သည် စကားလေးက ကျေးဇူးတော်ရှင် မူလဓမ္မဆရာတော် ဦးဝိဇယ ရဲ့ စကားလေးပါ…ကြိုက် နှစ်သက် လွန်းလို့ မှတ်ထားဖြစ်မိတယ်.။ကျင့်သုံးနေဖြစ်ခဲ့တယ်..။.အခုPost မှာလည်း စကားလုံး အားလုံးနီးပါး ဆရာတော်ဘုရား ရဲ့ မူရင်း အတိုင်းဖြစ်အောင်မျှဝေ လိုက်ပါတယ်..။
တည့်တည့်တွေးပါဆိုတာ အဓိပ္ပါယ်ကတော့ သမ္မာ သင်္ကပ္ပ ဖြစ်အောင် နေရမယ် လို့ ဆိုလိုပါတယ်..။
ထည့်ထည့် မတွေးပါနဲ့ ဆိုတာကတော့ အဓိပ္ပါယ် က မိစ္ဆာ သင်္ကပ္ပ မဖြစ်အောင်နေရမယ် လို့ ဆိုလို ပါတယ်..။
တည့်တည့် သိမြင်ရင် သမ္မာဒိဋ္ဌိ ဖြစ် ပြီး ထည့်ထည့် သိမယ် ဆိုရင် မိစ္ဆာ ဒိဋ္ဌိ ဖြစ်ပါတယ်..။
တည့်တည့် တွေးရင် သမ္မာ သင်္ကပ္ပ ဖြစ် ပြီး ထည့်ထည့်တွေးရင် မိစ္ဆာ သင်္ကပ္ပ ဖြစ်ပါတယ်..။
တည့်တည့် သိအာင် ကြိုးစားရင် သမ္မာ ဝါယမဖြစ်ပြီး ၊ ထည့် ထည့် သိ ပြီးကြိုးစားရင် မိစ္ဆာ ဝါယမ ဖြစ်ပါတယ်..။
တည့်တည့် သိအာင် ဂရုစိုက်လျှင် သမ္မာ သတိ ဖြစ်ပြီး ၊ ထည့် ထည့် သိ ပြီးဂရုစိုက် လျှင် မိစ္ဆာ သတိ ဖြစ်ပါတယ်..။
တည့်တည့်သိမြင် ခြင်းမှာ တည် ကြည် နေလျှင် သမ္မာ သမာဓိဖြစ်ပြီး ၊ထည့်ထည့် သိ ပြီးတည် နေလျှင် မိစ္ဆာသမာဓိ ဖြစ်ပါတယ် ။
လောကမှာ ကောင်းတာ မဖြစ်ရင်၊ ဆိုးတာ ဖြစ်တယ် ဆိုတာ သတိ ကြီးစွာ ထားရပါလိမ့် မယ်…။
(၃၁)ဘုံဟူသော လော ကကြီးကို အမှန် အတိုင်းအသုံးပြုလိုလျှင်၊ (သိတာ နှင့် သိစရာမျှသာ) လို့ တည့်တည့်လေးတွေးရပါမယ်..။
တည့်တည့်လေးတွေးတော့ တည့်တည့်လေးသိတယ်..။တည့်တည့်လေးသိတော့ တည့်တည့်လေးဂရုစိုက်မယ်.။တည့်တည့်လေးအားထုတ်မယ်..။ နောက် ဆုံး တည့်တည့် သိတဲ့ အပေါ်မှာ တည်ကြည် သွားပါလိမ့် မယ်.။
(သိတာ နှင့် သိစရာ မျှသာ ရှိတယ်) လို့လောကသဘာဝ အမှန်တိုင်း မဂ္ဂင်ကောင်း များခြံရံ ပြီး အာ ရုံတွေကို အသုံးပြုလိုက်ရင် စိတ်ထဲမှာ လွတ် လပ် သွားပါတယ်..။
သန့်ရှင်းစင် ကြယ် သွားပါတယ်..။ ပေါ့ပါး သက် သာသော ချမ်းသာ ကိုလည်း ရရှိလာ ပါတယ်..။
ယောနိသော မနသိကာရ= အသင့်အားဖြင့် နှလုံးသွင်းခြင်း လို့လည်းခေါ်ပါတယ်..။
သိစရာ များကို သိခြင်းမျှသာ ရှိသောလောက ကြီးကို ချစ်စရာ များကို ချစ်တာလို့ ၎င်း ၊ မုန်းစရာ များကို မုန်းတာ လို့၎င်း ထည့် ထည့်ပြီးတွေးနေကြပါတယ်..။
ထည့်ထည့် ပြီးတွေးခြင်းကို အကြောင်းပြုပြီး ထည့် ထည့် သိ ပြီး သိခြင်း၊ ပြုလုပ်ခြင်း၊ ဂရုစိုက်ခြင်း တည် ခြင်းများဖြစ်လာ ပြီး မိစ္ဆာ မဂ္ဂင်များရှုပ်ထွေးနှိပ်စက် တတ်ပါတယ်..။
တည့်တည့် မတွေးပဲ ထည့်ထည့် ပြီးတွေးနေ သမျှ ဘယ် သော ခါမျှ အမှန်တရားကို တွေ့နိုင်တော့ မှာမ ဟုတ်ပါဘူး..။
အမှန် မတွေ့နိုင်သော ချစ် စရာနှင့် မုန်းစရာ အတွေးများကို ထည့် ထည့်တွေးတယ် လို့ခေါ် ပြီး
အယောနိသော မနသိကာရ= ဆန့်ကျင်ဘက် အားဖြင့် မသင့်မတင့်နှလုံးသွင်း ခြင်း လို့လည်းခေါ်ပါတယ်..။
တရားဆွေးနွေးတဲ့ အခါ မှာလည်း ထို ပုဂ္ဂိုလ်၏ ချစ်စရာ မုန်းစရာ ဂုဏ် တွေကို ထည့်ထည့် တွေးပြီး မဆွေး နွေးရပါဘူး..။သိစရာလို့ နှလုံးသွင်းကာ တရားသဘောများကိုသာ တည့်တည့်လေးတွေးပြီးဆွေး နွေး ရပါမယ်..။
တရားစာ အုပ် ဖတ်ရာ မှာ လည်း စာရေးဆရာ ၏ ချစ်စရာ မုန်းစရာ ဂုဏ်များကို ထည့်ထည့်တွေးပြီး မဖတ်ရပါဘူး။ သိစရာလို့ နှလုံးသွင်းကာ တရားသဘော များကို သာ တည့်တည့်လေးတွေးပြီးဖတ်ရပါမယ်..။
တရားနာ ကြားရာ မှာ လည်း တရားဟော ဆရာ ရဲ့ ချစ်စရာ မုန်းစရာ ဂုဏ်တွေကို ထည့်ထည့်တွေးပြီး မနာ ကြားရပါဘူး.။ သိစရာလို့ နှလုံးသွင်းကာ တရားသဘော များကို သာတည့်တည့်လေးတွေးပြီးနာ ကြားရပါမယ်.။
ချစ်စရာလို့ သတ် မှတ်ရလောက် အောင် ထူးခြားချက် ကို ဂုဏ်လို့ခေါ် သကဲ့ သို့ မုန်းစရာလို့ သတ် မှတ်လောက် ရအောင် ထူးခြားချက် ကိုလည်းဂုဏ်လို့ခေါ်ပါတယ်..။
ပုဂ္ဂိုလ် ၏ ထူးခြားချက် ချစ်စရာ ဂုဏ် ကို ထည့်ထည့်တွေးပြီးဆွေးနွေးမယ်၊ နာ ကြားမယ် ၊စာ ဖတ်မယ် ဆိုရင် သိစရာ အမှန် တရားများကို မတွေ့တော့ ပဲ ချစ်စရာဂုဏ် များကို ချစ်တာ ဘက် ထည့်ထည့် တွေးပြီး အစွဲကိ လေသာထူလာ ပါလိမ့်မယ်..။
ပုဂ္ဂိုလ် ၏ ထူးခြားချက် မုန်းစရာ ဂုဏ် ကို ထည့်ထည့်တွေးပြီး ဆွေးနွေးမယ် နာ ကြားမယ်၊စာ ဖတ်မယ် ဆိုရင် သိစရာ အမှန် တရားများကို မတွေ့နိုင်ပါဘူး..။ထည့်ထည့်တွေးထားသော မုန်းစရာ အမှား ကို ပင်အမှန် ထင် ကာ ဆုံးဖြတ်ချက် ချ ပြီးလုပ် ကိုင်ကြပါလိမ့်မယ်..။
နှလုံးသွင်းမှန် ဘို့ အရေးကြီးပါတယ်..။ချစ်စရာ မုန်းစရာ လို့ နှလုံးသွင်းရင် အမှား နှလုံးသွင်းဖြစ်ပါတယ်..။သိစရာလို့ နှလုံးသွင်းမှ အမှန် နှလုံးသွင်းဖြစ်တယ် လို့ ဘာ ကြောင့် ပြောရတာ လဲဆိုရင် အရှိ အတိုင်းတည့်တည့်သိလို့ရသော ကြောင့် သိစရာလို့နှလုံးသွင်းတာ အမှန်ဖြစ်ရပါတယ်..။
အရှိအတိုင်းတည့်တည့်သိ မရသော ကြောင့်(သို့) ရှိတာ ကတခြား ၊ သိတာ ကတခြားဖြစ်နေသော ကြောင့် ချစ်စရာ မုန်းစရာလို့ နှလုံးသွင်းရင် မှား တယ် လို့ပြောရပါတယ်..။
ဥပမာ -ငယ် ငယ် တုန်းကကစားစရာလေးတွေနဲ့ ကစားခဲ့တယ်..ချစ်တာမုန်းတာ အပြည့်ပါတယ်..။အခု အချိန် မှာ ပြန်တွေးလိုက် ရင်ချစ်လို့ မုန်း လို့လည်းမရတော့ပါဘူး..။သိစရာ အဖြစ်သာ ကျန်ပါတော့တယ်..။ဘာ မှ အရေး မကြီးတော့ပါဘူး..။
ထို့အတူ ပဲ ချစ်တာ နဲ့မုန်းတာ ဟာတကယ် မရှိလို့ အမြဲတမ်းပြောင်းလဲနေတယ်..။အထင်ပေါ် မှာ ရပ် တည်နေ ရတော့ ဘယ် လိုမှ ခိုင်မာ မှု မရှိနေပါဘူး..။စက္ကန့်ပိုင်းမှာ ကို အမျိုးမျိုးပြောင်းလဲနေတယ်..။သိစရာ ကတော့ ဘယ် လောက် ပဲ ကြာ ကြာ မပြောင်းလဲတော့ဘူး..။
အရေးကြီးတယ် ဆိုတာလည်းမရှိတော့ပါဘူး..။အရေးကြီးတယ် လို့ထင်နေကြတာ တွေအားလုံးဟာ ချစ်တာ က ချစ်စရာလို့ အထင် မှားမှုကြောင့်၎င်း၊ မုန်းတာ ကမုန်းစရာလို့ အထင် မှားမှုကြောင့်၎င်း စိတ်မှာ ပူလောင် နေကြပါတယ်..။ရပ်တည် ရာ မရကြပါဘူး။
သိစရာများကို သိစရာလို့သာ တည့်တည့်တွေးစေချင်ပါတယ်..။ချစ်စရာများကိုချစ်တာ မုန်းစရာ များကို မုန်းတာ ထည့်ထည့် မတွေးစေချင်ပါဘူး ။
တွေ့ ကြုံလာ တဲ့ အာ ရုံတွေအပေါ်မှာ တည့်တည့် တွေးနိုင်အောင် ကြိုးစားလျက် အစွဲကိလေသာများ လျော့ပါး အောင် ကြိုးစားနေရ ပါတော့ တယ်..။
0 မှတ်ချက်ရေးရန်:
Post a Comment