Thursday, July 9, 2009

နှင်သူမရှိ၊ပြန်ဘို့ရှိ၏။

မေမေချစ်သောသားသားနဲ့မီးမီးရေ…

လွန်ခဲ့တဲ့၃၇နှစ်တာကာလကပေါ့..၁၉၇၁ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့ရဲ့ ညနေခင်းအချိန်လေးမှာ မေမေတို့ရဲ့ အိမ်ကို မုန်တိုင်းမွှေသလို သတင်းဆိုးတစ်ခု ဝင်ရောက် လာခဲ့ပါတယ်။ ပန်းဆိုးတန်း ဒလကူး တို့သဘောင်္ဟာ ဂျပန်ပင်လယ်ကူးသင်္ဘော နဲ့ဝင်တိုက် နစ်မြုပ်သွားတယ် ဆိုတဲ့သတင်းပါပဲ။

မေမေ့ အဖေ သားတို့ဘိုးဘိုးကြီး စီးနင်းလိုက်ပါသွားမယ်လို့ အဲဒီနေ့မနက်ကတင်ပြောခဲ့တာကိုး။ ဘိုးဘိုးတို့မွေးရပ်ဇာတိဟာ ဒလ နဲ့တွံတေးသွား ကားလမ်းနဘေး မှာရှိပါတယ်။ နှစ်စဉ် ကျင်း ပတဲ့ရွာ ဘုရားပွဲကို သွားဘို့ မေမေ့အဖေဟာသူ့ရဲ့ ဝမ်းကွဲညီမ ၁-ဦး တူတူမနှစ်ဦးနဲ့အတူ ချိန်းဆိုခဲ့ပါတယ်။

ညနေလေးနာရီခွဲ ထွက်တဲ့သဘောင်္ ဆိုတော့သေချာပါတယ်လို့ဆိုရင် မေမေ့---မေမေ သားတို့ဖွားဖွား ဟာကျောင်း ကပြန်လာတဲ့ ခြင်းတောင်းလေးကိုဘေးမှာ ချပြီး ရှိုက်ကြီးတစ်ငင် ငိုကြွေးရှာပါတယ်။ ချက်ချင်းသတင်းလာ မေးတဲ့ သူတွေနဲ့ ပြည့်နှက်သွားတဲ့အိမ်လေးမှာ အရပ်ထဲက မဏ္ဍပ်ထိုး ကြသတင်းမေးကြနဲ့---မေမေဟာလည်း မျက်စေ့သူငယ် နားသူငယ်----ခိုကိုးရာမဲ့ ဆောက်တည်ရာမဲ့ ဝမ်းနည်းဆို့တက်လာခဲ့ပါတယ်။

အတူသွားတဲ့ မေမေ့ အဒေါ် တွေ ဝမ်းကွဲအကို အမ--တွေ ကလည်း တစ်လမ်းတည်းနေကြတာဆိုတော့ သောကပင်လယ်ဝေခဲ့ကြရတာ…။မေမေ့ အစ်ကိုကြီး နှစ် ယောက်ကတော့ ပန်းဆိုးတန်းဆိပ်ကမ်းကိုသွားခဲ့ပါပြီ။
နှစ်နာရီလောက်ကြာတော့မေမေတို့ဝမ်းကွဲ ဦိးလေးတစ်ယောက်အိမ်ကို ရောက်လာပါတယ်…။ ငါသဘောင်္မထွက်ခင် ဆင်းနှုတ်ဆက်တာ သူတို့ကိုနင်တို့အဖေသဘောင်္ ပေါ်ပါမသွားဘူး ဆိုတဲ့စကားလေး ကြောင့်မေမေတို့မောင်နှမတွေ မျှော်လင့်ချက်ရောင်ခြည်လေးသန်းကာ တက်ကြွလာပါတယ်။

တိုးအေး သဘောင်္ကို ဝင်တိုက်တာကို တိုက်တာလည်းမြင်လိုက်ရတယ်တဲ့..။အဲဒီတော့မှ စုံစမ်းဘို့သတိရပြီးမေမေ့ အစ်ကိုတွေပြင်ဆင်ကြပါ တော့တယ်..။ စိတ်ထက်သန် တဲ့ အစ်ကို အငယ်ဆုံး-ဘဘကျော် ကချက်ချင်း စက်ဘီးဆွဲပြီး ပန်းဆိုးတန်းဆိပ်ကမ်းကို နင်းပါတော့တယ်…။

ကယ်ဆယ် ရေးတွေ အလောင်းသယ်တာတွေနဲ့ ရှုပ်ထွေးနေတဲ့ပန်းဆိုးတန်းဆိပ်ကမ်းကို သမ္ပန် ငှားစက်ဘီးတင် ကူးကာ ဒလ ဆိပ်ကမ်းရောက် တာနဲ့စက်ဘီးကို အသားကုန် နင်းပါတယ်…။

ရွာထိပ်ကိုဝင်ထဲက အဖေရေ----လို့ခေါ်ပြီး ဝင်သွားတာ မျှော်လင့်ထားတဲ့အတိုင်းဘိုးဘိုးကို အသက်ရှင်လျှက် တွေ့ရပါတော့တယ်..။သူဟာ မနစ်မြုပ်ခင် ထွက်တဲ့အခေါက်ကို စီးခဲ့တာတဲ့ ၃နာရီ ခွဲအခေါက်ပေါ့လေ..။ အ.ထ.က(၄)အလုံမှာ ကျောင်းဆရာလုပ်တဲ့ ဘိုးဘိုးဟာ စာမေးပွဲခန်းစောင့်ကျရင်း အင်္ဂလိပ်စာနေ့ မို့ကျောင်းသားတွေစောပြီးတာမို့ေ ကျာင်းစောစောဆင်းခဲ့တယ် ဆိုပါတယ်။

သဘောင်္ဆိပ်ကို တစ်နာရီ စောရောက်နေလေတော့---- သူတို့က သုံးယောက် တောင်ရှိတာပဲ မစောင့်လို့လည်း ဖြစ်ပါတယ် အတွေးကဝင်လာတာတဲ့။ စိတ်ထဲမယ် ဘယ်လိုဖြစ်တယ်မသိ ၃နာရီခွဲခေါက်ကို စီးနင်းလိုက်ပါပြီး ရွာကိုဘေးကင်းစွာ ရောက်ရှိနေခဲ့ပါတယ်။

သူဘေးကင်းခဲ့တာကို ဝမ်းမသာနိုင်ပဲ တူတူမလေးနဲ့ ညီမကိုချန်ထားခဲ့ သလိုဖြစ်ရတယ်လို့ ယူကြုံးမရဖြစ်ရှာ ပါတယ်။အင်မတန် မေတ္တာတရားကြီးမားတဲ့သူပါ။

တကယ်တော့လည်းသားသားမီးမီးမီးရေ--အဲဒီတစ်ခါ တုံးက အန္တရာယ်ကင်းခဲ့ပေမဲ့ ၂၀၀၈ ဇူလိုင်လ အသက် ၈၈ နှစ်မှာတော့ အာလုံးသွားရမဲ့လမ်းကို သွားရပါတော့တယ်.။

မေမေ့အတွက်ကျေနပ်စရာက မဆုံးခင် တစ်လခွဲတာ ကာလ မှာ အချိန်ပြည့်နီးပါး တူတူနေခဲ့ရတယ်။ ဗိုလ်အောင်ကျော် တို့ခေတ် ကကျောင်းသား ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဘိုးဘိုးဟာ ပင်နီဖျင်ကြမ်းအင်္ကျီ ကိုသာ အမြဲဝတ် တတ်တာပဲ။ ဆုံးမဲ့ လမှာ တော့ မေမေ့ကိုရှပ်အင်္ကျီ အသစ်တွေချည်း ဝယ်ခိုင်းခဲ့တာ။ ဘုရားတွေပို့ခိုင်း ခဲ့တာ။ နောက်ဆုံး မလွန်ဆန်လှူအသင်းမှာ ငွေပဒေသာပင်စိုက်ခိုင်းခဲ့တာ ။ မေမေ ကိုကုသိုလ်တွေ ပေးခဲ့တာဖြစ်မှာပါပဲ ဆိုတာ အခုမှတွေးမိတယ်။

ဘာရောဂါ ဝေဒနာမှမရှိတာ--ဆုံးမယ်ဘယ်ထင်ပါ့မလဲ။--- အထူးကုဆရာဝန်ကိုယ်တိုင်က အဆုတ်ရောင်တာ လေးပါလို့ မှတ်ချက်ပေးခဲ့တာပါပဲ..။ မေမေ ကတော့ ခံစားသိနဲ့ သိနေခဲ့တယ်…။ တနေကုန် ပြုစုခဲ့ပြီး ၂ နာရီသာအိပ်လိုက်တာ ည ၁၁နာရီလောက်ကျတော့ အလိုလို မသိစိတ်ကနိုးကြားလာသလို ထထိုင်နေမိတယ်။

သမီး မနက်မိုးလင်းပြီလားတဲ့--ည ၁၁နာရီခွဲပါ ဘာလုပ်မလို့လဲ အဖေလို့ဆိုတော့--အော် ဘုရား ထရှစ်ခိုးမလို့ပါသမီးရယ်တဲ့။ သတိလည်းတစ်ချက်မှ လွတ်မနေဘူး။ အဖေ့အိပ်ယာဘေးမှာ Dream Bed နဲ့အိပ်တဲ့မေမေ့အတွက် ခြင်ထောင်ထောင်ရင်း နံရံကပ်နာရီ ပြုတ် ကျသွားတာကိုတောင် နာရီကဘယ်ရာက် သွားလဲမေးနေသေးတာ။ အဖျားလည်းရှိမနေဘူး။ ရေသာက်မယ်လုပ်တော့ ဆွဲထူ မပြီးထိုင်စေပြီး ရေတိုက်ခဲ့တာနောက်ဆုံးပါပဲ။ဆီးတည်တော့ ဆီးက ထွက်မလာတော့ပါ။

ထိုင်နေတုံး ဆေးတိုက်၊ သွေးပေါင်ချိန်တိုင်းနေချိန်မှာ၊တိုင်းတာလို့မရ တော့ Error ပြမှ မျက်နှာကို ကြည့်လိုက်မိပါတယ်…။စုစုပေါင်း ၃မိနစ် လောက်ပဲ ကြာမယ်..။
မေမေ့ညာလက်ပေါ် ခေါင်းကိုမှီ တင်ထားရင်းဘယ်လက်က နှလုံးသားကို ဖိထားလို့ မေမေသရဏဂုံ ရွတ်ဆိုပေးနေလိုက်တယ်။ မေမေ့ မမကြီး ကို အော်ခေါ်တယ်။ ပဋ္ဌာန်းစရွတ်ပါတယ်။

အနန္တရပစ္စည်း အရောက်မှာပဲ နောက်ဆုံးထွက်သက်ကို မှုတ်ထုတ်လိုက်ပါတော့တယ်။ မြန်လိုက်တဲ့သေခြင်းတရားရယ် ---မျက်ဝါးထင်ထင်ပြသလိုက်တာပါပဲ။
မေမေ မငိုခဲ့ပါ- ကလေးတို့ရေ..။ မသေခင် စိတ်ချမ်းသာစေခဲ့တယ်။ အေးမြငြိမ်းချမ်းစေခဲ့တယ်။ သေပြီးတာဝန်ကတော့ အမျှဝေဘို့ပဲရှိတော့တာပါပဲ..။

**ကျေးဇူးရှင်အဖေ…သမီးလှူဒါန်းရသောဒါနကုသိုလ်၊ အဖေသင်ပေးတဲ့ ပညာဖြင့် စာပေရေးသားရသော-ဓမ္မဒါနကုသိုလ်၊ ဆောက်တည်ရသော သီလကုသိုလ်၊ ပွားများအားထုတ်ရသော သမထဘာဝနာ၊ဝိပဿနာဘာဝနာ ကုသိုလ်တို့၏ အဘို့ဘာဂကို သမီးနှင့် ထပ်တူထပ်မျှ အမျှရပါစေရန် အမျှ အမျှ အမျှ ပေးဝေပါ တယ် အဖေ… ရောက်ရာဋ္ဌာန ဘုံဘဝ မှ ဝမ်းမြေက်နုမော်-သာဓု ခေါ်လိုက်ပါအဖေ…။***
မရဏာနုဿတိ နှင့်သံဝေဂ ရယူစေရန် ဤ ကဗျာ နှစ်ပုဒ် ဓမ္မဒါနပြုပါရစေရှင့်။

မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး ရေးသားတော်မူသော---

ရုပ်နာမ်ဓမ္မ၊သင်္ခါရတို့..ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း…
တစ်ဖုံဆင်ကွဲ၊ သူတနဲဖြင့်၊ဖောက်လွဲတတ်စွာ ဓမ္မတာကို
ပညာစက္ခု၊ မျှော်ထောက်ရှု၍…
ယခုပင်လျှင်၊ မအိုခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..
ယခုပင်လျှင်၊ မနာခင်က…ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..။
ယလုပင်လျှင်၊ မသေခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့…။
ရတုချိန်ထောက်..ဤခါရောက်မှ ချုပ်ပျောက်ခန္ဓာ..သေစိမ့်ငှာဟု..
သတ္တဝါခပင်း၊ ရှင်သေမင်းနှင့်၊ မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်..တစက်ကမှမရှိကြဘူး။
အပ္ပမာဒေန၊ဘိက္ခဝေ သမ္ပာဒေထ၊ဘုရားစကား၊လိုက်နာပွားကာ၊ တရားလက်မလွှတ်စေနှင့်..။

ဧည့်သည်

မင်းတို့လာလည်း..ငါ့မှာတားခွင့်မရှိပါ……။
မင်းတို့သွာလည်း ဟန့်တားပိုင်ခွင့်မရှိပါ..။
ငါသည်ပင်မူခေါ်သူမရှိ..ရောက်လာမိစဉ်..
နှင်သူမရှိ..ပြန်ဘို့ရှိ၏။
ငါနေသည့်အိမ်..၊ငါ၏အိမ်ဟု
ငါ့အိမ်မှထား၊ငါ့မယားနှင့်
ငါ့သားသမီး၊ငါ့ပစ္စည်းဟု
ယူသည်းစိတ်စွဲ၊အမှတ်လွဲခဲ့..။
အမှန်မှာမူ..
ငါလာသော အခါ..လက်ဗလာတည့်
ပြန်ရပါလျှင် လက်ချည်းပင်တည်း။
ငါ့တွင်ကိုယ်ပိုင်မရှိတကား။
လာသူလာလည်းလာစမ်းပါစေ..မဆီးလေနှင့်..။
သွားသူသွားလည်းသွားစမ်းပါစေ….မတားလေနှင့်..။
တို့တတွေမှာ..သဘာဝလျှင်..အမိရင်ဝယ်..
ထွက်ဝင်ခိုနား၊ခရီသွားသည့်…အားလုံးဧည့်သည်ချည်းပါတကား။

(၈.ရ.၂၀၀၈ နေ့တွင်ဘဝတစ်ပါးသို့ပြောင်းသွားကွယ်လွန်ခဲ့သော ကျေးဇူးရှင် ဖခင်ကြီး သေဆုံးခြင်း တစ်နှစ်ပြည့် အထိန်းအမှတ် ဤစာစုဖြင့် လက်အုပ်ချီမိုး ရှိခိုးကန်တော့လိုက်ပါသည် ။)
ဓာတ်ပုံမှာ မဆုံးပါးခင် တစ်ပတ်အလို လေးဖြစ်ပါသည်။

2 မှတ်ချက်ရေးရန်:

မောင်ကောင်း said...

အန်တီရေ.. ဖတ်ရတာ.. ကျွန်တော့်ကို ဘေးနားကနေ သတိပေးနေသလိုပါပဲ.. နှင်သူမရှိ ပြန်ဘို့ရှိ၏တဲ့.. တချိန်ချိန်တော့ ကိုယ်လည်းလိုက်သွားရမှာမလွဲပါဘူးနော်..
အဲ့ဒီ့စကားနှစ်ခုကြားထဲမှာ နေထိုင်နေတုန်း အသေတတ် အနေတတ်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်နော်..
အန်တီတယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ရည်းမှန်းရာပန်းတိုင်ကို ဆိုက်ရောက်နိုင်ပါစေ....။

winmyint said...

အနန္တရပစ္စယောက ပဋ္ဌာန်းမှာ ဒိဋ္ဌိပြုတ်ရေးအတွက် အဓိကကျတဲ့ ရှင်းကွက်ပါ။ ဒီပစ္စယောကိုအရောက်မှာ နှလုံးသွေးကြောရပ်တန့်ခဲ့ရသည့်အတွက် ဒါသည် ဒိဋ္ဌိပြုတ်ခြင်းလက္ခဏာပါပဲ။ ဒီတော့ သေသည်ဟု ဆိုခြင်းငှာမထိုက်။ကုသိုလ်အမှု၌ မေ့လျော့နေခြင်းသည် သေနေခြင်းနှင့်တူ၏...မမေ့မလျော့နေခြင်းသည် ရှင်နေခြင်းနှင့်တူ၏ဟု .. မြတ်စွာဘုရားရှင်ဟောကြားတော်မူသည်ကို အကိုးထား၍ ပြောရလျင်လည်း မေ့လျော့ခြင်းမောဟဖြင့် သေခြင်းမဟုတ်ဘဲ၊ သတိအသိကိန်းလျက် အနန္တရပစ္စယောသတ္တိပြသွားခြင်းသဘောမျှသာတည်း။ ပျက်ဆုံးသွားသည့် ရုပ်နာမ်ဓမ္မ၌ တရားဓာတ်ကိန်း၍ ကျေးဇူးပြုခြင်းကြောင့် အစားထိုးလာသော ရုပ်နာမ်ဓမ္မတို့၏ အရည်အသွေးကို ခန့်မှန်း သုံးသပ်၍ သတိရတိုင်း ဝမ်းသာစရာ၊ အတုယူစရာပါတကား...