Wednesday, January 20, 2016

ကျွန်မ တို့ ချစ်သော ဆရာဆရာမများ.. (၃) ဒေါက်တာ ချိုချိုမြင့်

၁၉၈၁ မေလ ကနေ ၁၉၈၄ မေလ အထိ
သင်းပျံ့  နေတဲ့ တမာပင်ကြီး ရဲ့ အောက်မှာ
ချစ်လှစွာ သော ဆရာမရဲ့ အရိပ်ကို ခိုလှုံ ခဲ့ရတယ်..။
မှတ်မိသလောက် နေ့စဉ်တွေ့ ဆုံရစဉ် သက်တမ်းမှာ
ဒေါသတကြီး ဆူပူ အော်ဟစ် ဘို့ မဆိုထားနဲ့
စကားသံမာမာ ဖြင့်ပင် တစ်ခါ မှ မဆုံးမဘူး ခဲ့..။

ညီမလေးတို့ ရေ..
အစဖြာ တဲ့ မမ ရဲ့ ဆုံးမ စကားများ ဟာ
အဆောင် Roll Call ခေါ်ချိန် စာဝေချိန်မှာ နားဝင်အချိုဆုံးဂီတသံစဉ်များ
မမ ဟာ အင်္ဂလန် ပြန် ပီသစွာ Terminology တွေကိုသေချာ နားလည်အောင်
တစ်လုံးချင်းအသေအချာ ရှင်းပြတတ်တာ..
ကျွန်မ မှာ အတုယူရပါတယ်..။
စာသင်ကောင်း သလို လူကလည်း အလွန် လှ
*မေပျိုဖြူရယ် လေ..ရွှေဘိုသူလို ယဉ်တာ ကမ္ဘာမရှိသူ ရယ်လို့*
တင်စားခံရသူ..။
ပြောပြရရင်..... မမ ဟာ ရွှေဘို သူပီပီ သတ္တိ ကလည်းကောင်းလှပါတယ်..။
ကျွန်မ တို့ မရောက်ခင် ကျွန်မ တို့အဆောင်ငွေတောင်ဆောင်သူတစ်ဦး ဟာ
အဆောင်ဘေး လျှို ထဲ မှာ အသတ်ခံရပါတယ်..။
ရေဆင်းရဲ့ နာမည် ကြီး ဇာတ်လမ်းတစ်ပုဒ် မှာ
မမ ဟာ မိခင်ရင်း မလာခင်စိတ်မကောင်းမှာစိုးလို့
ကိုယ်တိုင်မိတ်ကပ်ပြင်ပေး ပါတယ်....တဲ့။
ဆရာ တာဝန် မိခင်တာဝန် သုတေသန တာဝန် များ စွာ များစွာ အပြင်
နွေရာသီ အိမ်ပြန်ရင် အသက်ရှည် သောမိခင် ဖခင်များရဲ့ အိပ်ယာကို ကိုယ်တိုင်လျှော်ဖွတ် ပါသတဲ့.။
ခုချိန်ထိလည်းလုပ်ကျွေးပြုစုဆဲ
ကျွန်မ တို့ ရဲ့ ချစ်သော မမ ချို
ဒုတိယပါမောက္ခချုပ်ထိ တာဝန်ထမ်းဆောင်သွား ပါသော..
ဒေါက်တာချိုချိုမြင့် သက်ရှည် ကျန်းမာ
တရားထူးများအားထုတ် ရရှိနိုင်ပါစေကြာင်း ဦးခိုက်ဆုတောင်းလျက်ပါ...။

0 မှတ်ချက်ရေးရန်: