Wednesday, March 4, 2009

Sharing Kindness




.
.
.
Rangsit Orphanage, Bangkok, Thailand
.
.
.
မေမေချစ်သော သာသားနဲ့ မီးမီး

အခုဖော်ပြထားတဲ့ ဓာတ်ပုံလေး တွေဟာ ထိုင်းနိုင် ငံ။ဘန်ကောက် မြို့ မှာရှိတဲ့ မိဘမဲ့ ဂေဟာလေး မှာ ရိုက် ထားတဲ့ ပုံလေးတွေ ဖြစ်ပါတယ် ကွယ်..။မေမေ AIT မှာကျောင်းတက် တဲ့ အခါတုံးက သားသား နဲ့ မီးမီးတို့ရဲ့ မွေးနေ့ တိုင်းမှာ အဲဒီကို သွားပြီး Biscuit နဲ့ ဆန် ရယ် သွားသွားလှူပါတယ်..သူတို့ ရဲ့အားငယ် နေတဲ့ မျက် နှာလေးတွေကို ကြည့် ရင်း သားနဲ့ သမီး တို့ ရဲ့နှလုံးသား ကို မှန်းဆ လွမ်း နေမိခဲ့ ဘူး ပါတယ်..။

သူတို့မိဘတွေ ဟာ များသော အားဖြင့် AIDS ရောဂါ နဲ့ သေဆုံးကြ ပြီး ကျန်ရစ်ကြတာများပါတယ်..အခု ကလေးတွေကတော့ အသက် ၆ နှစ် ကနေ ၁၂ နှစ် ကလေးလေးတွေပါ..။အဲဒီ မှာ လှူ တဲ့ငွေဟာ မြန်မာမိဘမဲ့ကလေးတွေ ကို လှူရင် ပမာ ဏ ပို များမှာ ကိုတော့သိပါတယ်..ဒါပေမဲ့ကိုယ် လှူချင် နေမိ တဲ့ အချိန်မှာ သွားရောက် နိုင် စွမ်းမှ မရှိ နေတာ.။

မေတ္တာတရားဆိုတာ ကလည်း ငါ့လူ မျိုးပဲမေတ္တာ ထားမယ် ဆို ပြီးကွက် ကျား မိုး ရွာ ခိုင်းတာ မဟုတ်လေ တော့ မေမေ တို့ကျောင်းနားက Rangsit မိဘမဲ့ဂေဟာ ကို မကြာခဏ သွားဖြစ်ခဲ့ပါတယ်.။မေမေ ပြောပြချင် တဲ့ အတွေ့ အကြုံ ကအဲ ဒီနေ့မှာတွေ့ခဲ့ရတဲ့ ထိုင်းလူ မျိုးတွေရဲ့ အတုယူဘွယ် အမူအကျင့်လေးပါ..။မေမေလည်း ချက် ချင်းပဲ အတုယူ လိုက် ဖြစ်တယ်..။

မေမေ တို့ သွားတဲ့ နေ့ က တနင်္ဂနွေ နေ့ ဆို တော့ အလှူ ရှင် တွေ တော် တော် လာ ကြပါတယ်..မနက်စာ ကျွေးချိန် နဲ့ ကြုံနေတာ မို့ ထမင်းကျွေးခန်း ထိမေမေတို့လိုက် သွားကြတယ်..ထိုင်းအမျိုး သမီးကြီးတွေက ငါ အလှူရှင် ပဲ ဆို ပြီးမေမေတို့ မြန်မာ က တချို့သော လူချမ်းသာ များရဲ့ သီးသန့် ဆန်တဲ့ အမူအရာတွေနဲ့ ခပ် ခွာခွာနေတာ မတွေ့ ရပါဘူး..။အတူတူ ထိုင် ပြီးသေသေသပ် သပ် စားတတ်အောင် သင် ပေးတယ်..။

နွေးနွေးထွေးထွေး ခွံ့ကျွေးရှာတယ်..။မေမေတော် တော် လေး စိတ် ဝင် စားသွားတာ.. ငါသာ ဆို ဒီလို လုပ် ဘို့ စဉ်းစားဖြစ်မယ် မထင်..။မေမေ ချက် ချင်း ထိုင်းအမျိုးသမီးကြီးကို အတု ယူ ပြီေးတာ့ လိုက် လုပ်ပါတယ်..။သနားဘို့ကောင်းလိုက်တာ ကလေးတို့ရယ်..။ခွံ ကျွေးတဲ့ လူတွေက ၅ ယောက် လောက် သူတို့ က သူ့လည်းလုပ် ပေးပါ ငါ့လည်းလုပ်ပေးပါ.. တောင်း ဆိုကြတာ.. မေမေ မျက် ရည် တောင် ဝဲတယ်..။ကြင်နာ မှုကို မလိုချင်တဲ့သူ ဘယ်သူရှိပါမလဲ ကွယ်..။

ငွေ တွေ လှူ မှမဟုတ် ပါဘူး၊ အကြင်နာ တရားတို့ စနစ်ကျတဲ့ သင်ပြပေးမှု တွေဟာ လည်း ငွေထက် အရေးကြီးတဲ့လှူ ဒါန်းမှု မျိုးပါ..။အကြင် နာ တရားကို ရရှိဘူးတဲ့သူ ကပြန်ကြင်နာတတ်တယ်..မရဘူးသူက မကြင် နာ တတ်ဘူး မေတ္တာရဘူးတဲ့သူ က မေတ္တာ ကို ပြန်ပေးတတ်တယ်..မေတ္တာငတ်တဲ့လူ ကလည်း ပြန်ပေးစရာမေတ္တာရှိမနေတတ်တော့ တာ သဘာဝ ပါကွယ်..။ ဒါတွေ ကို Applied Psychology တက် နေတဲ့သားသားကမေမေ့ထက် ပိုသိမှာပါနော်..။
လူမှုရေးဆောင်ရွက် ချက် တွေမှာ Human Psychology ကို နားလည် ခံစားတတ်ရင် ပိုထိရောက် ပါတယ် ကလေးရေ..။

နောက် ပုံလေးကတော့ အဲဒီနေ့မှာ လာရောက် ကြတဲ့ ထိုင်းတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားလေး တွေ ကလေးတွေနဲ့ ကစားပေးကြတာ ပါ.. တနင်္ဂနွေ မှာ သူတို့ ကြိုက် သလို နေလို့ရတာ ပဲ..။အတွဲ နဲ့လည်းလျှေက် လည်နိုင်တယ်..။ရုပ်ရှင်လည်းကြည့် နိုင်တယ်..။အဲလို နေနိုင် ပေမဲ့ ကိုယ့်ရဲ့ အချိန် တနေ့တာ ကို မိဘမဲ့ ကလေးတွေနဲ့ အတူ တက် တက် ကြွ ကြွ ပျော် ပျော် ရွှင် ရွှင် ကစားပေးနေကြပုံလေးပါ..။စံနမူ နာ ကောင်းလေးတွေပါ..။

သူတို့က လူမှုရေးတွေကို တော် တော် လုပ် ကြတာ..ထိုင်းမှာ က အဝတ် အစားလျှပ် ပေါ်လော် လီမှာ စိုးလို့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေဟာ ရှပ် အင်္ကျီ အဖြူ မိန်းကလေးဆိုရင် စကဒ်အနက်၊ ကောင်္ကျားလေး တွေက ဘောင်းဘီ အနက်ပဲဝတ်ရတာ ကိုး။ သူတို့လှုပ်ရှားမှု ကသိသာ လွယ်တာ ပေါ့ကွယ်..။
ဘယ်လူမျိုး ဖြစ်ပစေ အတုယူ စရာ ဆို ယူရမှာပဲ.. မကြိုက်တဲ့ အချက် ဆိုရင် လည်းပယ်ရမှာပဲ လို့မေမေ ထင် ပါ တယ်..။

ကျေးဇူးတော် ရှင် ပိုင်လော့ဆရာတော် ဘုရားကြီးက မှာဘူးတယ်..မေတ္တာနဲ့စောင့်ရှောက် တယ် ဆိုတာ သူ့ နှလုံးသားသည် ကိုယ် နှလုံးသား ၊ သူ့ ခံစား မှုသည် ကိုယ့်ခံစားမှု၊ သူ့နောင် ရေး သည် ကိုယ့်နောင်ရေး သူ့ဘဝသည် ကိုယ့်ဘဝ နှလုံးသား ကို ထပ်တူ ပြု ၍ ပြုမူဆောင်ရွက် ပြောဆိုမှသာ စစ်မှန်သော မေတ္တာ ဖြစ်နိုင်ပါတယ် တဲ့..။

အလားတူ အဖြစ်အပျက် မျိုးကို Tsunami ,Nargis ကာလတွေမှာ လည်းအများကြီးတွေ့ ကြုံခဲ့ရတာ ပြော ပြ စရာ ရှိပေမဲ့ နောက် မှ သီးသန့် ဆက် ရေးပါ တော့မယ်..။

နှလုံးအိမ် မှစစ်မှန်တဲ့မေတ္တာ ပေါ်ထွက် ဖြန့်ဝေနိုင်ပါစေကလေးတို့ရေ..။

0 မှတ်ချက်ရေးရန်: