Sunday, January 15, 2012

မြစ်သာမြစ်ဝှမ်း စိမ်းလန်းခြင်းဖြင့် အေးမြစေ..


ဒီဇင်ဘာ ၂၄ ရဲ့ညနေ ၄နာရီမှာ သီရိမန္တလာ မှ ပုံတောင်ပုံညာ သို့ဖြတ်သန်း၍...
<!--[if gte mso 9]> Normal 0 false false false EN-US X-NONE X-NONE

၂၀၁၁ ခုနှစ် နောက်ဆုံးရက်များရဲ့ ဆောင်းညနေခင်းများအတူ ဖြူလွလွ အတွေ့အကြုံများစွာ ဟာ ကျွန်မ ရဲ့ ဘဝထဲကို အေးမြနူးညံ့စွာ ချင်းနင်းဝင်ရောက် ခဲ့ပါ တယ်..။

ယောဒေသ ရဲ့ မြို့တော် ဂန့်ဂေါ..ကျော…ဆော ….ပုံတောင် ပုံညာ စတဲ့ နာမည် ဆန်းဆန်းလေး တွေက မရောက်ခင်ကတည်းက ကျွန်မရဲ့စိတ်အစဉ်ကို ဆွဲဆောင် ညှို့ငင် နိုင်စွမ်းရှိနေခဲ့ပါတယ်။

*မြတ်ဗုဒ္စ္ဒ ၏ အဆုံးအမ ဖြင့်သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကြပါစို့*….ဆိုတဲ့စာတမ်းလေး ကို စိမ်းညို့နေတဲ့ သစ်တောကြိုးဝိုင်း များနောက်ခံထားလျက် လှမ်းမြင်လိုက်ရပါပြီ…။ အော် ဒါ ဂန့်ဂေါ ….ပေပဲ..။

*ဖျင်ပင်နီချော ရယ်နဲ့ ယောထဘီ* ရယ်လို့ ငယ်ငယ်ကစိတ်ထဲ စွဲမြဲခို ဝင်ဘူးသော ယောဒေသ သို့ အမှန်တကယ် ရောက်ရှိခဲ့ရ ပါပကောလား။

ဂန့်ဂေါမြို့ ရဲ့ မြင့်မားသောကမ်းပါးထိပ်မှ တဆင့် ကျောက်တုံးမဲနက်နက် လေးများ ပေါ်မှ ညင်ညင်သာသာ ဖြတ်သန်း စီးဆင်း နေသော မြစ်သာမြစ် ကို လှပစွာတွေ့မြင်လိုက်မိ တဲ့အခါမှာတော့….

ဘဝ ရဲ့ အဓိပ္ပါယ် တစ်ခုခု ကို ဆုပ် ကိုင် လိုက်မိသလိုပါ..။ အတတ်ပညာ တို့ဟူသည် ဆည်ရေလိုစုဆောင်း လျက် မြစ်ရေလို စီးဆင်း ရှင်သန်သင့်သည်မဟုတ်ပါလော..။

ချစ်စရာမြစ်သာမြစ်ဝှမ်း ကိုလှမ်းမျှော်စဉ်ခဏ

မြစ်တို့ ထုံးစံ မြောက်မှ တောင်သို့ စီးဆင်းမြဲမြစ်သော်လည်း မြစ်သာမြစ်သည် တောင်မှမြောက်သို့ စီးဆင်း သော ဆန်တက်နိုင်သော ခွန်အား သတ္တိ များသိုမှီးလျက် တည်တည်ညိမိညိမ် လဲလျောင်း နေပါတယ်။

နုံးတင်မြေနု များဖြင့် အိထွေးစိုပြေ နေသောမြစ်သားမြစ်ဝှမ်း သည် ကန်တော့ချွန် သဖွယ် ကလေး မြို့ ဆီသို့ ပြန့်ထွက်ကျယ်ပြောနေပါတယ်။ ပြန့်ပြန့်ပြူပြူး မြေပြင်တစ်ဝှမ်း သည် ယောဒေသ ၏ ဝမ်းစာ စပါး၊ ပဲ ပြောင်း နှမ်း တို့ ထုတ်လုပ်ရာ တည်မှီရာ သဘာဝလက်ဆောင်မွန်တစ်ရပ် လိုစိမ်းလန်းရွှန်းသစ်နေပါတော့တယ်။

မကွေးမြို့ ကမ်းပါးထက် မှာရပ်ကာ ဧရာဝတီမြစ်ထဲက သဲဖွေးဖွေး ကို ကြည့်ချင်စိတ် သည် ဘဝတစ်လျှောက် လုံး ကို အမြဲချုပ်ကိုင် လွှမ်းမိုးနေတတ်ပါတယ် ဆို တဲ့ (တက္ကသိုလ်မြစိမ်း ရဲ့ *တိုင်းမင်းကြီးသမီး*) ဝတ္ထု ထဲက ခင်ရွှေအေး ရဲ့စိတ်ဝိဥာဉ် ကို နည်းနည်းတော့ ခံစားနားလည် လာသလိုတော့ဖြစ်မိပါတယ်..။

မြေထဲပင်လယ်..ထဲသို့ကျွန်းဆွယ်လို ထိုးထွက်နေသောအီတလီနိုင်ငံက သောင်ပြင် လှလှ များစွာ ကို သဲဖွေး ဖွေးတွေ ကျောက်ဆောင်တွေ..ကျောက်စရစ်နုနုလေးတွေ ပေါ်လမ်းလျှောက် ရင်း ဖြတ်သန်းခဲ့ရ ဘူးသော် လည်း ပတ်ဝန်းကျင်က လွင့်ပျံ ထွက်ပေါ်လာတဲ့ စကားလုံးများက ကွာခြား နေလေရဲ့..။အသက်မဲ့ တယ်ဆို သော် လည်း စကားပြောတတ်တာ အသေအချာ ပဲလို့ ယုံကြည်မိတာပေါ့လေ..။

၂၀၁၀ ကတည်းက စီစဉ်ဖြန့်ဝေခဲ့ဘူးသော ကျွန်မရဲ့ အော်ဂဲနစ် သင်တန်းမှတ်စုစာအုပ်ကလေးကို အတတ်ပ ညာ ငတ်မွတ် သူ… ဒီနေရာ က လူငယ်လေးတစ်ဦး ရဲ့ လက်ထဲ မှာ တွေ့လိုက် ရ တာကတော့ စူးနစ် နက်ရှိုင်းစွာ ထိရှခံစားရ တာမို့ သရုပ် မခွဲတတ်ခဲ့ပါ ။

အထပ်ထပ် ဖတ်ထား လို့ နွမ်းကျေနေခြင်းဟာ အသိပညာ အဖန်ဖန်ပေးအပ် ပြီးဖြစ် ကြောင်းပြဆိုနေတာ မှန်ပေမဲ့ ကျွန်မရဲ့ ခံစားမှုပုံရိပ် များကတော့ စာအုပ်လေးလို နွမ်းနွမ်းကျေကျေ ဖြစ်ခဲ့ ရပါတယ်..။ မြန်မာပြည် မှာ ထိုကဲ့သို့ သော…*ဒီနေရာ*ပေါင်းများစွာ ..များစွာ ရှိနေကျန်နေ နိုင်သည် မဟုတ်ပါလား..။


ဘာတွေဖြစ် နေလဲသိစေချင်တယ်..ဒါမှဘာတွေလုပ်ရမလဲသိမှာမဟုတ်လား




ယာယီMicrobilogy Lab


ဒီနေရာ မှ ဒီလို လူငယ်လေးပေါင်းများစွာ ရှိနေတာ.အတတ်ပညာရဘို့အတွက် ..ကြိုးစားကြတာ.ကုသိုလ်ရေး ဖြင့် ရှင်သန်နေကြတာ တက်ကြွကြတာ ..မြစ်သာမြစ်လို စီးဆင်းနေတာ တစ်သွင်သွင်….။
ညင်ညင်သာသာ အေးအေးမြမြ….တောက်ပ မှုလည်းရှိကြပါတယ်။

မနက်ဖြန်အတွက်....ကာရန်တွေလည်းညှိ..

မိသားစုတိုင်းရဲ့ နေ့စဉ် ဘဝ မှ ဝန်တာ မကြီးမားလှသော အလှူကို လှူဖြစ်အောင် တိုက်တွန်းစေ့ဆော်ပေး တယ်…။ လူတိုင်း ပါဝင်စေနိုင်အောင်လည်း စည်းရုံး နိုင်ခဲ့တယ်…။ ကုသိုလ် ရဲ့ သီအိုရီ ကို သဘောပေါက်စေ ခဲ့ပါတယ်… ။

စိတ်အလှည့်လေးတစ်ခု ပြီးမြောက်စေပြီး ကုသိုလ်ရှင်တွေ ဖြစ်ကြစေဘို့ နှိုးဆော်ပေးတယ်..။

လူတိုင်း ထမင်းနေ့စဉ် ချက်ကြတာပါ..။ ထို အထဲမှ တစ်ဇွန်းဆန် တစ်ဆုပ်ဆန်ကို နှုတ်ယူလိုက်တာ ပြောပလောက်အောင် ယုတ်လျော့သွားတာမဟုတ်..။ နေ့စဉ်အာရုံထား ရတာ မို့ အာစိဏကံ ကုသိုလ် ဖြစ်နေစေတာလည်းအမှန်ပါ..။

ဒီ စိတ်စေတနာဇောအဟုန်မှတဆင့် *ပုညဟိတေသီ ဆွမ်းလောင်းအသင်း* ဆိုတာ ဂန့်ဂေါမြို့ ရဲ့ ကုသိုလ်မြစ် တစ်စင်း သဖွယ် မြစ်သာမြစ်နှင့် အပြိုင် အိမ်ပေါက်စေ့ကို စီးဆင်းအေးမြစေပါတော့တယ်..။

ပုညဟိတေသီဆွမ်းလောင်းအသင်း ကိုစတင်ဦးဆောင်တည်ထောင်ပေးခဲ့သူကတော့ ယခု မင်နီဆိုတာ (သီတဂူဝိဟာရ) မှာသီတင်းသုံး တဲ့ ဘုန်းဘုန်း ဦးတိက္ခဥာဏာ လင်္ကာရ (ယောအသင်း)ပဲဖြစ်ပါတယ်။ ဘုန်းဘုန်း ကတော့သူ မျိုးစေ့ချစိုက်ပျိုးပေး ခဲ့တဲ့ ကုသိုလ်ပဒေသာပင်လေးကို အဝေးကနေပြီး မေတ္တာ နှင့်စောင့်ရှောက် ပေးနေဆဲပါ။

ထိုမေတ္တာများကြောင့်ပဲ ကျွန်မအားညှိနှိုင်း ခဲ့တာမို့ ကျွန်မသည်လည်း ပုညဟိတေသီအသင်း နှင့် အတူကုသိုလ်ပြုခွင့်ရရှိခဲ့တာ ဘဝရဲ့ မှတ်တိုင်တစ်ခုလိုပါ..။

*ကမ္ဘာကိုပေါင်မုန့်ဝဝ ကျွေးလိုက် တာဟာ ငြိမ်းချမ်းရေး လက်ဆောင်ပေးလိုက်တာပါပဲ* လို့ ကျွန်မတို့ ရဲ့အစိမ်းရောင်တော်လှန်ရေးဖခင် Dr. N.E. Borlaug ကပြောခဲ့ဘူးပါတယ်..။

ဆန်ရေစပါးပဲပြောင်းနှမ်းဝါ စိုက်ပျိုးထုတ်လုပ်နိုင်သော အတတ်ပညာ ပေးအပ်ခြင်းသည်လည်း ကျွန်မတို့ ဗုဒ္ဒမြတ်စွာသာ သနာ အတွက် ထာဝရ ဆွမ်းကွမ်း အဟာရပေါများအောင် ပဒေသာပင် များစွာ လှူဒါန်းလိုက်တာနဲ့ အတူတူပါလို့ လို့ မြန်မာဖြစ်တဲ့ကျွန်မ ဆိုချင်ပါသေးတယ်။

ဆက်ပါဦးမည်…။

မေတ္တာဖြင့်-

သစ္စာအလင်း

0 မှတ်ချက်ရေးရန်: