Friday, July 10, 2009

မွေးနေ့လက်ဆောင်(သို့မဟုတ်)ဆန်တက်လာသောရေစီးကြောင်းများ





အန်တီရေ...
ပျော်ရွှင်ချမ်းမြေ့ဖွယ် နေ့လေးဖြစ်ပါစေ လို့ အရင်ဆုံးဆုတောင်းလိုက်ပါတယ်။ စာတွေအများကြီးရေးပြီးတော့ လက်ဆောင်မပေးပဲ မှတ်သားစရာ ဓမ္မမှတ်စုလေးတွေကို ပို့လိုက်ပါတယ်။အန်တီ ကျန်းမာချမ်းသာ စွာနဲ့ သာသနာအကျိုး မိမိခန္ဓာအကျိုးကို ယခုထက် ပိုလို့ ဆောင်ရွက်နိုင်ပါစေ...။

မွေးနေ့တွေ လုပ်နေရတဲ့၊ အသိအမှတ်ဖြစ်နေရတဲ့ မွေးဖွားခြင်းဆိုတဲ့ နေ့တွေကို ဘယ်သောအခါမှ မရရှိ၊ မရောက်ရှိတော့ပဲ။ လက်ရှိဘ၀မှာပဲ မွေးခဲ့တဲ့ မွေးနေ့သည် နောက်ဆုံး မွေးခြင်းဖြစ်ပါစေ...။

သေဆုံးခြင်းသည်လည်း ဒီဘ၀ နောက်ဆုံးဖြစ်ပြီး နောင် တဖန် မွေးဖွားခြင်းမှ ကင်းဝေးချမ်းသာနိုင်ပါစေ..လို့ ဆုတောင်းလိုက်ပါတယ်။

သားအောင်ဦး(ဓမ္မရသ)
****************************************************************
မေမေ
သားကျန်းကျန်းမာမာပဲပြန်ရောက်ပါတယ်။မေမေကောနေကောင်းရဲ့လား။
မေမေ့မွေးနေ့အတွက်ဂဏန်းတွေ ဒီနေပဲ သားသွားလွှတ်လိုက်ပြီးမေမေ့အတွက်ဆုတောင်းမေတ္တာပို့သပါတယ်။
သားအကုန်အဆင်ပြေပါတယ်မေမေ။
သားကြီးကိုဥဂ္ဂါ
********************************************************************
အများကြီးချစ်ရပါသောမီးရဲ.မေမေကြီးရေ

မေမေနေကောင်းရဲ.လား။ကျန်းမာရေးကိုဂရုစိုက်ပါနော်။ မေမေကိုပေးဖို့မွေးနေ့လက်ဆောင်ကိုမီးမနေ့ကတစ်ညလုံးစဉ်းစားနေတာနောက်တော.မှအကောင်းဆုံးသွားစဉ်းစားမိတယ်။၃ရက်တရားစခန်းဝင်တာပါမေမေ။ မီးစဉ်းစားကြည့်တော့မေမေပဲတစ်ချိန်လုံးမီးတို့ကိုပေးဆပ်နေရတယ်။ မေမေစိတ်ချမ်းသာအောင်မီးလုပ်ပေးနိုင်တာကဘုရားတရားပဲထင်တယ်နော်။ဒါကြောင်.တရားစခန်း၃ရက်ဝင်ဖို.ဆုံးဖြတ်လိုက်တာ။ရွှေတိဂုံဘုရားမှာ ဆလိုက်မီး တစ်ညတာ ပူဇော်ပေးထားပါတယ်မေမေ။
မေမေမွေးနေ့မှာပျော်ရွှင်ပါစေနော်။
သမီးငယ်စုမြတ်ရတနာ
******************************************************************

1 မှတ်ချက်ရေးရန်:

Dream said...

တီတီရေ... တီတီ့မွေးနေ့မှန်း ကြိုမသိလို့ လက်ဆောင်ဘာမှ ကြိုမပေးရဘူး တီတီရယ်.....

တီတီ့မွေးနေ့ကို 20ရက်နေ့ထင်နေတာတီတီရ။။။။

မွေးနေ့မှာ ပျော်ရွှင် စိတ်ချမ်းသာပါစေ တီတီ
သာသနာ့အကျိုးကို ဒီထက်မက ထမ်းရွက်နိုင်ပါစေ

နိဗ္ဗာန်ချမ်းသာကို ရရှိပြီး သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်နိုင်ပါစေလို့ မက်မက် ဆုတောင်းပေးပါတယ် တီတီ..

စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံအေးချမ်းပါစေ
သမီးမက်မက်