Wednesday, July 13, 2011

ဓမ္မ ကျေးဇူးရှင်များ၏ အဖိုးအတန်ဆုံးပညာ ဗုဒ္ဓအဘိဓမ္မာသင်တန်း


ဒေါက်တာမင်းတင်မွန်၏ အဖိုးအတန်ဆုံးပညာ ဗုဒ္ဓအဘိဓမ္မာ (အဘိဓမ္မာ ရက်တို အထူးသင်တန်း) ရယ် ဦးစီးကျင်းပကြမဲ့ Dhammadownload.com ရယ် ဆိုတာ တွေက ကျွန်မ ရဲ့ ဓမ္မ ကျေးဇူးရှင် တွေပါ..။

အသက် ငယ်ငယ် နဲ့ အိမ်ထောင်ကျပြီး သားတာဝန် သမီးတာဝန် တွေနဲ့ ပိပြား နေခဲ့တဲ့ အချိန် တွေ အတွင်းမှာပဲ… မြတ်မင်္ဂလာ စာစောင်မှ သတင်း တစ်ပုဒ်က မိန်းမောနေသော ကျွန်မအား လှုပ်နိုး လိုက်ပါတယ်..။မြန်မာ တစ်နိုင်ငံလုံး အဘိဓမ္မာ စာမေးပွဲမှာ ပထမ ရခဲ့သော ဆရာဝန် အမျိုးသမီး တစ်ဦးအကြောင်း ရေးထား တာပါ..။ ကျွန်မရဲ့ ဒေသ ကောလိပ် တုံးက ငယ်သူငယ်ချင်း ဖြစ်နေပါ တယ်..။

ကျောင်းတုံးက ဘာသာရေးလုပ်ငန်းတွေ အတူတူ လုပ်ခဲ့ကြ သူတွေ..။ ကိုယ်က တော့ဘာသာရေး နဲ့ ဝေးနေ ခဲ့ပါပကော လား လို့ဆင်ခြင်မိပါတယ်..။ အဲဒီအချိန် တုံးက ကျွန်မ မှာသာယာဝတီ စိုက်ပျိုးရေး သိပ္ပံမှာ ဆရာမ လုပ်နေတဲ့အချိန်ဆိုတော့ ရန်ကုန် မှာသင်တန်း တက်ဘို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ရန်ကုန် ကို တလ လောက်နေမှ တခေါက်ပြန် နိုင်ပါတယ်..။

မင်္ဂလာဗျူဟာ အသင်းမှာ အဘိဓမ္မာ သင်တန်းရှိတယ် အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ဖွင့်လှစ်ပေး ထားပါတယ်..။ ကံအားလျော်စွာ တစ်ပတ်တာ သင်တန်းတက်ခဲ့ပြီး ဒီဇင်ဘာ လမှာ ကျင်းပမဲ့ သာသနာရေးဦးစီးဋ္ဌာန မှ ကျင်းပမဲ့ အဘိဓမ္မာ စာမေးပွဲ ဝင်ရောက်ဖြေဆိုပါမည့်အကြောင်း စာရင်း သွင်းဖြစ်ခဲ့ပါတယ်..။ နောက် အပတ်တွေ ရန်ကုန်မရောက်လို့ မတက်ဖြစ်ပေမဲ့ နည်းလမ်း တွေ ရှာဖွေဆဲ မှာ ဆရာကြီး ရဲ့ အခြေခံ အဘိဓမ္မာ မေးခွန်းနဲ့ အဖြေ များ စာအုပ်ကို ကျွန်မ တွေ့ရှိခဲ့ရ ပါတယ်..။

ဆရာကြီး ဒေါက်တာမင်းတင်မွန် ရေးသားတဲ့ *သိပ္ပံမျက်လှည့်* စာအုပ်ကိုကျွန်မ အလွန်နှစ်သက် ပါတယ်..။ထိုစဉ်က ကျွန်မ ဟာ စိုက်ပျိုးရေးကျောင်းသား တွေကို Basic Chemistry, Soil Chemistry သင်ကြားပေးနေရတာမို့ ဆရာကြီးရေးသားတဲ့ စာအုပ် ကို ကိုးကားပြီး လက်တွေ့သင်္ခန်းစာ များ စမ်းသပ်ချက်များ ပြုလုပ်ခဲ့တဲ့အတွက် ဓာတုဗေဒ လက်တွေ့ နေ့ဆိုရင် ကျောင်းသားတွေ ပျော်ရွှင်နေခဲ့ တာကျွန်မ ဘယ်တော့မှ မမေ့ပါ။ ဈေး ထဲက ဝယ်လို့ ရ တဲ့ ဓာတုပစ္စည်း တွေကို ဆရာကြီးစာအုပ် ကျေးဇူး နဲ့ နားလည်ခဲ့ ပြီး ပေါပေါလောလော အသုံးချ ခဲ့ ရတာမို့ Chemical မရှိဘူး လို့လည်း မညည်းဖြစ်ခဲ့ပါ..။

ဆရာကြီး ရေးတဲ့အဘိဓမ္မာ ဆိုတော့ကျွန်မ နာမည် မြင်ရတာနဲ့ ပျော်ရွှင်ကြည်နူး နေပါပြီ..။ စာအုပ်ကို ဝယ်ပြီးတော့ ကျွန်မ ဖတ်ရမဲ့အချိန်ကိုရှာဖွေခဲ့ ပါတယ်..။ ကျွန်မရဲ့ ဒုတိယ သမီးလေးက ၈လ သမီးဆိုတော့ သူက ည ၉နာရီလောက်ဆို အိပ်ပါတယ်..။ အဲဒီ ၉နာရီ နဲ့ ၁၁နာရီကြား ၂နာရီ ဟာကျွန်မ အတွက် အဘိဓမ္မာ စာအုပ်ဖတ်ချိန် အဖြစ်သတ်မှတ်ခဲ့ပါတယ်..။စိုက်ပျိုးရေးဆရာမ တွေက မနက် ၆နာရီခွဲမှာ လက်တွေ့ကွင်းဆင်း သင်ကြားရတာ နေ့တိုင်းလိုလို မို့ ညမှာ ၁၁နာရီအိပ်ရပါတယ်။

လက်နဲ့ရေးတာ ဝါသနာပါတဲ့ ကျွန်မ က မေးခွန်းတစ်ပုဒ်ချင်း ဖြေကြည့်လိုက်…။ ဖတ်လိုက် ဖြေကြည့်လိုက် နဲ့ အတော်လေးခရီး ရောက်ခဲ့ပါတယ်..။ ဗလာစာအုပ် ၂အုပ်လောက် ကုန်သွားချိန်မှာ ကျွန်မ ရဲ့ကျောင်းရှေ့ က သုံးဆယ် မြို့ မဟာဂန္ဒ္စာရုံ စာသင်တိုက် မှာ ဆရာတော်ထံဆွမ်း သွားကပ် ရင်းလျှောက်တော့ ..ဆရာတော်က ယူလာခဲ့ သူတို့စစ်ပေးမယ် တဲ့..။ အဲဒါနဲ့ ကျွန်မ ဟာ ဆရာကြီး စာအုပ်ကို အမှီပြု ဖတ်မှတ် မေးခွန်းတွေဖြေ..။ ဂန္စ္ဒာရုံကျောင်း မှ ဆရာတော် ဦးဓမ္မပီယ၊ ဦးဝနိတ တို့ရဲ့ အမှားပြင် စစ်ဆေးပေး မှု ဖြင့် ၆လ လောက်လေ့လာ လိုက်တာ…ဒီဇင်ဘာမှာ ကျင်းပတဲ့ စာမေးပွဲ ကို သုံးဆင့်လုံး ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ ပါတယ်..။

ကျွန်မ အတွေ့အကြုံအရ ပြောရရင် ဓမ္မ စာပေ တို့ ရဲ့ ဆွဲအား၊ တရားဂုဏ်တော် တန်ခိုးပေါ့နော်..။ တရားရဲ့ဂုဏ်တော် ရဲ့အကျိုး တွေကို ချက်ချင်းခံစားရပါတယ်။

(၁)သွာက္ခာတော ဘဂဝတာဓမ္မော =မြတ်စွာဘုရားသည် တရားတော် ကို အစ အလယ် အဆုံး၊ ( ၃)ပါး အစုံ၊ ကောင်းခြင်းဂုဏ်နဲ့ ပြည့်စုံစွာဟောကြားတော် မူပါပေသည်။ အစ၏ ကောင်းခြင်းမှာ =ကြားနာယုံပင် အပူစင်ခြင်း၊ အလယ်၏ ကောင်းခြင်းမှာ= ကျင့်ကြံလိုက်နာလျှင် ချမ်းသာခြင်း။ အဆုံး၏ ကောင်းခြင်းမှာ = ကျင့်ပြီးလျှင်လည်း လွန်စွာ ငြိမ်းအေးခြင်း။ ဤ (၃)ချက်နှင့် ပြည့်စုံပါတယ်။

(၂) ဓမ္မော တရားတော်မြတ်သည် သန္ဒိဋ္ဌိကော= ကျင့်ဆောင်သူတို့အား၊ ယခု ပစ္စက္ခ ၌ ပင်တွေ့မြင် ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့် လည်းပြည့်စုံပါပေ၏။

(၃) ဓမ္မော = တရားတော်မြတ်သည် ၊ အကာလိကော- ကာလမရွေး ကျင့်သည့်နေ့ပင် တွေ့မြင်ယုံကြည် ရသော၊ ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံပါပေ၏။

( ၄) ဘဂဝတော = မြတ်စွာ ဘုရား၏ ၊ ဓမ္မော -တရားတော်မြတ်သည်။ ဧဟိပဿိကော= လာပါ၊ ရှုပါ၊ကျင့်ကြံပါ၊ – ဟု မပါပါအောင် ခေါ် ဆောင် သွတ်သွင်းတိုက်တွန်းခြင်းငှာ၊ ထိုက်တန်သောဂုဏ်ကျေးဇူး အထူးနှင့်လည်း ပြည့်စုံပါပေ၏။

( ၅) ဘဂဝ တော= မြတ်စွာ ဘုရား၏ ဓမ္မော- တရားတော် မြတ်သည် ၊ သြပါနေယျိကော- မိမိ ကာယ အဇ္ဈတ္တ ရရှိပေါက်ရောက် ကိုယ်တွေ့ မြောက်အောင် ကပ်၍ ဆောင်ထိုက်သော ဂုဏ် အထူးနှင့်လည်း ပြည့်စုံပါပေ၏။

(၆) ဝိညူဟိ= တရားသိသူ ရှင်လူ အပေါင်း၊ သူတော်ကောင်းတို့သည်။ ပစ္စတ္တံ = အသီးသီးသော မိမိတို့ သန္တာန်မှာ ဝေဒိတဗ္ဗော-ချမ်းသာလေစွ၊ကောင်းလေစွ ဟု၊ကာယစိတ္တ၊ သုခ နှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော ၊ ဂုဏ်ထူးဝိသေ သနှင့်လည်းပြည့်စုံတော် မူ ပါပေ၏။

အခက်အခဲကြားက ဖတ်ရှုလော့လာ ရသော်လည်း စိတ်ဝင်စားမှုလျော့ကျမသွား တိုး၍ တိုး၍ သာလာပါတယ်..။ နောက်ဆုံး စာမေးပွဲ က တော့ အချိန်တန်ပြီးခဲ့ပါတယ်။ အဲဒီအဘိဓမ္မာ တရားတော် ထဲက နည်းတွေအတိုင်း အားထုတ်ချင်စိတ်မှာ တားမနိုင်ဆီးမရခဲ့ပါ..။ ထိုအချိန်က ကလေးတွေ အဖေသည် ဂျာမဏီနိုင်ငံသို့ ပညာသင် ၂နှစ်သွားနေချိန်ဖြစ် တာမို့ ..၁နှစ် နဲ့ ၃ လ သာရှိသော မီးမီး ကို ထိန်းပေးသည့် ကလေးမလေးကို သာ ကျွန်မ ညှိနှိုင်း တောင်းပန်ရန် ကျန် ပါ တော့တယ်..။ ၁၀ရက် လောက် နေ့ကောညပါတာဝန်ယူပေးပါရန် တောင်းပန် တိုးလျှိုးပြီး ၁၀ရက်တာ ချမ်းမြေ့ရိပ် သာကျောင်း ကို တရားဝင် ဖြစ်ခဲ့ပါတယ်..။၁၉၉၄ ခုနှစ်ကတည်းက ပါ..။

အဲဒီကတည်းကစပြီး တရားကို ထိတွေ့ ခဲ့ပြီး နိုင်ငံခြားရောက်ချိန်မှာ တော့ Dhammadownload.com ရဲ့ကျေးဇူး နဲ့ ဆရာတော်ပေါင်းစုံကို စိတ်ကြိုက် နာယူခဲ့ရတာမို့ *သစ္စာအလင်း* ဖြစ်ခဲ့ရခြင်း ရဲ့ ကျေးဇူးရှင်တွေပါ..လို့ ဖေါ်ပြရင်း ဦးတင်ကန်တော့အပ်ပါတယ်။

ဒါကြောင့် မို့ လို့ စင်္ကပူမှ လူများသည် ကျွန်မထက် ဘုန်းကံကြီးမား ကြ လို့သာ ကိုယ်နေထိုင်ရာနေရာ အရောက် ဆရာကြီးကိုယ်တိုင် ရောက်ရှိလာ ထိထိမိမိ ရက်တိုသင်တန်းပေး တာကို ကြုံကြိုက်ရ တာပါ..။ အခွင့်ထူး နဲ့ ထိုက်တန် လို့ ရလာကြတာမျိုးပါ..။ လေးစား စွာတိုက်တွန်း လိုပါတယ်..။ အခွင့်အရေးကိုတန်ဘိုးထား လက်မလွှတ်ဘို့ ကိုပါ..။ တာဝန်ယူ စီစဉ်ပေး တဲ့သူတွေ ရဲ့ တက်ကြွ ထက်သန်တဲ့ သဒ္ဓါတရားကို လည်းလေးစားချီးကျူး ဦးညွှတ်လိုက်ပါရစေ..။

*************************

*ဓမ္မမိတ်ဆွေအပေါင်းတို့*

ဒေါက်တာမင်းတင်မွန်၏ အဖိုးအတန်ဆုံးပညာ ဗုဒ္ဓအဘိဓမ္မာ (အဘိဓမ္မာ ရက်တို အထူးသင်တန်း) ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် အဘိဓမ္မာကို ရက်တိုတိုနှင့် လေ့လာလိုသူများကို ဖိတ်ခေါ်အပ်ပါသည်။

သင်တန်း နေ့ရက်၊ (စုစုပေါင်း ၄ရက်)
...--------------------------​--------------

6-August-2011(Saturday)
7-August-2011(Sunday)
13-August-2011(Saturday)
14-August-2011(Sunday)

သင်တန်းအချိန်
------------------

နံနက် ၈း၃၀မှ ညနေ ၅နာရီ
သင်တန်းနေရာ
----------------

NGEE ANN Polytechnic,
Lecture Theater No. LT-77
No 535, Clementi Road, Singapore 599489
Bus from Clementi MRT (184, 154 and 52)
Please alight at SIM HQ bus-stop and enter from gate No 3 to Lt77

မှတ်ချက်
-----------

ယ္ခုလက်ရှိ သင်တန်းစာအုပ် ၁၀၀ခန့်သာရှိပါသည်။ Lecture Theater သည် လူ ၁၅၀ ခန့် ဝင်ဆန့်ပါသည်။ သို့ဖြစ်ပါ၍ စာအုပ်၊ နေရာထိုင်ခင်း၊ နေ့လည်စာများ ပြင်ဆင်ရမည်ဖြစ်ပါ သဖြင့် သင်တန်း တက်ရောက်မည့်သူများ သည်
(၁) သင်တန်းခေါင်းစဉ် (ဒေါက်တာမင်းတင်မွန်၏ အဖိုးအတန်ဆုံးပညာ ဗုဒ္ဓအဘိဓမ္မာ)
(၂) မိမိတို့၏ အမည်၊
(၃) ဆက်သွယ်ရန် ဖုံးနံပါတ်၊
(၄) email လိပ်စာ
(၅) ပိုလီ ကျောင်းသားဖြစ်ပါက ဖေါ်ပြပေးပါရန် (ကျောင်းသားများအတွက် နေရာ ၅၀ခန့် ရာထားပါသည်။)

စသည့်အချက်များကို ဖေါ်ပြ၍ အောက်ပါ email သို့ ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

email:kyawlwin@ncs.com.sg(or)dhammadownload.admin@gmail​.com

အောက်ပါ website များမှ live တိုက်ရိုက်လွှင့်ပါမည်။
--------------------------
http://www.dhammadownload.​com/live.htm
http://www.lotusdhamma.com​/

သင်တန်းစာအုပ် eBook ကို အောက်ပါ Link တွင် ရယူနိုင်ပါသည်။

http://dhammadownload.com/​File-Library/DrMehmTinMon/​DrMehmTinMon-BuddhaAbidham​maAhNhitChok.pdf

မှတ်ချက်။ ။ ခန်းမအလှူ ၊ အာဟာရအလှူ ၊ အဖျော်ရည်အလှူ ၊ ဓမ္မပူဇာအလှူများကို ပါဝင်လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန်။ ဦးကျော်လွင်၊ဒေါ်ဆွေဆွေကြိုင်(၉၇၃၆၅၀၃၄)၊
ကိုထင်ကျော် (၉၄၂၄၂၉၆၁)၊
ကိုအောင်နိုင် (၉၂၂၇၇၄၉၁)၊
ကိုအောင်ပြည့်စုံအေး (၉၁၁၉၇၃၆၁)
မမြင့်မြင့်သန်း (၉၄၂၄၂၇၁၃)၊
မနှင်းနှင်းအေး (၈၂၀၁၃၀၄၃)
မအေးဇာလီ (၉၃၈၅၄၄၂၂)

http://www.dhammadownload.​com/
http://www.dhammadownload.​com/Dr-MehmTinMon-abhidham​maInMyanmar.htm
http://www.dhammadownload.​com/Dr-MehmTinMon-abhidham​maInEnglish.htm
http://www.dhammadownload.​com/Dr-MehmTinMon-mp3-myan​mar.htm
http://www.dhammadownload.​com/Dr-MehmTinMon-VideoInE​nglish.htm
http://www.dhammadownload.​com/Dr-MehmTinMon-VideoInM​yanmar.htm
http://www.dhammadownload.​com/Dr-MehmTinMon-eBookInE​nglish.htm
http://www.dhammadownload.​com/Dr-MehmTinMon-eBookInM​yanmar.htm
**************************​***********

0 မှတ်ချက်ရေးရန်: