Monday, July 25, 2011

Damapada Reflections v.401


Ubon Rachathani ဆိုတဲ့ ဆရာတော်အာဂျန်ချား ရဲ့ဇာတိ မြေလေး ကို သိသူနည်းပါး လှပေမဲ့ ဆရာတော် တည်ထောင်ခဲ့တဲ့ Wat Pah Nana chat International Meditation Center ကိုတော့ ကမ္ဘာ ကသိကြ ပြီး အနောက်တိုင်း Buddhist Community မှာကြော်ကြား လှပါတယ်..။ ကျွန်မ ရဲ့ ထိုင်းသူငယ်ချင်းဆရာမ တစ်ဦး ကသူ့ရဲ့ ဇာတိဖြစ်လို့ သူကိုယ်တိုင် လိုက်ပို့ သော်လည်း ယခင်က သူ မကြားဘူး မရောက်ဘူးကြောင်း ပြောပြပါတယ်..။

၂ထပ်အိမ် ၂လုံးစာ မက မြင့်မားလှသော သစ်ရိပ် ဝါးရိပ် များ အတွင်းနေပြောက်မထိုးသော တောရကျောင်း လေးမှာ ပြီးခဲ့တဲ့ဝါဆိုလပြည့်နေ့ ကကျွန်မ ၃ရက်တာ နေထိုင် ခဲ့ပါတယ်..။ ယခင် ရောမ မှ ဆရာတော်အာဂျန်ချားရဲ့ ရိပ်သာတစ်ခု ဖြစ်တဲ့ သန္တစိတ္တရာမ ကျောင်း သို့လည်း ထိုသို့ နေထိုင်နေကျဖြစ်တာမို့ နေထိုင်မှု စည်ကမ်း များ တရားနာယူချိန် ဝတ်ပြုချိန် ၊တရား အားထုတ်ချိန်များ တွင် စနစ်တကျ ဖြစ်ဘို့ ကကျွန်မ အတွက် သိပ်မစိမ်းလှပါ..။

ဟိုမှာ က အာရုံဆွမ်း နေ့ဆွမ်း နှစ်ထပ်ဘုဉ်းပေး ပေမဲ့ Wat Pah Nana chat မှာတော့ ဆွမ်းတစ်နပ်သာ ဘုဉ်းပေး တာပဲကွာခြားတာပါ..။

ကျွန်မ စိတ်ကျက်စား ရာ Free Distribution လို့ ရေးထိုးထားတဲ့ Forest Sangha Community ရဲ့ စာအုပ်များ စွာ ကလည်း ယခင်လို ဆွဲဆောင်နေမြဲပါ..။ ကျွန်မ ဖတ်ဘို့ အတွက်ကတော့ အွန် လိုင်းမှာ Soft Copies များစွာ ရှိပြီးသား မို့ ကျွန်မ စာသင်ပေးနေတဲ့ MSMO ရဟန်းတော်များ အတွက် သင့်တော်နိုင်မဲ့ စာအုပ် တစ် မျိုး တွေ့ ခဲ့လို့ ကျွန်မ သယ်ယူခဲ့ပါတယ်..။

Ajahn Munido ရေးသားတဲ့ Damapada Reflections စာအုပ် ဖြစ်ပါတယ်..။ Ajahn Munido ဆိုတာ ကလည်း နယူဇီလန်နိုင်ငံသား တစ်ဦး ဖြစ်ခဲ့ပြီး ဆရာတော်အာဂျန်ချား ရဲ့တပည့်တစ်ဦး ဖြစ်လာ တာပါ..။ ၁၉၅၁ ခုနှစ်မှာမွေးဖွားခဲ့ ပြီး အသက် ၁၉နှစ်သား ကတည်းက ဗုဒ္ဓဘာသာ လေ့လာလိုက်စား ခဲ့သူ ဖြစ်ပါတယ်..။ အသက် ၂၃ နှစ်မှာ သံဃာ ဖြစ်ရန် ခွင့်ပန်ခဲ့တဲ့အတွက် တစ်နှစ်ကြာသာမဏေ အဖြစ် နေထိုင်ခဲ့ပြီး နောက် ရဟန်း ဖြစ်ခဲ့သူပါ။

ယခုအခါ မှာ အင်္ဂလန်မှာရှိတဲ့ Aruna Ratanagiri ကျောင်းရဲ့ကျောင်းထိုင် ဆရာတော် ဖြစ် ပါတယ်..။ Ajahn Munido ရေးသားတဲ့ စာအုပ်တွေကတော့ Unexpected Freedom, A Dhammapada for contemplation, Dhammapada Reflections တို့ ဖြစ်ပါတယ်..။

အီတလီလူမျိုး တစ်ဦးဖြစ်ပြီး ဗုဒ ဘာသာကို အနောက်တိုင်း သို့ သယ်ယူစွမ်းဆောင် နိုင်သူ ရဟန်းတော် ဦးလောကနာထ ဟာ ဓမ္မပဒ ကိုဖတ်ရှုပြီး ဗုဒ္ဓဘာသာဝင် အဖြစ် ဘာသာအယူကူးပြောင်း ခဲ့တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ကြပါ တယ်..။

ဒါကြောင့်လည်း MSMO မှ မြန်မာ ရဟန်းတော်များကို မိတ်ဆက် ဆွေးနွေး ဘို့ အဲဒီ ဓမ္မပဒ စာအုပ်လေးကို ကျွန်မ ရွေးချယ် ခဲ့ ပါတယ်..။ ပထမကြီးတန်း ကိုအနိမ့်ဆုံးထား လေ့လာ ထားတဲ့ မြန်မာရ ဟန်း တော်များ ဖြစ်တာမို့ ဗုဒ္ဓဘာသာ ရဲ့ အခြေခံ အနှစ်သာရ တွေဆိုတာ ကျေညက် နားလည်ပြီးသားပါ..။

လူမျိုးခြား ဘာသာခြား တစ်ဦး ရဲ့ ဆင်ခြင်တွေးဆ ပုံကိုသာလျှင် အင်္ဂလိပ်ဘာသာရပ် ကိုမီဒီယာ ပြုပြီး လေ့လာနိုင်ဘို့ထည့် သွင်းစဉ်းစားခဲ့ခြင်း ဖြစ် ပါတယ်..။

ပြီးခဲ့တဲ့ ဂျူလိုင်၂၃ ရက်နေ့ စာသင်ချိန်မှာ တော့ကျွန်မတို့ ဂါထာ နံပါတ် ၄၀၁ ကို ဆွေးနွေး ပြောဆိုဖြစ်ခဲ့ကြပါတယ်..။

*As water slides from a lotus leaf, so sensual pleasures do not cling to a great being* Dhammapada v.401

A great being is great because he or she is free from obstructions in their relationship with life.

We are not so great because we get caught in feelings and make a problem out of life.

We create obstructions by the way that we deal with the eight worldly dhammas:

*praise and blame

*gain and loss

*pleasure and suffering

* Popularity and insignificance.

Out of delusion we relate to these worldly winds heedlessly- indulging in what we like and resisting what we don’t.

Wisdom on the other hand simply sees the reality of the sensory world.

It knows the space within which all experiences arise and cease.

Such knowing means a great being doesn’t even have to try to let go; all inclination to cling automatically falls away.

He or she experiences sensual pleasure but adds nothing to it and takes nothing away.

ကျွန်မ ကလည်း မကြာသေးခင်ကမှ ရေးသားခဲ့သော*ဝမ်းနည်းဝမ်းသာ များစရာ* ထဲက အတွေး များကြွင်းကျန်သေးတာနဲ့ ဂါထာ ၄၀၁ ကို စတင်လိုက်မိပါတယ်..။ လောကဓံ တရား ရှစ်ပါး (Eight Worldly Dhammas) ကိုမောဟ ဖြင့် ခံယူသိမ်းပိုက် တဲ့အခါ အကြိုက် ..မကြိုက် တို့ဖြင့် ဝမ်းနည်းရခြင်း ပူဆွေးရခြင်း၊ ပျော်ရွှင်ရခြင်း ကြေကွဲရခြင်း တို့ ဖြင့် ဆုံးရှုံးခြောက်ခမ်း လောင်ကျွမ်း ခဲ့ ရတယ် ဆိုတာ မောဟ (Delusion) အမြင်မှားကြောင့်ဖြစ်ပါတယ်..။ တစ်ခါတစ်ခါ heedlessly indulging ဖြင့် ပျော်ဝင်ခံစားခဲ့ကြပါတယ်..။

ပညာ ဆိုတဲ့ အားကြီး လာတဲ့အခါ အမှန်ကို မြင်ပါတယ်..လောကဓမ္မ တရားတွေဟာ ဖြစ်ခြင်း နဲ့ပျက်ခြင်း ကြားက ခဏတာလေးပဲဆိုတာကို သေသေချာချာသိလာပါတယ်..။ဘယ်ဟာ ကမှ ကြာကြာ မတည် မြဲ ပါဘူးရယ်လို့ အမှန်မြင်လာပါတယ်တဲ့။

အဲလိုသိလာ တဲ့အခါ တွယ် ညိဘို့မကြိုး စားတော့ပါ..။ ထိစပ် နေသော် လည်း ကပ်ညိ မခံတော့ပဲ သွားခွင့်ပေး လိုက်ပါတော့တယ် တဲ့..။ကြာရွက်ပေါ်က ရေစက် လေးတွေ လိုပေါ့ တဲ့။

တက်တက်ကြွ ကြွ ဦးဆောင် ဆွေးနွေးပေးတဲ့ MSMO ဥက္ကဋ္ဌ အရှင် (Ashin Indobassa- Mahachulalongkong University) ကိုအထူးကျေးဇူးတင်ရှိပါတယ်..။

မေတ္တာဖြင့်-သစ္စာအလင်း

နောက်အပတ် အတွက် ဆွေးနွေး ဘို့ ဖြစ်ပါတယ်..။ ကြိုပေးထားတာပါ..အရှင်ဘုရား..။v.377

0 မှတ်ချက်ရေးရန်: