Sunday, December 4, 2011

So What ..နှင့် သတိပဋ္ဌာန် မှသည် ခန္ဓာငါးပါး


<!--[if gte mso 9]> Normal 0 false false false EN-US X-NONE X-NONE


နိုင်ငံရပ်ခြား တိုင်းတစ်ပါး မှာနေထိုင်ရတယ် ဆိုတာ ကတော့ ထဲထဲဝင်ဝင် ဆက်ဆံနေထိုင်ရတဲ့ လူမှုဆက်ဆံရေးနယ်ပယ် ဟာ ကျဉ်းမြောင်း သွားပြီး… အပေါ်ယံသဘောလောက် ဆက်ဆံရတဲ့ နယ်ပယ် ကသာ ကျယ်လာ တာပါ..။

သည် လို အနေအထားကြောင့်ပဲ ထဲထဲဝင်ဝင် အတွင်းကျကျ ပေါင်းသင်းဆက်ဆံမှု ကြောင့်ပေါ်ပေါက် လာတတ်တဲ့စကားရှုပ်ထွေးမှုတွေ..ဒဏ်ကတော့အထိုက်အလျောက်တော့သက်သာခဲ့ရပါတယ်..။ ကျွန်မနေထိုင်ခဲ့ဘူး သောတိုင်းတစ်ပါးမှ မြို့ တွေကလည်း ဤလို နိုင်ငံမှ လူမျိုး ဤ တစ်ဦးသာ ရှိ၏လို ဆိုရလောက် အောင် အထီးကျန်ဆန်ဆန်လေးဖြစ်ခဲ့နေခဲ့ ရတာဖြစ်ပါတယ်..။

ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံလိုပြီး ရောရော နှောနှော မလုပ်လိုသောကျွန်မအတွက် ကျေနပ်စရာ လူမှုဆက်ဆံရေးနယ် ပယ်တစ်ခု တွေ့ရသလိုပါပဲ။

အချိန်များများ ကွန်ပျူတာ အဖေါ် လုပ် ကာ စာရေးစာဖတ်ချိန် များများရခဲ့တာမို့ ထို အချိန်များဟာ အဘိုးတန် မှန်း နားလည် တမ်းတနေမိပါသေးတယ်။

အချိန်ပိုများစွာရခဲ့သည့် ကျွန်မ ရဲ့ ဘ၀ အပိုင်းအစ တစ်ချို့ ဖြစ်ခဲ့သည် မို့လည်း တရားနာချိန် စာရေးချိန် ပိုရခဲ့ပြီး လေ့ကျင့်သင်ယူသူသဖွယ် ကားကိုကွင်းထဲ မှာ ထပ်ခါထပ်ခါ မောင်းကျင့် နေရသလို ဖြစ်ခဲ့ဘူးပါတယ်။

တကယ့် လက်တွေ့ ဘ၀ ထဲမှာ လေ့ကျင့် နာယူထားသော တရား ဓမ္မ နဲ့ အညီ နေထိုင်ကျင့်ကြံဘို့ကတော့ လွယ်ကူလှသည်တော့ မဟုတ်ပါ။ လေ့ကျင့်ကွင်းထဲမှ ထွက်ပြီး လမ်းပေါ် မှာကားတက်မောင်းသူလို ကျွမ်းကျင် မှု အစစ်အမှန်ကိုအားစမ်းခံရမြဲပါပဲ။

နာယူ မှတ်သားထား သော… ထုံခဲ့မွေ့ခဲ့သော တရား အနုအရင့် ကိုခွဲခြမ်း စိစစ် ရန် လမ်းစည်းကမ်းထိမ်း သိမ်းရေး ရဲများသဖွယ် စောင့်နေသူတွေတစ်ပုံတစ်ပင် …။

ချိုသာ နူးညံ့သော စကားလုံးများ၊ ရွှင်လန်းတက်ကြွသော အပြုံး တို့ နောက်ကွယ်မှာ ဘာတွေ ပါဝင် ပတ်သက်နေမလဲ ….ခန့်မှန်းတတ်လောက်အောင် ကျွမ်းကျင်လှသည်တော့မဟုတ်ပါ။ ဖြောင့်ဖြောင့်တန်းတန်း မဟုတ်သော ကွယ်ဝှက် အဓိပါယ်များ ပါဝင်သော စကားဆိုတာလည်း အရင်ကတည်းက ကျွန်မနားလည်လွန်းလှသော ဘာသာရပ် မဟုတ်ခဲ့ပါ.။

ပရိယာယ် များပြားလှသော လူမှုဆက်ဆံရေး များစွာ တို့ ကို ထိတွေ့ရတဲ့အခါ အဆင်ပြေပြေ မေတ္တာပြည့်ပြည့်၀၀ တည်ညိမ်ပြေပြစ်မနေတာတော့သေချာလှပါတယ်..။

အချိန်မီ သိမ်းဆည်းနိုင်ဘို့ သတိ တရား အမြဲထား တဲ့အကျင့်ကို ပြန်လည် အလေးဂရုပြုရပါတယ်။ မြန်မာပြည်ကိုပြန်ရောက်လာသော သစ္စာအလင်း အမှန်တကယ် လင်းမလင်း စာမေးပွဲတွေ ဖြေဆိုရတာ…ဆိုတော့ တစ်ဖုန်းဖုန်းကျ မနေ အောင် အောင်မှတ် ရအောင်မနည်းဖြေဆိုရပါတော့တယ်။

(ကိုယ့်စိတ်မှာ လောဘတို့ ဒေါသတို့ မောဟတို့ မာန တို့ ဣဿာ မစ္ဆရိယ တို့ ရှိနေတဲ့အခါ မှာ သူတို့ကို သတိနဲ့ မကြည့်တတ်လို့ရှိရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ မလုပ်သင့်တာ လုပ်မိတတ်တာပါပဲ) လို့ ဆရာတော် ဦးဇောတိက ရဲ့ မင်္ဂလာတရားတော်များမှာ ဖတ်ရှု မှတ်သားခဲ့ဘူးပါတယ်..။

တရားတော်များကိုနားမလည် တဲ့အချိန် တွေမှာကော ငါ ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ဆိုတာ အတိတ်ကို ပြန်လည် တွေးကြည့်မိပါတယ်..။

တက္ကသိုလ် တက်တဲ့အချိန်တုံး က ဆရာမ တစ်ဦးထံချဉ်းကပ် သင်ယူခဲ့ဘူးတယ်..။ အဲဒါကတော့ So What! နဲ့ရင်ဆိုင်ဘို့ပါ။ဆရာမရဲ့အတွေ့အကြုံအရပြောရရင် ရိုးသားကြိုးစားတဲ့ ပညာရှင် တစ်ယောက်အဖြစ်ရပ်တည်ဘို့ နိုင်ငံရပ်ခြားမှာ ပညာတော်သင်ဘ၀ နဲ့ တစ်ဦိးတည်း ရပ်တည်နေထိုင်ရတဲ့အချိန်မှာ ပါ။ အားငယ် ညှိုးချုံး စိတ်နှလုံး ညှိုးငယ်မှုကိုသူ့နည်းသူ့ဟန် နဲ့တိုက်ဖျက်ခဲ့တာ ဖြစ်မှာပါ။ စိတ်ဓာတ်ကြံ့ခိုင် ဘို့ရှာဖွေခဲ့သောနည်းလမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။

သူ့အား ဝေဖန်သူ ရှုံ့ချသူ အထင်သေးသူ အပြစ်တင်သူ များကို So What! ဟုသာ တုံ့ပြန်ခဲ့ပါသတဲ့။

မြန်မာလိုအဓိပ္ပါယ်ကတော့(အေး ငါ့ကို နင်ဒီလိုပြောတာ..ကောင်းပြီလေ.. အဲဒီတော့ ဘာဖြစ်လဲ) ဆိုတဲ့ So What ကိုကျွန်မ အားအင်ပြည့်စွာရွတ်ဆို ခဲ့ဘူးပါတယ်..။ မျက်နှာကို စေ့စေ့ကြည့် ရင်ဆိုင်ပြီး တည်ညိမ်စွာ စိန်ခေါ်သော စကား ပါ။ မဆိုင်တာတွေ လျှာလာရှည်မနေနဲ့ ဆိုတာလည်း ပါကောင်းပါနိုင်ပါသေးတယ်။

ထိုသို့ ရဲရင့်မှုကို ကျွန်မလည်းသဘောကျမိတာ နဲ့ အရာရာကို So What!နှင့်ရင်ဆိုင် မိပါတယ်..။ လက်ခံသိမ်းပိုက်မှု မရှိတာမို့ ခါချပစ်လိုက်တာမို့ ကပ်ညိမှုလည်းမရှိခဲ့ပါ။ပူလောင်မှု မရှိသလို ပိုကောင်း အောင် သင်္ခန်းစာယူ ပြုပြင်တာမျိုးလည်း မရှိခဲ့ပါ..။

ကျောင်းပြီး လို့ အလုပ်ထဲ ရောက်လာချိန်မှာတော့ So What! ဖြင့်ပင် ဆက်လက်၍ ခရီးနှင် ခဲ့ပါတယ်..။ အရွယ်လေးရလာတော့ So What!၀တ်စုံ ရဲ့ မာန ပုံရိပ်ကို ခပ်ပါးပါး ခံစားတွေ့မြင်လာတတ်ပါတယ်။မေတ္တာ နဲ့စေစားချက်များ အတွက် ခံယူချက်တံခါး ချပ်များလည်း ပွင့်သင့်သလောက်ဖွင်မိ့ လာ ခဲ့ပါတယ်..။

ဒေါသစိတ် မာနစိတ်တွေ နဲ့ အပေါင်းအသင်းမလုပ်တော့ဘူး။ သူတို့ခိုင်းတာကိုမလုပ်ဘူး။ သတိနဲ့ ဥာဏ်နဲ့ ယှဉ် တဲ့စိတ်နဲပဲ အပေါင်းအသင်းလုပ်ပြီး တော့နေလိုက်တာပဲ။ အဲဒီလိုနေရင် ပညာရှိ သူတော်ကောင်းက ကိုယ့်စိတ်ထဲမှာပင်ရှိနေသလို ဖြစ်သွားကာ အေးချမ်းမှုရဲ့ရသ ကိုတစ်စွန်းတစ်စ မြည်းစမ်းကြည့် ရန် အကြောင်း တွေလည်း ဖန်လာပါတယ်။

မလုပ်သင့်တာကို လုပ်ဖို့မပြောနဲ့ တစ်ခါ တစ်လေစိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အတွေးရှိတယ်။ ပင်ပန်းတယ် ဆင်းရဲတယ်။ အဲဒါကိုသတိထားမိရင် ဒီအတွေးကပင်ပန်းလိုက်တာ၊ ဆင်းရဲလိုက်တာ ၊ ဒီအတွေး က အတ္တဇွဲကြီးတဲ့အတွေး မာနကြီးတဲ့အတွေး၊ အဆင့်အတန်းနိမ့်တဲ့အတွေး ပူလောင်တဲ့ အတွေးတွေပါလား(ဒီလိုစိတ်မျိုး နဲ့ မနေချင်ဘူး) ဆိုတဲ့စိတ်ဖြစ်လာပါတယ်။

စိတ္တနိယမ အရ တစ်ကြိမ် ထဲမှာ စိတ် နှစ်မျိုးမဖြစ်နိုင်တာမို့ ကိုယ်ကသာ တစ်ကယ်မနေစေချင်လို့ ရှိရင် ပထမ ဖြစ်တဲ့ကိလေသာစိတ်ဟာ ပျောက်သွားတာမျိုးပါ..။ဧည့်သည် သဘောမျိုးပါ… ကိုယ်က လက်ခံပြုစုထားလေ သူကပျော်လေ နေမှာပါ။ နေစေချင်နေရင် တော့ တမင်တကာ ပြုစု မြင်ယောင်မွေးမြူရတော့တာပါပဲ။

ဘုရားဟောပါဠိမှာ အထောက်အထားတစ်ခုရှိပါတယ်။ (ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ) ..။စိတ်က ပြိုးပြိုးပျက်ပျက် အရောင်တစ်လက်လက် ထွက်နေပါတယ်။ကြည်လင် တောက်ပနေပါတယ်.။တဲ့ တကယ်တော့ အာရုံတွေကြောင့်ပွေလီလိုက်တဲ့ ဧည့်သည် စိတ်တွေကြောင့် သာ ညစ်နွမ်းနေရတော့တာပါ။

ကိုယ့်စိတ်ကိုယ် စောင့်ကြည့်ရင်း စောင့်ကြည့်ရင်းနဲ့ အတွေးတွေရှင်းသွားတဲ့အခါမှာ စိတ်ကကြည်လင် အေးချမ်းသန့်ရှင်းနေတယ်။ ကျေနပ်နေတယ် ပြည့်ဝနေတယ်..အဲဒီလို အခါမှာ အဲဒီလိုအသိ ညာဏ်မျိုး ရနေတဲ့အခါ မှာ အဲဒီစိတ်ကိုကြည့်နေရင်းနဲ့ကို င့ါဘ၀ဟာ အောင်မြင်တဲ့ဘ၀ ဖြစ်တယ်လို့ ခံစားရ တယ်။ ပစ္စည်းဥစ္စာရ လို့ အောင်မြင်တာ မဟုတ်ဘူးနော်..။အဲဒီစိတ်ဓာတ်မျိုးရတာကိုပဲ အောင်မြင်တယ် လို့ခံ စားလို့ရတယ်။

ကိလေသာ ဆိုရင် ဘယ်လိုကိလေသာဖြစ်ဖြစ် အတ္တ နဲ့ပေါင်းမိလို့ ရှိရင် သူ့အားပိုကြီးလာတယ်။သူ့ကို ငါလို့ထင်သွားရင် သူ့အားပိုကြီးလာတယ်။ သူ့ကိုကိုယ်က ကြည့်တတ်သွားလို့ ငါမဟုတ်ပါလား လို့ မြင်လို့ရှိရင် သူ့အားလျော့သွားပါတယ်…။

ပြဿနာတွေအား လုံး ရဲ့အစ ဟာ ငါ လို့ ပြောတာ တကယ်မှန်ပါလားလို့ နားလည် လာရပါတယ်..။ အစမထင် သံသရာတစလျှောက်လုံး စွဲလန်း ခိုင်မာခဲ့တဲ့ ငါအထင်..ငါရှိတယ် ဆိုတဲ့အထင် …ခန္ဓာငါးပါးကို ငါလို့ သိမ်းပိုက်ခံယူမိတဲ့ အမြင်မှား(သက္ကာယဒိဋ္ဌိ) ကြောင့် များလှတဲ့ ဒုက္ခ တွေ ဟာ အလျား အနံ အမြင့် တစ်ယူဇနာ အတိုင်းအတာ ရှိတဲ့ကန်ထဲကရေ လိုဖြစ်နေပါတယ်တဲ့။

ဒီအမြင် မရှိသူရဲ့ ဒုက္ခကတော့ သမန်းမြက်ကလေး နဲ့ ရေကန်ထဲနှစ်ခတ်လိုက်လို့ ထိပ်မှာ ကပ်ညိကျန်ရစ် ခိုတွဲနေတဲ့ ရေစက်ပေါက်ကလေးမျှသာ ကျန်ပါတော့တယ်တဲ့။

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီးကတော့ တရားထဲမှာထည့်ဟောဘူးပါတယ်..။ အမေက ဟင်းလာပေးတာကို သူရဲမှတ်ပြီး လန့်လန့်ပြေးကြတာကိုး တဲ့..။ တကယ် တော့ တရားအားထုတ်သူ တစ်ဦး အတွက်ကတော့ အာရုံ နဲ့ ဒွါရတိုက် လို့ ဘာဖြစ် လာ လာ အရှုခံ တရားတွေချည်းပါပဲ..။

ခန္ဓ္စ္ဒာငါးပါး အရှုခံတရားတွေကို အရိပ်ကိုအကောင်လုပ်ပြီး ငါ အထင်နဲ့သိမ်းပိုက်မိတဲ့အခါ ခံစားချက်မျိုးစုံ နှလုံးအိမ်ကနေ စိမ့်ထွက်ရပါတော့တယ်..။

ဝမ်းနည်းရတယ် ကြေကွဲရတယ်..ခံပြင်းရတယ် နာကျည်း ရတယ် နာကျင်ရတယ် .ကြင်နာရတယ်….ရင်ခုန်ရတယ် လှိုက်လှဲရတယ်… ကြည်နူးရတယ်… ချမ်းမြေ့ရတယ် ..စတဲ့ စတဲ့ ဝေဒနာပြပွဲတွေအစဉ်တန်းရတော့တာပါ..။

အရှိန်အဟုန်ပြင်းထန်ပါရင်လည်း ပေါက်ကွဲကြ ကျူးလွန်မိကြ..ဒုက္ခ သံသရာတောမျောမိကြတော့တာပါ..။

မျက်စိ---အဆင်း ---မြင်သိစိတ် ခန္ဒ္စ္ဓာငါးပါး ကာလမခြား စိတ် ဓမ္မာရုံ ကြံသိစိတ် ခန္ဒ္စ္ဓာငါးပါး..။

နား---အသံ ---ကြားသိစိတ် ခန္ဓ္စ္ဒာငါးပါး ကာလမခြား စိတ် ဓမ္မာရုံ ကြံသိစိတ် ခန္ဓ္စ္ဒာငါးပါး..။

နှာခေါင်း---အနံ့ ---နံသိစိတ် ခန္ဓ္စ္ဒာငါးပါး ကာလမခြား စိတ် ဓမ္မာရုံ ကြံသိစိတ် ခန္ဓ္စ္ဒာငါးပါး..။

လျှာ---အရသာ---စားသိစိတ် ခန္ဓ္စ္ဒာငါးပါး ကာလမခြား စိတ် ဓမ္မာရုံ ကြံသိစိတ် ခန္ဓ္ဒ္စာငါးပါး..။

ကိုယ်---အထိအတွေ့ ---ထိသိစိတ် ခန္ဓ္စ္ဒာငါးပါး ကာလမခြား စိတ် ဓမ္မာရုံ ကြံသိစိတ် ခန္ဓ္ဒ္စာငါးပါး..။

နောက်ဆုံးတော့လည်း မနောတံခါးဖြစ်တဲ့ ဓမ္မာရုံမှာ လမ်းဆုံး တဲ့ ခန္စ္ဒ္ဓာငါးပါး သက်သက် သာ ရှိပါတော့ တယ်..လို့..တစ်လောကလုံးသိမ်းဆည်းလိုက်ပြန်တော့လည်း ခန္ဓာငါးပါး မှာ ပါ လမ်းဆုံးပါတယ် ..။

ထို ခန္ဓာငါးပါး သည်လည်း ရဲနေတဲ့သံအိုးကင်းကိုရေတန်းကျသလို ထိရင်းကုန် လောင်ရင်းပျောက် ရေမှာ အရုပ်ရေးသလို ဘာမှ တင်မကျန်တော့တာ ဆင်ခြင် ဖြစ် နှလုံးသွင်းဖြစ်ပါတယ်..။

ကိုယ့်စိတ်ကိုယ် စောင့်ကြည့်ရင်း စောင့်ကြည့်ရင်းနဲ့ အတွေးတွေရှင်းသွားတဲ့အခါမှာ စိတ်ကကြည်လင် အေးချမ်းသန့်ရှင်းနေတယ်။ ကျေနပ်နေတယ် ပြည့်ဝနေတယ် ဆိုတဲ့ ခံစားမှု မျိုး နဲ့ တောင်မတူ တဲ့ လွတ်မြောက်မှုကြောင့် ဖြစ်ပေါ်တဲ့ ရသ တစ်မျိုးကိုပါ တွေ့ လိုက်ရပါတော့တယ်..။

ချစ်ခင်လေးစားသူ… မုန်းတီးပြစ်ပယ်သူ

တန်ဘိုးထားမြတ်နိုးသူ ….နှိမ့်ချပြစ်တင်သူ

ချီးမြှောက်မြှင့်တင်သူ…. သေးသိမ်အောင်ပြုလုပ်သူ

ချိုသာအေးမြသူ ..ခါးသက်ကြမ်းရှသူ

လက်တွဲသူ….လမ်းခွဲသူ

အတူတူ ပင်ဖြစ်သွားပါတော့တယ်။ ထို ..ထိုသော အသိဥာဏ် အောက်တွင်အရာရာသည် တစ်မျိုးတည်းဖြစ်လျက် ကြာရှည် မတည်ပဲ ပျောက်ကွယ် ရပါပကောလား။

တိမ် တခဲနက် ကြည့်ရင်းပျက်သို့ မျက်စေ့အောက် တွင်လွင့်ပျောက်စင်သည် ဖြစ်တာပျက်ဘို့ ပါတကား။

မှတ်ချက်..။ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား၏ အလုပ်ပေးတရားတော်များ နှင့် ဆရာတော်ဦးဇောတိက ရဲ့ မင်္ဂလာတရားတော်များကို ရိုသေစွာ မှတ်သားနာယူ ကိုးကားရေးသားပူဇော်အပ်ပါသည်။

သံဝေဂစကားတွေပြောလွန်းတယ် ဟူသော ပုဒ်မဖြင့် အီးမေးလ် ဘလော့ လုပ်ပစ်သူတစ်ဦးနှင့် တပည့်တစ်ဦး ရဲ့ မခန့်လေးစား ဆက်ဆံမှုတို့ကြောင့် ကာလအတန်ကြာ So What !တို့ဖြင့်လေးလံနေရာမှလက်တွေ့လေ့ကျင့်ခန်း ကိုအမှတ် ၄၀ပြည့်ရုံ အောင်မြင် ခဲ့တဲ့အတွက် ထိုသူနှစ်ဉ်ီးကိုအထူးကျေးဇူးတင်ရှိလျက်..။
မေတ္တာဖြင့်
သစ္စာအလင်း

1 မှတ်ချက်ရေးရန်:

Anonymous said...

so nice,Ama Gyee.