ကာမဂုဏ်ဆိုတာ အာရုံငါးပါးပါပဲ ။
အာရုံနဲ့ဒွါရ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ဟူသော ဒွါရ နှင့် အဆင်း၊
အသံ၊ အနံ့၊ အရသာ အတွေ့အထိ ) တို့ ဆုံတွေ့တဲ့အခါ “ သောမနဿ သဟဂုတ်လောဘမှုစိတ်” ဖြစ်လို့ နှစ်သက်ခြင်း၊ ချမ်းသာခြင်း (ပီတိ-သောမနဿ) တို့ ဖြစ်ပေါ်တယ်။ ဒီနှစ်သက်ခြင်း ချမ်းသာခြင်းတို့ ဟာ ကာမဂုဏ်ရဲ့ သာယာဖွယ်ဖြစ်တယ် ။* ရယ် လို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီး ဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထား ပါတယ်..။
ထို အဓိပါယ်အရ တော့အ နှစ်ချုပ်ရင် ပီတိကို စာသုံး လို ကြတာ နဲ့ ဘ၀ မှာ အပြိုင်ဆိုင်ကြိုးစားကြတော့တာပါ ..။
မြင်ဘူးတဲ့အဆင်း ၊ ကြားဘူးတဲ့ အသံ၊ ရှု ဘူးတဲ့ ရနံ့ ၊စားဘူးတဲ့အရသာ၊ တွေ့ဘူးတဲ့အထိအေ တွ့ ကို သော်လည်းကောင်း ဒါကိုအခြေ ခံပြီး ချဲ့ ထွင်တောင့်တတာ ကို ကာမဂုဏ်ခံစားတယ် လို့ ခေါ်တာ ဖြစ်ပါတယ်..။
အမှန် စင်စစ်တော့ အာရုံ နဲ့ ဒွါရတိုက်တဲ့ အချိန် မှာ ဖြစ်ပေါ်လာ တဲ့ ခန္ဓာငါးပါး၊ (ရုပ်နာမ် ၂ပါး) တို့ ဟာ ထိရင်းပျက် ၊လောင်ရင်းကုန် ရတာပါ..။နောက် ကာလ မခြားမနောတံခါး (မနောဒွါရ) မှာ ပေါ် ကာ ပျောက်ပြယ် လွင့်စင်ကာအသစ် အသစ် တို့ အစားထိုး ဖြစ်ပေါ် နေတဲ့ခန္ဓာအိမ်ဟာ အစဉ်တန်းနေတော့တာ..။
ရေရှည်မတည်တံ့သလို အစိုင်အခဲ အတုံးအခဲ လည်းမရှိ..အရိပ် တစ်ခု လို..တံလှပ်လို ဖျပ်ကနဲဖျတ်ကနဲ လောင်ကျွမ်း ချုပ်ပျောက်ကြရတာ…။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ကတော့ ပေါ်လွင်အောင်ထပ် ရှင်း ပြပါတယ်..။
ရွှေ တွေ စိန်တွေ ကိုယ်မှာ ဆင် တဲ့အခါ တကယ်တော့ အေးအေး နဲ့လေးလေးကြီး ဖြစ်နေတာတဲ့..။
သို့သော်လည်း မနောဒွါရ မှာ စိတ်အစာ ဒီလို စားပါတယ်…ငါက ရွှေ တောင်ပိုင်တာ စိန်တောင်ပိုင်တာ..သူတို့ငါ့လို မ၀တ်နိုင်ဘူး ။ ငါ့စိန် ကအရည်အသွေးအကောင်းဆုံး စသည်ဖြင့် စိတ်အစာ အဖြစ် ပီတိ ကို စားသုံးကြတော့တာ ..။
ဒါတွေ ၀တ်ပြီး ဘယ်ကိုသွားမှာလည်း တောထဲ သွားမှာလား၊ လူတွေ စည်တဲ့နေရာသွားမှာလား..။ သွားတဲ့အခါ လှလိုက်တာ..ချော လိုက်တာ… ကို တစ်ခါ ထပ်ပြီး ပီတိ စားသုံးကြပြန်ပါ သေးတယ်..။
ဒီဥပမာ ကိုအခြေခံပြီး ချဲ့ထွင် စဉ်းစားကြည့်လို့ ရပါတယ်..။
ဒီပီတိကိုစားချင်တာနဲ့ ပဲကျွန်မတို့ ရဲ့ ဘ၀အချိန်တော်တော်များများကို သုံးစွဲခဲ့ရပါတယ်..။အကုသိုလ် နဲ့ ရင်းခဲ့ရတာတွေလည်း ရှိနိုင်ခဲ့ပါတယ်..။
သားသမီးအာရုံ၊ ဇနီးခင်ပွန်းအာရုံ၊ အိုးအိမ် အာရုံ တွေ ပီတိဖြစ်ပြီး သာယာ ကာ တဏှာ၊ ဥပါဒါန် ၊ ကံတွေ ဖြစ်ကြရပါတော့တယ်..။
ဒါတွေ ဟာ စိတ်တွေး မှာ ခဏလာပေါ်တဲ့ အရိပ် တွေ ပါ။ အရိပ် ကို အကောင်ထင် ပီတိစားချင်လို့ .. မသိမသာပြိုင်ကာ အသာစီးရခဲ့ရင်လည်း ကျေနပ်မှုလေး နဲ့ စိတ်ချမ်းသာ ရမှာလေးတစ်ခု အတွက်နဲ့ပဲ ပြိုင်ကြဆိုင်ကြ အနိုင်လိုချင်ကြ တော့တာ..။
ကာမဂုဏ် ချမ်းသာဟာ အပူလောင်ဆုံး မီးများ ဖြစ်ကြတဲ့ တဏှာရာဂ၊ ဒေါသ၊ မောဟ စသည်တို့ ယှဉ်စပ်နေကြတဲ့အ တွက် ချမ်းသာအစစ် မဟုတ်ဘူး။ မိုးမျှော် ငရုတ်သီး စားရသလို အနူမီးကင်သလို ပူပူလောင်လောင် ချမ်းသာမမျှသာ ဖြစ်တယ်။
အာရုံငါးပါးဆိုတာ ရုပ်တရားတွေပဲ။ သက်မဲ့ရုပ်ဝတ္ထုအားလုံးနဲ့
သက်ရှိ သတ္တ၀ါအားလုံးဟာ မမြဲတဲ့ အနိစ္စတရား၊ ဆင်းရဲတဲ့ ဒုက္ခတရား၊ အစိုးမရ
အနှစ်မပါတဲ့ အနတ္ထတရား၊ မတင့်တယ်တဲ့ အသုဘတရားတွေသာ ဖြစ်ကြတယ်။ မောဟက
ဒီအမှန်သဘောတွေကို ဖုံးကွယ်ထားပြီး ပြောင်းပြန် အမှားသဘောတို့ကို သိမြင်စေတဲ့အတွက် တဏှာလောဘက ကာမဂုဏ်အာရုံတွေ ကို တပ်မက်တွယ်တာခြင်း ဖြစ်တယ်။
ကာမတရားတို့ဟာ (၁) အမဲရိုး၊ (၂) အသားတစ်၊ (၃) မြက်မီးရူးတိုင် ၊ (၄) မီးကျီးခဲတွင်း၊ (၅) အိပ်မက်၊ (၆) အငှားပစ္စည်း၊ (၇) အသီးပြည့်တဲ့ အပင် အသီးသီးနဲ့ ပမာတူကြတယ်။ အနှစ်သာရ ကင်းပြီး ဆင်းရဲပင်ပန်းခြ င်းကိုသာ ဖြစ်ပေါ်စေပါတယ်။
အဲဒီဥပမာ တွေ ထဲ မှာ ကျွန်မ အတွက်အရှင်းလင်း ဆုံး နဲ့ အမှတ်မိဆုံး ဥပမာ ကတော့ အမဲရိုး ဥပမာ ပါပဲ..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး ကတော့ ပေါ်လွင်အောင် ထပ်ဟောပါတယ်..။ ခွေးအို နဲအမဲရိုးလိုပါတဲ့..။
ခွေးကအိုပြီ ဆိုတော့ သွားက မရှိ..။ အမဲရိုး ကလည်းအရိုးဆိုတော့ အသားကမရှိ..။ သွားဖုံးလေး နဲ့ ကြိတ်ကြိတ်ပြီး ကိုက်ရတာ..။
ဘာမှ မရှိတာ ချင်းတူတူ မှာ ဘာကကောင်းတာလည်း ဆိုတော့ ကိုယ့်ပါးစပ်က ထွက်တဲ့ သားရေလေးနဲ့ ကိုယ် အထင်လေး နဲ့ ၀နေရတာ..။ တကယ်တော့ ဘာအနှစ်သာရမှ မရှိပါဘူး..။
အချိန်ကြတော့ သွားဖုံးပွန်းလာ တာ ဟာ ကိုယ့်မှာ ကိလေသာ တရားတွေသာ တိုးလာတော့တာပေါ့ ..။
အမှန်မှာဖြစ်ရမှာက အခုတွေးနေတဲ့ ကိစ္စ ကသတ္တ၀ါ ဟုတ်လို့လား။အကောင်အထည် ကောဖမ်းဆုပ်ရလို့ လား၊ ဒါဟာ စိတ်အမြင်မှား အပေါ်မှာ စွဲလန်းနေတာပဲ.. ။ အခု စိတ်နဲ့ ရုပ်ဖွဲ့ချည်ပြီး ပေါ်လာတာတွေပါ..။ မြဲလည်းမမြဲဘူး။ ဖွားလိုက်သေလိုက် နဲ့ ။ အခု နေသေရင် ဘယ်လို စွဲလန်းဖွယ် ရာကိစ္စ ဖြစ်ဖြစ် အကုန်တန်းလန်းထားခဲ့ ရမယ် လို့ အမှန်နှလုံးသွင်းရမှာပါ..။
လျော့ရဲရဲ ကျင့်တဲ့ သူကို ကိုယ့်ကိလေသာ ကိုယ်ပြန်ပတ်လိမ့်မယ်တဲ့..။
အင်း………………………..
စိတ်ကူးကလည်းယဉ် ..။ကဗျာ ဆန်တတ်တဲ့ ၀ါသနာ ကလည်းရှိ… ဟိုလူ့ခင်လိုက် ဒီလူ့မင်လိုက်.. သဘာဝပတ်ဝန်းကျင် ရဲ့ လှပမှုတွေ လည်းခံစား.. နဲ့ ကျွန်မ လို လူမျိုးကတော့ အမဲရိုးဘယ်နှစ်ေ ချာင်း လောက် များ ကိုက်မိပြီးပြီလဲ တွက်စစ်နေရပါတယ် ..။
အင်း သွားဖုံးတွေတောင်အတော်ကျိန်း…။
ထို အဓိပါယ်အရ တော့အ နှစ်ချုပ်ရင် ပီတိကို စာသုံး လို ကြတာ နဲ့ ဘ၀ မှာ အပြိုင်ဆိုင်ကြု
မြင်ဘူးတဲ့အဆင်း
အမှန် စင်စစ်တော့ အာရုံ နဲ့ ဒွါရတိုက်တဲ့ အချိန် မှာ ဖြစ်ပေါ်လာ တဲ့ ခန္ဓာငါးပါး၊ (ရုပ်နာမ် ၂ပါး) တို့ ဟာ ထိရင်းပျက် ၊လောင်ရင်းကုန် ရတာပါ..။နောက် ကာလ မခြားမနောတံခါး (မနောဒွါရ) မှာ ပေါ် ကာ ပျောက်ပြယ် လွင့်စင်ကာအသစ် အသစ် တို့ အစားထိုး ဖြစ်ပေါ် နေတဲ့ခန္ဓာအိမ်ဟာ
ရေရှည်မတည်တံ့သလို အစိုင်အခဲ အတုံးအခဲ လည်းမရှိ..အရိပ်
ကျေးဇူးတော်ရှင်
ရွှေ တွေ စိန်တွေ ကိုယ်မှာ ဆင် တဲ့အခါ တကယ်တော့ အေးအေး နဲ့လေးလေးကြီး ဖြစ်နေတာတဲ့..။
သို့သော်လည်း မနောဒွါရ မှာ စိတ်အစာ ဒီလို စားပါတယ်…ငါက ရွှေ တောင်ပိုင်တာ စိန်တောင်ပိုင်တ
ဒါတွေ ၀တ်ပြီး ဘယ်ကိုသွားမှာလည
ဒီဥပမာ ကိုအခြေခံပြီး ချဲ့ထွင် စဉ်းစားကြည့်လို
ဒီပီတိကိုစားချင
သားသမီးအာရုံ၊ ဇနီးခင်ပွန်းအာရ
ဒါတွေ ဟာ စိတ်တွေး မှာ ခဏလာပေါ်တဲ့ အရိပ် တွေ ပါ။ အရိပ် ကို အကောင်ထင် ပီတိစားချင်လို့
ကာမဂုဏ် ချမ်းသာဟာ အပူလောင်ဆုံး မီးများ ဖြစ်ကြတဲ့ တဏှာရာဂ၊ ဒေါသ၊ မောဟ စသည်တို့ ယှဉ်စပ်နေကြတဲ့အ
အာရုံငါးပါးဆိုတ
ကာမတရားတို့ဟာ (၁) အမဲရိုး၊ (၂) အသားတစ်၊ (၃) မြက်မီးရူးတိုင်
အဲဒီဥပမာ တွေ ထဲ မှာ ကျွန်မ အတွက်အရှင်းလင်း
ကျေးဇူးတော်ရှင်
ခွေးကအိုပြီ ဆိုတော့ သွားက မရှိ..။ အမဲရိုး ကလည်းအရိုးဆိုတေ
ဘာမှ မရှိတာ ချင်းတူတူ မှာ ဘာကကောင်းတာလည်း
အချိန်ကြတော့ သွားဖုံးပွန်းလာ
အမှန်မှာဖြစ်ရမှ
လျော့ရဲရဲ ကျင့်တဲ့ သူကို ကိုယ့်ကိလေသာ ကိုယ်ပြန်ပတ်လိမ
အင်း………………………..
စိတ်ကူးကလည်းယဉ်
အင်း သွားဖုံးတွေတောင
မေတ္တာဖြင့်
သစ္စာအလင်း
၂၀၁၃၊ ယောဂီဟောင်းတရား
0 မှတ်ချက်ရေးရန်:
Post a Comment