Sunday, March 6, 2011

အချိန်တိုင်းမွေးနေ့ …..ရှိနေတယ် (သို့) ဘုန်းဘုန်းဦးလောကနာထ သို့ မွေးနေ့ဓမ္မလက်ဆောင်


  • အမေမွေးတဲ့ ခန္ဓာ၊ ဖြစ်တည်လာမှု

ရွှေရတုနဲ့ လေးခု နှစ်များ၊

ကာလရှည်လျား၊ ကုန်ဆုံးသွားခဲ့။

ဘဝပုံရိပ် ၊ ထိုအတိတ်ဟာ…

အရိပ်ပမာ၊ အတိတ်ခန္ဓာ အဖြစ်…..

ဆုပ်ညှစ်ဆွဲကိုင် မပိုင်ဆိုင်ပါ။

  • အနာဂတ်ခန္ဓာ ၊ ရောက်မလာသေး

ရန်ဘေးကင်းစွာ၊ အနာမဲ့ရေး၊

ကျန်းမာရေး အတွက်……..

အေးချမ်းစေ..ကြောင်း၊ဆုမွန်တောင်းလို့

အကြောင်းဖြည့်ဆည်း၊ အကျိုးပြီးအောင် ဆောင်ရွက်ပါလည်း

အနာဂတ်အရိပ်၊ ထို နိမိတ် ဟာ…

အိပ်မက်တစ်ခုသာ ဖြစ်ပါတယ်။

  • ပစ္စုပ္ပန်ခန္ဓာ ၊ သေချာစောင့်ကြည့်…

မောဟ နဲ့ ပညာ ၊

ပညာ နဲ့ မောဟ..

အလှည့်ကျ ဝေခွဲ..၊

သည်တိုက်ပွဲ ဟာ ခက်ခဲ ပင်ပန်းလွန်းပါတယ်..။

  • ပညာ ရဲ့ အသိ

သတိရှိစေ၊ ပိုင်းခြားလေမှ

ဒွါရအာရုံ ဆုံကြလေတိုင်း

အချိန်တိုင်းမှာ၊ ငါးခန္ဓာမွေး

မွေးရင်းနဲ့သေ၊ သေရင်းနဲ့မွေး

ခုမွေးခုသေ၊ ဖြစ်ပျက်နေကြ အနိစ္စသာ

မြင်ရတာမို့၊ ခန္ဓာချုပ်စဲ ၊ မမြဲပါ။

  • သုံးပါးသမယ၊ သုံးကာလမှာ

ဘဝရှည်ကြာ…..ခန္ဓာ မတည်၊

အလီလီဖြစ် ၊ဖြစ်ရင်းပျက် ရ

ကာလလွတ်ပိုင်း

အချိန်တိုင်းမှာ……မွေးသေတာမို့

အချိန်တိုင်းမွေးနေ့ …..ရှိနေတယ်။

အချိန်တိုင်းသေနေ့ ……ရှု နေတယ်။

(ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးဟောကြားတော်မူသော ခန္ဓာငါးပါး ဖြစ်ပျက်မှုသည် ကာလ သုံးပါးမှ လွတ်သည် ) ဟူသောတရားကို နာယူခံစား၊ ကိုးကား ရေးဖွဲ့ပါတယ်။

၆.၃. ၂၀၁၁ တွင် ကျရောက်ပါသော ဘုန်းဘုန်းဦးလောကနာထ ၏ မွေးနေ့ အတွက် - ဓမ္မလက်ဆောင်မွန် အဖြစ် လှူဒါန်းပူဇော်လျက် ဒီကဗျာကိုရေး ပါတယ်။

မေတ္တာဖြင့်

သစ္စာအလင်း

0 မှတ်ချက်ရေးရန်: