မနက်ဖြန် မှာ ကျရောက်မဲ့ တပေါင်းလပြည့်နေ့  ကို *အောင်မြေပြည်မ ကပိလသို့ * ဆိုတဲ့အမည် နဲ့ အရင်က ပူဇော်ခဲ့ သော်လည်း သည်နှစ်..တပေါင်းလပြည့်မှာတော့ တရားဓမ္မ ၊ မပါဝင်ပဲ မိန်းမသားတစ်ဦး ရဲ့ နှလုံးသားကို တိုက်ရိုက်ခံစား လိုတာ ကြောင့်ကျွန်မမှာ *ကဗျာ ဆရာမ အသင်္ခယာရှင်ထွေးေ ရး* တဲ့ *ယသောဓရာ ၏ညများ *စာအုပ်ကို ဖတ်ရှု ကိုးကားလိုက်ပါတ ယ်..။
အဲဒီနေ့ မှာတော့ ကျွန်မတို့အားလုံးရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ရဲ့ ပြည်တော်ပြန်ခရီးစတင်ခဲ့တဲ့ ပါတယ်..။ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူခြဲ့ ပီးတဲ့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် မှာပဲ ကျေးဇူးတော်ရှင် မြတ်စွာဘုရား သည် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းေ တ်ာမှာ သီတင်းသုံးနေထို င်ကာ အင်္ဂတိုင်းသားနဲ့ မာဂဓတိုင်းသားတွေကို တရားရေအေး တိုက်ကျွေးတော်မူနေတဲ့ အချိန်ပဲဖြစ်ပါတ ယ်။အဲဒီ သတင်းကိုကြားသိတာနဲ့ မြတ်စွာ ဘုရားရဲ့ ဖခမည်းတော် သုဒ္ဓေါဒန မင်းကြီး ကြားသိလေတော့ ခေါင်းဆောင်အမတ် ၁၀ဦး တို့ကို နောက်ပါ အခြွေအရံ တစ်ထောင်စီနဲ့ ၁၀ကြိမ် ခွဲပြီးတော့ မြတ်စွာ ဘုရားကိုပင့်ဘို့  ရာဇဂြိုဟ် ကိုစေလွှတ်ခဲ့ ပါတယ်..။
သို့သော်လည်း မြတ်စွာဘုရားရှင်နဲ့ တွေ့ လို့ တရားနာယူရတဲ့ အချိန်မှာတော့ ကပိလဝတ်သို့ မပြန်ကြတော့ပဲ၊ တစ်ယောက်မကျန်၊ သာသနာ့ဘောင်သိုပ ဝင်ရောက်ကြပြီး ဧဟိဘိက္ခု ၊ရဟန်းတွေချည်း ဖြစ်ကုန်ကြပါတယ် ။
နောက်ဆုံး မှာတော့ ဖွားဘက်တော် ဖြစ်တဲ့ ကာဠုဒါယီ အမတ်ကြီးကတော့ ရာဇဂြိုဟ်ကို မသွားခင် ကတိစကားရှိထားတဲ့  အတိုင်း ခမည်းတော်ပေးအပ် လိုက်တဲ့ တာဝန်ကို ကျေပြွန်စွာထမ်း ဆောင် နိုင်ခဲ့ပါတယ်။ သူကနောက်ဆုံးအသု တ်မှာ ခေါင်းဆောင် ပါဝင်ခဲ့ တာမဟုတ်လား။
ဖွားရာဇာတိဖြစ်တဲ့ ကပိလဝတ်နေပြည်တော်ကို ကြွရောက်ချိန်တန်ပါပြီ ဖြစ်ကြောင်း ဂါထာ ၆၄-ဂါထာသီကုံးလျှောက်ထားခဲ့ပါတယ်။ပါဠိဘာသာမှာ ဂါထာဆိုတာ ကဗျာပါ ။ စုန္နိယ ဆိုတာကတော့ စကားပြေလို့ မှတ်သားဘူးပါတယ် ။ ဒီတော့ ၆၄ဂါထာ ဆိုတော့ တပေါင်းလရဲ့သာယာ ပုံကို သီကုံးဖွဲ့ဆိုထားပြီး မွေးရပ်ဋ္ဌာနီကို ပြန်လည် ကြွချီဘို့ လျော်ကန်လျောက်ပ တ်၊ကောင်းမြတ်တဲ့  အခါသမယဖြစ်ပါကြောင်း တောင်းပန်လျှောက်ထားခဲ့တဲ့ ကဗျာပေါ့နော်။
သည်လျှောက်ထားချ က်၇ဲ့ အစွမ်းသတ္တိကြောင့် မြတ်စွာဘုရားသည် ရဟန္တာပေါင်း နှစ်သောင်းခြံရံ ပြီး မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ရဲ့ တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှာ ရာဇဂြိုဟ်မှ ယူဇနာ ၆၀ ဝေးကွာတဲ့ ကပိလဝတ်နေပြည့်ေ တ်ာကို တစ်နေ့လျှင် တစ်ယူဇနာ ခရီးနဲ့ ဒေသစာရီကြွချီတော်မူခဲ့ပါတယ်..။
တစ်နေ့ မှာ တစ်ယူဇနာ ဆိုတော့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပေါင်းလပြည့်နေ့  ကနေ ဆိုတော့ နောက် ရက်ပေါင်း၆၀ ကြာတဲ့ ၁၀၄ ခုနှစ် ကဆုန်လပြည့် မှာ မှ ကပိလ၀တ် နေပြည်တော်ကို ရောက်ရှိတော်မူမှာဖြစ်ပါတယ်..။ သို့သော်လည်း စတင်ကြွ ချီ လာပြီဆိုတဲ့ သတင်းစကား ကြောင့် လှုပ်ရှား တုန်လှုပ် ခဲ့ရသူဆွေတော်မျိုးတော်တွေအများ အပြားမှာ ပါရမီဖက် ယသောဓရာ ကထိပ်ဆုံးကမျှော်လင့်စောင့်စားခဲ့ရတာပါ..။
ဒီနေရာမှာ ကျွန်မ က *အသင်္ခယာရှင်ထွေး *ရေးတဲ့ *ယသောဓရာ၏ ညများ*ကဗျာ စာအုပ်ကို ဖတ်မိ လွမ်းမိသေးတာ..။
ဒီနေ့..လပြည့်နေ့ …သားတော်လေးရဲ့ မွေးနေ့..၊
ဖခင်မပါတဲ့မွေးေ န့…၊ ရိုးရိုးလေးပဲကျ င်းပ၊ တိုးတိုးလေးပဲကျ င်းပ၊
တစ်ယောက်ကတော့ သတိရအားမည် မထင်..။
အော်..ဘာလိုလို နဲ့ ငါးနှစ်တဲ့..
ပိတောက်တွေလည်းငါးနှစ်..
ဥသြတွေလည်းငါးနှ စ်၊
အင်ကြင်းတွေလည်း ငါးနှစ် ၊
ဝတ်စုံသစ်တွေ နဲ့ လှနေကြ..။
ငါးနှစ်ရဲ့နောက် ..ခြောက်နှစ်..
ထူးခြားလေသည့်ထိုနှစ်
ထူးခြားလေသည့်ထိုည..
တစ်ခါကလို လပြည့်ည
ကြက်သီးထအောင်ခါ လှုပ်..သစ်ရွက်ရင့်တို့ တစ်ဖြုတ်ဖြုတ်။
သက္ကရာဇ်တို့ တစ်ဖြုတ်ဖြုတ်.. သံသရာရထားဝင်ရိုးပြုတ်..
ဗုဒ္ဓဖြစ်ပြီ..ကျွန်မအရှင် ဗုဒ္ဓ ဖြစ်ပြီ..တဲ့..။
အနာသည်း..ကမ္ဘာကြီး ရဲ့ကျန်းမာရေး
ကျွန်မ အရှင်..ရင်လေး.. ဆေးစလို့ကုပြီတဲ့ ..။
ပန်းသတင်း..လေညှ င်း..
နန်းတွင်းအထိအရောက်ဝေ့ နေ့သစ်တို့ စခဲ့ပြီအရှင်..။
အပြုံးပြီးတော့အ ချို..အချိုပြီး တော့အပြုံး …
တစ်နန်းတော်လုံး ၀မ်းသာ ..၊ကျွန်မဆိုတာေ ပြာစရာမရှိ..၊
ဆီထိနေတဲ့ဝါဂွမ်း ၊ ပီတိတွေလည်းလွှမ်းခဲ့သည်အရှင်..။
ဘူမိမာတာ၊မဟာပံသု
ကျွန်မတို့ ကပိလ၀တ်လေ..တစ်ခါက အရှင့်မြေ..
အရှင့်ခြေကိုမျှော်တ ၊ကပိလရဲ့ ရင်သွေး
ကပိလကထွက်တဲ့ဆေး ၊ငါတို့အနာ မကုသေး၊
ငါတို့ဆီကိုမရော က်သေး၊ တစ်မေးထဲမေးနေပြီအရှင်..။
အမိ..ကပိလ၀တ်သို့  တစ်ခေါက် ..
ကြွရောက်ရေး အခွင့်ပန်..
အရှင့်ထံ ..မင်းချင်းတို့ အခေါက်ခေါက် …၊
ရောက်ခဲ့ပြီးသည့် နောက်၊
တစ်ရက် ..ကျွန်မအတွက်.. တကယ့်အိပ်မက်ပမာ ..၊
လာပြီ..သူလာပြီ. .အရှင်ရောက်လေပြီ..တဲ့..။
ကွယ်..ရင်ထဲမှာ လှိုင်းကြွ..
ထရမည်လား၊ ထိုင်ရမည်လား..။
ဘာလားညာလားမသိအား..
အရာရာ လှုပ်ရှား ၊
သားတော်လေးကိုဖက်ထား..
လက်ဖျားလည်း ဂဏာ မညိမ် ၊
အချိန်ဆိုတာ သမားတော်ကြီးဆို …
၇နှစ် ဆိုတဲ့သမားတော်ြ ကီး ရဲ့..။
ယသောဓရာ ကိုငဲ့ ကွက်…
ဆေးတစ်ခွက်တော့သ နားသင့်ပါပြီ…တဲ့ ..။
ဘဝဆက်ဆက် လက်ချင်းယှက်ခဲ့ တဲ့၊ ပါရမီဖက် တစ်ဦး ရဲ့ နှလုံးသားဟာ စကားများစွာပြော နေမှာအမှန်ပါပဲ။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကာလကြာ ပါရမီခရီး ပြီးမြောက်အောင် မြင်ချိန်မှာ ထိုက်တန်သော အသိအမှတ်ပြုမှုကို မိန်းမသားပီပီ မျှော်လင့်ရှာပေ လိမ်မယ်လို့ ကျွန်မက နားလည်နေမိပါတယ် ..။
မြတ်ဗုဒ္ဓရဲ့ ပြည်တော်ပြန်ခရီးမှာ ထွက်လို့ မကြိုဆိုပဲ ခန်းဆောင်ထဲကစော င့်လို့နေခဲ့တာ။ မြတ်ဗုဒ္ဓ က ပါရမီဖက် ကို ပြန်လည်တွေ့ဆုံချီးမြှောက်ဘို့ ကြွချီ ပေးခဲ့တာဟာ တစ်ချိန်က မတောင်းဆိုပဲ၊ ရရှိခဲ့ဘူးတဲ့ ကြာငါးခိုင် အတွက် ဖြစ်လိမ့်လေမလား လို့ လည်း ကျွန်မကစဉ်းစားေ နမိပါတယ်။
လောကီအကျိုး ကိုဆောင်ရွက်တဲ့ နေရာ မှာ ကရုဏာ ထက်ကြီး သော စွမ်းအားမရှိပါ။ လောကုတ္တရာ အကျိုး ကိုဆောင်ရွက်တဲ့ နေရာ မှာ ပညာ ထက်ကြီးတဲ့ အရာ မရှိပါတဲ့။ အမျိုးသားသည် ပညာကို ကိုယ်စားပြု ပြီး အမျိုးသမီးသည် ကရုဏာ ကိုကိုယ်စားပြုပါတယ်။ ပညာနဲ့ ကရုဏာ ဆိုတာ နေနဲ့လလိုပါပဲ လို့ မှတ်သားဘူးပါတယ် ။
ကပိလဝတ်နေပြည်တော် ရဲ့ နေ နဲ့ လ တွေ့ဆုံပွဲ ကနောက်နှစ်လကြာရ င် ရောက်လာတော့မှာမို့ ကျွန်မက မြင်ယောင် ကြည်ညိုရင်း ပြည်တော်ပြန်ခရီးအစ တပေါင်းလပြည့်ကို ပူဇော်ကန်တော့လိုက်ပါတယ်။
မေတ္တာဖြင့်
သစ္စာအလင်း
အဲဒီနေ့ မှာတော့ ကျွန်မတို့အားလု
သို့သော်လည်း မြတ်စွာဘုရားရှင
နောက်ဆုံး မှာတော့ ဖွားဘက်တော် ဖြစ်တဲ့ ကာဠုဒါယီ အမတ်ကြီးကတော့ ရာဇဂြိုဟ်ကို မသွားခင် ကတိစကားရှိထားတဲ
ဖွားရာဇာတိဖြစ်တ
သည်လျှောက်ထားချ
တစ်နေ့ မှာ တစ်ယူဇနာ ဆိုတော့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပေါင်းလပြည့်နေ
ဒီနေရာမှာ ကျွန်မ က *အသင်္ခယာရှင်ထွေး
ဒီနေ့..လပြည့်နေ
ဖခင်မပါတဲ့မွေးေ
တစ်ယောက်ကတော့ သတိရအားမည် မထင်..။
အော်..ဘာလိုလို နဲ့ ငါးနှစ်တဲ့..
ပိတောက်တွေလည်းင
ဥသြတွေလည်းငါးနှ
အင်ကြင်းတွေလည်း
ဝတ်စုံသစ်တွေ နဲ့ လှနေကြ..။
ငါးနှစ်ရဲ့နောက်
ထူးခြားလေသည့်ထု
ထူးခြားလေသည့်ထု
တစ်ခါကလို လပြည့်ည
ကြက်သီးထအောင်ခါ
သက္ကရာဇ်တို့ တစ်ဖြုတ်ဖြုတ်..
ဗုဒ္ဓဖြစ်ပြီ..ကျ
အနာသည်း..ကမ္ဘာကြ
ကျွန်မ အရှင်..ရင်လေး..
ပန်းသတင်း..လေညှ
နန်းတွင်းအထိအရေ
အပြုံးပြီးတော့အ
တစ်နန်းတော်လုံး
ဆီထိနေတဲ့ဝါဂွမ်
ဘူမိမာတာ၊မဟာပံသ
ကျွန်မတို့ ကပိလ၀တ်လေ..တစ်ခ
အရှင့်ခြေကိုမှေ
ကပိလကထွက်တဲ့ဆေး
ငါတို့ဆီကိုမရော
အမိ..ကပိလ၀တ်သို
ကြွရောက်ရေး အခွင့်ပန်..
အရှင့်ထံ ..မင်းချင်းတို့
ရောက်ခဲ့ပြီးသည်
တစ်ရက် ..ကျွန်မအတွက်..
လာပြီ..သူလာပြီ.
ကွယ်..ရင်ထဲမှာ လှိုင်းကြွ..
ထရမည်လား၊ ထိုင်ရမည်လား..။
ဘာလားညာလားမသိအာ
အရာရာ လှုပ်ရှား ၊
သားတော်လေးကိုဖက
လက်ဖျားလည်း ဂဏာ မညိမ် ၊
အချိန်ဆိုတာ သမားတော်ကြီးဆို
၇နှစ် ဆိုတဲ့သမားတော်ြ
ယသောဓရာ ကိုငဲ့ ကွက်…
ဆေးတစ်ခွက်တော့သ
ဘဝဆက်ဆက် လက်ချင်းယှက်ခဲ့
မြတ်ဗုဒ္ဓရဲ့ ပြည်တော်ပြန်ခရီ
လောကီအကျိုး ကိုဆောင်ရွက်တဲ့
ကပိလဝတ်နေပြည်တေ
မေတ္တာဖြင့်
သစ္စာအလင်း
0 မှတ်ချက်ရေးရန်:
Post a Comment