Saturday, September 2, 2017

သူမ ချစ်တဲ့ ဒါးကမြစ်




------------------
ကျောင်းကုန်းမြို့ ရဲ့ မိုးရွာပြီးစ.... ဆည်းဆာ အလှ...ဟာ .. သက်တန့်ရောင်စုံများ နဲ့ အတူ တောက်ပ နေခဲ့ ပါတယ်..။
ဟိုးလွန်ခဲ့တဲ့ ၃၅ နှစ်က ရေပြင်ကို ကိုင်းညွှတ်နေတဲ့ ကုက္ကိုကိုင်း ရဲ့ အရိပ် မှတဆင့် ဒါးကမြစ်ကိုဆင်းကာ ..မျောလွင့်နေတဲ့ဗေဒါ တွေကို ဆယ်ယူဘို့ ကြိုးစားခဲ့တဲ့....
မိန်းကလေး တစ်ဦးကို ဒါးကမြစ်ပြင်က သတိရလိမ့်မယ် ထင်ပါတယ်..။
သူမဟာ...သိပ် မဆွဲတတ်ပေမဲ့ .... ရေဆေးအကြည် လေးနဲ့ (ဒါးကမြစ်ယံ တစ်နေရာ...) ရယ်လို့ မှတ်တမ်းတင်ခဲ့ဘူးတယ်..။
ဆယ်စု နှစ် ၅၀ ကျော် လာတဲ့ အဲဒီမိန်းကလေးဟာ...ဒီတစ်ခါ..တော့.... ကွေ့ကောက် တဲ့......ဘဝမြစ် တွေ အကြောင်းတွေး နေခဲ့တယ်...။
သံဝေဂ တွေ.... ဆုံးမစကား တွေ..... ဘယ်လို ချန်ရစ်ရပါ့မလဲ ဆိုတဲ့....
အဘိဓာန် ဆန်ဆန်...အဖွားကြီးဆန်ဆန် နှလုံးသားဖြစ် နေပြန်တယ်..။
ဒီတံတား လေးဟာ ..... ငယ်ကျွမ်း ဆွေ ဇာတ်ကား ထဲက အတူး တို့ အသက်တို့ .....
မီးမျှောတဲ့တံတားလေးတော့မဟုတ်သည့်တိုင်......
ထို တံတားထက်မလျှော့ တဲ့ လွမ်းစရာတွေကတော့ ရှိနေတာ အမှန်ပါ..။
အဲဒီမိန်းကလေး လိုပဲ...နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က ကျောင်းကုန်းမြို့ က ဒါးက မြစ်ကို ရောက်ခဲ့ဘူးတယ်..။
ဒီတံတားလေး ပါပဲ...။
သူမ လို ......တော့..ရေဆင်းချိုးတာ...ဗေဒါဆယ်တာ..... ပန်းချီဆွဲတာ မဟုတ်ပါဘူး...။
လှေပြိုင် ပွဲ ကို ကြည့်ခဲ့တာ.ဒီတံတားလေးဖြစ်ပါတယ်..။
လှေပြိုင်ကြတဲ့လှေ ၂စင်း.... ပန်းမဝင်ရသေးဘူး.... နိုင်ချေ ရှိပြီ အထင်နဲ့ တက်ထောင်ကြတဲ့ ပထမလှေ ကို ....
နောက်ကနေ မလျှော့တဲ့ဇွဲ လုံ့လ နဲ့ ကျိုးလှော်တဲ့နောက်လှေက ကျော်တက်တဲ့ ဇာတ်လမ်း...
မှတ်တမ်းတင် စရာ ဖြစ်ခဲ့တာ ..ဒီ(ဒါးကမြစ် ) ပေါ့..။
ဒီအကြောင်း ကို ဗိုလ်ချုပ်က ၁၉ ၄၇ ၊ ဇူလိုင်လ ၁၃ရက် မြို့တော်ခန်းမ မှာ ကျင်းပတဲ့ လူထု အစည်းအဝေး မှာ...တက်မထောင်ကြစေဘို့ မိန့်ခွန်းထဲမှာ ထည့်ပြော ခဲ့ပါတယ်.။
သမိုင်းဝင်ခဲ့တဲ့ ဒီတံတားလေးကို ကျောင်းကုန်းကပြည်သူလူထု ထည့်ဝင်ငွေ နဲ့ အတူ ကိုးရီးယား NGO က ၂၀၁၃ ခုနှစ်မှာ မူလ ပုံစံမပျက် ပြန်လည် တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်..တဲ့..။
ပုံထဲက ကျောက်စာမော်ကွန်းအရ ပြောပြတာပါနော်...။တဲ့..။
ကိုင်း ........ လွမ်းစရာမကောင်းပေဘူးလား..။
ထို သူမ ..... ကတော့လွမ်းခဲ့ပါတယ်...။တဲ့...။
ငယ်ကျွမ်းဆွေဇာတ်လမ်း ထဲက အတူး..ဆိုသူကိုမဟုတ်ကြောင်း မှတ်တမ်းရေးနေလေရဲ့..။

0 မှတ်ချက်ရေးရန်: