ် အဆက် လက်ဆင့်ကမ်း ပြီး ရှင်သန်တိုးတက် ကြရ တော့တာအမှန်ပါ။

ထိုငွေပဒေသာပင်တွေ ကို လက်ရှိ တပည့်များအတွက်သာမက နောင်လာ နောက်သားများ တပည့်ဒါယကာ ဒါယကာမများ အတွက် အကျိုးများအောင် ရေရှည် တွေးတောစီမံပေးကြတာကတော့ ဘုန်းကံကြီးမားကြတဲ့ ကျေးဇူးတော်ရှင် ဆရာတော်ကြီး များ ဖြစ်ကြပါတယ်..။

ပုထုဇဉ် တို့ရဲ့ သဒ္ဒါတရား ဆိုတာ ကလည်း အခက်အခဲသား မဟုတ်ပါလား။ သီလ သမာဓိ ပညာ ဆည်းပူးဖြည့်ကျင့် နေ တဲ့သူတော်စင် တို့ရဲ့ ဘုန်းရိပ် ကံရိပ် ဥာဏ်ရိပ် အောက်မှာတော့ ရရှိရန် မခက်ခဲလှ သော်လည်း သာမာန်လူတွေ အတွက်တော့ သဒ္ဒ္စ္ဒါတရားရဲ့အထောက်အပံ့ ရရှိဘို့ ခက်ခဲလှပါတယ်။

ကျွန်မ အပါအဝင် သာမန်လူတွေ ကတော့ မေတ္တာ တရားကြီး မား တဲ့ ဘုန်းရိပ်ကံရပ်ကို ခိုလှုံ ပြီး မှသာ ကုသိုလ်တရားတွေ ကို ပွားများခွင့်ရကြပါတယ်..။

သူတော်ကောင်းများ အစဉ်အဆက်စိုက်ပျိုးခဲ့ကြတဲ့ ပဒေသာပင်များကို အရံသင့် မပင်မပန်း ခူးဆွတ် စားသုံးနိုင်ကြရပါတော့ တယ်..။

ဒါ့အပြင် ကိလေသာ ညိမ်းကြောင်း တရားများ အားထုတ် နိုင်ကြရပါတယ်..။

တရားအားထုတ်တဲ့လမ်းကြောင်း ပေါ် ရောက်ရှိပြီဆိုမှတော့ မဂ်ဥာဏ် ဖိုလ် ဥာဏ် ဆိုတာတွေ ကို လက်လှမ်းမီကြ တော့တာပါ။

ဒါကြောင့်လည်း ပဒေသာပင် ဆိုတာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်ရဲ့ အဆီအနှစ်ပြည့်ဝတဲ့ လယ်ယာမြေ မှာ ကြဲဖြန့် စိုက်ပျိုးသင့်လှပါတယ်။ ကုသိုလ် အညွန့်အဖူးတွေ ဖူးပွင့်ဝေစည် ခွင့်တွေ ရရှိနေချိန် မို့ အခါသင့်အခွင့် သာချိန်မှာ လက်မလွှတ်တမ်း ကုသိုလ်ယူသင့်တာပဲပေါ့နော်..။

လက်ရှိ ဘဝမှာ ချမ်းသာစွာ စားသုံး နေထိုင်ဘို့ အချိန်များစွာပေးပြီး ရှာဖွေကြ သလို သံသရာမှာ သုံးစွဲဘို့ စားရေရိက္ခာ စုဆောင်းထုပ်ပိုးသွား ဘို့ လည်း အချိန်ပေးရန် စီမံဆောင်ရွက်ရန် အမှန်တစ်ကယ် လိုအပ်လှ တယ်ဆိုတာ ဆရာတော်ဘုရားများက ကရုဏာကြီးမားစွာ ဆုံးမသွန်သင်ခဲ့ကြ ပါတယ်။

ထိုကဲ့သို့ ရှေ့နောက်မြှော်မြင် မေတ္တာထား ပေးကြတဲ့ ဆရာတော်ဘုရားကြီးများ ထဲမှာ ကျွန်မတို့ ရဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး လည်းပါဝင်ခဲ့ပါတယ်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး ရဲ့ သာသနာ့ထာဝရငွေပဒေသာပင်က တော့ မြန်မာပြည်တွင်း တပည့်ယောဂီများ စိုက်ပျိုးခဲ့ကြလို ယခုဆိုရင် အလှူငွေပေးအင်ပွဲ (၁၈) ကြိမ်မြောက်တိုင်ခဲ့ပြီး ပဒေသာပင်များ အပင် ၄၀၀ တိတိ စိုက်ခဲ့ပြီး ဖြစ်ပါတယ်..။

ကျွန်မတို့ ယောဂီဟောင်းစခန်းပွဲ တိုင်းလိုလိုမှာ သံဝေဂ တရား ပြင်းထန်စွာ သိမြင်နိုင်ရေး တရားပေးခဲ့မြဲဖြစ်လို့ တရားရပြီး သာသနာ့ဘောင်ဝင်ခဲ့ ကြရင် နေရာ မပေးနိုင်ကြောင်း အရင်တုံးက ဆရာတော်ဘုရားကြီးက မိန့်ဆိုခဲ့ဘူးပါတယ်..။

ဒီ ၂၀၁၁ ဒီဇင်ဘာ ယောဂီဟောင်း စခန်းမှာတော့ ဆရာတော်ဘုရားကြီး က လောကီရေးကျောခိုင်းလို သူများ သံဝေဂဥာဏ် ရင့်သန် သူများ အတွက် အောက်ဝါးနက်ချောင်း စခန်းသစ် မှာ နေရာပေးမယ်လို့ ပြောင်းလဲ မန့်မြွက် ခဲ့တာ မို့ ကျွန်မတို့ ရွှင်လန်းအားတက်ရပါတယ်..။

ဆရာတော်ဘုရားကြီးနှင့်အတူတကွ ပါရမီဆည်းပူးဖြည့်ကျင့်လိုကြသောတပည့် ယောဂီ များ အတွက် အခွင့်အလန်းကောင်း ပေါ်ပေါက်ခဲ့တာမို့ သတင်းကောင်း အဖြစ်ဖြန့်ဝေ လိုက်ပါတယ်။

သဒ္ဒ္စါ တရားလက်တို့ဖြင့် သာသနာ့ငွေပဒေသာပင် ခက်လက်ဝေဆာ နိုင်ပါစေ။

အရိပ်ခိုသူများလည်း အေးမြငြိမ်းချမ်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

မေတ္တာဖြင့်-သစ္စာအလင်း

0 မှတ်ချက်ရေးရန်: