Sunday, March 22, 2009

အရိုးဖြစ်ဘို့ များ ဘာ လို့ ဒီလောက် တောင် ကြိုးစားနေကြတာလဲ

ဒီနေ့ မနက် အိပ်ယာ မှထတော့ နှင်း များ တစ်ည လုံးကျခဲ့ပုံရလို့ ဖြူဖွေးနေသော ပတ် ဝန်းကျင် ကစောင့် ကြိုနေပါတယ်..။ ကျွန်မ အခန်းတံခါးဖွင့်လိုက်တော့တံခါး ဝမှာ အပုံလိုက် ၊ အစုလိုက် ၊ ထုတက် လျက် ရှိနေပါတယ်..။ အရှိန် အတန် ပြင်း သော လေပြေ ထဲ မှာ ခပ် ကြမ်းကြမ်းနှင်းပွင့် ဖတ် တို့ မျက်နှာ သို့ ရိုက်ခတ် သလို..အတူနေ အခန်းဖော် ကျွန်မ ၏ ဗီယက်နမ် သူငယ် ချင်းမလေး ၏စကားကလည်း ရင်သို့ရိုက် ခတ်ခဲ့ပါသည်..။

သည် နှင်းဟာ နင့် အတွက်တော့ နောက် ဆုံးနှင်း ဖြစ်လိမ့်မယ်တဲ့..။
ဟုတ်ပါသည် ကျွန်မ၏ နေရာ ဤ တက္ကသိုလ် မှ မကြာခင် ကျွန်မ ထွက်ခွာရပါတော့မည်..။သည်နေ့ ကျမ၏ International သူငယ် ချင်းများက ကျွန်မ အားသူတို့ စတိုင် နှင့် သူတို့ ချက် ယူလာသော အစားအစာ များကို သယ် ဆောင် လျက် ကျွန်မ အားနှုတ်ဆက်ပွဲလုပ်ရန် မကြာခင်လာ ကြပေလိမ့်မည်..။

သိစရာ မျှ သာ ဟု တည့်တည့် တွေး နိုင်အောင် ကြိုးစားလျက် ပါနှင့် ကို လက်ရှိ အခြေ အနေကို မစွန့်လွှတ် လိုသော၊ ဘယ် ဆီလွမ်းမိ ၊ တပ်မသိသော ခံစားမှုသည် ဒေါသကိလေသာ ပင် မဟုတ်ပါလော..။
ထည့်ထည့် တွေး ကာ ခံစားတတ်သော၊ သက်ရှိများကို ခင်မင် တွယ်တာ လို့ အားမရ၊ သဘာဝပတ်ဝန်းကျင် ကိုပါ မြတ်နိုးတွယ်တာ တတ်ခဲ့သော ကျွန်မ အတွက် ဝေဒနာ နှင့် တဏှာ ကြား အစပ်( ပဋိစ္စ သမုပ္ပါဒ် စက် ဝိုင်းမှ အကွက် ၂ နှင့် ၃) သည် ပြတ်ခွင့် မကြုံ အဝိုင်းပြေးခဲ့ရ ဘဝတွေ လည်း ရှည် လျား၊ ကာလ တွေလည်းများခဲ့ပါ ပြီ..။

ဟိုး ငယ် ငယ်က လွမ်းမောခံစားခဲ့သော နှင်းတွေဝေသော၊ လမင်းသာသော ညများကို အိပ်ပစ်ရမှာ နှမျော ပါတယ် ဆိုတဲ့ တက္ကသိုလ်ဘုန်းနိုင် ဝတ္ထု ထဲက ခိုင် လို လို၊ အစော လို လို ခံစားနေရမဲ့ အရွယ်လည်း မဟုတ်ခဲ့ ပါ..။

ကျွန်မ စိတ်ဆာလောင်ခဲ့ပါတယ်..ကျွန်မ အား ထိရှခံစား သိမ်းဆည်းသွားစေမဲ့ သံဝေဂစာ လင်္ကာ တစ်ပုဒ်၊ ဖတ်လိုလှပါသည်။ ကြားလိုလှပါသည်။ ဆင်ခြင် ဉာဏ် ကြိမ်တလုံးဖြင့် ခပ် စပ်စပ်လေး ဆုံးမပေး စေလိုလှပါသည်..။
ကျွန်မ ကံကောင်းလှစွာ ထို နေ့ ည မကူးခင် မှာ ပဲ ရခဲ့ပါသည်..။ Eternal(ကို ငြိမ်းလွင်- ရည် ရွယ်ရာ ) မှ စာ တပုဒ် သည် ကျွန်မ ရဲ့ တဏှာ အစပ် ကို ဖြတ်တောက်ပေးစေရေးအတွက် ကူညီပေးစေခဲ့ ပါတယ်..။
Eternal ရေ… ဖေါ်ပြခွင့် ပြုပါနော်…ကျေးဇူးတကယ် တင်ပါတယ်..။

ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား၊ ကွေကွင်းဖို့သာ ဓမ္မတာတည်း၊ ဘယ်မှာအမြဲ ရှိနိုင်ပဲမို့၊ ရုပ်ခဲနာမ်ဆို ခန္ဓာကိုယ်လည်း၊ ပျိုရာမှအို အိုရာမှနာ၊ နာရာမှသေ အိုလေနာလေ၊ သေသာသေ၍ အခြေတကျ၊ ဘယ်ဘ၀မှ မရကြဘူး”***
“အသက်စည်းစိမ် ခန္ဓာအိမ်ကား၊ တိမ်တခဲနက် ကြည့်ရင်းပျက်သို့၊ မျက်စိအောက်တွင် ပျောက်လွင့်စင်၏၊ သင်္ခါရစက် သူ့ပိုင်နက်၌၊ သွက်သွက်လည်ကာ ပါရရှာသည်၊ ခန္ဓာအနိစ္စပါတကား ဖြစ်တာပျက်ဖို့ပါတကား”

မသေမအို မပြိုမကွဲ၊ အမြဲအတူ နေကြရမည်လည်းမဟုတ်၊ တစ်ယောက်ကိုတစ်ယောက် စွန့်ပစ်ထားခဲ့၍ သွားလည်း သွားဖူးလှကုန်ပြီ။ သွားလည်း သွားပြန်ကုန်လတ္တံ့။သွားလည်း ယခုစွန့်ထား၍ သွားကြရကုန်သည်။ ဤသို့ဖြစ်ရခြင်းကား ဓမ္မတာ၊ သံသရာဝဋ်၏ အကျင့်အလေ့တည်းဟု သံဝေဂလည်းရကြစေ”***
“ဒုက္ခမျိုးစုံ၊ အဖုံဖုံတို့ဖြင့်၊ မပြတ်နှိပ်စက်အပ်သော၊ မစင်မကြယ်၊ စက်ဆုပ် ရွံ့ရှာဖွယ်ဖြစ်ထသော၊ ပုပ်နံ့ညှီလှောင်း၊ မကောင်းသော အနံ့ရှိထသော၊ မျက်စိ နား နှာ၊ အင်္ဂါရှိတိုင်း၊ အထက်ပိုင်းဝယ်၊ ရွံဖွယ်သိုးပုတ်၊ အန်ထုတ်၍နေထသော၊ ကျင်ကြီးကျင်ငယ် အသွယ်သွယ်ဟု၊ မဖွယ်မရာ အဖြာဖြာကို၊ မှန်စွာနေ့ည၊ ယိုချ၍နေတတ်သော၊ ရာဂစရိုက်ပွား၊ ငမိုက်သားတို့သည်၊ ရှိရင်းပြောင်းပြန်၊ မမှန်ကန်အောင်၊ ကြံဖန်နှစ်သက်၊ စွဲမက်အပ်ထသော၊ သုံးဆယ့်နှစ်ဝ ကောဋ္ဌာသတို့၊ လုံးဝခိုမှီး၊ ဤကိုယ်ကြီးကို၊ ဥာဏ်ရောင် လင်းသလောက်၊ အတွင်းရောက်အောင်၊ ထွင်းဖောက်စေ့ငုံ၊ ကြည့်ရှုစမ်းပါလော့”

ဤ ကဗျာသာ မက Eternal တင်ထားသော ဓမ္မဒါန Videoလေး ကလည်း အားကောင်းစွာ ဆုံးမပေးနိုင် စွမ်းရှိပါတယ်..။
အောင်လက် မှတ်၊
ဘွဲ့လက်မှတ်၊ ဂုဏ်ထူးဆောင် လက်မှတ်…..
နောက် ဆုံး သချုင်္ိင်းလက် မှတ်တဲ့..။

ကျွန်မလည်း ရယူခဲ့သော ဘွဲ့လက်မှတ်၊ ဒီဂရီလက်မှတ်များ….Congratulations ပေါင်းများစွာ…အရိုးများအတွက်၊ မြေကြီး ကြီးပွားရေး အတွက် လုပ်ခဲ့ ပြီးပါပြီ....။
အခြေတကျ၊ ဘယ်ဘ၀မှ မရကြဘူး
ဖြစ်တာပျက်ဖို့ပါတကား
မသေမအို မပြိုမကွဲ၊ အမြဲအတူ နေကြရမည်လည်းမဟုတ်၊ တစ်ယောက်ကိုတစ်ယောက် စွန့်ပစ်ထားခဲ့၍ သွားလည်း သွားဖူးလှကုန်ပြီ။
ကျွန်မ၏ အရိုး သည် ဘယ် နေရာ က ဘယ် မြေကြီးကို သြဇာတက်စေ ကြီးပွားစေမှာလည်းဟုပင် သေချာ မသိနိုင်သော ဘဝပါ...။
သေချာ သည် မှာ ကား မလွဲမသွေ နောက်လက် မှတ် တစ်ခု ယူ ရပေအုံးမည်..။
ပြီးတော့ နောက် ယူရမည့် လက် မှတ်သည်ကား……...
(Dhamma Blogger ...Eternal(ရည် ရွယ်ရာ-ကိုငြိမ်းလွင်) ၏ စေတနာ နှင့်မျှဝေမှုအား လေးစားစွာ၊ ကျေးဇူးသိစွာ မှတ်တမ်းတင် လိုက်ပါရစေ။)

0 မှတ်ချက်ရေးရန်: