ခံစား..စံစားနေရ တာတွေ ကတော့ ကံတွေပါပဲ ..တဲ့..။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ အမြင် ရှိရင် လောကအမြင် ရှင်းပါတယ် လို့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကဆုံးမဘူးပါတယ်. .။ အရာရာ ကံသာပုံချ ရမှာလား ရယ်လို့ စောဒက တက်ချင်သူ လည်း ရှိပါလိမ့်မယ်.. ။ ဘုရားစကားပြင်လို့ ကောင်း ပါသလား.. တည်းဖြတ်ပြင်ဆင် သင့်ပါသလား ပဲမေးရပါလိမ့်မယ် တဲ့..။
ရင်ထဲ မှာ တကယ် ရှင်းလင်းအေးချမ်းသွားတယ်ဆိုရင် ဒီလောကအမြင် ဟာ တရားသဘာဝပေပဲပေါ့ လေ..။ အရာရာပြဿနာ ဖြစ်ကြရတယ်ဆိုတာ က ..ကာမစ္ဆန္ဒ … ဗျာပါဒ ( တောင့်တ) ( ကြောင့်ကြ ) ကြောင့် ဖြစ်ကြတာချည်းပါ ပဲ..။
ဖြစ်ချင် တာက တောင့်တ။ ဖြစ်မလာ ပါက ကြောင့်ကြ..ဒီ နီဝရဏ တရားနှစ်ပါး …
ဥပမာ… ကာမစ္ဆန္ဒ အရ ချိုချိုသာသာ ၊ပျူပျူငှာငှာ ကြိုဆိုတာ ခံချင်တယ်..ဗျာပါဒ က မရတဲ့အခါ ရင်ထဲမှာပူတယ်.. ။ တရားကိုယ်ကောက်ရ င်တော့ လောဘ နဲ့ ဒေါသ ပေါ့လေ..။
ဒီလို နဲ့ ဒီတရားနှစ်ပါး က ကျွန်မတို့ အားလုံး ကို နှိပ်စက်နေတတ်တော့တာ..။
အရှင်အနုရုဒ္ဓါ ရဲ့ ညီ မ ရောဟဏီ မင်းသမီး သည် အတိတ် ဘ၀ တစ်ခု မိဘုရားဘ၀ မှာ
ဘုရင် က အရေးပေးတဲ့ ကချေသည် ကို မနာလိုစိတ် နဲ့ ခွေးလျားသီးကို အိပ်ယာ
မှာဖြူး ၊ ယားလို့ ကုတ် တော့ရုပ်ဆင်းအင်္ဂါ မကြည်မလင် ပျက်စီးရတာကို ၀မ်းသာအားရ ရယ်မော ပျော်ရွှင်ခဲ့ဘူး တာ..။
ရောဟဏီ မင်းသမီး ဘ၀ မှာ နူနာ ရောဂါလို ဖြစ်ရတော့တာ ဆိုတော့ အတိတ်အကြောင်းကို ဆင်ခြင် ရပါတယ်..။ ဒီတော့ဖြစ်သင့်လို့ ဖြစ်တယ် ဆိုတဲ့အဖြေ ရရင်ထိုက်သင့်သေ လာက်တော့ အေးချမ်း ရတာပါ..။
ဒါက ပြဿနာ ဖြစ်လာ တဲ့အခါ သူတော်ကောင်းတွေ ရဲ့ ကုစားနည်း ( ဖြစ်သင့်လို့ ဖြစ်တာ ) ရယ်လို့ ဆင်ခြင် တဲ့အခါ သဘာဝ အမှန်ကိုမြင်တဲ့ အတွက် အေးချမ်းစွာနေနိုင်လာပါတယ်..။
သည်းခံတယ် ဆိုတာက တိုက်ခိုက် ဆန့်ကျင်တဲ့ တဘက်သားကို ဆိုးတယ် ရယ်လို့ အသိအမှတ်မပြုတော့  ပဲ နားလည် ခွင့်လွှတ်စိတ် ထားလာနိုင်ပါတယ် ..။
ဆန့်ကျင် တဲ့ သူ ပေါ်တယ် ဆိုတာ တစ်ချိန်က ငါပြုခဲ့တဲ့ ကံကြောင့် ဒီလို ပေါ်တယ် ဆိုတဲ့ ဓမ္မသဘောကို မြင်အောင်ကြည့်ရ မှာ ဖြစ်ပါတယ် တဲ့..။
ကိုယ့်ရဲ့ ကံကြွေးကို ဆပ်ပေး တဲ့သူကို မေတ္တာမထားနိုင်ဘူးလား တဲ့..။ ဆရာတော်ဘုရားကမိ န့်ဘူးတာ…ငါလေ.. အတိတ်က သူများကို ပြစ်မှားဘူးတဲ့ ၀ဋ်ကြွေး တွေ ကျေချင်လို့ ပါ..။ တစ်လ တစ်သိန်းပေးပါ့မ ယ်..။ ငါ့မကောင်းကြောင်း တိုက်ခိုက်ပြောဆိုပေးပါ ဆိုရင် ပြောပေးပါ့မလား ။ ငွေ မပေး ရပဲ ကိုယ့် ၀ဋ်ကြွေး ဆပ်ပေးတဲ့ သူကို ကျေးဇူးတောင်တင် ရအုံးမှာ တဲ့..။
ဒီတော့ ဘယ်လို ကုစားကြမလဲ…မေတ္တာ ထားရအုံးမယ်လေ.. သူ့ခမျာတိုက်ခို က်ပြောဆို ရတာ ပင်ပန်းလှပြီ..အ ကုသိုလ် တရားလည်း ၀န်တာ ပိနေလောက်ပါပြီ. .။
အဲဒီလို မျိုး မှာ ပြဿနာ ကိုဖြေရှင်းချင် တယ်ဆိုရင် ကာယကံ မေတ္တာ၊ ၀စီကံ မေတ္တာ၊ မနောကံ မေတ္တာ သုံးမျိုး နဲ့ ပဲဖြေရှင်း ရမှာ ပါ လို့ ဆရာတော် ဘုရားက ဆုံးမပါတယ်..။
ကျွန်မတို့ တော်တော်များများ ရဲ့ မေတ္တာ ဆိုတာက မနက် စောစော ကြေးစည် တစ်လုံး နဲ့ ၃၁ ဘုံသားတွေ ကျန်းမာ ချမ်သာကြပါစေ..ဆိုတ့ ၀တ်ကျေ တန်းကျေ မေတ္တာမျိုး သာဖြစ်နေတတ်တာ.. ။
မေတ္တာမနောကံ။။ တဘက်သား ကိုယ့်ကြောင့်စိ တ်မဆင်းရဲပါစေနဲ့  ဆိုပြီး အဓိက အအေးဓာတ် ထွက်အောင်ပွားများ ပို့လွှတ်ရမှာ ပါ..။
မေတ္တာဝစီကံ ။။ သူကိုပြန်ပြော နိုင်တဲ့လူရှေ့ မှာ သူတစ်ပါး ရဲ့ တိုက်ခိုက်သော သူ ရဲ့ ကောင်းကြောင်း ကိုသာပြောဆို နေရပါတယ်..။ ဘုန်းဘုန်းက ပြောတယ်… မပြောချင်လည်းကြိုးစားပြောပေးရပါတယ် တဲ့..။
မေတ္တာကာယကံ ။။ သူအကူအညီ လိုတဲ့အခါ လှိုက်လှိုက်လှဲလှဲ ကူညီလိုက် ပြုစုလိုက်တာမျိုး ကိုကြိုးစားလုပ် ပေး ရင်ပြေလည် ပါတယ်တဲ့..။
ဒီနေရာ မှာ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ၊ ပိဋက သုံးပုံ အာဂုံဆောင် မင်းကွန်းဆရာတော်ဘုရား ရဲ့ တိုက်ခိုက်တာကို ဖြေရှင်းနည်းလေး မျှဝေချင်ပါတယ်. .။ ဆရာတော်ဘုရားကြီး က အခုချိန်ထိ နှိုင်းယှဉ် စရာ မပေါ်အောင်ကို ထက်မြက်ထူးချွန် တဲ့ ဆရာတော်ကြီးပါ.. ။
အဲလို ဆရာတော် ကြီးကို တိုက်ခိုက်တယ်ဆိုတော့ ဆရာတော်ဘုရားကြီး က ဘုရားဟော ထဲကနည်း တွေ ရှာဖွေပါတယ် တဲ့..။
ကျင့်သုံးလိုက်တဲ့နည်းက ဒီလိုပါ..။
ပါဠိ စာပေ တစ်ဂါထာ ကို စာရွက်နဲ့ ရေးပြီး ညဘက်ကြီး မှာ တိုက်ခိုက်ပြောဆိုသူ ရဲ့ ကျောင်း ကို ကြွသွားပါတယ်..။ ပြီးတော့ တပည့်တော် မရှင်းလို့ ပါ..ပြောပြပေးပါ ဘုရား လို့ လျှောက် သတဲ့။ ပြီးတော့ ၃ပါသောမေတ္တာ ကိုလည်းပို့လွှတ် ထားတာ.. ညဆိုတော့လည်း မေတ္တာ ယူတဲ့သဘောပေါ့ တဲ့..။
မင်းကွန်းဆရာတော် ဘုရားကြီး ညံ့ကြောင်း တိုက်ခိုက် ပြောဆိုတဲ့ (ရဟန်းလို့ ယူဆရပါတယ်) သူက အဲလို စာမေးခံရ ပြီးတဲ့နောက်မှာ ၀ိစိတ္တတော်တယ်.. တော်တယ် ဆိုပြီး တိုက်ခိုက်တာ ရပ်သွားပါတော့တယ် တဲ့..။ မကောင်း ကြောင်းလည်းမပြောတော့ပါဘူးတဲ့.. ။
ပိုင်းလော့ဆရာတော်ဘုရားကြီးကတော့  မိန့်တာ ဥာဏ် ဦးတဲ့ ကံဆိုတော့ ပြဿနာကိုဖြေရှင်းတတ်တယ်။ ဖြေရှင်းနည်း မှာ ပညာပါတယ် ရယ် လို့ ဟောကြားတော်မူခဲ့ ဘူးပါတယ်..။
ကျွန်မ မှာဖြင့် သူတော်ကောင်း တွေ ရဲ့ နှိမ့်ချတတ်သောစိတ်နှလုံးကို ကြည်ညိုရပါတယ်.. ။
မေတ္တာဖြင့်
သစ္စာအလင်း
၂၀၁၃ -ယောဂီဟောင်းတရားစခန်းမှတ်စုစာအုပ်ပြန်ဖတ်ရင်း ရေးသားပူဇော်မိပါသည်..။
ရင်ထဲ မှာ တကယ် ရှင်းလင်းအေးချမ
ဖြစ်ချင် တာက တောင့်တ။ ဖြစ်မလာ ပါက ကြောင့်ကြ..ဒီ နီဝရဏ တရားနှစ်ပါး …
ဥပမာ… ကာမစ္ဆန္ဒ အရ ချိုချိုသာသာ ၊ပျူပျူငှာငှာ ကြိုဆိုတာ ခံချင်တယ်..ဗျာပ
ဒီလို နဲ့ ဒီတရားနှစ်ပါး က ကျွန်မတို့ အားလုံး ကို နှိပ်စက်နေတတ်တေ
ရောဟဏီ မင်းသမီး ဘ၀ မှာ နူနာ ရောဂါလို ဖြစ်ရတော့တာ ဆိုတော့ အတိတ်အကြောင်းကု
ဒါက ပြဿနာ ဖြစ်လာ တဲ့အခါ သူတော်ကောင်းတွေ
သည်းခံတယ် ဆိုတာက တိုက်ခိုက် ဆန့်ကျင်တဲ့ တဘက်သားကို ဆိုးတယ် ရယ်လို့ အသိအမှတ်မပြုတော
ဆန့်ကျင် တဲ့ သူ ပေါ်တယ် ဆိုတာ တစ်ချိန်က ငါပြုခဲ့တဲ့ ကံကြောင့် ဒီလို ပေါ်တယ် ဆိုတဲ့ ဓမ္မသဘောကို မြင်အောင်ကြည့်ရ
ကိုယ့်ရဲ့ ကံကြွေးကို ဆပ်ပေး တဲ့သူကို မေတ္တာမထားနိုင်ဘ
ဒီတော့ ဘယ်လို ကုစားကြမလဲ…မေတ္တ
အဲဒီလို မျိုး မှာ ပြဿနာ ကိုဖြေရှင်းချင်
ကျွန်မတို့ တော်တော်များမျာ
မေတ္တာမနောကံ။။ တဘက်သား ကိုယ့်ကြောင့်စိ
မေတ္တာဝစီကံ ။။ သူကိုပြန်ပြော နိုင်တဲ့လူရှေ့ မှာ သူတစ်ပါး ရဲ့ တိုက်ခိုက်သော သူ ရဲ့ ကောင်းကြောင်း ကိုသာပြောဆို နေရပါတယ်..။ ဘုန်းဘုန်းက ပြောတယ်… မပြောချင်လည်းကြ
မေတ္တာကာယကံ ။။ သူအကူအညီ လိုတဲ့အခါ လှိုက်လှိုက်လှဲလှ
ဒီနေရာ မှာ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ၊ ပိဋက သုံးပုံ အာဂုံဆောင် မင်းကွန်းဆရာတော
အဲလို ဆရာတော် ကြီးကို တိုက်ခိုက်တယ်ဆု
ကျင့်သုံးလိုက်တ
ပါဠိ စာပေ တစ်ဂါထာ ကို စာရွက်နဲ့ ရေးပြီး ညဘက်ကြီး မှာ တိုက်ခိုက်ပြောဆ
မင်းကွန်းဆရာတော
ပိုင်းလော့ဆရာတေ
ကျွန်မ မှာဖြင့် သူတော်ကောင်း တွေ ရဲ့ နှိမ့်ချတတ်သောစ
မေတ္တာဖြင့်
သစ္စာအလင်း
၂၀၁၃ -ယောဂီဟောင်းတရာ
0 မှတ်ချက်ရေးရန်:
Post a Comment